Wednesday, April 26, 2017

ဗိုလ်ချုပ်ကြီးစိန်ဝင်းလိုလူမျိုးတွေ များများပေါ်လာတယ်ဆိုရင် တပ်မတော်အတွက်စံပြပါ။


ဗိုလ်ချုပ်ကြီးစိန်ဝင်း (ကာကွယ်ရေးဝန်ကြီး ၂၀၁ရ)
"ရှားမှရှား တကယ့်ယောက်ကျား"
မြန်မာ့တပ်မတော်မှာ စစ်ဗိုလ်ချုပ်ပေါင်းများစွာရှိတဲ့အနက် သတင်းစင်တဲ့ ဗိုလ်ချုပ်တွေက အနည်းစုဖြစ်ပါတယ်။ အဲဒီသတင်းစင် တဲ့ ဗိုလ်ချုပ်တွေထဲမှာ ထင်ရှားတာကတော့ ဗိုလ်ချုပ်ကတ်စိန်၊ ဗိုလ်ချုပ်မောင်လှ၊ ဗိုလ်ချုပ်လွန်းမောင် တို့ပါပဲ။
ကျန်တာတော့ အားလုံးသိကြတဲ့အတိုင်း ငါမလုပ်၊ ငါ့သားသမီးလုပ်၊ ငါနဲ့မဆိုင်၊ ငါမပိုင် ဆိုပြီး ရူးချင်ယောင်ဆောင်နေကြတဲ့သူ တွေပဲများပါတယ်။ ပြည်သူကစစ်တပ်ကိုမုန်းတာ အာဏာရှိတုန်းမှာ အဲဒီလို အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့ အဘတွေ၊ အဘကတော်တွေကြောင့်လည်း ပါပါတယ်။စားစရာမရှိလို့ မစားတာနဲ့ စားစရာရှိရဲ့သားနဲ့ မိမိသီလကို အကျိုးအပေါက်မခံဘဲ အာဏာအလွဲသုံးစားမလုပ်တာဟာ ကွာခြားပါ တယ်။
အခုတလော လေကာ (လေကြောင်းရန်ကာကွယ်ရေးတပ်) တွေက အရာရှိစစ်သည်တွေ သူတို့တပ်ချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအကြောင်ကိုတော်တော်လေး ချီးကျူးပြော ဆိုနေကြတာ သတိထားမိကြမယ်ထင်ပါတယ်။ အင်မတန် စစ်သားပီသပြီး အဂတိတရား ကင်းရှင်းတဲ့ အာဏာအလွဲသုံးစားမလုပ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်တယ် လို့ကြားရတော့ သာဓုခေါ်မိပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတပ်ရင်းမှူးဘဝက တစ်ရက် ရုံးခန်းတစ်ခုဘေးက လမ်းလျှောက်လာရင်း တပ်ခွဲမှူးဗိုလ်မှူးနှစ်ယောက် စကားပြောသံကြားလို့ နားစွင့်ကြည့်လိုက်တယ်။
“သူငယ်ချင်း စစ်တပ်မှာ တပ်ရင်းမှူး တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားမှ မရှိရင် အဲဒီတပ်ရင်မှူး တော်တော် အသုံး မကျတာလို့ ပြောရမှာပဲကွ။” ဆိုတဲ့စကားသံကိုကြားလိုက်ရတယ်။“အေး…ဟုတ်တယ်သူငယ်ချင်း၊ တပ်ရင်းမှူးတစ်ယောက်ဖြစ်မှတော့ ကိုယ်ပိုင်အိမ်လေး၊ ကားလေးတော့ ရှိသင့်တာပေါ့ကွာ။” လို့ ကျန်တဲ့တစ်ယောက်ကထောက်ခံပြောဆို ပါတယ်။
သူတို့နှစ်ယောက်စကားသံတွေကိုကြားလိုက်ရတဲ့ အဲဒီအချိန်က တပ်ရင်းမှူးးဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာအံ့သြခြင်းကြီးများစွာနဲ့စိတ်မကောင်းဖြစ်သွားပြီး ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတယ်။ စစ်သားဆိုတော့ စိတ်လည်းတိုသွားတာပေါ့။ဒါနဲ့ တပ်ရင်းမှူး ဒု တိယဗိုလ်မှူးကြီးစိန်ဝင်းဟာ အဲဒီအရာရှိနှစ်ယောက်ကို သူ့ရုံးခန်းခေါ် ပြီး ဆုံးမစကားပြောပါတယ်။
“အေး…ငါဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်သားပီသစွာပဲ အလုပ်လုပ်တယ်။ မင်းတို့ပြောတဲ့ အိမ်တွေ၊ ကားတွေ ငါ စိတ်မဝင်စားဘူး။ စိတ်ဝင်စားဖို့နေနေသာသာကွာ၊ အတွေးထဲမှာတောင်မရှိဘူး။ စစ်သားဆိုတာ ကုန်သည်ပွဲစားမဟုတ်ဘူးကွ။ ဘာဖြစ်ရင်ဘယ်လိုနေရမယ်ဆိုပြီး ဈေးတွက်တွက်လို့မရဘူး။ စစ်သားဟာ စစ်သားပီသအောင်နေ မှသာ သိက္ခာရှိတဲ့ စစ်သား ဖြစ်တော့မပေါ့။ မင်းတို့လည်း စစ်သားတွေဆိုရင် စစ်သား ဆန်ဆန်တွေး၊ စစ်သားဆန်ဆန်စဉ်းစား၊ မဟုတ်တမ်းတရားလုပ်ပြီး ချမ်းသာဖို့ ဘယ်တော့မှ မစဉ်းစားနဲ့။” လို့ ပြောဆိုဆုံးမပါတယ်။ဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာ ဗိုလ်ချုပ်ဖြစ်တဲ့အထိ သူပိုင်အိမ်မရှိဘူးလို့ ဆိုပါတယ် ။ နောက်ပိုင်း မနေနိုင်တဲ့ စီးပွားရေးပြေလည် နေတဲ့ တပည့်တပန်းဟောင်းတချို့က ပံ့ပိုးလို့ နိုင်ငံတော်က ပေး တဲ့မြေကွက်လေးမှာအိမ်လေးတစ်လုံးဆောက်ထားတယ်လို့ သိရပါတယ်။
အခု ဒုတိယဗိုလ်ချုပ်ကြီးဖြစ်နေပြီဖြစ်တဲ့သူက တပည့်တွေနဲ့တွေ့တော့ သူ့အိမ်လေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကားတွေကလည်းနှောင်းဗိုလ်ချုပ်များ အတုယူသင့်တဲ့စကားတွေဖြစ်ပါတယ်။
“ကဲ ငါအိမ်ရှိပြီကွာ။ ဒ.ါ…ငါ့အိမ်ပဲဆိုပါတော့ အိမ်ဆောက်ပြီးတဲ့ကာလ ၃နှစ်အတွင်းမှာ ငါဒီအိမ်လေးမှာ ၂ရက်ပဲ အိပ်ဖူးသေးတယ်။ ၃ရက်မြောက်မအိပ်ခင် ငါ သေရင် လည်းသေသွားနိုင်တာပဲကွ။ ဒါဆိုရင် ပိုင်ဆိုင်မှုဆိုတာ ဘဝမှာ အရေးပါလို့လား။ လူဆိုတာ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ရုတ်ချည်းသေသွားနိုင်တာပဲ။ ဒါ့ကြောင့် အလိုရမ္မက်မကြီးနဲ့။ ကိုယ့်ရဲ့ professional အသက်မွေးဝမ်းကြောင်း အလုပ်က စစ်သားအလုပ်ပဲ။ ဒီတော့ ကိုယ့် အသက်မွေးဝမ်းကျောင်းအလုပ်ကိုပဲ သေသေ ချာချာ အားထည့်ပြီးစနစ်တကျလုပ်။ မဆိုင်တဲ့ စီးပွားရေးအလုပ်တွေ မတရားရှာဖွေရတဲ့အလုပ်တွေကို စိတ်မဝင်စားနဲ့။” လို့ သူက တပည့်တွေကိုပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ တပ်စစ်လာတဲ့အခါမှာလည်း ငါးဟင်းနဲ့သာထမင်း စားလေ့ရှိပြီး အစားအသောက်နဲ့ပတ်သက်လို့ ဇီဇာမကြောင်ဘူးဆိုတာလည်း လေကာ လောကအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။ပြီးတော့တပ်မတော်မှာ ထူးခြားတယ်လို့ပြောရမယ့်ကိစ္စကတော့ တပ်စစ်ဆေးပြီး ပြန်ခါနီးကျရင် သူ့ကိုဧည့်ခံကျွေးမွေးတဲ့ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ တပ်ရင်းမှူးးကို အမြဲလိုလို ပြန်ထုတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ သဘောကတော့ သူ့ကြောင့် အောက်က တပ်ရင်းတွေကို ဝန်မပိစေချင်တဲ့သဘောပါ။ (လေးစားလိုက်တာ အဘရေ၊ ကျွန်တော်တို့ကြုံဖူးတဲ့ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေ ကတော့ ပေးတာ ယူ၊ ကျွေးတာစား၊ တိုက်တာသောက်ပြီး အော်ဟစ်ငေါက်ငမ်းပြန်သွားကြတာချည်းပါပဲ။)
သူဟာ မနက် ၄နာရီခွဲ ပုံမှန်ထပြီး လမ်းလျှောက်လေ့ရှိပြီး လမ်းလျှောက်ရင်း ဘုရားစာဆို၊ ပရိတ်/ပဌာန်းရွတ်၊ မေတ္တာပို့ အမျှဝေ လေ့ရှိတယ်လို့လည်း သိရပါတယ်။
ညဘက်တွေမှာ သူ့ဆီကို ဂျင်းသုပ်သွားပို့တဲ့အချိန်တိုင်းမှာလည်း ဂျင်းသုပ်လာပို့တဲ့ အရာရှိငယ်လေးတွေကို ကြည်သာရွှင်ပျတဲ့ မျက်နှာထားနဲ့“အေး.. အေးကွာ ကျေးဇူးတင်ပါတယ်။” လို့ မပျက်မကွက် အလေးထားပြောလေ့ရှိ ပါတယ်။ အသေးအဖွဲလေးက အစ လက်အောက်ငယ်သားရဲ့ activity လုပ်ရပ်အပေါ် အသိအမှတ်ပြုကြောင်းပြသတာပါ။ ဒါဟာ လူကြီးလူကောင်းဆန်တဲ့ စာနာစိတ်ရှိတဲ့ သူတွေရဲ့ အပြုအမူပါ။
“အဘ ဦးစိန်ဝင်းက ကားကို ထုတ်ပေးတဲ့ ဓါတ်ဆီပိုတာ ပြန်အပ်တယ်။ သသနမှာတုန်း က ညနေတိုင်း အရာရှိတွေ Fatigue လုပ်ရင် သူ့အတွက်မြက်ပေါက်စရာ ဧရိယာ တစ် ကွက်ပေး ရတယ်.။(အဲဒီတုန်းက ဗိုလ်ချုပ်နော်) ကိုယ်တိုင်မြက်ပေါက်တယ်.။ သူ့အိမ်မှာ တပ်ထောက်က သစ်သားဆက်တီပဲရှိတယ်။ သားသမီးတွေကိုလည်း အင်မတန် ထိန်းသိမ်းတာတော်တယ်။ သူ့သားသမီးတွေက အဝတ်အစား အလန်းကြီးတွေ မဝတ်ဘူး။ သပ်သပ်ရပ်ရပ်နဲ့ ယဉ်ယဉ်ကျေးကျေး မွန်မွန်ရည်ရည်နဲ့ စာကြိုးစားတယ်။ လေကြောင်းရန်အရာရှိချုပ်ဖြစ်လာတော့ တပ်စစ်သွားရင် ခြေလှမ်းကျဲကြီးတွေနဲ့နောက်က PSO ကပြေးလိုက်ရတယ်။ ခုချိန်ထိ ဗိုက်မထွက်၊ အရပ်ကလည်း အမြင့်ကြီးပါ။ တကယ်ရှာမှရှားတဲ့ လူမှန်ကြီးပါ။” လို့ လေကြောင်းရန် ကာကွယ်ရေး တပ်က အရာရှိ တစဦးက ပြောပါတယ်။
အရာရှိတွေ Fatigue လုပ်ရတယ်ကြားလို့ ကျွန်တော်တော့ တော်တော်လေး အံ့သြသွားပါတယ်။ နိုင်ငံတကာမှာတော့အထူးသဖြင့်ချမ်းသာတဲ့ဒီမိုကရေစီနိုင်ငံတွေမှာ အရာရှိရော အခြားအဆင့်ပါ Fatigue လုပ်ရတာမရှိပါဘူး။ အဲဒီအလုပ်တွေလုပ်ဖို့ အရပ်သား ဝန်ထမ်းတွေခန့်ထားပါတယ်။
ကျွန်တော်တို့တပ်မတော်မှာကတော့ ကျွန်တော်တို့အဖေလက်ထက် ရိုင်ဖယ်ခေတ်မှာ အရာရှိတွေ Fatigue လုပ်/ မလုပ်မသိရ ပေမဲ့ ကျွန်တော်တို့ G3 ခေတ်မှာတော့ ဘယ် အရာရှိမှ Fatigue လုပ်တာမတွေ့ဖူးပါဘူး။ ဒါတွေအားလုံး အခြားအဆင့် စစ်သည် တွေ ရဲ့တာဝန်ချည်းပါပဲ။
ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးစိန်ဝင်းလိုလူမျိုးတွေ များများပေါ်လာတယ်ဆိုရင် တပ်မတော်အတွက်စံပြအဖြစ် အလွန်အားထားရမယ့် အရာရှိကြီးတွေ မွေးဖွားလာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
ကျွန်တော့်ပို့စ်အဟောင်းလေးကို တခြားသူပြန်ရှဲထားတာတွေ့လို့ အမှတ်တရ ပြန်တင်လိုက်တာပါ။

ရဲကျော်သူရ
မှတ်ချက် - ဒီစာရေးတုန်းက ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းဟာ အခု ဗိုလ်ချုပ်ကြီး
အဆင့်နဲ့ ကာကွယ်ရေးဝန်ကြီးတာဝန် ထမ်းဆောင်နေပါကြောင်း ..။
Ye Kyaw Thura added 3 new photos.
