Saturday, May 27, 2017

ဦးတင်အောင်ဟိန်း(ယခင်ပြည်သူ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ) နှင့် လက်ရှိမြန်မာ့ခေါင်းဆောင်များ

ဦးတင်အောင်ဟိန်း(ယခင်ပြည်သူ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ)




သူ့လိုလူစား ရှားလှတယ်
================
အ​နောက်​ကြို့ကုန်းရိပ်​သာ တိုက်​အမှတ်​ (၄)ကို မျက်​နှာမူလိုက်​ပါ ... တိုက်အမှတ်(၄) ဘ​​ယ်​ဖက်​မှာရှိ​တဲ့တိုက်​ရဲ့ ​တိုက်​ခန်း ( ​မြေညီ) တိုက်​ခန်း​လေးသည်
ဦးတင်​​အောင်​ဟိန်း ( ပြည်​သူ့တရားသူကြီးအဖွဲ့ချုပ်
ဥက္ကဌ (ငြိမ်း) ၏ အခန်း​လေးသာဖြစ်​​ပေ​တော့သည်​ ...
တိုက်​ ၁၁ အခန်း ၄ သည်​ ကျွန်​​တော်​တို့အခန်းဖြစ်​ပြီး
ကျွန်​​တော်​တို့အိပ်​ခန်းပြတင်း​ပေါက်​မှ လှမ်းကြည့်​ရင်
ဦတင်​​အောင်​ဟိန်းတို့ရဲ့ အိမ်​ခန်းကိုမြင်​ရသည်​ ...
အ​ပေါ်ထပ်​မှာ ဦးလွန်း​မောင်​ (ဗိုလ်​မှူး) တို့အခန်းဖြစ်​ပြီး အ​ရှေ့တိုက်​မှာ​တော့ ​ဒေါ်နုနုစံ သူဇာခိုင်​ (မိမာ)
တို့အခန်းဖြစ်​၏ ...
ကျွန်​​တော်​တို့တိုက်​ခန်းနားမှာ ​ဆောက်​လုပ်​​ရေး ရုံးဝင်းရှိ၏ ... အကျယ်​ကြီးပါ ...
ကျွန်​​တော်​တို့က​လေးဘဝက ကစားကွင်းဖြစ်​​သည်​ ...
ရွယ်​တူ​တွေများတယ်​ ...​တော်​​တော်​လည်း​ဆော့နိုင်​ကြတယ်​ ..
ည​နေပိုင်း​တွေမှာ​ဆော့လို့​ကောင်းတဲ့အချိန်
929 ကားဝင်​လာပြီး ​ဆောက်​လုပ်​​ရေးဝင်းကားဂို​ဒေါင်​ထဲမှာ ညသိပ်​၏ ...
ဤကားသည်​ ဦးတင်​​အောင်​ဟိန်းရဲ့ကားဖြစ်​​ပေသည်​ ...
ရုံးကားပီသလှသည်​ ...
929ကားကို ရုံးသွားချိန်​သုံးသည်​ ...
ရုံးချိန်​ ရုံးမှာထား၏ ...
ရုံးဆင်းချိန်​သုံး၏ ..
ပြန်​လာသည်​ ...ဂို​ဒေါင်​ထဲမှာညသိပ်​သည်​ ...
တကယ့်​ ရုံးကားစစ်​စစ်​လို့​ပြောလို့ရသည်​ ...
ဒါဆိုရင်​ စ​နေ တနင်္ဂ​နွေမှာဆိုရင်​​တော့ ​ဈေးဝယ်​ထွက်​တာတို့ သားသမီး​တွေကို အပြင်​သွားရင်​လိုက်​ပို့တာတို့ရှိမှာ​ပေါ့လို့ ​မေးကြမည်​ ...
အဲဒီလိုမရှိပါခင်​ဗျာ ...
ရုံးပိတ်​ရက်​​တွေမှာလည်း ကိုးနှစ်​ကိုး အမည်​ရှိကားသည်​ ဂို​ဒေါင်​ထဲမှာဘဲရှိသည်​ ...
ဆေးတက္ကသိုလ်​တက်​တဲ့သား အာအိုင်​တီမှာ​ကျောင်းတက်​တဲ့ သူရဲ့သမီးလည်းရှိတယ်​ ..
သူ့သားသမီး​တွေ​ကျောင်းသွားရင်​လည်းဘတ်​စ်​ကားနဲ့ဘဲ ...
ရုံးပိတ်​ရက်​​တွေမှာ ဦးတင်​​အောင်​ဟိန်းကားစီးထွက်​ပါတယ်​ ...
