Sunday, November 19, 2017

ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ရိုက်နှိပ်ရေးအဆိုနှင့်ပတ်သက်၍ 2017



My Dear Friend.
He is our LUYECHUN
Comments
Ko Nyan Myat Htet အမှန်ဆုံးသုံးသပ်ချက်ပါ
Manage



(အသံကောင်းဟစ်နေတာ)
အရင်ပိုက်ဆံတွေ
ရိုက်ချင်တိုင်းရိုက်နေတော့
အပေါက်တွေပိတ်နေတယ်။
ခြင်္သေ့အောက်မှာ စီးကရက်ကြီး
လှဲထားတာရိုးသားသလား
အောက်တန်းစားတွေ ။
" စုကြည်" ကို နာမ်နှိမ်တာ။
Comments
U Ko Sun ဟုတ်ပ, ခုမှသေသေချာချာကြည့်မိတော့တယ်။
ဘယ်လိုဆရာကောင်းတွေရဲ့တပည့်ပါလိမ့်။


Reply
2
22 hrs
Manage
Naung Naung ကျတော်လဲအဲဒါပဲစဉ်းစားမရဖြစ်နေတယ်သူတို့လှဲချင်တိုင်းလှဲတုန်းကတော့ဘာစောက်အသံမှမထွက်ဘူး

Reply
10
22 hrs
Manage
Min Aung Khaing စောက်သံလို့ မပြောရဘူးလေ ..ရိုင်းတာပေါ့.. ဟောင်သံ ပြောပါ

Reply
25
22 hrs
Manage
Win Thein Myint ကိုမင်းအောင်ခိုင်ရေ-
ကြိုက်တယ်ဗျာ- ရေးချက်ကတော့
ထိမှထိ- မိမှမိ
...See More


Reply
2
18 hrs
Manage
Min Aung Khaing ဝမ်းသာကျေးဇူးအထူးတင်

Reply
1
10 hrs
Manage
Victor Se Thu ကျောက် ဖြာကြီး မဟုတ်ဘူးလား

Reply
2
19 hrs
Manage
Min Aung Khaing ရောချတာပေါ့ ကျောက်ဖျာ ကာလာ နှစ်ပိုင်းကွဲစရာမှမလိုတာ

Reply
5
19 hrs


အခွက်ပြောင်သော
တလွဲ သစ္စာ တော်ခံ
ရုပ်သေးရုပ်များ
=============
အံ့ဘွယ်သုတ
မြန်မာ့တပ်မတော်
ကိုယ်စားလှယ်အကျော်အမော်များ၊
လူလိုလူကို မလေးစား
ဆင်နဲ့ခြင်္သေ့ကို လေးစားကြသူများ။
Comments
Maung Kyaw Kyaw Soe ထောင်ခြေက် နင်းမိပြီ။
Manage
Maung Kyaw Kyaw Soe မြောင်းထဲ ဆင်းပြီ စစ်တပ်။
Manage
Khin Maung သူတို့လဲအပြစ်မတင်ချင်ပါဖူ
အဖေရင်းမရှိ တော့ ပထွေးနဲ့ပဲမွေးကထဲနေလာကြတာဆိုတော့ ပထွေးပဲ အဖေရင်းထင်နေမှာပေါ့

Manage
Maung Moe မြန်​မာ့သမိုင်း တပ်​မ​တော်​သမိုင်း မှာ မှတ်​​ကျောက်​တင်​သွားပါပြီ၊ ဘာလဲ ဘယ်​လဲ၊ ​ကျေးဇူးတရားဆိုတာ မှိုတက်​ပဲဟင်း တစ်​ခွက်​​လောက်​မှ တန်​ဖိုးမရှိတဲ့သ​ဘော။
ဦးသိန်းစိန်လက်ထက်ကလည်း အဆိုတင်ခဲ့တယ်။ ပယ်ချခံရတယ်။
အခု ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ထပ်မံအဆိုတင်တော့ မဲခွဲအတည်ပြုပါတယ်။ တပ်မတော် ၂၅% ကန့်ကွက်တယ်။ ကုန်ကျစ၇ိတ်များလို့ အခုချိန်မှာ မသင့်လျော်သေးပါ ..တဲ့။  ၁သိန်းတန်ပဲ ထုတ်ဖို့ အဆိုပြုပါတယ်။ သူဌေးတွေ ဗိုလ်ချုပ်ကို အမြဲမြင်၇အောင်ပေါ့..


