Zarni Gyi
ကမ္ဘာ့ထိပ်တန်း လာဘ်မစားဆုံးနိုင်ငံ စင်ကာပူတည်ထောင်ခဲ့သူ လီကွမ်းယူရဲ HARD TRUTHS to keep Singapore going စာအုပ်ကို မြန်မာမှုပြုထားတဲ့ နာဝင်မချိုတဲ့အမှန်တရား စာအုပ်ထွက်လာပါတယ်။ The Straits Times နဲ့ Lee Kuan Yew တို့ကို ခွင့်ပြုချက်တောင်းပြီး၊ ထုတ်ဝေတဲ့စာအုပ်၊ အထူးသဖြင့် လူငယ်ဂျာနယ်လစ်များရဲ့ အမေးအဖြေပုံစံနဲ့ မူရင်းအင်္ဂလိပ်စာအုပ်ကို မြန်မာဘာသာပြန် ၂၆၉ စာမျက်နှာဖြစ်ပါတယ်။ ရန်ကုန်က စင်ကာပူအလယ်လာရောက်သူ မိတ်ဆွေတစ်ဦးကတော့ အကျည်းတန်အမှန်တရား လို့နာမည်ပြောင်းလိုက်ချင်တယ် ပြောပါတယ်။ ဘာသာပြန်သူ ဇင်ဝေသော် စင်ကာပူမှာနေထိုင်သူတစ်ဦးဖြစ်တော့ စင်ကာပူရဲ့ နမူနာယူစရာများကို မြန်မာပြုပြင်ပြောင်းလဲမှုများမှာ လိုတာထုတ်သုံးနိုင်တဲ့စေတနာနဲ့ အားပေးသူများရှိတာကြောင့် ထုတ်ဝေခဲ့ပါတယ်။ မြန်မာသမ္မတကြီးက ရန်ကုန်ကိုစင်ကာပူလိုလုပ်ချင်ကြောင်း စကားများပေါ်ထွက်လာစဉ်က စင်ကာပူမှာ အနှစ်၂၀ကျော် နေထိုင်၊အလုပ်လုပ်သူတစ်ဦးအနေနဲ့ မဖြစ်နိုင်တာ..လို့တွေးမိပါတယ်။ ဧရာဝတီကျော်မြင့်ရဲ့ ဝမရှိပဲဝိလုပ်တဲ့လူကြီး လီကွမ်းယူ ဆောင်းပါ့း http://murann.com/attitude.htm ပေါ်ထွက်လာချိန်မှာ လီကွမ်းယူနိုင်ငံတည်ထောင်ရာမှာ နံပါတ်(၁) လပ်မစားရေးနဲ့စတင်ခဲ့ကြောင်း ရယ်ရွယ်ဖွယ်ဖြစ်ရပ်မှန်ကို သိခဲ့ရပါတယ်။ ရန်ကုန်ကိုစင်ကာပူလို လုပ်လိုတာကတော့ လက်တွေ့မဖြစ်နိုင်သေးပေမဲ့ လီကွမ်းယူရဲ့အတွေးအခေါ်များကို လက်တွေ့ အနှစ်၅၀ကျော် အာဏာရှင်တစ်ယောက်အနေနဲ့ လုပ်ဆောင်သွားတဲ့ ရလဒ်ကတော့ စင်ကာပူဆိုတဲ့ မြို့ပြနိုင်ငံလေးတစ်ခု အခိုင်အမာပေါ်ပေါက်လာခြင်းပါ။ လီကွမ်းယူဟာ မလေးရှားနိုင်ငံက ပေါက်ဖွားလာတဲ့ တရုပ်လူမျိုး (ဟားခါးအနွယ်) အင်္ဂလိပ်ပညာတတ်ဖြစ်လို့ တရုပ်ပြည်မကြီးစိတ်ဓါတ်မရှိသူဖြစ်ပါတယ်။ ငွေကြေးအားဖြင့်ပူပန်မှုမရှိတဲ့ မိဘ၊ယောက္ခမ ကြွယ်ဝချမ်းသာသူမိသားစုက ပေါက်ဖွားလာသူ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာရရှိပြီးတော့ သူ့သေကိုယ်သေတိုက်မဲ့အတိုက်ခံများကို ပါတီတွင်း၊ ပါတီပြင်ပ နာလံမထူအောင် ငွေကြေးချွတ်ခြုံကျစေတဲ့နည်းနဲ့ နိုင်ငံရေးလောကမှာ ပြုလုပ်ပါတယ်။ မြို့ပြနိုင်ငံလေးဖြစ်လို့ သူနည်းဟန်များက အထူးအောင်မြင်ပါတယ်။ သူသဘောအကျဆုံးခေါင်းဆောင်များမှာ
