Monday, October 30, 2017

ဘေလီလုန်ခေတ်အကြွေးထူသူနဲ့ယခုခေတ် ပါမောက္ခအကြွေးထူသူ ဘယ်လိုလွတ်မြောက်ခဲ့သလဲ...? Richest Man in Babylon


ဘေလီလုန်ခေတ်အကြွေးထူသူနဲ့ယခုခေတ် ပါမောက္ခအကြွေးထူသူ
ဘယ်လိုလွတ်မြောက်ခဲ့သလဲ...?
.
ပိန်ကျုံသော အသပြာအိတ် ပြည့်တင်းလာစေမည့်နည်းလမ်းခုနှစ်သွယ်
ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ အာခတ်မှ ပိန်ကျုံသော အသပြာအိတ် ပြည့်တင်းလာစေမည့် နည်းလမ်းခုနစ်သွယ်ကို ပညာပေး ဟောပြောခဲ့ပါသည်။
ပထမဆုံး ကျွန်တော် ခင်ဗျားတို့ အိတ်တွေ ဖောင်းလာစေမည့် နည်းလမ်းတွေကို အရိုးစင်း အရှင်းလင်းဆုံး ပြောပါမယ်။ ဒါက တကယ်ကြီးကျယ်တဲ့ ဓနဗိမာန်ကြီး တည်ဆောက်ဘို့ အတွက်အခြေခံ အုတ်မြစ်ပါ။ အခြေခံအုတ်မြစ်ခိုင်မှ အပေါ်ကို ဆက်တက်လို့ ရပါလိမ့်မယ်။ အဲဒီ အခြေခံ အုတ်မြစ်အတွက်
.
.
1. ပထမဆုံး အုတ်ချပ် ( သို့မဟုတ်) ပိန်ကျုံသော ပိုက်ဆံအိတ် ဖောင်းတင်းလာစေရေး အတွက် ပထမဆုံး နည်းလမ်း
.
အိတ်ထဲထည့်လိုက်သော ပိုက်ဆံဆယ်ပြားမှ ကိုးပြားကို ပဲ သုံးတယ်ဆိုတဲ့ လေ့ကျင့်ခန်း
ခင်ဗျား ကြက်ဥတောင်းထဲကို နေ့စဉ် မနက်ပိုင်းမှာ ကြက်ဥဆယ်လုံးထည့်မယ်။ ညနေပိုင့်မှာ ကိုးလုံးပြန်ထုတ်မယ် ဆိုပါတော့ ကြာရင် ဘာဖြစ်မလဲ
တောင်းထဲ ကြက်ဥတွေ ပြည့်လာမှာပေါ့ 
ဘာကြောင့်လဲ 
.
နေ့တိုင်း ဒီတောင်းထဲကို ကြက်ဥ ဖြည့်ပေးနေသလို ဖြစ်လို့ပေါ့
သည်အခါ အာခတ်က '' ခင်ဗျားတို့ အထဲမှာ ပိုက်ဆံအိတ်ပိန်နေတဲ့ သူရှိသလား " ဟု မေးလိုက်သောအခါ အားလုံးက ပြားချပ်နေသော သူတို့ပိုက်ဆံအိတ်ကို ဝှေ့ရမ်းပြတယ်။
ဟုတ်ပြီ အခု ကျွန်တော် ခင်ဗျားတို့ကို အဲဒီ ပိန်နေသောပိုက်ဆံအိတ်တွေ ပြည့်ဝလှပလာစေမယ့် ဆေးနည်းတစ်ခုပေးမယ်။ အဲဒါကတော့ စောစောက ကြက်ဥ ကုန်သည်ကို ပြောခဲ့တဲ့အတိုင်း ခင်ဗျားတို့ ပိုက်ဆံအိတ်ထဲကို ပိုက်ဆံဆယ်ပြားဝင်ရင် ကိုးပြားထုတ်သုံးပါ။ တစ်ပြားချန်ထားပါ
.
အဲဒီနေရာမှာ ထူးခြားတဲ့အချက်တစ်ချက် ကိုပြောပြဦးမယ်။ အိတ်ထဲဝင်လာတဲ့ ဆယ်ပြားမှ ကိုးပြားကိုသာ ထုတ်သုံးပေမယ့် ကျွန်တော်အရင်ကထက် အသုံးအစား ပိုကြပ်မသွားပါဘူး။ နဂို မူလအနေအထိုင်ထက်လျော့ပါးမသွားဘူး၊ နောက်တစ်ချက်က ဒီနည်းစနစ်ကျင့်သုံးပြီး များမကြာမီမှာပဲ အိတ်ထဲကိုငွေကြေးတွေ အရင်ထက် အလွယ်တကူဝင်လာတယ်။
ကျွန်တော် ပေးချင်တဲ့ ပထမဆုံးနည်းလမ်းကတော့ အိတ်ထဲထည့်လိုက်တဲ့ ပိုက်ဆံဆယ်ပြားမှ ကိုးပြားကိုပဲ သုံးတယ်ဆိုတဲ့ လေ့ကျင့်ခန်းပါပဲ။
.
.
ဒုတိယ နည်းကတော့
ငွေကြေးကို စနစ်တကျ ခန့်ခွဲ သုံးစွဲခြင်း
ခင်ဗျားတို့အထဲက တချို့ပုဂ္ဂိုလ်တွေ ကျွန်တော်ကို မေးပါတယ်။ ကိုယ်ရတဲ့ ၀င်ငွေ အားလုံးသုံးတာတောင် လိုအပ်ချက်တွေမပြည့်စုံနိုင် သေးတဲ့လူတစ်ယောက် အနေနဲ့ ၀င်ငွေရဲ့ ဆယ်ပုံ တစ်ပုံကို ဘယ်လို စုဆောင်းရမလဲတဲ့ ''
ငွေကြေးသုံးစွဲမှုနဲ့ ပတ်သတ်တဲ့ သတိပြုစရာ အချက်တစ်ခုကို ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ကို ကျွန်တော်တို့ ထိန်းချုပ်မှု မပြုဘူးဆိုရင် ကျွန်တော်တို့ရဲ့ မသုံးမဖြစ် ကိစ္စတွေအတွက် ကုန်ကျငွေဟာ တိုးတက်လာတဲ့ ကျွန်တော်တို့ ၀င်ငွေတွေနဲ့ အမှီလိုက်ပြီး တက်နေလိမ့်မယ်ဆိုတဲ့ အချက်ပဲ
လိုအပ်ချက်နဲ့ အလိုဆန္ဒကို မရောထွေးကြစေချင်ဘူး '' 
အဲဒီတော့ ကိုယ်ရဲ့ နေထိုင်ပုံ အလေ့အထတွေကို သေသေချာချာ ဝေဖန်စိစစ်ကြစေချင်တယ်။ အရင်တုန်းက မသုံးရ မဖြစ်ဘူးလို့ ခံယူခဲ့တဲ့ တချို့ကိစ္စတွေဟာ မသုံးရင်လည်း ဖြစ်တယ်။ ဒါမှမဟုတ် လျော့သုံးလို့ရတယ်ဆိုတာကို တွေ့လာရလိမ့်မယ်။ ကိုယ်သုံးစွဲလိုက်တဲ့ ပိုက်ဆံတစ်ပြားတိုင်းအတွက် တစ်ပြားဖိုး ပြည့်ပြည့်၀၀ ရရှိစေဘို့ ဆိုတာကို လက်စွဲ ဆောင်ပုဒ်အဖြစ်နဲ့ ထားဘို့လိုတယ်။
အဲဒီနည်းဖြင့် ခင်ဗျားတို့ရဲ့ ဘတ်ဂျက်ကို စီမံခန့်ခွဲပါ၊ ၀င်ငွေရဲ့ဆယ်ပုံ့တစ်ပုံ့ကို လုံးဝမထိမတို့ပါနဲ့၊ အဲဒါသည် ခင်ဗျားတို့ ပိုက်ဆံအိတ် ပြည့်တင်းလာစေရေးအတွက် ဒုတိယနည်းလမ်းပဲ ဖြစ်ပါတယ်။
.
.
တတိယ ၊ 
သင့်ဓနဥစ္စာကို ဆတိုးပွားအောင် ဆောက်ရွက်ပါ
ခင်ဗျားတို့ ပိုက်ဆံအိတ်တွေပြည့်လာပြီး ကိုယ်ရတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို သိမ်းဆည်းတတ်တဲ့ အလေ့အထရလာပြီး ငွေကို စနစ်တကျခန့်ခွဲ သုံးစွဲတက်လာပြီး ဆိုတဲ့ နောက်မှာ စုဆောင်းမိလာတဲ့ငွေကို တိုးပွားအောင် ဘယ်လိုလုပ်မလဲ တဆင့်တက် စဉ်းစားရ လိမ့်မယ်။
ခင်ဗျားတို့ကို တစ်ခုလောက်ပြောချင်ပါတယ်။ လူတစ်ယောက် ဘယ်လောက်ကြွယ်ဝသလဲဆိုတာ လောလောဆယ် သူ့အိတ်ထဲမှာ ဘယ်လောက်ရှိနေသလဲပေါ် မူတတည်ဘူး၊ သူ့ဆီကို ငွေတွေဘယ်လောက်ဝင်နေသလဲ၊ သူ့အိတ်ကို မပြတ်ဖြည့်တင်းပေးနေမယ့် ဘယ်လိုဓနစီးကြောင်းမျိုး သူ့မှာ ရှိနေသလဲ ဆိုတဲ့ အပေါ်မှာသာ တည်တယ်။ လူတိုင်း လူတိုင်းက ကိုယ့်အလုပ် လုပ်နေသည်ဖြစ်စေ၊ လည်ပတ်သွားနေသည်ဖြစ်စေ၊ သူ့အလိုအလျောက် ကိုယ့်အိတ်ထဲကို ၀င်လာနေမယ့် ၀င်ငွေစီးကြောင်းတစ်ခု ရှိရမယ်။