Soe Tun
" ဆဲ​တော့ဆဲကြ ကိုယ်​လဒူဖြစ်​တာ​တော့ လူမသိ​စေနဲ့  "
" လှည့်​လည်​သုံးစွဲလျက်​ရှိ​သော ​ငွေစက္ကူ Denomination တခုကို အပြည့်​အဝလဲလှယ်​​ပေးနိုင်​ရန်​အတွက်​ ရိုက်​နှိပ်​သို​လှောင်​ရမည်​ဆိုပါက ဘီလျံ၁၀၀ခန့်​ ကုန်​ကျမည်​ဖြစ်​ပါ​ကြောင်း
အားလုံးအသုံးများသည့်​ Denominations များအတွက်​ ဆိုပါက ဘီလျံ ၃၀၀ ခန့်​ ကုန်​ကျမည်​ ဖြစ်​ပါ​ကြောင်း " ( ခုလို စီးပွား​ရေးကျ​နေပုံနဲ့ ဒီထက်​ပိုကုန်​ဖွယ်​သာရှိတယ်​ )
(လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဦးအောင်ခင်ဝင်း၏ အဆိုကို ထောက်ခံဆွေးနွေးခဲ့ပြီး ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းကလည်း ထောက်ခံကြောင်းဆွေးနွေးခဲ့သော်လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မြန်မာ့စီးပွားရေးကျနေသည့် လက်ရှိအချိန်တွင် မသင့်လျော်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။“
ငွေကြေးစနစ်ကို ပြောင်းလဲရာတွင် ငွေကြေးပေါ်မှ အမှတ်တံဆိပ်ထက် ငွေကြေးစနစ်ကို ပို၍ခိုင်မာအောင်လုပ်ခြင်းက အဓိကကျပါတယ်”ဟု တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်မင်းလှိုင်က ကန့်ကွက်ဆွေးနွေးခဲ့သည်။
ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ရိုက်နှိပ်ရေးအဆိုနှင့်ပတ်သက်၍ အရပ်သားလွှတ်တော် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပုဒ်များကို ဖော်ထုတ်၍ ဆွေးနွေးခဲ့သော်လည်း စီးပွားရေးရူထောင့်မှ ဆွေးနွေးခဲ့ခြင်းမရှိချေ)

LikeShow more reactions
Comment
Comments
Phyo Wai Win အကိုရေ ပုံယူသွားတယ်။
Remove
Min Phay Thein လုပ်ကြ လုပ်ကြ
Remove
ရဲ ရင့် စိတ်လေတယ် ဗျာ
Remove
M Zaw Aung ၁သိန်းတန်ပဲ အရင်ထုတ်ပြီး သူဌေးတွေ ဗိုလ်ချုပ်အောင်ဆန်း ပိုထိတွေ့နိုင်မယ်....
လျှပ်စစ် ဌာနမှာ ရိုက်စားနေသူများကြောင့် တစ်နှစ်ကို ဘီလျံ ၁၀၀၀ ကျော် နှစ်စဉ်ရှုံးနေတာထက်စာရင် ဗိုလ်ချုပ်ခေါင်းနဲ့ ပိုက်ဆံထုတ်လို့ ဘီလျံ၁၀၀ ကုန်မယ်ဆိုတာ နတ်သင်းပါပဲ။ ဒါကြောင့် လျှပ်စစ်ဆုံးရှုံးမှုကို နောက်နှစ်မှာ ဖာထေးနိုင်ရင် (စကားဝါးနေသူများကို ဖယ်ရှားနိုင်ရင်) ငွေ ဘီလျံ၁၀၀ အေးအေးဆေးဆေး ထွက်လာမယ်။ နောက်တစ်ခုက လ.၀.က၊ က.ည.န၊ ယာဉ်ထိန်းရဲ ဒဏ်ကြေးတွေကို ခြမစားပဲ အစိုးရပဲရအောင် လုပ်နိုင်ရင် ဘီလျံထောင်ချီ ရမယ်၊ ၀န်ထမ်းတွေကို ဘောနပ်စ်ပေးနိုင်မယ်.. အခုတော့ လုပ်ပိုင်ခွင့်ရတဲ့ဝန်ထမ်းတွေပဲ နင်းကန်ရနေပြီး ဗိုလ်ချုပ်ခေါင်းနဲ့ ငွေစက္ကူ ရိုက်ဖို့လဲ ပိုက်ဆံမရှိ ဖြစ်နေတယ်။ .. လူတိုင်း ခြစားစိတ်ဓါတ်ရှိတယ်.. မိမိပဲ ပြင်ဆင်ဖို့ပါပဲဗျာ...


