Monday, September 11, 2017

ရခိုင်.ဘင်္ဂါလီ အရေးခင်း ဝေဠုကျော် နှင့် စာရေးဆရာ ဝေဟင်အောင်တို့ မောင်တောဒေသဒုက္ခသည်များကို ကူညီရန် ဆန်အိတ် ၁၃၇ဝ ဝယ်ယူ


ဝေဠုကျော် နှင့် စာရေးဆရာ ဝေဟင်အောင်တို့ မောင်တောဒေသဒုက္ခသည်များကို ကူညီရန် ဆန်အိတ် ၁၃၇ဝ ဝယ်ယူ
-----------------------
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ပိတ်မိနေသော ဒုက္ခသည်များကို ကူညီရန်အတွက် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဖောင်ဒေးရှင်းနှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့ ပရဟိတအဖွဲ့များက ဆန်အိတ် ၁၃၇ဝ ဝယ်ယူထားကြောင်း သိရသည်။
 #ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

ဦးသန့်အောက်မေ့ဘွယ်ရာအချို့


ဦးသန့်အောက်မေ့ဘွယ်ရာအချို့

မြန်မာကိုကမ္ဘာသိအောင် ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးလုပ်ခဲ့သူ ကြီးမြတ်သောငြိမ်းချမ်းရေး ကမ္ဘာသိခေါင်းဆောင်ကြီးမှာ ဦးသန့်ဖြစ်သည်ဟု ဆိုချင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈နောက်ပိုင်းမှ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်အဖြစ် ပေါ်ထွက်လာသည်။ မည်သို့ဖြစ်ပါစေ ဦးသန့်အောက်မေ့ဘွယ်များကို မြန်မာနိုင်ငံသားများကသာ ဆက်လက်လုပ်ဆောင်ရပါမည်။ နောင်လာနောင်သား မြန်မာမျိုးဆက်သစ်အတွက်

၁။ ဦးသန့်သည် ကမ္ဘာ့ ငြိမ်းချမ်းရေးခေါင်းဆောင်။
၂။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အမြင့်ဆုံးသောရာထူးကို ၁၀နှစ်တိုင်ရွေးချယ်ခံရသူ။
၃။ ဧရာဝတီတိုင်း ပန်းတနော်မြို့ငယ်လေးမှ ပညာတတ်ဘွဲ့ရ၊ ကျောင်းအုပ်ကြီးတာဝန်ထမ်းခဲ့သူ၊
၎။ မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ်ဟောင်းဦးနုတို့နှင့်တန်းတူ ကြိုးပမ်းခဲ့သူ၊
၅။ လွတ်လပ်ပြီးမြန်မာနိုင်ငံတွင် အဆင့်မြင့်အတွင်းဝန် (ဝန်ကြီးရာထူး) တာဝန်ထမ်းခဲ့သူ
၆။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတွင် သံတမန်ဘဝမှ အမြင့်ဆုံးရာထူးထိအောင် ကြိုးစားခဲ့သူ၊

သူ၏ပညာဥာဏ်ကြီးမားလှပုံ၊ အတွေးခေါ်မြင့်မားပုံ၊ ငြိမ်းချမ်းရေးလုပ်ဆောင်မှုများမှာ ယခုခေတ်မြန်မာများသာမက ကမ္ဘာ့လူထုအားလုံး စံပြနမူနာခေါင်းဆောင်ကြီးဖြစ်ပါသည်။ တတိယကမ္ဘာစစ်ကြီးဖြစ်မည့် အန္တရာယ်မှ လွတ်မြောက်စေခဲ့သူ၊  ကျူးဘားဒုံးပျံအရေးအခင်းကို ၁၉၆၀ခုနှစ်လွန်ကာလ ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့်ဆိုဗီယက်ရုရှား တို့ကြားမှာ လွန်းပျံယာဉ်သဖွယ် စွမ်းစွမ်းတမန်လုပ်ဆောင်မှုများမှာ အံ့သြဘွယ်ဒဏ္ဍာရီသဖွယ် ဖြစ်ပါသည်။
ယခုမြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများတွင် အမှတ်ရစရာများ ပြန်ပေါ်လာခဲ့သည်။
.
.

အမှတ်တရ (၁)
ဦးသန့်၏မြေးဖြစ်သူ ဦးသန့်မြင့်ဦး (ဒေါက်တာသန့်မြင့်ဦး ပီအိတ်ဒီ)2 သည် ကမ္ဘာ့ကျော် သမိုင်းပညာရှင်အဖြစ် ကမ္ဘာကျော်စာအုပ်များစွာရေးသား ထုတ်ဝေပြီး၊ ဦးသန့်မျိုးဆက်ကို ပြန်လည်ရှင်သန်စေခဲ့သည်။ ဦးသန့်မြင့်ဦး မြန်မာနိုင်ငံပြန်လာပြီး မြန်မာပြည်မှ ကမ္ဘာ့သမိုင်းဝင်အဆောက်အဦးနှင့်ယဉ်ကျေးမှုများကို ဖော်ထုတ်သည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ရန်ကုန်ဟာရီတိတ်ထရပ်ခ်ျ1) ကိုတည်ထောင်ခဲ့သည်။  ပါဝင်လှုဒါန်း မေးမြန်းလိုသူများ အဖွဲ့အစည်းများ ၀၁ ၂၄၀၅၄၄ သို့ဆက်သွယ်နိုင်ပါသည်။

အမှတ်တရ(၂)
ဦးသန့်မွေးရပ်မြေ ပန်းတနော်တွင် ဦးသန့်နေအိမ်ဟောင်းကို ပြုပြင်မွမ်းမံကာ ပြတိုက်ပြုလုပ်ခဲ့သည်။ ပန်းတနော်တွင် ဦးသန့်စာကြည့်တိုက် တည်ထောင်ရန်အတွက် ဇွန်လ-၂၀၁၆ တွင် ပုသိမ်-ရန်ကုန် ကားလမ်းမကြီးဘေးတွင် ဆိုင်းဘုတ်ထူကာ စတင်စည်းရုံးလှို့ဆော်ခဲ့သည်။
.မည်သူမဆိုစွမ်နုင်သမျှလှုဒါန်းနိုင်ပါသည်။
.
* ဆရာတော်ဦကုမာရ(ပန်းတနော်). 0949720306
* ဦးထွန်းမြင့် 095022793
* ဒေါက်တာသောင်းဇော်မြင့် (ရန်ကုန်). 095002141
* ဦးတင်စိုး (ပန်းတနော်). 098543186
..
.
.
အမှတ်တရ(၃)
ဦးသန့်အမှတ်တရ အုတ်ဂူနှင့်ဗိမာန်ကို ရွှေတိဂုံစေတီတော် တောင်ဖက်မုဒ်တွင် ၁၉၇၇ခု တည်ဆောက်ထားသည်။ ထိုနေရာကို ကမ္ဘာ့ခေါင်းဆောင်များ၊ မြန်မာကမ္ဘာများ လာရောက်လေ့လာဖို့ လုပ်ဆောင်နေကြသည်။

အမှတ်တရ(၄)
ဦးသန့်နေအိမ် (ပန်းဝါလမ်း၊ ရန်ကုန်မြို့) ကို နိုင်ငံတော်မှတာဝန်ယူပြီး ပြန်လည်မွမ်းမံသည်။ ဦးသန့်နေအိမ်ကို ထိမ်းသိမ်းရေးအဖွဲ့တည်ထောင်ပေးပြီး နိုင်ငံတကာနှင့်မြန်မာနိုင်ငံသားများ လာရောက်ကြည့်ရှုလေ့လာရန် တပါတ် (၃)ရက် - သောင်္ကြာ၊ စနေ၊ တနင်္ဂနွေ ဖွင့်လစ်ပေးသည်။ ထိုအိမ်တွင် စာကြည့်တိုက်နှင့် ကော်ဖီဆိုင်ဖွင့်လစ်ရန်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေပါသည်။ အလှုရှင်များ ဦးသန့်နေအိမ်ရှိ အလှုခံပုန်းတွင် ထည့်ဝင်လှုဒါန်းနိုင်ပါသည်။  ပါဝင်လှုဒါန်း မေးမြန်းလိုသူများ အဖွဲ့အစည်းများ ၀၉ ၉၆၀၉၉၇၂၁၅ သို့ဆက်သွယ်နိုင်ပါသည်။
.
.
.
ဦးသန့်နှင့်မြန်မာနိုင်ငံ
.
စာအုပ်စာပေ၊ ဗွီဒီယိုများစွာ အမှတ်တရအဖြစ် ထုတ်ဝေခဲ့ပြီး၊ ထုတ်ဝေဆဲ ဖြစ်ပါသည်။ ဦးသန့် ၂၂-ဇန္နဝါရီ-၁၉၀၉ ပန်းတနော်မြို့တွင် မွေးဖွားခဲ့ပြီး ၂၅-နိုဝင်ဘာ-၁၉၇၄ အသက်၆၅နှစ်တွင် ကွယ်လွန်သည်။ ၁၉၆၁ မှ ၁၉၇၁ အထိ (၁၀)နှစ်တိုင် ကမ္ဘာ့ကုလသမဂ္ဂအကြီးဆုံးရာထူး အတွင်းရေးမှုချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝ နယ်ချဲ့အင်္ဂလိပ်အစိုးရအား တော်လှန်ရန် ကျောင်းသားသမဂ္ဂ သခင်အောင်ဆန်း၊ သခင်နု တို့နှင့်လုပ်ဆောင်ခဲ့သည်။ ပညာဆည်းပူးပြီး ပန်းတနော်မြို့တွင် ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီး ဦးနုအစိုးရထိပ်တန်းရာထူးများ ထမ်းဆောင်ပြီး ကမ္ဘာ့ကုလသမဂ္ဂသံတမန်အဖြစ် ခန့်ထားရာမှ သူ၏လုပ်ရည်ကိုင်ရည်နှင့်ငြိမ်းချမ်းရေးလုပ်ရပ်များကြောင့် ကမ္ဘာ့ကုလသမဂ္ဂအကြီးဆုံးရာထူး အတွင်းရေးမှုချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။
ဦးသန့်ကို ထိုစဉ်က မြန်မာစစ်အာဏာရှင် ဦးနေဝင်းက အသိမှတ်မပြုသလို ဦးသန့်ကလည်း မြန်မာစစ်အစိုးရကို မနှစ်သက်ခဲ့။ ဦးသန့်သေဆုံးသောအခါ သူ၏ရုပ်ကလပ်ကို မြန်မာပြည်ပြန်သည်စဉ် ၁၉၇၄တွင် ဦးသန့်အရေးအခင်း ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ကြီး၏ ရုပ်ကလပ်ကို သာမန်လူများ ကဲ့သို့မြှတ်နှံရန် ဦးနေဝင်းက ဆုံးဖြတ်ခဲ့သည။် ထိုစဉ်က ကြံထောသုသာန် (ယခု မင်္ဂလာကားအရောင်းအဝယ်ဈေး) တွင် မြှတ်နှံရန်စီစဉ်နေစဉ် ကျောင်းသားများက လွှဲပြောင်းရယူပြီး ရန်ကုန်တက္ကသိုလ်တွင်မြှတ်နှံခဲ့သည်။ ယခု ရန်ကုန်တက္ကသိုလ်(ပင်မ) အဝင်မုဒ်ဦးမှ မြေကွက်လပ်သည် ကျောင်းသားသမဂ္ဂအဆောက်အဦးနှင့် ဦးသန့်ပထမအုတ်ဂူ ဖြစ်သည်။ ထိုအဆောက်အဦးကို စစ်အစိုးရက ပြင်းထန်စွာဗုံးခွဲဖြိုဖျက်ခဲ့ရာ ယခုအချိန်ထိ မြေကွက်လပ်အဖြစ် ရှိနေဆဲဖြစ်သည်။ ကျောင်းသားသမဂ္ဂနှင့် ဦးသန့်အမှတ်တရ ဖြစ်သည်။ ထိုနေရာမှ ဦးသန့်ရုပ်ကလပ်ကိုမူ စစ်အစိုးရက ယခုရှိနေသော ရွှေတိဂုံတောင်ဖက်မုဒ် ဗိမာန်အဖြစ် ဂူသွင်းမြှတ်နှံထားပါသည်။