မြို့ထဲ (ဆူး​လေ) ကို​ရောက်​​သော နံပတ်​ ၈ လိုင်း
ဘီအမ်​ဘတ်​စ်​ရဲ့ ( ဒရိုင်​ဘာ​ဘေးဖက်​ကခုံ) မှာ ဦးတင်​​အောင်​ဟိန်းကို​တွေ့ရမှာဖြစ်​ပါတယ်​ ...
ဝတ်​စားဆင်​ယင်​တာမြန်​မာသိပ်​ဆန်​ပါတယ်​ ...
တိုက်​ပုံအင်္ကျီ ချည်​ပုဆိုးအဝတ်​များတယ်​ ...
ထီး​ကောက်​ကြီးနဲ့လမ်း​လျောက်​​နေ​သောသူ့ကို​တွေ့ရမှာဖြစ်​ပါတယ်​ ...
တံစိုးလက်​​ဆောင်​ အာတ​ကေကိစ္စ
အရှူပ်​အရှင်း ဘာသံမှမကြားရ​သော အကြီးအကဲ တစ်​​ယောက်​ပါ ...
ရပ်​​ရေး ရွာ​ရေး အမူ့ကိစ္စမှန်​သမျှ ​ကောင်း​သောအကြံဥာဏ်​လည်း​ပေးတယ်​ ..
ဖြေလည်း​ဖြေရှင်းနိုင်​သူတစ်​​ယောက်​ပါ ....
သ​ဘော​ကောင်း​သော်​လည်း အလုပ်​ကိစ္စနဲ့ပတ်​သက်​​လာရင်​တိကျပြတ်​သားတယ်​ ...
လေးစားစရာလည်း​ကောင်းတယ်​လို့ ကျွန်​​တော့်​​ဖေ​ဖေက ခဏခဏ​ပြောဖူးပါတယ်​ ...
အခြား​လေးစားစရာ​ကောင်းတဲ့စိတ်​ဓါတ်​​တွေ ​ပြောရင်​ပြီးမယ်​မထင်​ ....
၈၈အ​ရေးအခင်းဖြစ်​တယ်​ ...
အထက်​ပိုင်း ( ကြီးကြီးမားမား) လူကြီး​တွေအပြင်​ကိုမထွက်​ရဲကြဖူးး
ဦးတင်​​အောင်​ဟိန်းကို​တော့ ​ကျောင်းသားများအကြား ပြည်​သူလူထုအကြား လမ်းမ​ပေါ်မှာ​တွေ့နိုင်​ပါတယ်​ ...
သူ့​ခေတ်​ သူ့အခါကိုမီတဲ့သူ​တွေရဲ့ရင်​ထဲမှာ သူအမြဲရှိ​နေပါတယ်​ ...
အဓိကက​တော့ သူ့ရဲ့ရိုးသားတဲ့ဂုဏ်
ဖြူစင်​တဲ့​စေတနာ
မော်​ကြွားမူ့မရှိခြင်း​တွေကို အမှတ်​ရ​နေကြမှာပါ ...
သူ့လိုလူစား ရှာမှရှားဆိုပြီးကျွန်​​တော်​က​တော့ အမြဲအမှတ်​ရ​နေအုံးမှာပါ ...
စာကြွင်း ...ကျွန်​​တော်​ဒီလိုမျိုး​ရေးချင်​တာကြာပါပြီ ...
လူတစ်​​ယောက်​ရဲ့ရိုးသားမူ့ ဖြူစင်​တဲ့စိတ်​ဓါတ်
အတုယူဖို့​ကောင်းတဲ့လုပ်​ရပ်​​တွေကို ​ရေးချင်​​ပြောချင်​ဆုံးပါဘဲ ...
လော်​ဘီလုပ်​ခြင်းလည်းမဟုတ်​ပါ ...
အမှန်​​ရေးသားခြင်းဖြစ်​၏ ...
ကျွန်​​တော်​မဟုတ်​မမှန်​​ရေးလို့မရ ...
ဘာ​ကြောင့်​လဲဆို​တော့ ဦးတင်​​အောင်​ဟိန်းရဲ့ သမီးနှင့်​​မြေးသည်​ကျွန်​​တော့်​ရဲ့ Friend list ထဲမှာရှိပါတယ်​ ...
ဆွေမျိုး​တွေ ကြို့ကုန်းသူ ကြို့ကုန်းသား​တွေအများကြီးလည်းရှိပါတယ်​ ...
စိတ်​အ​နှောင့်​အယှက်​ဖြစ်​မှာစိုးလို့ ဘယ်​သူ့ကိုမှ tag မတွဲလိုက်​ပါ ...
ဟိုးအရင်​ကဖြစ်​ပါတယ်​ ...
အဲဒီလိုလူမျိုး အဲဒီလိုစိတ်​ဓါတ်​မျိုးရှိခဲ့ဖူးတယ်​​ပေါ့ခင်​​ဗျာ ...
သိန်းညွန့်​ကြီး
၂၆.၀၅.၂၀၁၇