February 23, 2016

စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် (အောင်ပြည့်စုံ စားသောက်ဆိုင်မိသားစု)

၂၀၁၂ စာရင်းစစ်ချုပ် ရာထူးကထွက်ပြီး၊ ဘီလင်းအဝေးပြေးကားလမ်းမှာ ထမင်းဆိုင် ဖွင့်ထားပြီး စားပွဲထိုးလဲ လုပ်တယ်။ စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်+ဇနီး ဒေါ်မြမြစိန်(အောင်ပြည့်စုံ စားသောက်ဆိုင်မိသားစု)
ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်
မေခ| May 16, 2013 |
စစ်စွပ်ကျယ်၊ ပုဆိုးခါးတောင်းကျိုက်နဲ့ ရေသန့် ၆ ဘူးတကတ်တွဲ ၂ တွဲကို လက်တဘက်တချက် ကိုင်ထားရင်း နဖူးကချွေးတွေကို လက်မောင်းရင်းနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်သူကတော့ တချိန်က စစ်အစိုးရလက်ထက် တနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် ရာထူးကို ပိုင်ဆိုင်ခဲ့ဖူးသူ အရင်က ဗိုလ်ချုပ်လွန်းမောင် ဆိုပြီး နာမည်ကျော်ခဲ့သူပဲ ဖြစ်ပါတယ်။
ရေသန့်ဘူးတွေကို ရေခဲသေတ္တာထဲ အစီအရီ ထည့်ဖို့ပြင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးလွန်းမောင်ရဲ့ ပုံစံဟာ တချိန်က ဘုန်းမီးနေလ ထွန်းတောက်ခဲ့သူ သူတဦးလို့ ထင်စရာ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ထမင်းဆိုင်ပိုင်ရှင် ဦးလွန်းမောင် အဖြစ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အခြေချနေပါပြီ။
ဦးလွန်းမောင်ဟာ ရေခဲသေတ္တာထဲကို ရေသန့်ဘူးတွေ အစီအရီထည့်ပြီး မကြာခင်မှာပဲ ထမင်းစားပွဲခုံ အလုံး ၄၀ ကျော်ကို ရေစိုအ၀တ်နဲ့ လိုက်လံ သုတ်နေပြန်ပါတယ်။ ဘေးက ကြည့်နေသူတွေကတော့ သူ့အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင်နေပုံကို အံ့သြနေပုံရပါတယ်။
အင်တာနက်စာမျက်နှာ ပေါ်မှာ ဗိုလ်ချုပ်ဟောင်း လွန်းမောင်တယောက် ထမင်းဆိုင် ဖွင့်ထားတယ်၊ ရိုးစင်းတဲ့ ဘဝကို ဖြတ်သန်းနေတယ် စသည်ဖြင့် သတင်းတွေနဲ့အတူ သတင်းတချို့မှာ ရေးသားထားတဲ့ “ဦးလွန်းမောင် တယောက် မှန်လွန်းတဲ့အတွက် ရွာပြင်ထုတ် ခံခဲ့ရတယ်” ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ စိတ်ဝင်စားမိတာနဲ့ ရန်ကုန်ကနေ ဘီလင်းအထိ ခြေဆန့်လာခဲ့တာပါ။ တမြို့လုံးမှာ သေသေချာချာ ရှာဖွေ ရေကြည့်လို့ လက် ၃ ချောင်းတောင် မပြည့်တဲ့ တည်းခိုခန်း အခက်အခဲကို ဖြစ်သလို ကျော်ဖြတ်ရင်း ၂ ရက်ကြာအောင် ဦးလွန်းမောင်ရဲ့ နေ့စဉ်ဘ၀ ဖြတ်သန်းမှုကို လေ့လာကြည့်ခွင့် ရခဲ့ပါတယ်။
သူ့တနေ့တာ ဖြတ်သန်းမှုကို ၂ ရက်အကြာ လေ့လာပြီးချိန်မှာတော့ သူ့ကို မိတ်ဖွဲ့ရင်း စကားပြောခွင့် ရပါပြီ။
“တနေကုန် အလုပ်နဲ့ လက်နဲ့ မပြတ်ဘူး။ ဗိုလ်ချုပ်ဘ၀ကတောင် ဂေါ့ဖ်ရိုက်ဖို့ အချိန်ဆိုတာ ရှိသေးတယ်။ ဒီမှာကျတော့ ဂေါ့ဖ်ရိုက်ဖို့ မပြောနဲ့ ကိုယ်ပိုင်အချိန်တောင် တော်တော်ကလေး ရှားတယ်။ ဒါပေမယ့် ဒီဘ၀လေးက ရိုးစင်းပါတယ်” လို့ ဦးလွန်းမောင်က စကားစပါတယ်။
တချိန်က လွတ်လပ်ရေး မရခင်မှာ ဂျပန်တပ်တွေ အခိုင်အမာတပ်စွဲခဲ့လို့ ဂျပန်တောင်ဆိုပြီး နာမည်ကြီးခဲ့တဲ့ နေရာက တပ်ရင်းမှာ တာဝန် ထမ်းဆောင်ချိန်က သူတည်ခဲ့တဲ့ ဂျပန်တောင်ဘုရား ခြေတော်ရင်းမှာ ထမင်းဆိုင်ဖွင့်ဖို့ စိတ်ကူးရခဲ့ သူကတော့ သူ့ဇနီးသည်ပါပဲလို့ ပြောရင်း အခုလို ရိုးစင်းစွာ ဖြတ်သန်းနေရတဲ့ သူ့ဘ၀ကို ကျေနပ်တယ်လို့ ဆိုပါတယ်။
“ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်က ငယ်ငယ်က ဘ၀ကြမ်းသလောက် မကြမ်းပါဘူး။ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ဘ၀မှာ နေပျော်ဖို့ လိုပါတယ်” လို့လည်း ဘုရားဒါယကာ ဦးလွန်းမောင်က ဆက်ပြောပါတယ်။
အနှစ် ၄၀ လောက် လျှမ်းလျှမ်းတောက် အာဏာရှိခဲ့သူ၊ စစ်တပ်မှာ ရာထူးကြီးကြီးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ အဖြစ်ကနေ ဒီလို ဈေးသည်တယောက် အနေနဲ့ ကျန်ရှိတဲ့ ဘ၀ကို ဖြတ်သန်း နေတာကတော့ ဘေးလူတွေအမြင် အံ့သြစရာ ဖြစ်နေပုံပါပဲ။
အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အ၀င်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။
မနက် ၁၀ နာရီကနေ နောက်တနေ့ မနက် ၃ နာရီအထိ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်ဖွယ်ရာတွေကို ရောင်းချသလို ည ၉ နာရီကနေ စတင်ပြီး စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်ကိုလည်း အောင်ပြည့်စုံ ထမင်းဆိုင်ဝန်းထဲမှာ ဆိုင်တဆိုင် ခွဲလို့ ရောင်းချနေတာ တွေ့ခဲ့ရပါတယ်။
“ကျနော် လည်ပင်း ကင်ဆာဖြစ်တော့ အမျိုးသမီးက ကလေးတွေ ရှေ့ရေးအတွက် ဒီမှာ ၀ါးတဲလေး စထိုး ဈေးရောင်းခဲ့ တာပေါ့။ နောက်ပိုင်းကျမှ အခုလို ဖြစ်လာခဲ့တာပါ” လို့ ဦးလွန်းမောင်က ပြောပြပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်ဟာ သူ့ဇနီး ဒေါ်မြမြစိန်ရဲ့ စိတ်ကူးနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သူက ဂုဏ်ယူစွာနဲ့ ဆိုပါသေးတယ်။
စိတ်တူကိုယ်တူ ဇနီးမောင်နှံတွေ ဖြစ်တာကြောင့် လက်ရှိ ဖြတ်သန်းနေရတဲ့ ဘ၀ကို ဇနီးသည်ဖြစ်သူကလည်း ကျေနပ်နေ တယ်လို့ ဦးလွန်းမောင်က ပြောပြနေချိန်မှာ အပွင့်ကျဲကျဲ ပါတိတ်ထမီ၊ လိမ္မော်ရောင် ဘလောက်စ် အင်္ကျီ ၀တ်ဆင်ထားတဲ့ ဒေါ်မြမြစိန်က လက်ကြားမှာ စီးကရက်ညှပ်ထားရင်း စကားဝိုင်းထဲ ၀င်ရောက် လာခဲ့ပါတယ်။
“အန်တီတို့က ပွင့်ပွင့်လင်းလင်းပဲ၊ ဘယ်သူ့ကိုမှလည်း ဒေါသမဖြစ်ဘူး။ ဒီဘ၀ကိုလည်း ကျေနပ်တယ်၊ ကိုယ့်ကို လုပ်သွားတဲ့ သူကိုလည်း ခွင့်လွှတ်တယ်။ ဘာပဲပြောပြော ၀ဋ်ရှိလို့ခံရတယ်ပဲ မှတ်တယ်။ တရားနဲ့ဖြေလို့ အခုလို နေနိုင်တာ။ နို့မို့ မဖြေနိုင်ရင် ဘယ်လွယ်မလဲ” လို့ ဗိုလ်ချုပ်ဟောင်းရဲ့ ဇနီးသည်က ဆိုလာပါတယ်။
ဦးလွန်းမောင်တယောက် စာရင်းစစ်ချုပ် ဘဝကနေ အငြိမ်းစားပေးခံရစဉ် ကာလကို ဒေါ်မြမြစိန်က ရည်ရွယ်ဟန် တူပါတယ်။ ဦးလွန်းမောင်ဟာ နိုင်ငံတော် စာရင်းစစ်ချုပ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်လွန်းမောင် ဘဝ ကတည်းက တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဦးလွန်းမောင် အဖြစ် စာရင်းစစ်ချုပ် တာဝန်ကို ဆက်ယူခဲ့ရသူပါ။ လက်ရှိအစိုးရ လက်ထက်မှာ ၁ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်ပြီး သူ့ရဲ့ စာရင်းစစ်ချုပ် သက်တမ်း ၉ နှစ်ပြည့်ချိန်မှာတော့ ၂၀၁၂ သြဂုတ်လ ၂၈ ရက်နေ့မှာ သမ္မတက သူ့ကို အငြိမ်းစား ပေးလိုက်တာ ဖြစ်ပါတယ်။
ဒေါ်မြမြစိန်ရဲ့ စကားက ဘာကိုရည်ရွယ်သလဲ ဆိုတာ တွေးနေမိစဉ်မှာပဲ ဦးလွန်းမောင်က သောက်လက်စ ရေနွေးခွက်ကို လက်ကနေချရင်း ပြုံးပြီး “ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့” လို့ ဖြည့်စွက်ပြန်ပါတယ်။
စကားလက်ဆုံကျနေရင်း ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးမလေးက “ဘဘ … ဓာတ်မီး” လို့ ပြောလိုက်ချိန်မှာ ဦးလွန်းမောင်က အကြားလွဲပြီး “ညစာ ထမင်းမစားရသေးဘူး၊ ၈ နာရီမှ စားတာပေါ့။ ကန်စွန်းရွက် ကြော်ခိုင်းထားလိုက်လေ” လို့ ပြောလိုက်တဲ့ အတွက် ဆိုင်မှာ ရှိနေတဲ့ အလုပ်သမား မိန်းကလေးတွေအားလုံး ၀ါးလုံးကွဲ ရယ်မော ကြပါတော့တယ်။
