Monday, February 19, 2018

ဆီးသီးဗန်း စကားလုံးတီထွင်သူ ဦးခင်အောင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အခြားနိုင်ငံရေးစာအုပ်များ

  • Description: စစ်ဘက်တွင် ဗိုလ်ချုပ်ရာထူးဖြင့် ညွှန်ကြားရေးမှူးတာဝန်ကိုလည်းကောင်း၊ အရပ်ဘက်တွင် ယဉ်ကျေးမှုဌာန၀န်ကြီးတာဝန်ကိုလည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့သူ ဦးခင်အောင်မြင့်၏ စစ်ရေး၊ နိုင်ငံရေး၊ လွှတ်တော်အတွေ့အကြုံများကို အင်တာဗျူးပြုလုပ်၍ မေးမြန်းမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။


..
.
  • မြန်မာပြည်တွင် ဖယ်ဒရယ်မူ ထူထောင်စို့ (Forging Federalism in Myanmar)
  • Description: ဆရာဝန်ဖြစ်ပြီး တပ်မတော်ဆေးမှူး၊ အစိုးရဆေးရုံများတွင် ဆရာဝန်၊ ထို့နောက် အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့တွင် ဆေးပညာပညာသင်ယူခဲ့သူ စာရေးသူ ရေးသားသည့် ဖယ်ဒရယ်မူရေးရာဆောင်းပါး (၁၆) ပုဒ် စုစည်းမှု စာအုပ်ဖြစ်သည်။


  • လက်မည်းကြီးနိုင်ငံတော်နှင့် အခြားဆောင်းပါးများ
  • 4.25 USD
  • Author(s): သရ၀ဏ် (ပြည်)
  • Type: Myanmar Books
  • Category: နိုင်ငံရေး
  • No of Pages: 186
  • Binding: Paperback
  • Publication Month Year: Oct-2017
  • Size: 14 cm x 21 cm
  • Description: စာရေးသူ ရေးသားသည့် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်ချက်ဆောင်းပါး (၃၂) ပုဒ် စုစည်းမှု စာအုပ်ဖြစ်သည်။


  • Description: ၂၀၁၆ ခုနှစ်၊ မေလ ၇ ရက်နေ့က ထားဝယ်မြို့ မြို့တော်ခန်းမတွင် စာရေးသူ ဟောပြောခဲ့သော Reinventing Government ဟောပြောချက်အား စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် အပြောင်းအလဲနှင့်အတူ နိုင်ငံ၏ စီးပွားရေးစနစ်၊ နိုင်ငံ့ဝန်ထမ်းများ၏ အတွေးအခေါ် အယူအဆနှင့် စိတ်ဓာတ်များ လိုက်ပါပြောင်းလဲနိုင်မှသာ တိုင်းပြည်ရှေ့တန်ရောက် ချမ်းသာလာနိုင်မည်ဖြစ်ပုံကို ဟောပြောထားခြင်း ဖြစ်သည်။


  • Description: မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ သုံးသပ်ဝေဖန်ထားသည့် ဆောင်းပါး (၂၃) ပုဒ်ကို ဤစာအုပ်တွင် ဖတ်ရှုကြရမည် ဖြစ်သည်။


  • Description: ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်ကျော်ဘ၊ အေးနေ၀င်း အစရှိသည့် အာဏာရှင်များနှင့် အာဏာရှင်မိသားစုများ၊ အာဏာရှင်တို့၏ တပည့်များ၏ အာဏာအလွဲသုံးစားမှုများနှင့် လူသိနည်းသေးသည် ဖြစ်စဉ်များကို လန်ဒန်မှ အဝေးရောက်သံတမန်တစ်ဦးဖြစ်သူက အသေးစိတ်ဖော်ထုတ် မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်သည်။



  • Description: ဒီမိုကရေစီ၏ အနက်အဓိပ္ပာယ်၊ အနှစ်သာရ၊ တန်ဖိုး၊ ဒီမိုကရေစီစိတ်ထား၊ ဒီမိုကရေစီနှင့် မဲစနစ်၊ မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီခရီး အစရှိသည်တို့ကို ကမ္ဘာနှင့် မြန်မာသမိုင်းဖြစ်စဉ်များကို နောက်ခံထားလျက် အခန်း (၇) ခန်းခွဲကာ ရေးသားရှင်းလင်းထားခြင်း ဖြစ်သည်။

  • မြောက်ပိုင်းစစ်ပွဲနှင့် မြန်မာပြည်ငြိမ်းချမ်းရေး
  • 4.25 USD
  • Author(s): မောင်မောင်စိုး
  • Type: Myanmar Books
  • Category: နိုင်ငံရေး
  • No of Pages: 166
  • Binding: Paperback
  • Publication Month Year: Feb-2017
  • Size: 14 cm x 21 cm