Chitmyat Shwebo ဦးတင်အောင်ဟိန်းအရေးအခင်း
ပြီးတဲ့အခါ ၁၉၈၈တွင်စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင်ခင်ဦးမြို့ငယ်လေးမှာ

လာရောက်နေထိုင်ပါသည်။
ဦးတင်အောင်ဟိန်းက ဆရာဟုခေါ်
သည့်အဂ္ဂိယပညာရှင်ကြီး
ဦးတင်မောင် တိုက်တွင်နေထိုင်ပါသည်။
ဦးတင်မောင်မှာမဆလခေတ်က
ခင်ဦးလာရောက်အခြေချနေထိုင်
ပါသည်။
ဦးတင်မောင်ထံသို့မဆလခေတ်
ဒုဝန်ကြီးများဖြစ်သည့်Drဗိုလ်လေး
Drမောင်ရှိန့်စသည်တို့လာကြ
သည်ကိုမှတ်မိပါသည်။
ဦးတင်အောင်ဟိန်းအားကျွန်တော်က
လေးစားကြည်ညိုသဖြင့်သွားရောက်
မိတ်ဆက်၍စကားပြောဖြစ်ပါသည်။
ခင်ဦးတွင်၁၀နှစ်ခန့်နေထိုင်သွား
ခဲ့ပါသည်။
နောင် အဂ္ဂိယဆရာကြီးကွယ်လွန်
သည့်အခါ ကဗျာဆရာမောင်နေသစ်
(ရေဦး)အိမ်တွင်ဆက်လက်နေထိုင်
ပါသည်။


Kyi Win Absolutely correct.
လူကြီးတယောက်အနေနဲ..ပဒုမ္မာအရောင်းဆိုင်မှာ..ရွှေဝါဆပ်ပြာဘဲ..လိုအပ်သလောက်ဘဲဝယ်ယူတဲ့ပုဂ္ဂိုလ်ကြီး .. 
စနေ/တနင်္ဂနွေရက်များ..အင်းစိန်ဈေးသွားရင်..နံပါတ် ၈ ဘတ်စ်ကါးစီးသွားသူ.. ( မဆလခေတ်နဲ့..လုံးဝ..မအပ်စပ်..မထိုက်တန်သော..လူမျိုး ..တိကျမှန်ကန်လွန်သည် ) မောင်မောင်သွင် . ( Civil ) ဘကြီး ပါ


Kyawthet Kyi ဦးတင်အောင်ဟိန်းနဲ့ပတ်သက်
၍ကျွန်တော်ကြားဘူးတာတခုရှိ
ပါတယ်။ဒီဇတ်လမ်းကိုပြောပြ