ဓနဥစ္စာဆိုတာ ၀င်ငွေအသင့်အတင့်ရှိတဲ့ လုပ်ငန်းအရင်းအနှီး တစ်ခု ဖြစ်သွားရင်ကို အလျင်အမြန် တိုးတက်လာတတ်တဲ့ သဘော ရှိတယ်။
ဒါကြောင့်မို့ ပိန်ကြုံနေသော ပိုက်ဆံအိတ်ပြည့်တင်းလာအောင် ကုစားပေးမယ့် တတိယ ဆေးနည်းက ကိုယ်စုဆောင်းမိတဲ့ အသပြာငွေဒင်္ဂါးတိုင်းကို ကျွဲ၊ နွားများသဖွယ် ထိန်းကျောင်းခိုင်းစေဘို့ သူတို့ရဲ့ အမျိုးအနွယ်တွေ ထပ်ဆင့်ပေါက်ဖွားပေးစေဘို့၊ အဲဒီနည်းအားဖြင့် ခင်ဗျားတို့ရဲ့ ငွေအိတ်ထဲကို ဓနကြေးငွေတွေ တသွင်သွင်စီးဝင်စေဘို့ စီမံဖန်တီးရေးပဲလို့ ပြောချင်ပါတယ်.
.
.
စတုတ္ထ ၊ 
သင့်ဓနဥစ္စာများကို မဆုံးပါးရအောင် ထိန်းသိမ်းကာကွယ်ပါ။
ကံကြမ္မာဆိုး ဆိုတာတွေက တောက်ပတဲ့ပစ္စည်းမျိုးကို နှစ်သက်လေ့ရှိတယ်။ ဒါကြောင့်မို့ အိတ်ထဲမှာ ရွေတိုငွေစရှိလာရင် အဲဒါကို မပျောက်ပျက်အောင် ဂရုစိုက် ထိန်းသိမ်း ကာကွယ်ဖို့လိုတယ်။ ဒါမှာလည်း အလေ့အကျင့်လိုတယ်၊ အိတ်ထဲမှာ နည်းနည်းပါးပါးရှိစဉ်ကစပြီး လေ့ကျင့်ထားမှ နောင်တစ်နေ့များများရှိလာတဲ့အခါ ထိန်းသိမ်းတတ်မယ် ''
အိတ်ထဲမှာ ရွှေတိုငွေစ ၇ှိလာတဲ့သူတိုင်း ဆွဲဆောင်ဖြားယောင်း ခံရစမြဲပဲ။
ဒီနေရာမှာ ကျွန်တော်အလေးထားပြောချင်တာကတော့ ရင်းနှီးမြုပ်နှံမှုပြုတဲ့နေရာမှာ ပထမဆုံး သတိထားရမည့် အချက်က ခင်ဗျားရဲ့ ရင်းနှီးငွေလေး ပျောက်ပျက်မသွား ရေးဘဲ၊ အကျိုးအမြတ်အများကြီးရနိုင်တယ် ဒါပေမယ့် ကိုယ့်ငွေရင်းလည်းပြုတ်ရင်ပြုတ်သွားနိုင်တယ် ဆိုရင် ကျွန်တော်ကတော့ အဲဒီအလုပ်မျိုးမှာ မရင်းနှီးဘူး၊ ရင်းနှီး မြှုပ်နှံမှုမပြုခင် ကိုယ့်ငွေလေးထည့်မပေးလိုက်ခင် အဲဒီလုပ်ငန်းကို ဂရုစိုက်လေ့လာဖို့လိုတယ်၊ ကိုယ့် ငွေပြန်ရနိုင် မရနိုင်သေချာအောင် လုပ်ဘို့လိုတယ်၊ နေ့ချင်းညချင်း ချမ်းသာချင်တဲ့စိတ်နဲ့ စွပ်မလုပ်သင့်ဘူး
လူတစ်ယောက်ကို ချေးငှားမယ်ဆိုရင်လည်း ဒီလူပြန်ဆပ်နိုင်မှာလား၊ ငွေကြေးနဲ့ ပတ်သတ်ရင် ကတိတည်တဲ့ အစဉ်အလာရှိရဲ့လား ၊ ကိုယ်ပင်ပင်ပန်းပန်းရှာဖွေ ဆုစောင်း ထားတာလေး သူ့ကို လက်ဆောင်သွားပေးသလို ဖြစ်သွားမလားစသဖြင့် ကြိုတင်စဉ်းစားသင့်တယ်၊ ...... လုပ်ငန်းနယ်ပယ်တစ်ခုမှာ ကျရောက်နိုင်တဲ့ အန္တရာယ်တွေ အကြောင်း သိကျွမ်းအောင် အရင်လေ့လာထားဖို့လိုတယ်၊ ........
အုတ်ဖုတ်သမားက ကျောက်မျက်ရတနာအကြောင်း မသိနိုင်ပါ။
ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ့်ငွေရင်းဆုံးရှုံသွားနိုင်တဲ့ အန္တရာယ်တွေ အမြဲရှိတယ်။
ဒါကြောင့်မို့ ခင်ဗျားတို့ရဲ့ ပိန်ကြုံတဲ့ပိုက်ဆံအိတ်ပြည့် တင်းလာစေဖို့နဲ့ အဲဒီပြည့်တင်းစ အိတ်ကလေးပြောင်သလင်းခါ မသွားအောင် စောင့်ရှောက်ကာကွယ်ဘို့ အထောက်အကူ ပြုမယ့် စတုတ္ထဆေးနည်းက ခင်ဗျားတို့ရဲ့ ငွေရင်းကို စိတ်ချရတဲ့ ဌာနမျိုး၊ သင့်တင့်တဲ့ အကျိုးအမြတ် မုချရရှိနိုင်မယ့် ကဏ္ဍမျိုးမှသာ မြှုပ်နှံဘို့နဲ့ လုပ်ငန်းအတွေ့အကြုံ ရှိသူ များကို တိုင်ပင်နှီးနှောပြီး သူတို့ထံက အကြံကောင်း ဥာဏ်ကောင်းများကို ရယူအသုံးချဘို့ပဲ ဖြစ်တယ်လို့ ကျွန်တော်ဆိုလိုချင်ပါတယ်။
.
.
ပဉ္စမ ၊ 
ကိုယ်ပိုင်အိမ် တည်ဆောက်ခြင်းကို အကျိုးအမြတ်ရှိသော ရင်းနှီးမြှုပ်နှံမှု တစ်ခု အဖြစ် ဆောက်ရွက်ပါ
ကိုယ်ဝင်ငွေရဲ့ ဆယ့်ပုံကိုးပုံကို စားဝတ်နေမှုနဲ့ တခြားချမ်းသာပျော်ရွင်မှု ကိစ္စတွေအတွက် လျထားသတ်မှတ်ထားတဲ့ လူတစ်ယောက်ဟာ အကယ်၍ အဲဒီဆယ်ပုံ ကိုးပုံ ထဲက တစ်စိတ်တစ်ဒေသကို ရင်းနှီးမြုပ်နှံမှုအတွက် ဖဲ့ယူနိုင်ဦးမယ်ဆိုရင် သူ့ရဲ့ဓနဥစ္စာတွေဟာ တခြားသူများထက်ပိုပြီး လျင်လျင်မြန်မြန် တိုးတက်လာမှာ သေချာတယ်။
အဲဒီလို တိုးချဲ့ခန့်ခွဲထားတဲ့ ရင်းနှီးမြှုပ်နှံငွေကို အသုံးပြုဘို့ အသင့်တော်ဆုံးနေရာတစ်ခုရှိတယ်၊ အဲဒါက ကိုယ်ပိုင်အိမ်ယာပဲ
ပဉ္စမ အချက်ကတော့ ကိုယ်ပိုင်အိမ်ယာတစ်ခု ရရှိလာအောင် ဆောင်ရွက်ရေးပါပဲ.........။
ဆဌမ၊ အနာဂတ်အတွက် ၀င်ငွေသေချာအောင် ဆောင်ရွက်ရေး
ဓနဥစ္စာရှာဖွေတတ်လို့ ပိုပိုလျှံလျှံရရှိလာကြတဲ့လူများဟာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဘို့၊ သိမ်းဆည်းသိုမှီးဘို့ ကြံစည်ကြရလိမ့်မယ် ဒီနေရာမှာ နည်းလမ်းအသွယ်သွယ်ရှိ ပါတယ်။
ကျွန်တော်ပြောတဲ့ အိုးအိမ်မြေယာ ၀ယ်ယူစုဆောင်းတဲ့နည်း၊ အချိန်ကာလနဲ့အမျှ တဖြည်းဖြည်းတိုးပွားနေမယ့် နေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံတဲ့နည်း၊ စတာတွေရှိပါတယ် ၊ ဒီနည်းတွေအားဖြင့် မိမိကြီးရင့်အိုမင်းတဲ့ အချိန်မှာ ချို့တဲ့ နွမ်းပါးမနေအောင် ကာကွယ်နိုင်တယ်၊ မတော်တဆ မိမိ စောစီးစွာ ကွယ်လွန်ခဲ့ရင်လည်း ကျန်ရစ်သူမိသားစု ဒုက္ခ မကြီးမားရအောင် စောင့်ရှောက် ထောက်ကူနိုင်မှာ ဖြစ်ပါတယ်၊