  • Description: မြန်မာပြည်၏ ငြိမ်းချမ်းရေးအခြေအနေ၊ စစ်ပွဲများ တကျော့ပြန် ဖြစ်ပွားလာရခြင်း အကြောင်း၊ စစ်ပွဲများကို ရပ်တန့်နိုင်မည့် ထွက်ပေါက်၊ ငြိမ်းချမ်းရေးသော့ချက်၊ “၀”ဒေသအရေး၊ KIA လက်နက်ကိုင်များအရေး အပါအ၀င် မြန်မာပြည်ငြိမ်းချမ်းရေးအကြောင်းကို အခန်း (၇) ခန်းခွဲ၍ ရေးသားရှင်းလင်းထားခြင်း ဖြစ်သည်။



  • ကြောက်ရွံခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ (Freedom from Fear and Other Writings)
  • 8.75 USD
  • Author(s): ဒေါက်တာအောင်ခင်
  • Type: Myanmar Books
  • Category: နိုင်ငံရေး
  • No of Pages: 408
  • Binding: Paperback
  • Publication Month Year: Jan-2017
  • Size: 13 cm x 21 cm
  • Description: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာဖြင့် ရေးသား၍ သူ၏ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် တည်းဖြတ်ထုတ်ဝေသော “Freedom from Fear” 1990 (၂၇နှစ်ကြာခဲ့သော) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် ဆောင်းပါးများ၊ ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ NLD အဖွဲ့ချုပ်နှင့် န၀တအကြီးအကဲ ဗိုလ်ချုပ်ကြီးစောမောင်၏ စစ်တပ်တို့ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ချိန်က ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရဲတောက် မိန့်ခွန်းများ၊ သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားခဲ့သည်များကို စာအုပ်တွင် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ မကြောက်မရွံ့နှင့် လွတ်လပ်မှန်ကန်စွာ ရေးသားပြောဆိုပိုင်ခွင့် ရစေမည့် နိုင်ငံရေးစနစ်ကို တောင့်တနေသူ မြန်မာတိုင်းရင်းသားအပေါင်းအား ရည်ညွှန်းပါသည်ဟု ဆိုထားသည်။ မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီရေးများကို နားလည်သုံးသပ်လိုသူများ မလွတ်တမ်းဖတ်ရှုလေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
    .
    မှတ်ချက်။ မူရင်းစာအုပ်ကို အမှာစာရေးပေးသူဗားကလပ်ဟေဗယ်...ချက် နိုင်ငံ ပြုပြင်ပြောင်းလဲမှုအတွက် သူကို နိုဘယ်ဆုပေးရန် အဆိုတင်ရာ ထိုသူက မိမိထက်သင့်လျှော်သူ ဒေါ်အောင်ဆန်းစုကြည်အား အဆိုထပ်မံတင်သွင်းခဲ့သည်။ ထိုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရရှိခဲ့သည်။ 
    https://en.wikipedia.org/wiki/V%C3%A1clav_Havel




  • ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာသစ္စာနိုင်ငံရေး (သို့မဟုတ်) ဗြဟ္မ၀ိဟာရ (ပြည်သူတို့ တိုင်တည်ခြင်း) (အတွဲ ၄)
  • 1.50 USD
  • Author(s): အောင်ဆန်းစုကြည်
  • Type: Myanmar Books
  • Category: နိုင်ငံရေး
  • No of Pages: 86
  • Binding: Paperback
  • Publication Month Year: May-2016
  • Size: 10 cm x 17 cm
  • Description: အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည့် ဆဋ္ဌမမြောက် ပုပ်ရဟန်းမင်း PAUL ၏ ၁၁ ကြိမ်မြောက် အထိမ်းအမှတ်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် ရေးသားပေးခဲ့သည့် စာတမ်းဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုသည့် ဗြဟ္မစိုရ်တရားတို့ကို စာတမ်းတွင် အသိကြွယ်ကြွယ်၊ အမြင်ကျယ်ကျယ်ဖြင့် နှိုင်းယှဉ်ဖော်ပြထားပြီး သူဖော်ဆောင်လိုသည့် မေတ္တာနှင့် သစ္စာအခြေခံနိုင်ငံရေးလမ်းစဉ်အကြောင်းကိုလည်း အရိပ်အမြွတ် ရှင်းလင်းထားသည်။
.......