ဦးသန့်အမှတ်တရအုတ်ဂူသို့တခေါက်
ရွှေတိဂုံတောင်ဖက်မုဒ်ရှိ ဗိမာန်တွင် မြန်မာနိုင်ငံသမိုင်းပုဂ္ဂိုလ်ကြီး (၄)ဦးကို မြှတ်နှံထားသည့် အုတ်ဂူ(၄)ခု ရှိပါသည်။ နေ့စဉ် နံနက်၉နာရီမှ ညနေ၅နာရီအထိ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

ထိုဝင်းခြံကြီးတွင် မြက်ခင်း၊ သစ်ပင်၊ ပန်းပင်များဖြင့် စိမ်းလန်းစိုပြေနေပါသည်။ ထိန်းသိမ်းမှု သာမန်မျှသာဖြစ်သောကြောင့် ရှည်လျားသော မြက်ပင်များလည်း စိမ်းလန်းစွာ ပေါက်နေသည်ကို တွေ့ရပါသည်။

ရွှေတိဂုံဘုရားဖက်မှလာရင် ပထမဆုံး အုတ်ဂူမှာ ဦးသန့်ဗိမာန်ဖြစ်သည်။  ဗိမာန်အဝင်ဝတွင် ဦးသန့် ဗိမာန် U THANT MAUSOLIUM စာလုံးကြီးက ပန်းကနုတ်စီထားသော တံခါးအပေါ်တွင် ရေးသားထားပြီး ကြိုဆိုနေပါသည်။ အခန်းတွင်း အလယ်ခေါင်တွင် ဦးသန့်အုတ်ဂူရှိပြီး ဘယ်ဘက်တွင် ဦးသန့် ၁၉၀၉ - ၁၉၇၄ အနက်ခံ အပြာရောင်စာလုံးဖြင့် ဦးသန့်ဓါတ်ပုံပိုစတာကြီးကို တွေ့ရသည်။ ပိုစတာအောက်တွင် ဦးသန့်၏ကိုယ်ရေးရာဇဝင်ကို လူတရပ်အမြင့်ကျောက်စာပုံစံ မြန်မာဘာသာဖြင့် စာကြောင်း ၅၀ဖြင့် ရေးသားထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း ရေးသားထားသင့်ပါသည်။ ဘေးနှစ်ဘက်တွင် ဓါတ်ပုံများဖြင့် ဦးသန့်အကြောင်း၊ ဖြစ်ရပ်များရေးသားထားသည့် ပိုစတာများစွာ ခင်းကျင်းပြထားပါသည်။ ထိုထက်ပိုသော ဗွီဒီယို၊ အသံများဖြင့် ခေတ်နှင့်အညီ ပြသသင့်ပါသည်။ ကမ္ဘာ့ထိပ်တန်း မြန်မာလူမျိုး ငြိမ်းချမ်းရေးပုဂ္ဂိုလ်ကြီးအကြောင်း အမှတ်တရအုတ်ဂူသည် ရိုးစင်းလှပါသည်။ လာရောက်ကြည့်ရှုသူ နည်းပါးလှသည်။ အနီးနားရှိ ရွှေတိဂုံစေတီတော်ကြီးကိုသာ လူများပြည့်ညှတ်နေအောင် လာရောက်ဘုရားဖူးကြသည်။ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းသားများ ကျောင်းအစီအစဉ်ဖြင့် လာရောက်လေ့လာသင့် အတုယူသင့်သော ယခုအချိန်ထိ တစ်ဦးတည်းသော ကမ္ဘာထိတ်တန်းပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။
ဦးသန့်အုတ်ဂူ ဘယ်ဘက်တွင် ဘုရားပုံသဏ္ဍန်ဖြင့် မြန်မာနိုင်ငံနောက်ဆုံးဘုရင် သီပေါမင်း၏ မိဘုရား စုဖုရားလတ် အုတ်ဂူရှိသည်။ ဘယ်ဘက်ကပ်ရက်တွင် မြန်မာလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အုတ်ဂူရှိပါသည်။ ထိုနေရာမှ အောက်သို့ အုတ်လှေခါး ၅ထစ်ခန့်ဆင်းသွားပါက မြန်မာ့ငြိမ်းချမ်းရေးဗိသုကာကြီး သခင်ကိုယ်တော်မှိုင်းအုတ်ဂူရှိသည်။ အထဲတွင်လည်း အမှတ်တရ ဓါတ်ပုံ၊ ပိုစတာများ ချိတ်ဆွဲထားပါသည်။

နိဂုံး
.
ဦးသန့်သည် ကမ္ဘာသိ မြန်မာခေါင်းဆောင်ကြီးဖြစ်သည်။ ဆင်းရဲနွမ်းပါးလှသော တနည်းအားဖြင့် ၈၀% လူဦးရေသည် ဆင်းရဲမွဲတေသော လယ်သမား၊ ကျေးလက်လူတန်းစားများ ဖြစ်ကြသည်။ ထိုဆင်းရဲမွဲတေသူများ၏ ဘဝမြှင့်တင်ရေးအတွက် တခုတည်းသောထွက်ပေါက်မှာ စီးပွားရေးလဲမဟုတ်၊ နိုင်ငံရေးလဲမဟုတ်၊ ကျန်းမာရေးလဲမဟုတ်ပါ။ ပညာရေးဖြင့်သာ ဆင်းရဲမွဲတေ လူရာမဝင်သည့်ဘဝမှ ရုန်းထွက်နိုင်မည်ဖြစ်သည်။
.
အမေရိကန်တွင် လူမဲများမှာ ဆင်းရဲမွဲတေလှပါသည်။ လူအနှိမ်ခံရဆုံးလည်းဖြစ်သည်။ ထိုလူတန်းစားထဲမှ ကြီးပြင်းလာသူများအဖို့ အားကစား၊ အနုပညာရှင်များစွာရှိသော်လည်း လူဖြူများနှင့် တန်းတူမသတ်မှတ်ခံရပါ။ ငွေချမ်းသာသော်လည်း လူရာသွင်းမခံရပါ။ ထိုလူမည်းများအနိုမ်ခံဘဝမှ လွတ်မြောက်ရေးအတွက် တစ်နည်းသာရှိသည်။ ပညာရေးတွင် ထူးချွန်ပြောင်မြောက်အောင် ကြိုးစားရန်သာရှိသည်။ ထိုအချက်ကို နားလည်သော လူမဲစံပြပုဂ္ဂိုလ်များစွာ အမေရိကန်သမိုင်းတွင် ပေါ်ပေါက်ခဲ့သည်။ မာတင်လူသာကင်း (လူမည်းအခွင့်အရေးခေါင်းဆောင်)၊ မစ္စရိုက်စ် (လူမည်း အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး) နှင့် နောက်ဆုံး အမေရိကန်သမ္မတဖြစ်လာသော အိုဘားမား တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အခြေခံ ဆင်းရဲမွဲတေသော လယ်သမားမျိုးရိုးမှ နိုင်ငံခေါင်းဆောင်များစွာ ပေါ်ထွန်းခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန်သည်လဲ စံပြဖြစ်သည်။ ဧရာဝတီတိုင်း ငပုတောမြို့နယ်မှ ပုသိမ်မြို့သို့ ၁၀တန်းပညာ အထူးကြိုးစားသင်ရင်း၊ ဗိုလ်သင်တန်းရွေးချယ်ခံရပြီး နိုင်ငံအကြီးအကဲဘဝ ရောက်ခဲ့သူဖြစ်သည်။ အလားတူ ဦးသန့် သည် ဧရာဝတီတိုင်း ပန်းတနောမြို့နယ်မှ ပညာအထူးကြိုးစားသင်ယူရင်း ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဖြစ်လာသည်။