ReplyJust now





Development သမားဖြစ်နိုင်သူတွေက ၁၉၆၂ ကတည်းက သင်းသတ်ခံလိုက်ရပြီလို့ထင်ပါတယ်။
Ye Myat Thu added 2 new photos.
အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူဆိုတာ အမြဲပြည်ပထွက်နေသူတွေအတွက် ရင်းနှီး ပြီးသား note တခုပါဘဲ။ အဲဒီမှာ ပါတဲ့ ငွေစက္ကူပေါ်က ဂုဏ်ပြုခံ ပုဂ္ဂိုလ်ကြီး ကို တစ်ချို့ တွေက သမတ တစ်ဦး တော်လှန်ရေးခေါင်းဆောင် စသည်ဖြင့် ထင်ကြတာများတယ်။ တကယ်တော့ သူက Benjamin Franklin ဆိုသူဖြစ်ပြီး စာရေးဆရာ သိပ္ပံပညာရှင် နိုင်ငံရေးသမား တီထွင်ဖန်တီးသူ ရူပဗေဒ ပညာရှင် ဖြစ်ပါတယ်။ မိုးကြိုးလွဲနဲ့ပတ်သက်ပြီး နာမည်ကြီးခဲ့တယ် လူမှု့ရေး အဖွဲ့အစည်းတွေ ဖွဲ့စည်းရာမှာလည်းနာမည်ကြီးသလို သတင်းစာ အယ်ဒီတာတစ်ဦးလည်းဖြစ်ခဲ့တယ် University of Pennsylvania တက္ကသိုလ်တည်ထောင်ရာမှာ ပါခဲ့တယ်။ စာအုပ်တွေ ထုတ်ဝေခဲ့တယ်။ ပြောရရင် တိုင်းပြည်ကို မျက်စေ့ဖွင့် အလင်းရောင်ပေးခဲ့တဲ့ Developement ကို ဖြစ်အောင်လုပ်ပေးခဲ့တဲ့သူပါ။ အမေရိကန်ငွေစက္ကူတွေပေါ်မှာ သမတတွေ နဲ့အတူ ပါနေတဲ့နောက်တစ်ဦးကတော့ Alexander Hamilton ပါ။ ၁၀ဒေါ်လာတန် ငွေစက္ကူပေါ်ပါတာဖြစ်ပြီး အခြေခံဥပဒေကို လူသိများအောင်လက်ခံအောင်လုပ်ခဲ့ သူဖြစ်ပြီး အမျိုးသားငွေကြေးအဖွဲ့အစည်း စနစ် the nation's financial system ကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ economic policies တွေကို အဓိက ရေးသားခဲ့သူဖြစ်ပြီး ငွေရေးကြးရးဘဏ္ဍာရေး ကိစ္စတွေကို ကိုင်တွယ် လုပ်ဆောင်နိုင်ခဲ့သူပါ။
ဂျပန်မှာလည်း အမေရိကန်လိုပါဘဲ တန်ဘိုး အရှိဆုံး ငွေစက္ကူယန်း တစ်သောင်းတန်ပေါ်မှာ ဂုဏ်ပြုဖော်ပြခြင်းခံရသူကတော့ Fukuzawa Yukichi ပါသူဟာ နိုင်ငံခေါင်းဆောင် တစ်ဦးမဟုတ်ဘဲ ယနေ့ကမ္ဘာကျော် Keio University ကို တည်ထောင်ခဲ့တဲ့ စာရေးဆရာ စီးပွားရေးပညာရှင်တစ်ဦးပါ။ ဂျပန်နိုင်ငံကို Economic ပညာ ရောက်ရှိပြန့်ပွားအောင် စတင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး သူ စာစသင်တဲ့ ကျူရှင် ကလေးက အခု တက္ကသိုလ်ဖြစ်လာတာပါ။ မီဂျီခေတ်က ဂျပန်တွေကို တကယ်ပြုပြင်ပြောင်းလဲရေးလုပ်ပေးနိုင်ခဲ့တဲ့ Developement ကို ဖန်တီးနိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဂျပန်မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ series E(2004) မှာ သူတင်မကဘဲ ယန်း ၅၀၀၀ တန်မှာ ပါတဲ့ Ichiyō Higuchi ဆိုရင်လည်း ပြည်သူကို လွမ်းမိုးမှု့ရှိတဲ့ အသိပညာအလင်းဖွင့်ပေးနိုင်ခဲ့ တဲ့ အမျိုးသမီး စာရေးဆရာမတစ်ဦးပါဘဲ။ ဒီစီးရီးမှာဘဲ ယန်း ၁၀၀၀ မှာပါတဲ့ Hideyo Noguchi က တော့ သိပ္ပံပညာရှင် bacteriologist တစ်ဦးဖြစ်ပါတယ်။ ပြောရရင်ဒီ စီးရီးမှာ နိုင်ငံခေါင်းဆောင်တွေ မင်းစိုးရာဇာတွေ မပါတော့ပါဘူး။သူအရင် series D တုန်းကလည်း ယန်းတစ်သောင်းတန်က လက်ရှိသူပါဘဲ။ ယန်း ငါးထောင်တန်မှာတော့ Japanese agricultural economist, author, educator, diplomat, politician ဖြစ်တဲ့ Nitobe Inazō ကို ဂုဏ်ပြုထားပါတယ်။ နောက်ဆုံး ယန်း ၁၀၀၀ တန်မှာ တော့ Natsume Sōseki ဆိုတဲ့ နိုဗယ်ဆုရ စာရေးဆရာ ပုံကို သုံးထားပါတယ်။ ဒီအရင်တွေမှာတော့ တန်ဘိုးနဲငွေစက္ကူတွေမှာ နိုင်ငံခေါင်းတောင်တွေ သုံးထားတာ ရှိပေမဲ့ အကြီးဆုံး ယန်း တစ်သောင်း ကို တော့ ပုဂံခေတ်ထက်စောတဲ့ ၇ ရာစုက နိုင်ငံတည်ထောင်တဲ့ Prince Shōtoku ပုံ တင်ထားခဲ့ဘူးပါတယ်။ အဲဒီခေတ်နောက်ပိုင်း ထပ်မရှိတာကို က မြန်မာပြည်လို ပထမဂျပန် ဒုတိယဂျပန် မရှိခဲ့သလိ ခံစားမိခဲ့ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာတော့ တိုင်းပြည်ကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံသုံးခဲ့တာဟာ လက်ရုံးရည်ရောနှလုံးရည်ရော ပြည်စုံလို့ လက်ခံနိုင်ပေမဲ့ ကျန်တဲ့ ငွေစက္ကူပေါ်က လူပုဂ္ဂိုလ်တွေဟာ တော်လှန်ရေးဘဲလုပ်ခဲ့တဲ့ သခင်ဖိုးလှကြီးတို့ ဆရာစံတို့ဖြစ်နေပါတယ်။ ဖိနှိပ်မှု့ရှိချိန်မှာ တွန်းလှန်ဖို့ လိုအပ်ပေမဲ့ ကျွန်တော်တို့ သမိုင်းဟာ တွန်းလှန်နေရတဲ့ တော်လှန်ရေးတွေနဲ့ဘဲ အချိန်ကုန်နေသလို ခံစားမိပါတယ်။
ပထမမြန်မာနိုင်ငံ အနော်ရထာဘုရင်ကြီးလည်း ပျက်စီးနေတဲ့ နိုင်ငံတော်ကို ပြန်လည်းတည်ဆောက်ခဲ့တယ် ၁၀ရာစု ဝန်းကျင်မှာမို့ ဂျပန် က ၇ ရာစု ထက်နောက်ကျတယ်လို့ တွေးထင်မိတယ် နောက်ပိုင်း ဒုတိယ မြန်မာနိုင်ငံ တတိယမြန်မာနိုင်ငံတွေလည်း ပျက်လိုက် ပြန်တည်ထောင်လိုက် တဲ့ တော်လှန်ရေးတွေများနေပြီး တိုင်းပြည်တည်ဆောက်မှု့ Developement ဆိုတာတွေ ကို မလုပ်နိုင်ခဲ့ကြလို့ ခဏခဏ ပြန်ပြိုလေသလားလို့ တွေးမိတယ်။
