Friday, December 21, 2018
"ဒေါက်တာကြည်မို့မို့လွင် (သို့မဟုတ်) ဇီးပင်ကြီးသူရဲကောင်း" ကြီးနှစ်ကြီး
"ဒေါက်တာကြည်မို့မို့လွင် (သို့မဟုတ်) ဇီးပင်ကြီးသူရဲကောင်း"
ကြီးနှစ်ကြီး
မြန်မာနိုင်ငံတွင် ဝန်ထမ်းများအကြားရေပန်းစားသော ကြီးနှစ်ကြီးရှိသည်။ ဖောင်ကြီးနှင့် ဇီးပင်ကြီး။ ထိုကြီးနှစ်ကြီးကို ကျော်ဖြတ်ပြီးမှသာ ဝန်ထမ်းများအဖို့ရာ ဝန်ထမ်းဘဝရာထူးတိုး သို့မဟုတ် ဝန်ထမ်းအဖြစ် ခန့်အပ်ခံရရေးကို အစဉ်းစားခံရပေမည်။ ထိုကြီးနှစ်ကြီးကို မဖြတ်မနေရ။ ပြည်ထောင်စု(သမ္မတ)မြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ဖွင့်လှစ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)။ ဝန်ထမ်းအများစုကတော့ ဖောင်ကြီးနှင့် ဇီးပင်ကြီးဟုပင် လွယ်လွယ်အမှတ်သညာပြုထားကြသည်။
ထိုအချိန်
အချိန်ကာလကား ၂ဝ၁ဝ ခုနှစ်။ အာဏာရှင်စနစ်ကို ရွံမုန်းသူ ပြည်သူလူထုကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခဲ့သော အထွေထွေရွေးကောက်ပွဲကျင်းပရာ ကာလ။ ထိုရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်စွာပင် ဇီးပင်ကြီး ခေါ် ပြင်ဦးလွင်မြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဒေါက်တာကြည်မို့မို့လွင်သည် သူ၏ ဆရာဝန်ဝန်ထမ်းဘဝကို ဇီးပင်ကြီးသင်တန်းသားအဖြစ်နှင့် ဖြတ်သန်းနေခဲ့ရသည်။ သင်တန်းမှာ ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာ (၇)ရက်နေ့မှ ဒီဇင်ဘာ (၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၃၃)။
ဒေါက်တာကြည်မို့မို့လွင်တို့လို လက်ထောက်ဆရာဝန်အဆင့်များအပါအဝင် အခြားဝန်ကြီးဌာနများမှ ဦးစီးအရာရှိအဆင့်များသည် "ဇေယျ" ဟူသော အမည်အောက်တွင် တစ်စုတစ်စည်းတည်း သင်တန်းတက်ကြရသည်။ ထိုအချိန်က ဆရာဝန်များအဖို့ ထိုသင်တန်းဆင်းလက်မှတ်ရမှသာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရှိသည်။ (ယခုအခါ၌မူ ထိုသင်တန်းပြီးမှသာ ဝန်ထမ်းဆရာဝန်ဖြစ်ခွင့်ရှိတော့သည်။) အခြားဝန်ကြီးဌာနများမှ ဦးစီးအရာရှိများအဖို့ရာလည်း ထို့အတူပင်။ ထိုသင်တန်းပြီးမှသာ ရာထူးတိုး အစဉ်းစားခံရမည်ဖြစ်သည်။ ဇေယျအပြင် ဗလ၊ သူရိန်၊ အကြိုဇေယျ၊ မဟာဇေယျ စသဖြင့် ဝန်ထမ်းရာထူးအဆင့်ဆင့်အတွက် အမည်အမျိုးမျိုးပေးထားသော သင်တန်းများရှိသည်။ သင်တန်းတက်ရသည်က ဇေယျအဖို့ (၃)လ။
ဘာတွေသင်
ဇီးပင်ကြီးက သင်တန်းဆရာများကတော့ စာသင်တာမဟုတ်ပါ၊ ဆွေးနွေးတာပါဟု ပြော၍ သမိုင်း၊ နိုင်ငံရေး၊ မွေးမြူရေး၊ စီမံခန့်ခွဲရေး အစရှိသည်ကို နည်းနည်းစီ သင်ကြားပို့ချကြသည်။ သို့သော် သမိုင်းနှင့်နိုင်ငံရေးသင်ခန်းစာများမှာ စစ်အာဏာရှင် သတင်းစာဆောင်းပါးများ၏ အာဘော်များနှင့် သိပ်မကွာလှ။ ထိုအချိန်က ခေတ်စားနေသည့် The Voice ဂျာနယ် ဝါဒများကိုလည်း ပို့ချကြသည်။ သင်တန်းသူတစ်ဦးနှင့် သင်တန်းသားတစ်ဦးက ခေါင်းစဉ်တစ်ခုအတွက် စင်ပေါ်တက်၍ အလှည့်ကျ ဟောကြားဆွေးနွေးရသည့် အစီအစဉ်တွေလည်း ပါဝင်သည်။ ဂျပန်ခေတ်မောင်းပြန်သေနတ်အစုတ်များနှင့် ကျည်ဆန်(၁၅)တောင့်ပစ်ပြရ၊ သေနတ်ထမ်းခြေထောက်မြှောက်တန်းစီပြရသည့် အစီအစဉ်တွေလည်း ပါဝင်သည်။ (ယခုအခါ သေနတ်အဟောင်းများကို သေနတ်အကောင်းများနှင့် လဲထားသည်ဟု ကြားသိရသည်။)
ဇာတ်လမ်းရဲ့အစ
(၇-၁၁-၂ဝ၁ဝ)တွင် အထွေထွေရွေးကောက်ပွဲကျင်းပသည်။ (၁၃-၁၁-၂ဝ၁ဝ)တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းရှေ့ (၂၁) နှစ်တာကာလအတွင်း စုပေါင်းရေတွက်သော် (၁၅)နှစ်ခန့် နေအိမ်အကျယ်ချုပ်အဖြစ် အာဏာရှင်များ၏ ချုပ်နှောင်မှုကိုခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့်အခါ မြန်မာပြည်တဝှမ်းမှ ပြည်သူလူထုအများစုကြီးနည်းတူ ထိုအချိန်က ဇီးပင်ကြီးသင်တန်းတက်ရောက်နေသော ဝန်ထမ်းများလည်း ပျော်ရွှင်ကြသည်။ အားတက်ဝမ်းသာကြသည်။
ပြဿနာအမှတ်တစ်
ရွေးကောက်ပွဲအကြိုကာလ၌ ဇီးပင်ကြီးမှ ဝန်ထမ်းသင်တန်းသားများအား လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများပေးရန် ဖိအားပေးနေသည်ဟူသော သတင်းများသည် နိုင်ငံခြားမှ ထုတ်လွှင့်သည့် မြန်မာရေဒီယိုသတင်းဌာနများနှင့် အင်တာနက်စာမျက်နှာများထက်တွင် ပလူပျံပါဝင်လာသည်။
ပြဿနာအမှတ်နှစ်
ဖောင်ကြီး၊ ဇီးပင်ကြီးသင်တန်းတိုင်းတွင် ကြုံရလေ့ရှိသည့် မှိုင်းတိုက်သူနှင့် မှိုင်းမကြိုက်သူပြဿနာဟု ဆိုလျှင် မမှားချေ။ အာဏာရှင့်အာဘော်များကို ကြားရနာရသည့်အခါ နလပိန်းတုံး မဟုတ်သော ဝန်ထမ်း သင်တန်းသူ၊ သင်တန်းသားများဘက်မှ ပြန်လှန် လှောင်ထေ့သံများ တသောသောညံလာခဲ့ကြရသည်။ အထူးသဖြင့် ဒေါက်တာကြည်မို့မို့လွင်တက်ရောက်နေသော ဇီးပင်ကြီးသင်တန်းအချိန်ကာလသည် မြန်မာပြည်နိုင်ငံရေးရေချိန်အလှုပ်နှင့်တိုက်ဆိုင်နေရာ သင်တန်းသူများနှင့် သင်တန်းသားများ မကြုံစဖူးအောင် စည်းလုံးရင်းနှီး၍ အာဏာရှင်စနစ်ကို အပြောင်ကြီးပြောင်၊ အလှောင်ကြီးလှောင်ကြတော့သည်။ (၎င်း အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၃၃)ပြီးနောက်ပိုင်း ဖွင့်လှစ်သော သင်တန်းအမှတ်စဉ် (၃၄)တွင် သင်တန်းသားသပ်သပ်၊ သင်တန်းသူသပ်သပ် ခွဲခြားပို့ချခဲ့ရသည်အထိပင် ဖြစ်ခဲ့သည်ဟုသိရသည်။)
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်
ထိုသို့ ကြိုတင်မဲသတင်းများတက်လာပြီး မရှေးမနှောင်းမှာပင် ဇီးပင်ကြီးတွင် ဇေယျသင်တန်းမှ ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေးမှ ဦးစီးအရာရှိအမျိုးသားတစ်ယောက်တို့သည် စင်ပေါ်တက်၍ တက်ရောက်ဆွေးနွေးရန် အလှည့်ကျလာသည်။ ဆွေးနွေးရမည့် ခေါင်းစဉ်အမည်က "ပြည်ထောင်စုစိတ်ဓာတ်"။ ဒေါက်တာကြည်မို့မို့လွင်က စပြီး ဟောပြောရသည်။ ထိုစဉ်က သူ့အသက်က (၂၈)နှစ်ခန့်အရွယ်။ လက်ရှိတာဝန်ထမ်းဆောင်နေသည်က နာမည်ကျော် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံမှာ ဝန်ထမ်းဆရာဝန်။ ဒေါက်တာကြည်မို့မို့လွင်ကား ကြောက်ရွံ့ခြင်းမှ ကင်းလွတ်သူ တစ်ဦး။ ထိုဟောပြောပွဲမှာ သူပြောခဲ့သည့် စကားတစ်ခွန်းကိုပင်ကြည့်။ "........... သူတို့ အာဏာရှင်တွေ သူတို့ဘာသာသူတို့ စည်းလုံးကြသလို ကျွန်မတို့ပြည်သူတွေဘက်ကလည်း ပြည်သူပြည်သားအချင်းချင်း တသွေးတသားတည်း စည်းလုံးကြမှဖြစ်မယ်။ ............ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ အလိမ်အညာတွေနဲ့ တည်ဆောက်လို့မရဘူး။ စေတနာမျိုးစေ့မှန်မှ စိုက်တဲ့အပင်က သန်မှာပေါ့"။ လက်ခုပ်သံများ ညံသွားသည်။ နားထောင်နေသည့် ဝန်ထမ်းသင်တန်းသူသင်တန်းသားများက ကောင်းချီးသြဘာပေးကြသည်။ ထို့နောက် လယ်ယာစိုက်ပျိုးရေးမှ အသက်(၄၄)နှစ်ခန့် ဦးစီးအရာရှိအမျိုးသားကလည်း တက်ရောက်ဟောပြောဆွေးနွေးသည်။ ထိုဆရာကလည်း မိုးကျရွှေကိုယ်ကိစ္စများ၊ နယ်ခြားစောင့်တပ်ကိစ္စများ ထည့်သွင်း ဆွေးနွေးခဲ့သည်။ အုန်းအုန်းထ အားပေးကြသည်။ လာရောက်နားထောင်သည့် ဇီးပင်ကြီးမှ တာဝန်ရှိသူများကတော့ မျက်စိမျက်နှာ ကွက်ခနဲ ပျက်သွားလေသည်။
ငြိုးမာန်ဖွဲ့လေသလား
ဒေါက်တာကြည်မို့မို့လွင်တို့ ထိုသို့ ဟောပြောဆွေးနွေးသည်မှာ သင်တန်းကာလ(၃)လ၏ တစ်ဝက်၊ ၂ဝ၁ဝ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်မီကာလ၊ အောက်တိုဘာ-နိုဝင်ဘာ စပ်ကူးမတ်ကူး။ သင်တန်းဆင်းရမည်က ဒီဇင်ဘာလ (၉)ရက်နေ့။ သင်တန်းဆင်းရမည်ဆိုတော့ ဖောင်ကြီး၊ ဇီးပင်ကြီးတို့ထုံးစံအတိုင်း စစ်ရေးပြအခမ်းအနားတွေဘာတွေ ပါလာသည်။ သံချေးတက်နေသည့် ဂျပန်ခေတ်မောင်းပြန်သေနတ် ကိုယ်စီထမ်းကာ သြင်္ကန်ယိမ်းကသလို ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်၊ ဟိုကွေ့ဒီလျှောက်လေ့ကျင့်ကြရသည်။ အားလုံး သတိ၊ အေးစေ၊ သက်သာတွေဘာတွေ လုပ်ကြရသည်။ ဒီဇင်ဘာ (၉)ရက် စစ်ရေးပြ အခမ်းအနားမတိုင်ခင် သုံးရက်ခန့်အလိုတွင် ဒေါက်တာကြည်မို့မို့လွင်ထံ သင်တန်းက အကြောင်းကြားလာသည်။ အာတီယူ (Return to Mother Unit) ဆိုလျှင် တော်ဦးမည်။ အခုက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေအောင် ဟောပြောမှုဟု အကြောင်းပြ၍ အလုပ်မှ (Force to retire) ထုတ်ပယ်လိုက်သည့်အပြင် ဆေးကုသခွင့်လိုင်စင် (ဆမ)ကိုပါ သိမ်းလိုက်ကြသည်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာပို့၍ အလုပ်ဖြုတ်ခိုင်းသည် ဆို၏။ တောက်!!!
ဒီဇင်ဘာမျက်ရည်
သင်တန်းက ဆင်းခါနီးပြီ။ တေ့ဖြုတ်လိုက်ကြသည်။ သင်တန်းကာလတစ်ဝက်က ဟောပြောခဲ့သည့်အမှုကို စောစောအရေးယူလျှင် ဝန်ထမ်းသင်တန်းသူ သင်တန်းသားများ အုံကြွမှုဖြစ်မည်စိုးသဖြင့် သင်တန်းဆင်းခါနီး ရက်ပိုင်းအလိုမှ အရေးယူပြလိုက်သည်။ ဒေါက်တာကြည်မို့မို့လွင်အပါအဝင် သူနှင့်အတူ စင်ပေါ်တက်ဆွေးနွေးခဲ့သည့် လယ်ယာစိုက်ပျိုးရေးမှ ဦးစီးအရာရှိလည်း အလုပ်ဖြုတ်ခံလိုက်ရသည်။ နိုင်ငံတော်ပုန်ကန်မှုလောက်ပင် အပြစ်ကြီးသည်ဟု လေသံလွှင့်သည်။ သင်တန်းသူ၊ သင်တန်းသားတို့ မျက်ရည်မဆည်နိုင်ဖြစ်ကြရသည်။ သုံးလတာကာလ အတူတူသင်တန်းတက် ရင်းနှီးခဲ့ကြရသော ဝန်ထမ်းမိတ်ဆွေအချင်းချင်း စာနာကြသည်။ မတရားမှုကို ငုံ့မခံလိုကြ။ သို့သော် ရင်းရမည့် အရင်းအနှီးက ကြီးသည်။ ဇီးပင်ကြီးသင်တန်းမှ ဇေယျ (၃၃) သင်တန်းသူသင်တန်းသားအားလုံး သင်တန်းဆင်းလက်မှတ်မယူဘဲ နားလိုက်ကြရန် ပထမစဉ်းစားသေးသည်။ သို့သော် ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေး အရာရှိတို့က တားကြသည်။ သည်းခံလိုက်ကြပါ။ ကျွန်တော်ကျွန်မတို့အတွက်နဲ့ ရှင်တို့မင်းတို့ဘဝတွေ အပျက်မခံကြပါနဲ့ဟုဆိုသည်။ လူတစ်ယောက်၏ ဘဝကို နင်းခြေရန် အဲသလောက်လွယ်ကူသလား။ တက်တခေါက်ခေါက်နှင့် စစ်ရေးပြပြီး သင်တန်းဆင်းလိုက်ကြရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
၂ဝ၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် စဥ့်က
ဇီးပင်ကြီးသင်တန်းမှ ဇေယျ (၃၃) သင်တန်းသူသင်တန်းသားအားလုံး သင်တန်းဆင်းလက်မှတ်မယူဘဲ နားလိုက်ကြရန် ပထမစဉ်းစားသေးသည်။ သို့သော် ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေး အရာရှိတို့က တားကြသည်။ သည်းခံလိုက်ကြပါ။ ကျွန်တော်ကျွန်မတို့အတွက်နဲ့ ရှင်တို့မင်းတို့ဘဝတွေ အပျက်မခံကြပါနဲ့ဟုဆိုသည်။ လူတစ်ယောက်၏ ဘဝကို နင်းခြေရန် အဲသလောက်လွယ်ကူသလား။ တက်တခေါက်ခေါက်နှင့် စစ်ရေးပြပြီး သင်တန်းဆင်းလိုက်ကြရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
၂ဝ၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် စဥ့်ကိုင်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဆရာဝန်တစ်ဦးဟု သိရသည်။
သူ ဘယ်သူလဲ။
မန္တလေးဆေးတက္ကသိုလ်ဆင်း ဒေါက်တာကြည်မို့မို့လွင်ဖြစ်နေသည်။ လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလက ဇီးပင်ကြီးဝန်ထမ်းသင်တန်းတွင် အာဏာရှင်ဆန့်ကျင်ရေး ဟောပြောမှုတစ်ခုကြောင့် အလုပ်မှထုတ်ပယ်၊ ဆမသိမ်းခြင်းခံခဲ့ရသည်အထိ အရက်စက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်လောင်းစစ်စစ်။ ၂ဝ၁ဝ မှသည် ၂ဝ၁၅။ ငါးနှစ်အကြာမှာ သူပြန်လာပြီ။ အလုပ်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် အသိမ်းခံလိုက်ရသော ဆမကလေးကို အကြိမ်ကြိမ် ပြန်လည်ကြိုးစားလျှောက်ထားပြီးနောက် ဆမ ပြန်လည်ရရှိခဲ့သည်ဟုသိရသည်။ ထို့နောက် စဥ့်ကိုင်မြို့နယ်အတွင်းက ကျေးရွာကလေးတစ်ရွာတွင် ကိုယ်ပိုင်ဆေးခန်းကလေးတစ်ခန်း စတင်ဖွင့်လှစ်၍ ဘဝကို ပြန်လည် အခြေတည်ခဲ့ရသည်။ ပရဟိတလုပ်ငန်းများတွင် ဘဝကို နှစ်မြှုပ်ခဲ့ရသည်။ အခု မဲဆွယ်သည့်ကာလ ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သော သူ၏ ကိုယ်ရေးအချက်အလက်ကို ကြည့်လိုက်ရမှ သူ၏ ရုန်းထနိုင်စွမ်းအားကို တွေ့လိုက်ရသည်။ မုန်တိုင်းကြားမှ တိုးထွက်လာသည့် သစ္စာပန်းတစ်ပွင့်။ သတ်သော်လည်း မသေသည့် စိတ်ဓာတ်။ ဒေါင်ဒေါင်မြည် ဒေါင်း။
Ref: ညို ကြီး
ZN.H 🇦🇺
Thursday, December 20, 2018
Dr. မိုးသူရဇော် (မိုးကုတ်မြို့) ကို D.E (ဇီပိန်.ဖောင်ကြီး) ကိစ္စ
ဆရာမြတ် ရေးပြချက်.. အထူးသဖြင့် ဇီးပိန်ဖောင်ကြီး ဖြစ်ရပ်မှန် ရေးပြတဲ့ လူငယ် သွားဆရာဝန် Dr. မိုးသူရဇော် (မိုးကုတ်မြို့) ကို D.E ဌာနစစ်ဆေး တရာခံ ဖြစ်နေတာ သိရတယ်။ သူအတွက် ကြံကြံခံနိုင်ဖို့ ဆုတောင်းတယ်။ ငပလီက လူငယ် ဆရာဝန်မ D.E ကို နေပြည်တော်က ပယ်ဖျက်သလို.. ဒီကိစ္စကိုလည်း ဝန်ကြီး ၊ အတွင်းဝန် နဲ့ ဆရာဝန်များ ဝန်းရံကြမယ် မျှော်လင့်တယ်။
.
ဗဟိုဝန်ထမ်း တက္ကသိုလ်
Soe Thuya Zaw (ဆရာဝန်တဦး)
ဇီးပင်ကြီး(မေမြို့)၊ အထက်မြန်မာပြည်
ဖောင်ကြီး(လှည်းကူး) အောက်မြန်မာပြည်
.
အပိုင်း၁
သင်တန်း အခင်းအကျင်း အပြင်အဆင် https://m.facebook.com/story.php?story_fbid=1877750425679138&id=100003325950379
.
.
အပိုင်း၂
NLD ဆန့်ကျင်ရေး နိုင်ငံရေးသိပ္ပံဆရာကြီး
မဘသ တရားပွဲအလား ယဉ်ကျေးမှုဆရာကြီး
https://m.facebook.com/story.php?story_fbid=1887796441341203&id=100003325950379
.
.
အပိုင်း၃
တနေ့ စားစရိတ် ၇၀၀ကျပ်
For Show လုပ်ရပ်များ
https://m.facebook.com/story.php?story_fbid=1897124727075041&id=100003325950379.
.
ဆရာမြတ်ထွန်းဦး ရဲ့ ကျန်းမာရေး ဝန်ကြီး နဲ့ အတွင်းဝန် တို့ နဲ့ အရေးယူခံရတဲ့ Dr.စိုးသူရကျော်  ပို့စ်
https://m.facebook.com/story.php?story_fbid=306741849956409&id=100018617898498
..
.