သူကတော့ဆရာဦးခင်မောင်အေး(ဆရာKMA)ဖြစ်ပါတယ်
ဦးတင်အောင်ဟိန်းဟာပါလီမန်
ခေတ်မှာတောမြို့လေးတခုမှာဝန်ထောက်ကလေးအဖြစ်တာဝန်ကျခဲ့ပါတယ်။ဒီမြို့လေးရဲ့မျက်နှာ
ဖုံးတယောက်ကနတ်ကန္ဒားပေး
တော့ဝန်ထောက်လေးကိုဖိတ်ပါတယ်။ဒီတုန်းကဝန်ကြီးချုပ်ဦး
နုကိုယ်တိုင်ပုပ္ပါးမှာဗာလိနတ်
စာကျွေးပွဲတွေလုပ်နေတော့နတ်ကတော်တွေမန်တက်နေတဲ့
အချိန်ပေါ့။ဒီတော့ဝန်ထောက်
လေးလောက်ကိုအရေးစိုက်စရာမလိုဘူးဆိုတဲ့သဘောနဲ့
ကြက်ပေါင်ကြော်သေးသေး
တခုရယ်နိုင်ငံခြားအရက်
sampleပုလင်းသေးသေး
လေးတလုံးရယ်လာချပေးပါ
တယ်။ဝန်ထောက်ကလေးက
ဒါတွေကိုမထိမတို့ပဲစင်ပေါ်မှာ
ရှိတဲ့နတ်ရုပ်တွေနဲ့အရက်ပုလင်းတွေကိုလက်ညှိးထိုးပြီးရေ
တော့တာပဲ။မြို့မျက်နှာဖုံးသူ
ဌေးလှုတဲ့ကန္ဒားတိုတော့အရက်
ပုလင်းတွေကအလျှံပယ်ပေါ့။
ဝန်ထောက်လေးကဌာနကိုအကြောင်းကြားပြီးယစ်မျိုးဥပဒေအရလူတဦးတွင်ပိုင်ဆိုင်ခွင့်ရှိသည့်အရက်ပုလင်းအရေအတွက်
ထက်အလွန်ပိုနေသည်ဟုဆို
ကာနတ်ရုပ်အားလုံးကိုဌာန(ရဲ
စခန်)သို့ပို့လိုက်ပါတယ်။ရဲဌာန
ကပုလိပ်တွေရော။တမြို့လုံးက
လူတွေကရောဒီဝန်ထောက်လေးတော့ပြုတ်တော့မှာဘဲ။ဝန်
ကြီးချုပ်ကိုယ်တိုင်နတ်ပွဲပေးနေ
တာဆိုပြီးဒီကိစ္စကိုစိတ်ဝင်စား
နေကြပါတယ်။ဥပဒေကိုလေးစားတဲ့ဝန်ကြီးချုပ်
လက်ထက်မို့လားမသိ။ဦးတင်
အောင်ဟိန်းဝန်ထောက်ပေါက်စလေးကဘာမှမဖြစ်ပဲနတ်ရုပ်
တွေအတွက်နတ်ကတော်ကဒဏ်ငွေဆောင်ရပြီးအရက်ပုလင်းများသိမ်းခံရပါတယ်။
ဥပဒေမျက်နှာကိုသာကြည့်ပြီး
နောက်ခံအုပ်စုကိုဂရုမစိုက်ပဲ
ရဲရဲလုပ်ခဲ့နာပါ


၁၉၈၈ ခုနှစ်ကာလကပါ။ ထိုအချိန်က ရှေ့နေချူ ပ်သည် ဒေါက်တာမောင်မောင် (နောင် မြန်မာနိုင်ငံ သမ္မတ) ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က `ကျောင်းသားများအပေါ် အစိုးရ၏ အရေးယူဆောင်ရွက်ပုံမှာ ဘာတွေမှားယွင်းခဲ့သည်ကို စုံစမ်းစစ်ဆေးသည့်ကော်မရှင်တစ်ရပ် နိုင်ငံတော်ကောင်စီက ဖွဲ့စည်းပေးရန်အတွက်´ နိုင်ငံတော်ရှေ့နေချူ ပ်ဖြစ်သူ ဒေါက်တာမောင်မောင် (Attorney General) နှင့် လာရောက်တွေ့ဆုံခဲ့ပါတယ်။ (သခင်တင်မြက တစ်ဆင့် ဦးတင်အောင်ဟိန်း- ပြည်သူ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟောင်း မှတစ်ဆင့် ဒေါက်တာမောင်မောင်နှင့် ဆက်သွယ်သည်ဟု ယူဆပါတယ်)