ဦးသန့်ကို မသိသော လူငယ်မျိုးဆက်များစွာ ရှိသည်။ ဦးသန့် ဘယ်လောက်ကြိုးစားခဲ့သလဲ ဆိုသည်ကို လေ့လာအတုယူပြီး အနာဂါတ် ကမ္ဘာကျော်တတ်သိပညာရှင်များစွာ ပေါ်ထွက်လာရေးအတွက် မြန်မာများကသာ လုပ်ရပါမည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီ3း နှင့် ကုလသမဂ္ဂလက်ရှိအကြီးကဲ ဘန်ကီမွန် စသည်တို့ လာရောက်ဂါရဝပြုကြသည်။ မြန်မာ့ဂုဏ်ဆောင် ပုဂ္ဂိုလ်များကလည် လူအာ(အချိန်) နှင့် ငွေအား(အလှုဒါန်း) ပြုရပါမည်။ ကမ္ဘာ့အသင်းဖွဲ့များကလည်း ပါဝင်ကူညီလာမည်။ ကျေးလက်ဆင်းရဲမွဲတေမှုမှ လွတ်ကင်းရန် ပညာရေးတိုးတက်လာပါမည်။

မြန်မာ့ပညာရေးတိုးတက်ဖို့ ဆရာအရည်သွေးဦးစွာမြှင့်တင်ရမည်ဖြစ်သည်။ ဆရာအရည်သွေးမြှင့်တင်နည်းများစွာအနက် ဆရာများစာဖတ်ခြင်းသည် အဓိကဖြစ်သည်။ ကျေးလက်တောရွာနှင့်၊ မြို့များမှ အထက်တန်းကျောင်းများကို စာကြည့်တိုက်များ (တနည်းအားဖြင့် ကျောင်းဆရာအရည်သွေးမြှင့်တင်ရေး စာအုပ်များ) မတည်ပေးဖို့လိုကြောင်း စဉ်းစားနေမိပါသည်။

ပညာရွှေအိုးလူခိုး၊ ပညာရဲရင့်ပွဲလည်တင့်။
ဦးသန့်အမှတ်တရ။   ဇော်အောင်(မုံရွာ)

1. Yangon Heritage Thrust
2. Dr. Than Myint U (Ph.D History)
3. Photo: Visit by French Foreign Minister to U Than House, 19-June-2016

Four Caves
1. U Thant
2. Queen Su Payar Latt
3. Daw Khin Kyi
4. Thakhin Ko Daw Hmaing
.
Memorial Caves
South ShweDaGone Pagoda
Yangon
Photos..22.June.2016