သူခိုးများက လူပြန်ဟစ်သောအခါ
DASSK အစိုးရတက်လာကထဲက အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်တာက လူကယ်ပြန်ရယ် ကျန်းမာရေးဝန်ကြီးဌာနရယ်ပါ။ DASSK ကလဲ ချီးမွမ်းပါတယ်။ ဝန်ကြီးဟာ နိုင်ငံခြားမှာအလုပ်လုပ်လာပြီး နိုင်ငံခြားဘွဲ့များစွာရသူပါ။ နောက်နိုင်ငံခြားမှာနေဖူးသူဖြစ်ပြီး အနောက်တိုင်းစံတွေကိုလဲ သိသူပါ။ သူဟာ အိမ်မက်ထဲက ဝန်ကြီး (Dream Minister) လို့တောင်ပြောလို့ရပါတယ်။ နောက်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်က ဒေါက်တာသက်ခိုင်ဝင်းပါ။ သူကလဲ မိုးကျမဟုတ်ပါ။ ဒါပေမယ့် သူကတော့ စနစ်ဟောင်းမှာ ကြီးပျင်းလာသူပါ။ ညွှန်မှူးတွေမှာတော့ မိုးကျတို့ တပ်ကလူကြီးမိန်းမတို့ သမီးတို့တော့ ရှိပါတယ်။ သက္ကမိုးညိုတို့လို ဂျပုကို ညွှန်ချုပ်ခေါ်တာမကြိုက်တဲ့ အတွေးအခေါ်သမားတွေလဲရှိပါတယ်။
စာရေးသူဟာ ဖောင်းကြီးအကြောင်းကို မိန်းမကတဆင့်သိပါတယ်။ ဇီးပင်ကြီးအကြောင်းကိုတော့ ဟိုဆရာဝန်ရေးလို့သိတာပါ။ ဒီနေရာမှာ ဖောင်ကြီးလို သင်တန်းမျိုးရှိသင့် မသင့်က စပါမယ်။ ဒါဟာ နိုင်ငံမှာ အရာရှိဖြစ်မယ့်လူတွေကို သင်တာပါ။ ဘာသင်ရမှာလဲဆိုတော့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုပညာ (Management & Leadership) ပါ။ သူတို့ဟာ ဌာနတွေမှာ အရာရှိတွေဖြစ်မှာမိုလို့ပါ။ သူတို့ခေါင်းဆောင်မှုညံ့ရင် သူ့လက်အောက်ကလူတွေနာပါမယ်။ နိုင်ငံခြားမှာလဲ သင်ပါတယ်။ ဒါကို နေဝင်းက ဝါဒရိုက်သွင်းလာတာယခုအချိန်အထိပါ။ ဒါကြောင့် ၁၉၆၂ ထဲက လမ်းကြောင်းပြောင်းလာပြီး ၁၉၉၀နောက်ပိုင်း NLD မကောင်းကြောင်းပြောတဲ့နေရာဖြစ်သွားပါတယ်။ ဒါကြောင့် ဖောင်းကြီးကထွက်ပြီး ဌာနမှူးဖြစ်တဲ့အခါ ခေါင်းဆောင်မှုမတတ်ဘဲနဲ့ အထက်ဖား အောက်ဖိတွေ ထွက်လာပါတယ်။
ဒီနေရာမှာ ဆရာဝန်က စည်းကမ်းအကြောင်း၊ ငြိမ်းချမ်းရေးမရတာ NLD ကြောင့်လို့ပြောကြောင်း၊ နိုင်ငံကြီးနှစ်ခုကြားနေလို့ အမျိုးဘာသာအကြောင်းနဲ့ တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတာတွေသင်ကြောင်း ပြောသွားပါတယ်။ ဇီးပင်ကြီးလာသူ အများစုဟာ အလုပ်လိုချင်လို့လာသူတွေပါ။ အလုပ်ပြုတ်မှာ အင်မတန်ကြောက်ပါတယ်။ အခြားဘာသာနဲ့ ဘွဲ့ရသူတွေက မပြောရဲပါ။ ဆရာဝန်ရဲ့ သဘောအရ မိမိဖာသာအပြင်မှာ လုပ်စားနိုင်လို့ ပြောရဲဆိုရဲရှိပါတယ်။ နောက်မြန်မာပြည်ရဲ့ လက်ရှိပညာရေးအရ ဆယ်တန်းမှာ အမှတ်များသူတွေက ဆရာဝန်ဖြစ်လာကြပါတယ်။ သူတို့ဟာ ပြည်တွင်းမှာအစိုးရအလုပ်မရလဲ ဆေးခန်းထိုင်နိုင် နိုင်ငံခြားထွက်နိုင်လို့ ပြောရဲဆိုရဲရှိပါတယ်။
ဒီလိုဆရာဝန်ကရေးတာကိုတွေ့ချိန်မှာ NLD အစိုးရအနေနဲ့ လေ့လာရပါမယ်။ သူပြောထားတဲ့ တပ်စည်းကမ်းလိုလုပ်နေတာက ဓာတ်ပုံအရကို မှန်နေပါတယ်။ ဒါကို ချက်ခြင်းရပ်ခိုင်းရပါမယ်။ ဒါဟာ တပ်နယ်မဟုတ်ပါဘူး။ စစ်တပ်မဟုတ်ပါဘူး။ ဘယ်နိုင်ငံခြားက MBAတို့ BBA တို့ ခေါင်းဆောင်မှုပညာသင်တန်းတွေမှာ မသင်ပါဘူး။
နောက်စွတ်စွဲချက်က တပ်မတော်သာအမိတပ်မတော်သာအဖနဲ့ အမျိုးစောင့်ရှောင့်ပါဆိုပြီး ခင်ညွန့်အလုံးတွေလာပြောတဲ့ ကိစ္စပါ။ ဒါက ဗိုလ်သင်တန်းမဟုတ်ပါဘူး။ ဒါကြောင့်လဲ ဒါကို ချက်ခြင်းပြင်ခိုင်းပြီးအရေးယူရပါမယ်။ ဘာသာရေးကိစ္စဟာ လုံးဝမပြောရမယ့်ကိစ္စပါ။ သူသင်ရင်တောင် ဘာသာမတူ လူမျိုးမတူသူတွေကို ဘယ်လိုခေါင်းဆောင်ရမလဲ သင်သင့်တာပါ။
ဟို NLD အစိုးရကြောင့်ငြိမ်းချမ်းရေးမရဘူးဆိုတာ တပ်ထဲမှာဂျပုပြောပြီးကထဲက လိုက်ပြောနေတာကြာပါပြီ။ သူပြောပြော မပြောပြော ဖြစ်နိုင်ချေရှိပါတယ်။ ဒါမပြောလဲ ကျန်တာတွေနဲ့တောင်လွန်နေပါပြီ။
ဒီနေရာမှာ ပြောမပြောကို ဇီးပင်ကြီးမှာစစ်ပြီး မဟုတ်လို့ ကျန်းမာရေးကိုတိုင်သလို သက္ကဖွတ်ညိုက ရေးထားပါတယ်။ ဇီးပင်ကြီးက နိုင်ငံရေးသိပ္ပံဆရာတွေဆိုတာ နိုင်ငံခြားသွားရင် သူတို့ဘွဲ့တွေအားလုံးပေါင်းပြီးအလုပ်လျှောက်ရင်တောင် ပါးကန်ဆေးတဲ့အလုပ်နဲ့ မိုးကျဆိုရင် ညစောင့်အလုပ်သာရမှာပါ။ ဒါကြောင့် အားလုံးပေါင်းပြီးလိမ်မှာပါ။ သူတို့တတ်ခဲ့တာက အဘကိုဖားပြီး ရာထူးတက်ဖို့ပါ။ ငါ့မယုံ ငါ့မယားမေးဆိုသလို ဖြစ်နေပါတယ်။
NLD အစိုးရအနေနဲ့ ရဲမှူး မိုးရန်နိုင်တုန်းက ရဲချုပ်၊ ရဲမှူးချုပ်တင်ကိုကိုနဲ့ စရဖလိမ်တာ ခံခဲ့ရပြီးပါပြီ။ ကမ္ဘာပေါ်မှာလဲ ဖိအားတွေခံနေရတာသိမှာပါ။ (စာရေးသူဟာ ဝလုံးပုရိသတ်မဟုတ်ပါ။)
သူခိုးများ လူလိမ်များကို အနားမှာ မထားပါနဲ့။ ဒါဟာ ရင်ကြားစေ့တာနဲ့မဆိုင်ပါ။ ဆရာဝန်ကို စစ်စရာကိုမလိုပါ။ ဇီးပင်ကြီးလို ဖောင်ကြီးလို ယခင်စနစ်ရဲ့ အုတ်မြစ်တွေကို ရဲရဲကြီးရိုက်ဖျက်လိုက်ပါ။
 ဖောင်ကြီးတို့ ဇီးပင်ကြီးတို့ကြောင့် သက္ကာ့ဖွတ်ညိုတို့လို ဂျပုကို ညွှန်ချုပ်ပြောတာ မှားတယ်ထင်တဲ့ ဝန်ထမ်းအရာရှိတွေမွေးထုတ်ခဲ့သလို၊ သူခိုးတွေ၊ အထက်ဖားအောက်ဖိတွေ၊ အဘကို ဘုရားထင်သူတွေ မွေးထုတ်ခဲ့ပြီးပါပြီ။ အတိတ်ကို အစိုးရအနေနဲ့ ပြင်လို့မရပေမယ့် အနာဂတ်ကိုတော့ ပုံဖော်လို့ရပါတယ်။ သူခိုးတွေက လူပြန်ဟစ်တာကို မခံပါနဲ့။
Thursday, December 13, 2018
အင်ဂျင်နီယာအောင်စီ ဥပဒေ ဆွေးနွေးပွဲ..(ဆက်သွယ်/ဆောက်လုပ်ရွှေတော်ကော်မတီ)း
ဘယ်သူတွေအင်ဂျင်နီယာ အမည်တပ်ခွင့်
ရှိသလဲ
                 မြန်မာနိုင်ငံအင်ဂျင်နီယာ
ကောင်စီ နည်းဥပဒေ ပုဒ်မ ၇၈ အရ                       အမည်ရှေ့မှာ Engr. တပ်ခွင့်ရှိသူ ၃ မျိုး
ရှိပါတယ်။
(1)မှတ်ပုံတင်အင်ဂျင်နီယာ
   (Registered Engineer, R.E)
(2) အကြီးတန်းမှတ်ပုံတင်အင်ဂျင်နီယာ
   (Registered Senior Engineer, R.S.E) နဲ့
(3) အင်ဂျင်နီယာပညာရှင်
     (Professional Engineer, P.E)   တို့ပဲ
       ဖြစ်ပါတယ်။
                 တကယ်လို့ အမည်ရှေ့မှာ
Engr. တပ်ခွင့်မရှိပဲတပ်ခဲ့ရင် မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီ ဥပဒေ ပုဒ်မ ၃၈ နဲ့
ပုဒ်မ ၄၁ အရ တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်
ဖြစ်စေ   ငွေဒဏ်ဖြစ်စေ နှစ်မျိုးစလုံးဖြစ်စေ
 ကျခံရမှာဖြစ်ပါတယ်။
               ငွေဒဏ်ရဲ့ပမာဏ ကိုတော့
သတ်မှတ်ထားခြင်းမရှိပါဘူး။
                အခု နည်းပညာကျောင်းဆင်း
B.E တွေ ဘယ်အချိန်မှာ ကိုယ့်အလုပ်
အကိုင်ကို " အင်ဂျင်နီယာ" လို့ဖော်ပြခွင့်
ရမလဲ ပြောပြပါမယ်။
            B.E ဘွဲ့ရပြီးရင် အလုပ်သင်
အင်ဂျင်နီယာ ၄ နှစ်လုပ်ရပါမယ်။ ပြီးရင်
ကိုယ့်ရဲ့ အလုပ်က P.E ရဲ့ ထောက်ခံစာ
ကိုယူပြီး R.E လျောက်ရပါမယ်။
            လိုအပ်တဲ့ သင်တန်းတွေ
ရေးဖြေတွေ အင်တာဗျူးး တွေ ဖြတ်သန်းပြီး
တဲ့အခါ R.E လက်မှတ်ရပါမယ်။
            R.E လျောက်တဲ့ ကာလကို
ပျမ်းမျှ ၁ နှစ်နဲ့တွက်ရင် B.E ကျောင်းဆင်း
တယောက်ဟာ ကျောင်းပြီးလို့ ၅ နှစ်အကြာမှ
အလုပ်အကိုင်ကို " အင်ဂျင်နီယာ" လို့
ဖော်ပြခွင့် ရပါမယ်။
             တကယ်လို့သာ မိမိ company
မှာ P.E မရှိခဲ့ရင် (သို့) မိမိက အလုပ်ပြောင်း
ခဲ့ရင် (သို့) P.E ကအလုပ်ပြောင်းသွားရင်
(သို့) P.E က မိမိကို အမြင်မကြည်လို့
ထောက်ခံစာ မရေးပေးဖူးဆိုရင်တော့
အလုပ်သင်အင်ဂျင်နီယာ အဖြစ် ၆ နှစ်
ကြာမှ R.E လျောက်ခွင့်ရပါမယ်။
ဒါဆိုရင်ကျောင်းပြီးလို့ ၇ နှစ်လောက်
ကြာမှ R.E ဖြစ်ပါမယ်။
             ဒါက B.E ကျောင်းဆင်းအတွက်
တွက်ပြထားတာပါ။ B.Tech ဆင်းအတွက်
နောက်ထပ် ၂ နှစ်ပိုကြာပါမယ်။
        A.G.T.I ကျောင်းဆင်းအတွက်
နောက်ထပ် ၄ နှစ်ပိုကြာပါ့မယ်။
                 R.E မဖြစ်ခင် အချိန်မှာ
ကိုယ့်အမည်ရှေ့မှာ Engr. တပ်ချင်ရင်တော့
ထောင်ဒဏ် ၁ နှစ်နဲ့ ဘယ်လောက်မှန်း
မသိတဲ့ငွေဒဏ်ကို သတိရဖို့ လိုပါလိမ့်မယ်။
×××××××××××××××××××××
MEC Law နဲ့ Bylaw ကိုပြင်ဖို့   
    TU ကျောင်းသားတချို့က                    Save Myanmar Engineers       
      လှုပ်ရှားမှုကိုစတင်လိုက်ပါပြီ။
           MEC နဲ့ပတ်သက်တဲ့     
    post တွေကို   
  Save Myanmar Engineers  group
ပြည်နည်းပညာတက္ကသိုလ်         
    ကျောင်းသားသမဂ္ဂ page                   
Shadow Government group နဲ့
Kyaw Thet Aung   
   account       မှာ ဖတ်ရှုနိုင်ပါတယ်။                         ဝန်းရံပေးဖို့တောင်းဆိုပါတယ်။
Tuesday, December 11, 2018
ပင်းတယမြို့.မှ ဖန်မီအိမ်ရှင် ဆရာဝန် တယောက်အကြောင်း
ဖိတ်စာ တစ်စောင်မှ မကမ်းရဘဲ ကျွန်တော့်ကို ချစ်တဲ့စိတ်နဲ့ ထောင်ချီ တက်ရောက်လာတဲ့ ချစ်သော တိုင်းရင်းသားတွေ
ကျွန်တော့်အိမ်ကနေ အခမ်းအနား ကျင်းပရာ ဓမ္မာရုံထိ လမ်းတလျှောက် ပန်းစည်းကမ်းကြိုနေတဲ့ ပရဟိတမောင်မယ်တွေနဲ့ မြို့လူထုတွေ
ကျွန်တော့်ပုံထိုးထားတဲ့ အင်္ကျီတွေ ဝတ်ပြီး ဂုဏ်ပြုကြတဲ့ လူငယ်တွေ
ကျွန်တော့်ကို ဖက်ပြီး ငိုယိုနေကြတဲ့ တိုင်းရင်းသားတွေ
ကျွန်တော့်အတွက် သီချင်းတွေရေးပြီး နှုတ်ဆက်နေကြတဲ့ ဂီတမောင်မယ် ပရဟိတလူငယ်တွေ
ကျွန်တော့်အကြောင်း ရေးတဲ့ကဗျာတွေ ရေးစပ်ပေးကြသူတွေ
အမှတ်တရ စကားတွေ ရေးပေးကြတဲ့ ချစ်သော တိုင်းရင်းသားတွေ
ငိုယိုကန်တော့နေကြတဲ့ ကျွန်တော့်လူနာတွေ
သူတို့အားလုံး ကျွန်တော့်ကို ပေးလိုက်တဲ့ဆုက '' ဂုဏ်ထူးဆောင် ပင်းတယသားဆု'' ပါ တဲ့။
မေတ္တာနဲ့ပေးလိုက်တဲ့ ဂုဏ်ထူးဆောင် ပင်းတယသားဆုနဲ့ ရွှေရင်ထိုးတွေကို ထာဝရ သိမ်းဆည်းထားပါ့မယ်။
  နှလုံးသားမှာ အမြဲထာဝရ
 ချစ်တဲ့ '' ပင်းတယ''။
မိတ်ဆွေတို့ သုတ်စို့မြမျက်ရည်
-----------------------------------------
ယာခရိုး၌ ငွေချိုးကကူ
ပန်းကလေးတို့ ပျံ့မွှေးကြူကြူ
မြမြက်ခင်းနှင့်   နှင်းပွင့်ဖြူဖြူ
မိတ်ဆွေတို့  သွားစို့ခရီးအတူ။
အိပ်မက်သာမျှ ဘဝတိုတို
မည်သူဆီက ဘာမှမလို
ချစ်ခြင်းကိုဖြင့် ပေးခွင့်ကိုဆို
မိတ်ဆွေတို့ ဆိုစို့ တေးချိုချို။
ဆိုကြသည့်တေး အေးမြကြည်လင်
ကြင်နာကြတုန်းပြုံးပြုံးရွှင်ရွှင်
ရှေ့တောင်ရိုးက မိုးသက်ကယ်ဆင်
မိတ်ဆွေတို့  ခွဲဖို့  အချိန်ပင်။
ကြုံရဆုံရ  လောက ဧည့်သည်
လျှပ်တပျက်မျှ ကြုံရပေသည်
မုန်းလျှက်မခွဲ  ချစ်လျှက်ခွဲမည်
မိတ်ဆွေတို့ သုတ်စို့ မြမျက်ရည်။
ပျဉ်းမနား မောင်နီသင်း
https://m.facebook.com/story.php?story_fbid=2188558587855833&id=100001051400444
..........................
.
.
ခုနစ်နှစ် အလွန်။
ဟိုးလွန်ခဲ့တဲ့ (၇)နှစ် နံနက် (၅)နာရီ အချိန်မှာပေါ့။ ပင်းတယဆေးရုံကို ကျွန်တော် စရောက်ခဲ့ပါတယ်။ ကြက်ဆူတွေ ချုံထလို့ ၀င်ပေါက်တောင် မမြင်ရတဲ့ဆေးရုံ၊ ၀င်ပေါက်ပျောက်နေလို့ မနည်းရှာရတဲ့ ဆေးရုံ၊ အတွင်းလူနာ(၅)ဦးနဲ့ (၁၀)ဦးသာ ရှိနေခဲ့တဲ့ ဆေးရုံ၊ မိုးရွာရင် လူနာတွေ ကုတင်ပတ်ပတ်လည်မှာ ရေခွက်လေးတွေ ခံထားရတဲ့ ဆေးရုံ၊ အခုတော့ ဒါတွေ အားလုံး အိပ်မက်ကမ္ဘာမှာ ဝေး -- ဝေး-- ဝေးလို့ ကျန်နေခဲ့ပါပြီ။
(၇)နှစ်တာ ကာလ သမင်လည်ပြန်ကြည့်လိုက်တော့-
(၁) အခမဲ့ ဆေးကုခရီးများ။
ခုနစ်နှစ်အတွင်းမှာ အခမဲ့ ဆေးကုခရီးပေါင်း (၂၇၉)ကြိမ် ကျန်းမာရေး ဟောပြောပွဲ တက်ရောက်သူပေါင်း (၄၉၉၆၃)ဦးကို ကျန်းမာရေး ဟောပြောခဲ့ပြီး လူနာပေါင်း ၅၁၄၉၁ ဦးကို အခမဲ့ ဆေးကုပေးနိုင်ခဲ့ပါတယ်။ ကားစီးလို့ရရင် ကားစီး၊ ကားမရရင် ထော်လာဂျီစီး၊ မရရင် ဖိနပ်ခါးကြားထိုး လမ်းလျှောက်ပြီး ဆေးကုထွက်ခဲ့ရတာပါ။
လူနာမလာနိုင်ရင် ငါတို့ ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်နဲ့ တောတွေ တောင်တွေထဲ ခက်ခက်ခဲခဲ လိုက်ပါခဲ့တဲ့ တပည့်တွေ အားလုံးကို ဦးညွတ်ဂုဏ်ပြုပါတယ်။
(၂)ဆေးရုံလူနာအခြေအနေ။
ကျွန်တော် ရောက်ခါစ ၂၀၁၁ မှာ အတွင်းလူနာ (၅)ဦးကနေ (၁၀)ဦးသာ ရှိရာကနေ အခုအခါ အတွင်းလူနာ (၈၀)ကနေ (၁၀၀)အထိ တိုးတက်လာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ အတွင်းလူနာ စုစုပေါင်း ၁၀၁၄ ဦး ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ အတွင်းလူနာ ၆၄၆၇ ဦးအထိ (၆)ဆ တိုးတက်လာခဲ့ပါတယ်။
ပြင်ပလူနာ အနေနဲ့ ကြည့်ရင်လည်း ၂၀၁၁ မှာ ၃၉၆၄ ဦး ရှိရာကနေ ၂၀၁၅ မှာ ၃၉၅၅၉ ဦးအထိ (၁၀)ဆ နီးပါး တိုးတက်လာခဲ့ပါတယ်။ မကြာခင်လည်း ကုတင်(၁၀၀)အဆင့် ဖြစ်ဖို့ ကြိုးစား နေပါပြီ။ ဒီလူနာတွေကို လက်ထောက်ဆရာဝန် (၂)ဦးနဲ့ နေ့မအိပ် ညမနား စောင့်ရှောက်မှု ပေးခဲ့ပါတယ်။ ပင်ပန်းပေမယ့် အားလုံး အပြုံးမပျက်အောင်လည်း အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ကြပါတယ်။
ကျွန်တော်တို့ အယူအဆကတော့ “The best medicine in the world is SMILE.” ပါပဲ။
(၃) အဆောက်အအုံ အခြေအနေ။
ခုနစ်နှစ်အတွင်းမှာ ဆေးရုံဝင်းထဲမှာ ခွဲစိတ်ခန်းမကြီး၊ အစည်းအဝေးခန်းမ၊ လူနာဆောင် (၂)ဆောင်၊ ဆရာဝန်နေအိမ် (၂)လုံး၊ လေးခန်းတွဲ ဆရာမနေအိမ် (၂)လုံး၊ (၆)ခန်းတွဲ ဆရာမနေအိမ် (၁)လုံး၊ ဆေးစတို၊ မိခင်ကလေး အဆောက်အအုံတို့ကို အစိုးရဘက်ဂျက်နဲ့ ဆောက်လုပ်ခဲ့ပြီး လူနာစောင့်နားနေဆောင်၊ ဓါတ်ခွဲဆောင်၊ သရဏဂုံတင်ဇရပ် တို့ကို အများပြည်သူ အလှူငွေနဲ့ ဆောက်လုပ်ခဲ့ပါတယ်။ စုစုပေါင်း (၁၄)ဆောင် ဆောက်လုပ်နိုင်ခဲ့ပါတယ်။  ၂၀၁၇ မှာ ပင်းတယမြို့နယ် ကြက်ခြေနီအသင်းအတွက် နှစ်ထပ်ရုံးတစ်ရုံးကို ငွေကျပ် (၁၆၅)သိန်းကို ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။
 ပင်းတယမြောက်ဖျားက မိုင်းအင်ကျေးရွာမှာ ခန့်ခန့်ထည်ထည်ရှိလှတဲ့ မိုင်းအင်တိုက်နယ်ဆေးရုံသစ်ကြီးကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ မကြာတော့သောကာလမှာ ပင်းတယဆေးရုံမှာ လေးခန်းတွဲ လေးထပ် ၀န်ထမ်းအိမ်ရာဆောင်နဲ့ နှစ်ထပ်လူနာဆောင်တွေလည်း ပေါ်ပေါက်လာပါတော့မယ်။
(၄) ပြည်သူ့ကျန်းမာရေး အဆောက်အအုံများ။
ခုနစ်နှစ်ကာလအတွင်းမှာ ထယ်သွန်းကျေးလက်ကျန်းမာရေးဌာန၊ သပြေကုန်း၊ ညောင်ကောက်၊ တောင်ရွှေပုထိုး၊ မိုင်းလီ၊ အင်းငယ်ရွာတွေမှာ ကျေးလက်ကျန်းမာရေးဌာနခွဲတွေကို ဘက်ဂျက်နဲ့ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။
အလှူခံ ဆောက်လုပ်ခဲ့တာတွေကတော့ လင်းလေအင်း၊ အုံအက်၊ ကံလှကုန်း၊ ကြံခင်းမြောင်၊ ဆီးကျအင်း၊ ကျောက်စု၊ ပင်ပျော်မြေခြား၊ အိမ်ပု၊ ထွက်နီ၊ ဖောင်းပြား၊ ၀ါးပြား၊တံတားကြီး၊ သစ်အယ်ပင်  ရွာလေးတွေမှာ ကျေးလက်ဆေးပေးခန်း (၁၃)ခုကို အလှူခံ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ မူလရှိပြီိးသားဖြစ်တဲ့ ကျားကုန်း၊ စံသီးကုန်း၊ တမဲ၊ မြောခြားချိုင့်၊ မြေခြားမြောက် ၊ ကိုးလုံး စုစုပေါင်း (၆) ရွာနဲ့ေ ပါင်းရင် ရွာတွေမှာ ကျေးလက်ဆေးပေးခန်း အားလုံးပေါင်း (၁၉)ခု ရှိနေပါပြီ။
အဲဒီရွာလေးတွေမှာ အပိုဆောင်း သားဖွားဆရာမတွေ၊ ကျန်းမာရေးကြီးကြပ်(၂)တွေ နေထိုင်စေခဲ့တဲ့အတွက် ပြည်သူတွေအတွက် “ကျန်းမာရေး မဝေးတော့“တဲ့ အခြေအနေကို ဖန်တီးပေးနိုင်ခဲ့ပါပြီ။
(၅) မူလတန်းကျောင်းများ ဆောက်လုပ်ခြင်း။
ရွာတွေလှည့်ဆေးကုရင်း ကျောင်းမရှိတဲ့ ရွာလေးတွေ တွေ့ပြန်တော့ စိတ်မကောင်းဖြစ်တာနဲ့ မူလတန်းကျောင်းလေးတွေ ဆောက်ဖြစ်ပြန်ပါတယ်။ ဒီလိုနဲ့ ပါးမဲ၊ နွားကွေ့၊ ကုန်းစောင်းပင်စိမ်းပင်၊ ကျောက်ပလ္လင်ရွာ၊ ညောင်ဝန်း၊ ပြင်သာ၊ ဇော်ဂျီ၊ ဆီးကျအင်း၊ ပြင်ရွာ (မြောင်းမြမြို့နယ်)၊ ညောင်ကုန်းပင်စိမ်းပင်နဲ့ ကျောက်စုကိုးလုံးရွာတွေမှာ  စုစုပေါင်း (၁၁)ကျောင်း တန်ဖိုးငွေ သိန်း(၂၂၀၀)ကို ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းခုနစ်ကျောင်းအတွက် ဆရာမလခ တစ်နှစ်စာ သိန်း(၁၄၀)ကို အလှူခံပြီး ဆောင်ရွက်လျက် ရှိပါတယ်။
ရိုးသားတဲ့ တိုင်းရင်းသားတွေ တိုးတက်ဖွံ့ဖြိုးဖို့ ပညာရေးဟာ အခြေခံ ဖြစ်တယ်လို့ ယူဆထားတာကြောင့်လည်း ကိုယ်နဲ့သိပ်မဆိုင်တဲ့ ကျောင်းဆောက်ခြင်းလုပ်ငန်းတွေ လုပ်ဖြစ်နေတာပါ။ တိုင်းရင်းသားတွေ ပညာတတ်မှ လူနေမှုဘ၀ မြင့်တက်မယ်လို့ ခံယူမိလို့ပါ။
(၆) ဓနုမြေ ဘိုးဘွားရိပ်သာ။
တစ်ခါက ရွာတစ်ရွာကို ဆေးကုထွက်ရင်း  တစ်ယောက်ထဲနေရင်း အာဟာရပြတ်သေဆုံးသွားတဲ့ အမေအို တစ်ယောက်ကို တွေ့ရှိခဲ့ရာကနေ ၂၀၁၅ ဇန်န၀ါရီ (၂၀)ရက်မှာ ပင်းတယရဲ့ ပထမဆုံး ဓနုမြေ ဘိုးဘွားရိပ်သာကို ထူထောင်နိုင်ခဲ့ပါတယ်။ အခုဆို ဘိုးဘွား (၂၆)ဦး၊ ၀န်ထမ်း (၅)ဦးနဲ့ အောင်မြင်စွာ လည်ပတ်နေပါပြီ။ ဘဏ်စာအုပ်ထဲမှာလည်း အလှူငွေသိန်း(၅၀၀)ကျော် ရရှိနေပြီ ဖြစ်ပါတယ်။
(၇) ရေရရှိရေး ဆောင်ရွက်ခြင်း။
ပင်းတယမှာ အ၀ီစိတွင်း မတူးနဲ့၊ ရေမထွက်ဘူး ဆိုတဲ့ အစဉ်အလာကြီးကို ကျွန်တော် ရိုက်ချိုးနိုင်ခဲ့ပါတယ်။ အခုဆို ပင်းတယဆေးရုံ (၂)တွင်း၊ ထွက်နီရွာ၊ တပ်ကြီး၊ ကုန်းသာ၊ တာတိုင်၊ အိမ်ပု၊ မိုင်းအင်၊ သပြေကုန်း၊ တောင်ရွှေပုထိုး၊ ကျောက်ပလ္လင်၊ ရေဖြူအလယ်ရွာ၊ လင်းလေအင်း၊ ရေချမ်းစင်၊ ရေဖြူကျောက်တော၊ သရက်ကုန်း (တောင်)ရွာ၊ ထယ်သွန်းရွာ၊ကျားကုန်းရွာ (၂)တွင်း၊ ခံတောင်အပေါ်ရွာ၊ ကျောက်စုရွာ၊ ပြင်သာရွာ၊ ဘိုးဘွားရိပ်သာ၊ မြောက်သရက်ကုန်း၊ ရှားပြား၊ ၀ါးပြား၊ ၀ါတရာ၊ မဲနယ်တောင်၊ တောင်ပု၊ အိုးကုန်း၊ ပိန္နဲကုန်း (၂)တွင်း၊ ရေဖြူ ညောင်ပင်ဝိုင်း၊ညောင်ကုန်း ပင်စိမ်းပင်၊ မိုင်းလီ၊ ပန်းမက်ရွာလေး (၃၆)ရွာမှာ ရေရရှိရေး ဆောင်ရွက်ပေးခဲ့ပြီး (၃၄)ရွာ အောင်မြင်ခဲ့ပါတယ်။
ပင်းတယမှာ လူမှုတိုးတက်စေဖို့ ရေရရှိရေးဟာလည်း အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ ဆက်လက်ပြီးတော့လည်း ရေရအောင် အလှူရှင်တွေအားနဲ့ ဆက်လက်လုပ်ဆောင်သွားပါဦးမယ်။
(၈) လမ်းဖောက်လုပ်ခြင်း။
ရွာတွေဆင်းဆေးကုရင်း ခက်ခဲလှတဲ့ မြေပြိုရွာလေးအတွက် (၃)မိုင်ဝေးတဲ့ လမ်းကို ဒေသဦးစီးက ယန္တရား လှူ၊ ကျောက်တောင်တွေကို မိုင်းခွဲ အလှူငွေတွေကို အလှူခံပြီး လမ်းဖောက်ပေးနိုင်ခဲ့ပါတယ်။
(၉) ပုန်းတလုတ်ကန်ဆယ်ယူခြင်း။
၂၀၁၅ နွေရာသီမှာ အယ်နီညိုရာသီဥတုကြောင့် ပုန်းတလုတ်ကန် ရေခမ်းခဲ့ရပါတယ်။ ရေခန်းနေတဲ့ ပုန်းတလုတ်ကန်ကို ကြည့်ပြီး ပင်းတယသူ ပင်းတယသားတွေနဲ့အတူ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့ပဲ ပုန်းတလုတ်ကန်ဆယ်ယူရေးလုပ်ငန်းကို ၂၀၁၅ ဧပြီလကနေ စတင်ကျင်းပခဲ့ရာမှာ မြေကျင်းပေါင်း (၁၁၀၀၀)ကို တူးထုတ်နိုင်ခဲ့ပါတယ။် နောင်အခါ ဒီလိုအဖြစ်မျိုးကြုံ၇င် ရေပြန်ခမ်းမှာစိုးလို့ (၃)မိုင်ကွာဝေးတဲ့ ဇော်ဂျီရေထွက်ကနေ ပုန်းတလုတ်ကန်ထဲကို (၆)လက်မပိုက်တွေနဲ့ အဆင့်ဆင့်သွယ်၊ မြင်းကောင်ရေ (၁၅၀)အား မော်တာကြီး (၂)လုံးနဲ့ ရေတွေကို တွန်းပြီး ပုန်းတလုတ်ကန်ရေ ဖြည့်ပေးနိုင်ခဲ့ပါတယ်။ ဇော်ဂျီရေထွက်အထိ မီးလိုင်းကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ အလှူခံပေးခဲ့ပါတယ်။ KBZ ဘဏ်ကလည်း အလှူငွေသိန်း(၇၀၀) ထည့်ဝင်ပေးခဲ့လို့ ၂၀၁၇ ဖေဖော်ဝါရီမှာ ပုန်းတလုတ်ကန် ရေအောင်ပွဲကို ဆင်နွှဲနိုင်ခဲ့ပါပြီ။ ကုန်ကျငွေပေါင်း သိန်း(၂၄၀၀) ဖြစ်ပါတယ်။
(၁၀) မီးအိမ်ရှင်စာကြည့်တိုက် ထူထောင်ခြင်း။
၂၀၁၆ နိုဝင်ဘာ (၁၀)ရက် ကျွန်တော့်ရဲ့ မွေးနေ့မှာ ပင်းတယအတွက် ပြည်သူ့ဂုဏ်ရည် မီးအိမ်ရှင်စာကြည့်တိုက်ကို  ထူထောင်နိုင်ခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုရတဲ့ ဆုငွေသိန်း(၁၀၀)ကို အခြေခံပြီး ထူထောင်ခဲ့တာပါ။ အခုအခါ စာကြည့်တိုက်မှာ စာအုပ်ပေါင်း (၁၃၀၀၀)ကျော် ရှိနေပါပြီ။ တစ်လကို စာငှားသူ (၇၀၀)ကျော်နဲ့ စာပေဗဟုသုတတွေ ဖြန့်ဝေနေဆဲပါ။
(၁၁) ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင် ကမ္ဘာကို ကြေညာခြင်း။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ရွှေဥမင်ဒေသကို (၆.၈.၂၀၁၇)နေ့မှာ ကမ္ဘာကို ကြေညာနိုင်ခဲ့ပါတယ်။ ပရဟိတအဖွဲ့ (၂၁)ဖွဲ့က လူငယ်(၂၀၀၀)ကျော်ဟာ (၂)နှစ် နီးပါး အပင်ပန်းခံ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
(၁၂) မြန်မာပြည်ရဲ့ ပထမဆုံးတွေ။
ပင်းတယဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင်ဒေသဖြစ်တဲ့အပြင် Hospital Waste Management အတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး Needle pit စီမံချက်၊ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်တဲ့ ကျားမအခြေပြု အကြမ်းဖက်ခံရသူများအတွက် တစ်နေရာထဲတွင် ၀န်ဆောင်မှု ပေးနိုင်သော စင်တာ One Stop Crisis Centre (OSCC)၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သော မြို့ (Disabled friendly City) တို့ကို ဖော်ဆောင် နိုင်ခဲ့ပါပြီ။
(၁၃) လူတိုင်းပါဝင်နိုင်သောကျန်းမာရေးစနစ် ထူထောင်ခြင်း။
၂၀၁၂ ခုနှစ်ထဲက အရန်သားဖွား တစ်နှစ်သင်တန်းတွေ ပြုလုပ်ခဲ့တာ အခုဆို ပင်းတယမှာ အရန်သားဖွား (၁၆၁)ဦး ရှိနေပြီး တစ်ရွာတစ်ယောက် အရန်သားဖွားဆရာမလေးတွေ ရှိနေပါပြီ။ အဲဒီထဲက (၂)ဦးကို ဂျပန်မှာ သက်ကြီးရွယ်အိုစောင့်ရှောက်ဖို့ သွားရောက်ရန် စီစဉ်ပေးနိုင်ခဲ့သလို သားဖွားဆရာမဖြစ်သွားသူ (၃)ဦး၊ သူနာပြုဖြစ်သွားသူ (၁)ဦး၊ ကြီးကြပ်(၂) (၁)ဦး၊ သူနာပြုအကူ (၆)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ သူတို့ကို အခြေခံပြီး ကျန်းမာရေးကွန်ယက်တစ်ခုကို  ထူထောင်နိုင်ခဲ့ပါတယ်။ စေတနာမွန်လို ပရဟိတအဖွဲ့တွေကို ရွာပေါင်း (၇၀)မှာ ဖွဲ့ပြီး ပရဟိတကွန်ယက်ထူထောင် လူနာသယ်ပို့စနစ်တွေ၊ သွေး၊ အာဟာရ၊ လူနာညွှန်းပို့စနစ်၊ နာရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း လူတိုင်းပါဝင်နိုင်တဲ့ကျန်းမာရေးစနစ်တစ်ခု ထူထောင်နိုင်ခဲ့ပါတယ်။
(၁၄) အခြားဆောင်ရွက်ချက်များ။
မျက်စိလူနာ (၁၅၂)ဦးကို အတွင်းတိမ်ခွဲ၊ လည်ပင်းကြီးလူနာ (၅၆)ဦးကို အခမဲ့ခွဲ၊ သွားမရှိတဲ့ သက်ကြီးရွယ်အို(၇၀)ခန့်ကို အံကပ်အလှူ၊ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေး (၄၂)ဦးကို အခမဲ့ ခွဲခြင်း၊ ခြေထောက်ပြတ်နေသူ(၁)ဦးကို ခြေတုတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလထဲမှာ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ဖို့ စီစဉ်နေပါပြီ။
ဒီလုပ်ငန်းတွေအတွက် ပြည်သူလူထု လှူဒါန်းငွေတွေ တွက်ကြည့်တော့ သိန်းပေါင်း (၉၀၀၀)ကျော် နေပြီ ဖြစ်ပါတယ်။
ပင်းတယမြေမှာ ကျွန်တော်စွမ်းသလောက် တိုင်းရင်းသားတွေအတွက် ကြိုးစားပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားနေပါဦးမယ်။
ဆရာတင်မိုးကဗျာလေးလိုပါပဲ။
ဖန်မီးအိမ်လေးဟာ-
နေမင်းပမာ၊ သော်တာအလား
မ၀ံ့ငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို၊ အလှဆင်နေပါဦးမယ်။
.....