လူကြီးပါပဲ ရာထူးအတိအကျမမှတ်မိတော့ပါ) က ပြည်သူ့ဆန္ဒဖော်ထုတ်ရေးကော်
မီတီအမြန်ဖွဲ့ကာ မည်သူမဆို မိမိ၏ဆန္ဒကိုစာဖြင့်တင်ပြပေးပို့နိုင်သည်ဆိုပြီး
အင်ဗွိုင်း (ယခု တပ်မတော်ခမ်းမ)တွင် ၂၄-၈-၈၈ နံနက် ၉နာရီမှစ၍
ရုံးဖွင့်လိုက်သည်။ ထိုအခွင့်အရေးကို တရားဝင်အသုံးချလျက် မြန်မာ့အသံ-
တီဗွီ မှကြေငြာနေသော သတင်းများသည် သတင်းအမှန်များမဟုတ်ဘဲ
တပ်မတော်ထောက်လှမ်းရေးမှ တည်းဖြတ်ပြင်ဆင်ထားသော သတင်းများ
ကိုသာ ဖတ်နေရကြောင်း အများ ပြည်သူသိစေအပ်ပါသည်ဟူသော
စာတစောင်ရေးထုတ်ကာ ရေဒီယို-ရုပ်မြင် သတင်းဖတ်သူများအား
လက်မှတ်ထိုးစေလျက် (၈၀%လောက်ကလိုလိုလားလား ထိုးပေး
ခဲ့ပါသည်) ၂၄ရက်နေ့လည်ပိုင်းတွင် တရားဝင် သွားရောက် တင်သွင်း
ခဲ့ပါသည်။ ထိုစာကိုလည်း အများသိရအောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး
စသည့်နေရာများတွင် ကပ်ထားပေးခဲ့ပါသည်။ ပြည်သူ့ဆန္ဒတွေတောင်းပြီး
နောက်တော့လည်းေ ရွးကောက်ပွဲရလာဒ်ကိုချောင်ထိုး သေနတ်နဲ့မိုး
အုပ်ချုပ်လိုက်တာ (၂၇)နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ထိုလုပ်ရပ်တွေကြောင့်
လည်း မောင်အောင်ခိုင်ဆွေ သူအလွန်မြတ်နိုးသော အလုပ်ဌာနကြီးမှ
လွင့်ကာ (ဆက်ရှိနေလျှင် ခုနေခါ ဂီတ ညွှန်ကြားရေးမှူးလောက်တော့
အေးအေးဆေးဆေး ဟဲဟဲ) ဆင်ဂါပူရ ကျွန်းပိစိလေးမှာ
ဇာတ်မြှုပ်နေရပါတော့သည်။



ကျနော် ကိုယ်တွေ့  ကြုံ ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ တရားသူကြီးချုပ် ဦးတင်အောင်ဟိန်း အကြောင်း
-------------------------------------------
ဦးတင်အောင်ဟိန်း က ညနေ ညနေဆိုရင် သူနေတဲ့ အင်းစိန် ကြို့ ကုန်းတိုက်တန်းလျားကနေ သူ့ ရဲ့ ဇနီးနဲ့ အတူ အင်းစိန် မီးရထားဘူတာဈေးကို အင်းစိန်လမ်းမကြီးအတိုင်း လမ်းလျှောက်ပြီး ဟင်းသီးဟင်းရွက်တွေလာဝယ်လေ့ရှိတယ်.လေညှင်းလဲခံရင်းပေါ့ .မှတ်မိတာက သူဝတ်လေ့ရှိတဲ့.စွပ်ကျယ်အင်္ကျီ အဖြူ က အပေါက်တွေနဲ့ ..။ လူတိုင်းကသူတို့ ကိုသိတယ် လူကောင်ကြီးကြီး ခေါင်းဖြူဖြူ နှတ်ခမ်းမွှေးဖြူ ဖြူ ထူထူကားကား ကြီးနဲ့ ညနေညနေဆိုရင် လမ်းလျှောက်ဈေးဝယ်ထွက်တဲ့အတွဲ ဟာမြန်မာနိုင်ငံရဲ့ တရားသူကြီးချုပ်ဆိုတာ..။

ညနေပိုင်းတွေမှာ ကျနော်တို့ ကလေးတွေ အင်းစိန်လွတ်လပ်ရေးကွင်းထဲမှာဘောလုံးကန်ကစားနေရင် သူတို့ ဇနီးမောင်နှံကဘူတာဈေး အသွား အပြန် မှာ တစ်ခါတစ်လေ လာရပ်ကြည့်တတ်တယ် ကျနော်တို့ ကခေါင်းလေးငြိမ့်ပြ ပြုံးပြ အရိုသေပေးရင်ပြန်ပြုံးပြတတ်တယ်..။