ဒါကြောင့်မို့ ဒီနေ့ ကျွန်တော် ပြောခဲ့တဲ့ ပိန်ကြုံသော အသပြာအိတ် ပြည့်တင်းရေးဆိုင်ရာ ဆဌမဆေးနည်းက ဘယ်သူမှ ပြေးမလွတ်နိုင်တဲ့ အိုနာသေဘေးအရေးကိစ္စများ အတွက် ကြိုကြိုတင်တင် ပြင်ဆင်ထားဘို့ပါပဲလို့ ကျွန်တော်တင်ပြပါရစေ။
.
.
သတ္တမ၊ 
ဝင်ငွေရှာဖွေနိုင်စွမ်းတိုးတက်အောင်လုပ်ပါ
ဒီနည်းကတော့ ငွေနဲ့မဆိုင် လူနဲ့ပဲဆိုင်ပါတယ်။ ခင်ဗျားတို့ အသီးသီးရဲ့ စိတ်ဓာတ်ပဲ ဆိုင်ပါတယ်။ လူတွေရဲ့ ဘ၀ထဲ၊ လူတွေရဲ့ စိတ်သဏ္ဍာန်ထဲမှာ ကိန်းအောင်းနေတဲ့၊ ထို လူကို အောင်မြင်မှုရှုံးနိမ့်မှုတွေဖြစ်စေတဲ့ အရင်းခံတရားတွေ အကြောင်း ကျွန်တော်ပြောမှာပါ။
.
အရေးကြီးတာက ရည်မှန်းချက် မထွေပြားဘို့၊ အလိုဆန္ဒတွေ များပြားရောထွေးမနေဘို့၊ ပြီးတော့ ရည်မှန်းချက်နဲ့ ကျွမ်းကျင်မှု၊ အလိုဆန္ဒနဲ့ ပြည့်မြောက်အောင်အကောင် အထည်ဖော်တဲ့အတွေ့အကြုံ၊ အဲဒါတွေညီညွတ်မျှတဘို့ လိုတယ်။ အတွေ့အကြုံရှိလာ ၊ ကျွမ်းကျင်လာတာနဲ့အမျှ ရည်မှန်းချက်ဆန္ဒကို လိုက်လျောညီထွေ မြှင့်တင်သွားခြင်း အားဖြင့် တဖြည်းဖြည်း ကြီးပွားအောင်မြင်လာမယ်။
.
လုပ်ငန်းကျွမ်းကျင်လာတာနဲ့အမျှ ၀င်ငွေကလည်း လိုက်ပြီးတိုးလာတာ သဘာဝပါပဲ၊ အတတ်ပညာသည်ဟာ ပညာစွမ်းထက်လေ ကြေးများများရလေပဲ၊ ပညာစွမ်းထက်ဘို့ အတွက် နည်းနာတွေ သူများထက်တတ်အောင် လေ့လာရတယ်။
.
လူတွေရဲ့ အရေးကိစ္စတွေဟာ အမြဲပြောင်းလဲနေသလို ပညာတွေကလည်း မပြတ်တိုးပွားနေတယ်တယ်
.
.
လူတစ်ယောက်ရဲ့ ဘ၀အမြဲဖွံ့ဖြိုးတိုးတက် နေဘို့ ၊ အများကြားမှာအောင်မြင်သူ ဂုဏ်သိက္ခာရှိသူတစ်ဦး အဖြစ်ရပ်တည်နေနိုင်ဘို့ အရေးကြီးတဲ့ အချက်တစ်ရပ်မှာ ကိုယ့်ကိုကိုယ်လေးစားမှုရှိရေးပါပဲ။ ကိုယ့်ကိုကိုယ်မလေးစားတဲ့ သူကို အခြားသူကလည်းလေးစားမှာမဟုတ်ပါဘူး
သတ္တမမြောက်နဲ့ နေက်ဆုံးဖြစ်တဲ့ ဆေးနည်းသည် လုပ်ငန်းမှာပိုပြီး ပတ်နပ်ကျွမ်းကျင်အောင် မပြတ်ဆည်းပူးလေ့လာခြင်းအားဖြင့် မိမိရဲ့လုပ်ငန်းစွမ်းရည် သို့မဟုတ် ငွေရှာမှုစွမ်းရည် တိုးတက်အောင် ဆောင်ရွက်ဘို့နဲ့ တစ်ဖက်ကလည်း မိမိရဲ့ အပြုအမှုများကို စောင့်ထိန်းလေ့ကျင့်ဘို့ဆိုတာပဲ ဖြစ်ပါတယ်
ကိုယ်တိုင်ကြိုးစားအောင်မြင်ပြီးတဲ့အခါမှာလည်း ကိုယ်အောင်မြင်ခဲ့တဲ့ နည်းနာနိဿယတွေ ကြီးပွားချမ်းသာရေးအလေ့အကျင့်တွေကို အခြားသော ညီနောင် သားချင်းများကို ရက်ရက် ရောရော သဘောထားကြီးစွာ ဝေငှကြပါ၊ သူတို့လည်း ကြီးပွားချမ်းသာချင်စိတ် ထက်သန်လာအောင် ကြီးပွားရေးအတွက် တကယ်အားထုတ်ကြိုးပမ်းလာကြအောင် တိုက်တွန်းနှိုးဆော်ကြပါ။
ဒီစာကို ဆရာဖေမြင့်၏
.
.
.
ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်မှ ကောက်နုတ်ထားပါသည်။
ဒီစာကို ပြီးဆုံးအောင် ဖတ်ပေးသည့် အတွက်လည်း များစွာ ကျေးဇူးတင်ပါသည်။
ယုံကြည်ပါသည်။ ဒီစာသည် အခု မလိုအပ်သေးမေမယ့် နောင်တချိန်ချိန်မှာ လိုအပ်ပါလိမ့်မည်။
.Posted by ဇော်ဝင်းသိန်း
...................................................
.
မုရန် (သုံးသပ်ချက်)
မွေးလာတဲ့ ပိုက်ဆံကလေးတွေကို စားမပစ်ပဲ အသက်ရှင်အောင်ပြုစုနည်းက ..အပြောလွယ်သလောက် လက်တွေ့ခက်ပါတယ်။ မပျက်စီးနိုင်တဲ့မြေကြီးကို ၀ယ်ယူထားတဲ့နည်းလမ်းပဲ အကောင်းဆုံးပါ။ အများစုက ရလာတဲ့ပိုက်ဆံကို စားသောက်၊သုံးဖြုန်းပစ်တယ်။ မိသားစု လစဉ်အသုံးစရိတ်က ၀င်ငွေထက် နည်းသွားရင် ၃လတကြိမ် မိမိလုပ်ငန်းနဲ့မိမိအသုံးအစွဲကို ဆင်ခြင်ပါ။ ကုမဏီကြီးတွေလိုပေါ့နော်... မဆင်ချင်ပဲ တနှစ်ပြီးတစ်နှစ် လုပ်ငန်းပြန်ကောင်းလာနိုးနဲ့ အကြွေးတွေစုပုံလာပြီး နောက်ဆုံး စာအုပ်ထဲမှာပါတဲ့ ဥပမာ၂ခု . ဘေဘီလုန်က ကုလားအုပ်ကုန်းနှီးလုပ်တဲ့သူ၊ ယခုခေတ်ပါမေက္ခတွေလို အကြွေးတင်တယ်။ ထွက်ပြေးရတယ်။ တခြားနယ်မှာလဲ သင်ခန်းစာမယူရင် ကျွန်ဘ၀နဲ့ အသက်ကုန်သွားသူတွေ .. အရက်၊လောင်းကစားစွဲ အကြွေးထူနေသူတွေ အခု မြန်မာနိုင်ငံမှာ တစ်ပုံကြီးရှိနေပါတယ်။ သံဓိဌာန် ဆိုတာ အလွန်အရေးကြီးပါတယ်။ အခုခေတ်ြ်မန်မာနိုင်ငံ ဘဏ်တွေ စိတ်ချလာပြီဆိုတော့.. ၃နှစ်အတွင်း ပြန်မထုတ်နိုင်တဲ့ long term saving a/c တွေ ရှိနေပါတယ်။ အဲဒီနေရာတွေမှာ ငွေစုဆောင်းပြီး ၃နှစ်ကြာတော့ စုဆောင်းငွေနဲ့ မြေတကွက်ဝယ်လိုက်ပါ။ 
.
ခရစ်ယန်တွေကတော့ သံချေးပိုးရွှ မဖြတ်ဆီးနိုင်တဲ့ ကောင်းကင်ဘဏ္ဍာအဖြစ် ၁၀ဘို့ ၁ဘို့ ..ကိုယ်တက်တဲ့ဘုရားကျောင်းကို လှုဒါန်းတဲ့ ဓလေ့ရှိသူများ လောကမှာ မချမ်းသာတောင် တင့်တောင့်တင့်တယ် နေနိုင်ကြပါတယ်။ ဖတ်ရှုသူတိုင်း ဘ၀အဆင်ပြေ စိုပြေနေအောင် သံဓိဌာန် ချနိုင်ပါစေ။ 
.
Download Link 
https://goo.gl/xU4AW8

