Friday, July 26, 2019

စက်မှု(၁)၀န်ကြီးဦးခင်မောင်ချိုကို နှုတ်ထွက်စေပြီ။

စက်မှု(၁)၀န်ကြီးဦးခင်မောင်ချိုကို နှုတ်ထွက်စေပြီ။


 ကျမ္မာရေးနှင့်အားကစားဝန်ကြီးဌာန အတွက် Ambulance ယာဉ်များကို စက်မှုဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့ သည့်ပစ္စည်းများ ဝယ်ယူခဲ့သည် တွင်စျေးနုန်းများ အဆမတန်ကွာဟနေသည့်ကိစ္စ နှင့်  BPI ဆေးဝါးစက်ရုံအတွက်သိန်းပေါင်းတစ်သောင်းကျော် တန်ဘိုးရှိ ကုန်ကြမ်းပစ္စည်းတွေကို တင်ဒါမခေါ်ပဲ ဝယ်ယူခဲ့သည့်ကိစ္စ နှစ်ခုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးခြင်းခံနေရသော စက်မှု (၁) ဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးမှ နှုတ်ထွက်မည်ဟု သတင်းများထွက်ပေါ်လျက် ရှိသည်။

၂၀၁၈ အောက်တိုဘာလတွင်စက်မှုဝန်ကြီးဌာန မှ ကျမ္မာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွဲပြောင်းပေးခဲ့သော AM 1. S  Ambulance ယာဉ်တစ်စီးလျှင်သိန်း ၇၄၀  ကျသင့်ခဲ့သည့်အတွက် ဝေဖန်မှုများထွက်ပေါ်ခဲ့သဖြင့် ၎င်း ယာဉ်ပေါ်တွင်တပ်ဆင်ပေးထားသော ကျမ္မာရေးအထောက်အကူပစ္စည်းများမှာ ဥရောပ နှင့် US မှ မှာယူတပ်ဆင်ပေးထားသော ပစ္စည်းတွေဖြစ်လို့စျေးနုန်းများ အနည်ငယ်မြင့်ခဲ့တာဖြစ်ကြောင်း စက်မှုဝန်ကြီးမှ ဖြေရှင်းခဲ့သည် ။

ဝန်ကြီးဦးခင်မောင်ချိုသည်စက်မှုဝန်ကြီးဌာန အနေဖြင့် AM1.S Ambulance ယာဉ်များတွင်တပ်ဆင်ပေးခဲ့သော  အမေရိကန်ဒေါ်လာ ၀.၅ ဘီလီယံတန်ဘိုးရှိ ပစ္စည်းများကို တင်ဒါမခေါ်ပဲ ဝန်ကြီးဦးခင်မောင်ချို မှ ဆက်စပ်တင်သွင်းခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးအဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးခံရသည်။