ရယ်တာကို ဘာမှ မာန်မဲမနေဘဲ “ဘာလို့ ရယ်နေတာလဲ” လို့ ဦးလွန်းမောင်က မသိနားမလည်တဲ့ ပုံစံနဲ့ ပြန်မေးတာကို အလုပ်သမားတွေ ဆက်လက် ရယ်မောနေကြ ပြန်ပါတယ်။
သူ့ရဲ့အဖြေ အလွဲကို သူဘာသာ သိသွားတဲ့ ဦးလွန်းမောင်ကတော့ “ဒီလို ဘ၀မျိုးကို ရခဲတယ်လို့ ပြောရမယ်၊ အရင်ကဆို ကိုယ့်ကို ဘယ်သူမှ ပြန်မပြောရဲဘူး။ အခုတော့ ကိုယ်က ကလေးလိုပဲ။ ကလေးတွေနဲ့ နောက်ပြောင်နေတော့ အသက် ရှည်တယ်” လို့ ဆိုပါတယ်။
အာဏာဆိုတာ ဘိန်းလိုပဲဆိုတဲ့ တချိန်က အငြိမ်းစား ညွှန်ကြားရေးမှူး တဦးရဲ့ အပြောကို သတိရမိတာကြောင့် ဦးလွန်းမောင် တယောက် ဒီဘိန်းနဲ့တူတဲ့ အာဏာရှင်စိတ်ကို ဘယ်လို ဖြတ်ခဲ့လေသလဲလို့ စဉ်းစားမိပါတယ်။
ဗိုလ်ချုပ်ဟောင်းတဦးရဲ့ ပိုင်ဆိုင်မှုဆိုတာကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ လက်ရှိမှာ ရာဘာခြံတွေ ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် ပိုင်ဆိုင်ထားတဲ့ ဧကဟာ အရေအတွက် ၂၀ မပြည့်ဘူးလို့ ဘီလင်းမြို့ခံ တဦးက ဆိုပါတယ်။
“စိတ်ဝင်စားစရာပဲ။ သူ့ ပိုင်ဆိုင်မှုတွေကိုပဲ ဖွက်ထားနိုင်တာလား၊ တကယ်ပဲ မရှိတာလားတော့ မသိဘူး။ သူရောက်နေတာ ၁ နှစ်ကျော် ၂ နှစ် နီးပါး ဆိုပေမယ့် ဒီအတိုင်းပဲ။ စ ရောက်လာတဲ့ အချိန်နဲ့ ဘာမှမထူးဘူး။ သူပိုင်လို့ ပြောရရင် အခု အောင်ပြည့်စုံ ထမင်းဆိုင် ၀န်းရယ်၊ သူ့သား လုပ်နေတဲ့ ရာဘာခြံရယ်၊ တောင်းအေ့စ်လိုလို ကားတစီးရယ်၊ ဆိုင်ကယ်ရယ် ဒါပဲ တွေ့တယ်။ ဦးလွန်းမောင် မြို့ထဲလာတာလည်း နည်းတယ်” လို့ သူက ဆက်ပြောပါတယ်။
ဦးလွန်းမောင်နဲ့ တော်တော်လေး ရာထူးကွာခြားတဲ့ စစ်တပ်အရာရှိ ဒုတိယ ဗိုလ်မှူးကြီး အဆင့်လောက်သာရှိသူ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ရာဇ၀တ်သားတွေ ဖော်ထုတ် ကာကွယ်နေတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တဦးရဲ့ မော်လမြိုင်ဘက်မှာ ပိုင်ဆိုင်ထားတဲ့ ရော်ဘာခြံတွေဟာ ဧက ၄၀ လောက် ရှိတယ်လို့ သိထားဖူးတော့ တကယ်ပဲ ဦးလွန်းမောင် ရိုးသားခဲ့ လေသလား၊ လျှို့ဝှက် နာမည်ဝှက်တွေနဲ့ပဲ ပိုင်ဆိုင်မှုတွေ ထားလေသလား ဆိုတာကိုတော့ ကာယကံရှင်ကပဲ သေသေချာချာ သိနိုင်မှာပါ။
တချိန်က စစ်ဗိုလ်တဦးရဲ့ မာန်ကို သူ ဘယ်လိုများ ချခဲ့လေမလဲဆိုတာ သိချင်လို့ မေးမိတော့ အာဏာအတွက် ဆန္ဒ ရှိနေသူတွေကြောင့် သူ့အနေနဲ့ ဘာခံစားချက်မှ မရှိခဲ့သလို၊ ဘ၀နာခဲ့တဲ့ ကိုယ့်ဘ၀ကို မမေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဗမာစကား တလုံးမှ မတတ်တဲ့ ရှမ်းတိုင်းရင်းသား မိဘတွေက ဖွားမြင်ခဲ့တဲ့ သူဟာ ဗမာစကားသင်ပြီး ကျောင်းတက်ဖို့တောင် ခက်ခဲ ခဲ့ပါတယ်လို့ ပြောပြတယ်။ ဗမာစာ သင်ချိန်မှာ ကိုယ်ပိုင် တိုင်းရင်းသားစာပေကို မေ့သွားမှာစိုးတဲ့အတွက် မိဘ အရိုက် ခံခဲ့ရသေးတယ် ဆိုတဲ့အကြောင်း၊ ဗမာပြည်မှာ နေတဲ့ တိုင်းရင်းသား တယောက်ရဲ့ ဘ၀ခက်ခဲမှုက ဗမာတွေ ကလည်း တိုင်းရင်းသားကို လူထူးဆန်းလို့ တွေးသလို၊ တိုင်းရင်းသား အချင်းချင်း ကလည်း ဗမာဖြစ်ချင်သူလို့ မြင်တာမျိုးတွေ ရှိခဲ့၊ ကြုံခဲ့ရကြောင်း ဦးလွန်းမောင်က ဆိုပါတယ်။
စကားပြောနေရင်း ခရီးသည် ကားတစင်း ၀င်လာချိန်မှာတော့ ဦးလွန်းမောင်က စကားစ ခဏ ဖြတ်ပြီး စားပွဲ သွားထိုး နေပါတယ်။ စားပွဲဝိုင်းတ၀ိုင်းက အသက် ၄၀ ကျော် အမျိုးသားတဦးက ဦးလွန်းမောင်ဆီ ဦးတည်လာပြီး ကားရေဆေးဖို့ မေးမြန်း ချိန်မှာ သွက်လက်စွာနဲ့ နေရာပြပြီး သူ့လုပ်လက်စ စားပွဲဝိုင်းတွေဆီကို ထမင်းပန်ကန်တွေ ကိုယ်တိုင်ချပေးနေတုန်း နောက်ဘက် ၀ိုင်းက အမျိုးသမီးတဦးနဲ့ ဆိုင်က စားပွဲထိုး မိန်းကလေးတို့ စကားအချေအတင် ဖြစ်နေတဲ့ နေရာဆီ ဦးလွန်းမောင် သွားရောက် ဖြေရှင်း နေတာကို တွေ့ရပါတယ်။
“လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ စော်ကား ခံရတာတွေ အရမ်းများတယ်၊ တော်တော် သည်းခံရတယ်။ ဟိုးတချိန် တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန် မေ့လိုက်တော့မယ်၊ ငါ အခုဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန် တယောက်လို ငေါက်ငမ်း သွားတာမျိုး တွေတောင် ရှိတယ်။ တချို့ကတော့ ကိုယ့်ဘက်က ကလေးတွေမှားတာ၊ တချို့ကျတော့ သက်သက် ပြဿနာ ရှာတာတွေ ရှိတယ်။ ဘာပြောပြော ကိုယ်ကပဲ သည်းခံလိုက်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။
နှစ် ၄၀ ကြာအောင် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်က သြဇာရှိသူတွေထဲမှာ တယောက်အပါအဝင် ဖြစ်ခဲ့သူ တဦးအနေနဲ့ လက်ရှိ အခြေအနေအပေါ် ကြိုးစား လက်ခံနေပုံ ရပါတယ်။ ဦးလွန်းမောင်ကတော့ ဆိုင်မှာရှိနေတဲ့ ကလေးတသိုက်ကို ရယ်ရင်း မောရင်းနဲ့ တီဗီမှာလာနေတဲ့ ကိုရီးယားဇာတ်ကား “ကြာပန်းနီနီ” အကြောင်း ပြောပြနေဟန်က ခုနက ပြဿနာ ဖြစ်ထားတာကိုတောင် မေ့လျော့နေတဲ့ ပုံစံပါ။
“ကလေးတွေက ဒီနားက ခြေလျင်တပ်ရင်း ၈ က ကလေးတွေလည်း ရှိတယ်။ တနယ်တကြေးက လာလုပ်ကြတဲ့ သူတွေလည်း ရှိတယ်။ သူတို့လေးတွေက ကိုယ့် မြေးအရွယ်လေးတွေလေ။ မိန်းမက စနစ်ကြီးတော့ မိန်းမကို ပိုကြောက်ကြတယ်” လို့ ဦးလွန်းမောင်က ဆိုပါသေးတယ်။
စကားဆိုနေရင်း ခရီးသည်ကား နောက်ထပ် ၀င်မလာခင်မှာ ထမင်းစားဖို့ ပြင်ပေးဖို့ ဦးလွန်းမောင်က လှမ်းပြော လိုက်ပါတယ်။ ဒီအချိန်မှာ ၁၅၊ ၁၆ အရွယ် မိန်းကလေး တဦးက မြန်မာဘီယာ ခွက်ကို ဦးလွန်းမောင်ရှေ့ လာချပေးတာ မြင်တွေ့ရပါတယ်။
နာမည်ကျော် တံဆိပ်နဲ့ အရက်တွေ ပလူပျံနေတဲ့ ဧည့်ခံပွဲကြီးတွေမှာ ကျင်လည်ခဲ့ဖူးသူ၊ တချိန်က ဘေးကနေ ပြုစုချင်သူတွေ ဝိုင်းဝိုင်းလည်နေခဲ့ ဖူးသူ တဦးရဲ့ လက်ရှိ ထမင်းစားပွဲက ဘယ်လို ဖြစ်လေမလဲ ဆိုတာ အကဲခတ်နေစဉ်မှာပဲ မိန်းကလေးက ကြက်သား ခပ်ရွယ်ရွယ် ၂ တုံးပါတဲ့ ပန်းကန်လုံး တလုံး၊ ထမင်းပန်းကန်၊ ခရီးသည်တွေကို ချပေးတဲ့ သီးစုံပဲဟင်း၊ ကန်စွန်း ရွက်ကြော် တပန်းကန်တို့ကို လာချပေးတာ တွေ့လိုက်ရပါတယ်။
ဇွန်းနဲ့ ထမင်းခပ်နေတဲ့ ဦးလွန်းမောင်က သူ့ကို စူးစမ်းနေတာကို သတိထားမိတဲ့ အလား “ဟိုနေ့ တွေကတည်းက လာလာ ထိုင်နေတာ သတိထားမိတယ်။ ဧည့်သည်ပဲ ထင်နေတာ။ တရက်၊ နှစ်ရက်မက၊ ညကော နေ့ကော လာလာထိုင်နေတော့ ထူးဆန်းတယ်လို့ တွေးနေတာ၊ မိန်းမကိုတောင် ပြောနေတာ။ ဒါတွေကိုကော ရေးမှာလား” လို့ မေးခွန်းထုတ်ပါတယ်။
တိုင်းပြည်မှာ တာဝန်ကြီးကြီး ယူခဲ့သူ တဦးရဲ့ ကြိုမြင် အကဲခပ်နိုင်မှုကို သတိထားမိတယ်။
စာရင်းစစ်ချုပ် မဖြစ်ခင်ကတည်းက ဇနီးသည် ဦးဆောင်ဖွင့်ခဲ့ပြီး ၁၁ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီအောင်ပြည့်စုံ ထမင်းဆိုင်ဟာ ဦးလွန်းမောင် လည်ပင်းကင်ဆာ ခံစားရချိန် သားသမီးတွေ ရှေ့ရေးအတွက် ကိုယ်မရှိချိန် ဘာလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ ဇနီးသည် ဒေါ်မြမြစိန်က ဦးစီး ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ဦးလွန်းမောင်က ဆိုပါတယ်။ အခုတော့ သူ့ရဲ့ လည်ပင်း ကင်ဆာ ရောဂါကို ကုသခဲ့ပြီးလို့ ရောဂါ မရှိတော့ဘူးလို့ သိရပါတယ်။