KO LATT video link
https://goo.gl/Tfk65r

မြန်မာစကားပုံများ (က မှ အ အထိ) .မြန်မာစာ၊မြန်မာစကား.ပညာရေးသတင်းများ


မြန်မာစကားပုံများ (က မှ အ အထိ) ..
L Hkawn Tawng shared ပညာရေးသတင်းများshareမယ်'s photo.
ပညာရေးသတင်းများshareမယ်
၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်
ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသ
ား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”
၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား

၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စား
မနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသ
ည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးေ
လးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်
သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”

၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...
ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်
မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်


၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”

၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၎. “ငွေမရှိ...စကားမတည်”

၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၎. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရို
းသည်က ကန့်လန့်”
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ
ဝင်းဝင်း”
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”

၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”

၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီး
လောက်ကုသိုလ်ရ”
၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”

၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၎. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခ
တ်”
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိေ
တာက်”
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလ
ည်း ကြက်သွန်”
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”

၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”

၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၎. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါဈေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”

၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊
တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၎. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရ
င်မေ့”
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်း
ဆောင်”
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.က
ားယား”
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစ
ားနဲ့..
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့ဝမ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”

၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၎. “ဖွတ်မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျ
လဲ..ဖတ်ပေါက်”
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမ
သိ”
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”

၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”

၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်သွား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချ
င်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”

၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”

၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”

၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လ
င်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..
ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”

၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”

၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်
တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှ
န်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားေ
ကာင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”

၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”

၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”

၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တ
စ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"
Credit➳ ပညာပေးသော ကမ္ဘာကျော် စကားလုံးများ
https://goo.gl/koSWpd
.

...........................................
.
L Hkawn Tawng shared ပညာရေးသတင်းများshareမယ်'s photo.
ပညာရေးသတင်းများshareမယ်Like Page
September 4, 2016 ·
.
ဒါလောက်များပြားစွာ ရှယ်ထားတဲ့မြန်မာပို့ စ် ပထမဆုံးမြင်ဖူးတယ်၊ 250,150 Shared အကြိမ်၂သိန်းခွဲ ရှယ်ကြတဲ့ ပို့စ်တစ်ခုပါ။
End......


Record web link

Sunday, October 29, 2017

ကိုယ့် သားသမီး ကို International School မပို့ နိုင်လို့ စိတ်ညစ်နေပါသလား။ KHAN ACADEMY


INTERNATIONAL SCHOOL မထားရလို့  အားမငယ်ကြနဲ့ ဗျို့
ကဲ မိဘ တို့ …… မြန်မာပြည် က မိဘ တို့ …..

ကိုယ့် သားသမီး ကို International School မပို့ နိုင်လို့ 
စိတ်ညစ်နေပါသလား။

သတင်းကောင်း လေးတစ်ခုကို ပြောပြပါရစေ။

တကယ့်ကို သတင်းကောင်း လေး တစ်ခုပါ

ကျွန်တော် International School တစ်ခုက ၅ တန်း 
ကျောင်းသူလေး ကို သင်္ချာ ဒီနေ့ စပြရပါတယ်။ 

သူတို့ ကျောင်းမှာ ဖတ်စာအုပ် မရှိဘူး ဆိုတော့ ဘယ်လို များ 
စာသင်သလဲ မေးကြည့်တဲ့အခါ မှာ သူတို့တွေက ကွန်ပျူတာ နဲ့ 
ကိုယ်တိုင် လေ့လာ ရတယ်လို့ ဆိုပါတယ်။

ဘယ်လိုများ လေ့လာ သလဲလို့ မေးတဲ့အခါမှာ 
ဝဘ်ဆိုဒ် လိပ်စာ တစ်ခုကို ပေးပါတယ်။

အဲဒီ လိပ်စာကတော့ https://www.khanacademy.org/ ပါ။

အိမ်ပြန်ရောက်လို့ အဲဒီ လိပ်စာ ကို ၀င်ကြည့်တဲ့အခါမှာ 
အင်မတန်ကောင်းတဲ့ အပြည်ပြည်ဆိုင်ရာ သင်ရိုးညွှန်းတမ်း 
အပြည့်အစုံ ကို မူကြို ကနေ အထက်တန်း ထိ 
ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။

ပိုက်ဆံ များ ပေးရသလားလို့ လေ့လာကြည့်လိုက်တဲ့အခါ 
လုံးဝ အခမဲ့ ဖြစ်နေပါတယ်။

တကယ့်ကို အခမဲ့ ပညာ ဘဏ်တိုက်ကြီး တစ်ခုကို ဘုရား ကျေးဇူး နဲ့ 
တွေ့ခွင့်ရလိုက်ပါတော့တယ်။

ဒီဝဘ်ဆိုက်မှာ
သင်ခန်းစာ ရှင်းပြတဲ့ ဗီဒီယိုလင့် တွေနဲ့ လေ့ကျင့်ခန်း 
ဗီဒီယိုလင့် တွေအပြင် စာမေးပွဲ လေ့ကျင့်ခန်းတွေကို ပါ 
သင်ခန်းစာ အလိုက် ထည့်သွင်းထားပါတယ်။

ဒါ့အပြင် သင်ကြားရေး ဗီဒီယို တွေမှာ 
subtitle ထိုးပေးထားပါသေးတယ်။

ကျောင်းသား အနေနဲ့ ၀င်လို့ရသလို ဆရာ အနေနဲ့ရော မိဘ အနေနဲ့ပါ 
ဝင်ရောက်လေ့လာ သင်ကြားနိုင်ပါတယ်။

အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ၊ ကွန်ပျူတာ၊ သမိုင်း၊ ပထ၀ီ၊ 
စီးပွါးရေး စတဲ့ ဘာသာစုံ အခြေခံ ပညာရပ် တွေအားလုံး 
ထည့်သွင်းပေးထားတဲ့အတွက် 
ကျောင်းသား၊ ဆရာ၊ မိဘ တွေအတွက် အလွန် အကျိုးရှိတဲ့ ပညာရေး 
ဘဏ်တိုက်ကြီး တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အဆင့်မီ စာမေးပွဲ တွေဖြစ်တဲ့ SAT, MCAT, 
GMAT စတဲ့ စာမေးပွဲတွေကို လေ့ကျင့် ပြင်ဆင်နိုင်ပါတယ်။