http://www.myanmarbookshop.com/

Sunday, February 18, 2018

မြန်မာစစ်အာဏာရှင် ဦးသန်းရွှေ ဘာကြောင့် အမေရိကန်ဖက်ကို ချဉ်းကပ်ရပါသလဲ....

မြန်မာစစ်အာဏာရှင် ဦးသန်းရွှေ
ဘာကြောင့် အမေရိကန်ဖက်ကို ချဉ်းကပ်ရပါသလဲ....
နေမြဲအတိုင်း တရုပ်နဲ့ဆက်လက်လုပ်ကိုင်မလား..အမေရိကန်ဆီ အညံ့ခံချင်းကပ်ရမလား မေးခွန်းအတွက် တရုပ်နဲ့အမေရိကန် အရှေ့တောင်အာရှနဲ့ ကမ္ဘာမှာ နောင်အနှစ်၅၀အတွင်း ဘယ်သူကဆက်လက် ကြီးစိုးနေဦးမလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေရှာခြင်းပါ။
တရုပ် အမေရိကန်ကို နှစ်၅၀အတွင် ဘယ်လိုနည်းနဲ့မှ မမှီနိုင်ပါဘူး ..ဆိုတဲ့ အဖြေရပါတယ်။
.
သုံးသပ်ကြည့်မယ်ဆိုရင်..
.
ဆင်းရဲချမ်းသာ ကွာခြားခြင်းနဲ့ ပိုင်ဆိုင်မှု
Wealth inequality ပိုင်ဆိုင်မှုမညီမျှခြင်းကို အမေရိကန် စီးပွားရေးတက္ကသိုလ် သုတေသီများ စစ်တမ်းအရ အချမ်းသာဆုံး ၁% အရွယ်ရောက်သူ လူတစ်စုဟာ ကမ္ဘာ့ ဥစ္စာပစ္စည်း ၄၀%ကို ပိုင်ဆိုင်ကြပြီး .. ၁၀%လူစုဟာ ၈၅% ပိုင်ဆိုင်မှုရှိတယ် လို့ဆိုပါတယ်။ တခြားသုတေသီအဖွဲ့တစ်ခုကတော့ အောက်ခြေ အရွယ်ရောက်လူဦးရေရဲ့ တစ်ဝက်က ကမ္ဘာ ပိုင်ဆိုင်မှုအားလုံးရဲ့ ၁% ပဲပိုင်ကြတယ်လို့ တွက်ချက်ပြပါတယ်။ တခြားတွက်ချက်မှုတစ်ခုကတော့ ၂% အရွယ်ရောက်လူတစ်စုက ကမ္ဘာ့ ဥစ္စာပစ္စည်းအားလုံးရဲ့ တစ်ဝက်ကို ပိုင်တယ်လို့ ဆိုပါတယ်။
.
ဇယားကို ကြည့်ရင် ချမ်းသာတဲ့နိုင်ငံအများစု အရွယ်ရောက်သူများရဲ့ ၃%-၇% အုပ်စုက ပိုင်ဆိုင်မှု ဒေါ်လာ၁သန်း အထက် ရှိပါတယ်။ ဒါပေမဲ့ ၂၀% အထက် လူများကတော့ ပိုင်ဆိုင်မှု မရှိသလောက ဒေါ်လာ၁သောင်း အောက်ပဲ ရှိကြပါတယ်။ ဒေါ်လာတစ်သောင်းအောက် ပိုင်ဆိုင်မှုရှိသူ လူဦးရေက တိုင်းပြည်ဆင်းရဲလေလေ များပြားလေလေ ဖြစ်ပါတယ်။
.