ဦးလွန်းမောင် ဗိုလ်ချုပ်ဘ၀ ကတည်းက နိုင်ငံတော် ဧည့်ခံပွဲ တော်တော်များများမှာ ဇနီးသည်နဲ့အတူ တက်ရောက်မှု နည်းတယ်လို့ ကြားဖူးလို့ မေးကြည့်တော့ ဦးလွန်းမောင်က “ဇနီးက ၁၉၇၀ လောက်ကတည်းက ယူထားတဲ့ဇနီး၊ ငယ်ပေါင်းပါ။ စိတ်ကလည်း ကိုယ်နဲ့ တထပ်တည်းကျတဲ့ လူဆိုတော့ အရင်ကတည်းက ကတော်အသိုင်းအ၀ိုင်းမှာ သိပ်မတွေ့ဘူး။ ဦးသန်းရွှေတို့၊ သူရ ဦးရွှေမန်းတို့ဆိုရင် ခဏခဏ မေးတယ်။ ဘယ်ပွဲမှာမှ မတက်တော့ မေးရင် ပထမတော့ ဖြီးရတာပေါ့။ နောက်တော့ မတတ်နိုင်တော့ဘူး။ သူက အနေအေးတာထက် အဲဒီလို ဘ၀မျိုးကို မနှစ်သက်တာ။ ကိုယ့်မိန်းမအကြောင်း ကိုယ်ပဲ သိတာပေါ့။ သူက ပွင့်ပွင့်ဘွင်းဘွင်း နေတာမျိုး။ ဆိုင်စဖွင့်ပြီဆိုတော့ ဒီထဲမှာပဲ ဆိုင်က ကလေးတွေနဲ့ ပျော်နေရတာ ကြိုက်တဲ့လူမျိုး။ ဟိတ်ဟန်တွေနဲ့ မနေတတ်ခဲ့ဘူး။ ဒီတော့ ပွဲတော်တော်များများ မတတ်ဘူး” လို့ ရှင်းပြပါတယ်။
အရင် စစ်စာရင်းစစ်ချုပ်ရုံးမှာ လုပ်ခဲ့ပြီး အငြိမ်းစားယူခဲ့တဲ့ အရာထမ်းဟောင်း တဦးကလည်း ဦးလွန်းမောင် ဇနီးဟာ တကယ်ပဲ ဟိတ်ဟန် ထုတ်တဲ့သူမျိုး မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။
“ဦးလွန်းမောင်ထက် သူ့မိန်းမက ပိုပြီး အနေအေးတယ် ပြောရမယ်။ သူက တခြားကတော်တွေလို ပြင်ပြင်ဆင်ဆင် မနေဘူး။ ဟိတ်ဟန်လည်း မရှိဘူး။ ဘွင်းဘွင်းပဲ။ တပ်ထဲမှာ ဒု တပ်ရင်းမှူး ကတော်တွေ၊ တပ်ရင်းမှူး ကတော်တွေ ဟိတ်ဟန်နဲ့ နေတယ်၊ သူက အဲဒီလို မဟုတ်ဘူး။ သစ်ပင်စိုက်လိုက်၊ ဟိုဟာလေး ဒီဟာလေး လုပ်လိုက်။ ကြည့်လိုက်ရင် ဘယ်သူမှ သူ့ကို ဗိုလ်ချုပ် ကတော် တယောက်လို့ မထင်ဘူး” လို့ အဲဒီ အရာထမ်းဟောင်းက ဆိုပါတယ်။
စကားပြောလိုက်၊ ခရီးသည် ဝင်လာရင် အလုပ်ထလုပ်လိုက်နဲ့ မအားရတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ရှေ့ ခရီးသည်တင် ကားတစီး လာရောက်ရပ်နားပါတယ်။ အဲဒီမှာ ဦးလွန်းမောင်က ခပ်သွက်သွက် ဆိုင်ပြင်ထွက်ပြီး ရေပိုက်ကို ကားဆရာ လက်ထဲ ထည့်နေတာ မြင်ရပါတယ်။
တဖြည်းဖြည်းနဲ့ ညဥ့်လည်း နက်လာပါပြီ။ ဒီဆိုင်ထဲမှာပဲ သူတို့ မိသားစုတစုလုံး နေကြတယ်လို့ သိရတယ်။ သစ်သားကွပ်ပြစ် တခုပေါ် သာမန် မွေ့ယာပါးလေး ခင်းထားတဲ့ အိပ်ရာလေးက သူ့ဇနီးသည်ရဲ့ အိပ်စရာနေရာလို့ သူက ဆိုပါတယ်။
“သူက ကလေးတွေနဲ့ အတူတူ အိပ်တယ်လေ။ ကလေးတွေက ဆိုင်စားပွဲဆက် အိပ်တယ်။ ကိုယ်က အနောက်ဘက်မှာ အိပ်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။
သူ့မှာ သားနှစ်ယောက်၊ သမီးတယောက် ရှိပြီး သားတဦး ကတော့ ဘီလင်းမြို့ထဲမှာ နာရေးပရဟိတတွေ လုပ်သလို ရော်ဘာခြံ စိုက်ပျိုးရေးအပိုင်း ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ သားနဲ့ သမီးကတော့ နေပြည်တော်မှာ ကိုယ်စီ နိုင်ငံ့ဝန်ထမ်း အဖြစ် အလုပ်လုပ်နေ ကြပါတယ်။
လက်တွေ့ ဘ၀မှာတော့ အေးချမ်းနေပါတယ်လို့ ဆိုတဲ့ ဦးလွန်းမောင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ပုံစံနဲ့မှ ၀င်ရောက်ဖို့ မရှိဘူးလို့ ပြောပါတယ်။
“တိုက်ပုံ ဘယ်တော့မှ မ၀တ်တော့ဘူး” လို့ ပြတ်ပြတ်သားသား ဆိုအပြီး မှာတော့ ဦးလွန်းမောင်ဟာ သူ့ရဲ့ ငွေသိမ်းကောင်တာ ဘက်ကို ခပ်သွက်သွက် လျှောက်သွား ပါတော့တယ်။
အရင်က ဗိုလ်ချုပ်လွန်းမောင် အခု ဦးလွန်းမောင် (ဓာတ်ပုံ – ဧရာဝတီ)
.
.
.
.စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်
******************
ရန်ကုန်မှ မြိတ်၊ ထားဝယ်အထိသွားမည့် ခရီးသည်တင် ဘတ်စ်ကားခရီးသည်များနှင့် ဒရိုင်ဘာကို လှမ်းအော်နှုတ်ဆက်ပြီး ဆိုင်ထဲကို ပြန်ဝင်လာသော ဒေါ်မြမြစိန် သည် သူ၏ခွေးကလေးများကိုလည်း နှုတ်ဆက်သည်။ ထို့နောက် မိမိတို့၏ စားပွဲဝိုင်းဆီ လာပြီး စကားပြောရင်း “ ဒီခွေးကလေးတွေက တကောင်နဲ့တကောင် ညှာတာပြီး နောက်အကောင် စားဖို့အတွက် ချန်ပြီးစားတယ်။ လူတွေလို အကုန်မစားတတ်ဘူး။ သစ္စာလည်း အရမ်းရှိတယ်” ဟုဆိုကာ ခွေးကလေးများနှင့် ဆော့ကစားနေသည်။
လူရှင်းသွား၍ငွေသိမ်းကောင်တာမှ ဦးလွန်းမောင် (ယခင်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် လွန်းမောင်) က စားပွဲဝိုင်းနားကိုကပ်လာပြီး အန်တီ ဒေါ်မြမြစိန်နဲ့အတူ ခွေးကလေးများကို ဆော့ကစား နေသည်။
လွန်ခဲ့သော ၁၀ မိနစ်ခန့်အထိ ခရီးသည် တင်ဘတ်စကား ၂ စီး ရပ်နားပြီး စားသောက်ကြသဖြင့် “အောင် ပြည့်စုံ” စားသောက်ဆိုင်တွင် စားပွဲထိုးမိန်းကလေးများအလုပ် များနေခဲ့သည်။ ဦးလွန်းမောင် ရော ဇနီးဒေါ်မြမြစိန်ပါ ဟင်းခွက် များလိုက်ချပေးကာ စားပွဲထိုး ရသည်။
“သန့်ရှင်းရေးက အရေးကြီးတယ်။ ခရီးသည် တွေသွားဖို့ အိမ်သာကအစ သေသေချာချာသန့်ရှင်းအောင် လုပ်ထားပေးတယ်” ဟု ဦးလွန်းမောင်ကပြောသည်။ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် စားပွဲခုံတိုင်းတွင် အမှိုက် ပုံးထားပေးရန် လုပ်ဆောင်နေသည်ဟု သိရသည်။
နေ့စဉ်လာရောက် စားသောက်သည့် ခရီးသည် များကို ထမင်း၊ ဟင်းနှင့် ဘယ်လိုဝန်ဆောင်မူ ပေးရမလဲဟု ဦးလွန်းမောင်နှင့် သူ့ဇနီးတို့က နေ့စဉ် စဉ်းစားနေရသည်။ သူတို့၏ သားတော်မောင်က အောင်ပြည်စုံ ထမင်းဆိုင်နှင့် ပတ်သက်၍ “အစ်ကိုတို့ (ဆောင်းပါး) ရေးလိုက်တော့ လူပိုသိသွားတာပေါ့ ဗျာ” ဟုဆိုသည်။ ဧရာဝတီ သတင်းဌာန အင်္ဂလိပ် ပိုင်းတွင်ရော မြန်မာပိုင်းတွင်ပါ အငြိမ်း စားပေးခံရသော ဗိုလ်ချုပ်လွန်းမောင် မွန်ပြည်နယ် ဘီးလင်းမြို့တွင် စားသောက်ဆိုင် ဖွင့်နေကြောင်း ဖော်ပြခဲ့သည်။
“သူတို့ (သမ္မတ ဦးသိန်း စိန်အစိုးရ) ကတော့ ၃ ခါ တောင် လာခေါ်တယ်” ဟု ဦးလွန်းမောင်က ပြောသည်။ စစ်စွပ်ကျယ်ကို ဝတ်ထားပြီး စားပွဲဝိုင်းများအကြား လူငယ်တဦးကဲ့သို့ ပြေးလွှားနေသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်က စကားကို လုပြောသည်။ “(သမ္မတရုံးဝန်ကြီး) ဦး အောင်မင်းကိုယ်တိုင်လာတယ်၊ ပြီးတော့ ကိုသန့်ရှင်း (သမ္မတရုံးဒုဝန်ကြီး) လည်း လိုက်လာသေးတယ်။ ပြန်မလာတော့ဘူးလို့ပြောလိုက်တယ်” ဟုဆိုသည်။
တပ်မတော်ဘက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့၏ဇနီးများ လာရောက်လည်ပတ်သွားသည် ဟုပြောပြသည်။ ခွေးကလေးများနှင့် ဆော့ကစားနေ သော ဒေါ်မြမြစိန်က “ဒီဘဝက ပိုလွတ်လပ်တယ်။ မပေးနိုင်တဲ့သူတွေ လာရင်လည်း ကျွေးလွှတ်လိုက် တာပဲ” ဟုဆိုသည်။ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် ရော သူ၏ဇနီးပါ နောက်ကြောင်းကို သိပ်ပြောချင်ပုံ မရ။ စာရင်းစစ်ချုပ်လုပ်ခဲ့သူ ဦးလွန်းမောင်ကမူ သူ သိထားသည်များကို တော်တော်နှင့်ပြောမည့်ပုံမပေါ်။ သို့သော် ဝန်ကြီးများ အကြီးအကျယ် လာဘ်စားခဲ့မှု များကို သူအသိဆုံးဖြစ်သည်။