ကဲ ဘာလိုသေးလဲ မိဘတို့။

ကွန်ပျူတာ ကောင်းကောင်းနဲ့ အင်တာနက် ရှိဖို့တော့ လိုအပ်ပြီး 
ကလေးငယ် တွေ တစ်နေ့ တစ်နာရီ နှစ်နာရီ ကိုယ်တိုင် လေ့လာရုံနဲ့
နိုင်ငံတကာ သင်ရိုးညွှန်းတမ်း သင်ခန်းစာ တွေနဲ့ 
ထိတွေ့မှု ရှိနိုင်ပါတယ်။

ဝဘ်ဆိုက် ကို ၀င်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့ Facebook အကောင့် 
သို့မဟုတ် Gmail account နဲ့ လွယ်လွယ်ကူကူ ၀င်ရောက်နိုင်ပါတယ်။

Kindergarten ကနေ 
grade 1-8 ပြီးတဲ့အခါ High school level အထိ ရှိပါတယ်။

ပိုက်ဆံ ပေးစရာမလိုပဲ အင်္ဂလိပ် ဆရာ ဆရာမ တွေရဲ့ ပို့ချချက်တွေကို 
အိမ်မှာ ထိုင်နားထောင်၊ လိုက်ကြည့်၊ လေ့လာမှတ်သား၊ 
ပြန်လည်လေ့ကျင့် ရုံပါပဲ။

ဒီထက်ကောင်းတာတောင် ဒီထက် မကောင်းနိုင်တော့ပါဘူး။

မနှေးအမြန် ပြေးသာကန်လိုက်ကြပါတော့ မိဘတို့။

Credito to : ကိုကြည်နိုင်
Pho Luu shared Win Naing Zaw's post. 
...........................................................
.
မှတ်ချက်။ ...
.
ဒီစာကိုဖတ်ပြီး လင့်ကိုဖွင့်ကြည့်တော့ လူ(၃)မျိုးအတွက် အခမဲ့ ပညာရေးအားပေးထားတာကို တွေ့ရပါတယ်။ ငွေကြေးအခမဲ့ ဆိုပေမဲ့ မိမိကတော့ အချိန်အများကြီးပေးရမှာ ဖြစ်ပါတယ်။ 
၁။ မိမိဖာသာ ပညာရပ်လေ့လာလိုသူ
၂။ မိမိမြို့ရွာမှာပဲ ကျောင်းဆရာအဖြစ်အသက်မွေးလိုသူ၊ (၀င်ငွေ)
၃။ မိမိသားသမီးကို ကိုယ်တိုင် အမေရိကန်ပညာရေးစနစ် ထိတွေ့သူ ..
.
မိမိအတွက်ကတော့ အသက်၇၂နှစ်ရှိပေမဲ့ အားလပ်တဲ့အချိန်ပိုတွေမှာ လေ့လာအကျိုးဖြစ်ထွန်းသူတစ်ယောက်ရဲ့ ကွန်မင့်ကို စိတ်ဝင်စားမိပါတယ်။ မိမိ
မိတ်ဆွေ အသက်၅၀ကျော် စက်မှုအင်ဂျင်နီယာတစ်ယောက် မိမိဝါသနာပါတဲ့ မြန်မာစာလေ့လာချင်လို့ အဝေးသင်ဘာသာရပ်နဲ့ လေ့လာပြီး ပထမနှစ်အောင်၊ ဒုတိယနှစ်တက်နေတာကို အားကျမိတယ်။ ငွေမပေးရပေမဲ့ အချိန်အများကြီးပေးရပါမယ်။ 
.
ဘာကြောင့် ယခုအချိန်ထိ တရုပ်နိုင်ငံက မိဘများက သူတို့သားသမီးတွေကို အမေရိကန်နိုင်ငံလွှတ်ပြီး ငွေကုန်ခံ၊ ပညာသင်ခိုင်းနေကြသလဲ ဆိုတော့ အမေရိကန်ကန်က ကမ္ဘာ့ နံပါတ်(၁) ပညာရေးတက္ကသိုလ်ကြီး ဖြစ်နေလို့ပါပဲ။ ဒီ ၀က်ဆိုက် KHAN ACADEMY ကလဲ အမေရိကန်နိုငံက အွန်လိုင်း နဲ့ လေ့လာလိုသူများအတွက် အလွန်အကျိုးရှိပါတယ်။
.
အချိန်ရယ်၊ ကွန်ပြူတာနဲ့အင်တာနက် လိုအပ်ပါတယ်။ မြန်မာလူနည်းစုလောက်ပဲ ကွန်ပြူတာသုံးတတ်ကြပါတယ်။ အထူးသဖြင့် မိမိပတ်ဝန်းကျင်က ကျောင်းသားများကို ကြယ်ငါးကောက်သလို မိမိဖာသာ လေလာဖို့ ကျောင်းဆရာအဖြစ် အသက်မွေးလိုသူ (၀င်ငွေရဖို့) လေ့လာနိုင်ပါတယ်။ 
.
.
နိဂုံး .. 
ယခု ၂၀၁၇ မြန်မာနိုင်ငံမှာ ရန်ကုန်မှာပဲ အင်တာနက် မိဂါဘိုက်အကန့်အသတ်မဲ့ တစ်လကျပ်၂သောင်းလောက်နဲ့ ရနိုင်ပေမဲ့၊ နယ်မြို့ရွာတွေမှာတော့ အင်တာနက်ဈေးကြီးနေဆဲပါ။ အာစီယံနိုင်ငံတွေမှာ အိမ်ဖုန်းသုံးတဲ့ မိုဒမ် အင်တာနက်၊ ကေဘယ်အင်တာနက်တွေ တလကို ကျပ်၂သောင်းနဲ့ မိဂါဘိုက် အကန့်သတ်မဲ့ သုံးနိုင်တာမျိုး နောက် ၂နှစ်အတွင် မြန်မာနိုင်ငံ မြို့တွေမှာ ရောက်လာပါမယ်။ ကျေးလက်တွေမှာတော့ ဖိုင်ဘာကြိုးသုံးတဲ့ Myanmarnet, Skynet Wifi Internet, တွေရောက်လာပြီး အင်တာနက် ဈေးချိုလာမယ်၊ ကုန်ထုတ်လုပ်ငန်းအလုပ်ကိုင်တွေ ပေါလာမယ်၊ ၊ ရန်ကုန်မန္တလေးကို ပညာရှာသူ လူငယ်တွေ တက်လာကြမယ်။ 
.
လောလောဆယ်တော့ ဒီဝက်ဆိုက်ကို လေ့လာပြီး ၀င်ငွေရတဲ့ ကိုယ်ပိုင်ကျောင်းဆရာများစွာ ပေါ်ပေါက်လာမယ် မျှော်လင့်ပါတယ်။ 
.
ဒီနေ့တော့ ဘုရားကျေးဇူးကြောင့် ကိုကြည်နိုင် ဆိုတဲ့မိတ်ဆွေ ရှယ်ပေးတာကို ထပ်ဖြည့်ဆွတ် ရှယ်လိုက်ပါတယ်။
.
Myanmar Good Attitude
30.oct.2017

Monday, October 23, 2017

အကျင့်ပျက်လာဘ်စားနေသူများအရေးယူမှု အခြေအနေ နှင့်...နိုင်ငံခြား ရင်းနှီးမြှတ်နှံမှုတိုးတက်၊

အမျိုးသားရင်ကြားစေ့ရေးဟုဆိုကာ အကျင့်ပျက်လာဘ်စားနေသူများကို ထိထိရောက်ရောက် အရေးမယူနိုင်မှုများ မဖြစ်သင့်တော့ကြောင်း NLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဝေဖန်
အမျိုးသားရင်ကြားစေ့ရေးဟုဆိုကာ အကျင့်ပျက်လာဘ်စားနေသူများကို ထိထိရောက်ရောက် အရေးမယူနိုင်မှုများ မဖြစ်သင့်တော့ကြောင်း NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က The Daily Eleven သို့ ပြောကြားသည်။
“အမျိုးသားရင်ကြားစေ့ရေးဆိုတာ ရင်ကြားစေ့ရေး ပေါ်လစီကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရမယ်။ ရင်ကြားစေ့ရေးဆိုပြီး လာဘ်စားနေတာတွေကို ထိထိရောက်ရောက် အရေးမယူနိုင်တာမျိုး မဖြစ်သင့်ဘူးလေ။ အစိုးရယန္တရားကိုလည်း ပြောင်းနိုင်ရမယ်။ ဒီမိုကရေစီကို မသွားနိုင်တဲ့သူတွေ။ ဒါတွေကို ပြောင်းနိုင်ရမယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