စင်ကာပူ ၂၀%
မလေးရှား ၆၁%
ထိုင်း ၄၉%
တရုပ် ၅၈%
အင်ဒိုနီးရှား ၈၁%
လာအို ၈၆%
ဗီယက်နမ် ၈၇%
မြန်မာ ၉၈%
World Institute for Development Economics Research at United Nations University reports that the richest 1% of adults alone owned 40% of global assets in the year 2000, and that the richest 10% of adults accounted for 85% of the world total. The bottom half of the world adult population owned 1% of global wealth.[18] Moreover, another study found that the richest 2% own more than half of global household assets.[19]
.
အမေရိကန်နိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာခြားမှုဟာ တရုပ်ပြည်ထက် ဆက်လက်သာနေဦးတဲ့အပြင် အဓိက လူလတ်တန်းစာ ရာခိုင်နှုန်း များပြားနေဦးမှာဖြစ်လို့.. အမေရိကန်က တရုပ်ပြည်ထက် နောက်အနှစ်၅၀ မှာလဲ ပိုမို အင်အားကြီးနေဦးမှာဖြစ်ပါတယ်။ လူနည်းစုက ပိုင်ဆိုင်မှုတွေ လက်ဝါးကြီးအုပ်ထားရင် (တနည်းအားဖြင့် ဆင်းရဲချမ်းသာ ကွာခြားချက် များလွန်းရင်) အစိုးရ ချမ်းသာပေမဲ့ တိုင်းပြည်အင်အားကြီးဖို့ ခက်နေဦးမှာ ဖြစ်ပါတယ်။
https://en.wikipedia.org/wiki/Distribution_of_wealth
.
.
National Wealth
စီးပွားရေးကောင်းတဲ့ ကမ္ဘာ့ နိုင်ငံကြီး ၃၀ကို သုတေသနပြုတဲ့အခါ နိုင်ငံ၁၀ခုက အားလုံးပေါင်းရဲ့ ၇၉% ကြွယ်ဝနေပါတယ်။
Country , Billion USD , Wealth ration 2000 - 2017
USA 93560, 36.2 - 33.4
China, 29000, 4.0 - 10.3
Japan , 28098, 16.5 - 8.4
Germany , 14160, 5.0 - 4.9
UK, 15077, 6.1 - 5.0
French, 14053, 3.9 - 4.6
Italy, 12508 , 4.7 - 3.9
Canada , 7407 , 2.1 - 2.6
Australia , 7329, 1.0 - 2.6
S.Korea , 6586 , 1.0 - 2.3
.
အထက်ပါ ဇယားအရ လွန်ခဲ့တဲ့ ၁၇နှစ်အတွင်း
* အမေရိကန်ဟာ ဆက်လက်ကြွယ်ဝနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂.၈% ရော့နည်းသွားပေမဲ့ ဒုတိယ တရုပ်နိုင်ငံထက် ၃ဆကျော် ကြွယ်ဝနေဆဲပါ။
* တရုပ်နိုင်ငံ ကြွယ်ဝမှု ၂.၅ဆ တိုးတက်ခဲ့ပါတယ်။ အံ့သြဘွယ်ပါ။ ဈေးကွက်ကို ၅.၅% ရှယ်ယာ ပိုရယူခဲ့ပါတယ်။ တရုပ် မဟာစိးပွားရေး ပေါ်လစီအရ တိုင်းပြည်ရဲ့ GDP per capital တစ်ဦးချင်းဝင်ငွေ နောင်အနှစ်၅၀ တိုင်အောင် ထိပ်ပိုင်း၁၀နိုင်ငံထဲ ပါလာဖို့ ခက်ပါမယ်။ ဒါပေမဲ့ GDP နဲ့ ပိုင်ဆိုင်မှုတွေ အရမ်းတိုးတက်လာလို့ စီးပွားအင်အားကြီး အမေရိကန်ကို ကျော်လွှားကောင်း ကျော်လွှားနိုင်ပါတယ်။ သို့သော် အမေရိကားရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒ နဲ့ ပေါ်လစီများ ..တရုပ်စတိုင် လုပ်ဆောင်လာနိုင်ရင်တော့... တရုပ်နိုင်ငံဟာ အမေရိကန်ကို ကျော်လွှားဖို့ နောင်နှစ်၅၀ အထိ မလွယ်သေးပါဘူး။
* အကြီးမားဆုံး ကြွယ်ဝမှု ရှယ်ယာ ကျဆင်းသွားတာက ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဒုတိယအကြွယ်ဝဆုံး ကနေ တတိယ ကျဆင်းသွားပြီး တ၀က်လောက် ဆုံးရှုံးသွားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို တရုပ်နိုင်ငံကို ရွှေ့ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဂျပန်ရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကားမှာ အများဆုံးဖြစ်ပြီး ဥရောပ နဲ့ တောင်အမေရိက ၊ အရှေ့တောင်အာရှနိုင်ငံများကို ရွှေ့ပြောင်း ရင်းနှီးမြှတ်နှံထားပါတယ်။
.