ဒီစာအုပ်ကို Straits Times သတင်းစာမှာရေးသားချက်များဖြစ်ပေမဲ့ လီကွမ်းယူက ပွင့်လင်းစွာဖြေကြားထားပါတယ်။ အထူးသဖြင့် သူ့နေရာဆက်ခံနိုင်စွမ်းရှိတဲ့ အတိုက်အခံ ၂ဦး J.B Jeyaretnam & Dr. Chee တို့ကို နာလံမထူအောင်လုပ်ရကြောင်း အမှန်အတိုင်းဖြေထားပါတယ်။
အမေးအဖြေကဏ္ဍများနဲ့မှာ
၁။ စင်္ကာပူ(သို့)ရွှံ့ မြေပေါါ်ဆောက်တဲ့အထပ်(၈၀) တိုက်တစ်လုံး
၂။ ပီအေပီ PAP အာဏာရပါတီ
၃။ ရေပေါ်ဆီ (Leadership, အုပ်ချုပ်သူလူတန်းစားအကြောင်း၊ နေရာခန့်ခွဲချထားမှု)
၎။ စီးပွားရေးပဉ္စလက် (SME အသေးစား၊အလတ်စားမှ အကြီးစား MNC အထိ၊ နိုင်ငံခြားရင်းနှီးမှု FDI များကို အမေရိကန်နှင့်ကမ္ဘာအနှံ့လေ့လာ၊ လုပ်ဆောင်ခြင်း)
၅။ မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေးချစ်စိတ်
၆။ လူမျိုး၊ ဘာသာစကားနဲ့ဘာသာတရား (မူဆလင်၊ဗုဒ္ဓဘာသာများကြားမှခရစ်ယာန်အတွေးခေါ်များ၊ လီကွမ်းယူမောင်နှံ၏ Respect All ဘာသာတရား)
၇။ လူစိမ်းမှလူရင်းသို့ (နိုင်ငံခြားသားများလက်ခံခြင်း၊ Workers, Professional, PR, Citizen..issue)
၈။ စူပါများအကြားရပ်တည်ခြင်း (မူဆလင်၂နိုင်ငံ မလေးရှား၊အင်ဒိုနီရှားအကြား၊ အမေရိကန်စစ်အင်အားဖြင့်ရပ်တည်ခြင်း၊ တရုပ်၊အမေရိကန်၊ရုရှား)
၉။ ရှင်းသန့်စိမ်းလဲကျွန်း (ကမ္ဘာမြို့ကြီးများ ဥယျာဉ်၊ သစ်ပင်များဖန်တီးခြင်း)
၁၀။ ရွက်ကြမ်းရေကျို အဆိုးမဟုတ် (ယောင်္ကျားရှာ၊ မိန်းမရှာများနှင့် လီကွမ်းယူအမြင်)
၁၁။ ခင်ပွန်း၊ဖခင်၊အဘိုး၊မိတ်ဆွေ (ကိုယ်ရေးကိုယ်တာ မိသားစုအရေးများ)

မေးကြသူများဟာ လူငယ်ဂျာနယ်လစ်များ ဖြစ်ပါတယ်။ အသက်၂၅ - ၃၀ အရွယ်များဖြစ်လို့ မင်း၊ငါ You,I ကို ဘာသာပြန်ပါတယ်။ မြန်မာစကားမှာတော့ ခင်ဗျား၊ကျွန်တော်၊ ညီအစ်ကို၊အစ်မ၊ ဦးလေး၊အဒေါ်၊ အဘ၊ အမေ စသဖြင့် စုံလင်ကြွယ်ဝတော့ ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့က လူငယ်ကလေးများကို မင်း၊ငါ ဆက်ဆံမလား၊ ရှင်၊ကျမ၊ ခင်ဗျား၊ကျွန်တော် ဆက်ဆံ၊ပြောဆိုမလားဆိုတာ ..ကာလဒေသ၊အခြေအနေပေါ်မူတည်မယ် ဖြစ်ပါတယ်။ မြန်မာလူငယ်လေးများကလည်း အသက်၈၀ကျော် အဘိုးကြီးက မင်း/ငါ ပြောဆိုမှ ပိုသဘောကျမယ်လို့ ထင်ပါတယ်။ ဥပမာ.. p288 တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဗိုလ်ကျချင်ကြတာကို အခြေခံဥပဒေနဲ့ထိမ်းသိမ်းလို့ရမလား မေးခွန်းကို လီကွမ်းယူကဖြေပါတယ်။ မင်းအသက်ဘယ်လောက်လဲ ..၂၆နှစ်၊ အေး..မင်းအသက်၄၆နှစ်ဆို ဒီမေးခွန်းကို မင်းမှာလဲ ဟုတ်တိပတ်တိ မလေ့လာရသေးပါလား..လို့ ပြောရလိမ့်မယ်..ဟု အစချီပြီး ဖြေသွားပါတယ်။
No comments:
Post a Comment