လက်ရှိတွင် လာဘ်ပေးလာဘ်ယူသည့် ပုံစံများအနေဖြင့် လာဘ်မစားရဲသူက လာဘ်ယူမှုမရှိတော့သော်လည်း လာဘ်စားသူများက လုပ်ရကိုင်ရခက်ခဲသည်ဟုဆိုကာ ယခင်ထက် လာဘ်ငွေနှစ်ဆတောင်းခံသည့် တိတ်တဆိတ် လာဘ်ပေးလာဘ်ယူပုံစံသစ်နှင့် ကြုံတွေ့နေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက တညီတညွတ်ပြောကြားသည်။အဂတိလိုက်စားမှုများကို တိုက်ဖျက်မည်ဟူသည့် ကြွေးကြော်သံဖြင့် အာဏာရလာခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်ရှိအချိန်အထိ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် အရေးမယူနိုင်သည့်အပြင် လူနည်းစုသာဖြစ်သော အစိုးရအဖွဲ့အတွက်သာ အာမခံချက်ပေးထားနိုင်ပြီး ၀န်ထမ်း ၁၄ သိန်းကျော်အတွင်း ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်သဖြင့် ဝေဖန်မှုများ တွေ့ကြုံနေသည်။ ထို့ပြင် ယခင်အစိုးရလက်ထက် သမ္မတသက်တမ်းအတိုင်းသာ သက်တမ်းရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရယူပြီး တစ်နှစ်ခွဲအချိန်အထိ ပြောင်းလဲဖွဲ့စည်းနိုင်ခြင်းမရှိသည့် အခြေအနေအပေါ် ဝေဖန်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
“မှန်တယ်။ စပြီးတော့ အရေးယူတတ်ဖို့၊ အရေးယူပြဖို့တော့လိုပြီ။ Rules of Law ဆိုတာလည်းရှိတယ်။ ဒီစကားကလည်း NLD ပါတီရွေးကောက်ပွဲမ၀င်ခင်က ပြောခဲ့တဲ့စကား။ လာဘ်ပေးလာဘ်ယူဆိုတာ လုံးဝကြီး ပျောက်ပျက်သွားဖို့မလွယ်ဘူး။ ဒါပေမဲ့ လျော့ကျသွားဖို့တော့လိုတယ်” ဟု NLD ပါတီ၏ စီးပွားရေးကော်မတီဝင် ဒေါက်တာ အောင်ကိုကိုက အကြံပြုသည်။
ထို့ပြင် ကြိုးနီစနစ်များ၊ တရားဥပဒေစိုးမိုးမှုမရှိသည့် နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်ဆိုင်ရသည့် နိုင်ငံရေးသမားများက အစိုးရအရာရှိများနှင့် ပူးပေါင်းပြီး ကိုယ်ကျိုးစီးပွားရှာသည့် Rank-Seeking များနှင့် Profit-Seeking များ လျော့ပါးအောင် လုပ်ဆောင်နိုင်လေ ကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိလေဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆက်လက်ပြောကြားသည်။
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုသည် အာဆီယံတွင် ဒုတိယအဆိုးဆုံးဖြစ်ပြီး မြန်မာနိုင်ငံအောက် ကမ္ဘောဒီးယားနိုင်ငံသာရှိသည့်အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင်လည်း အဆင့် ၁၃၆ တွင်သာ ရပ်တည်နေသည်။
လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ စက်တင်ဘာလကုန်အထိ တိုင်ကြားစာ ၄၁၃၅ ကျော်ရောက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးတိုင်ကြားခဲ့သော်လည်း စုံစမ်းစစ်ဆေးမှု ၅၅ စောင်သာရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကော်မရှင်မှ လက်ခံရရှိသည့် တိုင်ကြားစာများတွင် ဌာနဆိုင်ရာကိစ္စ ၁၁၉၈ စောင်ဖြင့် အများဆုံးဖြစ်ပြီး မြေယာကိစ္စတိုင်ကြားစာ ၆၂၄ စောင်၊ စီမံခန့်ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်း တိုင်ကြားစာ ၈၇၂ စောင်နှင့် တရားစီရင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စတိုင်ကြားစာ ၆၁၁ စောင်ပါဝင်သည်။
အဆိုပါ တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အရေးယူဆောင်ရွက်မှုမှာ စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်သည့် တိုင်ကြားစာ ၅၅ စောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်စာ ၁၀၂၅ စောင်၊ မှတ်တမ်းတွဲခြင်း ဆောင်ရွက်သည့်တိုင်စာ ၃၀၄၂ စောင်နှင့် စိစစ်ဆဲ ၁၃ စောင်တို့ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၅၅ စောင်တွင် အရေးယူဆောင်ရွက်နိုင်ခဲ့သည့် တိုင်ကြားစာ ၄၂ စောင်ရှိပြီး ဥပဒေနှင့် ငြိစွန်းသည့် အထောက်အထား စစ်ဆေးပေါ်ပေါက်ခြင်းမရှိသည့် တိုင်ကြားစာခြောက်စောင်၊ အရေးယူဆောင်ရွက်ပြီးကိစ္စဖြစ်၍ ထပ်မံအရေးယူဆောင်ရွက်ခြင်းမရှိသည့် တိုင်ကြားစာနှစ်စောင်နှင့် စစ်ဆေးဆောင်ရွက်ဆဲ တိုင်ကြားစာ ငါးစောင်ပါဝင်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်ကြားမှုအရေအတွက်မှာ နေပြည်တော်မှ ၁၅၅ စောင်၊ ကချင်ပြည်နယ်မှ ၄၃ စောင်၊ ကယားပြည်နယ်မှ ခုနစ်စောင်၊ ကရင်ပြည်နယ်မှ ၅၁ စောင်၊ ချင်းပြည်နယ်မှ ၂၅ စောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၁၄ စောင်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၃၀၊ ပဲခူးတိုင်းဒေသကြီးမှ ၄၅၁ စောင်၊ မကွေးတိုင်းဒေသကြီးမှ ၁၆၀၊ မန္တလေးတိုင်းဒေသကြီးမှ ၇၄၁ စောင်၊ မွန်ပြည်နယ်မှ ၂၀၀၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၀၆၆ စောင်၊ ရခိုင်ပြည်နယ်မှ ၆၀၊ ရှမ်းပြည်နယ်မှ ၂၈၁ စောင်၊ ဧရာဝတီတိုင်းဒေသကြီးမှ ၄၅၁ စောင်ဖြစ်ကြောင်း သိရသည်။
.
.
.

MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ သမ္မတဟောင်း ဦးသိန်းစိန်အပါအ၀င် ၁၁ ဦးအား အရေးယူပေးရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားမှု အမှုဖွင့်စစ်ဆေးရန် လုံလောက်သည့် အကြောင်းအချက်မရှိဟုဆိုကာ ပလပ်