တစ်ညနေမှာ.....
ကျနော်တို့ ဘောလုံးကန်ဘို့ အင်းစိန်ကားလမ်းမကြီးကိုကူးပြီး ကွင်းထဲအဆင်းမှာ မော်တော်ပီကယ်ရဲ တစ်ယောက်က ကုန်ကားတွေကိုတားပြီး ပိုက်ဆံတောင်းနေတာတွေ့ တယ် အဲဒီအချိန်မှာ ဦးတင်အောင်ဟိန်းတို့ ကလည်း ဘူတာဈေးကအပြန် အသီးအရွက်ဈေးခြင်းတောင်းလေးနဲ့ ။ အဲဒီမှာ ပိုက်ဆံတောင်းနေတဲ့မော်တော်ပီကယ်ရဲ က ဦးတင်အောင်ဟိန်းကို ဦးတင်အောင်ဟိန်းမှန်းမသိဘူး ..သူက ကုန်ကားတစ်စီးကိုတားပြီး အောက်ကနေ ဒရိုင်ဘာဆီကပိုက်ဆံတောင်းတယ်..သူ့ အနောက်မှာက ဦးတင်အောင်ဟိန်း ဈေးခြင်းတောင်းကြီးနဲ့ ( .ဟေ့ကောင် မင်းဒါဘာလုပ်နေတာလဲ ) လို့ အော်လိုက်တော့ ရဲက လှည့်ကြည့်ပြီး ..( အဘိုးကြီး ကိုယ်နဲ့ မဆိုင်တာဝင်မရုတ်နဲ့ ကိုယ့်လမ်းကိုယ်သွား)လို့ ပြန်အော်တယ်..ကျနော်တို့ 
့လည်း ရုတ်တရက်အံ့သြသွားပြီး ကြည့်နေတဲ့အချိန်မှာ ဦးတင်အောင်ဟိန်းကသူ့  ဈေးခြင်းတောင်းကိုဘေးချလိုက်ပြီး ငါ တင်အောင်ဟိန်းကွ ဆိုပြီး သူ့ လက်သီးကြီးနဲ့ တီးထည့်ပစ်လိုက်တာ ဂွပ်ကနဲပဲ..။
အဲဒီတော့မှ အဘ.. အဘ ..ကျနော်မသိလို့ ပါ.. ကျနော်မသိလို့ ပါ ဆိုပြီး ဒူးလေးထောက် လက်အုပ်လေးချီပြီး ကန်တော့တာ သူ့ ခေါင်းနဲ့ ကတ္တရာလမ်း တဒုတ်ဒုတ်ပဲ။ ကျနောတို့ ကလေးတွေလည်းတခွီးခွီးနဲ့ ဘေးက ခိုးရီကြတာပေါ့..
ဦးတင်အောင်ဟိန်းက( နောက် မင်းကိုငါဒီလို မမြင်ခြင်ဘူး)လို့ ပြောလိုက်တော့ မော်တော်ပီကယ်ရဲ လည်း ဟုတ်ကဲ့ပါ အဘ ..ဟုတ်ကဲ့ပါ အဘ ပြောပြီး တစ်ချိုးတည်းလစ်တော့တာပဲ....။

၈၈ ကျောင်းသား အရေးအခင်းဖြစ်တော့ ကျောင်းသားတွေသေတဲ့အမှုနဲ့ ပါတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မီတီမှာသူဦးဆောင်ပြီးတင်တဲ့အစီရင်ခံစာကို အစိုးရက လစ်လျူ ရှုလို့တရားသူကြီးချုပ်နေရာကနေသူနှတ်ထွက်သွားခဲ့တာ..နောက်ပိုင်း န ဝ တ အာဏာသိမ်းစစ်အစိုးရ က ပြန်ခေါ်ခန့် တာကို တောင် လက်မခံတော့ဘူး..။