ကိုစိုင်းဖြိုး စိုက်ပျိုးရေးလုပ်ငန်း စွန့်ဦးတီထွင်သူ


ကိုစိုင်းဖြိုး
ပုံ - အကျီ င်္အနက်ရောင် (ညာဖက်)
နည်းပညာရှင် (စိုက်ပျိုး စွန့်ဦးတီထွင်ခြင်း) အကြောင်း နဲ့ ကိုစိုင်းဖြိုး တို့အဖွဲ့ မြန်မာ့ထွက်ကုန် "ဂျင်း" ကုန်ထုတ်လုပ်ငန်းအကြောင်း အနည်းငယ်ရေး လိုက် ပါတယ်။ ကိုစိုင်း စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရ လူငယ်ဖြစ်ပြီး ၂၀၁၇ နှစ်က သူ့အတွက် အံသြဘွယ် စိုက်ပျိုးစက်မှု ကုန်ထုတ်လုပ်ငန်းကြီးကို အကောင်ထည်ဖော်နိုင်ဖို့ မျှော်လင့်သလို အိမ်ထောင်ရှင် ဖခင်တဦး ဘဝ သားဦးမွေးဖွားပေးတဲ့ သူ့ရဲ့ ချစ်ဇနီး မိသားစု မိခင် ဖခင်များအတွက် ပျော်ရွှင်ဘွယ် နှစ်တစ်ခုပါ။
.
သူလုပ်ကိုင်နေတဲ့ "ဂျင်း" လုပ်ငန်း စက်ရုံ ပရိုဂျက်ကြီးက အရမ်းစိတ်ဝင်စားဖွယ်ဖြစ်ပြီး စိုက်ပျိုးရေးပညာရှင် ဒေါ်သိန်းသိန်းအောင်နဲ့  မိဘ ဇနီးမိတ်ဆွေများ၊ မိဘမောင်နှမ၊ သူငယ်ချင်းများက ကူညီပံပိုး အားပေးမှုတွေကြောင့် ဆုံးရှုံးမှုများကြားက သင်ခန်းစာကောင်းများနဲ့ ထိုးဖောက် လျှောက်လှမ်းနေတဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။
.
မကြာခင် သူ့ရဲ့ မာစတာဘွဲ့ ကျမ်းပြုစုဖို့ အမေရိကန်နိုင်ငံကို သူနဲ့အတူ မြန်မာလူငယ်၃ဦး ပညာရေး ခရီးစဉ် သွားကြပါမယ်။ ဥက္ကလာဟိုးမား ပြည်နယ်နဲ့ ဝါရှင်တန်မြို့တော် တွေကို ၅ပတ် ပညာရေး လေ့လာရေး ခရီးစဉ် သွားရောက်ကြပါမယ်။
.
အရင်လက မြန်မာ ဆယ်ကျော်သက် လူငယ်အုပ်စု အမေရိကန် သွားရောက်ပြီး နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲမှာ တတိယရရှိလို့ အတော်လေး ဝမ်းသာခဲ့ကြပါတယ်။ တကယ်တော့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ပညာရေး ထိတ်တန်း နံပါတ်(၁) ဖြစ်နေတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ယခင်ကတော့ အင်္ဂလိပ် ဂျာမဏီ တို့ ပညာရေး ပညာရှင်များ နာမည်ကျော်ပေမဲ့ အခုချိန်မှာ နိုဘယ်ဆုရ သိပ္ပံပညာရှင်များကိုကြည့်ရင် အမေရိကန်နိုင်ငံသား တွေချည်းပဲ တွေ့ရပါတယ်။ ဂျပန် တရုပ် အိန္နိယ ဥရောပနိုင်ငံသား ပညာထူးချွန်သူ လူငယ်များစွာ နောက်ဆုံးအခြေချတဲ့နိုင်ငံက အမေရိကန်နိုင်ငံ ဖြစ်နေဆဲပါပဲ။
.
ဥပမာ အိုင်စတိုင်း ဆိုတဲ့ ရီလေဗီတီ ရူပဗေဒနဲ့ အနုမြူ ဗုန်း ဖခင်ကြီးက အစ္စရေး(ဂျူးလူမျိုး) ဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံသားဖြစ်ပေမဲ့ ဂျာမဏီမှာ ဟစ်တလာခေါင်းဆောင်တဲ့ နာဇီအစိုးရ က ဂျူးလူမျိုးတွေကို စနစ်တကျ မျိုးဖြုတ်သတ်ဖြတ်ချိန် အမေရိကန်မှာ ပြောင်းရွှေ့ နိုင်ငံသား ခံယူသွားပါတယ်။ လစာ သိပ်ကောင်းကောင်း ပေးလို့ ကမ္ဘာကျော် ပညာရှင်တွေ အမေရိကန်ပြောင်းရွှေ့ နိုင်ငံသား ခံယူသွားတာ အဓိကအချက် မဟုတ်ပါ။ ပညာရှင်ကို လုပ်ပိုင်ခွင့်ပေးခြင်း၊ လေးစားခြင်း၊ နေရာပေးခြင်း၊ ဂုဏ်ပြုခြင်း စတဲ့ အလွန်နှစ်လိုဘွယ် ပတ်ဝန်းကျင်ကြောင့် ကမ္ဘာ့ထိတ်တန်း ပညာရှင်များ အမေရိကန် တက္ကသိုလ်များမှာ အလုပ်လုပ်ကြတယ်။ နှစ်ကြာတော့ အမေရိကန်နိုင်ငံသား ခံယူသွားကြပါတယ်။ တလောက မြန်မာအသိုင်းဝိုင်မှာ ဂယက်ရိုက် ချီးကြူးဂုဏ်ယူရတဲ့ ဇီဝ သိပ္ပံပညာရှင်အမျိုးသမီးတစ်ဦး၊ ကမာ့္ဘထိတ်တန်း ရူပဗေဒပညာရှင် အမျိုးသားတစ်ဦး၊ နာဆာ NASA မှာအလုပ်လုပ်နေတဲ့ အနုမြူပညာရှင် အမျိုးသားတစ်ဦး.  .အဲဒီလို မြန်မာပညာရှင်များစွာ နိုင်ငံတကာထွက်ပြီး ပညာဆည်းပူး ကြိုးစားကြတယ်။ ထူးချွန်လာတော့ အမေရိကန်တက္ကသိုလ်များက အလုပ်ခေါ်ပေးရင်း နောက်ဆုံးတော့ အခြေအနေအရ အမေရိကန်နိုင်ငံသား ဖြစ်သွားပါတယ်။
.
အမေရိကန် နဲ့ တိုးတက်တဲ့ နိုင်ငံကြီး ငယ် မရွေး လူသားအရင်းအမြစ်ကို အလုအယက် ခေါ်ယူခွင့် ပေါ်လစီ Talent Citizenship Program ရှိကြပါတယ်။ စစ်အစိုးရခေတ်က မြန်မာပြည်က တော်တဲ့ ဆယ်ကျော်သက် ကျောင်းသားတွေ  အမေရိကန်နဲ့ အနောက်နိုင်ငံတွေ သွားကျောင်းတက်ဖို ကမ္ဘာက ပိတ်ပင်ထားတယ်။ ခွင့်ပြုတဲ့ စင်ကာပူ ထိုင်း မလေးရှား တွေမှာ ပညာသင် အလုပ်လုပ်ရင်း ရေကြည်မြက်နုရာ အမေရိကန်ကို ရောက်သွာပြီး အရေိကန်နိုင်ငံသား ခံယူသွားတာ မထူးဆန်းပါဘူး။ အစိုးရ ပေါ်လစီ ကလဲ Human Resource လူသားအရင်းအမြစ် အထူးဦးစားပေး အလုပ်ဗီဇာ လုပငန်းဗီဇာ တဲလင့်ဗီဇာ အလွယ်တကူပေးပြီး ဖိတ်ခေါ်တယ်။ မိသားစုလိုက် အခြေချ နေထိုင်ခွင့် ခွင့်ပေးတယ်။ နိုင်ငံသားခံယူခွင့် အလွယ်တကူပေးတဲ့ စနစ်ကြီး ရှိနေပါတယ်။
.
စစ်အစိုးရ ခေတ်ကာလ မြန်မာဆိုရင် အရေိကန်နိုင်ဝင်ခွင့်ရပါစေ မြန်မာများကို အထူးသဖြင့် အသက်၂၀ ပတ်ဝန်းကျင် လူငယ်ဆိုရင် ရန်ကုန်က အမေရိကန်သံရုံးက ပိုင်ဆိုင်မှု ပြစရာမလို..အမေရိကန်ရောက်နေ အခြေကျနေသူတစ်ဦးဆီက အီးမေးစာတစ်စောင်ပြပြီး အမေရိကန်ဗီဇာ ရသွားတဲ့ မြန်မာလူငယ်များစွာနဲ့ တွေ့ဆုံပြောပြတာ ကြားရပါတယ်။ တကယ် နှိပ်စက် ထောင်ကျ ထွက်ပြေးပြီး အမေရိကန်ကို ဒုက္ခသည်ခံယူတယ်။ အမြဲနေထိုင်ခွင့်ရပြီး ကောင်းစွာနေထိုင်ရင်း ၅နှစ် ၁၀နှစ်ဆို အမေရိကန်နိုင်ငံသား ဖြစ်သွားကြပါတယ်။ တချို့ ပိုက်ဆံရှိသူ အဆက်သွယ်ရှိသူများလည်း နည်းမျိုးစုံ သုံးပြီး အမေရိကန် လာရောက် ကျောင်းတက် အလုပ်လုပ်ရင်း ဂရင်းကဒ် စီတီဇင်တွေ ဖြစ်သွားကြပါတယ်။
.
မက္ကစီကို နိုင်ငံကို ဖြတ်ပြီး လမ်းလျောက်ကားစီး ဝင်လာတဲ့ တရုပ်ကုလားတွေ ကြားထဲက ဗမာဇနီးမောင်နှံနဲ့လဲ ပြောပြတာ နားထောင်ခဲ့ဖူးပါတယ်။
.
.
ကိုစိုင်းဖြိုး အကြောင်းပဲ ဆက်ပါမယ်။
.
ရန်ကုန်မှာပဲ နေထိုင်ရင်း စိုက်ပျိုးရေး ပညာနဲ့ မိမိနိုင်ငံကို တိုးတက်စေလိုတဲ့ စိတ်ကတော့ ကိုစိုင်းဖြိုး လိုပဲ မြန်မာများစွာ စိတ်ဆန္ဒ ရှိပါတယ်။ လက်တွေလုပ်ဖို့တော့ မလွယ်လှပါဘူး။
.
.
အစိုးရအဆက်ဆက်က လယ်ယာစိုက်ပျိုးရေး အခြေခံသော စက်မှုနိုင်ငံသို့ ဆိုတဲ့ ပေါ်လစီချ ငွေချပေး ချေးငွေများနဲ့ ဦးနေဝင်း ဦးသန်းရွှေ စစ်အာဏာရှင်များ လုပ်ပေးကြတယ်။ နှစ် ၅၀ကျော်တော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သွားတယ်။ သမ္မတဦးသိန်းစိန် ၅နှစ်ခရီးလဲ လယ်ယာဦးစားပေး ပေါ်လစီ ချပြီး လက်တွေ့တော့ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ခြံမြေ ဖြစ်သွာတယ်။ လယ်ယာသိမ်းမှုများစွာ သူဌေးများက မတရားချမ်းသာလွန်းပြီး ဆင်ရဲသားက လယ်ယာမြေသိမ်းခံရ.. သူရင်းငှါးလုပ်ရတယ်။ အများအပြား မြို့ပေါ်တက် အလုပ်ရှာ။ လယ်မားသားသမီးတွေ နိုင်ငံခြား အလုပ်သွားလုပ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာတော့ ပေါ်လစီအသစ်ကလည်း လယ်ယာစိုက်ပျိုး မွေးမြူရေး ပဲဆိုတော့ အရင်လိုပဲလား ဆိုပြီး စိတ်ပျက်သူများရှိတယ်။ ဒါပေမဲ့ အခုပေါ်လစီအသစ်က ဒေါ်အောင်ဆန်းစုကြည် သြဇာရှိနေသရွေ့ တကယ်ဖြစ်လာမှာပါ။
.
.
ဂျင်းစက်ရုံ စီမံကိန်း
.
ရှမ်ပြည် ရပ်ဆောက်မြို့နယ် ရထားတဲ့ မြေမှာ စက်ရုံ ဆောက်ပြီး ပတ်ဝန်းကျင် လယ်ယာ စိုက်ပျိုးသမားများကို စိုက်ပျိုးနည်းပညာ ဈေးကွက်ဖန်တီးပြီး ကုန်ကြမ်း ဂျင်းတွေ ဝယ်မယ်။ ပြုပြင် ထုတ်ပိုးပြီး ကမ္ဘာအများဆုံး ဂျင်းဝယ်တဲ့ ဥရောပ ဂျာမဏီ နယ်သာလန် ပြင်သစ် တွေကို တင်ပို့မယ်။ လှပိစစ်ကို Biomass အပင်တွေစိုက် ဘွိုင်လာမီးရို့ လျပ်စစ်ထုတ်မယ်။ ဆိုလာ နဲ့ ရေအားလည်း ဖြစ်နိုင်တယ်။ အစိုးရမဟာဓာတ်အားလိုင်းကို မမှီခိုပဲ မိမိ လျှပ်စစ်ထုတ်မယ်။ ကုန်ချော ထုတ်ပြီး ကမ္ဘာ့ဂျင်း ပြည်ပပို့ကုန် ဈေးကွက်ရဲ့ ၄% လောက်ရဖို့ ပရိုဂျက်ဆွဲတယ်။ ပထမဆုံး မြန်မာပြည်မှာ စိုက်ပျိုးရေး လုပ်ငန်း လုပ်လိုတဲ့ နိုင်ငံခြားကုမဏီကြီးများနဲ့ အတူလုပ်ကိုင်တယ်။ နည်းပညာနဲ့ အရင်းနှီး FDI foreign Direct Investment အဖြစ် ဖက်စပ်လုပ်ဖို့ ပြည်တွင်း လုပ်ငန်းရှင်များရဲ့ ပါဝင်မှု ရအောင် စည်းရုံးနေဆဲ ဖြစ်ပါတယ်။
.
မြန်မာ အစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ကလည်း အခု အစိုးရသစ်ခေတ် တကယ်ပဲ လယ်ယာဦးစားပေးလာတယ်။ ချေးငွေ လယ်စိုက်ရှင်း(အစိုးရ) ပေးနေတဲ့ စိုက်ပျိုးစရိတ်ချေးငွေ ကလည်း ရဖို့ခက်. .ရတော့လည်း ရှောက်သုံးမိပြီး လယ်သမားတွေ အကြွေးတင် လယ်ဆုံးဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ် လက်ထက်မှာ Land Transform လုပ်နိုင်ရင် ဗီယက်နမ် တရုပ် နိုင်ငံများလို လယ်တဧက တင်း၂၀၀ လောက်ထွက်လာပြီး ၃သီး နွေမိုးဆောင်း အလုပ်လုပ်နိုင်မယ်။ ရေရဖို့ ဆည် ရေကန် မြစ်ရေတင် စတဲ့ ဖွံဖြိုးရေးတွေ လုပ်နေပေမဲ့ ဆုံးရှုံးနေဆဲပါ။ အစိုးရကလဲ အရာရှိငယ်အချို့ ဆိုးညစ် အဂတိတွေနဲ့ ရှုပ်နေဆဲပါ။ Land Transform မြေ မျိုးစေ့ ရေ စိုက်နည်းပညာ၊ စိုက်ပျိုးချေးငွေအတွက် အစိုရဘဏ်ကနေ ပုဂ္ဂလိက ဘဏ်လုပ်ငန်း ပြောင်းရပါမယ်။လမ်းတံတားတွေ ဖောက်ပြီး လယ်သမားဝင်ငွေတိုးဖို့.  . လက်တွေ့တော့ အမျိုးသားမြေဝါဒ ရေးဆွဲဆဲ  လွှတ်တော်ထိ ထပိမံဆွေးနွေးဖို့ မရောက်သေးပါဘူး။
.
ဂျင်း စက်ရုံအတွက် အဓိက အချက်ကျဆုံးက လုပ်မဲ့လူတွေရဲ့ စိတ်ဓာတ်ပါ။ ရင်းနှီးမြှတ်နှံ သူများ အရမ်းလိုအပ်တဲ့ လျှပ်စစ် လမ်းတံတား နဲ့ ဂျင်း စက်ရုံနည်းပညာများ.  .ငွေကြေး (ချေးငွေ. ကူပံ့ငွေ၊ မတည်ငွေ) စက်ရုံလည်ပတ်ဖို့ အလိုအပ်ဆုံး တက်ကနီရှင် စက်ပြင်များကို ပညာရေးဝန်ကြီး တက္ကသိုလ်များနဲ့ ချိတ်ဆက် ကျောင်းသားဘဝ ကတည်းက လုပ်ငန်ခွင် industrial attachment အဖြစ် Skill Worker ကျွမ်ကျင်လုပ်သား သင်တန်းပေးဖို့ မွေးထုတ်ဖို့ ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ အကြီးဆုံး အားနည်းချက် ဖြစ်တဲ့ ကြွမ်ကျင်လုပ်သား ရှားပါးမှု ဂျပန် ဂျာမဏီများ လုပ်နေတဲ့ စက်မှုကျောင်များ vocational training schools လိုအပ်ပါတယ်။
.
လွန်ခဲ့တဲ့ ၂နှစ်ကျော်ကတည်းက ကတည်းက သုတေသန R&D အခြေပြု ဝန်ထမ်းများနဲ့ စတင်ပါတယ်။ ပစ္စည်း ကုန်ကြမ်း ကနေ စက်ရုံ. ကုန်ချော. အလုပ်သမား. နည်းပညာ.များအတွက် စားသောက်ကုန်လုပ်ငန်း ဥရောပကို တင်ပို့ ဈေးကွက်ယူဖို့ သုတေသန အချက်အလက်များစွာ လိုအပ်ပါတယ်။
.
.
.နိဂုံး.  ..
ကိုစိုင်းဖြိုး တို့ ရင်းနှီမှု "ဂျင်း" စက်ရုံကလည်း စိုက်ပျိုးနည်းပညာ စက်မှုနည်းပညာများနဲ့ ကျေးလက်ဖွံ့ဖြိုးရေးသာမက နိုင်ငံတော်ရဲ့ လယ်ယာကုန်ကြမ်း အိတ်စပို့ ထက် ဈေးဆယ်ဆမက ပိုရတဲ့ ကုန်ချောလုပ်တဲ့ စီမံကိန်းဖြစ်တော့ လုပ်နိုင်တဲ့ ပြည်တွင်းက မြန်မာပညာရှင်များ ရှားလှပါတယ်။
.
အခု အမေရိကန် ပညာရေးခရီးစဉ် မာစတာကျမ်းပြုစု ခြင်းအတွက် မိမိ "ဂျင်း" လုပ်ငန်း ပရိုဂျက်ပဲ ရေးဖို့ ဖြစ်လာတော့ အဆင်ပိုပြေပါတယ် လို့ ကိုစိုင်းဖြိုး ပြောပြပါတယ်။ အောင်မြင်ပါစေလို့ မြန်မာ့ စိတ်အားကြီးသူ ကိုစိုင်းဖြိုး ကို အားပေး လိုက်ပါတယ်။ အောက်တိုဘာ(၁)ရက်.၂၀၁၇ မှာ ပရောဂျက်ပြပွဲ တောင်ကြီးမြို့မှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
.
ဇော်အောင်
၁၀.၉.၂၀၁၇
.
.
.
ဓာတ်ပုံ
ဘယ် ရှေ့.  . ဦးဝင်းရှိန်၊ ရန်ကုန်စက်မှု တက္ကသိုလ် အီလက်ထရွန်းနစ် အင်ဂျင်နီယာ ဖြစ်ပြီး ၁၉၈၅ ဘွဲ့ရပြီး အမေရိကန်တွင် ဓာတ်ပုံကူးစက်ပညာရှင်မှ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုတ်နှံမှု အာမခံလုပ်ငန်းရှင် ဖြစ်သည်။ နယူးယောက်မြို့တွင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများကို တက်ကြွစွာ ကူညီပံပိုးသူ ငွေကြေးပညာရှင်လဲ ဖြစ်သည်။
.
ညာ ရှေ့ . . ဦးဇော်ညွန့် ရန်ကုန်စက်မှုတက္ကသိုလ် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် လျှပ်စစ် ကွန်ထရိုးလုပ်ငန်းများ လုပ်ကိုင်သည်။ သင်္ဘောကျင်း စက်ရုံအလုပ်သမားများစွာကို ၂၀၀၃ ခုနှစ်ကတည်းက မြန်မာပြည်တွင်သင်တန်းပေးသည်။ စင်ကာပူ နှင့် အရှေ့အလယ်ပိုင်း ဒူဘိုင်း ကာတာ ဆော်ဒီ စသည့်နိုင်ငံများသို့ ကြွမ်းကျင်လုပ်သားများ ပို့ပေးခြင်းဖြင့် မြန်မာလူငယ် အမြောက်အများ အရည်သွေး နှင့် ဝင်ငွေ မြှင့်တင်ပေးနေသူ ဖြစ်သည်။
.
ဘယ် နောက်ဖက်။  စာရေးသူ
.
ညာ နောက်ဖက်။ ကိုစိုင်းဖြိုး