ဆရာရဲ့ ၇နှစ်တာ ပင်တယမြို့နယ် (ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ) မှတ်တမ်း link)
https://m.facebook.com/story.php?story_fbid=2083121745066185&id=100001051400444
Thursday, November 22, 2018
ဗဟိုဝန်ထမ်း တက္ကသိုလ် Soe Thuya Zaw (သွားဆရာဝန်တဦး) ဇီးပင်ကြီး(မေမြို့)၊ အထက်မြန်မာပြည် ဖောင်ကြီး(လှည်းကူး) အောက်မြန်မာပြည်.
ဗဟိုဝန်ထမ်း တက္ကသိုလ်
Soe Thuya Zaw (သွားဆရာဝန်တဦး)
ဇီးပင်ကြီး(မေမြို့)၊ အထက်မြန်မာပြည်
ဖောင်ကြီး(လှည်းကူး) အောက်မြန်မာပြည်.
.
ငယ်စဉ်က ဖောင်ကြီး ဇေယျ ၉၃ တက်ခဲ့ဖူးတယ်။  အခုခေတ် အစိုးရဝန်ထမ်းတွေ မလောက်မငှ လစာနဲ့. .လူငယ်အစိုးရ ဝန်ထမ်းလေးတွေကို ဘယ်လိုသင်တန်း တွေ ပေးနေသလဲ ဆိုတာ (အကြမ်းဖျင်း) သိရတော့ ပြန်လည် ရှယ်လိုက်ပါတယ်။
.
.
အပိုင်း၁
သင်တန်း အခင်းအကျင်း အပြင်အဆင် https://m.facebook.com/story.php?story_fbid=1877750425679138&id=100003325950379
.
.
အပိုင်း၂
NLD ဆန့်ကျင်ရေး နိုင်ငံရေးသိပ္ပံဆရာကြီး
မဘသ တရားပွဲအလား ပထဝီ.ဆရာကြီး
ဒီ အပိုင်းကတော့ ထိမိလွန်းအားကြီးလို့ Like 12k , Shared အမြောက်အများပါ။ ဝန်ထမ်း၃မျိုး ဆိုတာလဲ စိတ်ဝင်စားစရာပါ။ ကောင်းချက်ကတော့ ဆရာကို ပြန်မေးခွန်း ထုတ်ခွင့် ပေးပြီး မဟုတ်တဲ့ ဝါဒ (မျက်နှာပြောင်) ပို့ချတဲ့ ဆရာတွေ ကွဲပြဲ ကြတာတွေပါ။ ရယ်စရာပေါ့။
https://m.facebook.com/story.php?story_fbid=1887796441341203&id=100003325950379
.
.
အပိုင်း၃
တနေ့ စားစရိတ် ၇၀၀ကျပ်
For Show လုပ်ရပ်များ
https://m.facebook.com/story.php?story_fbid=1897124727075041&id=100003325950379
.
.
သုံးသပ်ရရင်
လူငယ် ဝန်ထမ်းလေးများ ဗဟိုဝန်ထမ်းတက္ကသိုလ် ၄လ ဆိုလား.. တက်ရတော့ အဆင်ပြေတဲ့ ဝန်ထမ်းတွေ (နေရာကောင်း ရထားတဲ့ ဝန်ထမ်းလေးတွေ)က မတက်ရအောင် ရှောင်ပြေးကြပါတယ်။ ခြုံ ကြည့်ရင် ဒီသင်တန်းကို အဆင့်မြင့် နည်းပညာများ နဲ့ အဆင့်မြင့် သင်တန်းဆရာ တွေ အတွက် (ဘတ်ဂျက် အမြောက်အများ) သုံးစွဲသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သိသွား မလား မပြောတတ်ပါ။ ဘတ်စကား ကြီးတွေနဲ့ တရုပ်ပြည်ခရီးစဉ် (အထက်မြန်မာ)၊ ထိုင်းနိုင်ငံ ခရီးစဉ်(အောက်မြန်မာ) G-to-G စီစဉ်ပေးသင့်တယ်။
.
သမ္မတကြီး ဦးဝင်းမြင့် သေချာပေါက် ဖတ်မိမှာပါ။
.
Human Resource...အရမ်းအရေးကြီး ပါတယ်။ မဟုတ်တဲ့ ဘာသာရပ်တွေ မသင်ပဲ ကွန်ပြူတာ အင်တာနက် မိုဘိုင်းဖုန်း တွေအသုံးပြူုးပြီး..ကျန်းမာရေး ပညာရေး တွေ လက်တွေ့ သင်ပေးဖို့ လိုပါတယ်။ ခေတ်မီ Project Management တွေနဲ့ အင်္ဂလိပ်ဘာသာ နဲ့ သင်ရမယ်။ ဈေးရောင်းပညာလည်း သင်ရပါမယ်။ အခမဲ့ သင်ပေးချင်တဲ့ NGO တွေလဲ အမျာကြီး ရှိပါတယ်။
.
ဝန်ထမ်းလောက ရဲ့ အနှုတ်လက္ခာ ဆောင်နေဆဲ ဗဟိုဝန်ထမ်း တက္ကသိုလ် အကြောင်း ပါ။
 :) :) :)
**************
ဇီးပင်ကြီး စစ်တမ်း ( အပိုင်းနှစ်)
``ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း ´´
မှတ်မှတ်ရရ အဲ့ဒီနေ့က Political Science နိုင်ငံရေးသိပ္ပံ ဘာသာရပ် အချိန်ပါ
ပထမဆုံးအနေနဲ့
နိုင်ငံ့ဝန်ထမ်းအနေနဲ့ ပထမဆုံး တာဝန်ထမ်းဆောင်မယ့်လူတွေကို ဇီးပင်ြ့ကီး တက္ကသိုလ်ပြည်ကနေသင်ပေးလိုက်တဲ့ အဌာရသ တဆယ့်ရှစ်ရပ် တွေအကြောင်း အရင်ရှင်းပြပါရစေ ။
လက်ချာတွေက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိပါ
ဌာနာဆိုင်ရာငွေစာရင်းထားသိုနည်း
နိုင်ငံရေးသိပ္ပံ
အင်္ဂလိပ်စာ
ဘောဂဗေဒ
သတင်းအချက်အလတ်နဲ့ နည်းမညာ စတာတွေအပြင် ကျွန်တော်တို့ကတော့ ဆရာဝန်တွေနဲ့ သွားဆရာဝန်တွေချည်းသီးသန့် သင်တန်းဖြစ်တဲ့ အတွက် မိခင် ကမ၀ ရဲ့လက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေကလည်း မိတ်ဆက်အနေနဲ့ လာရောက်သင်ကြားပါတယ် ။
မှတ်မှတ်ရရ အဲ့နေ့က နိုင်ငံရေးသိပ္ပံရဲ့ ပထမဆုံး လက်ချာနေ့ပါ
ဌာနမှူး ပါမောက္ခကိုယ်တိုင် ပထမဆုံးလက်ချာကိုသင်မယ်ဆိုလို့ ကျွန်တော့အနေနဲ့ အတော့ကို စိတ်ဝင်စားနေခဲ့တာပါ ။
ရှေ့ရှေ့ ဘာသာရပ်တွေကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ ဘာသာတွေဖြစ်တာကတြေ့ကာင်း လူပေါင်း ခြောက်ရာကျော်ကို ခန်းမကြီးထဲမှာ စုပြုံထည့်ထားပြီးသင်တာတစ်ကြောင်း ကိုယ်ကိုယ်တိုင်လည်း ပျင်းတာတကြောင်းး😂😂😂 စတဲ့ အကြောင်းကြောင်းတွေကြောင့် ပြီးခဲ့တဲ့ လက်ချာတွေက အတော့ကို စိတ်ဝင်စားမှုမရှိခဲ့ပါ။
PS လက်ချာစသင်သင်ချင်း မကြာခင်မှာဘဲ လာသင်တဲ့ ဌာနမှူးပါးစပ်ကနေ
တပ်မတော်သာ အမိ တပ်မတော်သာ အဖ 🚩🚩
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် 🔫
မျိုးချစ်တပ်မတော် အဖတပ်မတော်
ချောက်ထဲ ကျခံနီး မှ တခုတ်တရ ကယ်တင်ပေးခဲ့ပါသော တပ်မတော် ⚠⚠
ဆိုတဲ့ ဆိုတဲ့ ဆိုတဲ့ Slogan တွေကို ခုနစ်ဆယ်နဲ့ ငါးကြိမ်လောက်ကြားနေရတော့ ……………….😆😆
( စိတ်ထဲတော့ တွေးလိုက်ပါတယ် …..အင်း ဇီးပင်ကြီး ဆိုတာ မေမြို့နဲ့ နီးတော့ ဒီအသံတွေ ပဲ့တင်ရိုက်တာနေမှာပါလေလို့စ်😂😂 )
အဲ့ဒီနေ့က တနေ့လုံး PS လက်ချာဘဲယူပါတယ.် အဆိုပါ ဌာနမှူးကဘဲ နေ့လည်ခင်းမှာဆက်သင်ပါတယ်
နေ့လည်ခင်း လက်ချာမှာ သင်ရင်း သင်ရင်းကနေ ပြည်တွင်းငြိမ်းချမ်ရေးဘက်ရောက်သွားတော့ သူ့ဘက်က ဘာပြောလာသလဲ ဆိုတော့
မှန်တာပြောရရင် အခုပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်နိုင်တာ လက်ရှိ အစိုးရ (NLD )က စေတနာမရှိလို့ မအောင်မြင် ရတာပါတဲ့
ဘု၇ားစူးရစေ့ ……ကြားကြားချင်း မျက်လုံးကို ဇကောလောက် ကျယ်သွာြး့ပီး ပါးစပ်ကို တဆယ့်နှစ်ယူဇနာလောက် ဟ သွားတော့တာပါဘဲ
အစိုးရဟာ စတက်လာကတည်းက ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကိုကိုင်ဆြွဲ့ပီး ငြိမ်းချမ်းရေးရအောင် (ကန်တော့ပါ ရဲ့ )ချီးပြဲ့ အီးပြဲ လုပ်နေရတာကို သိနေမြင်နေပါရက်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နိုင်ငံရေးသိပ္ပံ ဌာနရဲ့ ဌာနမှူးတယောက် ပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာတာက အင်မတန်မှ စဥ်းစားစရာကောင်းပြီး မေးခွန်းထုတ်စရာပါ။
တကယ်လည်း မေးခွန်းဝိုင်းထုတ်ခဲ့ကြပါတယ်
သူ့ စကားဆုံးတာနဲ့တပြိုင်နက် လက်ချာမပြီးသေးခင်မှာ ဘဲ သင်တန်းသားအချို့က မိုက်တောင်းပြီး အတိအလင်း
Counter question တွေ ထုတ်ပါတော့တယ်
ဒီလိုမေးခွန်းတွေ ထုတ်လာတဲ့အခါမှာတော့ ခုနကပြောခဲ့တဲ့ စကားတွေက သူ့ပါးစပ်က မပြောခဲ့သလို လျောချပစ်ပြီး လက်ချာချိန်ကို တန်းဖြုတ်ပစ်လိုက်ပါတော့တယ်။
အင်မတန်မှ ရုပ်ပျက်တဲ့ လက်ချာဖြစ်ခဲ့ပါတယ် ၊
နောက်ရက်မှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်အောက်က ပထ၀ီနိုင်ငံရေး ဘာသာရပ်ကို တခြားဆရာတယောက် လာသင်ပြန်ပါတယ်
ဒီလက်ချာမှာက ပိုဆိုးပါတယ် ..။
ဘာပြောသလဲဆိုတော့
မြန်မာနိုင်ငံဟာ လူမျိုးကြီး နိုင်ငံကြီး နှစ်ခုကြားမှာတည်ရှိတဲ့ အတွက် မိမိတို့ နိုင်ငံကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းပြောရာကနေ
မိမိတို့ အမျိုးမပျောက်ဖို့ အတွက် ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားတာမလုပ်ကြဖို့
ဘာသာခြားတွေရဲ့ ဆိုင်တွေကို အားမပေးကြဖို့
786 ဆိုတဲ့ အဓိပ္ပါယ် ကိုသိကြသလားတို့
သာကီဝင်မျိုး ဗုဒ္ဓဘာသာဘာသာ အ၇ိုးစည်းရိုးထိုး blah blah blah အစရှိသော တရားတွေကို အဆိုပါဆရာမှ အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောပါတော့တယ်.....💣💣
ငါတို့ဟာ နိုင်ငံရေးသိပ္ပံသင်နေရတာလား မဘသ တရားပွဲထဲရောက်နေသလားဆိုတာ ကိုယ့်ကိုကိုယ်မနည်းပြန်စဥ်းစားယူရတယ်💤💤💤💤
တနိင်ငံလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ သင်တန်းသားပေါင်းး ခြောက်ရာကျော်ရှိနေတဲ့ သင်တန်းမှာ ဒီလို ထိလွယ်ရှလွယ်တဲ့ Isssue မျိုးကို ပြောဆိုတဲ့ အဲ့ဒီဆရာဟာ အတော့ကို ဦးနှောက်မရှိတာလျှင်သော်လည်းကောင်း ဖြစ်ရင်ဖြစ်ရမယ် ။ မဟုတ်ဘူးဆိုရင်တော့ ဒါဟာ တမင်ကို ရည်၇ွယ်ချက်ရှိရှိနဲ့ ပြောတာဘဲ။
အစိုးရရဲ့ ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်တော့မယ့် သစ်လွင်ဝန်ထမ်းတွေရဲ့ ဦးနှောက်တွေထဲကို ဒီလို Idealogy အမှားတွေကို ရိုက်သွင်းနေတာဟာ ဂျင်းအြ့ကီးစားဖြစ်သွားပါပြီ
တိုင်းပြည်ကို ငါးပါးမှောက်စေမယ့် ဒုက္ခလှလှ ရောက်စေမယ့် ဂျင်းတွေပါ။
ပြောတော့ သူတို့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်တဲ့
တဖက်ကလှည့်တွေးကြည့်ပြန်ရင်တော့
အောက်ခြေက ၀န်ထမ်းတွေရဲ့ mindset ကို မှိုင်းတိုက်နိုင်ရင်
ဝန်ထမ်းတွေကို ဂျင်းထည့်နိုင်ရင် အပေါ်ကအစိုးရမ၇ှုမလှ ကျဆုံးပါတယ် ။
သူငယ်ချင်း
K pop fan  တွေ သူတို့ ဖန်တွေအချင်းချင်းရန်ဖြစ်ရင် ပြောနေကျစကားရှိပါတယ်
Fan သတ်ရင် Idol သေတယ်တဲ့
အဲ့လိုပါဘဲ....ဝန်ထမ်းသတ်ရင် အစိုးရသေပါတယ်
တိုင်းပြည်လည်း မုချနစ်မွန်းပါတယ်
တကယ့်လက်တွေ့မှာတော့ ပြည်သူကို မျက်နှာမမူတဲ့ အတွေးအခေါ်တွေ
ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသွားနေတဲ့လမ်းမှာ ဟပ်ထိုးလဲစေမယ့် ခြေထိုးနေတာတွေနဲ့ဘဲ ဒီတက္ကသိုလ်ဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသလားဆိုတာ နောက်အပိုင်းမှာ တင်ပြပါအုံးမယ်
(အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့ အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း အာမခံပါသည်)
Thursday, November 15, 2018
အမေစုမရှိချိန်... ? ..တိန်ရှောင်ဖိန့် လုပ်ပေးခဲ့တာ ခေါင်းဆောင် ပျိုးထောင်ခြင်း ပါပဲ
အမေစုမရှိချိန်... ?
..တိန်ရှောင်ဖိန့် လုပ်ပေးခဲ့တာ ခေါင်းဆောင် ပျိုးထောင်စနစ်ပါပဲ..
...အာဏာမရချိန် ကတည်းက မြန်မာစိတ်ဓာတ်ပြင်ဖို့. DASSK တသက် မဖြစ်နိုင်ဘူး ပြောခဲ့တယိ။
..၂၀၁၆ အာဏာရလာပြီး ပညာရေးစနစ်သစ် ဂျပန်အကူညီနဲ့ ဆွဲထားတဲ့ ပေါ်လစီ ကို.  ပထမတန်းက စပြီး အကောင်ထည်ဖော်တာ.. ဒီနှစ် ၂၀၁၈ တတိယတန်း. စတ္ထုထတန်း ရောက်ပြီ..
...အခြေ ခံ ဆရာ ၄သိန်းကို ပြုပြင်နေတယ်။ ဆရာတွေကတော့ မကျေနပ်ဘူး၊ ကလေးတွေ သိပ်မတတ် တာ ကိစ္စမရှိ..ဆရာတွေ အနည်းဆုံး အင်္ဂလိပ်စာ နဲ့ Wiki Google တွေ တတ်ရမယ်။
..DASSK ကတော့ နောက် ၁၀နှစ် မတိုင်မီ အနားယူမယ်။ လူကြီး ပညာရေးလည်း.. အခုကြည့်ပါ.. စစ်တပ် စည်းကမ်းပိုရှိလာပြီ.. လူကြီးတွကို သူတို့ သားသမီး. မြေးမြစ် ..အခြေ ခံ ပညာ ကလေးတွေ က ပြန် သင် ကြ ပါ မယ်။
..ခေါင်းဆောင် ပျိုးထောင်စနစ် အောင်မြင်ပါစေ။
Wednesday, November 14, 2018
ပဲခူးတိုင်း မြေယာသိမ်းဆည်းမှု ပဋိပက္ခ...နိုဝင်ဘာ ၂၀၁၈
ပဲခူးတိုင်း မြေယာ ဂရမ်များ ရယူပြီး သိမ်းဆည်းတဲ့ ပဋိပက္ခ. . ဖြစ်နေပါ တယ်။ တိုင်း အစိုးရကတော့ ထုတ်ပြန်ချက် မပေးသေး ပေမဲ့ ဒီအမှု ဟာ သိရှိပြီးတဲ့ သမ္မတကြီး နဲ့ အဂတိကော်ရှင် တို့သိကြမယ် ဖြစ်တယ်။
.
တပြည်လုံး ဖြစ်နေတဲ့ မြေယာ ပြသနာများ အတွက် စံပြ ဖြစ်ပါလိမ့်မယ်။
10.Nov.2018
.....................
.
ဦးမင်းသူ (ကြားဖြန်ဖြေသူ ၏ စကား)
ရှေ့နေ တယောက်က အိမ်လာ ဖျက်မဲ့ စည်ပင်. ရဲ. ဘီလစ်.အုပ်ချုပ် ရေးမှုး  နဲ့ လူထု တွေရှေ့ ပြောသွားတဲ့ စကားလုံးတွေ။ ပြည်သူ လခ စားနေသူတွေကို အောင်မြင်သူ ကုမဏီက လူလည်ကျပြီး ဖျက်ခိုင်းတာ။ အောင်မြင်သူ ကုမဏီကပဲ လာဖျက်ပါလား.. တဲ့။ ကွန်မင့် အချို့...
.
Kaung Myat Oo
ရုပ်ဆင်းအဂါင်္တည်ကြည်တယ်..အသံမှာသြဇာအာဏာရှိတယ်..ပြောသွားတဲ့စကားလုံး အလုံးတိုင်းဟာတန်ဘိုးရှိတယ်..တရားဥပဒေဘောင်ထဲကနေပဲချက်နဲ့လက်နဲ့ပြောသွားတယ်.အိမ်အဖျက်ခံရမဲ့သူဘက်က ကာကွယ်ပြီးပစ်လိုက်တဲ့မြှားတစင်းဟာ ရဲရော အုပ်ချုပ်ရေးမှုးရော စည်ပင်ရော ကုမ္ပဏီရောပစ်မှတ်အတော်များများကိုထိသွားတယ်..လေးစားလွန်းလို့ပြောစရာစကားတောင်ရှာမတွေ့ဘူး..Respect❤❤❤
.
Kaung Khant Lin
တောင်သူလယ်သမား၊အလုပ်သမားအင်းအားစုပါတီဥက္ကဋ္ဌကြီးဦးမင်းသူဖြစ်ပါတယ်ခင်ဗျာ။မြေသိမ်းယာသိမ်းပြသာနာများကိုပြည်သူ့ဘက်မှပြတ်သားစွာအခကြေးငွေမယူပဲဆောင်ရွက်ပေးနေသောဥပဒေပညာရှင်ဖြစ်ပါတယ်။
.
သိပ်ကောင်းတဲ့ ဦးမင်းသူ. ဗွီဒီယို..5min..
https://m.facebook.com/story.php?story_fbid=529504394180375&id=100013624572575
...................
.
ဂိုရှယ်လေး ကတော့ အမေရိကန်နိုင်ငံ ကနေ.ပိုင်ရှင် လုပ်သက်၃၇နှစ် ဒုအရာခံဗိုလ် မိသားစု ရဲမြေ ကာချုပ် မကယ်တင်နိုင်ဘူးလား မေးခွန်း ထုတ်ပါတယ်။
ဗွီဒီယို...
https://m.facebook.com/story.php?story_fbid=522885621508919&id=100013624572575
......................
.
ပဲခူးတိုင်း ဝန်ကြီးချုပ်ကတော့ အဂတိ မှုတွေ အကြောင်း ပြောလာပါပြီ။ တပ်မတော် အရာရှိဟောင်း လက်ရှိ အာဏာရှိနေဆဲ သူများ ဖြစ်လို့ ဖြေရှင်းဖို့ ခက်ခဲမှာပါ။ Bago Gov Post. 
https://www.facebook.com/387241708389563/posts/536551993458533/
......................
.
ပဲခူးတိုင်း မြေသိမ်း၊ အိမ်ပျက် တရားဥပဒေ ကြီးစိုးရေး အမှု.. ရန်ကုန် သတင်းစာရှင်းလင်းပွဲလုပ်သည်။ မစုစုနွေး တောင်သူလယ်သမားအသင်း နဲ့ ရပ်ရွားသားများ.. .ကမာရွတ်မီဒီယာသတင်း။ 
https://m.facebook.com/story.php?story_fbid=2248250168582653&id=491405410876660
.
.....................
.
ပထမဆုံး ပို့စ်၊ (Hnin Pyae Sone)
ဘီလစ် တရားသူကြီးအဖွဲ့၊  ရဲမှုး ရဲအုပ် များနဲ့ ရဲသား ၄၀၊ မြေသိမ်း အိမ်ဖျက်ခြင်း။  လူ၂သန်း ကျော်  ကြည့်ရှု ကွန်မင့် ပေးခဲ့ တဲ့ ထမီကျွတ် တဲ့အထိ မတရားလုပ်ဆောင် နေပါတဲ့ မြေသိမ်း အိမ်ဖျက်မှု။
https://m.facebook.com/story.php?story_fbid=585431701887524&id=100012620976730
......