ဦးလွန်းမောင်သည် နိုင်ငံတော် စာရင်းစစ်ချုပ် အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ် လွန်းမောင် ဘဝကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ဦးလွန်းမောင်အဖြစ် စာရင်းစစ်ချုပ်တာဝန်ကို ဆက် ယူခဲ့သည်။ လက်ရှိအစိုးရ လက်ထက်တွင် ၁ နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့၏ စာရင်းစစ်ချုပ် သက်တမ်း စုစုပေါင်း ၉ နှစ်ပြည့်ချိန် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က သူ့ကို အငြိမ်းစားပေးလိုက်သည်။
၂၀၁၅ – ၂၀၁၆ အရေးကြီးသည် ဆိုသည်ကို ဦးလွန်းမောင်က မေ့မထားပေ။ “မှတ်ကျောက်အတင် ခံမယ်၊ အစစ်ခံရဲတယ်ဆိုတဲ့သူတွေ အဲဒီမှာအစစ်ခံ ကြပေတော့” ဟု သူက ပန်းကန်ပြားတချပ်ကို သိမ်း လိုက်ရင်းဆိုသည်။ ဦးလွန်းမောင်သည် စကားကို အကြာကြီးရပ်မပြော၊ လှစ်ခနဲ မိမိတို့စားပွဲဆီ ကပ် လာလိုက်၊ စကားပြောလိုက်၊ တခြားစားပွဲဝိုင်းများဆီ ပြေးလိုက်နှင့် အလုပ်များနေသည်။
“ကိုယ်နဲ့ ကိုရွှေမန်း (ပြည်ထောင်စု လွှတ်တော် နာယက) သူငယ်ချင်းတွေကွ” ဟုလည်း ဆိုသည်။ “သူက Political Ambition ကြီးတယ်”ဟုမှတ်ချက် ပေးသည်။ သမ္မတ ဦးသိန်းစိန်နှင့် ပတ်သက်၍မူ “သမ္မတကတော့ ရိုးတယ်၊ သူ့မိသားစုကလည်း စီးပွားရေးထဲ မပါဘူး။ သူ့ကိုယုံလို့ ရပါတယ်” ဟု ဆိုသည်။
တပ်မတော် ထိပ်ပိုင်းအရာရှိကြီးများ အနားယူ ပြီးလျှင် စီးပွားရေးလုပ်ငန်းကြီးများ ဆက်လက် လုပ်ကိုင်ပြီး အစုရှယ်ယာများ ပါဝင်ထားကာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြသည်။ စစ်စွပ် ကျယ်ဝတ်ထားပြီး ကောင်တာထိုင်လေ့ရှိသော၊ တခါတရံ စားပွဲထိုးသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် မှာ အမြင်ဆန်းနေသည်။
ဦးလွန်းမောင်သည် စာရင်းစစ်ချုပ်အဖြစ် နှစ် ပေါင်းများစွာ တာဝန်ယူခဲ့သဖြင့် တပ်မတော်ထဲမှ အတွင်းရေးနှင့် စီးပွားရေး လုပ်ငန်းများ၊ အစိုးရ ဝန်ကြီးဌာနများ၏ ခြစားမှုများကို များစွာသိထားသူ ဟု ထင်မြင်ချက်ပေးကြသည်။ ယခုမူ စာရင်းစာအုပ် များနှင့် ဝန်ကြီးဌာနများကို စာရင်းစစ်သူ မဟုတ် တော့။ “အောင်ပြည့်စုံ” စားသောက်ဆိုင်တွင် လာ ရောက်စားသောက်သူ ခရီးသွားဧည့်သည်များအတွက် ဆိုင် သန့်ရှင်းရေး၊ စားပွဲခုံနေရာ သန့်ရှင်းရေး၊ ဟင်းလျာစီမံရေးများသာ နေ့စဉ်အလုပ်ဖြစ်နေသည်။
ခရီးသည်တင်ကားတစီး ထပ်မံဆိုက်ရောက် လာရာ ခရီးသည်များ ဆင်းလာကြသည်။ ဦးလွန်းမောင်နှင့် ဒေါ်မြမြစိန်ရော ဆိုင်ဝန်ထမ်းမိန်းကလေး များပါ အလုပ်များကြတော့မည်။
သစ္စာရှိသော၊ စားစရာကို အကုန်မစားဘဲ အဖော်အတွက် ချန်တတ်သည်ဆိုသော ခွေးကလေး များက ဆိုင်တွင်လာရောက်စားသောက်သူများကို မနှောင့်ယှက်ပါ။ သခင်များ အလုပ်များနေသည်ကို ကောင်တာနားတွင် ငြိမ်သက်၍ အလိုက်တသိစောင့် ကြည့်နေကြသည်။
ဧရာဝတီ


ဗိုလ်ချုပ်လွန်းမောင် ဘာလုပ်နေလဲ ( ဒီဆိုင်က မြန်မာ ထမင်း၊ ဟင်း ရောင်းပြီး မုန့်ဟင်းခါးလည်း တစ်နေကုန် ရောင်းပါတယ်)

Monday, April 10, 2017

စင်ကာပူပီအာနဲ့ မြန်မာ (forgot Singapore 2016)


စင်ကာပူပီအာနဲ့ မြန်မာ
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၇
စင်ကာပူပီအာ (အမြဲနေထိုင်ခွင့် Permanent Resident) ရရှိပြီး မိသားစု သား၊ သမီး၊ ဇနီးများနဲ့ နှစ်ပေါင်း၂၅နှစ်ကျော် စစ်အစိုးရနဲ့ဝေးရာ စင်ကာပူကျွန်းအရပ်မှာ အသက်မွေးဝမ်းကြောင်းခွင့်၊ သားသမီးများ K1, K2, P1 to P6, S1 to S4, Poly, Junior College, NUS, NTU .. စတဲ့ကျောင်းများ တက်ရောက်ခွင့်ရခဲ့တာလည်း စဉ်းစားကြည့်ရင် အံ့သြစရာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အရပ်သားတပိုင်းအစိုးရတက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ လွှတ်တော် ထဲရောက်လာတာနဲ့ တိုင်းပြည်ပြောင်းလဲသွားပြီး စိတ်ချလို့ ပြည်တော်ပြန်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ပေမဲ့ ၂၀၁၅ ခု နှစ် ရွေးကောက်ပွဲမတိုင်မီ စင်ကာပူပီအာ (အမြဲတမ်းနေထိုင်ခွင့်) ကို အပြီးပိုင်စွန့်လွှတ်ပြီး အသက် ၅၅ နှစ်အရွယ် ခယောင်း လမ်းခရီးကို စတင်ခဲ့ပါတယ်။
.
စင်ကာပူပီအာဆိုတာ အခုခေတ်ကာလမှာ ရရှိဖို့အလွန်ခက်ခဲသွားပါပြီ။ မြန်မာအများစုဟာ ၂၀၀၈ နောက်ပိုင်းမှာ စင်ကာ ပူပီအာ၊ စီတီဇင်နိုင်ငံသားအဖြစ်ကို အလွယ်တကူရရှိခဲ့ပေမဲ့ ၂၀၁၀ နောက်ပိုင်း စင်ကာပူနိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာချိန်မှာ ပီအာ၊ စီတီဇင် ပေးအပ်မှု အလွန်နည်းပါးသွားပါတယ်။ စင်ကာပူဆိုတာ မြန်မာနိုင်ငံသားများ အလွန်မက်မောတဲ့ ခေတ်မီနိုင်ငံကြီးဖြစ်ပါတယ်။ မြန်မာလူငယ်များစွာ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်များအတွက် ဝင်လာမစဲသလို မြန် မာ့နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများစွာလည်း စင်ကာပူမှာရှိနေပါတယ်။
.
.
● ပီအာ ရရှိခဲ့ပုံ
သိပ်အံ့သြစရာမရှိပါဘူ။ ကျနော်တို့ခေတ်ကာလ ၂၀၀၀ လောက်မှာ မြန်မာများကို ပီအာ (အမြဲတမ်းနေထိုင်ခွင့်) ပေးလာပါ တယ်။ ကျနော်တို့သူငယ်ချင်းများစွာ စင်ကာပူမှာ ၁၀ နှစ်ကျော် အလုပ်လုပ်နေသူများ အားလုံး၊ လျှောက်ထားသူမှန်သမျှ ပီအာ ရရှိကြပါတယ်။ ပီအာရရှိပြီး တစ်နှစ်အကြာမှာ စီတီဇင် (နိုင်ငံသား) လျှောက်သူတိုင်းနီးပါး စင်ကာပူနိုင်ငံသားလက်မှတ် အလွယ်တကူရရှိခဲ့ပါတယ်။ အဲဒီခေတ်က စင်ကာပူလူဦးရေ ၃ သန်းလောက်ပဲရှိတော့ လူဦးရေ ၂ ဆ တိုးတက်ရေးစီမံ ကိန်းကြောင့်ပါ။
.
.
● မိမိ၏ကလေးများပညာရေး
သက္ကရာဇ် ၂၀၀၀ တုန်းက စင်ကာပူမှာအလုပ်လုပ်နေတဲ့ မြန်မာများရဲ့ ဇနီး၊ သားသမီးများကို မှီခို Dependent Pass လက်မှတ်ထုတ်ပေးပြီး အလုပ်လုပ်ခွင့်လဲ ရရှိခဲ့ကြပါတယ်။ အစိုးရကျောင်းများမှာ မြန်မာကလေးများ ကျောင်းတက်ခွင့်ရတာ စင်ကာပူနိုင်ငံသားများနဲ့ တန်းတူဖြစ်ပါတယ်။ ကျောင်းလခ တလ ၆ ဒေါ်လာပဲ ပေးရပါတယ်။ အခု ၂၀၁၀ နောက်ပိုင်းမှာ ကျောင်းလခ ဒေါ်လာတစ်ရာကျော် ဖြစ်လာပြီး ၂၀၁၅ ခုနှစ်မှာ မြန်မာအပါအဝင် နိုင်ငံခြားသားကလေးများ အစိုးရကျောင်းကို တက်ခွင့်မရတော့တဲ့အထိ ဖြစ်လာပါတယ်။ စင်ကာပူနိုင်ငံသားများက နိုင်ငံခြားသားများက စီတီဇင်များနဲ့ အဆင့်တူ မသတ်မှတ်ဖို့ နည်းအမျိုးမျိုးနဲ့ တောင်းဆိုမှုများကြောင့်ပါ။
ဒါကြောင့် ကျနော်တို့ သားသမီးများဟာ စင်ကာပူကိုရောက်လာတဲ့ ၁၉၉၀ ခုနှစ်ကတည်းက အသက်၎နှစ်သား၊ ၆နှစ်သမီး နှစ်ယောက်ဟာ ကျောင်းလခ တလ၆ဒေါ်လာနဲ့ စင်ကာပူပညာရေးစနစ်ကို အခမဲ့နီးပါး ခံစားခဲ့ရပါတယ်။ ဒါလဲ ဘုရားရှင် (ကံတရား) ကို ကျေးဇူးတင်ရပါတယ်။ သားသမီးများ K1, K2, P1 to P6, S1 to S4, Poly, Junior College, NUS, NTU စတဲ့ အဆင့်မြင့်ပညာရေးကို စင်ကာပူအစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ တက်ရောက်ခွင့်ရရှိ အောင်မြင်ခဲ့ပါတယ်။ ယခု ကျနော်တို့နဲ့ အတူ မြန်မာပြည်ကို သားသမီးများ ပြန်မလာနိုင်သေးပေမဲ့ တနေ့ မြန်မာပြည်မှာ နိုင်ငံခြားပြန် လူငယ်များအတွက် အလုပ် အကိုင်ပေါများလာချိန် ပြည်ပရောက်မြန်မာများ တစုတဝေး ပြန်လာအခြေချကြမယ်ဖြစ်ပါတယ်။
.
.