နော်ဘူဘောတောင် နှင် စောတူးတူးဂျိမ်း တောင်ငူ


ပုံ(၁) နော်ဘူဘောတောင် ကောင်းကင်မှမြင်ကွင်း
စောတူးတူးဂျိမ်း ဆိုတဲ့တောင်ငူသား၊ သူငယ်စဉ်က အလုပ်မျိုးစုံလုပ်ရင်း ဆုံးရှုံးမှုများနဲ့နောက်ဆုံး ခရစ်ယန်ဓမ္မတက္ကသိုလ် MIT အင်းစိန်မှာ (၄)နှစ်တာ ဓမ္မပညာဆည်းပူးခဲ့ပါတယ်။ နောက်ပိုင်း တာဝန်ကျရာ ကချင်ပြည်နယ်ဘက် အမှုတော်ထမ်းဆောင်ရင်း မံစီမြို့မှာ ကချင်အမျိုးသမီး ဆရာမ မရောထုရာ နဲ့အိမ်ထောင်ထူထောင်ခဲ့ပါတယ်။ ယခုအခါ တောင်ငူမြို့မှာ လွန်ခဲ့တဲ့ ၇နှစ်က အခြေချပြီး သမီးသုံးဦး သမီးအကြီး ဂျီတီစီအင်ဂျင်နီယာနောက်ဆုံးနှစ်၊ သမီးအလတ် တတိယနှစ်၊ သမီးငယ် ပထမနှစ် တို့နဲ့အတူ ကော်ပြန့်လုပ်ငန်းလုပ်ကိုင်ရင်း၊ ခရစ်ယာန်ဓမ္မဆရာမိသားစု ဖြစ်ပါတယ်။

ကချင်ပြည်နယ် စစ်ပွဲများကြားမှာ ပျော်ရွှင်စွာ ခရစ်ယာန်ဓမ္မဆရာလုပ်ရင်း၊ အိုမင်းတဲ့မိခင်ရှိတဲ့ တောင်ငူမြို့ကို မိသားစုအလည်ရောက်လာပါတယ်။ ကချင်ပြည်နယ်မပြန်ဖြစ်ပဲ ကော်ပြန့်ကြော်လုပ်ရောင်းရင်း အခုအခါ ကော်ပြန်လိပ်လက်ကားအရောင်းဆိုင်ရှင်ဘဝကို ရောက်လာပါတယ်။ သူပထမဆုံး ကော်ပြန်ကြော် လမ်းဘေးမှာ ကြော်ရောင်းခဲ့တဲ့ တပေလောက်ပဲရှိတဲ့ ဒယ်အိုးလေးကို အမှတ်တရသိမ်းဆည်းထားပါတယ်။ သူ့ရဲ့ဘဝကို မမေ့ရအောင် သေသည့်တိုင်အမှတ်တရဒယ်အိုးလေးနဲ့ ဓါတ်ပုံမှတ်တမ်းတင်ထားပါတယ်။

စောတူးတူးဂျိမ်းစ် ငယ်စဉ်က ငွေကြေးကို ကောင်းစွာမကိုင်တွယ်နိုင်ခဲ့ပါဘူး။ ငွေအရင်းအနှီးရှိရင် လုပ်ငန်းအောင်မြင်မယ် လို့ မြန်မာနိုင်ငံသားအများစုအတွေးအခေါ်အတိုင်း မိဘဆီက ငွေရင်းနှီးနဲ့လုပ်ငန်းအစုံ လုပ်ခဲ့ပါတယ်။ အားလုံးဆုံးရှုံးခဲ့ပါတယ်။ နောက်ဆုံး အမေကို ဒါနောက်ဆုံးပါ ဆိုပြီး ငွေ၅သောင်း အရင်းနှီးတောင်းတော့ အမေက မင်းကိုပေးတာ သဲထဲရေသွန်သလိုပါပဲကွယ် ပြောပြီး လုံးဝမပေးတော့ပါဘူး။ နောက်ပိုင်း ကိုယ်ဘဝကိုယ်ရှောက်လှမ်းရင်း ဖေမြင့်ရေးတဲ့ ဘေဘီလုန်မှအချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်ကို လက်စွဲထားပြီး မိမိကိုယ်ကို ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့ပါတယ်။