Sunday, November 4, 2018
ပညာရေး..USA hier education and Myanmar Student
ပညာရေး
နာရီဝက် ကြည့်ရှု ခွန်အားဖို့ အသက်၂၀ .. ၁၀တန်း အောင်ပြီး၊ USA ဘော့စတွန်မြို့က တက္ကသိုလ်လေး တခုမှာ ပညာသင်ခွင့် ရတဲ့. ကိုမော်ဌေး ရဲ့ Testimony.
Part.1
.
ငယ်စဉ် ပညာ အရမ်း ထူးချွန် တဲ့ အဆင့်ထဲ မပါ ပါဘူး။ TTC ရန်ကုန် မှာ သင် ခဲ့ တယ်။ မိဘ များက ၁၀တန်းမအောင်ခင် ကတည်းက British Council မှာ အားချိန် သွားတက်ခိုင်းပြီး၊ သင်္ချာ. အင်္ဂလိပ်စာ တွေ သင်တန်း မျာနဲ့ လေ့လာခဲ့ လို့. US ရောက်ချိန် အခက်ခဲ သိပ်မရှိလှကြောင်း။
.
အင်္ဂလိပ်စာ အားနည်းလို့ US ရောက်ရင် အခက်ခဲ ပူပန်မရှိဖို့. US မြို့တိုင်း မှာ ကျောင်းသားချင်း အကူညီ ပေး၊ မေးမြန်း တွေ့ ဆုံခြင်း အလွယ် တကူ ရကြောင်း။ ဘော့ စတွန် မြန်မာ အဖွဲ့ Boston Burmese Society အလွန် ကူညီ ကြောင်း။ ကျနော် ရောက်စက အလွန် ဖေးမ ကူညီ ကြောင်း။ ရန်ကုန် စတိုင်နဲ့ မတူ ပဲ၊ Learning လေ့လာဖို့ အခွင့်လမ်း ပွင့်နေကြောင်း။ IT ပညာ တက်နေကြောင်း။
.
အခု လက်ရှိ အခြေအနေ ကြေနပ်ပါသလား..မေးခွန်းကို. မကြေနပ်ပါ။ ကျနော်ဟာ ဒီမှာ ချာတိတ် ပဲရှိပါတယ်။ ၄နှစ် သင် ဘွဲ့ ယူ ပြီး.. နောက်တဆင့် ကျနော် တက်ချင်တဲ့ အမ်အိုင်တီ MIT, ဟားဗက် တွေလို ဆက်တက်ဖို့ ကြိုး စား ရမယ်။
.
နောင် မြန်မာ ပြည်က IT ပညာ Coding လုပ်တာတွေ တိုးတက်လာရင် US ကနေ မြန်မာ ပြည်ကို ကူညီ ထောက်ပံ ပေးဖို့ မျှော် လင့် ကြောင်း။
.
US ရဲ့ လူငယ်ပညာရေး၊
မိဘများရဲ့ အားပေးမှု၊ အတင်းကြပ် မခိုင်းမှု..
US Visa, Student pass ကြိုးစားရာမှာ သင်တန်းဆရာများ အထောက်ပံ..
မိမိ ရဲ့ ရောက်ချင်ဇော. ပညာသင်လိုတဲ့ အာသီသ
စကောလာရှစ်. ပညာသင်ဆု.
ဈေးနှုန် အမျိုးမျိုး အမေရိန် ပညာသင်စရိတ်. တနှစ် US$6500 မှ $50,000 အထိ အမျိုး မျိုး..
.
အသက်၆၀ ဆိုရင်.ဘာလုပ်မလဲ?.
ပြန်တွေ့ မေးမြန်း ချင်တဲ့ စံပြလူတယောက်
မိမိ အားနည်းချက်တခု
အမှတ်ရဆုံး မိမိကို ပြောစကား
.
နောက် ဆုံး ကြည့်ရှု သူ. US ဘာ ပညာသင်ဖို့ ကြိုးစားနေသူ လူငယ်များကို. ကြည့်တာ ကျေးဇူး တင် ကြောင်။ တတ် နိုင်သမှ ကူညီ ပေးပါ မယ်၊ သီတင်းကျွတ် ပွဲ တော် ပျော်ရွှင် ပါစေ..စကား ပါးလိုက်ပါတယ်.. တဲ့။
..
မိနစ် ၃၀ နားဆင်သူတိုင်း အကျိုး ထူးမဲ့၊ ဗဟုသုတ ရမဲ့ အမေးဖြေ အစီစဉ်လေးပါ။
.
Link
အပေါ် ဆုံးက video ကို နှိပ်ပြီး Share ရှယ်နိုင်ပါတယ်။
.
ကျနော့် သုံးသပ်ချက်
တရုပ်ပြည် တိန်ရှောက်ဖိန် လက်ထက် မြန်မာ ပညာသင် သောင်းနဲ့ချီ USA စေလွှတ် နိုင်ခြင်း။ အားလုံး ပြန်မလာ ပေမဲ့ တရုပ်လူငယ်တွေ US World Top ပညာရေး နဲ့ ပညာသင်ဆု တွေ ရရှိ ခဲ့ကြောင်း။ ဘောစတွန်မြို့ မှ မဟုတ် US မြို့ တိုင်းမှာ Burmese Society လူငယ် အဖွဲ့.လူမှုရေး အဖွဲ့ များက ကူညီ ပေးကြကြောင်း၊ မိမိ ကိုယ်တိုင် US မြို့ ကြီးများက အခြေခံ လူတန်းစား မြန် အဖွဲ့ များ စွာ အရှေ့ ၊ အနောက်၊ အလယ် မြို့ကြီး၊ မြို့လေး များကို ရောက်ရှိစဉ်  တကမ္ဘာ လုံးက .လူငယ် ကျောင်းသား အမြောက်အများ. မိမိ စရိတ် မိမိရှာ. အလုပ်လုပ်ရင်း. ပညာသင်ဆု ရရှိတဲ့ .. တက္ကသိုလ် ပညာသင်နေ ကြ တာ တွေ့ ခဲ့ ရ ပါ တယ်။
.
US ပညာရေး ကို မိမိနဲ့ နီးစပ်တဲ့ မြန်မာ လူငယ်များ ရရှိ အောင်မြင် ကြပါ စေ။
.
ဇော် အောင်
၃. နိုဝင်ဘာ.၂၀၁၈
.......
Link..
https://m.facebook.com/story.php?story_fbid=356864885057792&id=437592409675850
...............
.......
.
.
Part.2
ဒေါက်တာစိုးသန်း. စာရေးဆရာ. အင်္ဂလိပ်စာ ဆရာ.. အဇန်းရှင်း ယူနီဗာစတီ (ဘန်ကောက်).  အင်္ဂလန် နောတင်ဟန် Ph.D အင်္ဂလိပ်စာ. ကျေးဇူးတရား များ မေတ္တာ များဖြင့်.. ကိုညီညီတောင်ကြီး မှ ဘဝ သက်သေခံချက်. ခရီးလမ်း.
.
မြန် မာ လူငယ် များ အတွက် အင်္ဂလိပ် စာ ပညာ ယူ ရန် .. နား ဆင် ရန်။
.
ဆန် ဖရန် စစ္စကို က ညီညီ တောင်ကြီး ရဲ့ အင်တာဗျူး တွေပါ။ မြန် မာ ပြည် က.. လူငယ် ကြိုး စား သူ များ (အိပ် ပျော် စဉ်း စား နေတဲ့ လူ ငယ် လေး တွေ.  နိုး ထ လာ ဖို့ ). . ဖေ့ဘုတ် TV Channel တဲ့။ နောက် ဆုံး မေး ခွန်း ၂ခု..
.
အသက် ၆၀ ပြည့် ရင် ဘာ လုပ် မ လဲ? ..တဲ့။.. အန် ကယ် အဖြေ က တော့ အသက် ၆၀ ကျော် ရင်. ငယ် စဉ် က လို .. "သီ ချင်း များ များ ဆို တော့ မယ်"။
:) :)
.
Link နှိပ်ပါ.
https://m.facebook.com/story.php?story_fbid=1961745480552048&id=437592409675850
.......
ပညာရေး
Part.1
.
.
.
.
.
US ရဲ့ လူငယ်ပညာရေး၊
စကောလာရှစ်. ပညာသင်ဆု.
.
မိမိ အားနည်းချက်တခု
.
..
.
Link
.
ကျနော့် သုံးသပ်ချက်
.
.
ဇော် အောင်
၃. နိုဝင်ဘာ.၂၀၁၈
.......
Link..
...............
.......
.
.
Part.2
.
.
.
:) :)
.
Link နှိပ်ပါ.
.......
Thursday, November 1, 2018
သင့်နှလုံးသားထဲမှာ HOME အိမ်လေးဆောက်၍ လေ့လာပါ။ (ဒေါက်တာစိုးသန်း ရေးသားသည်။)
သင့်နှလုံးသားထဲမှာ HOME အိမ်လေးဆောက်၍ လေ့လာပါ။
(ဒေါက်တာစိုးသန်း ရေးသားသည်။)
စနေနေ့မနက်က ကိုညီညီတောင်ကြီး နဲ့လုပ်ခဲ့တဲ့ Interview မှာ သူ ကျွန်တော့်ကို မေးသွားခဲ့တဲ့ မေးခွန်းလေးတွေ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ်လည်း ဉာဏ်မီသမျှ တတ်စွမ်းသမျှ ရတဲ့အချိန်ပိုင်းလေးအတွင်းမှာ မေးခွန်းတွေကို ကြိုးစားပြီးပြန်ဖြေပေးခဲ့ပါတယ်။ Interview ဟာ ၂နာရီကျော်ကြာတာဆိုတော့ မေးခွန်းတွေ တော်တော်များသား။ အဲဒီမေးခွန်းတွေအနက် သတိထားမိတဲ့ မေးခွန်းလေးတစ်ခုက Foe Zaw ဆိုတဲ့ account name နဲ့မေးထားတဲ့ အောက်ပါမေးခွန်းလေးပါပဲ။
"Foe Zaw: ကျောင်းမနေခဲ့ရသူတွေအဖို့ ဝမ်းရေးကိုကြိုးစားရှာဖွေရင်း တစ်ကိုယ်ရေအင်္ဂလိပ်စာလေ့လာနိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးပါ။"
ကျောင်းမနေခဲ့ရသူတွေဆိုပေမဲ့ compulsory မသင်မနေရ ပညာရေးစနစ်ကြောင့် အထက်တန်းလောက်တော့နေခဲ့ကြဖူးသူတွေဖြစ်နိုင်ပါတယ်။ တက္ကသိုလ်မှ ဘွဲ့ရအောင်မတက်ခဲ့ရသူတွေလည်းဖြစ်နိုင်ပါတယ်။ သူတို့တွေ ဝမ်းရေးအတွက်ရုန်းကန်နေကြရတဲ့ကြားမှ အင်္ဂလိပ်စာကို သင်တန်းတွေသွားမတက်ဘဲ ဆရာလွတ် self-study လုပ်ချင်ရင် ဘာအချက်လေးတွေကို သတိပြုသင့်သလဲဆိုတာကို အများနဲ့ ဆက်နွယ်နေတဲ့မေးခွန်းတစ်ခုဖြစ်နိုင်တာမို့လို့ အချက်လေးတွေခွဲပြီး ရေးပြပါ့မယ်။ interview မှာတုန်းက အချိန်ကို ငဲ့ရတဲ့အတွက် အသေးစိပ်ပြန်မဖြေလိုက်ရလို့ ဒီဆောင်းပါးလေးရေးလိုက်တာပါ။
အင်္ဂလိပ်စာကို Self-study ကိုယ်ပိုင် ဆရာလွတ် လေ့လာမဲ့သူဟာ ကိုယ်ဘာကိုလိုအပ်တာလဲ၊ ဘယ် skill ကိုလေ့လာချင်တာလဲ၊ reading လား၊ writing လား၊ listening and speaking လားဆိုတာ သိဖို့လိုပါတယ်။ ပြီးရင် အဲဒီ skill ကိုလေ့လာဖို့ စာအုပ်တွေ materials နဲ့ resources တွေအိမ်မှာရှိဖို့လိုတယ်။ ပြီးရင် အရေးအကြီးဆုံး အချိန်ပေးနိုင်ဖို့လိုတယ်။ နေ့စဉ်ပုံမှန် မပျက်မကွက်လေ့လာဖြစ်အောင် စည်းကမ်းတကျ time-table/schedule အချိန်ဇယားဆွဲပြီး လေ့လာရမှာဖြစ်ပါတယ်။ စာအုပ်တွေ၊ reading materials တွေကို မိမိရဲ့ လက်ရှိအင်္ဂလိပ်စာအဆင့်နဲ့ လိုက်ဖက်အောင် သင့်တော်ရာကို ရွေးချယ်ပါ။ အချိန်ဇယားရှိပြီ၊ အချိန်တစ်နေ့ကို ပုံမှန် ၂နာရီပေးနိုင်ပြီ၊ စာအုပ်တွေ၊ learning materials တွေ Internet စသည့် resources တွေအားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် အခုစလေ့လာလို့ရပြီပေါ့။ သို့သော် အောက်ပါအချက်လေးတွေကို စဉ်းစား လိုက်နာစေလိုပါတယ်။
1. Set realistic and specific goals.
ပထမဦးဆုံး အရေးကြီးတာက language learning ဟာလည်း အခြားမည်သည့်ဘာသာရပ်လေ့လာရေးတွေအလားတူ မဖြစ်နိုင်တာကို လောဘကြီးလို့မရပါဘူး။ ကိုယ်လိုချင် ရောက်ချင်တဲ့ ပန်းတိုင်ဟာ လက်တွေ့ကျဖို့လိုပါတယ်။ အစပိုင်းမှာ manageable, achievable goals တွေကိုချမှတ်ဖို့ အရေးကြီးပါတယ်။ ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့မရပါဘူး။ You cannot master a language overnight. ဆိုတာ ကျွန်တော် မကြာခဏပြောဖူးပါတယ်။ နိုင်ငံခြားဘာသာစကားတစ်ခုကို အဆင့်တစ်ခုအထိ တတ်ကျွမ်းဖို့ဟာ ဇွဲရှိရှိနဲ့ အချိန်အများကြီးပေးကာ လေ့လာယူရတာပါ။ ဆိုတော့ကာ ငါတော့ ဒီလအကုန်မှာ native speaeker တစ်ယောက်လို အသံထွက်မှန်မှန်နဲ့ fluently စကားပြောနိုင်ရမယ် ဆိုတဲ့ objective မျိုးဟာ လက်တွေ့မကျ realistic မဖြစ်လို့ ကိုယ့်စိတ်ကို ပိုပင်ပန်းစေမဲ့ objective မျိုးဖြစ်လို့ ရှောင်ကျဉ်ပါ။ ဒီတစ်ပတ်အတွင်း ညဖက်မှာ တစ်နေ့ တစ်နာရီပုံမှန် Simple past, Past continuous, Past perfect စတဲ့ Past Tense သုံးခုကို ကြေညက်အောင် လေ့ကျင့်ခန်းတွေလုပ်ပြီး လေ့လာမယ်ဆိုတဲ့ goal မျိုးဟာတော့ realistic ဖြစ်တယ်၊ တကယ်လည်းအောင်မြင်အောင် လုပ်ယူနိင်တဲ့ learning goal ဖြစ်ပါတယ်။ ဒီ တစ်ပတ်ပြီးရင် နောက်တစ်ပတ်၊ နောက်တစ်လ စသည်ဖြင့် လေ့လာသွားရမှာတွေကို တပိုင်တနိုင် အချိန်စာရင်းနဲ့ ပုံမှန် ကိုယ်ပိုင် သင်ရိုးညွှန်းတန်းကိုဆွဲကာ self-study လုပ်ကြပါ။
2. Remind yourself why you are learning.
ဆရာမပါ၊ အတန်းဖော် အတူတွဲပြီးလေ့ကျင့်ဖို့ သူငယ်ချင်းဆိုတာလည်းမရှိတဲ့အတွက် self-study သမားဟာ တခါတရံ ငြီးငွေ့တတ်ပါတယ်။ ပျင်းလာမယ်၊ စိတ်ဝင်စားမှုလျှော့ကျလာမယ်၊ လုံးဝစိတ်မပါတော့ဘဲနဲ့ ဆက်မလုပ်တော့ဘဲ ရပ်လိုက်ချင်တာမျိုးတွေဖြစ်တတ်ပါတယ်။ အဲဒီလို motivation ကျလာတဲ့အခါမှာ၊ လက်လျှော့ချင်စိတ်ပေါက်လာတဲ့အခါမျိုးတွေမှာ၊ ကိုယ့်ကိုယ်ကိုယ် ငါ ဒီအင်္ဂလိပ်စာကြီးကို ဘာ့ကြောင့်လေ့လာနေရတာပါလိမ့်လို့ self-doubt ဝင်လာချိန်မျိုးမှာ Why am I learning English? Why do I want to learn it? Why do I need it? Where am I going to use it? စသည့်မေးခွန်းများ မိမိကိုယ်မိမိပြန်မေးကြည့်ပြီး ပြန်လည်အတည်ပြုပါ။ ငါ့ဘဝမှာ အင်္ဂလိပ်စာကို ငါ ဘာ့ကြောင့် တတ်ဖို့လိုနေတာလဲ။ Why do I need English? ဆိုတဲ့မေးခွန်းကို အနည်းဆုံး အဖြေ ၅ ချက်လောက်ရအောင် ချရေးကြည့်ပါလား။ အဖြေရှိရင် လမ်းကြောင်းပေါ် ပြန်ရောက်သွားပါလိမ့်မယ်။
3. Focus on a specific skill but try to link it with other skills.
Reading, Writing, Listening and Speaking ဆိုပြီး language skills လေးခုရှိတဲ့အနက် ဘယ် skill ကို အဓိကတတ်ချင်တာလဲ။ အဲဒီ skill ကိုသာ အသားပေးလေ့လာပါ။ ပြောတတ်ချင်ရင် speaking များများကျင့်။ ရေးတတ်ချင်ရင် writing ကိုကျင့်။ reading skill ကောင်းချင်ရင် စာများများဖတ်ရမှာပေါ့။ သို့သော် ပါးစပ်ကတော့ ကျက်ထားတဲ့ ဝါကျတွေနဲ့ speaking ကို ကရားရေလွှတ်ပြောတတ်ပေမဲ့ စာချရေးဖို့လိုလာတဲ့အခါ မရေးနိုင်တဲ့သူမျိုးဖြစ်ချင်တာလား။ သို့မဟုတ် အပြော၊ အရေး၊ အဖတ် အားလုံး ဟန်ချက်ညီညီ အင်္ဂလိပ်စာမျိုးတတ်ချင်တာဆိုရင်တော့ skills-integrated approach ကိုသုံးပြီး ကိုယ်လေ့လာရာမှာ reading နဲ့ writing အတူတွဲကျင့်၊ listening နဲ့ speaking အတူတွဲကျင့်ကာ လေ့လာပေးမယ်ဆိုရင်တော့ all-rounded language user ဖြစ်လာမှာပါ။ Skill လေးခုထဲမှာတော့ Reading skill ဟာ အခြေခံရေသောက်မြစ်ဖြစ်တယ်ဆိုတာကို သတိပြုပါ။
4. Read. Read and read more.
ဆရာလွတ်လေ့လာသူတွေ အလုပ်သင့်ဆုံးအလုပ်ကတော့ အင်္ဂလိပ်လို short stories ဝတ္ထုတိုတွေ၊ Simplified readers အလွယ်ပြန်ရေးထားတဲ့ ပုံပြင်စာအုပ်တွေ၊ novels ဝတ္ထုရှည်တွေ၊ online နဲ့ offline မဂ္ဂဇင်းတွေ ဂျာနယ်တွေကို များများဖတ်ပေးဖို့ပါပဲ။ Native speakers တွေအတွက်ရည်ရွယ်ပြီးရေးထားတဲ့ authentic reading materials တွေဟာ ဘာသာစကားလေ့လာရေးအတွက် အကောင်းဆုံးကုန်ကြမ်းတွေပါ။ စ ဖတ်ချိန်မှာတော့ တစ်အုပ်ကို ကုန်အောင် နားလည်အောင်ဖတ်နိုင်ဖို့ ခက်မှာဖြစ်လို့ simplified reader တွေနဲ့စသင့်ပါတယ်။ မူရင်းဝတ္ထုရှည်တစ်အုပ်ကို မပြီးမဖြစ် ပြီးအောင် ကြိုးစားဖတ်ပါ။ ၁လကြာမယ်၊ ၂လ ကြာကောင်းကြာမယ်။ ကြာပါစေ၊ ပြီးအောင် အောင့်အည်းဖတ်။ ပြီးသွားပြီဆိုရင် အဲဒီ Englsih novel ဟာ သင့်ဘဝရဲ့ trophy အောင်မြင်မှု ဒိုင်းဆုကြီးပါပဲ။ အဲဒီစာအုပ် မျက်နှာဖုံးလေးကို ကိုယ်ပြန်မြင်တွေ့နိုင်အောင် အိပ်ခန်းအတွင်း စာကြည့် စားပွဲပေါ်မှာ ထောင်ထားလိုက်ပါ။ ဒီအင်္ဂလိပ်ဝတ္ထုတစ်အုပ်လုံးကို ငါ ကုန်အောင်ဖတ်နိုင်ပြီ။ Congratulate yourself! What a milestone in your life! ကဲ… နောက်တစ်အုပ် ကို ရှေ့လအတွင်းမှာ ပြီးအောင်ဆက်ဖတ်မယ်နော်။ ဒီလိုနဲ့ တစ်လ တစ်အုပ်… ဖတ်လာလိုက်တာ vocabulary တွေတိုး၊ ဝါကျ အရှည် အလှတွေ သတိထားမိ၊ Reading ရဲ့ကျေးဇူးကြောင့် ကျန်တဲ့ skills တွေကိုလေ့လာရာမှာ ပိုပြီးခရီးပေါက် မြန်ဆန်လာပါလိမ့်မယ်။
5. Age is just a number.
အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုသာတဲ့။ ကြီးတယ် ငယ်တယ် မဟုတ်ပါဘူး၊ ဘာသာရပ်တစ်ခုကို တကယ်တတ်ချင်ရင် အချိန်ပေးပြီး ဇွဲကောင်းကောင်းနဲ့ ပုံမှန်လေ့လာရင် လူတိုင်းတတ်မြောက်နိုင်ပါတယ်။ ငါ့ အသက်ကြီးနေပါပြီကွာ၊ ဒီအရွယ်ကြီးရောက်မှ သင်လို့လည်းရမှာမဟုတ်တော့ပါဘူး… ဆိုတာဟာ ဆင်ခြေပေးတာပါ။ တကယ်လုပ်ချင်စိတ် မပြင်းပြလို့ ကိုယ့်ကိုယ်ကိုယ်ပြန်လှည့်စားသူတွေ သုံးတတ်တဲ့ စကားသာ။ ပညာရှင်တွေပြောတတ်တဲ့ Critical Period Hypothesis ဆိုတာကလည်း ရှိသေးတာကိုး။ အဲဒီ hypothesis အဆိုအရ language learning ဆိုတာ ငယ်ငယ် ကလေးဘဝမှ စောစောစရတဲ့အလုပ်မျိုးတဲ့။ critical period တဲ့။ ဆိုပါစို့၊ အသက် ဆယ်နှစ်နောက်မှ ဘာသာစကားတစ်ခုကို စသင်ပေးရင် အဲဒီလူဟာ grammatical patterns တွေအားလုံးကို ပိုင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုတဲ့ theory တစ်ခုပါ။ သက်သေပြချက်မခိုင်လုံလို့ ဆန့်ကျင်သူတွေများပါတယ်။ စိတ်အားထက်သန်တဲ့ Adult learners တွေဟာ ဖြည်းဖြည်းနဲ့ မှန်မှန်လေ့လာသွားကြလို့ English, Chinese, Spanish စသည့်ဘာသာစကားတွေကို ကောင်းကောင်းပြောနိုင် ရေးနိုင်တဲ့ Opsimaths ဦးကျည်ပွေ့တွေ အများကြီး ပတ်ဝန်းကျင်မှာရှိနေတာ language learning မှာ Age is just a number. You are never too old to learn. ဆိုတာ သက်သေသာဓကပါပဲ။
6. Learn vocabulary and grammar in context.
အလွတ်ကျက်ခြင်း memorization ဟာ တခါတလေလိုအပ်ပါတယ်။ သို့သော် vocabulary အလုံး ၁၀၀ ကို ထိုင်အလွတ်ကျက်တာမျိုး၊ Phrasal verb အလုံး ၂၀ တစ်နေ့ထဲမှာ ထိုင်ကျက်လိုက်မယ် ဆိုတာမျိုးတော့ အားမပေးချင်ပါဘူး။ အပေါ်မှာပြောခဲ့သလို vocabulary နဲ့ sentence structure တွေကို Reading မှတဆင့်သွားတာပိုကောင်းပါတယ်။ စာဖတ်ရင်းနဲ့တွေ့ရတဲ့ new vocabulary words တွေ၊ sentence structure တွေ၊ လှလို့ ပြန်အသုံးချလို့ရမဲ့ ဝါကျကောင်းတွေကို လိုင်းသား၊ မှတ်စုကူးရေးတဲ့နည်းဟာ through the meaningful context of reading မှတဆင့်လာတာဖြစ်လို့ memory retention အတွက်ပိုအားပေးရာရောက်လို့ဖြစ်ပါတယ်။ ဒီနည်းနဲ့သာ vocabulary နဲ့ grammatical patterns တွေကို လက်တွေ့မှာအသုံးပြုတဲ့ natural context, natural English ကိုတွေ့မြင်လေ့လာနိုင်မှာဖြစ်တယ်။
7. Seek every opportunity to use the language.
နေ့စဉ် အိမ်မှာ တစ်ယောက်တည်း self-study လုပ်နေတာ ကောင်းပါတယ်။ သို့သော် လေ့လာရုံနဲ့ မလုံလောက်ပါဘူး။ A good language learner seeks opportunities to use the language. ဆိုတာကို သတိချပ်ပါ။ မြန်မြန်တတ်ချင်ရင် ရှက်ကြောပြတ်ဖို့လိုတယ်။ အင်္ဂလိပ်လို ပြောဖို့၊ ရေးဖို့၊ အသုံးချဖို့ လေ့ကျင့်ဖို့ အခွင့်အရေးကိုရှာပါ အသုံးချပါ။ Tourists တွေနဲ့ အပြောလေ့ကျင့်ပါ။ အလုပ်မှာ ပြင်ပမှာ ဝါသနာတူ လေ့လာသူ သူငယ်ချင်းတွေနဲ့ လေ့ကျင့်ပါ။ Online မှာ Group တွေရှိတယ်။ ဝင်ရေး၊ ဝင်ပြော၊ ဘာသာပြန်ပြိုင်ပွဲတွေ ဝင်ပြိုင်၊ အင်္ဂလိပ်စာကို လက်ပွန်းတတီးအသုံးပြုနေဖို့ အခွင့်အလမ်းတွေရှာဖွေ အသုံးချနေသူဟာ လေ့ကျင့်ရေးကောင်းနေတဲ့ ကစားသမားလို၊ ပုံမှန်သွေးနေလို့ ထက်နေတဲ့ ဓားတစ်ချောင်းလို ထူးချွန်လာမှာ သေချာပါတယ်။