● ပီအာမရရှိသော မြန်မာများစွာ
ယခု ၂၀၁၁ နောက်ပိုင်းမှာ စင်ကာပူပီအာ မပေးတဲ့အပြင်၊ စင်ကာပူစီတီဇင်လည်း လွယ်ကူစွာမရတော့ပါ။ ဒါကြောင့် မြန်မာ များစွာ စင်ကာပူမှာ အမြဲတမ်းနေထိုင်ဖို့ အခွင့်လမ်းနည်းပါးနေပါတယ်။ လစာကလည်းကောင်းတဲ့အတွက် တခြားနိုင်ငံတခုကို လဲ မပြောင်းချင်ကြပါဘူး။ စင်ကာပူဟာ မြန်မာများစွာရှိတဲ့အတွက် အလွန်ပျော်စရာကောင်းတဲ့ ပါရာဒိုက်စ် ဘုံတစ်ခုလို ဖြစ်နေပါတယ်။ အရွယ်ငယ်စဉ်ကာလမှာ တတ်နိုင်ရင် တတိယနိုင်ငံတစ်ခု ဥပမာ သြစတြေးလျား၊ နယူးဇီလန်၊ အမေရိကန်၊ ဥရောပ .. နိုင်ငံများကို ပီအာအဖြစ်နေထိုင်ဖို့ ကျောင်းဆက်တက်ဖို့၊ အလုပ်အကိုင်ပြောင်းဖို့ စဉ်းစားသင့်ပါတယ်။
အဓိကတော့ မိမိရရှိတဲ့လစာကို စုဆောင်းထားနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ မြန်မာပြည်ကို ပြန်လာရင်တော့ ဆင်းရဲမွဲ တေမှုများစွာနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူပီအာမရရှိသေးသူ မြန်မာများ.. စီးပွားရေး၊ လုပ်ငန်းကောင်း လခစားလုပ်ချင်သူများ စင်ကာပူကနေ တတိယဖွံ့ဖြိုးပြီးနိုင်ငံတခုကို ပြောင်းခြင်းဖြင့် ဘဝပိုမိုတိုးတက်လာမှာပါ။
.
.
● စင်ကာပူပီအာ စွန့်လွှတ်ခြင်း
ပီအာ ဆိုတဲ့အခွင့်အရေးဟာ စင်ကာပူနိုင်ငံသားများနဲ့ အခွင့်အရေးအတူတူဖြစ်ပေမဲ့ နိုင်ငံရေးမှာ မဲပေးပိုင်ခွင့်မရှိတာ တခုပဲရှိပါတယ်။ ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများမှာ နိုင်ငံသားတစ်ယောက်လို လုပ်ပိုင်ခွင့်ရှိပါတယ်။
.
စင်ကာပူနိုင်ငံရဲ့ တစ်နှစ် တစ်ဦးချင်းဝင်ငွေ Per capital income per year က ဒေါ်လာ ၆သောင်း (S$60000) ဖြစ်ပြီး မြန် မာနိုင်ငံကတော့ ဒေါ်လာ ၁၂၀၀ ($1500) ပဲရှိတော့ လစာအရမ်းကွာခြားပါတယ်။ အဆ၄၀ ကွာခြားပါတယ်။ တနည်းအားဖြင့် မြန်မာပြည်မှာ လက်ရှိ အစိုးရဝန်ထမ်းတစ်ဦး လစာ ကျပ် တသိန်းခွဲဆိုရင် စင်ကာပူအစိုးရဝန်ထမ်းတစ်ဦးက လစာ ကျပ်သိန်း ၅၀ ကျော် ရမယ်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ လစာအပြည့်နီးပါး ထုတ်ရပါမယ်။ ၅ % လူမှုဝန်ထမ်းစုဆောင်းငွေ နှုတ် ရင် ၉၅% လက်ဝယ်ရရှိပါတယ်။ စင်ကာပူမှာတော့ လစာရဲ့ ၄၀ % ကို လူမှုဝန်ထမ်းစုဆောင်းငွေ (တနည်းအားဖြင့် စီပီ အက်ဖ် CPF www.cpf.gov.sg) နှုတ်လိုက်တော့ လစာရဲ့ ၆၀ % ပဲ လက်ဝယ်ရရှိပါတယ်။ ဒါပေမဲ့ အခြေခံလစာက ဒေါ်လာ ၆ ထောင် ဆိုတော့ လက်ဝယ်ရငွေ ၆၀% = ဒေါ်လာ ၃၆၀၀ လောက်ရရှိပါတယ်။ လောက်ငှစွာ သုံးစွဲနိုင်ပါတယ်။ ၁၀ နှစ်လောက်ကြာရင် စုဆောင်းငွေနဲ့ နိုင်ငံသား (သို့မဟုတ်) ပီအာများ နေအိမ် အရစ်ကျဝယ်နိုင်ပါတယ်။ ဒါဟာ စင်ကာပူအစိုးရ ကျင့်သုံးနေတဲ့ အစ္စရေးနိုင်ငံက စတင်ခဲ့တဲ့ စီပီအက်ဖ် စုဆောင်းငွေစနစ်ဖြစ်ပါတယ်။
.
ဒါကြောင့် စင်ကာပူပီအာ အဖြစ် ၁၀ နှစ်လောက်ကြာရင် မြန်မာတစ်ဦးအနေနဲ့ ကိုယ်ပိုင်အိမ် (အစိုးရတိုက်ခန်း သို့မဟုတ် ပုဂ္ဂလိကတိုက်ခန်း၊ ကွန်ဒို) ဝယ်နိုင်ပါတယ်။ လစာကောင်းသူများကတော့ ပီအာ ၅ နှစ်သက်တမ်းအတွင် ကိုယ်ပိုင်အိမ် ဝယ်နိုင်ပါတယ်။
စာရေးသူအဖို့ မြန်မာပြည်ကို အပြီးပြန်ဖို့ စင်ကာပူမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို တစ်ခုခြင်းစွန့်လွှတ်ရပါတယ်။ နည်းလမ်း ၂ သွယ်ရှိပါတယ်။ ပထမနည်းကတော့ မိမိတစ်ဦးတည်း ပီအာစွန့်လွှတ်ပြီး CPF စုဆောင်းငွေများကို ထုတ်ယူသွားခြင်း၊ ဇနီး၊ သားသမီးများကို မိမိဝယ်ထားတဲ့ အိမ်၊ ပိုင်ဆိုင်မှုတွေ အလိုအလျှောက် လွှဲပေးခြင်းဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ မိမိနဲ့ အိမ်ထောင်ဖက်၊ သားသမီးအားလုံး စင်ကာပူပီအာစွန့်လွှတ်ပြီး ကိုယ်ပိုင်အိမ်နဲ့ CPF စုဆောင်းငွေအားလုံး ထုတ်ယူသွား ခြင်း ဖြစ်ပါတယ်။
မြန်မာပြည်က မိတ်ဆွေအများစုက စင်ကာပူမှအခြေကျပြီးသားကနေ မြန်မာပြည်ပြန်လာအခြေချတဲ့ စာရေးသူကို အရူးလိုပဲ သဘောထားကြပါတယ်။ ဇနီးသည်လည်း တနှစ်အကြာ မြန်မာပြည်ပြန်လိုက်လာတော့ ပိုပြီးဘဝစိုပြေလာပါတော့တယ်။
.
.
● စီးပွားရေးအဆင်ပြေသူ မြန်မာများ
အချို့မြန်မာများဟာ ငွေကို စနစ်တကျသုံးစွဲတတ် လုပ်ငန်းလုပ်ကိုင်တတ်ကြတဲ့အတွက် စင်ကာပူနိုင်ငံသားခံယူထားသည်ဖြစ်စေ၊ ပီအာဖြစ်စေ စွန့်လွှတ်စရာမလိုပဲ မြန်မာပြည်ကို စီးပွားလုပ်ငန်းလာရောက်လုပ်ကိုင်နေကြပါတယ်။ သူတို့ပြောစကား ကတော့  စင်ကာပူမှာ အိမ်ယာဝယ်ထားပြီး ငှားစားထားရင် ငှားလို့ရတဲ့ အိမ်လခက နို့စားနွားမကြီးလိုပဲ နေ့တိုင်း နွားနို့တွေ ထုတ်လုပ်ပေးနေမှာဖြစ်တယ်။ ဒါကြောင့် စင်ကာပူမှာရှိတဲ့ မိမိပိုင်နေအိမ်ကို မရောင်းပဲ၊ မြန်မာပြည်ပြန်လာ စီးပွား၊ လုပ်ငန်း လုပ်ကိုင်ကြခြင်းပါ။
ဒါပေမဲ့ အများစုသော မြန်မာလူမျိုး စင်ကာပူပီအာရရှိထားသူများကတော့ ပြန်မဲ့ပြန် အပြီးပဲ ပြန်လာချင်ကြပါတယ်။ စင်ကာ ပူမှာရှိတဲ့ မိမိပိုင်ဆိုင်မှုအားလုံးကို ကိုယ်နဲ့တပါတည်း မြန်မာပြည်သယ်ဆောင်လာခြင်းနည်းကိုပဲ ရွေးချယ်ကြပါတယ်။
ထိုသူများက စင်ကာပူပီအာကို မစွန့်လွှတ်ပဲ မြန်မာပီအာကို ရယူကြပါတယ်။ မိတ်ဆွေတစ်ဦးက သူဟာ မြန်မာပီအာကို ၂၀၁၄ မှာ ပထမဆုံးရရှိကြောင်း ပြောပြပါတယ်။
.
.
● ပီအာစွန့်လွှတ်ရာမှာ ခက်ခဲမှုကြီးတခု
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူကို ၂၀၁၃ မှာလာရောက်စဉ်က ..အသက်ကြီးသူများ မိမိတို့ရဲ့ သံယောဇဉ် သားသမီး၊ မြေးမြစ်များ၊ အိမ်ယာပိုင်ဆိုင်မှုများကို စွန့်လွှတ် မြန်မာပြည်ပြန်လာဖို့ဆိုတာ မလွယ်ပါဘူး။ လူငယ်များအတွက်တော့ သံ ယောဇဉ် ကြီးကြီးမရှိသေးလို့ မြန်မာပြည်ပြန်လာဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် စင်ကာပူရောက် မြန်မာလူငယ်ထုကို ပြန် လာကြဖို့ အားပေးတိုက်တွန်းသွားပါတယ်။
ဒါကြောင့် သံယောဇဉ်ဆိုတာ လူကြီးအများစုက စင်ကာပူကနေ မြန်မာပြည်ပြန်လာဖို့ ခက်ခဲမှုကြီးတခု ဖြစ်နေပါတယ်။
.
.
● ပီအားစွန့်လွှတ်၊ CPF စုဆောာင်းငွေထုတ်ယူခြင်း
လူလွှတ်တစ်ဦးအတွက်ကတော့ ပီအာစွန့်လွှတ်ဖို့ရာ လူဝင်မှုကြီးကြပ်ရေးဌာနကိုသွားပြီး တရက်နဲ့ စွန့်လွှတ်နိုင်ပါတယ်။ ၂ ပတ်အတွင် မိမိစုဆောင်းထားတဲ့ CPF စုဆောင်းငွေများကို ထုတ်ယူနိုင်ပါတယ်။ အဲဒီငွေများကို ယခုအခါ မြန်မာပြည်ကို တိုက်ရိုက် ဘဏ်စနစ်နဲ့ စိတ်ချစွာလွှဲပို့နိုင်ပြီ ဖြစ်ပါတယ်။ ငွေလွှဲချိန် ၁၀ ရက်လောက် ကြာပါတယ်။
.
အိမ်ထောင်သည်ဆိုရင် လင်မယား ၂ ယောက်စလုံး အတူ တပြိုင်တည်း ပီအာစွန့်လွှတ်ရပါတယ်။ တစ်ဦးက အရင်စွန့် လွှတ်မယ်ဆိုရင်တော့ ပီအာသက်တမ်းကုန်ချိန်မှာ နိုင်ငံခြားကိုထွက်သွားရင် အလိုအလျောက် ပီအာစွန့်လွှတ်ပြီး ဖြစ်သွားပါ တယ်။ ပြည်ပရောက်နေသူက မိမိပိုင်တဲ့ CPF စုဆောင်းငွေများကို စင်ကာပူပြန်လာထုတ်သည်ဖြစ်စေ၊ ပြည်ပသို့ လွှဲပေးခြင်းနဲ့ ဖြစ်စေ ငွေထုတ်ယူနိုင်ပါတယ်။ မိမိပိုင်နေအိမ်က အစိုးရတိုက်ခန်းဖြစ်နေရင် ပီအာစွန့်လွှတ်ပြီး ၆ လအတွင်း အိမ်ကို နာ မည်လွှဲပေး (သို့မဟုတ်) ရောင်းချခြင်း လုပ်ရပါမယ်။
.