စောတူးတူးဂျိမ်း ကော်ပြန်ကြော်ရောင်းပေမဲ့ ခရစ်ယန်ဓမ္မဆရာလည်းဖြစ်တော့ စေတနာမေတ္တာနဲ့ ရောင်းပါတယ်။ သူများတွေ ကော်ပြန်တစ်ခုကို ၂၅ကျပ် ရောင်းနေချိန်မှာ သူက ၁၅ကျပ်နဲ့ရောင်းပါတယ်။ ၁၀၀ဖိုးယူရင် ၇ခု ပေးပါတယ်။ စေတနာလည်း အကျိုးပေးတော့ ရောင်းတွင်ကျယ်လာပါတယ်။ ဘေဘီလုန်အချမ်းသာဆုံး စာအုပ်အတိုင်း ငွေစုခြင်းကို လုပ်ပါတယ်။ တစ်နှစ်အတွင်းမှာ ကျပ်၂၅သိန်း စုဆောင်းမိပါတော့တယ်။ သူလို ကော်ပြန်ကြော်ဆိုင်များစွာ ဖြစ်လာအောင် အခမဲ့သင်တန်းပေးပါတယ်။ ဆိုင်ငယ်လေးများကိုလည်း ကူညီတည်ထောင်ပေးပါတယ်။ နောက်ဆုံးတော့ ကော်ပြန့်မကြော်တော့ပဲ ကော်ပြန့်အဝိုင်းပြားများကို ဂျုံမှုန်းနဲ့လုပ်ရောင်းတဲ့ လုပ်ငန်းရှင်လေးဘဝကို ရောက်လာပါတယ်။

၂၀၁၀ ခုနှစ်မှာ တိုင်းပြည်စနစ်တွေပြောင်းလာတော့ တောင်ငူမြို့လည်မှာ လူမနေ၊ ခြုံတောနဲ့ အမှိုက်တွေပစ်တဲ့ ဝင်းခြံတစ်ခုရှိပါတယ်။ ပိုင်ရှင်က ရန်ကုန်မှာနေတယ်လို့ပဲ သိရပါတယ်။ မမျှော်လင့်ပဲ့ အဖွားအိုတစ်ဦးနဲ့ ဘတ်စကားတစ်ခုံတည်းကျပြီး စကားပြောရင်း၊ အဲဒီအဖွားက အိမ်ပိုင်ရှင်ဖြစ်မှန်းသိလိုက်ရတယ်။ စကားပြောရင်း ရင်းနှီးလာတော့ အိမ်ရောင်းဖို့ စကားစရင်း ၂၅သိန်းရရင် ရောင်းမယ်ပြောလာပါတယ်။ ဟာ..ဒါလောက်ငွေ ကျနော်မှာမရှိဘူး..လျော့ပေးပါဦး ပြောရင်း နောက်ဆုံး ဈေးလျှော့ပေးလို့ ချက်ခြင်း ရန်ကုန်မှာပဲ ငွေချေ၊ အရောင်းဝယ်စာချုပ် ချုပ်လိုက်ပါတယ်။ ၂၀၁၃လောက်မှာ အိမ်ခြံမြေဈေးတွေ တက်လာတော့ အခု ၂၀၁၅မှာ သိန်း၃၀၀လောက် ပေါက်တဲ့အိမ်မြေခြံလေးကို ပိုင်ဆိုင်သွားပါတယ်။ အဖွားကြီးကတော့ ရန်ကုန်မှာလဲ အိမ်ခြံမြေတွေရှိပြီး သားသမီးလဲမရှိ၊ မွေးစားသားနှစ်ယောက်ကလည်း အိမ်မှာမနေ၊ သူ့မှာလဲ ဘာမှပူပန်စရာမရှိပဲ ကြွယ်ဝသူပါပဲ။ ကျနော်ကတော့ ဘုရားသခင်ပေးတဲ့ အိမ်ခြံမြေနဲ့ ကော်ပြန့်လုပ်ငန်းရှင်ဖြစ်နေပါပြီ။

ဆောက်လုပ်ရေးခေတ်ဖြစ်နေတော့ သမရိုးကျအုပ်ဖုတ်လုပ်ငန်းကနေ ကွန်ကရစ်အုပ်လုပ်ငန်း ခေတ်စားလာချိန် ကွန်ကရစ်အုတ်စက်တစ်ခုလည်း လုပ်ထားပါတယ်။ ဒီလုပ်ငန်းကလည်း အများကြီးအကျိုးပေးပါတယ်။ ကိုယ်တိုင်လုပ်ရုံမကပါဘူး မိတ်ဆွေအပေါင်းသင်းများ၊ ခရစ်ယန်မိတ်ဆွေများရဲ့ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကိုလဲ စက်မှုခေတ်နဲ့အညီ လုပ်ငန်းများကို အကြံပေး၊ ကူညီလုပ်ကိုင်ပေးပါတယ်။ ဒါနဲ့ ကျနော်တို့အသိုင်းအဝိုင်းလည်း စီးပွားရေးတွေ အသင့်တင့်အဆင်ပြေလာကြပါတယ်။

အခု တောင်ငူမြို့က ကော်ပြန်လိပ်၊ ကော်ပြန့်စိမ်း၊ စမူစာ ရောင်းသူများရဲ့ အားထားရတဲ့ ကုန်ကြမ်းလုပ်ငန်းရှင်ဖြစ်နေပါပြီ။ လုပ်ငန်းအပြိုင်လုပ်သူများ ရှိပါတယ်။ သူ့ဆီက ဝယ်တဲ့ ဖောက်သည်များကိုလည်း အထူးဂရုစိုက်ဆက်ဆံပါတယ်။ ကော်ပြန်ကြော်ရောင်းသူများ ကုန်ကြမ်းလာဝယ်ပြီး မကြိုက်လို့၊ အပြစ်အနာဆာပါလို့ ပြန်လာလဲရင်လဲ လဲလှယ်ပေးပါတယ်။ ဖောက်သည်များ ကိုင်တွယ်မှုမှားယွင်းလို့ အပြစ်အနာဆာဖြစ်ရင်လဲ ပြန်လဲပေးပါတယ်။ နောက်တစ်ခါ ဒါမျိုးမဖြစ်အောင် ဖောက်သည်များကို ချိုသာစွာပြောဆို သင်ကြားပေးရင်း ဖောက်သည်များနဲ့ဆက်ဆံရေးအဆင်ပြေ၊ လုပ်ငန်းလည်းအောင်မြင်လာပါတယ်။

အခုအချိန်မှာတော့ စောတူးတူးဂျိမ်း မိသားစုက လက်နဲ့လုပ်တဲ့ ကော်ပြန့်လုပ်ငန်းကို စက်နဲ့လုပ်တဲ့အဆင့်ရောက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ မကြာခင်ကာလမှာ မြန်မာပြည်မှာပဲ အစ၊ အဆုံး .. စက်နဲ့လုပ်တဲ့ ကော်ပြန်ကြော်များ စောတူးတူးဂျိမ်းတို့ တောင်ငူကော်ပြန့်စက်ရုံက ထွက်လာတော့မယ် ဖြစ်ပါတယ်။ ကော်ပြန့်စက်ရုံ ပထမဆုံးစတင်သူဖြစ်ပေမဲ့  ပညာရပ်ကိုသူတစ်ယောက်ထဲ သိမ်းထားမဲ့လူမဟုတ်ပါဘူး။ ပင်လယ်ရေဘယ်မခမ်း ဆိုစကားအတိုင်း စက်မှုလုပ်ငန်းအတွက် လိုအပ်မဲ့စက်ကို တရုပ်ပြည်က ဘယ်လိုမှာရတဲ့အကြောင်း၊ ဘယ်လို တရုပ်ပြည်က စက်ရုံအထိ သွားရောက်ပြင်ဆင်အမှာစာပို့ရတဲ့အကြောင်း၊ အရည်အသွေးကို ဘယ်လိုစစ်ဆေး၊ ထိမ်းကြောင်းရပုံ အားလုံးကို ပွင့်လင်းစွာကူညီ ပညာဖြန့်ဖြူးပေးမယ်ဖြစ်ပါတယ်။


တောင်ငူမြို့မှ ကော်ပြန်ကြော်ဆိုင်
ပုံ(၂) စောတူးတူးဂျိမ်းစ်နဲ့ဇနီးဆရာမ မရော်ထုဂျာ



ကော်ပြန်ကြော်ဆိုင်မှ ကော်ပြန့်စက်ရုံသို့ ဘဝခရီ အမှတ်တရ ဒယ်အိုးကလေးပါ
ပုံ(၃) စောတူးတူးဂျိမ်းနှင့်ပထမဆုံးဒယ်အိုး


မိသားစုတရုပ်၊မြန်မာ၊ကရင် စားသောက်ဆိုင်
ပုံ(၄) ဆိုင်

ဦးရော်နယ်ကို မိတ်ဆက်ပေးဖို့ စောတူးတူးဂျိမ်းရဲ့ Kifam 1,3 cc အမျိုးအစား၊ ပေါင်မုန့်ကားကလေးကို တောင်ငူမြန်မာနှစ်ခြင်းအသင်းတော်က စတင်မောင်းနှင်လာပါတယ်။ ဒီကားကလေးက ဝယ်ထားပြီးနောက် မြန်မာနိုင်ငံအနှံသွားနိုင်ခဲ့ကြောင်း၊ တောင်ငူကနော အောက်မြန်မာပြည် ရန်ကုန်၊ မော်လမြှိုင်၊ ဖားအံ စတဲ့နေရာများစွာ ရောက်ခဲ့ကြောင်း၊ အထက်မြန်မာပြည်ဆို မန္တလေး၊ ဗန်းမော်၊ မြစ်ကြီးနားကနေ ဧရာဝတီ မေခ၊မလိခ မြစ်ဆုံအထိ ဒီကားမောင်းပြီးရောက်ပြီးပြီ ဖြစ်ကြောင်း၊ တရုပ်ဒီဇိုင်းနဲ့ ကားဖြစ်ပေမဲ့ ခိုင်ခန့်မာကြောကြောင်း၊ တခါမှမပြင်ရသေးကြောင်း၊ အဟောင်းဆို သိန်း၅၀၊ အသစ်ဆို သိန်း၈၀ နဲ့ဝယ်နိုင်ကြောင်း၊ ရန်ကုန်၈မိုင်မှာ ခိုင်ခိုင်ကုမ္မဏီက ရောင်းပေးနေကြောင်း၊ မြန်မာပြည် သာဓုကန်မှာ ကားတပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံရှိကြောင်း ပြောပြပါတယ်။