* ကျန်တဲ့နိုင်ငံများကတော့ အင်္ဂလိပ်၊ ဂျာမဏီ၊ ပြင်သစ်တို့က မြင့်မားပါတယ်။ အင်္ဂလိပ် နဲ့ ဥရောပ ပိုင်ဆိုင်မှု များစွာကို အာရပ်နိုင်ငံများက ၀ယ်ယူထားကြလို့ ဥရောပနိုင်ငံများ ကြွယ်ဝပေမဲ့ စုဆောင်းငွေ လုံးဝမရှိ၊ အကြွေးတွေ တင်နေပါတယ်။ ဂရိနိုင်ငံ ဒေ၀ါလီခံရလို့ ဂျာမဏီနဲ့ ဥရောပဘုံဈေးအဖွဲ့ကယ်တင်ခြင်း လုပ်ရပါတယ်။ ဒါပေမဲ့ ဂရိနိုင်ငံကတော့ အကြွေးထူလဲ အသုံးစွဲ ရှော့ မဲ့ဟန် မရှိပါဘူး။
.https://en.wikipedia.org/wiki/Treasury
.
.
`ဤကမ္ဘာကို တရုပ်တို့ကြီးစိုးသည့်အခါဝယ် ..စာအုပ်
WHEN CHINA RULES THE WORLD .စာအုပ်ရေးထွက်လာပါတယ်။ Martin Jacques ရေးသားပြီး ဌေးနိုင် မြန်မာပြန်ပါတယ်။ ၂၀၁၂ မှာ မြန်မာဘာနဲ့ ထုတ်ဝေပြီး ရောင်းကောင်းတဲ့ စာအုပ်ဖြစ်ပါတယ်။ တရုပ်နိုင်ငံအကြောင်း စုံလင်စွာ သုံးသပ်နိုင်တဲ့ စာအုပ်ဖြစ်ကြောင်း တွေးခေါ်ပညာရှင်များ၊ စီးပွားပညာရှင်များ၊ နိုင်ငံရေးပညာရှင်များက ပြောဆိုချီးမွမ်းကြပါတယ်။ တကယ်လဲ ဟုတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းအမှားရှိသလို စာရေးသူသုံးသပ်ချက်ဟာ ၂၀၀၉ ကနေ ၂၀၁၈ အတွင်းမှာ အမေရိကန်ရဲ့ မမျှော်လင့်တဲ့ ပြုပြင်ပြောင်းလဲမှုများဖြစ်လာပါတယ်။
.
အဲဒီစာအုပ်နောက်ဆုံး ကဏ္ဍမှာ နောင်အနှစ်၅၀ အထိ တရုပ်တစ်ဦးချင်း ၀င်ငွေနဲ့ စစ်အင်အား အမေရိကန်ကို မမှီနိုင်ပေမဲ့.. တရုပ်နိုင်ငံသြဇာက အမေရိကန်နိုင်ငံထက် ကြီးမားသွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ နောက်ဆုံးအခန်း ၁၃ (စာ-၃၇၇) မှာ အမေရိကန်ကန်ရဲ့ ဂျီဒီပီကို ၂၀၁၈ မှာ ကျော်သွားပြီး ၂၀၂၅ မှာ အမေရိကန်ထက် ၂ဆ မြင့်သွားမယ်။
.
စာရေးသူဟာ အမေရိကန်စနစ်ကို အောက်ပါအချက်များနဲ့ ချီးမွမ်းထားပါတယ်။
P 301
.
* ကမ္ဘာ အကြီးဆုံး စီးပွားရေးပမာဏ ဖြစ်တယ်။
.