8. Learning never ends.
Education is a lifelong journey. ဆိုတဲ့ စကားလေးလိုပေါ့၊ ပညာရှာတယ်ဆိုတာ ပြီးဆုံးသွားပြီလို့ကို မရှိတာ၊ နေ့စဉ် သေသည်အထိလုပ်သွားရမဲ့အလုပ်ပါ။ Language learning ဆိုတာကလည်း ကျယ်ပြန့်ပါတယ်။ language, literature - classics & contemporary, linguistics, phonetics, idioms and expressions, reading, writing စသည်ဖြင့် ဘယ်အပိုင်းကို ပိုင်နိုင်အောင်လေ့လာမှာလဲ။ လေ့လာလို့မကုန်နိုင်ပါ။ ကိုယ်တိုင်လည်း ဒီနေ့အထိ လေ့လာခြင်းကို မရပ်လိုက်နိုင်သေးပါဘူး။ ရပ်လိုက်တာနဲ့ တိုးတက်မှုမရှိတော့မှာကို ကောင်းကောင်းသိထားလို့ပါ။ ဆိုတော့ကာ ဒီခရီးကလည်း ရှည်လျှားလိုက်တာ၊ ပန်းတိုင်ကိုရောက်နိုင်ဦးမှာလားလို့ စိတ်ဓာတ်ကျစရာမလို။ နေ့စဉ်ပုံမှန်သာ အားထုတ်နေပါ။ သင့်ရဲ့ ဒီနေ့ အင်္ဂလိပ်စာဟာ မနေ့ကထက်ပိုကောင်းလာဖို့သာ အဓိက၊ ရှေ့နှစ်မှာ ဒီနှစ်ထက်ပိုကောင်းဖို့ ရည်ရွယ်ချက်ဖြင့် ဆက်ချီတက်ပါ။
9. Be in the language environment.
အင်္ဂလိပ်လို မြန်မြန်နဲ့ မှန်အောင်တတ်ချင်ရင် London, New York စတဲ့ English speaking နေရာတွေမှာ သွားနေနိုင်ရင် အကောင်းဆုံးပေါ့။ ဒါဟာ မဖြစ်နိုင်ရင်တော့ ကိုယ့်အိမ် ကိုယ့်ပတ်ဝန်းကျင်မှာပဲ London, New York အတုလေးဖန်တီးယူကာ လေ့လာလို့ရပါတယ်။ အင်္ဂလိပ်သီချင်းနားထောင်၊ လိုက်ဆို၊ အလွတ်ရအောင်ဆို၊ BBC, CNN သတင်းတွေဖွင့်ထား၊ထိုင်ပြီး အာရုံစိုက်ကြည့် နားထောင်၊ အဝတ်လျှော် မီးပူတိုက် အလုပ်လုပ်နေချိန်မှာလည်း သတင်းကို background မှာဖွင့်ထား၊ ခရီးသွားဟန်လွှဲ တချိန်လုံး အင်္ဂလိပ်စကားသံတွေကြားနေရမယ်။ English movies တွေကြည့်၊ Youtube မှာ TedTalk video တွေများများကြည့်၊ Online English learning resources တွေအသုံးချ၊ ကိုယ့် phone လေးမှာ headphone လေးနဲ့လည်း intensive listening နားထောင်၊ နံရံပေါ်မှာ white board ကြီးကြီးတစ်ခုကိုထောင်ထားပြီး တစ်နေ့ကို vocabulary ငါးလုံး၊ ကြိုက်တဲ့ proverb, quotation, sentence တွေရေးထား၊ ဖြတ်သွားဖြတ်လာ ရပ်ပြီး white board ကို ခဏခဏဖတ်၊ တစ်နေကုန်တော့ အဲဒီ အင်္ဂလိပ်စာတွေအကုန် ကိုယ့်ခေါင်းထဲရောက် ကိုယ်ပိုင်ဖြစ်သွားရော။ ကိုယ်ပိုင် London, New York မှာနေတဲ့ အကျိုးကျေးဇူးတွေပေါ့။
10. Make effective use of the Internet.
ဘာသာစကားလေ့လာသူတွေအတွက် ဒီနေ့ ITခေတ်မှာ the Internet, Google, Facebook တို့ဟာ သောက်လို့မကုန်နိုင်တဲ့ သမုဒ္ဒရာကြီးပါပဲ။ ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာကို Google မှာ စာလုံးလေးတစ်လုံးချရိုက် ရှာကြည့်။ ဥပမာ Simple stories for EFL students ဆိုပြီး ရိုက်ကြည့်လိုက်၊ stories တွေအများကြီး အလကားဖတ်ဖို့တင်ပေးထားတဲ့ websites တွေ တသီတတန်းကြီးကျလာလိမ့်မယ်။ ဖတ်ပေတော့။ အရေးကြီးတာ online ပေါ်မှာ fooling around လုပ်ပြီး Facebook ပွတ်ပြီးအချိန်မကုန်စေဘဲ ကိုယ့်ရဲ့ language learning tool တစ်ခုအဖြစ် ထိရောက်စွာအသုံးပြုတတ်ဖို့လိုပါတယ်။ Facebook ပေါ်မှာ မြန်မာပြည် နယ်အရပ်ရပ်က အင်္ဂလိပ်စာ လိုက်စားနေသူအတွက် စေတနာရှေ့ထားပြီး မိမိတို့၏ကိုယ်ပိုင်အချိန်နဲ့ resources တွေကိုသုံးပြီး ပညာမျှဝေပေးနေတဲ့ ဆရာကောင်းတွေအများကြီးရှိပါတယ်။ ကိုယ်နဲ့လည်း သိလို့၊ သူတို့ရေးပေးတဲ့ English lesson posts တွေဟာ အမှားကင်းစင်လို့ စိတ်ချစွာ follow လုပ်ထားသင့်လို့ recommend လုပ်ပေးချင်တဲ့ ဆရာတွေကို စနေနေ့က interview မှာ အချိန်ကို ငဲ့နေရတဲ့အတွက် မပြောလိုက်နိုင်လို့ အခု ဒီမှာ စာရင်းတို့ပေးလိုက်ပါတယ်။ Facebook မှာ သူတို့ကို follow မလုပ်ရသေးရင် ရှာပြီးလုပ်ပါ။ ဒီဆရာတွေရေးပေးတာကိုလည်း နယ်အဝေးမှာနေနေကြတဲ့ self-study သမားတွေ အလေးပေးဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ သူတို့ရဲ့ account names တွေကတော့
ဆရာဒေါက်တာ Myat Thu
U Kyaw Nyein
Zaw Min-Oo
Win Naing Oo
Michael Lin Lin
Sithu Htet
Saya Myo Thura
Saya Min Myo Thant တို့ဖြစ်ပါတယ်။
ကဲ… self-study သမားတွေ သတိချပ်သင့်တဲ့ အချက် ဆယ်ချက်ကို ကျွန်တော့်ရဲ့ သင်ကြားရေးအတွေ့အကြုံပေါ်မူတည်လို့ အပေါ်မှာ အကြံပေးခဲ့တာ ဆောင်းပါးလည်း တော်တော်ရှည်သွားလို့ စနေနေ့က interview ထဲမှာ ထည့်ပြောခဲ့တဲ့ ကျွန်တော့်ရဲ့ HOME ဆိုတဲ့ acronym လေးနဲ့ နိဂုံးချုပ်ပါရစေ။
အင်္ဂလိပ်စာရယ်လို့သာမဟုတ်ပါဘူး၊ ဘယ်အရာကို မဆိုလေ့လာမယ်ဆိုရင် သင့်ရဲ့ နှလုံးသားထဲမှာ HOME ဆိုတဲ့ ဒီအိမ်လေးကို တည်ဆောက်နေထိုင်လေ့လာနိုင်ကြပါစေလို့။
Hunger (You need to be hungry for knowledge.)
Objective (You need to set clear, achievable objectives.)
Motivation (You need to have strong motivation to learn.)
Effort (You need to put in extra effort into your learning.)
လှပတဲ့ language home လေးတည်ဆောက်နိုင်ပါစေ။ အင်္ဂလိပ်စာလည်း ပိုမိုတတ်ကျွမ်းကြပါစေ။
With love,
Dr.Soe Than
October 29, 2018
Sunday, October 21, 2018
DASSK. ဂျပန် တွင် အင်တာဗျူး Oct.2018 (by Hla Soewai)
ဒေါ်အောင်ဆန်းစုကြည် နှင့် NHK အင်တာဗျုး အပြည့်အစုံ (တတိယပိုင်း)
============================
(၇) အောင်မြင်ခဲ့မှုများ ပြန်လည် စောင်းငဲ့ကြည့်ခြင်း
(၈) ဂျပန် အား မြန်မာပြည်မှ မည်မျှ အတိုင်းအတာ အထိ မျှော်လင့်ထားသနည်း။
(၇) အောင်မြင်ခဲ့မှုများ ပြန်လည် စောင်းငဲ့ကြည့်ခြင်း
** ပြီးခဲ့တဲ့ လ မှာပဲ ရှင်ရဲ့ ငါး နှစ် အစိုးရ သက်တမ်း တ၀က်ကျိုးသွားခဲ့ပြီ၊ အဲ့ဒီ နှစ် နှစ် ခွဲ အတွင်း အောင်မြင်မှု ရရှိခဲ့တာတွေ ဖေါ်ပြပေး နိုင်ပါသလား။ နိုင်ငံ ဖွံ့ဖြိုးရေး ၊ ဒီမိုကရေစီ အရေး တို့ နဲ့ စပ်လျင်းပြီးတော့ ပေါ့။
ရေတိုနဲ့ ပါတ်သက်ပြီး အနီးစပ်ဆုံး တွေတော့ ပြောရတော့မှာပေါ့၊ ဒါပေမယ့် ဒီအရာမျိုးတွေက ရေရှည်မှာ အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ နှစ်နှစ်အတွင်း အောင်မြင်ခဲ့တာတွေက ရေရှည် တည်တံ့ခြင်မှ တည်တံ့လိမ့်မယ်။ တဖက်က ကြည့်ပြန်လည်း ကျမတို့ မျှော်မှန်းထားတာထက်တောင် အရှိန်အဟုန် နဲ့ သက်ရောက်စေနိုင်ပြန်တယ်။ ပထမဆုံး ပြောရရင်တော့ ကျမတို့ အရေးကြီးတဲ့ အကျင့်ပျက် ခြစားမှုတွေ နဲ့ ပါတ်သက်ပြီး တော်တော်လေးကို  လုပ်နိုင်ခဲ့တယ်။ ဒီအတွက် အစိုးရအဖွဲ့ ထိပ်ဆုံး ပိုင်းမှာ ရှိတဲ့ လူတွေ အကျင့်ပျက် ခြစားမှုတွေ ကင်းတယ်လို့ ပြောလို့ရနိုင်သလို အောက်ခြေအဆင့်မှာ ဒီလို ပြောလို့ မရနိုင်သေးတဲ့ အနေအထား တွေမှာ ရှိနေသေးတယ်။
မကြာမီကလေးတင် ရန်ကုန်တိုင်း ရှေ့နေချုပ်ကို အကျင့်ပျက် ချစားမှု ဥပဒေနဲ့ အရေးယူနိုင်ခဲ့တာကို ရှင်လည်း ကြားခဲ့ပြီး ဖြစ်မှာပါ။ ရန်ကုန်တိုင်း ဆိုတာ နိုင်ငံတွင်းမှာ အရေးကြီးဆုံး ဒေသကြီး ဖြစ်ပြီး အဲ့ဒီမှာ ရှိတဲ့ ထိတ်တန်း ဥပဒေ အရာရှိကြီး တယောက် ကို အရေးယူနိုင်ခဲ့တာ ကြည့်ရင် ကျမတို့က ရှေ့ကိုဆက်သွားနေတယ်ဆိုတာ ကို ညွှန် ပြနေပါတယ်။ အခြား ဥပမာ အသေးစားမျိုးတွေ ပြနိုင်ပေမယ့် ဒီတခုက အတော်ကို ကြီးမားနေ့လို့ပါ။ သူနှင့်အတူ ပါဝင် ပါတ်သက်နေတဲ့ ရှေ့နေတွေ ရဲတွေကိုပါ အရေးယူထားခဲ့ပြီး ဖြစ်ပါတယ်။
ဒါက ရှေ့ကို လှမ်းနိုင်တဲ့ ခြေလှမ်းကြီး တခုပါ။ ဒါနဲ့ အတူ စီးပွားရေးကို လည်း ရှေ့ကို ရွေ့လျားနိုင်ဖို့ ဇောက်ချ လုပ်ကိုင်နေပါတယ်။ ကျမတို့ရဲ့ မြန်မာ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဆို အခု ခေါင်းဆောင်မှု အသစ် အောက် ရောက်နေပါပြီ၊ မြန်မာ ကို ရင်းနှီးမြုပ်နှံမှုမှာ အကြိုက်တွေ့စေမယ့် နိုင်ငံတခု ဖြစ်အောင် လုပ်နေပါတယ်၊ ဒီနေရာ မှာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခွင့် အဆင်ပြေ ချောမွေ့ရေးကို လက်ရှိထက် ကောင်းအောင် လုပ်သွားဖို့လည်း ရှိပါတယ်။
လူမှုရေး ရှု့ထောင့် ကနေ ပြောရမယ် ဆိုရင် ပညာရေး၊ ကျန်းမာရေး တို့ကအစ ကျမအနေနဲ့ အတော်ကို ကျေနပ် ၀မ်းသာမိပါတယ်။ ကျန်းမာရေး နဲ့ ပညာရေး ရဲ့ ညွှန်းပြကိန်းတွေကြောင့်ပါပဲ၊ ပညာရေး ရဲ့ ၀ိသေသ လက္ခဏာတွေကလည်း နေရာတိုင်းမှာ တိုးတက်လာနေပါတယ်။ ဒါက အရေးအကြီးဆုံးပါ။ လူငယ်တွေ အတော်လေး လှုပ်ရှား တက်ကြွနေတယ်။ သူတို့အတွက် သင်ယူချင်တာတွေ လေ့လာနိုင်ကြပြီး သူတို့အတွက် တိုးတက်ရာ လမ်းကြောင်း ကို ရှာနိုင်လာကြတယ်။ ဒါနဲ့အတူ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း အထောက်အကူ ပြုလာနိုင်တဲ့ ပိုပြီး ပွင့်လင်းကျယ်ပြန်တဲ့ ၀န်းကျင် အနေအထားတွေ ရှာတွေ့လာကြတာတွေ ကြည့်ပြီး ကျမ အနေနဲ့ အတော်ကို အားတက်လာနေမိတယ်။ ပညာရေးမှာ ကျမတို့ လုပ်ချင်သလောက် တွန်းတိုက် လုပ်လို့မရသေးတာတွေတော့ ရှိနေတာပေါ့လေ။
ကျမတို့ ကလေးတွေက အရမ်းကို ညဏ်ရည်ထက်မြက် ထူးချွန်ကြပါတယ်။ အခွင့်အလန်းတွေ ရလာကြမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူနဲ့ မဆို ယှဉ်နိုင်တယ်။
အဲ့ဒီတော့ နှစ်နှစ် အတွင်း မဆိုးဖူး ပြောရမှာပဲ၊ အဲ့လို မဟုတ်ဖူး ဆိုရင် ပြောလို့ရတာက နှစ်နှစ်အတွင်း ရေရှည် တည်တံ့မယ့် အောင်မြင်မှု လို့ ပြန်လှည့်ကြည့်နိုင်တဲ့ အရာမျိုးပါပဲ၊ နှစ်နှစ်အတွင်း ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ လာမယ့် မျိုးဆက်သစ်တွေအတွက် ဖူလုံမှု တွေ အာမခံချက်တွေ ရနိုင်မယ့် အခြေခံ အုတ်မြစ်တွေ ချပေးနိုင်တဲ့ အနေအထား ရောက်လာပြီ၊ ကျမ အတွက်ကတော့ ဒါက အရေးကြီးဆုံးပါပဲ။
ဒါပေမယ်လည်း အခြား ကြည့်လို့ ရနိုင်တဲ့ နေရာတွေလည်း မရှိဖူး မဟုတ်ပါဖူး၊ ရှိနေပါတယ်။ ဥပမာ ပြောရရင် မူးယစ်ဆေး တိုက်ဖျက်ရေး တို့လို ပြဿနာတွေလေ၊ ဒါတွေကလည်း အနာဂါတ်အတွက် အုတ်မြစ် ချပေးနေတာမျိုးပါပဲ၊ ကျမ အတွက်ကတော့ အရေးကြီးဆုံး အောင်မြင်မှုတွေ လို့ မြင်ပါတယ်။
**ကျမ ရန်ကုန် ရောက်ခဲ့တုန်းက ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်နဲ့ ယှဉ်ရင် အခြေအနေတွေ အများကြီး ကောင်းလာတာ မြင်နိုင်ခဲ့ပါတယ်။ ဒါနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကကော၊ ဘာတွေ အောင်မြင်ခဲ့ပြီးပါပြီလဲ။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု…. ဒီစကားက ဘာဆိုလိုလဲဆိုတာ ကျမတော့ လုံးလုံး မသိပါဖူး။ ရှင်က ဖွဲ့စည်းပုံ ပြောင်းလဲဖို့ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောနေရင် နိုး လို့ ပြောရမှာပါပဲ၊ ရှင် သိတဲ့ အတိုင်း ကျမတို့ ခုထိ ဖွဲ့စည်းပုံကို မပြောင်းလဲနိုင်ခဲ့သေးပါဖူး။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို နိုင်ငံရေး ဓလေ့ထုံးစံ သဘောအရဆိုရင် နိုင်ငံရေး ဓလေ့ထုံးစံ ဆိုတာမျိုး က ပြောင်းလဲဖို့ အချိန်ယူရပါတယ်။ ပြောင်းတာတော့ ပြောင်းလဲနေပါပြီ၊ လူတွေ အနေနဲ့ သူတို့ ပါဝင်ချင်တဲ့ နိုင်ငံရေးမျိုးကို လွတ်လွတ်လပ်လပ် ပါဝင် လုပ်ကိုင်ခွင့် ရနေကြပါပြီ၊ နိုင်ငံရေး နဲ့ ပါတ်သက်တဲ့ အဲ့ဒီအပိုင်းမှာ ပိုပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိလာနေပြီ၊ အဲ့တာကို ကျမ ဘယ်လို ပြောရမလဲ ဆိုတော့..အစိုးရရဲ့ တစိတ်တပိုင်း မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို ပြောတာပါ၊  သူတို့အနေနဲ့ အခွင့်အရေး တွေ တောင်းဆိုလာကြသလို တချိန်တည်းမှာပဲ တာဝန် ယူရမယ့် အပိုင်းတွေလည်း ပါလာတယ်။
**လူတွေရဲ့ နိုင်ငံရေး စိတ်ဓါတ် ကို ဆိုလိုတာလား။
ဗမာတွေရဲ့ စိတ်ဓါတ်က အမြဲလို နိုင်ငံရေးဖက် အတော်လေးကို အားသန်လေ့ရှိကြပါတယ်။ နိုင်ငံရေး စိတ်ဓါတ်တွေ ရှိလာနေတာ အခွင့်အရေးတွေ တောင်းဖို့ တင် ဆိုလိုတာ မဟုတ်ဖူး ဆိုတာ သိလာနေကြပါပြီ၊ အချို့သော တာဝန် ၀တ္တရားတွေ ကို လက်ခံရမယ်ဆိုတဲ့ အဓိပ္ပါယ် ဆိုလိုကြောင်းလည်း သိနေကြပါပြီ၊
**ဖွဲ့စည်းပုံ ပြောင်းလဲရေး ကို ဘယ်လို ဖြစ်အောင် လုပ်ယူနိုင်မလဲ။
ပြည်သူတွေရဲ့ ဆန္ဒရှိရင် အောင်မြင်ရမယ်လို့ ကျမ အမြဲလို ယုံကြည်ထားပါတယ်။ ဒီမိုကရေစီကို အသွင် ကူးပြောင်းနိုင်ဖို့ ကျမတို့ နှစ်သုံးဆယ်ကျော် လုပ်ခဲ့ကြတာလည်း အဲ့ဒီ ယုံကြည်ချက်ကြောင့် ဖြစ်ပါတယ်။ ကျမတို့ အကြမ်းမဖက်ခဲ့တဲ့ အပြင် လူထု ဆန္ဒပြပွဲကြီး တခုတောင် ကျမတို့ ဦးဆောင်ပြီး မလုပ်ခဲ့ဖူးပါဘူး၊ ဥပဒေ ဘောင်အတွင်းက ပဲ ကျမတို့ တဖြေးဖြေး လုပ်ယူခဲ့တာပါ။ ရှင်မြင်တဲ့ အတိုင်းပဲ ရလာဒ်တွေ ထွက်ပေါ်လာခဲ့တာပါပဲ၊ ဒီရလာဒ်တွေကို ခိုင်မြဲသည်ထက် ခိုင်မြဲအောင် လုပ်ပြီး ရှေ့ကို တက်လှမ်းသွားရမှာပါပဲ၊
**ရှင်ရဲ့ ကျန်ရှိတဲ့ သက်တမ်း တ၀က်အတွက် ဘယ်လို ရည်မှန်းထားပါလဲ။
ရည်မှန်းချက် ဆိုတာ မှန်တဲ့ အသုံးအနှုန်းလားလို့တော့ ကျမ မသိဖူး၊ ကျမတို့မှာ အစီအစဉ်တွေ ရှိနေတာတော့ အမှန်ပဲ၊ စီးပွားရေး ကဏ္ဍနဲ့ ပါတ်သက်တဲ့ အစီအစဉ်တွေ၊ ဒီလိုပဲ လူမှုရေး နိုင်ငံရေး နဲ့ ပါတ်သက်တဲ့ အစီအစဉ်တွေ ရှိထားပြီးသားပါ။ ကျမတို့ စီးပွားရေး ကဏ္ဍ အတွက် ဘာတွေ စီမံချက် ချထားလဲလို့ ရှင် မေးမယ်ဆိုရင်တော့ ပျိုးထောင်ပေးဖို့ပဲ၊ အခြေခံ အဆောက်အအုံပိုင်းတွေ ခိုင်မာလာစေချင်တယ်၊ ရင်းနှီးမြုပ်နှံစရာ ရှိမယ့် လုပ်ငန်းတွေ တိုးချဲ့ပေးချင်တယ်။ လူမှုရေး ကဏ္ဍကို ကြည့်မယ်ဆိုရင် ကျမ စောစောက ပြောခဲ့တဲ့ အတိုင်း အဓိက အကျဆုံး က ကျန်းမာရေး နဲ့ ပညာရေး ပါပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျန်းမာရေး နဲ့ ပညာရေး သာ လတ်တလောကော၊ ရေရှည် အတွက်ပါ ရလာဒ်တွေ ရနိုင်တာမျိုး မို့ပါ။ လူငယ်တွေ က အတတ် မြန်ကြတယ်ဆိုတာ ကျမတို့ သိလာခဲ့ပြီးပါပြီ။
သူတို့လေးတွေ လုပ်ခဲ့ကြတဲ့ တိုးတက်မှု အချို့ကို လက်ရှိမှာ မြင်တွေ့နေရပါပြီ၊ အနာဂါတ်ဆိုတာ ကိုတောင် စောင့်နေဖို့ မလိုတော့ပါဖူး၊ ပြီးတော့ နိုင်ငံရေး ကဏ္ဍမှာဆိုရင် ကျမတို့ အစိုးရ အဖွဲ့ရဲ့ အရေးကြီးဆုံး တာဝန်ယူ ဆောင်ရွက်နေတာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ ကျမတို့ ဒီအကြောင်းတွေ မပြောရသေးပါဖူး၊ ဒါက အရမ်းကို အရေးကြီးနေပြီး ကျမတို့ ရှေ့ကို ဆက်သွားနေပါပြီ၊ ရှင်သိတဲ့ အတိုင်း ကျမတို့ ပင်လုံညီလာခံကြီးကို သုံးကြိမ်တိုင်တိုင် လုပ်ခဲ့ပြီးပါပြီ၊ အခက်အခဲတွေ ရှိနေပေမယ့် ညီလာခံ တခုစီတိုင်းမှာ တိုးတက်မှုတွေ ရလာခဲ့ပါတယ်။ ရှေ့ကို ဆက်သွားဖို့က သိပ်ကို ခက်ခဲမယ်လို့ အတော်များများက စိုးရိမ်မကင်း ဖြစ်နေပါတယ်။ အခက်အခဲတွေ ရှိနေပေမယ့် ညီလာခံ တိုင်း မှာ တိုးတက်အောင်မြင်မှု ရခဲ့တာတွေ အစီရင်ခံနိုင်ခဲ့ပါတယ်။ ကျမတို့ ဒါတွေ ကို ရှေ့ဆက်လုပ်သွားမှာ ပါပဲ၊ ဖွဲ့စည်းပုံကြီး ရှိနေတယ် ဆိုတာကလည်း မေ့ထားလို့လည်း မဖြစ်သေးပါဖူး။
**အခုထိတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး နဲ့ အလေ့အကျင်တွေ ကို ပြုပြင်နိုင်ရေးမှာ ရှင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ လုံလောက်တဲ့ ခြေလှမ်းတွေ လှမ်းခဲ့ပြီးပြီလို့ ယုံကြည်ပါသလား၊
ဘယ်သူမဆို လုံလောက်နေပြီ လို့ မယူဆသင့်ပါဖူး၊ အဲ့လိုမျိုး အားရကျေနပ် မှု တွေ ဖြစ်သွားပြီဆိုတာနဲ့ ရှေ့လျောက် ကြိုးစားမှုတွေ လုပ်တော့မှာ မဟုတ်လို့ပါပဲ၊ ကျမတို့ လုပ်နိုင်တာတွေ အများကြီး ရှိနေသေးတယ်လို့ တွေးနေရမှာ ဖြစ်ပါတယ်။
**ရှင့်ရဲ့ စံတွေ မှတ်ကျောက်နေနဲ့ ဆိုရင် အခုထိ ရနေတဲ့ အောင်မြင်မှုတွေကို ဘယ်လို တန်ဖိုးဖြတ်မလဲ။
အဲ့လို အတိအကျ ဆိုရင် ရှေ့မှာ လုပ်နိုင်စရာတွေ အများကြီး ရှိတယ်လို့ ပြောရမှာပါပဲ။
(၇) ဂျပန် အား မြန်မာပြည်မှ မည်မျှ အတိုင်းအတာ အထိ မျှော်လင့်ထားသနည်း
**နောက်ဆုံး အနေနဲ့ မေးရရင် ဂျပန်ဆီက ဘယ်လို ထောက်ခံမှုမျိုးတွေ မျှော်လင့်ထားပါသလဲ၊ ရခိုင်ကိစ္စတင် မဟုတ်ပါဖူး၊ ဒီထက် ပိုကျယ်ပြန့်တဲ့ အတိုင်းအတာ နဲ့ ဆိုရင်ပေါ့။
ကျမ စောစောက ပြောခဲ့ပြီးပြီ ထင်ပါတယ်။ ကျမတို့ ဂျပန်ဆီက အကူအညီ နဲ့ ထောက်ခံမှုတွေ ရပြီးနေပါပြီ၊  ပိုလိုချင်တယ် ပြောရင်လည်း လောဘကြီးရာ ကျနေမယ်။ ၂ နိုင်ငံ အကြား ရှိပြီး ဖြစ်တဲ့ နားလည်မှု နဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ခိုင်မာအောင် တည်ဆောက်သွားလိုပါတယ်။ တချိန်တည်းမှာပဲ ကျမတို့က ပေးရမှာထက် အယူဖက်ကချည်း ဖြစ်နေတော့ တချိန်ကျရင် မိတ်ဆွေကောင်းပီသစွာ ပေးနိုင်သူတွေ ဖြစ်လာနိုင်ကောင်းရဲ့လို့ ကျမ အမြဲလို တွေးနေမိပါတယ်။
**ဂျပန် ပြည်သူတွေ အနေနဲ့ မြန်မာပြည်ကို ကြည့်ရှု့နိုင်ဖို့ ဘယ်လို မျှော်လင့်ထားပါသလဲ။
လာသာ လာခဲ့ပါ၊ ဗီဇာ မလိုတော့ပါဖူး၊ ကျမတို့ အခု ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် ရထားပြီးပါပြီ၊ လာပြီး မြန်မာပြည်ကို ကြည့်လှည့်ပါ၊ ကျမတို့ တယောက်နဲ့ တယောက် ပြောနေတာတွေ အခြားနိုင်ငံတွေက သတင်းတွေ နားထောင်နေမယ့်အစား ကိုယ်တိုင်သာ လာခဲ့ပါ။
**ဘာဖြစ်လို့လဲဆိုတော့ ရခိုင် နဲ့ ရခိုင်လူမျိုးတွေ အပေါ် သတင်းတွေ အများကြီး ထွက်နေတော့ ဂျပန်နိုင်ငံသားတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ အစိုးရ အရာရှိတွေက အဆိုးဖက်က အမြင်တွေ ရှိနေကြတယ်။
ကောင်းပြီ။ ဒါဆိုရင် ကိုယ်တိုင်လာပြီး ကြည့်ရတော့မှာပေါ့၊ ထိုင်ပြီး အဆိုးဖက်က မြင်နေမယ့်အစား လေယာဉ်ပေါ် တက်ပြီး အခြေအနေတွေ လာကြည့်ဖို့ အတော်ကို လွယ်နေပါပြီ။
**ရှင့်အနေနဲ့ ဂျပန် ပြည်သူတွေကော၊ ကမ္ဘာတ၀ှမ်းက လူတွေကိုပါ မြန်မာနဲ့ ပါတ်သက်ပြီး နားလည်မှုတွေ ရှိလာအောင် ဘယ်လို မက်ဆေ့ခ်ျ မျိုး ပေးချင်ပါလဲ။
နားလည် ပေးချင်တဲ့ လူက နားလည်ကြမှာပါပဲ၊ အခြေအနေတွေကို နားလည်ပေးချင်စိတ်နဲ့တော့ စရမှာပါပဲ၊ ဆိုလိုတာက အခြေအနေတွေကို ပိုပြီး သိမြင်လာအောင် စိတ်ကို ဖွင့်ပေးထားတာမျိုး ပါ၊ အားလုံးကို သိပြီးသားလို့ ယူဆထားရင်တော့ ဘာမှ လေ့လာစရာ တွေ တွေ့လာနိုင်မှာ မဟုတ်ပါဖူး။ အဲ့ဒီကျ တွေ့လာတဲ့ အခြေအနေတိုင်းကိုလည်း နားလည်မှုတွေ ကျယ်ကျယ်ပြန့် ပြန့် ပေးလာနိုင်စရာ မရှိတော့ပါဖူး။
**ရှင့်အနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေအမှန်ကို ကမ္ဘာတ၀ှမ်းက လူတွေ သိမြင်လာဖို့ မျှော်လင့်နေပါသလား။
နားလည်စေချင်တယ် ဆိုတာ ကျမ ပြောခဲ့သလိုပါပဲ နားလည်ပေးချင်တဲ့ စိတ် ရှိမှ ဖြစ်မှာပါ။ ဆိုလိုတာက ရှင် သိထားတာတွေနဲ့ မတူတဲ့ အခြား ရှင်းပြလို့ရတဲ့ အကြောင်းတွေ ရှိနေတယ်ဆိုတာ လက်ခံဖို့ ပြင်ဆင်ထားရမှာကို ဆိုလိုတာပါ။
****************************************************************************
မြန်မာ့ ပညာရေး ပျိုး ထောင် ပြောင်း လဲ မှု
ကျောင်း ဆရာ အလုပ်ထွက်ပြီး ပြုပြင်ရေး စာရေးနေသူ ဦး Tin Nyunt ရဲ့ 16.Oct 2018 ပို့ စ် ဖတ်ပြီး. မျက်ရည် လည်တယ်ဗျာ.။ သားသမီး များက မိဘ တွေကို ပြုပြင် ပြောင်းလဲ စေတယ်။ အထူးသဖြင့် မြေးရရှိသွား တဲ့ စစ်အာဏာရှင် ကြီးရဲ့ နှလုံးသား ပျော့ပြောင်း စေတာက စိတ်ကောင်း ရှိတဲ့ သူ့ မြေး ..နေရွှေသွေးအောင် လည်း အဓိက နေရာ ပါတယ် လို့ ကျနော် ယုံကြည်တယ်။
.