နောက် ဦးရော်နယ်တို့ရဲ့ ဆိုင်နာမည် မိသားစု စားသောက်ဆိုင်လေးကို ရောက်ခဲ့ပါတယ်။ သမီးနှစ်ယောက်၊ သားတစ်ယောက်၊ တစ်ပိုင်တစ်နိုင် စားသောက်ဆိုင် အကြောင်းကို မိတ်ဆက်ပေးပါတယ်။ ကိုရော်နယ် မလေးရှားနိုင်ငံ စားသောက်ဆိုင်မှာ နှစ်၂၀ တိုင်အောင် မိသားစုနဲ့ခွဲခွာပြီး အလုပ်လုပ်ပါတယ်။ ရတဲ့ငွေကို စုဆောင်းပြီး တောင်ငူကို ပြန်ပို့ပေးပါတယ်။ ဇနီးဖြစ်သူက ပို့ပေးတဲ့ငွေနဲ့ သားသမီး၃ယောက်ကို ပညာသင်ရင်း၊ တိုက်အိမ်တစ်ခုဆောက်တာ အခုမြင်ရတဲ့ ၂ထပ်တိုက်အိမ်က ကျနော်အမျိုးသမီး ဆောက်ပေးထားတဲ့နေအိမ်ကြီးဖြစ်ပါတယ်။ ဒါနဲ့ ၂၀၁၃မှာ ကျနော်လည်း အနှစ်၂၀ ဝေးကွာ၊ ခွဲခွာခဲ့ရတဲ့ မိသားစုရှိတဲ့ မြန်မာပြည်ပြန်လာပြီး၊ ဟိုကတည်းက တတ်ကြွမ်းလာတဲ့ စားသောက်ဆိုင်လုပ်ငန်းကို စတင်လုပ်ခဲ့တာ အခုတော့ အောင်မြင်တဲ့အဆင့်ကို ရောက်နေတာ တွေ့ရပါတယ်။

ဦးရော်နယ်ရဲ့ သားအငယ်ဆုံးက ၂၃နှစ်ဆိုတော့ သားအငယ်ဆုံး ၃နှစ်အရွယ် မိသားစုနဲ့ခွဲခွာပြီး မလေးရှားကို အလုပ်သွားလုပ်သူပါ။ အနှစ်၂၀လုံးလုံး တစ်ခေါက်မှ မြန်မာပြည်ကိုပြန်လာမလည်နိုင်ပါဘူး။ အရင်ခေတ်တွေက မလေးရှားရောက်ပြီး မြန်မာပြည်ပြန်လာလည်ဖို့ဆိုတာ အခုခေတ်လိုမလွယ်လှပါဘူး။

ဦးရော်နယ်ရဲ့ အဓိကလုပ်ငန်းကတော့ ပွဲလမ်းသဘင်များ၊ အစိုးရဌာနဆိုင်ရာများကို ထမင်းဟင်းချက် အော်ဒါမှာတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဆိုင်ကလည်း သန့်ရှင်းသပ်ယပ်ပြီး၊ အေးဆေးစွာစားသောက်လို့ရပါတယ်။ ဆရာတူးတူးဂျိမ်းစ်က ခင်ဗျားကြိုက်သလို ချက်ပေးဗျာ။ ဝက်သားကုန်းဘောင်ကြော်နဲ့တုံရမ်းဟင်းချိုတစ်ခွက်၊ ဆရာစောတူးတူးဂျိမ်စ်၊ ဆရာဦးခင်လတ် (မြန်မာနှစ်ခြင်းအသင်းတော် လက်ထောက်သင်းအုပ်နဲ့ တီတီစီ တောင်ငူမြို့ခရစ်ယန်အသင်းတော် ၂၉ခုရဲ့ ဥက္ကဌ ) နဲ့အတူ လူ(၃)ယောက်စားဖို့ ကြိုက်သလိုချက်ပေးဖို့မှာပါတယ်။ လဘက်ထမင်း၊ ငါးထမင်း၊ ကြက်သားထမင်းတွေ ပန်းကန်ထဲလုံးလုံးလေး ပုံစံနဲ့ ထမင်းသုံးပွဲနဲ့ဟင်း၊ ဟင်းချို၊ ငါးပိတို့စရာ၊ အသီးအရွက်များနဲ့ အလွန်စားကောင်းပါတယ်။ တစ်ပွဲကို တစ်ထောင်နဲ့ ကျပ်၅၀၀၀ပဲ ကျသင့်ပါတယ်။ လဘက်ရည်၊ ကော်ဖီနဲ့ အအေးများလည်း သောက်ကြပါတယ်။ ဒါလောက်လဲ ဈေးချိုပြီး မရောင်းပါနဲ့၊ တစ်နှစ်ကို ၂၀% ဈေးတင်ပေးပါ။ မြန်မာပြည်ငွေဖောင်းပွမှုက ၁၇% ရှိတယ်လို့ ဈေးတိုးသတ်မှတ်ဖို့ အားပေးရပါသေးတယ်။ ကရင်အမျိုးသားဖြစ်တဲ့ ဦးရော်နယ်ကတော့ ငွေများများရဖို့ မလုပ်ပါဘူး။ သူ့အတွက် အရင်းကြေ၊ လူတွေစားပျော်ဖို့ အကောင်းဆုံးချက်ပြုတ်ရင်း ပျော်နေပါတယ်။


ဦရော်နယ်နဲ့ဇနီး ဒေါ်အားလားမို မိသားစုစားသောက်ဆိုင်
ပုံ(၅) ဇနီးမောင်နှံပုံ


မိသားစု စားသောက်ဆိုင်၊ တောင်ငူမြို့။
ပုံ(၅) စားသောက်ဆိုင်

တောင်ငူမြို့တွင် ပထမဆုံး စက်ဖြင့်လုပ်တဲ့ ကော်ပြန်အပြားထုတ်စက် ...
ပုံ(၆) ကော်ပြန့်စက်

နောက်ဆုံးတော့ စောတူးတူးဂျိမ်းရဲ့ နေအိမ်၊ ဆိုင်ခမ်းလေးကို ရောက်ရှိပြီး၊ ဆေးခါး (လဘက်ရည်အေး) တိုက်ကြွေးပါတယ်။ ဇနီးချော၊ သဘောကောင်း၊ ယောင်္ကျားကို အမြဲပါရမီဖြည့်ပေးတဲ့သူနဲ့ မိတ်ဆက်ပေးရင်း၊ ထိုင်စကားပြောကြပါတယ်။ သမီးငယ်များ တက္ကသိုလ်ကျောင်းသူ (၃)ဦးတို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပါတယ်။ ကော်ပြန်ထုတ်များကို ဖောက်သည်များလည်း တယောက်ပြီးတစ်ယောက် လာဝယ်ကြပါတယ်။

တောင်ငူကို နောက်တစ်ခေါက်ရောက်ပါဦးမယ်။ တောင်ငူဆည်မြောင်းဦးစီးဌာနနဲ့ တောင်ငူနှစ်ခြင်းအသင်းတော်တို့မှာ TSP Community နည်းပညာဖြန့်ဖြူးရေးသင်တန်းများအတွက် လာရောက်ရင်း၊ တောင်ငူ စက်မှု၊ လက်မှုလုပ်ငန်းများကို အများကြီးလေ့လာရပါဦးမယ်။

စောတူးတူးဂျိမ်းရဲ့ ပထမဆုံး တောင်ငူကော်ပြန်စက်ကို တရုပ်ပြည် ဘီဂျင်းမြို့က ထုတ်လုပ်ပါတယ်။ အဲဒီစက်ကို စံနမူနာယူပြီး မြန်မာပြည်တွင်းပညာရှင်များနဲ့ပဲ မြန်မာပြည်မှာ တစ်ပုံစံတည်းထုတ်လုပ်ဖို့ ကျနော်တို့အမြန်ဆုံးကြိုးစားပါမယ်။ မြန်မာစက်မှုအတတ်ပညာရှင်များက အတုမြင်အတတ်သင် တရုပ်စက်မှုပညာရှင်များထက် မသာတောင် မညံ့ပါဘူး။

ဒါကြောင့်စောတူးတူးဂျိမ်းစ် (ဆရာစောတူးတူးဂျိမ်းစ်) ရဲ့ ကော်ပြန်လုပ်ငန်းအကြောင်း အနည်းငယ်တင်ပြရင်း မြန်မာစိတ်ရင်းကောင်းသူတစ်ဦး Myanmar Good Attitude အဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။ ဇော်အောင်(မုံရွာ)

ကိုးကားချက် Webpage
http://murann.com/stories/kaw.pyant.sawtutu-james.htm

အကြားအမြင် ဗေဒင်ဆရာမ ဒေါ်ဆွေဆွေဝင်း (ခ) အီးတီ၊ အသက် (၅၈ နှစ်)


အကြားအမြင် ဗေဒင်ဆရာမ ဒေါ်ဆွေဆွေဝင်း (ခ) အီးတီ၊ အသက် (၅၈ နှစ်) သည် ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၄ နာရီ ၂၀ မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသည်။ ကွယ်လွန်သူအား စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရေဝေးသုဿ....ာန်၌
သင်္ဂြိုဟ်၍ ဂူသွင်းမြှုပ်နှံမည်ဖြစ်ကြောင်း သိရှိရပါသည်။