* တစ်ဦးချင်း ပျမ်းမျှဝင်ငွေကလဲ ကမ္ဘာ အများဆုံးဖြစ်တယ်။
.
* နည်းပညာအမြင့်ဆုံး နိုင်ငံဖြစ်တယ်။ စီလီကွန်ဗဲလီ ဥပမာဖြစ်တယ်။
.
* စစ်အင်အား အကြီးဆုံးနိုင်ငံဖြစ်တယ်။ ရေကြောင်းအင်အားနဲ့ တကမ္ဘာလုံး ပြန့်ချက် ချထားပြီး အာကာသ (ဝေဟင်) ကြီးစိုးမှု ရယူထားပါတယ်။ GPD
.
* နိုင်ငံကြီးများစွာ အမေရိကန်ကို အတိုင်းတာတစ်ခုအထိပဲ ပြောဆိုရဲပါတယ်။ ၂၀၁၇ ခုနှစ်ကုန်ခါနီး အမေရိကန်နဲ့ သမ္မတသစ် ဒေါ်နယ်ထရန် ကို မြောက်ကိုးရိးယားခေါင်းဆောင်က ပုတ်ခတ်ပြောဆိုခြင်းတော့ ရှိပါတယ်။
.
* နိုင်ငံတကာ စီးပွားရေးစနစ်ဟာ အမေရိကန်ဥိးဆောင် ပုံဖော်ထားခြင်း ဖြစ်ပြီး စည်းမျဉ်းများဟာလဲ အမေရိကန်သြဇာခံ ဖြစ်နေပါတယ်။
.
* ပညာရေးမှာ ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်များ ရှိရာအရပ်ဖြစ်ပြီး ကမ္ဘာ့ အထူးချွန်ဆုံးများကို ဆွဲဆောင်နိုင်ပါတယ်။
.
* အမေရိကန်သြဇာကြောင့် အင်္ဂလိပ်စာ ကမ္ဘာသုံး ဘာသာစကားဖြစ်လာပါတယ်။
.
* အနုပညာ အထူးသဖြင့် ရုပ်ရှင်လောကကို ဟောလိဝု က လွှမ်းမိုးထားပါတယ်။
.
* အမေရိကန်ကော်ပိုရေးရှင်းကြီးများဖြစ်တဲ့ Google, Microsoft, Coca-Cola, Wal-mart, Facebook စသည်တို့ဟာ နိုင်ငံအများကို ကြီးစိုးထားပါတယ်။
.
* နယူးယောက်မြို့ကို ကမ္ဘာ့ မြို့တော်အဖြစ် လက်ခံထားလို့ အမေရိကန်မှာပေါက်ရောက်ရင် ကမ္ဘာကို ပေါက်မယ် ဖြစ်ပါတယ်။
.
* ယဉ်ကျေးမှုလွှမ်းမိုးခြင်းများ .. အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်း၊ ပြည်တွင်းစစ်၊ ရှေ့ဆောင်လမ်းပြစိတ်ထားများနဲ့ အများအကျိုးသယ်ပိုးလိုစိတ်များမှာ အမေရိကန်တို့ လွှမ်းမိုးပါတယ်။
.
* အမေရိကန် စံထားခက်များ ပုဂ္ဂလိက၀ါဒ ဒီမိုကရေစီ လူ့အခွင့်အရေး လစ်ဘရယ်ဝါဒသစ် ရှေးရိုးဝါဒလက်သစ် ဈေးကွက် လွတ်လပ်ချါင့် ရှေ့ဆောင်လိုစိတ် စသည်တို့မှာလဲ ကမ္ဘာ အနှံ့ သြဇာ ပျံ့ပါတယ်။
.
* အမေရိကန်ကြီးစိုးမှုဟာ လူဖြူ ကြီးစိုးမှုနဲ့ ဆက်စပ်ပါတည်။ တရားမ၀င် လူမျိုးရေး ခွဲခြားမှုများက တကမ္ဘာလုံးဆိုင်ရာ လူမျိုးရေး အဆင့်ဖြစ်လာပါတယ်။
.
.