အော်...........အခုခေတ် ရဲအရာရှိတွေ တရားသူကြီးတွေ အစိုးရအရာရှိကြီးတွေ ဝန်ကြီးတွေ လာဘ်စားနေတာကိုသူတွေ့ ပြီး သူ့ လက်သီးကြီးနဲ့ တစ်ဂွပ်ဂွပ် ထိုးတာ ထိုင်ကြည့်ချင်ပါရဲ့ ဗျာ..။
မောင်မောင်အေး ( မဲလ်ဘုန်း )
.
မှတ်ချက်။
ယခု ဒေါ်အောင်ဆန်းစုကြည် နှင့် အင်အယ်ဒီအစိုးရတွင် တပ်မတော်ခေါင်းဆောင်များအပါအ၀င်၊ ဦးတင်အောင်ဟိန်း ကဲ့သို့ ဖြောင့်မတ်တည်ကြည်သော အမြောက်အများ ခေါင်းဆောင်လျက်ရှိပါသည်။ နိုင်ငံတော်သမတ မှအစပြုပြီး ၀န်ကြီးများစွာ၊ ပြည်နယ်တိုင်းဝန်ကြီးချုပ်များစွာ ဖြောင့်မတ်၊ လာပ်မစား၊ ပညာတတ်များဖြစ်ကြသည်။ ယခုလိုအခြေအနေကောင်းတွင် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်သူများ၊ ၀ိသမဘိန်းဘုရင်၊ ၀ိသမစီးပွားလုပ်ငန်းရှင်များမှာ ဘေးကြပ်နံကြပ် ဖြစ်ပြီး တဖြေးဖြေး နယ်မြေကျဉ်းနေပြီဖြစ်သည်။ ပြည်သူလူထုအားလုံး လက်ရှိအစိုးရနှင့် စစ်တပ်ခေါင်းဆောင်ကောင်းများကို ထောက်ခံ အပြုသဘော ဝေဖန်နိုင်ပြီး၊ ၀န်းရံထားကြရန် အလွန်အရေးကြီးပါကြောင်း။

ဇော်အောင် (မုံရွာ)
၂၈.၅.၂၀၁၇
.
.
တရားဥပဒေစိုးမိုးမှုအတွက်၊ ဆက်လက်ကိုးကားရန်
၁။ ဥပဒေစိုးမိုးရေး အားကောင်းလာခြင်းနှင့် အားနည်းချက်တချို့..၂၀၁၇
http://myanmargood2016.blogspot.com/2017/06/blog-post_22.html
.
၂။ စာရိတ္တမဏ္ဍိုင် (တရားဥပဒေစိုးမိုးရေး) နှင့် ဦးကိုနီဟောပြော၊လုပ်ဆောင်ခဲ့မှုများ (မိုးမခ)

http://moemaka.com/archives/59070
.
၃။ အဂတိနှင့်မြန်မာ ၂၀၁၇ (အာဖက်အေ တင်ပြသည်)။
ဇွန်လအစီအစဉ်မှာ ၈မိနစ်အသံဖိုင်မှာ 
* တရုပ်ပြည်မှာ ရဲချုပ်သားပါတဲ့ ကုမဏီ ခြစားပါမစ် ကိစ္စကြောင့် ဓါတုပစ္စည်းသိုလှောင်ရုံပေါက်ကွဲ လူ၂၀၀ သေဆုံးတဲ့အမှု နဲ့စတင်ပါမယ်။ 
* ဖွံဖြိုးဆဲနိုင်ငံ50က အရာရှိကြီးတွေက အကျင့်ပျက်မှုဟာ နံပါတ်၁ ဖြစ်တယ်ပြောပါတယ်။ 
* လွန်ခဲ့တဲ့၅နှစ်က Corruption Index အဂတိဘိတ်ဆုံးကနေ အဆင့်၁၃၁ ထိ အဆင့်၃၀လောက် တက်လာကြောင်း၊
* ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ခေါင်မိုးလုံအောင် သန့်ရှင်းတဲ့အစိုးရကို ဖွဲ့ပေးမဲ့ စကား၊ 
* လုပ်ကြံခံရတဲ့ ဦးကိုနီရဲ့ ၂၀၁၃ သမတဦးသိန်းစိန် အတည်ပြုတဲ့ အဂတိဥပဒေက အကောင်းဆုံး၊ တိုင်သူမရှိလဲ ၀န်ထမ်းတယောက် မတရားချမ်းသာနေရင် ကော်မရှင်က တရားစွဲနိုင်ကြောင်း၊ 
အခြေနေကတော့ ဆိုးနေဆဲဖြစ်ကြောင်း ပေါ့ဗျာ...။ 
http://www.rfa.org/burmese/program_2/myanmar-and-corruption-06132017230218.html
.
ရဲတွေအကြောင်း အလွန်ဆိုးတဲ့ အဂတိတွေ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်း နည်းလမ်း (စစ်တပ်ကထောက်ခံရင်) မကြာခင်ဖြစ်လာမှာပါ။




No comments:

Post a Comment