MDCF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ သမ္မတဟောင်း ဦးသိန်းစိန်အပါအ၀င် ၁၁ ဦးအား အရေးယူပေးရန် မြောက်ဥက္ကလာပမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို အောက်တိုဘာ ၁၇ ရက်တွင် တရားရုံးကပလပ်ခဲ့ကြောင်း သိရသည်။
MDCF အဖွဲ့က သမ္မတဟောင်းနှင့် အစိုးရဟောင်းတာဝန်ရှိသူ ၁၁ ဦးအား တရားစွဲဆိုရန်အတွက် ၎င်းတို့တွင် ခိုင်မာသည့် အချက်အလက်များရှိသည်ဟုဆိုကာ ယခုလပထမပတ်အတွင်းမှစ၍ မြို့နယ်တရားရုံးနှင့် မြို့မစခန်းများသို့ အမှုဖွင့်တိုင်ကြားမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြောက်ဥက္ကလာပမြို့မ ရဲစခန်းကလည်း MDCF အဖွဲ့၏တိုင်ကြားမှုမှာ သက်ဆိုင်ရာတရားရုံးများမှ စစ်ဆေးစီရင် အမိန့်ချမှတ်ပြီးပြတ်ပြီးဖြစ်သဖြင့် အမှုအား စုံစမ်းထောက်လှမ်းရန် အကြောင်းမလုံလောက်သည့်အတွက် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ် မ-၁၅၇ (၁)(ခ)အရ အမှုဖွင့်စစ်ဆေးရန် ငြင်းပယ်ကြောင်း အကြောင်းပြန်စာ ပေးပို့ထားကြောင်း သိရသည်။တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် တရားသူကြီး၏ အကြောင်းပြန်စာတွင် “ယခုလျှောက်ထားမှုပါ အကြောင်းအရာများသည် ကျန်တရားရုံးသို့ ဇန်န၀ါရီ ၁၁ ရက်က MDCF အဖွဲ့ခေါင်းဆောင်ကိုထင်ကျော်မှ ဦးသိန်းစိန်ပါ သုံးဦးအပေါ် လျှောက်ထားချက်ပါ အကြောင်းအရာများနှင့် ထပ်တူကျလျက်ရှိပြီး ယခင်လျှောက်ထားစဉ်က လျှောက်လွှာပါအချက်များမှာ သက်ဆိုင်ရာတရားရုံးမှ ပြစ်ဒဏ်အသီးသီး ကျခံနေရသည့် အကျဉ်းသားများမှ ပြောပြသည့်အချက်များအပေါ် အခြေပြုလျက် တရားစွဲဆိုခြင်းဖြစ်ကြောင်းနှင့် အမှုဖွင့်စစ်ဆေးရန် လုံလောက်သည့် အကြောင်းအချက်မရှိသဖြင့် တိုင်လျှောက်လွှာအား ပြန်ပေးခဲ့ပြီးဖြစ်သည်။ ဤလျှောက်လွှာမှာလည်း အဆိုပါအကြောင်းအရာကိုပင် ထပ်မံလျှောက်ထားခြင်းဖြစ်၍ ယခုလျှောက်လွှာအား ပြန်ပေးသည်” ဟုဖော်ပြပါရှိသည်။
“ဦးတိုက်လျှောက်ထားလို့မရဘူးဆိုရင် ကျင့် ၁၅၄ ကို ကျွန်တော်တို့ ပြန်ကျင့်သုံးရမယ်။ အဲဒီအတွက်ကို စခန်းမှာ ရာဇ၀တ်ကြောင်းနဲ့အမှုဖွင့်တယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ၁၂ ရက်က မြောက်ဥက္ကလာပရဲစခန်းမှာ အမှုဖွင့်တယ်။ အဲဒီမှာဘာထူးခြားချက်ရှိလဲဆိုတော့ မနေ့ကနေ့လည် ၁ နာရီမှာ စခန်းမှူးကနေပြီးတော့ အထက်ကိုတင်ပြတဲ့ ရဲမှုခင်းဆိုင်ရာကို နံပါတ်ပေးတယ်။ အဲဒီနံပါတ်ကိုပေးပြီးတော့ မနေ့က ည ၉ နာရီမှာ အမှုကိုတိုင်လျှောက်ချက်ကို ငြင်းပယ်ကြောင်း စာလာပေးတယ်။ အဲဒီတော့ ဘာကြောင့်ငြင်းလဲ အကြောင်းပြချက်ပြဆိုတော့ ဒီဟာတွေက တရားရုံးက ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဘာတွေဆုံးဖြတ်ထားလဲ ကျွန်တော့်ကိုပြဆိုတော့ အတွင်းစာကတော့ဗျာ တရားရုံးက အမိန့်ချထားပြီးဖြစ်တော့ အမှုဖွင့်လို့မရဘူးလို့ဆိုတယ်” ဟု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။
ထိုသို့လျှောက်ထားမှု ပယ်ချခံထားရသော်လည်း တရားစွဲဆိုခွင့်ရရှိရေးအတွက် အထက်သို့ အဆင့်ဆင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ပြောကြားသည်။
.
.
.

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော် ၀င်ရောက်ထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ သုံးဘီလျံကျော် ပိုမိုဝင်ရောက် မြှုပ်နှံထား


သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာအထိ ခြောက်လအတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော် ၀င်ရောက်ထားကြောင်းနှင့် ယခင်နှစ် ကာလတူထက် ဒေါ်လာသုံးဘီလျံကျော် ပိုမိုဝင်ရောက် မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ၂၀၁၇ ခုနှစ် စက်တင်ဘာအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၉ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၅၄၆ ဒသမ ၈၉၈ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၁၃၁ ဒသမ ၀၈ သန်း စီးဝင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၁/၂၀၁၇) အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၇) ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ၂၅ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၀၃ ဒသမ ၃၉၁ သန်းနှင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၂၀၃ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၄ ဒသမ ၀၈ သန်း ခွင့်ပြုခဲ့ခြင်း ဖြစ်သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၃၄၅ ဒသမ ၁၅၉ သန်း စီးဝင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၂) အရ ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည့် လုပ်ငန်း ၅၄ ခုဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆) အရ ခွင့်ပြုမိန့် ထုတ်ပေးသည့် လုပ်ငန်း ၂၂ ခုနှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် လုပ်ငန်း ၅၃ ခု ဖြစ်သည်။
အဆိုပါ ခွင့်ပြုလုပ်ငန်း ကိုးခုမှ စက်မှုကဏ္ဍလုပ်ငန်း ခုနစ်ခု၊ အခြားဝန်ဆောင်မှု ကဏ္ဍတစ်ခုနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတစ်ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆) အရ ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်းလေးခုနှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် လုပ်ငန်းငါးခုဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

Tuesday, October 17, 2017

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ အကြမ်းဖက်သမားများနဲ့ရင်ဆိုင်ခြင်းကိုကူညီရန် (မြန်မာ၊ ကမ္ဘာသို့ ပန်ကြားချက်)။

Make a Donation to DASSK
Last Updated: 16 October 2017 
.
US$ Account:
Myanma Economic Bank
Bank Branch: Naypyitaw
Account Number: EDU 600002
.
Myanmar Kyat Account:
Myanma Economic Bank
Bank Branch: Naypyitaw
Account Number: CF-003434 
.
http://rakhine.unionenterprise.org/donate
.
တလောက ဖတ်လိုက်ရတယ်။ မြစ်ဆုံရော်ကြေး အကြွေးတင်နေတဲ့ ဒေါ်လာသန်းပေါင်း ၈၀၀ကျော် အတွက် မြန်မာတွေ တလ၁ဒေါ်လာ (ကျပ်တစ်ထောင်) နှုန်းလှုဒါန်းလိုက်ရင် ပြည်တွင်းကနေ တစ်လ ဒေါ်လာသန်း၅၀ ရမယ်။ ၁၆လ ဆိုရင် အကြွေးကျေသွားမယ် လို့ဆိုလိုပါတယ်။ 
.
ဆိုလိုတာကတော့ လူထုအင်အားနဲ့လုပ်ရင်း၊ တကယ်လူထုအကျိုးဆောင်ချင်တဲ့လူတွေ ခေါင်းဆောင်ဖြစ်လာမယ်။ ခေါင်းဆောင်ဖြစ်လာရင် အကျင့်ပျက်၊အာဏာရှင် ဖြစ်မသွားအောင် လွှတ်တော်က ထိန်းကျောင်းမယ် ..ဆိုတဲ့ အနာဂါတ်နိုင်ငံရေး စနစ်တစ်ခု ဒေါ်အောင်ဆန်းစုကြည်မှာ ရှိပါတယ်။ 
.
လူတိုင်း တစ်လကို ကျပ်တစ်ထောင် လစဥင်္ ထည့်ကြမယ်ဆိုရင် ရခိုင်အရေးလဲ ဖြေရျင်းနိုင်မယ်။ အဓိကတော့ လူတိုင်းချွေတာစုဆောင်းပြီး မလိုအရာတွေ မသုံးမဖြုန်းပဲ အကျိုးရှိအောင် ငွေကို သုံးစွဲကြဖို့ အသိတရားရှိဖို့ပါ။ 
.
လူတိုင်းတော့ သူဌေးမဖြစ်၊ ခေါင်းဆောင်မဖြစ်ပါဘူး။ ဒါပေမဲ့ အစိုးရကောင်းကိုတော့ လူတိုင်း အားပေးထောက်ခံကြဖို့ပါပဲ။  တစ်လ တစ်ထောင် ..မြန်မာနိုင်ငံသားတိုင်း တတ်နိုင်ပါတယ်။ စင်ကာပူမှာ နေရင်တော့ တစ်လ ဒေါ်လာတစ်ဆယ် (ကျပ်တစ်သောင်းပေါ့ဗျာ)။ စင်ကာပူက  နှိဗာန်ဆော် Organizer အဖွဲ့ အောင်မြင်ပါစေ။ 
..
.
.