အဲဒီအချက်များနဲ့ ၂၀၁၂ နောက်ပိုင် ဖြစ်ပျက်ပြောင်းလဲမှုများက အမေရိကန်တို့ လက်ရှိအသက်ရှင်နေသူများ မသေခင်အထိအောင် ဆက်လက်ကြီးစိုးနေဦးမှာ သေချသထက် သေချာလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ..အမေရိကန်များရဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထား လူကိုလူလိုသိတတ်ဖို့စိတ်ထား အုပ်ချုပ်သူများမှာ ၀ိသမလောဘသမား သူဌေးကြီးများ ၀င်မပါစေတဲ့ ခေါင်းဆောင်ရွေးချယ်စနစ် ဒီမိုကရေစီ ရွေးကောက်ပွဲများကြောင့် ဖြစ်ပါတယ်။
.
ယခုအခါ အမေရိကန်မှာလည်း လူလတ်တန်းစား ရော့ပါးလာပြီး ဆင်းရဲချမ်းသာ ကွာဟမှု များပြားလာပါတယ်။ နေရာတကာ ၀င်ပါတတ်တဲ့ ဗိုလ်ကျကြီးစိုးလိုမှု ခေါင်းဆောင်များ .. ဥပမာ အာဖကန်နစ္စတန် နဲ့ အီရက် ကျူးကျော်သိမ်းပိုက်မှုများက အင်အားသုံးအနိုင်ကျင့်မှုကြောင့် အလွန့်အလွန်ထိခိုက်မှု ကြီးမားစွာ ဖြစ်ခဲ့ကြောင်း သခန်းစာ ရပြီးဖြစ်ပါတယ်။
.
နောက်ထပ် သခန်းစာကတော့ တရုပ်နိုင်ငံကို နမူနာယူသင့်ကြောင်း.. တရုပ်အစိုးရက ငွေများစွား စုဆောင်းရရှိပြီး စီးပွားရေးနဲ့ နှစ်၃၀အတွင် သြဇာကြီး ကမ္ဘာ့ ဒုတိယစီးပွားနိုင်ငံဖြစ်လာကြောင်း မျက်ဝါးထင်ထင်တွေ့တဲ့အတွက် .. ၂၀၀၈ ခုနှစ် အမေရိကန်စီးပွားပျက်သုန်းပြီး .. လူမည်းသမ္မတ အိုဘားမား တက်လာပါတယ်။ အမေရိကန်ပြုပြင်ပြောင်းလဲမှုများကို အကြီးအကျယ် လုပ်ဆောင်ပါတယ်။
.
.
နိဂုံးချုပ် (သုံးသပ်ချက်)
၂၀၀၈ နောက်ပိုင်း အမေရိကန်ကန် စီးပွားရေးပေါ်လစီများကို အမြန်ဆုံးပြုပြင်ပြောင်းလဲရပါတယ်။ ၄နှစ်လောက် သမ္မတ ဂျော့ ဘွတ်ခ်ျ အစိုးရရဲ့ ဗိုလ်ကျကြီးစိုး ပေါ်လစီ ..အီရတ်နိုင်ငံစစ်ပွဲတစ်ခုမှာ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုများနဲ့အတူ ၀ိသမလောဘသမားများက အမေရိကန်ပိုင်ဆိုင်မှုများကို ထုတ်ယူကြခြင်းကို အမြန်တားဆိးခဲ့ပါတယ်။ တရုပ်ကုန်ပစ္စည်းများကို အပ်ကအစ မှီခိုးနေခြင်းကို ရပ်တံ့ဖို့ တရုပ်စက်ရုံ အလုပ်ရုံများကို အမေရိကန်မှာ တည်ထောင်ဖို့ ..တနည်းအားဖြင့် ပြည်တွင်းမှာပဲ လုံလောက်စွာ ထုတ်လုပ်မှီခိုဖို့ ကြိုးစားလာပါတယ်။ တရုပ်နိုင်ငံကလည်း ရုတ်တရက် အမေရိကန်နဲ့ အနောက်နိုင်ငံများထံ တင်ပို့ကုန်များ ကျဆင်းလာပါတယ်။ အမေရိကန်က မ၀ယ်တော့လို့ ဖြစ်ပါတယ်။ တရုပ်ပြည်တွင်း စီးပွားရေးကို ဦးစားပေးလာခဲ့ပါတယ်။ ၂၀၁၂ မှာ အကြီးကဲဖြစ်လာတဲ့ တရုပ်နိုင်ငံခေါင်းဆောင် ရှီကျင့်ပင်း အဖွဲ့က စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ပါတယ်။ အုပ်ချုပ်ရေးမျာတော့ ကွန်ဖြူးရှပ်သင်ကြားမှုများက ခေါင်းဆောင်ကောင်းများ ထွက်လာဖို့ စနစ်ကို တိန့်ရှောင်ဖိန့်လက်ထက်ကတည်းက ချမှတ်ထားပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းများက ပိုကောင်းတဲ့ တရုပ်နိုင်ငံဖြစ်အောင် ပိုပြီး ကြိုးစားနေကြပါတယ်။ တရုပ်နိုင်ငံ စီးပွားတိုးတက်မှုက သိသာစွာ မကျဆင်းပေမဲ့ ကမ္ဘာ့ နိုင်ငံများအတိုင်း တိုးတက်မှု နှေးသွားပါတယ်။
.