.ပညာရေး နဲ့ပဲ ပြောင်းလဲမယ် ဆိုပြီး..၂၀၁၆ ဒီချုပ် အစိုးရ ပထမဆုံး အလုပ်က မြိုနယ်ပညာရေးမှုး တွေနဲ့ ကျောင်းအုပ်ဆရာမကြီးတွေကို..ပြုပြင်ခြင်းပါ။ ကျောင် အုပ် ဆရာမကြီးတွေ အလွန် ချမ်းသာ နေတာက ပကတိအခြေအနေပဲ.. ကျောင်းသားမိဘ ဆီက ငွေမကောက် ရ.. အမိန့်က အလွန်ထိရောက်ပြီး. ဆရာမ တွေကို အချိန်ပို စနေ တနင်္ဂနွေ ညနေအထိ အချိန်ပို သင်ခိုင်းတယ်..မိမိအတန်းက ကလေးတွေ ကျောင်းမထွက်အောင် မိဘများ အိမ်ထိ သွားကြည့် စေတယ်..ဘဝတွေ ပိုနားလည်စေတယ်.. ဆရာမတွေကို အင်္ဂလိပ်စာ တိုးတက်အောင် လေ့လာခိုင်းတယ်..
.
ရလဒ်ကတော့.. ဆရာမအကြီးတွေ စိတ်ပျက်ကြပေမဲ့ . ဆရာ ဆရာမ အငယ်တွေ အရမ်းတိုးတက်လာတယ်..ကလေးတွေ စာလဲမတတ်ဘူး..တဲ့။ ဆရာမ လေးတွေ စာပိုတတ် လာကြတာပဲ တွေ့ရပါတယ်။ ဒီချုပ် အစိုးရ တက်ပြီး. ၂နှစ်အကြာ ဆရာမ တော်တော်များများ အလုပ်ထွက်ပြီး ပြင်ပ မှာ ထွက်လုပ်ကြတယ်။ သူတို့  ဝင်ငွေကောင်းလာတယ်. ။ ရာထူးတိုး စနစ် မှာလဲ လာပ်ပေးစနစ် ပြိုလဲလာတယ်။ အဆင့်၁ ရအောင် လာပ်ထိုးစရာ မလိုသလို..စာမေးပွဲမကျအောင် လာပ်ထိုးရတာလဲ မရှိတော့.. TTC လို နာမည်ကြီး ကျောင်းအုပ်ဆရာမကြီး ကိစ္စမျိုးတွေ ဆုံးဖြတ်လာကြတယ်.. ပညာရေးဘတ်ဂျတ် အများကြီး ပေးလာတယ်..
.
စနစ်သစ်ပညာရေး တဲ့..
..၁တန်း - ၅တန်း.. မူလတန်း (2016 started) ယခုနှစ် ၃တန်း.၄တန်း သင်ရိုးသစ်..
..၆တန်း - ၉တန်း..  အလယ်တန်း (2019 to start)
..၁၀တန်း. -၁၂တန်း.  အထက်တန်း ပညာရေး (၁၀တန်းပြီးရင် ကောလိပ် ၂နှစ်.  သိုမဟုတ် သက်မွေးပညာ ဒီပလိုမာ) ..(2021 to start)
..၁၂ တန်း. ပြီးမှ တက္ကသိုလ်ပညာ (2023 to start)
.
ဆရာ လစာ ပိုတိုးပေးဖို့..  မြန်မာ့စီးပွား တိုးတက်ပါစေ. ပြုပြင်ပြောင်းလဲမှု မြန်ဆန်ပါစေ ဆုတောင်းပါတယ်။
.
ကျနော်တို့ မြန်မာနိုင်ငံမှာ လက်ရှိ အာဏာကြီး နေတဲ့. စစ်တပ် ခေါင်းဆောင်တွေ. စစ်တပ်ခေါင်းဆောင်ဟောင်း ကြီးတွေကို ခေါင်းမာ လည်ပင်းခိုင် နေကြတာ တွေ့တဲ့အခါတိုင်း..ပေါက်ကွဲကြတယ်။ လူမှုကွန်ယက်မှာ ရေးကြတယ်။ ဆဲစာ ရေးတဲ့ လူတွေ ကိုလဲ မေတ္တာ ရပ်ခံ ချင်တယ်။ ကြမ်းရမ်း ဆဲရေး ခြင်းက မိမိ သိက္ခာပဲ ကျစေ ပါ တယ်။ စစ် အာဏာ ရှိသူများ အဓိက လိုအပ်ချက်က သူတို့ ဘဝလုံခြုံ မှု ပါပဲ။ စစ်ဗိုလ် စစ်သား တွေလဲ မမိ ဘဝ စားဝတ်နေရေး လုံခြုံ လုံ လောက်ပြီး သားသမီး ပညာရေးက ဒုတိယ ပါပဲ။ သူတို့ သား သမီး များ ရဲ့ တပ်တွင်း စာသင်ကျောင်း ဆရာ ဆရာမ များ က အရေးကြီး လာပါတယ်။ 
.
အောက်တိုဘာ ၁၅ရက် ကမ္ဘာ ဆရာများနေ့ ကျင်းပ၊ ဂုဏ်ပြု ခဲ့ပါတယ်။ ၁၄နှစ် စလုံး ခွင့်မယူတဲ မော်လမြိုင် က လူရည်ချွန် ဆရာမကြီးတယောက် နဲ့ ၁၂ ဦးကို ဂုဏ်ပြု ဆုချီးမြှင့်ပါတယ်။ အဲလို ဆရာတွေ မှောင်မိုက်တဲ့ စစ်အာဏာရှင် နှစ်၅၀ကျော်မှာ ရှိနေကြတာ လဲ မြန်မာ့ ပညာရေး ပြုပြင် ပြောင်းလဲမှု အတွက် အားရ စရာပါ။
.
ကျောင်းသား အခြေ ခံ ပညာ နိုင်ငံတော် သီချင်းဆိုတာ. သစ္စာဓိဌာန် ရွတ်ဆိုတာ တွေ စစ် အာဏာရှင် စနစ်နဲ့ မတူပါ။ စာသင်ကျောင်း အနား နေသူများ နားညီးရင်လဲ ဝမ်းသာကြရပါမယ်။ အလုပ်လုပ်တဲ့ မိဘ ဖိုးဘွားတွေ မိမိ သားသမီး တူ.တူမ မြေးမြစ်တွေ ရွှင်လန်း သီချင်း ဆိုနေကြတာ. စားအံနေသံကြားရတာ အလွန် ခွန်အား ရပါတယ်။ မကြားဖူး သူများ ဒီလင့် ကို နှိပ် နားဆင် စေလိုပါတယ်။ (Link)
https://m.facebook.com/groups/909144092480355?view=permalink&id=2142287009166051
.
ဆရာ Tin Nyunt ရဲ့ ပို့စ် ကိုလဲ ဖတ်ကြည့်စေချင်တယ်။ (Link)
https://m.facebook.com/story.php?story_fbid=1877553348995803&id=100002234690173
.
ဖတ်ရှု သူ များ ..ရွှင်လန်းဝမ်းမြောက် ကြပါစေ။
MZA.. Oct 2018
Friday, October 12, 2018
ဦးရဲထွဋ် အကြောင်း.. ရေးသူ ဦးလှမောင်ရွှေ
ဦးရဲထွဋ်  နဲ့  ISEAS
 Institute of Southeast Asian Studies , ISEAS ရဲ့ Myanmar Studies အဆောက်အဦးက ရှေ့မှာ တည်တည်ငြိမ်ငြိမ် တထပ်ပုံ ၊ နောက်မှာ လေးထပ် ခေတ်မှီအဆောက်အဦး ။  အဆောက်အဦးက လွန်ခဲ့တဲ့ ၄ / ၅ နှစ်ကမှ ဆောက်ထားတဲ့ အသစ်ပါ။ တိတ်ဆိတ်ပြီး အာရုံစူးစိုက်လို့ကောင်းမဲ့နေရာပါ။ ဦးရဲထွဋ် အခန်းကလည်း အလုပ်တွင်မယ် ထင်ပါတယ်။
 ၁၉၉၂ လောက်က ISEAS မှာ သမ္မတ Dr မောင်မောင် oral history interview record အတွက် နှစ်ပတ်လောက် လာလုပ်ဘူးတယ်ပြောပါတယ်။ အခု ပြည်ထောင်စုဝန်ကြီး တစ်ဦး အဖြစ်တာဝန်ယူနေသူ ဦးသောင်းထွန်းလည်း ISEAS မှာ Visiting Senior Fellow လုပ်သွားပါသေးတယ်။
 ဦးရဲထွဋ်လည်း Visiting Senior Fellow အဖြစ် ၂၀၁၉ အထိရှိမယ်ပြောပါတယ်။  ဦးရဲထွဋ် ရှင်းပြတာက ISEAS ကို စင်္ကပူမှာ ဥပဒေနဲ့ပြဌာန်းပြီးဖွဲ့ထားတယ်။ ဌာန ၅ ခုမှာ ပုံမှန် Senior Fellow ၃၀ လောက်နဲ့ ဧည့်သည် Visiting Senior Fellow ၃၀ ကျော်ရှိတယ်လို့ပြောပါတယ်။
 သူလည်း နောက်တနှစ်ဒီမှာ ထပ်ရှိဦးမယ်လို့ပြောပါတယ်။သူလည်း ဒီအလုပ်မှာ မွေ့လျော်ပုံပေါ်ပါတယ်။ သူကိုယ်သူလည်း ယုံကြည်မှု့ အပြည့်ရှိတယ်လို့တွေ့ရတယ်။ မနှစ်က သူ့ကိုလာတွေ့ရတာထက် ဒီနှစ်ပိုပြီးစဉ်းစားချက်တွေကောင်းလာတယ်။ သူ့ကိုယ်သူ ယုံကြည်မှု့တွေပိုရှိလာတယ် ထင်ပါတယ်။ ဦးရဲထွဋ် ရဲ့အားသာချက်တွေထဲကတစ်ချို့အချက်တွေက သူ့ကိုယ်သူယုံကြည်မှု့ရှိတာ , ရိုးသားပွင့်လင်းတာနဲ့ ကြိုးစားမှု့ရှိတာပါ။တော်ယုံတန်ယုံကိုလည်း အားနာပုံ မပေါ်။ သူယုံကြည်တာ သူရေးတဲ့ အပေါ် Facebook ပေါ်မှာ ဝိုင်းဖဲ့နေတာလည်း ခံနိုင်ရည်ရှိတယ်။
 ဦးရဲထွဋ်စာအုပ်တအုပ်ပြုစုနေတယ်။ ဒီအတွက် အချက်အလက်တွေကို စနစ်တကျစုဆောင်းတယ် research လုပ်တယ်ပေါ့။ လူပေါင်း ၄၀ ကျော်ကို နာရီပေါင်း ၉၀ ကျော် interview လုပ်ပြီးပြီပြောပါတယ်။ ပြီးရင်တော့ ISEAS ကထုတ်ဝေပါလိမ့်မယ်။
 ဝန်ကြီးအဆင့်ထဲက ISEAS မှာ Senior Fellow လာလုပ်တာ သူတဦးတည်းရှိပါသေးတယိ။ ဦးရဲထွဋ် ရဲ့ နောက် project တစ်ခုက oral history interview ပါ။ မြနိမာနိုင်ငံက အရေးကြီးတဲ့ နေရာမှာ ပါဝင်ခဲ့သူတချို့ကို တွေ့ဆုံမေးမြန်း မှတ်တမ်းတင် မှု့ကို စနစ်တကျလုပ်ငန်းလို့ ပြောရပါမယ်။ ဒီ resources တွေက ISEAS မှာကျန်ခဲ့ပါလိမ့်မယ်။
 တဖြေးဖြေး ဦးရဲထွဋ် က စီမံခန့်ခွဲသူတစ်ဦးကနေ   scholar / academic တစ်ဦးလိုပြောင်းနေတယ် ထင်ပါတယ်။
သူ့ပွင့်လင်းမှု့ ၊ ဟောဟောဒိုင်းဒိုင်း ပြောတတ်မှု့ ၊ အားမနာတတ်မှု့က သူ့ကို ဘုကလန့် တစ်ဦးလို့ ထင်သွားနိုင်ပါတယ်။ သူ့ရဲ့ တိုင်းပြည်ပေါ်ထားတဲ့ စိတ်စေတနာက စကားနဲ့ထည့်မပြောပေမဲ့ မြင်လို့ရနေပါတယ်။ ကျနော်ကတော့ ဦးရဲထွဋ်ကို ချီးကျုးလေးစားပါတယ်။ သူ့လိုဖြစ်ဘို့မလွယ်ဘူး။
၂၀၁၁ - ၂၀၁၆ အထိ မြန်မာနိုင်ငံရဲ့ ပထမ အသွင်ကူး ပြောင်းမှု့တွေမှာ ဦးရဲထွဋ် အနေနဲ့ ဒုညွန်ချုပ် , ညွန်ချုပ် , ဒုဝန်ကြီး , သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ , ပြည်ထောင်စုဝနိကြီး အဆင့်ဆင့် ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူပြန်ကြားရေးမှာလုပ်စဉ်က အမျိုးသားညီလာခံမှာ တာဝန်ကျခဲ့တော့ ဒီမှာလည်း အတွေ့အကြုံတချို့ ရှိခဲ့တယ်။
ဦးရဲထွဋ် က DSA 22 intake ဆင်းပါ။ ကျနော်ညီအငယ်ကလည်း ၂၂ ဆင်းဆိုတော့ ၂၂ က အရာရှိတွေနဲ့ သူတို့ ကျောင်းတက်ထဲကကော နောက်ပိုင်းကော ကျနော်နဲ့မစိမ်းဘူးပြောရပါမယ်။သူအနေနဲ့ တပ်မတော်အရာရှိအနေနဲ့ ကချင်ပြည်နယ်မှာ သုံးကြိမ်တာဝန်ကျဘူးတယ်။ G2 တာဝနိယူရင်း အဲဒီအချိန်ကငြိမ်းချမ်းရေုးဖြစ်စဉ်မှာ တာဝန်အရပါခဲ့ပါတယ်။
ကျနော်တို့ Myanmar Egress က Dr ကျော်ရင်လှိုင် ၂၀၀၉ လောက်မှာ Hong Kong City University ကို Co professor နဲ့ရှိတုန်း ၂၀၁၂ ဇန်နဝါရီ သူတို့ တက္ကသိုလ်က ပွဲတခုလုပ်ပါတယ်။ “ Myanmar after 2010 Elections ခေါင်းစဉ်နဲ့ပါ။  မြန်မာပြည်က ဖိတ်တဲ့ထဲမှာ ဦးရဲထွဋ် , ဆရာ မောင်ဝံသ ,ဒေါက်တာ တင်မောင်မောင်သန်း , ဦးကိုကိုလှိုင် , ဒေါ်ဝါဝါထွန်း , ဦးညိုအုန်းမြင့် , ဦးဘိုဘိုကျော်ငြိမ်း , ဦးသုဝေ , ဒေါက်တာဆက်အောင် , ဦးအောင်နိုင်ဦး , ဦးဇော်ဇော်ဟန် , ဆရာဦးတင်ထွဋ်ဦး,  MOFA က retired ဆရာဦးမြင့်စိုး , ကိုသီဟန် , ကျနော့် တို့ကိုဖိတ်ပါတယ်။အဲဒီအချိန်က ဦးရဲထွဋ် ကပြန်ကြားရေးမှာ ဒုညွန်ချုပ်ပါ။ သူ့ဘာသာရပ်ကို သူပိုင်ပိုင်နိုင်နိုင်ရှိပါတယ်။
ဦးရဲထွဋ် နဲ့စကားပြောဖြစ် အမြင်ဖလှယ်ဖြစ်တာ ကျနော်အတွက် အများကြီးကောင်းပါတယ်။ စိတ်ဝင်စားစရာတွေအများကြီးပါ။ အထူးသဖြင့် သူတာဝန်ယူစဉ်ကာလက ကျနော်သိချင်တာတွေကိုသွားမေးတာပါ။ ငြိမိးချမ်းရေးလုပ်ငန်းစဉ်မှာ သမတနဲ့သူရဲ့ အလုပ်ကိစ္စ, သူရဲ့ကိုယ်ပိုင်အမြင်သဘောထား , MPC ပေါ်သူအမြင် , ငြိမ်းချမ်းရေး တပ်မတော် နဲ့ သတင်းထုတ်ပြန်မှု့ , အခု စ်ြပျက်နေတဲ့ကိစ္စများ ၊ အနာဂါတ်မြန်မာနိုင်ငံ ၊ တိုင်းရင်းရေးရာကိစ္စ၊့  အကြောင်းအရာမျိုးစုံပါပါတယ်။ သူ့စဉ်းစားချက်တချို့က ကျနော်တို့ထင်မထားတဲ့ အကောင်းမြင်ရှု့ထောင့် ၊ ပိုကောင်းတဲ့ ချဉ်းကပ်မှု့တွေကိုကြားရပါတယ်။
 သူ့ FB မှာ follower 480000 ကျော်ရှိပါတယ်။ ဦးရဲထွဋ် အားသာချက် နောက်တခုက သည်းခံနိုင်တာပါ။ သူFB မှာ အခြားလူတွေဝင်ရေးတဲ့ comment တွေက တခါတခါ တော်တော်ဆိုးတယ်ပြောရမယ်။ ဒီတိုင်းထားထားတာတွေ့ရပါတယ် ။( ကျနော်တော့ အဲဒီလောက် tolerence မမြင့်ပါ။ )
ဒီနေရာမှာ ကျနော်မြင်တာက ကျနော်တို့ မြနိမာများက ကိုယ်မြင်တာမှ အမှနိ ၊ သူများမြင်တာက မမှနိဘူးလို့တွေးတာ များလွန်းတယ်ထင်တယ်။ Us and Them များလွန်းသလားလို့။ ( ငါနဲ့မတူ ငါ့ရန်သူ လို့တွေးတာများနေသလား) သူလည်း ငါ့လိုတိုင်းပြည်ချစ်နိုင်တယ် ၊ သူလည်းငါ့လိုတိုင်းပြည်ကို ကောင်းစေချင်တာလို့ တွေးပေးဘို့ခက်နေပုံပေါ်။ တစ်ဖက်နဲ့ တစ်ဖက် ၊ တစ်ဦးနဲ့ တစ်ဦး ဖဲ့နေယုံနဲ့ တိုင်းပြည်ပိုကောင်းလာမှာမဟုတ်။ Blame game နဲ့ ဘယ်လို State building လုပ်ကြမလဲ။  မတူကွဲပြားမှု့တွေထဲက တိုင်းပြည်ကို ဝိုင်းကူနိုင်ကြရင် အကောင်းဆုံး။
၂၀၁၁ ကပြနိကြားရေး သတင်းစာတွေထဲမှာ မိုးလုံးပြည့် မုဒဝါဒါ တို့ BBC , VOA ရန်တိုက်ပေးနေသည်တို့ကို ဆောင်ပုဒ်လို တွေ့ဘူးပါတယ်။ ဦးရဲထွဋ် ကတော့ VOA , BBC , RFA တို့နဲ့ MOU ထိုးခဲ့တယ်ဆိုတာရှင်းပြပါတယ်။
ဦးရဲထွဋ် နဲ့ကျနော် အမြင်မတူတာတွေလည်ရှိပါတယ်။ သူ့ကို သဘောကျတာတွေလည်းရှိပါတယ်။ အခုရေးတာက  ကျနော်တို့လို အသွင်ကူးပြောင်းဘို့ကြိုးစားနေတဲ့နိုင်ငံတွေမှာ ဝန်ကြီးလောက်တာဝနိယူပြီးလို့ တာဝနိမရှိတော့ရင် အများစုက လူအများကြားထဲမှာ သိပ်မတွေ့ရဘူး ။ ဦးရဲထွဋ် ကတော့ သူ့စဉ်းစားချက်နဲ့သူပါ။ ဒါကိုဝေမျှလိုတာပါ။ အင်ဒိုနီးရှားတို့ ထိုင်းတို့မှာ Ex minister တွေအများကြီးတွေ့ဘူးပါတယ်။ တာဝနိပြီးသွားလည်း သူတို့လုပ်ချင်တာ လုပ်နိုင်တာကိုလုပ်နေကြတယိ။ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိအောင်လုပ်စေချင်တာပါ။
အပြန် ည ၆:၀၀ နာရီကျော်ပါပြီ။ISEAS  ကော်ရစ်ဒါမှာ တောင်လူဝှေးနဲ့ ကြီးတစိဦးက အဝင်၊  ဦးရဲထွဋ် ကိုနုတ်ဆက်တာတွေ့ပါတယ်။ အသက်၉၀ ကျော်ပြီ သူ့လို Fellow အနေနဲ့ စာအုပ်လာပြုစုနေတယ်။ ဒီလူကြီးရဲ့ဘဝမှာ နောက်ဆုံးရေးတဲ့စာအုပ်တဲ့။ သူရေးနေတာက  မလေးနဲ့ အင်ဒိုမှာ ကွန်မြူနစ်တွေနဲ့ ဖြစ်ခဲ့တဲ့ အကြောင်းတွေလို့ပြောပါတယ်။ နံမည်ကျော် စာရေးဆရာမ ဟန်စုယဉ် ရဲ့ ခင်ပွနိးလို့ပြောပါတယ်။ အသက် ၉၀ ကျော် Fellow က ည ၆:၀၀ နာရီ အလုပ်လာလုပ်တာကိုတော့ အားကြမိတယ်။
ဦးရဲထွဋ် research တွေလည်း ခရီးပေါက် အောင်မြင်ပါစေ။ နောက်တကြိမိပြန်တွေ့ရင် သူ့စာတမ်း/ စာအုပ်လည်းပြီးလောက်ပါပြီ။ ဖတ်ပြီးရင် သူနဲ့ထပ်ပြီး အကြောင်းအရာအများကြီးကို   ဆွေးနွေးနိုင်ဘို့ကိုလည့်းမျှော်လင့်ပါတယ်။
PS    ကျနော်တွေ့ခဲ့တဲ့  ဦးရဲထွဋ်  နဲ့ FB ပ်ါက ခင်ဗျားတို့တွေ့တဲ့  ဦးရဲထွဋ်  မတူတာတွေရှိ ။
—-
Thursday, October 11, 2018
“ဗိုလ်ချုပ်ခင်ဗျား ကျနော်ဗိုလ်ချုပ်ကို ဂဠုံဦးစောလို မဖြစ်စေချင်လို့ပါ” —
“ဗိုလ်ချုပ်ခင်ဗျား ကျနော်ဗိုလ်ချုပ်ကို ဂဠုံဦးစောလို မဖြစ်စေချင်လို့ပါ”
———————————————————————————
အောင်မြင်သူ (ဒု-ဗိုလ်မှုးကြီး (ငြိမ်း))
BurmaDemocracy, 2 October 2017
ဗိုလ်မှူး တင်ဖေအေး က OTS 31 ကပါ
သူနဲ့ကျနော်စတွေ့ချိန် ၁၉၇၇ ခုနှစ်ကဖြစ်ပါတယ်။
သူက ကကသံ ဂျီ သရီး။ကျနော်က အမတ ၄ အောင်ပန်းတပ်မှာပါ။
၁၉၇၈ ခုနှစ် ကျိုင်းတုံးဒေသ စစ်ဆင်ရေးမှာ သူက ကကသံညွန်ကြားရေးမှူး ဗိုလ်မှူးကြီးသက်ဝေနဲ့အတူပါလာတယ်။
စစ်ဆင်ရေးကိစ္စနဲ့သူက လူကြီးတွေနားက မခွါနိုင်ဘူး။
ဒီတော့သူ့ကို ညွန်ကြားရေးမှူးကတော်နဲ့ စစ်ရုံးကအရာရှိကြီး ကတော်တွေ မှာလိုက်တဲ့ ပစ္စည်းတွေ ကျနော်ကဝယ်ပေး
ရပါတယ်။
မှောင်ခိုခေတ်ဆိုတော့ ပါတိတ် အချိုမှုန့် အလှအပ ပစ္စည်း တွေပါ။
ကျနော့်တပ်ရင်းမှူးက အလကားပေးတာမျိုးလဲ မဖြစ်အောင် စီစဉ်ပေး လိုက်ပါလို့ အမိန့်ပေးပါတယ်။
ကျနော်က ပစ္စည်းတစ်ခုမှာရင် နှစ်ခု ဝယ်ပေးပါတယ်။
စစ်ဆင်ရေးပြီးလို့ မှူးတင်ဖေအေး ပြန်ရောက်ချိန်မှာ ကျိုင်းတုံးက ပစ္စည်းတွေ ဈေးသိပ်သက်သာ တာပဲ ဆိုပြီး ကျိုင်းတုံးမှာရှိတဲ့ အမတ ၄ ရှေ့တန်းမှူးကို ထပ်မှာပါတယ်။
သူတို့က ပေါက်ဈေးအတိုင်းဝယ်ပေးလိုက်တော့ ကတော်တွေက ဈေးကြီးလိုက်တာ အရင်ဝယ်ပေးတဲ့ စစ်ဗိုလ်လေးက ဈေးဝယ်တော်တယ် လို့ ချီးကျူးကြပါတယ်။
၁၉၉၆ ခုနှစ် ကျနော် ဟိုတယ်/ခရီးရောက်တော့ ဗိုလ်မှူးတင်ဖေအေးက ဝန်ကြီးရုံး ရုံးအဖွဲ့မှူး။ ကျနော်က ညွန်ကြားရေးမှူး။ သူက အလုပ်များတယ်။ လစ်တာနဲ့ (နဲနဲအားတာနဲ့) ကျနော့်ရုံးခန်းလာပြီး ညီလေး ဘာစားမယ် ညာစားမယ်ဆိုပြီး လာလေ့ရှိပါတယ်။
သူက ဝဝပုပု စိန်ပေါလ်ကျောင်းထွက် လူအေး သီးခံတတ်တယ်။ သဘောကောင်းတော့ လူချစ်လူခင်ပေါတယ်။ စနေ တနင်္ဂနွေ တိုင်း ဂေါက်အတူရိုက်လေ့ရှိတယ်။
ကျနော်က အမြဲရှုံးပါတယ်။ အမြဲနိုင်သူက ဗိုလ်မှူးတင်ဌေးပါ။ သူကိုတော့ ကျနော်တို့က အချစ်ကြီး လို့ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်သမီး စာရေးဆရာမရေးတဲ့ စာအုပ်ထဲမှာ '''ကိုယ်ပေးသလောက် ကိုယ်ပြန်မရတာ အချစ်တစ်ခုပဲ ရှိတယ်''' လို့ရေးခဲ့ပါတယ်။
ဗိုလ်မှူးတင်ဌေးကလဲ ကျနော် တို့ ပေးလိုက်ရတဲ့ပိုက်ဆံ တခါမှပြန်မရလို့  အချစ်ကြီး  လို့ခေါ်တာပါ။ ကျနော်က အမြဲရှုံးတော့ ကျနော့်ကို သူတို့က အမြဲခေါ်ပါတယ်။ ကြေးကလဲ တစ်ကျင်း ၅၀/၁၀၀ ပါ။ သူတို့က ရုံးတက်တဲ့ရက်ဆို အမြဲ ကြွားလေ့ ရှိပါတယ်။ မနက် ဝန်ကြီး အစည်းဝေး ဝန်ကြီး မရောင်ခင် စကားဝိုင်းမှာ ကျနော်ရှုံးကြောင်း အမြဲကြားနေရတဲ့ အမကြီး ဒေါ်ညွန့်ညွန့်သန်းက ''ဗိုလ်မှူးကြီး အမြဲရှုံးရက်နဲ့ ဘာလို့ ရိုက်တာလဲ'' လို့မေးပါတယ်။ ကျနော်က ''အမကြီးရှုံးရတာ စိတ်ချမ်းသာတယ်။ ကိုယ့် နောင်တော်ကြီးတွေ မျက်နှာက ပြုံးနေတာတွေ့ရတယ်။ တခါတလေ သူတို့ရှုံးရင် မျက်နှာကြီးတွေ စူပုတ် ကယ်ဒီတွေကို ဆူဆဲဆိုတော့ ကစားရတာ ဘယ်ပျော်မလဲ'' ဆိုပြီး သူတို့ကို ပြန်စလေ့ရှိပါတယ်။