Soe Tun is with Aye Thandar and 30 others.
13 hrs · Singapore · 



ပထမအကြိမ် ကောက်ခံခြင်း
* * * * * * * * * * * * * *
လူထုခေါင်းဆောင်မှ ရခိုင်ပြည်နယ်အတွင်း
၁။ လူသားချင်း စာနာမှု အကူအညီ ထောက်ပံ့ရေး
၂။ ပြန်လည် နေရာ ချထားရေး
၃။ ဖွံ့ဖြိုးရေး
စီမံကိန်းအတွက် ၀ိုင်းဝန်းကူညီဖို့ ပြည်ထောင်စုရဲ့ ချစ်သားသမီးများထံ အကူအညီ တောင်းခံထားတာ စတင် ကူညီ ပံ့ပိုးလို့ ရပါပြီ။
၁။ ကူညီ ပံ့ပိုးလိုသူများ အနေနဲ့ အောက်ဖော်ပြပါ ဘဏ်အကောက်သို့ လွှဲနိုင်ပါတယ်။ စိစစ်ရ လွယ်ကူစေရန် ဖြစ်နိုင်ပါက လွှဲပြီးပြီးချင်း ...
Tin Maung Win
DBS Saving Acct : 017-9-103082
ATM မှ လွှဲပြီးပါက ...
- အမည်
- ငွေလွှဲ ပြေစာ
..
..
အိုင်ဘဏ်ကင်းမှ လွှဲပြီးပါက ...
- အိုင်ဘဏ်ကင်းမှ အမည်အတိုကောက်
- အိုင်ဘဏ်ကင်းမှ Screenshot
ကို ထပ်ခါ စာရင်း သွင်းမိခြင်းနဲ့ ရှုပ်ထွေးမှု မရှိစေရန် အောက်ဖော်ပြပါ ဖုန်းနံပါတ် ၂ ခုမှ တစ်ခုတည်းကို ...
U Tin Maung Win ... ‭9757 7641‬
Ma Aye Thandar .... 9388 6910
- Viber (သို့မဟုတ်)
- Whatassp (သို့မဟုတ်)
- SMS
တစ်မျိုးတည်းကိုသာ ပေးပို့ခြင်းဖြင့် ကူညီကြစေလိုပါတယ်။
(တချို့ စိတ်ပူပြီး ရှိသမျှ ဖုန်းနံပါတ်တွေ ပို့သလို Viber, Whatssp, SMS သာမက Messenger ကပါ အကုန် ပို့တတ်လို့ အတော် စိစစ်ယူရလို့ပါ။)
၂။ ဘဏ်မှ လွှဲရန် အဆင်မပြေသူများ အနေနဲ့ အောက်ပါဆိုင်လိပ်စာမှာ လာရောက် ကူညီ ပံ့ပိုးနိုင်ပါတယ်။
STTS
#05-48
Peninsula Plaza
အင်္ဂါနေ့ - တနင်္ဂနွေနေ့ (တနင်္လာ ပိတ်ပါတယ်)
နေ့လယ် ၂ နာရီ -မှ- ည ၈း၃၀ နာရီ
၃။ လောလောဆယ် သက်ဆိုင်ရာ မြန်မာသံရုံးများမှ အစီအစဉ်များ သေချာ မသိရသေးချိန် ကျွန်တော်တို့ ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေနဲ့ ယခင်လို ကိုယ်ထူကိုယ်ထ စုပေါင်း ကောက်ခံထားပြီး ...
သံရုံးမှတဆင့် (သို့) မြန်မာပြည်ရှိ စီမံကိန်း ဘဏ်အကောက်ထဲသို့ ပွင့်လင်း မြင်သာမှု ရှိစွာ လွှဲပြောင်းသွားရန် ရည်ရွယ်ထားပါတယ်။
၎။ ဒီစီမံကိန်းဟာ ရေရှည် စီမံကိန်း ဖြစ်တာမို့ လူတိုင်းလိုလို ပါဝင်နိုင်ရန် ၆ လတိတိ - ၆ ကြိမ် လစဉ်ပို့ပေးသွားရန် စီစဉ်ထားပါတယ်။
ပထမအကြိမ်အတွက် ...
၁၇-ရက် အောက်တိုဘာလ မှ ၁၆-ရက် နိုဝင်ဘာထိ ကောက်ခံသွားပါမယ်။
၅။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမယ့် ဆီဖြစ်စေတဲ့ နှမ်းစေ့ပေါင်းများစွာ စုစည်းမိရင် လိုအပ်တဲ့ ဆီပမာဏကို ရလာမှာမို့ လူတိုင်း အဆင်ပြေပြေ ပါဝင် ကူညီ ပံ့ပိုးနိုင်ရန် ...
လစဉ် ..... $10 - $20
မိမိ (သို့) သူငယ်ချင်းများ စုပြီး အဆင်ပြေတဲ့ ပမာဏကို လစဉ် (သို့) အဆင်ပြေသလို ထည့်သွားနိုင်သလို ...
တစ်ကြိမ်တည်း အပြီးအပြတ် ထည့်ဝင်လိုသူများ၊ အစုအဖွဲ့များလည်း မိမိတို့ စိတ်ဆန္ဒအတိုင်း ထည့်ဝင်နိုင်ပါတယ်။
လေးစားခင်မင်စွာဖြင့်
ရခိုင်ပြည်နယ် စီမံကိန်းအတွက် ကူညီ ပံ့ပိုးကြသူများ - စင်္ကာပူ

.
.

Myanmar State Counsellor Office added 2 new photos.
October 15 at 2:20pm · 


Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD အင်တာနက်စာမျက်နှာ Website စတင် လွှင့်တင်

အောက်တိုဘာ ၁၅၊ နေပြည်တော်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ၏ အင်တာနက် စာမျက်နှာ Website ကို ယနေ့ စတင် လွှင့်တင်လိုက်သည်။

အင်တာနက် လိပ်စာမှာ http://rakhine.unionenterprise.org/ ဖြစ်ပြီး Donation ပြုလုပ်လိုသူများ ဆက်သွယ်လှူဒါန်းနိုင်မည့် ဘဏ်စာရင်းများကိုလည်း ဖော်ပြထားသည်။
ဤစီမံကိန်းအနေဖြင့် ရခိုင်ပြည်နယ်အတွက် အောက်ဖော်ပြပါ အဓိက လုပ်ငန်းစဉ်ကြီး (၃) ခုကို ဆောင်ရွက်သွားမည် ဖြစ်သည်-

လုပ်ငန်းစဉ် (၁) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး။
လုပ်ငန်းစဉ် (၂) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး။
လုပ်ငန်းစဉ် (၃) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေး။

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) တွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်း/ပြည်ပနိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ/အလွှာစုံပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။
ဤစီမံကိန်းတွင် ပြည်သူပြည်သားများ၊ ပြည်တွင်း NGO များနှင့် CSO များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးရန် ကမ်းလှမ်းထားသည့် နိုင်ငံမျိား၊ ကုလသမဂ္ဂအေဂျင်စီများ၊ World Bank နှင့် ADB ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ Nippon Foundation ကဲ့သို့သော INGO အဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ ပါဝင်ကြရန်လည်း ဖိတ်ခေါ်ထားသည်။
.
.
.
.
မှတ်ချက်။
လွှင့်တင်လိုက်သော ၀က်ဆိုက်တွင် တကမ္ဘာလုံးရှိ မြန်မာသံရုံး တာဝန်ခံများနှင့် လိပ်စာ၊ အီးမေးများ ပါဝင်သည်။ ကမ္ဘာ့ ဘဏ်မှလည်း ယခင်လျှာထားသော ဒေါ်လာသန်း၂၀၀နှင့် နောက်ထပ် သန်း၇၀ ထပ်လောင်းပြီး ရခိုင်အရေးအတွက် ပံ့ပိုးပေးမည် ဟုကြေငြာထားသည်။ ငွေကြေး Money လိုအပ်သော်လည်း လူတော်လူကောင်း Men, သယံဇာတ Materials, နည်းပညာ Method များက ပိုပြီးအရေးကြီးပါသည်။ ဥပမာ အကျင့်ပျက်သူတစ်ဦးက မိမိထံ လုပ်ငန်းလုပ်လိုသဖြင့် ပိုက်ဆံလာချေးပါက ပေးမဟုတ်ပါ။ လူကို မယုံသောကြောင့် သူလုပ်မည့်လုပ်ငန်းလဲ မယုံပါ။ အလားတူ အကျင့်ပျက်သော မြန်မာခေါင်းဆောင်များရှိနေမည်ဆိုပါက ဂျပန်၊ဂျာမဏီ၊အမေရိကန် နိုင်ငံများနှင့် ကမ္ဘာ့ အဖွဲ့အစည်းများက ငွေချေးမည်မဟုတ်။ အကျင့်ပျက်ခြစားသွားနိုင်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အကျင့်ကောင်းသော ခေါင်းဆောင်များများ ပေါ်လာနေသည့် ပြုပြင်ပြောင်းလဲနေသော အစိုးရသစ်ကို နျှမ်းစေ့တစ်စေ့ဖြင့် ကူညီပံ့ပိုးသင့်သည်။ ဘဏ်စနစ်ကောင်းလာသော မြန်မာ့ ပုဂ္ဂလိက ဘဏ်များလဲ အကောင့်ဖွင့်သင့်သည်။ ငွေထည့်သွင်းရန် လွယ်သည်။ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေထည့်ရန် သိပ်မလွယ်ပါ။ တော်တော်စောင့်ရသည်။
.
ကမ္ဘာ့ အကြမ်းဖက်အုပ်စုကြီးနှင့် မြန်မာနိုင်ငံ ..ရင်ဆိုင်တိုက်ပွဲဖြစ်နေသည်။ 

ကူညီကြဖို့လိုသည်။