အမေရိကန်ဖက်က ကြိုးစားပြုပြင်ပြောင်းလဲမှုများ ဖြစ်လာပါတယ်။ အကျိုးရလဒ်ကတော့ ဇယား(၂) ပါတဲ့အတိုင်း .. ၂၀၀၇-၂၀၀၉ တုံ့ဆိုင်းသွားတဲ့ အမေရိကန်စီးပွားရေး ပြန်လည်ဦးမော့လာပါတယ်။ အမေရိကန် ခေါင်းဆောင်များကောင်းများက ပြည်သူလူထု ငွေစုဆောင်းလာစေတဲ့ ပေါ်လစီ တရုပ်နိုင်ငံကို နမူနာယူပြီး ပြုပြင်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာကို ဗဟိုချက်မကမထားတော့ဖို့.. စစ်အင်အားလျှော့ ချဖို့၊ နောက်ဆုံး အခွန်စနစ်ကို ဗဟိုဦးစီး လုပ်တန်လုပ်နိုင်ပါတယ်။ ဆိုရှယ်ဈြတူရတီ စနစ်ကိုလဲ 401 စနစ်ဆိကို တဖြေးဖြေး ပြောင်းလဲနေပါပြီး
.
ပြင်ဖို့ ကြိုးစားမှု နည်းတဲ့ .. ကိုယ်ကျိုးရှာသူများကို မတားဆိးနိုင်တဲ့ ဥရောပနိုင်ငံများကတော့ စီးပွား ဆက်လက်ကျဆင်းနေပါတယ်။
.
ဂျပန်နိုင်ငံ စီးပွားကျဆင်းတာကတော့ သူ့အရင်းနှီးများစွာ တရုပ်ပြည်နဲ့ နိုင်ငံတကာကို ဆက်လက် ရွှေ့လျားသွားနေလို့ ဖြစ်ပါတယ်။ ဂျပန်မှာ သူတို့ကိုယ်ပိုင် ချွေတာစုဆောင်းစနစ် ရှိပါတယ်။
.
မြန်မာနိုင်ငံအဖို့တော့ တရုပ်စတိုင် စီးပွားရေးကို လိုက်နေပေမဲ့ ၀န်ထမ်းပြုစုရေး မဟာဗြူဟာက အရေးကြီးဆုံးဖြစ်ပါတယ်။
.
သုံးသပ်ချက်ကတော့ ဒါကြောင့် နောင်အနှစ်၅၀ အထိ အမေရိကန်ကြီး ဆက်လက်ကြီးစိုး နေဦးမျာ ဖြစ်ပါတယ်။ ၂၀၂၅ အထိ စောင့်ကြည့်ဖို့ ဒီဆောင်းပါး ဖတ်ရှုသူအများစု အသက်ရှင်နေဦးမယ် မျှော်လင့်ပါတယ်။
.
ဇော်အောင်
၁၈.ဖေဖော်ဝါရီ. ၂၀၁၈
.
.
ကိုးကား..။
ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့်အခါဝယ် (အနောက်ကမ္ဘာ၏နိဂုံးနှင့် ဂလိုဘယ်ဝါစဉ်အသစ် မွေးဖွားခြင်း) (ဌေးနိုင်) (နိုင်ငံရေး) (8.75 USD) http://www.myanmarbookshop.com/MyanmarBo…/BookDetails/25062…