၁၉၉၇  ၉၈  ၉၉  ၂၀၀၀ ဝန်ကျင်ဆိုးတော့  နဝတ ခေတ်ပေါ့
အားလုံးသော အရာရှိအများစု တပ်က လူတွေများပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို လက်မခံပဲ အပစ်ပြောနေကြချိန် ဆိုပါတော့။ ကျနော့် ရုံးခန်းမှာတော့ နယ်ဘက် ဝန်ထမ်းတွေစု၊ မေစု ကောင်းကြောင်း ပြောလေ့ ရှိပါတယ်။ ကျနော်ကလဲ မေစု ကို ငါ့ညီမလေး ငါ့ညီမလေး လို့ပြောလေ့ရှိတယ်။
ကျနော်က တပ်မတော်သား ဗိုလ်ချုပ်က တပ်မတော်ဖခင်
ဒီတော့ ကျနေန်ာတို့ မောင်နှမပေါ့။ တနေ့တော့ ကျနော်ရယ် ဦးမျိုးလွင် (ယ္ခု စင်ကပူမှာ) ဦးတင်ထွန်း (အမှတ် ၅ ဖျာပုံ လမ်း) ရယ် မေစု အကြောင်းပြောနေတုံး တံခါးခေါက်ပြီး ဗိုလ်မှူး တင်ဖေအေး ဝင်လာတယ်။
ဘာပြောနေတာလဲမေးတော့ ကျနော့်ညီမလေးအကြောင်း ပြောတာ ဆိုတာနဲ့ သူထပြီး တံခါးလော့ချလိုက်တယ်။
ဗိုလ်မှူးကြီး ညီမလေးအကြောင်းပြောမယ်တဲ့။ လူမရှိပေမဲ့ ဘေးဘယ်ညာ ကြည့်လိုက်သေးတယ်။
၉၀ ရွှေးကောက်ပွဲ မဲဆွယ်ချိန်မှာ မှူးတင်ဖေအေးက ဓနုဖြူ ဥက္ကဌ။ မေစု သင်္ဘော ဆိုက်ချိန်မှာ သူမရှိဘူး ဘယ်အစည်းဝေး ဆိုလဲ သွားနေတယ်တဲ့။ သူပြန်ရောက်လာတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ
အဲဒီအချိန်မှာ ဦးမျိုးလွင်ကဝင်ပြောပါတယ်။ ပခန်းသားချီပါးသားတွေက သိပ်သတ္တိရှိတာပဲ။ ရွှေဘိုမှာ အဲလိုဖြစ်တော့ ရှေ့ဆုံးက ချီတက်တယ်တဲ့။ တပ်က ထုံး စည်းတားထားပြီး ကျော်ရင် ပစ်မယ်ဆိုတော့ ဆက်မသွားတော့ဘူးတဲ့။ မင်း သတ္တိရှိတယ် သေမှာ မကြောက်ဘူးဆို ဆက်သွားလေဆိုတော့ ပခန်းသားက ပြောလိုက်တယ်တဲ့
''ငါပခန်းသား သေနတ်လဲ မကြောက်ဘူး သေမှာလဲမကြောက်ဘူး ထုံးတော့ကြောက်တယ်'' တဲ့ ဦးမျိုးလွင်ပြောတဲ့ဟာသလေးပါ။
မှူးတင်ဖေအေးရောက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်နေပါပြီ။
သူ လူအုပ်ကြီးထဲ အတင်းတိုး ဝင်ပြီး ပြေးသွားတယ်။ သူ ရှေ့ဆုံးရောက်ချိန်မှာ ဗိုလ်မြင့်ဦးက ကျဉ်ထိုးဆို အမိန့်ပေးပြီး သူ့ကာဘိုင်လဲ ကျဉ်ထိုးလိုက်တယ်။
အဲဒီအချိန်မှာ ဗိုလ်မြင့်ဦးရဲ့ တပ်ခွဲမှူး ဗိုလ်မှူးxx လဲ အနားမှာရှိတယ်။
ဗိုလ်မှူးတင်ဖေအေးက ရောက်ရောက်ခြင်း
''ဟေ့ ဘာလုပ်တာလဲ ကျည် ပြန်ထုတ်လိုက်။ ဒါစစ်မြေပြင် မဟုတ်ဘူး နိုင်ငံရေး'' ဆိုပြီး သေနတ် ဖယ်ခိုင်းလိုက်တယ်။ ဝင်တားလိုက်ပါတယ်။
ကိစ္စတွေပြီးတော့ ဗိုလ်မှူး တင်ဖေအေး ဝင်တားတာနဲ့ ပါတ်သက်ပြီး ဘယ်သူက ဘယ်လို မကျေနပ်လို့ တိုင်းမှူးဆီရောက်သွားလဲ မသိဘူး။
ဗိုလ်မှူးတင်ဖေအေးကို ခုံရုံးနဲ့ စစ်ဖို့လုပ်ပါတယ်။
တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က brieffing မှာ ဗိုလ်မှူး တင်ဖေအေး ကို ရပ်ခိုင်းထားပြီး ဆူပါတယ်။
''မင်းဘာဖြစ်လို့ ဝင်တားတာလဲ'' လို့ ဒေါကြီးမောကြီးနဲ့ မေးပါတယ်။
ဗိုလ်မှူးတင်ဖေအေး မျက်နှာလေးနဲ့ လက်ကလေးနောက်ပစ်
ခါလေးကုန်းပြီး
''ဗိုလ်ချုပ်ခင်ဗျား ကျနော်ဗိုလ်ချုပ်ကို ဂဠုံဦးစောလို မဖြစ်စေချင်လို့ပါ'' လို့ပြောလိုက်ပါတယ်။
တိုင်းမှူးဒေါသထွက်ပြီး သူစားပွဲကို လက်သီနဲ့ထုလိုက်ပါတယ်။ ဗိုလ်မှူး တင်ဖေအေးကို စူးစူးဝါးဝါး ကြည့်နေပါတယ်။ ဗိုလ်မှူး မျက်လွှာလေးချပြီး ရပ်နပါတယ်။ တိုင်းမှူး တစ်မိနစ်လောက် ငြိမ် နေပြီး ရီလိုက်ပါတယ်။  ပြီးတော့ ''အေး မင်းပြောတာမှန်တယ်'' လို့ပြောလိုက်မှ ဗိုလ်မှူး တင်ဖေအေး စိတ်အေး သွားသလို brieffing ကလူတွေလဲ သက်ပြင်းချ အသက်ရှူ နိုင်ကြပါတယ်။
ဒါ သူပြောပြတာတွေပါ။
ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ ကျနော် ဒီအကြောင်း ရေးမယ်ဆိုတော့ ''ညီလေး မရေးပါနဲ့'' ဆိုပြီးတားပါတယ်။ ကျနော် မရေးပါဘူး။
၂၀၁၄ သူ Army ကွင်းမှာ ဂေါက် ကစားရင်း မူးပြီးစစ်ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ ကျနော်သူ့ အသုဘ မှာ သူဇနီး မမဝင်းကို ခွင့်တောင်းပြီး ဂျာနယ်မှာ ရေးလိုက်ပါတယ်။
အဲဒီဖြစ်စဉ်တွေ့တဲ့ လူတွေက ဒါအဖြစ်မှန်ပဲလို့ ပြောကြပါတယ်။
ဗိုလ်မြင့်ဦးက မဟုတ်မမှန်ရေးတယ် ဂျာနယ်ကနေပြန်တောင်းပန်ရမယ်။ မတောင်းပန်ရင် တရားစွဲမယ် လုပ်ပါတယ်။
ကျနော် သူ့ဆီ ဖုန်းဆက်ပြီး ဒါ ဗိုလ်မှူးတင်ဖေအေးပြောခဲ့တဲ့အဖြစ်မှန်တွေပဲ။ မင်းတရားစွဲရင် ဒို့တပ်မတော်သား အချင်းချင်း မဖြစ်သင့်တာတွေ ဖြစ်မယ်။ အပြင်လူတွေက တမျိုး မြင်မယ်လို့ ပြောလိုက်ပါတယ်။
သူက လက်မခံဘူး ပြန်တောင်းပန်ရမယ်တဲ့။ နောက်ဆုံးတော့ ကျနော်က ''မင်သတ္တိရှိရင်ဆွဲပါ။ မင်းဆွဲရဲရင်ဆွဲ မင်း ကုန်ကျမဲ့ စရိတ်ပါ ငါပေးမယ် ကြိုက်တဲ့ တရားရုံးကဆွဲ'' လို့ ပြောလိုက်ပါတယ်။
သူဂျာနယ်မှာပြန်ရှင်းသလို အခြားမျက်မြင်တွေကလဲ ပြန် ရေးတော့ သူငြိမ်သွားပါတယ်။
ကဲ
ရေးပါ ရေးပြပါ ဆိုသူများအတွက် -
...
အောင်မြင်သူ
၁ အောက်တိုဘာ ၂၀၁၇
U Aung Myin Thu ’s Facebook မှကူးယူဖော်ပြပါသည်။#BurmaDemocracy
crd
#ခရီးသည်
Sunday, October 7, 2018
၂၀၁၈ ကြားဖြတ်မှာတော့
အခု ၂၀၁၈ ကြားဖြတ်မှာတော့
ပြည်သူ့လွှတ်တော (၄)နေရာ
၁. ကန်ပက်လက် (၄ပါတီ)ပြိုင်
၂. မြင်းခြံ (၄ပါတီ)
၃. တာမွေ (၈)
၎. လဲချား (၃)
.
အမျိုးသားလွှတ်တော် ၁နေရာ
၁. ကချင်(၂) (၆ပါတီ) ပြိုင်
.
ဒေသကြီးလွှတ်တော် ၈နေရာ
၁။ မတူပီ (၂ပါတီ)
၂. တမူး.၂. (၄ပါတီ)
၃.အုတ်တွင်း.၁ (၈ပါတီ)
၎.မင်းဘူး.၂ (၅ပါတီ)
၅.သပိတ်ကျင်း.၁ (၇ပါတီ)
၆.ရသေ့င်္တောင်.၂ (၄ပါတီ)
၇.ဆိပ်ကမ်း.၂ (၉ပါတီ)
၈.ရှမ်းလူမျိုး (၅ပါတီ) .. ပြိုင်ကြပါမယ်။ စုစုပေါင်း ၁၃ နေရာ ဖြစ်ပါတယ်။
ကိုးကား...
http://www.uecmyanmar.org/news_list.php
.
.
Mg Mg Soe
#politics_mms75
18/9/2018
                    ၂၀၂၀ ရွေးကောက်ပွဲနှင့်တိုင်းရင်းသားပါတီများ
                                                 အပိုင်း  ၂
၂၀၂၀ နှင့် တိုင်းဒေသကြီးများ
           ပြည်မရှိ တိုင်းဒေသကြီး ၇ ခုတွင် NLD ပါတီမှ ဆက်လက်ဦးဆောင်
ဘွယ်ရှိသည်။ လက်ရှိ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆက်လက်ကိုင်စွဲ
သော လူကို မကြည့်နဲ့ မူကိုကြည့်ပါဆိုသည့် ရွေးကောက်ပွဲ ဆော်သြချက်ကို
၂၀၂၀ တွင်လည်း NLD ဆက်လက်စွဲကိုင်ဘွယ်ရှိပါသည်။ ဒေါ်အောင်ဆန်းစု ကြည်၏ လူပုဂ္ဂို လ်သြဇာကြီးမားခြင်း၊ လူထုအများစုအနေနှင့်ကြံ့ခိုင်ရေး ပါတီအား လိုလားမှုမရှိခြင်း၊ ထိုအခြေခံအောက်တွင် NLD မှအပ ရွေးချယ်စ ရာမရှိဟု သတ်မှတ်ခြင်း စသည့်အချက်များအောက်တွင် ပြည်မရှိ တိုင်းဒေသ ကြီး ၇ ခု၌  NLD ဆက်လက်ဦးဆောင်ဘွယ်ရှိသည်။
         တိုင်းဒေသကြီးတခုချင်းစီအရ တွက်ချက်ကြည့်လျင် အမျိုးသားလွှတ်
တော်နေရာ ၁၂ နေရာလုံးအား ၂၀၁၅ တွင်နိုင်ခဲ့သည့် တိုင်းဒေသကြီး ၆ ခုရှိ
သည့်အနက် ရန်ကုန်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာအားလုံးအား
လုံး၌ ပြတ်ပြတ်သားသားအနိုင်ရခဲ့သည်။(ဤနေရာတွင် စာရေးသူဆိုလို သည့် ပြတ်ပြတ်သားသားဆိုသည့်မှာ ပြိုင်ဖက်ထက် ၁၀၀% အထက်အနိုင်ရ သည်ကို ဆိုလိုသည်။ မပြတ်သားဆိုသည်မှာ ၅၀% နှင့် ၁၀၀ % ကြားကို ဆိုလိုသည်။ မကွာဆိုသည်မှာ ၂၀% အောက်ဖြစ်သည်။ ပွတ်ကာသီကာဆို သည်မှာမဲအရေအတွက် အနဲငယ်သာ ကွာသည်ကို ဆိုလိုသည်။ ဤကား စကားချပ်။)
           တနင်္သာရီတွင် ပြတ်ပြတ်သားသားနိုင်သည်က ၁၁ နေရာ၊ ပဲခူးတိုင်း
တွင် ပြတ်ပြတ်သားသား နိုင်သည်က ၉ နေရာ၊ စစ်ကိုင်းတိုင်းတွင် ပြတ်ပြတ်
သားသားနိုင်သည်က ၈ နေရာရှိပါသည်။ ၁၂ နေရာလုံးနိုင်ခဲ့သည့်အထဲတွင်
ဧရာဝတီတိုင်းဒေသကြီး၌ မဲပြတ်သည်မှာ ၁ နေရာသာရှိပြီး ၁၀ နေရာကား မဲ အပြတ်ကြီးမဟုတ်ပေ။ ၁ နေရာ၌ မဲမကွာလှပေ။ သို့ဖြစ်ရာ NLD အဖို့ ဧရာ
ဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်နေရာများနှင့် ပတ်သက်၍ သတိ ပြုရန် လိုအပ်ပေလိမ့်မည်။ မန္တလေးတိုင်းတွင် NLD က ၁၀ နေရာအနိုင်ရပြီး ထို အထဲတွင် ၆ နေရာ၌ မဲပြတ်ပြီး ၃ နေရာက မပြတ်ဘဲ ၁ နေရာကတော့ မဲမကွာလှပေ။ USDP က ၂ နေရာ မဲမပြတ်ဘဲ အနိုင်ရခဲ့သည်။
          တိုင်းဒေသကြီး ၇ ခုရှိ ပြည်သူ့လွှတ်တော်နေရာများတွင် ၂၀၁၅ ရွေး
ကောက်ပွဲ၌ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် NLD က
နေရာအပြည့်အနိုင်ရခဲ့သည်။ တနင်္သာရီတိုင်းတွင် မဲပြတ်နိုင်သည်က ၉ မြို့
နယ်၊ မပြတ်သည်က ၁ မြို့ နယ်။ မကွေးတိုင်းတွင် မဲပြတ်သည်က ၁၈ မြို့ နယ်၊
မပြတ်သည်က ၇ မြို့ နယ်ဖြစ်ပြီး ဧရာဝတီတိုင်းတွင်း မဲပြတ်သည်က ၈ မြို့
နယ်၊ မပြတ်သည်က ၁၁ မြို့ နယ်နှင့် မဲမကွာ သို့မဟုတ် ပွတ်ကာသီကာ နိုင်ခဲ့
သည်က ၇ မြို့ နယ်ရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလည်နေရာအတွက်
လည်း ဧရာဝတီတိုင်းဒေသကြီးအား NLD တို့ သတိပြုရန်လိုအပ်သည်။
          စစ်ကိုင်းတိုင်း ၃၇ မြို့ နယ်တွင် USDP က ၁ နေရာသာနိုင်ပြီး NLD က
၃၆ နေရာနိုင်သည်။ ထို ၃၆ နေရာထဲ၌ မဲပြတ်သည်က ၂၅ နေရာ၊ မပြတ်
သည်က ၅ နေရာ၊ မဲမကွာလှသည်က ၃ နေရာရှိပြီး ပွတ်ကာသီကာနိုင်သည်
က ၃ နေရာရှိသည်။ ပဲခူးတိုသင်းတွင် USDP က ၁ နေရာအနိုင်ရပြီး NLD က
၂၇ နေရာ အနိုင်ရသည်။ ထို ၂၇ နေရာထဲတွင် ၁၉ နေရာ မဲပြတ်ပြီး၊ မဲမပြတ်
သည်က ၆ နေရာ၊ မဲမကွာလှသည်က ၁ နေရာ၊ ပွတ်ကာသီကာနိုင်သည်က ၁
နေရာဖြစ်သည်။ မန္တလေးတိုင်းတွင် USDP က မဲမပြတ်သော်လည်း ၅ နေရာ
အနိုင်ရခဲ့သည်။ NLD က  ၃၁ နေရာ အနိုင်ရခဲ့ရာ မဲပြတ်သည်က ၂၁ နေရာ
မပြတ်သည်က ၁၀ နေရာဖြစ်သည်။ ရန်ကုန်တိုင်းတွင် USDP က ၁ နေရာ
ရပြီး NLD က ၄၄ နေရာအနိုင်ရရာ ထိုထဲတွင် မဲပြတ်သည်က ၃၅ နေရာရှိပြီး
မပြတ်သည်က ၉ နေရာရှိသည်။
         သို့ဖြစ်ရာ ပြည်မတိုင်းဒေသကြီး ၇ ခုတွင် အဓိကပြို င်ဖက်ဖြစ်သည့်
USDP အပြင် နောက်ပေါက် ၈၈ ပြည်သူ့ပါတီကို မဲဆန္ဒနေရာအနည်းနှင့် အများခွဲဝေပေးရနိုင်သည်။ အထူးသဖြင့် ၂၀၁၅ တွင် မဲပြတ်ခဲ့သည့် မဲဆန္ဒ နယ် ၁၃၆နေရာအား အတန်ငယ် စိတ်ချ၍ ရသော်လည်း  မဲမပြတ်သည့်၊ မဲ မကွာသည့်၊ ပွတ်ကာသီကာနိုင်ခဲ့သည့် မဲဆန္ဒနယ် ၇၁ နေရာတွင် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။ ထို့ကြောင့်လည်း ၂၀၁၅ ကဲ့သို့ အပြည့်အဝ မဲရမည်ထက် အတန်ငယ်လျော့ကျသည်က ဖြစ်နိုင်ခြေပိုများသည်။ သို့ဖြစ်ရာ တိုင်းဒေသ ကြီး ၇ ခုတွင် ၂၀၂၀ ရွေးကောက်ပွဲ၌  NLD သည် အများစုနိုင်မည်ဟု ခန့်မှန်း ရသော် လည်း ၂၀၁၅ ရွေးကောက်ပွဲကာလက အမျိုးသားလွှတ်တော်တွင် ၉၇.၆%၊ ပြည်သူ့လွှတ်တော်တွင် ၉၆% နိုင်သည့် ရာခိုင်နှုံးများထက်လျော့ကျ နိုင်သည်။
             သို့ဖြစ်ရာ NLD အနေနှင့် တိုင်းဒေသကြီး အမတ်နေရာ အများစုကို
၂၀၂၀ တွင် ဆက်လက်ရယူနိုင်ဖွယ်ရှိပါသည်။ သို့သော် ၂၀၁၅ ထက် အနည်း
ငယ်လျော့ကျနိုင်ပါသည်။ USDP မှာ မည်သို့ပင်ဖြစ်စေ ၁၉၉၀ ရွေးကောက်ပွဲ
တွင် ဝင်ခဲ့သည့် တစည ထက် ပိုမိုအချိန်ယူဖွဲ့စည်းထားသည့်အပြင် ဘဏ္ဏာ
ရေးအင်အားတောင့်တင်းပြီး. တပ်မတော်၏ ထောက်ခံမှု ရယူထားသည်။ သူ့
ပရိတ်သတ်နှင့်သူရှိသည်ဖြစ်ရာ မဲဆန္ဒနယ်တချို့တော့ ရယူနိုင်သည်ကို ထည့်
သွင်းတွက်ချက်ထားရန်လိုပေလိမ့်မည်။ USDP ဆောင်ရွက်လာနိုင်သည့် နည်းပရိယာယ်မှာ ဒေသခံ ဒေသတွင်း၌ သြဇာရှိသူ ပရဟိတလုပ်ဆာင်သူ များကို ပစ်မှတ်ထားစည်းရုံးပြီး လွှတ်တော်ကိုယ်စားလည်များအဖြစ် ရွေးချယ်
ပြီး လူထုအား စည်းရုံးလာနိုင်သည်။ NLD က ပါတီကို ကြည့်၍မဲပေးခိုင်း သည့်အချိန်တွင် USDP က လူကို ကြည့်၍ မဲပေးခိုင်းနိုင်သည်။ USDP အတွက် အားနည်းချက်တခုမှာ ယခင်ပြည်ထောင်စု၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီးအစိုးရအဖွဲ့များတွင် ပါဝင်ခဲ့ လူဟောင်းများအား လူထုက စိတ်ပျက်နေ
သည်ဖြစ်ရာ ထိုလူဟောင်းများထဲ က ကိုယ်စားလည်အဖြစ်ရွေးက ခက်ခဲနိုင်
ပေမည်။ ပြိုင်ဖက်များ၏ အလွယ်တကူထိုးနှက်မှု ကို ခံရနိုင်သည်။
              ထို့ပြင် ပြည်မတွင်ပြိုင်ဆိုင်မည့် အခြားနိုင်ငံရေးပါတီများစွာထက် လတ်လောဖွဲ့လိုက်သည့် ၈၈ ဦးကိုကိုကြီးတို့၏ ပြည်သူ့ပါတီသည် လူထု စိတ်ဝင်စားမှု အနဲနှင့်အများ ရယူနိုင်ပြီး ၎င်းတို့ပါတီအနေနှင့် အစိုးရ မဖွဲ့နိုင် သော်လည်း လွှတ်တော်တွင် ထိမ်းကြောင်းနိုင်လိမ့်မည်ဟု လူထုက တွေးဆ မှုရှိခြင်းနှင့် တဦးချင်း အရည်အချင်းနှင့် သြဇာတို့ပေါ်မူတည်၍ နေရာတချို့ ရယူနိုင်ဘွယ်ရှိပါသည်။ လောလောဆယ်တွင် ဗိုလ်ချုပ်ဟောင်းအချို့ကလည်း
ပါတီအသစ်တခု ဖွဲ့သည်ဟုဆိုသည်။ လတ်တလော သုံးသပ်ရန်စောသေး
သော်လည်း ၎င်းတို့ပါတီအနေနှင့် တပြည်လုံးအတိုင်းအတာဆောင်ရန် ခက်ခဲ
မည်ဖြစ်ပြီး တဦးချင်းသြဇာရှိသည့်ဒေသလောက်တွင်သာ တိုးနိုင်မည်ဟု သုံး
သပ်ရပါသည်။ ကျန်ပြည်မရှိနိုင်ငံရေးပါတီများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင်
တိုးနိုင်ဖို့ မလွယ်ကူပါ။
       သို့ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် တိုင်းဒေသကြီး ၇ ခု၌
အမျိုးသားလွှတ်တော်နေရာ၏ ၉၇.၆% ၊ ပြည်သူ့လွှတ်တော်နေရာအားလုံး
၏ ၉၆% ရယူထားနိုင်ခဲ့ရာ လာမည့် ၂၀၂၀ တွင်လည်း ၈၀% နှင့် ၈၅% ကြားတွင် ဆက်လက်အနိုင်ရသည်ဟု သုံးသပ်ရပါသည်။
၂၀၂၀ နှင့် ပြည်နယ်များ
       ၂၀၂၀ ရွေးကောက်ပွဲ၌  တိုင်းဒေသကြီးထက်စာလျင် ပြည်နယ်များတွင် ပို၍ အပြောင်းအလဲကြီးနိုင်သည်ဟုသုံးသပ်ရသည်။ထို့ပြင် ထိုအပြောင်း
အလဲသည် ပြည်ထောင်အစိုးရဖွဲ့စည်းရေးကိုပင် ဂယက်ရိုက်နိုင်ပါသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်ပင် ပြည်နယ် ၇ ခု၌ NLD ၏ အနိုင်ရရှိမှု မှာ
အပြတ်အသတ်မဟုတ်ချေ ။ အမျိုးသားလွှတ်တော်နေရာ၌ NLD သည် ၆၃%
အနိုင်ရပြီး ပြည်သူ့လွှတ်တော်တွင် ၄၇.၆% သာအနိုင်ရထားခဲ့သည်။ ဤရာ
ခိုင်နှုံးထက် NLD ပိုရစရာ အကြောင်းမရှိပေ။
           ရခိုင်ပြည်နယ်တွင် NLD မှ ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသား
လွှတ်တော် ၁ နေရာ ရထားသည်။ ကျန် ANP အားကောင်းသောနေရာများကို
NLD ယှဉ်ပြိုင်ရန် မဖြစ်နိုင်သည့်ပြင် လက်ရှိနေရာများကိုပင် ANP နှင့် ALD
ကို ခွဲပေးရဖွယ်ရှိသည်။ ထို့အတူ ရှမ်းပြည်နယ်၌ လက်ရှိ ပြည်ခိုင်ဖြိုးရရှိထား
သည့် ကိုးကန့်နှင့် ရှမ်းအရှေ့ မိုင်းပျ ဉ်း၊ မိုင်းယန်းမြို့ နယ်များ။ PNO အား
ကောင်းသော ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်းမြို့ နယ်များ။ ဝ ပါတီအားကောင်း
သော ဟိုပန်မြို့နယ်။ တအာင်းပါတီအားကောင်းသည့် မန်တုံ၊ နမ့်ဆမ်မြို့ နယ်
များ။ SNLD အားကောင်းသည့် ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ လင်းခေး၊ မိုးနဲ၊
မိုင်းရယ်၊ ကျောက်မဲ၊ သီပေါ၊ ကျေးသီး၊ မိုင်းရှူးမြို့နယ်များတွင် NLD သည်
တိုးမပေါက်နိုင်ပေ။ သို့ဖြစ်ရာ ရှမ်းပြည်နယ်တွင်လည်း NLD အနေနှင့် အတိုး
မရှိနိုင် အလျော့သာရှိနိုင်ပေသည်။