ငယ်ငယ်က သင်ရတဲ့ ပညာရေးမှာ တော်လှန်ရေးကောင်စီအစိုးရမို့လားမသိဘူး သမိုင်းတွေ မှာ လည်း တော်လှန်ရေးကို အသားပေးတယ် ဇာဘုရင်ဆိုးကို တော်လှန်တဲ့ ရုရှား ဗော်ရှိဗစ်တွေ မင်ရှိဗစ်တွေ နိုင်ငံပေါင်းစုံက တော်လှန်ရေးသမားတွေကို အသားပေးရေးတယ်။ ဘုရင်းစနစ်ဖြုတ်ချတဲ့ လစ်ဗျားမှာ အင်္ဂလန်ပြန်ပညာတတ် ဘာသာရေးကိုင်းရှိုင်းသူ ကဒါဖီးရဲ့ ဘုန်းတော်ဘွဲ့ကို ဆိုရှယ်လစ်ခေတ်က ထုတ်ဝေခဲ့တဲ့ မြန်မာစွယ်စုံကျမ်း အနှစ်ချုပ် ၁၉၇၈ မှာ အတော်မွန်းထားတာတွေ့တယ်။ အလားတူ တကယ်ဖိနှိပ်မှု့တွေကို အသက်စွန့်တော်လှန်သူတွေ ကို ကျေးဇူးတင်ပေမဲ့ သူတို့ နိုင်ငံတွေမှာ အချိန်ကြာလို့ ခေတ်တစ်ခေတ်ရောက်လာချိန်မှာ ကိုယ်ပြည်လိုဘဲ မအောင်မြင်ကြဘဲ ဘယ်မှမရောက်ခဲ့ကြတာတွေ့ရတယ်။
တကယ် ထိပ်တန်းရောက်နေတဲ့ အမေရိကန်လို ဂျပန်လို လူဆိုးလက်က လွတ်အောင်လုပ်သူတွေ တင်မကဘဲ တိုင်းသူပြည်သားအများစုကို ပညာတတ်လာအောင် စီးပွားဖြစ်လာအောင် အသိပညာ ဉာဏ်အလင်း ရအောင် လုပ်ခဲ့တဲ့ Developement သမားတွေကို နေရာမပေးခဲ့ကြ ဂုဏ်မပြုခဲ့ကြလို့ ဘဲလို့ မြင်မိတယ်။ တကယ် လူထုပို လွှမ်းမိုးပြီး အသိဉာဏ်ပေးနိုင်တဲ့ စာရေးဆရာတွေ လူထုခေါင်းဆောင်တွေ လူသားတွေအတွက် ရှာဖွေတွေ့ရှိနိုင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကို နေရာပေးတန်ဘိုးထား မှု့တွေ မရှိတဲ့နိုင်ငံတွေမှာတော့ ဖိနှိပ်ခံလိုက် ကယ်တင်လိုက် နောက်လူလုပ်တာခံရလိုက် တော်လှန်လိုက်ကြနဲ့ ဘဲ တိုးတက်မှု့ဆီကို ဖောက်မထွက်နိုင်ကြဘူး။
ကိုယ်နိုင်ငံကို ပြန်ကြည့်မိတော့လည်း ဒီလိုသံသရာတွေထဲကနေမလွတ်သေးဘဲ Developement လုပ်ချိန်ကို မရသေးတာ တွေ့ရသလို လူထုပို အလင်းပေးနိုင်သူတွေကို အာဏာရနေသူတွေက နေရာမပေး မမြှောက်စားတဲ့အပြင် ဖိနှိပ်ချုပ်ချယ်ထားဆီးတာတွေ ယနေ့တိုင်များနေသလို ခံစားရတယ်။
အများစုကလည်း တိုးတက်အောင်လုပ်သူတွေကို အားကိုးဖို့ထက် အဆိုးကို တွန်းလှန်မဲ့သူတွေ ရန်သူကို ချမည့်သူတွေ တွန်းလှန်ရဲသူတွေကို ဘဲ သူရဲကောင်းလို့ ကိုယ်နိုင်ငံက ပြည်သူတွေ ကသတ်မှတ်ထားတယ်။ ဆင်းရဲမွဲတေမှု့တွေလွတ်အောင် သာယာဝပြောအောင် ငြိမ်းချမ်းအောင် စီးပွားတက်အောင် ပညာတက်အောင် လုပ်ကြဖို့ တစ်ပြည်လုံးလိုနေချိန်မှာ အခုပြောတဲ့ နိုင်ငံကြီးတွေ မှာလို မှတ်တန်းတင်သင့်တဲ့ ငွေစက္ကူပေါ်ရောက်သင့်တဲ့ ကိုယ်နိုင်ငံက စာရေးဆရာတွေ စီးပွားရေးပညာရှင်တွေ သိပ္ပံပညာရှင်တွေကို တန်းတမျှော်လင်းရင်း Revolution ထက် Developement ကို ပိုလုပ်နိုင်သူတွေနဲ့ ပိုတန်ဘိုးထားလာတဲ့လူထုကြီးကို မျှော်မှန်း တွေးဆရင်း အနာဂတ်ကို မရဲတရဲ မျှော်ကြည့်နေမိပါတယ်။

No comments:

Post a Comment