ပီအာ စွန့်လွှတ်ပြီးပေမဲ့ အသက်အာမခံကို ဆက်လက်ခံစားလိုရင် မိမိရဲ့ CPF စုဆောင်းငွေများကို စင်ကာပူမှချန်ထားလို့ ရပါတယ်။ စင်ကာပူ CPF စုဆောင်းငွေစနစ်က ပင်စင်စနစ်လိုပဲဖြစ်လို့ .. သက်ကြီးအာမခံလုပ်ထားရင် သေသည့်တိုင် ပင် စင်လစာ ခံစားရမှာဖြစ်ပါတယ်။ အများအားဖြင့်တော့ ပီအာစွန့်လွှတ်ရင် သံယောဇဉ်အားလုံး ဖြတ်တောက်ပြီး မြန်မာပြည်ပြန် ကြတာ များပါတယ်။
ဦးသိန်းစိန်အစိုးရ ဝန်ကြီးဟောင်းတစ်ယောက်နဲ့တွေ့တော့ .. ခင်ဗျားမြန်မာပြည်ပြန်လာတာ စီးပွားရေးလုပ်ပေါ့ဗျာ… အား ပေးတယ်။ ကျနော် စီးပွားရေးလုပ်ဖို့ မလွယ်ပါဘူး။ ထမင်းစားရုံ ဝင်ငွေရှိတဲ့ အလုပ်တခုပဲ လုပ်ချင်ပါတယ် .. ဖြေခဲ့ပါတယ်။ အခုထိ မလုပ်ဖြစ်သေးပါဘူးဗျာ…။
.
.
● နိဂုံး 
(စင်ကာပူမှာဆက်နေသင့်မသင့် စဉ်းစားစရာ)
မြန်မာအမြောက်အများ စင်ကာပူကနေ မြန်မာပြည်ကို ပြန်လာနေကြပါတယ်။ ဒါပေမဲ့ မြန်မာလူငယ် ပိုပြီးများပြားတဲ့ အုပ် စုကြီးက စင်ကာပူကို အပြင်းအထန်သွားရောက် လုပ်ကိုင်၊ ပညာသင်၊ စီးပွားလုပ်နေကြပါတယ်။ ခြုံကြည့်ရင် မြန်မာပြည်က ထွက်နှုန်းက ပိုပြီးများပြားနေဆဲဖြစ်ပါတယ်။
.
မြန်မာပြည် ပြန်လာကြတဲ့ စင်ကာပူပီအာ၊ စီတီဇင်များကို အချက်အလက် တိကျစွာမရှိပေမဲ့ အသက် ၅၀ အထက် မြန်မာ ပီအာ၊ စီတီဇင်များကတော့ မြန်မာပြည်ပြန်လာချင်ပေမဲ့ မပြန်လာနိုင်ပါဘူး။ စောစောက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သံယောဇဉ်မပြတ်နိုင်လို့ ဖြစ်ပါတယ်။ နောက်တချက်ကတော့ အဲဒီမြန်မာလူကြီးများရဲ့ လစာကလည်း ဒေါ်လာ ၅ ထောင်အထက် ဖြစ်နေတော့ ဒါလောက်များများလစာကို မြန်မာပြည်မှာပေးဖို့ အလုပ်အကိုင်မရှိသေးပါဘူး။
.
ဒါကြောင့် မြန်မာပြည်ပြန်လာသူ အများစုက စင်ကာပူမှာ ၁၀ နှစ်ကျော်နေထိုင်လာတဲ့ အသက် ၃၀ မှ ၄၀ ကြား မြန်မာလူငယ် များဖြစ်ပါတယ်။ သူတို့ပြန်လာကြပြီး လခစားမလုပ်ပဲ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ကြီးပွားနေကြတာကို တွေ့ရပါတယ်။ ပီ အာ၊ စီတီဇင်မဖြစ်တဲ့ မြန်မာများစွာလည်း စင်ကာပူမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာပြည်ကို ပြန်ရောက်နေကြတာ တွေ့ရပါတယ်။ အလုပ်လုပ်နိုင်တယ်ဆိုရင် မြန်မာပြည်မှာ ဘာအလုပ်ပဲလုပ်လုပ် ကိုယ်ပိုင်အလုပ်က တလ ဒေါ်လာ တ ထောင် (၁၀ သိန်း) ဝင်ငွေတော့ ရကြတာချည်း ဖြစ်ပါတယ်။
.
လခစားလုပ်မယ်ဆိုရင်တော့ စင်ကာပူပြန်မြန်မာတဦးအတွက် လစာ ၃ သိန်းကနေ ၆ သိန်းလောက်ပဲပေးတော့ လခစား အလုပ်က မကိုက်ပါဘူး။ ကိုယ်ပိုင်အလုပ်ပဲ မြန်မာပြည်မှာ လုပ်ဖို့ကောင်းပါတယ်။
.
အခုအချိန်မှာတော့ မြန်မာပြည်မှာ (ရန်ကုန်မှာတောင်) တလ ဒေါ်လာ ၁ ထောင် လစာ အလုပ်ကိုင်တောင် ရဖို့မနည်းရှာဖွေ ရပါတယ်။ ဘာပဲဖြစ်ပါစေ နောက် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကြိုးစားလုပ်ကိုင်သလို အဂတိလိုက်စားမှုတွေ တဟုန်ထိုးကျဆင်းသွားရင် နိုင်ငံတကာကုမ္ပဏီများစွာရောက်လာပြီး ပြည်ပရောက် မြန်မာပရိုဖက်ရှင်နယ်များအတွက် ထိုက်တန်တဲ့လစာ ဒေါ်လာ ၃ ထောင်အထက်၊ အလွယ်တကူရရှိမယ် မျှော်လင့်ပါတယ်။
ဇော်အောင် (မုံရွာ)
ဇန်နဝါရီ ၉၊ ၂၀၁၇

စင်ကာပူက CPF ဆိုတဲ့ ဘဏ်စနစ်တစ်ခုအကြောင်း (National Interest) ငွေစုဆောင်းခြင်း အကျိုးကျေးဇူး၊ ရလဒ်များ



စင်ကာပူက CPF ဆိုတဲ့ ဘဏ်စနစ်တစ်ခုအကြောင်း (National Interest)
ဇူလိုင် ၂၂၊ ၂၀၁၄
ငွေစုဆောင်းခြင်း အကျိုးကျေးဇူး၊ ရလဒ်များကို  စင်ကာပူ-လက်ထောက်ဝန်ကြီးက ပါလီမန်မှာ ရှင်းပြနေပုံ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အစိုးရဝန်ထမ်းများ လစာရဲ့ ၆% စုဆောင်းတဲ့စနစ် Social Security Fund ကို စတင်အကောင်ထည်ဖေါ်တော့မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၂၀၁၄ ထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်။ ငွေစုဆောင်းခြင်းဟာ လူတိုင်းနှစ်သက်ပေမဲ့ လက်တွေ့လုပ်ဖို့အလွန်ခက်ပါတယ်။ အထူးသဖြင့် မြန်မာပြည်လို လစာက၊ စားသောက်စရိတ်တောင် မနည်းဖြည့်ဆည်းနေတဲ့ နိုင်ငံမျိုးမှာပို ပိုပြီးခက်ခဲလှပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို သုတေသနစာစောင်၊ ဆောင်းပါး၊ စာအုပ်များစွာ ထုတ်ဝေ၊ လုပ်ဆောင်နေသူဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုလျှော့ချရေးစီးပွားမူဝါဒ စာအုပ်၊ စာ-၁၃၄ မူဝါဒ(၇) မှာ ” ကိုယ်ကျိုးအတ္တကြီးသူများ၊ ခေတ်နောက်ပြန်ဆွဲသူများ၊ မည်သူတေတေ ငတေမာရင်ပြီးရော ဆိုသူများသာ ကြီးစိုးလွှမ်းမိုးနေလျှင် မည်သည့်နိုင်ငံမျှ၊ မည်သည့် သဘာဝသယံဇာတများ၊ မည်မျှပေါကြွယ်နေစေကာမူ ယင်းနိုင်ငံသည် ဆင်းရဲမြဲ၊ ဆင်းရဲနေမည်ကို ယနေ့ကမ္ဘာ့နိုင်ငံများတွင် တွေ့မြင်နိုင်သည်၊ ထို့ကြောင့် ခရိုနီစီးပွားရေးပုံသဏ္ဍန်ကို ပပျောက်စေရန် လိုအပ်ပေသည်။…” လို့ ရေးသားထားပါတယ်။ နိုင်ငံတော် စုဆောင်းမှုနှုန်းအကြောင်း စာ-၁၉၆ မှာလည်း  “၁၉၆၀ ပတ်ဝင်းကျင်က ထိုင်းနိုင်ငံ၏စုဆောင်းမှု ပျှမ်းမျှ ၂၀% မှ ၁၉၉၀နှစ်များတွင် ၃၅% အထိတိုးတက်လာသည်။ စုဆောင်းမှု Saving မှ ရင်းနှီးမြှတ်နှံမှု Investment သို့ပြောင်းလဲနိုင်လာပြီး၊ ထိုင်းနိုင်ငံ၏ နိုင်ငံတော်ငွေ Capital Stock တိုးတက်လာသည်။ “.. လို့ ရေးသားထားပါတယ်။
နိုင်ငံကြီးပွားတိုးတက်ရန် ခေါင်းဆောင်ကောင်းများ၊ နိုင်ငံရေး၊စီးပွားပေါ်လစီများ၊ လက်တွေ့လုပ်ငန်းပရိုဂျတ်များစွာမှာ “စုဆောင်းခြင်း” ဟာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အတွက် လတ်တလော အကျိုးကြီးစွာ မဖြစ်နိုင်ပေမဲ့ မိမိနှင့်မိသားစုအတွက်မူ အလွန်အကျိုးများပါတယ်။
မြန်မာအစိုးရ ဒု-သမ္မတ စိုင်းမောက်ခမ်းနဲ့အဖွဲ့ ဇူလိုင်-၂၀၁၄ စင်ကာပူခရီးစဉ် ရောက်ရှိပါတယ်။ စင်ကာပူ၊အမေရိကန်၊ဂျပန်၊တောင်ကိုးရီးယား နိုင်င်ငံများဟာ မြန်မာခေါင်းဆောင်များ စံနမူနာယူရင်း၊ ခဏခဏ သွားလာပါတယ်။ ဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များစွာလည်း လေ့လာရေးသွားလေ့ရှိပါတယ်။  လေ့လာစရာများစွာ ဥပမာ လာဘ်စားမှု၊ ရထား၊ကားလမ်းများ၊ မြို့ပြလုပ်ငန်းများ၊ CPF ဘဏ် ချွေတာစုဆောင်းရေး စသဖြင့် လေ့လာကြပါတယ်။
နိုင်ငံတိုင်း၊ မိသားစုတိုင်း လူမှုပြသနာများ၊ အခက်ခဲများကို စနစ်တကျ၊ လေ့လာဆန်းစစ်လိုက်ရင် ဇစ်မြစ် ၇၀% သော ဇစ်မြစ်တွေဟာ စားဝတ်နေရေး မလုံလောက်လို့ ဆိုတာကို လူမှုပညာရှင်များ တွေ့ရှိကြပါတယ်။ စားဝတ်နေရေး ဆိုတာ အခြေခံလူ့တန်းစားအဆင့်ကို ဆိုလိုပါတယ်။ မိသားစု၎ဦး အိမ်ထောင်ကို တစ်နေ့ကျပ်၂၀၀၀ နဲ့ စာဝတ်နေရေး၊ အဆင်ပြေနိုင်မလား ဆိုတာကို ကမ္ဘာ့ဆင်းရဲမွဲတေမှုမျဉ်းကြောင်း Poverty Line နဲ့သတ်မှတ်ပါတယ်။ ဆင်းရဲမွဲတေမှုမျဉ်းကြောင်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူပါဘူး။ ကုလသမဂ္ဂနဲ့ကမ္ဘာ့ဘဏ်အပါဝင် အဖွဲ့စည်းပေါင်း ၂၃ခု ကမ္ဘာ့ဆင်းရဲမွဲတေမှု လူတစ်ယောက် ဒေါ်လာ ၁.၂၅ လို့သတ်မှတ်ထားပါတယ်။