          ချင်းပြည်နယ်၌ ၂၀၁၅ တွင် NLD မှ အမျိုးသားလွှတ်တော်တွင် ၉ နေရာ အနိုင်ရခဲ့သော်လည်း ၅ နေရာတွင် မဲမပြတ်ခဲ့ပေ။ ပြည်သူ့လွှတ်တော်
၅ နေရာတွင်လည်း ၂ နေရာသာ မဲပြတ်ခဲ့ပြီး ၂ နေရာ မဲမပြတ်၊ ၁ နေရာ၌ ပွတ်ကာသီကာသာ နိုင်ခဲ့ရာ ယခုအခါ ချင်းပါတီများ ပူးပေါင်းသည့်ပြင် ဗိုလ်
ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူရေးနှင့်ပတ်သက်ပြီး ပြည်နယ်တွင်း မကြေ
လည်မှု များရှိရာ  ၂၀၂၀ တွင် နေရာ အချို့ အဝက်လက်လွှတ်ရမည်သာဖြစ် သည်။
         မွန်ပြည်နယ်တွင် ၂၀၁၅ ၌ NLD က အမျိုးသားလွှတ်တော်  ၁၁ နေရာ အနိုင်ရသည်။ မဲပြတ်သည်က ၄ နေရာရှိပြီး မပြတ်သည်က ၇ နေရာရှိသည်။ ပြည်သူ့လွှတ်တော် ၁၀ နေရာတွင် NLD က အားလုံးအနိုင်ရခဲ့သော်လည်း ၂ နေရာသာမဲပြတ်၍ ၈ နေရာတွင် မဲမပြတ်ပေ။ မွန်ပါတီ ၃ ပါတီပေါင်းပြီး နောက် အားကောင်းလာသည်ဖြစ်သည့်ပြင် ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးမှု ကြောင့် ဆန္ဒပြခံရပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံ မဲဆန္ဒနယ်၌ NLD အရေးနိမ့်ခဲ့သည်ကို တွေ့ခဲ့ရပေရာ မွန်ပါတီနှင့် USDP အား မဲဆန္ဒနယ်အချို့ အဝက်ခွဲပေးရဖွယ်ရှိသည်။
          ကချင်ပြည်နယ် အမျိုးသားလွှတ်တော်၌ NLD က ၁၀ နေရာ အနိုင်ရရှိ ရာတွင် ၇နေရာ မဲပြတ်၍ ၂ နေရာ မပြတ်ဘဲ ၁ နေရာ ပွတ်ကာသီကာအနိုင်ရ
သည်။ ပြည်သူ့လွှတ်တော် ၁၈ နေရာတွင် NLD က ၁၂ နေရာ အနိုင်ရရှိရာ တွင် ၇ နေရာ မဲပြတ်၍ ၄ နေရာ မဲမပြတ်ဘဲ ၁ နေရာတွင် ပွတ်ကာသီကာ အနိုင်ရခဲ့သည်။ ကချင်ပြည်နယ်၌ ကချင်တိုင်းရင်းသားပါတီ ၄ ပါတီပူးပေါင်း
သည်ဆိုသော်လည်း ကချင်လူ့အဖွဲ့အစည်းသည် ဥပဒေတွင်းရွေးကောက်ပွဲ နိုင်ငံရေးကို စိတ်ထက်သန်မှု ၊ယုံကြည်မှု မရှိသေးရာ ထိုအခြေအနေမပြောင်း လဲပါက  ကချင်တိုင်းရင်းသားပါတီများ အနိုင်ရရှိမှု  နည်းပါးနိုင်သေးသည်။ ထို့အတူ ရှမ်းနီပါတီမှာလည်း ၂ ပါတီကွဲနေပြီး အချို့က USDP နှင့် ပူးပေါင်း နေပေရာ ကချင်ပြည်နယ်တွင်းရှိ  ရှမ်းနီများနေထိုင်ရာဒေသများ၌ NLD အလားအလာ ကောင်းနိုင်သေးသည်။ သို့ဖြစ်ရာ ကချင်ပြည်နယ်တွင်း၌ ၂၀၁၅ နှင့် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကြား အပြောင်းအလဲအနည်းဆုံးဖြစ်
နိုင်ပါသည်။
        ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော် နေ ရာ ၉ နေရာအား NLD ကရရှိပြီး မဲလည်းပြတ်ခဲ့သည်။ USDP ၂နေရာ နှင့် USDP ဟောင်းတသီးပုဂ္ဂ ၁ နေရာလည်း မဲပြတ်ခဲ့ကြသည်။ ပြည်သူ့လွှတ်
တော်  ၆  နေရာအား NLD က အနိုင်ရပြီး ၅ နေရာ မဲပြတ်ကာ ၁ နေရာ၌ ပွတ်
ကာသီကာ အနိုင်ရခဲ့သည်။ USDP က ၁ နေရာ သာအနိုင်ရခဲ့သော်လည်း
မဲမပြတ်ခဲ့ပေ။ လက်ရှိ အချိန်တွင် ကယားပြည်နယ် တိုင်းရင်းသားပါတီ ၂ ခု
ပေါင်းသော်လည်း အားအကောင်းချ ည်းမဟုတ်သေးဟုဆိုသည်။ သို့သေည်
ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှု နှင့်ပတ်သက်ပြီး NLD ပြည်
နယ်အစိုးရနှင့် ကယားလူငယ်များ ပဋိပက္ခဖြစ်ပွါးပြီး လူငယ် ၂၃ ဦးအား ဖမ်းဆီး တရားစွဲဆိုမှု ပြု ထားသည် အခြေအနေရှိသည်။ ထိုသို့ ဖမ်းဆီးခံ
ထားရသူများမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ NLD၏ မဲဆွယ်ခရီးစဉ်တွင် လုံခြုံရေးယူပေးခဲ့ကြ၊ ဘာသာပြန်ပေးခဲ့ကြ၊ မဲဆွယ်ပေးခဲ့ကြသူများဖြစ်ကြ သည်။ သို့ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲတွင်  NLD ၏ မဲရရှိမှုနှင့်ကိုယ်စား လည်နေရာ ပြောင်းလဲမှု ရှိမည်ဟု တွက်ဆရပေသည်။
         ၂၀၁၅ ခုနှစ်တွင် ကရင်ပြည်နယ်၏ အမျိုးသားလွှတ်တော်နေရာ ၁၀
နေရာအား NLD ကရရှိခဲ့သည်။ ထိုအထဲမှ ၆ နေရာမဲပြတ်၍ ၃ နေရာ မဲမ
ပြတ်ဘဲ ၁ နေရာတွင် ပွတ်ခါသီခါ အနိုင်ရခဲ့သည်။ USDP က မဲမပြတ်သော်
လည်း ၂ နေရာအနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော် ၆ နေရာ NLD ကအနိုင်ရ
သည်။ ၄ နေရာမဲပြတ်ပြီး ၂ နေရာ မဲမပြတ်ပေ။ USDP က ၁ နေရာနိုင်သော်
လည်း မဲမပြတ်ပေ။ ယခုနှစ်အတွင် ကရင်ပြည်နယ် အခြေစိုက် ၄ ပါတီပူး
ပေါင်းခဲ့သည်။ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်အခြေစိုက် ၂ ပါတီကတော့ ပူး
ပေါင်းနိုင်ခြင်းမရှိသေးသော်လည်း တပ်ပေါင်းစုဖွဲ့ပူးပေါင်းဆောင်ရွက်သွား
မည်ဟုဆိုသည်။ လက်ရှိအချိန်တွင်  ကရင်ပြည်နယ်တွင်း ၇ မြို့ နယ်အနက်
ပူးပေါင်းထားသည့် ကရင်ပါတီသည် သံတောင်ကြီးနှင့် ဖါပွန်မှအပ ကျန်
မြဝတီ၊ ဖါးအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့် ၅ မြို့နယ်
တွင် အားကောင်းသည်ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲ၌ ကရင်ပါတီအနေနှင့်
ကရင်ပြည်နယ်တွင် အမတ်နေရာ၏ ၄၀% အထက်ကို မျှော်မှန်းထားသည်
ဟုဆိုပါသည်။
           သို့ဖြစ်ရာ ပြည်နယ် ၇ ခုတွင် အမတ်နေရာ ရရှိမှု တွင် NLD အနေနှင့်
၂၀၁၅ ခုနှစ်ထက် အနည်းဆုံး တဝက်ခန့်ကျ သွားနိုင်ကို ပြင်ဆင်ထားရန် လို
အပ်ပါသည်။ ထို့ကြောင့် ၂၀၂၀ တွင် ပြည်နယ် ၇ ခုတွင် NLD အနေနှင့် လွှတ်
တော်ကိုယ်စားလည်နေရာမှာ အမျိုးသားလွှတ်တော်တွင် ၃၁.၅% ၊ ပြည်သူ့ လွှတ်တော်တွင် ၂၃.၈% အထိ ရောက်ရှိသွားနိုင်သည်။ ထိုသို့ တိုင်းရင်းသား
ပြည်နယ် ၇ ခု၌ တိုင်းရင်းသားပါတီတို့၏ ကိုယ်စားလည်နေရာ အချိုးအ
စား( USDP မှ အနည်းအကျ ဉ်းပါနိုင်သည်) သည် အမျိုးသားလွှတ်တော်တွင်
၆၈.၅% ၊ ပြည်သူ့လွှတ်တော်တွင် ၇၆.၂% အထိ တက်လာနိုင်သည်။ ထိုသို့
ဖြစ်ပေါ်လာသည်နှင့် ပြည်ထောင်အစိုးရဖွဲ့စည်းရေးအတွက် ပြည်ထောင်စု
လွှတ်တော်၌ သမတ ရွေးချယ်တင်မြှောက်ရာတွင် တိုင်းရင်းသားပါတီတို့၏ အခန်းက အရေးပါလာပေတော့မည်။
 ဖြစ်နိုင်ချေများ
                   အထက်ပါ သုံးသပ်ချက်များအရ တိုင်းဒေသကြီး ၇ ခုရှိ အမျိုး
သားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော် နှစ်ရပ်လုံးတွင်  NLD က ၈၅% ထိ
နေရာရနိုင်ပြီး USDP နှင့် အခြားပါတီများက ၁၅% ခန့်ရနိုင်ပေလိမ့်မည်။ ပြည်နယ် ၇ ခု၏ အမျိုးသားလွှတ်တော်တွင် NLD က ၃၁.၅% ၊ တိုင်းရင်း
သားပါတီများက ( USDP အနဲငယ်ပါနိုင်) က ၆၈.၅%ရရှိပြီး ၊ ပြည်သူ့လွှတ် တော်တွင် NLD က၂၃.၈% ၊ တိုင်းရင်းသားပါတီများ(USDP အပါ) ၇၆.၂% ထိ ရရှိသွားနိုင်ပါ သည်။
             ထိုသို့ဖြစ်သွားပါက တပြည်လုံးအတိုင်းအတာအရ ရွေးကောက်ပွဲ တွင် NLD သည် အမျိုးသားလွှတ်တော်၌ ၅၈% ၊ ပြည်သူလွှတ်တော်၌ ၆၁%
ဖြင့် အများစုဖြစ်နိုင်သေးသော်လည်း  အစိုးရဖွဲ့စည်းရေးအတွက် သမတ ရွေးကောက်တင်မြှောက်သည့် တပ်မတော်သား ကိုယ်စားလည် ၂၅% ပါဝင် သည့် ပြည်ထောင်စုလွှတ်တော်တွင် ၄၅% ဖြစ်သွားပြီး သမတစိတ်ကြိုက်ရွေး
ချယ်ခွင့် လက်လွှတ်သွားပေလိမ့်မည်။ တိုင်းရင်းသားပါတီများကတော့ တပ်မတော်သားကိုယ်စားလည် ၂၅% ပါဝင်သော ပြည်ထောင်စုလွှတ်တော် တွင် ၂၂%%ရှိနေပေလိမ့်မည်။ ထို့ကြောင့်ပြည်ထောင်စုလွှတ်တော်တွင်  တပ်မတော်သား ကိုယ်စားလည်က၂၅% ၊ NLD က ၄၅% ၊ တိုင်းရင်းသား
ပါတီများက ၂၂% နှင့် USDP/အခြားပါတီ/တသီးပုဂ္ဂလက ၈% ဖြစ်ပေလိမ့်
မည်။
         တချိန်တည်းတွင် USDP မှာ လောက်လောက်လားလား မဲတော့ရမည်
မဟုတ်သော်လည်း သူ့ပရိတ်သတ်နှင့်သူ ရှိနေသေးပေရာ တပ်မတော်သား
ကိုယ်စားလည်များပါဝင်နေသော ပြည်ထောင်စုလွှတ်တော်အတွင်း၌ ၂၀၁၅ က ရရှိထားသော ၆% ထက်တော့ လျော့မည်မထင်ပါ။ သို့သော် USDP သည်
တပ်မတော်၏ထောက်ံမှု ရရှိထားသည်ဖြစ်ရာ တပ်မတော်ကိုယ်စားလည်များ
နှင့်ပေါင်းပါက ၃၁% ဖြစ်သွားပေမည်။ အစိုးရဖွဲ့စည်းရေးအတွက် သမတ ရွေးကောက်တင်မြှောက်ရန် တိုင်းရင်းသားပါတီများ၏ မဲများသည် အရေးပါ လာပေလိမ့်မည်။ တိုင်းရင်းသားပါတီများနှင့်ပူးပေါင်းနိုင်သူ၊ တိုင်းရင်းသား ပါတီတို့၏ထောက်ခံမှု ရသူတို့ အစိုးရဖွဲ့နိုင်သည့် အခြေသို့ဆိုက်သွားပေလိမ့် မည်။
                   လက်ရှိ NLD ပါတီသည် မည်သည့်တိုင်းရင်းသားပါတီနှင့်မှ တပ်ပေါင်းစုဖွဲ့မထားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု  ညှိနှိုင်းဆောင်ရွက်မှု
လည်းမရှိပေ။ NLD အစိုးရဖွဲ့ပြီးကထဲက မည်သည့် တိုင်းရင်းသားပါတီနှင့်
မျှ ပါတီချင်း တွေ့ဆုံဆွေးနွေးခြင်း ပူးပေါင်း ဆောင်ရွက်ခြင်းမရှိပေ။ လက်ရှိ
ဖွဲ့စည်းပုံဥပဒေနှင့် တိုင်းရင်းသားတို့၏ အမျိုးသားစိတ်ဓါတ်မြင့်မားလာမှု
ကြောင့် တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားပါတီများ၏ ကိုယ်
စားပြု မှု ၊ တိုင်းရင်းသားတို့၏ နိုင်ငံရေးကဏ္ဏကို ပစ်ပယ်၍ မရနိုင်ပေ။
            တိုင်းရင်းသားဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး စကားမပေါက်၍
ရှုံးနိမ့်ရသည်ဟု အကြောင်းပြနေ၍ မရပေ။ ဗမာစကားပေါက်သော ရခိုင်
ပြည်နယ်မြောက်ပိုင်းတွင် မဲဆန္ဒနယ်တခုချင်း၌ ANP ပါတီက မဲ ၆ သောင်း ကျော်ရချိန်တွင် NLD က မဲ ထောင်ဂဏန်းပင်အနိုင်နိုင်ဖြစ်သည်ကို သတိပြု
ရန်လိုသည်။ ထို့ပြင် သူ့နယ်နှင့်သူ လွှမ်းမိုးမှု များကို အလေးထားရန်လို
သည်။ ရှမ်းပြည်နယ်တွင် သြဇာရှိသော SNLD သည်ပင် ရှမ်းပြည်နယ် မဲဆန္ဒ္ဒနယ်အားလုံးတွင် ဝင်မပြိုင်ပေ။ တအာင်းဒေသဖြစ်သော နမ့်ဆမ်၊ မန်တုံ၊
ကိုးကန့်ဒေသဖြစ်သော ကုန်းကြမ်း၊ လောက်ကိုင်တို့တွင်သာမက အင်းသား
များနှင့် ဗမာများ ပြောင်းရွှေ့အခြေချရာများသည့် ညောင်ရွှေမြို့ နယ်တွင်ပင်
ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။
             တကယ်တမ်းဆိုလျင် ပြည်နယ် တောင်တန်းဒေသများ၌ ဗိုလ်ချုပ်
အောင်ဆန်းရော ဒေါ်အောင်ဆန်းစုကြည်ပါ မသိသေးသည့်သူများရှိနေသေး
သည်။ ၂၀၁၅ ရွေးကောက်ပွဲကာလက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျ ဉ်းမြို့  နယ်တွင် ရွေးကောက်ပွဲဝင်သည် NLD ပါတီကိုယ်စားလည်သည် ဗိုလ်ချုပ်ပုံ၊ ဒေါ်စုပုံ အကြီးကြီးအားဗီနိုင်းရိုက်၍ မဲဆွယ်စည်းရုံးရာ ထိုနှစ်ယောက်အား တောင်ပေါ်သားတို့ မသိ၍  လက်မှိုင်ချ ခဲ့ရဘူးသည်။
              သို့ဖြစ်ရာ လာမည့် ၂၀၂၀ အတွက် NLD ပြင်ဆင်ရမည်မှာ ပြည်နယ်
များရှိ တိုင်းရင်းသားများအား ၎င်းတို့အားကိုယ်စားပြုသည့် တိုင်းရင်းသား ပါတီခေါင်းဆောင်များမှ တဆင့်ဆက်ဆံရန်ဖြစ်သည်။ပြည်နယ်များရှိ တိုင်း
ရင်းသားပါတီများအား အသိမှတ်ပြု ဆက်ဆံရန်ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်
အောင်ဆန်းသည်၎င်း ဒေါ်အောင်ဆန်းစုကြည်သည်၎င်း ပြည်မတွင် သြဇာရှိ
သည်က ငြင်းပယ်ရန်မရှိပေ။ သို့သော် ပြည်နယ်များတွင်မူ ထိုသြဇာသက်
သက်နှင့် တိုးမပေါက်နိုင်ပေ။ သက်ဆိုင်ရာဒေသအလိုက် သြဇာရှိသူများ၊
ဒေသခံပြည်သူများလေးစားသူများကို လွှတ်တော်ကိုယ်စားလည်ရွေးနိုင်မှ
အချို့နေရာများတွင် နေရာရနိုင်ပေလိမ့်မည်။
          သို့သော် တခုလုံးအရ  ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီ
များနှင့် ပတ်သက်၍ မည်သို့မည်ပုံ သဘောထားမည်ကို လေးနက်စွာ ပြင်ဆင်
ထားရန်လိုသည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်လျင် NLD
အားမဲပေးပါ။ လူကိုမကြည့်ပါနှင့် ပါတီကိုကြည့်ပါဆိုစည့် မဲဆွယ်မှု များသည်
တိုင်းဒေသကြီးများတွင် အလုပ်ဖြစ်ဆဲဖြစ်သော်လည်း ပြည်နယ်များတွင် ရေ
ပမ်းစားတော့မည်မဟုတ်ပေ။
          USDP အနေနှင့် အထက်တွင်ဆိုသကဲ့သို့ သု့ပရိတ်သတ်နှင့်သူ ရှိသည်။
လွှတ်တော်တွင်း၌ တပ်မတော်သား ၂၅% ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်
လူထုမျက်မုန်းကျိုးနေသူများအား ဘေးဖယ်ပြီး မျက်နှာသစ်များနှင့် ပရဟိတ
လုပ်ငန်းများနှင့် မြို့နယ်အလိုက်လူသိများသူများကို ပွဲထုတ်နိုင်သည်။ မည်သို့
ဆိုစေ USDP သည် မဲအများအပြား မရနိုင်သည်ကို သိပြီးဖြစ်ရာ တိုင်းရင်း
သားပါတီများကို ပစ်မှတ်ထားမည်ဖြစ်သည်။ လက်ရှိတွင်လည်း ပအိုဝ်ကိုယ်
ပိုင်အုပ်ချုပ်ရေးဒေသ ၃ မြို့ နယ်တွင် သြဇာကြီးသည့် PNO၊ ဟိုပန် ဝ ပါတီ
တို့သည် USDP နှင့် မဟာမိတ်များဖြစ်ကြသည်။
            ထို့ပြင် လာမည့် ၂၀၁၇ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ
တွင် ဝင်မပြိုင်၊ တိုင်းရင်းသားများ သူ့ဒေသသူ ကိုယ်စားပြု ခွင့်ပေးမည်ဟု ကြွေးကြော်ထားသည်။ ၂၀၁၇ ကြားဖြတ်တွင် တိုင်းရင်းသားနယ်အချို့တွင်
ဝင်မပြို င်။ သို့သော် USDP အသာစီးရလောက်သည့် မြို့နယ်များတွင်တော့
ဝင်ပြိုင်သည်ကိုတွေ့ရသည်။ ချုပ်၍ဆိုလျင် ၂၀၂၀ ရွေးကောက်ပွဲတွင် USDP
သည် ၎င်းတို့နှင့် တပ်မတော်သားကိုယ်စားလည်များကို အခြေပြု၍ တိုင်းရင်း သားတို့၏မဲကိုပါ စည်းရုံးယူပြီး အစိုးရဖွဲ့ခွင့် ကြိုးစားသွားဖွယ်ရှိနေသည်။ USDPအနေနှင့် တိုင်းရင်းသားပါတီများအား ၎င်းတို့ပြည်နယ်၊ ၎င်းတို့၏ ကိုယ်အုပ်ချုပ်ရေးဒေသများအား အုပ်ချုပ်ခွင့်အားပေးပြီး၊ လိုအပ်ပါက အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ အားပြင်ဆင်ခွင့်ပြု ၍ ဝန်ကြီးချုပ်တင်မြှောက်ခွင့် အားပေးပြီး သမတတင်မြောက်၍ ပြည်ထောင်စုအစိုးရဖွဲ့စည်းမည့် ပြည်
ထောင်စုလွှတ်တော်၌ ၎င်းတို့အားထောက်ခံပေးရန် လက်တွေ့ကျကျ စည်းရုံး သွားနိုင် သည်။ တပ်မတော်၏ စစ်တိုင်းဌာန ချုပ်များသည် ပြည်နယ်တိုင်း တွင်ရှိပေရာ ပြည်နယ်အစိုးရအား အပြန်အလှန်ထိမ်းကျောင်းနိုင်သဖြင့် ဤ အခွင့်အရေး အား မပေးရဲစရာမရှိပေ။
           သို့ဖြစ်ပါက NLD သည် လွှတ်တော်ထဲတွင် အမတ်နေရာများသော်
လည်း အစိုးရမဖွဲ့နိုင်သည့် အခြေသို့ဆိုက်သွားနိုင်ပါသည်။ လွှတ်တော်ထဲတွင်
တပ်မတော်သားကိုယ်စားလည် ၂၅% ရှိနေခြင်း၊ တိုင်းရင်းသားပါတီများ အားကောင်းလာခြင်း၊ တိုင်းရင်းသားဒေသများတွင် NLD သြဇာ တစုံတရာ
ကျ ဆင်းလာခြင်းတို့ကြောင့် ဤအခြေအနေသည် ဖြစ်လာနိုင်သည့် အခြေ
အနေတရပ်ဖြစ်နေပါသည်။ တကယ်တော့ တပ်မတော်သားကိုယ်စားလည် ၂၅% ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် NLD က ၅၁%အသာရပါက အစိုးရဖွဲ့နိုင်ပါသည်။ ထိုသို့သောအခြေအနေလည်း ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်လည်း ပြည်နယ်များတွင်အမျိုးသားစိတ်မြင့်တက်လာခြင်း၊တိုင်းရင်း သာ ပါတီများ အားကောင်းလာခြင်းတို့ကြောင့် ထိုမျ ဉ်းသည် တဖြေးဖြေး
ကျ ဉ်းမြောင်းလာနေသည်ကို NLD အနေနှင့် သတိထားရန်လိုအပ်နေပါ သည်။
             ပြည်နယ် ၇ ခု၌ အမျိုးသားလွှတ်တော်အတွက် ၈၄ နေရာ၊ ပြည်သူ့
လွှတ်တော်အတွက် ၁၂၃ နေရာရှိရာ ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း
၂၀၇ နေရာ ရာခိုင်နှုံးအားဖြင့် ၃၁% ရှိပေရာ တိုင်းရင်းသားပါတီများအား
ကောင်းပါက တပ်မတော်သားကိုယ်စားလည် ၂၅% ရှိသော ပြည်ထောင်စု
လွှတ်တော်အတွင်း သမတ တင်မြှောက်ရေး ပြည်ထောင်စုအစိုးရဖွဲ့စည်းရေး အတွက်အရေးပါသည့် မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမည့် အချိုးအစား ဖြစ်ပါသည်။
ပြီးပါပြီ
မောင်မောင်စိုး