သူအသက်ရှင်စဉ်ကတော့ အရင်စစ်အစိုးရခေါင်းဆောင်တွေရော၊ အရှေ့တောင်အာရှက ခေါင်းဆောင်တွေပါ လာမေးကြရတဲ့အထိ လျှမ်းလျှမ်းတောက်ပဲ။

==========================

မိသားစု အရင်းအခြာ အလား ချစ်ခင်​​လေးစားရပါ​သော  ​အန်​တီ​ဆွေ(အကြားအမြင်​ဆရာမအီးတီ) ယ​​နေ့ မနက် ​၄ နာရီ ၂၀ (စက်တင်ဘာ ၁၀ ရက်) တွင် ကွ​​​​ယ်​လွန်​ခြင်းအတွက်​ ၀မ်းနည်းစွာဖြင့်​.....
✏ ✏ ✏ ✏
She was born in puzzling Nature & died in mystery!
လူ​လောကထဲပ​ဟေဌိဆန်​စွာ ​ရောက်​လာခဲ့သူ (သို့မဟုတ်​) အကြားအမြင်​ဆရာမ အီးတီ

My deep sympathies towards  early depart of Aunty Swe (Highly-regarded Fortune Teller ET of South -East Asia,Founder of ET Humanitarian Foundation, Grand daughter of U Pé who was one of the very first Myanmar Independant Activists members "Pé Pu Shein, niece of Ex Cartoonist U Pé Thein.)
She died this early morning at 4:20 am (Myanmar Standard Time).
 We cannot believe yet that she passed away.
 We met in our turning point of lives and had several memories together sharing between us.
May you be in peaceful haven of deities.

 May finally get success in your ongoing merits and efforts  dedicating to unfortunate Win & Zaw ,  defendants Koh Tao verdicts for their hopes to get justice due to the unfair, fabricated, imprisonned in Bang Kwang Central Prison in Thailand with groundless accusations. When they look forward to hear their release, ET tried harder for their amnesty will notably historic.

အ​​ရှေ့​​တောင် ​အာရှနှင့်ထိုင်းနိုင်​ငံတို့ တွင်​ လူသိများ​သော အကြားအမြင်​ဆရာမ​ဒေါ်​ဆွေ​ဆွေဝင်း(အီိးတီ)သည်​ ယ​နေ့မနက်​ ၄နာရီ ၃၀ မိနစ်​တွင်​ ​နေအိမ်​ တွင်​ကွယ်​လွန်​သွား​ကြောင်း ကြားသိရ သည့် အတွက်ဝ​​မ်းနည်း​ကြေကွဲံခြင်းခြင်းမဆုံး ဖြစ်​ရပါသည်​၊ အန်​​တီဆွေသည်​ အီးတီ​ဖောင်​​ဒေးရှင်းကိုထူ​ထောင်​ပြီး မျက်​သိ​ဝေဒနာသည်​များအားအခမုဲ့မျက်လုံးးခွဲစိတ်​​ ပေးခြင်း၊နှင်​ပြရဟိတများကို ပြုလုပ်​လျက်​ရှိပြီးထိုင်းနိုင်​ငံခိုထိုင်းကျွံန်း(လိပ်ကျွနိး)တွ​င်
နိုင်​ငံခြားသားခရီးသွားစုံတွဲ ​အသတ်​ခံခြင်း နှင့်
ပတ်​သက်​ပြီး မသင်္ကာ မှုဖြင့်​ ဘမ်​ပွမ်​ဗဟို
အကျဉ်း​ထောင်​တွင်​ ၂ နှစ်​​ကျော်​ကြာ ​ထောင်​သွင်းအကျဉ်းချခံထားရ ပြီး ​သေမိန့်​ ချမှတ်​ခံရဖွယ်​ ရှိသူများ ဖြစ်​ရာ အ​ခြေအမြစ်​မရှိ​စွပ်
စွဲ ဖမ်းဆီးခံရ​သော ၀င်းနဲ့​ဖော်​တို​ စွပ်​စွဲ
အကျဉ်းချခံရ​သောအမှုမှလွတ်​​မြောက်​​ရေး
အတွက်​ ​ဒေါ်​ဆွေ​ဆွေဝင်း(အီးတီ)သည်​ အစွမ့်းကုန်​ကြိုးပမ်း​နေဆဲ ​ဆုံးပါးသွားခြင်းသည်​ဆုံး
ရှုံးမှု ကြီးးပင်​ဖြစ်​သည်​။

သို့​သော်​ အန်​တီ​ဆွေ(ET)၏ ၀င်းနှင့် ဇော်​ကို ကယ်​တင်​​ရေး စွမ်း​ဆောင်​ခြင်း စိတ်ေ​စတနာ သည်​ကား သမိုင်း တွင်​ရစ်​ မည်​ပင်​။

အန်​တီ​ဆွေ ​ကောင်းမြတ်​ရာဘုံဘ၀သို့
ရောက်​ရှိပါ​စေဆု​တောင်းလျက်​။ ။

ဂါရဝဖြင့်
ကိုမျိုး(မြန်​မာစာ) ၊
ရည်​မွန်​(ယဉ်​​ကျေးမှုတက္ကသိုလ်​)
သမီး​လေး မြတ်​ပန်း​ဖွေး
ဓာတ်ပုံ - Myo Myint Myint

သရုပ်ဆောင် စည်ဖြိုးရဲ့ အဒေါ် နာမည်ကျော် အကြားအမြင်ဆရာမ အီးတီ ကွယ်လွန်
----------------------------------

မြန်မာနိုင်ငံမှ ထိပ်တန်းပုဂ္ဂိုလ်များသာမက ပြည်ပနိုင်ငံများကပါ လေးစားယုံကြည်ကြတဲ့ အကြားအမြင်ဆရာမ အီးတီ(ခေါ်) ဒေါ်ဆွေဆွေဝင်း အသက်(၅၈)နှစ် သည် ယနေ့ (စက်တင်ဘာလ ၁ဝ ရက်) နံနက်(၄:၂၀)နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။ ဆရာမအီးတီက သရုပ်ဆောင် စည်ဖြိုးရဲ့ အဒေါ်တစ်ယောက်လည်းဖြစ်သည်။

ဆရာမသည် ထူးခြားသော အကြားအမြင်ရ ပုဂ္ဂုလ်တစ်ဦးဖြစ်ကာ ပရဟိတလုပ်ငန်းနှင် အလှူအတန်းများစွာကိုလည်း အဆက်မပြတ် အင်တိုက် အားတိုက်ပြုလုပ်ခဲ့သူ ဖြစ်သည်။

မြန်မာ့နိုင်ငံရေးလောကမှာ ထင်ရှားခဲ့သော”ဖေ ပု ရှိန်”အဖွဲ့မှ ဦးထွန်းရှိန်၏မြေးဖြစ်သူ၊ ကာတွန်းဆရာကြီးဦးဖေသိန်း၏ တူမဖြစ်သူ အကြားအမြင်ပါရမီရှင်သာသနာပြုလူသားတို့အား ကယ်တင်ပေးနေသူ ဟုလည်း သိရသည်။

ဒီအကြောင်းကို နာရေးကူညီမှုအသင်း၏ ဥက္ကဌ ဦးကျော်သူက

‘’ ဆရာမETအတွက် ထွက်ပေါက်ကား ပြောဖွယ်ရာမလိုတော့ပေ။ လူသားပေါင်းများစွာကို ကယ်တင်ခဲ့ကာ အလှူအတန်းများစွာ ပြုလုပ်၍ သာသနာကို ကြီးကျယ်မြင့်မြတ်စွာ ထမ်းရွက်လှူဒါန်းမှုကား များပြားသည်နှင့်အညီ အကောင်းဆုံး အမြင့်မြတ်ဆုံးထွက်ပေါက်သို့ လျှောက်လှမ်းတော့မည် ဖြစ်ပေတော့သည်။’’ ဟု မှတ်ချက်ပြု ထားသည်ကိုလည်း တွေ့ရသည်။

ဆရာမ အီးတီက တစ်ချိန်က ကျော်သူရဲ့ ဇာတာကို တွက်ချက်ပေးခဲ့ဖူးသည်ဟု သိရသည်။ ကျော်သူက သူ့ဘဝတစ်လျှောက်လုံး  နေရာတိုင်း ဖြစ်ရပ်တိုင်းမှာ သတိတရာား ရှိရှိဖြင့် နေထိုင်လျှက်ရှိပါကြောင်းလည်း တမလွန်မြင့်မြတ်သော ဘုံရောက် ဆရာမ အီးတီကို ကတိပေးပါသည်ဟု ရေးသားထားသည်။

ဆရာမအီးတီက အရင်တည်း အကြားအမြင်လောကမှာ နှစ်ပေါင်းများစွာ နာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။ ထိုင်းနှင့် အခြားနိုင်ငံမှ သူဌေးကြီးများကလည်း  လာရောက် မေးမြန်းကြသည်ဟု သိရသည်။

လွန်ခဲ့သည့် မေလ ၃ ရက်နေ့က ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့မှာ တူဖြစ်သူ မင်းသား စည်ဖြိုးနှင့်အတူ လိပ်ကျွန်းလူသတ်မှုအတွက် မတရားဖမ်းဆီးခံနေရသော မြန်မာလူငယ်နှစ်ဦးတွက် ဆန္ဒပြခဲ့ရာတွင် အွန်လိုင်းပေါ်ရှိ လူငယ်များအကြား အသိများလာခဲ့သည်။

ခရက်ဒစ် - ဦးကျော်သူ ( နာရေးကူညီမှုအသင်း )

#MyMediaMyanmar