အဲဒီဇယား www.unicef.org (2011 data) မှာ မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု မထည့်ထားပါဘူး။  
၂၀၁၄ မြန်မာသမ္မတပြောကြားချက်၊ “လူ၎ဦးမိသားစုတစ်ခု-တစ်နေ့ကျပ်၂၀၀၀” နဲ့တွက်ရင် ဒေါ်လာ ၀.၅၀ လို့သတ်မှတ်ရပါမယ်။ 
အိမ်ထောင်တစ်ခုဟာ တစ်နေ့ကျပ်၂၀၀၀ မရှာနိုင်ရင် ဘယ်လိုဖြစ်မလဲ ပြသနာဖြစ်ပြီပေါ့။ ကျပ်၂၀၀၀ ဆိုတာ တောနယ်က ဟင်းသီးရွက်နဲ့ စားသောက်တဲ့ စရိတ်ပါ။ မြို့ပေါ်မှာတော့ လူတစ်ယောက် တနေ့ကျပ်၅၀၀၀ မရှာနိုင်ရင် ပြသနာဖြစ်ပြီပဲ။ ကိုယ့်ပိုက်ဆံ ကိုယ်ပဲကိုင်ထားချင်တာပေါ့။ ငွေကြေးနဲ့ကြောင့် လူမှုပြသနာ ၇၀% ဖြစ်ရတယ်ဆိုရင်၊ ငွေကိုချွေတာဖို့ လက်တွေ့လုပ်ရမှာပါ။ မြန်မာနိုင်ငံလိုမျိုးမှာတော့ လိုင်စင်၊ပါမစ် ရလိုက်သူတွေပဲ ချမ်းသာတယ်။ ငွေစုတဲ့လူတွေ မချမ်းသာဘူး ပြောကြမလား။ ကိုယ့်မိတ်ဆွေများကို ဆန်းစစ်ကြည့်ပါ။ ငွေစုနိုင်တဲ့ မိသားစုတွေ ပြသနာနည်းပါးတယ် ဆိုတာတွေ့ရပါလိမ့်မယ်။
 ပြည်သူလူထု စားဖို့တောင် မနည်းရှာရတယ်။ အလုပ်ကိုင်တောင် ရှာဖွေမပေးနိုင်တာ၊ ငွေစုဆောင်းဖို့ မလွယ်ဘူး ပြောပါတယ်။  ဘယ်သူမှာ သူတို့လစာငွေ ၅%၊ ၁၀% ကိုဖြတ်တောက်ပြီး စုခိုင်းရင်၊ စိတ်ဆိုးကြမှာချည်းပါပဲ။ ဒါပေမဲ့ ပြည်သူလူထုအတွက် အစိုးရက စုဆောင်းပေးမှုနဲ့ စတင်ရပါမယ်။ အစိုးရက မစုဆောင်းနိုင်သေးရင်လဲ ကိုယ့်အလုပ်သမား၊ ကိုယ့်တူ၊သားသမီးများကို စုဆောင်းဖို့ အားပေး၊ အလေ့ကျင့်လုပ်နိုင်သူတွေ နောက်၁၀နှစ်ကြာရင် လူမှုပြသနာနည်းမယ် ဖြစ်ပါတယ်။ စကားမစပ် ရေးရရင် ဘာသာရေးကိုင်ရှိုင်းသူဟာ ရောင့်ရဲမှုရှိလို့ ငွေစုနိုင်ပါတယ်။ သူတို့မိသားစုမှာ ပြသနာလည်းနည်းပါတယ်။
အဖေ၊အမေ မစုဆောင်းနိုင်ရင်၊ နှစ်ကြာလာချိန် မိသားစု ဒုက္ခရောက်ပါတယ်။ မြန်မာအစိုးရ မစုဆောင်းနိုင်လို့ ကမ္ဘာ့အဆင်းရဲဆုံး ဖြစ်နေတာ အစိုးရရုံးတိုင်းမှာ အောက်ပါဆိုင်းဘုတ်လေး ကပ်ထားဖို့ကောင်းပါတယ်။ အဂတိလိုက်စားမှု မြန်မာက ၂၀၁၂ထက် ၆ဆင့် တိုးတက်လာတယ်လို့ ကမ္ဘာဒီယားအထက် ရောက်သွားပါတယ်။ ဆက်ကြိုးစားနေပါတယ်။ 

စင်ကာပူ CPF ဘဏ်ငွေစုဆောင်းခြင်းရလဒ်များ
စင်ကာပူနိုင်ငံသားတွေကို မစုမနေရ၊ အလုပ်လုပ်နေသရွေ့ စုဆောင်းဖို့အတွက် CPF ဘဏ်ကို ၁၉၅၅ခုနှစ်က စတင်ခဲ့ပါတယ်။ အစ္စရေးနဲ့စင်ကာပူအစိုးရ အကြံဥာဏ်နဲ့ စငွေကြေးပညာရှင်များ ပူးပေါင်းပြီး တည်ထောင်ခဲ့ပါတယ်။ လူအများစုဟာ ငွေရလာရင် သုံးစွဲမိမယ်၊ စီးပွားရေးလုပ်ရင်း လုံးပါးသွားလေ့ရှိပါတယ်။ ဒါကြောင့် လူအများစုရဲ့ ဝင်ငွေကိုမစုမနေရ အစိုးရကစုဆောင်းစေပါတယ်။ အထူးသဖြင့် အစိုးရဝန်ထမ်းနဲ့ကုမ္ပဏီကြီးများကို ပါဝင်လာအောင် ဆွဲဆောင်ပြီး၊  အဲဒီစုဆောင်းငွေကနေ ဝန်ထမ်းကို အကြွေးစနစ်နဲ့ တန်ဖိုးနည်းအိမ် HDB flat အစိုးရက ဆောက်လုပ်ရောင်းချပေးခြင်းနဲ့ပဲ စတင်ပါတယ်။ 
စင်ကာပူ CPF ဘဏ်စနစ်နဲ့ HDB flats တွေ ဆောက်ဖို့ကြံရွယ်တဲ့အချိန်မှာ မြန်မာပြည် ဦးနုအစိုးရက ပြည်တော်သာစီမံကိန်းနဲ့ ရန်ကင်း တိုက်ခန်းများစွာ ဆောက်လုပ်ပြီးစီးနေပါပြီ။ စင်ကာပူအစိုးရက ပြည်တော်သာစီမံကိန်းကို လာရောက်၊ လေ့လာခဲ့ရပါတယ်။ ၁၉၆၀ကတည်းက တိုက်တွေ ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ မြန်မာပြည်လို ၄ထပ်တိုက်ခန်းတွေပါ။ အခုတော့ စင်ကာပူအိုးအိမ်ဌာနကြီးဟာ အထပ်မြင့် HDB flats တိုက်ခန်းစုစုပေါင်း ၁သန်းကျော်နဲ့ (Key Statistics, 1,011,027 units, 2012) စင်ကာပူနိုင်ငံသားများကို နေစရာအိမ် ဆောက်ပြီး၊ CPF စုဆောင်းငွေနဲ့ ရောင်းချပြီးခဲ့ပါပြီ။ ဆက်ဆောက်နေဆဲဖြစ်ပါတယ်။
ပြည်သူလူထု ဝန်ထမ်းများရဲ့ CPF ဘဏ်မှာ စုဆောင်းငွေဟာ နေအိမ်ဝယ်ခြင်း၊ ဆေးကုသစရိတ် နဲ့ အသက်ကြီးတဲ့အချိန် ပင်စင်ငွေ စသည်တို့အတွက်ဖြစ်ပါတယ်။ အလုပ်သမားက လစာရဲ့ ၂၀%ကို ထည့်ရပြီး၊ အလုပ်ရှင်ကလည်း ၂၀% လိုက်ထည့်ပေးရပါတယ်။ အလုပ်သမားရဲ့ အသက်၊ လစာပေါ်မူတည်ပြီး ထည့်ရတဲ့ ရာခိုင်နှုန်းမတူပါဘူး။ မိမိစုဆောင်းထားတဲ့ ငွေကို ဘယ်လောက်ရှိနေပြီ။ အတိုးနှုန်းဘယ်လောက်ရတယ် စသဖြင့် အင်တာနက်အွန်လိုက်က အချိန်မရွေးကြည့်နိုင်ပြီး၊ ငွေစာရင်းရှင်းတမ်း စာရွက်လည်း စာတိုက်က မှန်မှန်ပို့ပေးလျှက်ရှိပါတယ်။ 
စင်ကာပူမှာ အမြဲနေထိုင်ခွင့်ရသူများ PR, Permanence Resident များအတွက် CPF ဘဏ်စုဆောင်းငွေဟာ အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်ကာပူက အပြီးထွက်ခွာတော့မယ် ဆိုရင်၊ ဒီစုဆောင်းငွေ အားလုံးကို စင်ကာပူအစိုးရက အတိုး၊ အရင်း အားလုံး ၁၀ရက်အတွင်း ပြန်ထုတ်ပေးလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံသား Citizen များအတွက်ကတော့ ဒီငွေကို ဘယ်သောခါမှ ပြန်ထုတ်မရအောင် စနစ်တကျစီမံထားပါတယ်။ 
အလွန်များပြားတဲ့ ငွေကြေးဖြစ်လို့ နိုင်ငံတော်ဓနဥစ္စာများမှာ CPF ဘဏ်စုဆောင်းငွေများဟာ အဓိကကျပါတယ်။ စင်ကာပူမှာရှိတဲ့ ဘဏ်အားလုံးထက်သာအောင် အတိုးနှုန်းပေးပါတယ်။ CPF စုဆောင်းငွေမလိုတဲ့ လူတန်းစားကတော့ သူဌေး၊ လုပ်ငန်းရှင်များ ဖြစ်ပါတယ်။ သူတို့ကတော့ ငွေကို စနစ်တကျကိုင်တွယ်တတ်တော့ သူတို့ပိုက်ဆံကို CPF ဘဏ်ထဲ စုပုံမထည့်ကြပါဘူး။ အလုပ်သမား ဝန်ထမ်းတွေပဲ သူတို့ဝင်ငွေရဲ့ ၃၀% ကို စုရပါတယ်။
ဥပမာ Salary Income $3000, Employee CPF Contribution 18% သာမန်ဘွဲ့ရတစ်ယောက် တစ်လကို ဒေါ်လာ ၃၀၀၀ ဝင်ငွေရှိရင်၊ ၃ပုံတစ်ပုံ (ဒေါ်လာ ၁၀၀၀) CPF စုဆောင်းငွေ ဖြစ်သွားပါတယ်။ ဒီတော့ ဝန်ထမ်းတစ်ဦးဟာ တစ်နှစ်ကို ဒေါ်လာ $12,000 စုဆောင်းပြီး၊ အနှစ်၂၀ကျော်ရင် အတိုးအရင်းပေါင်း၊ ဒေါ်လာ၅သိန်းလောက် ဖြစ်လာပါတယ်။ ဒါပေမဲ့ သာမန်အများစု ဝန်ထမ်းတွေက တစ်လကို ဒေါ်လာ တစ်ထောင်ကျော်ပဲ ရပါတယ်။ သူတို့အတွက်လဲ CPF ဘဏ်စုငွေက တစ်လ ဒေါ်လာ ၃၀၀ ဆိုရင် တစ်နှစ်ကို $3600 စုဆောင်းနိုင်ပါတယ်။ အနှစ်၂၀ ဆိုရင် အတိုးအရင်းပေါင်း ဒေါ်လာ တစ်သိန်းနီးပါး စုဆောင်းနိုင်မှာဖြစ်ပါတယ်။ ဒီစုဆောင်းငွေနဲ့ပဲ အိမ်အကြွေးဝယ်နိုင်အောင်၊ အသက်၆၅နှစ်ကျော်ရင် လစဉ် ဒေါ်လာ၅၀၀လောက် အငြိမ်းစားပင်စင်ပေးနိုင်အောင် လုပ်ထားတဲ့ စနစ်ကြီးဖြစ်ပါတယ်။
CPF ဘဏ်ရဲ့ ဝက်ဆိုဒ် www.cpf.gov.sg မှာအသေးစိတ်များ ကြည့်နိုင်ပါတယ်။ ဥပမာ လစာရင်းနဲ့အချိန်ပို တစ်လကို ဒေါ်လာတစ်ထောင် ဝင်ငွေရှိရင် ဝန်ထမ်းလက်ထဲ ဒေါ်လာ၈၀၀ ရပါတယ်။ စုဆောင်းငွေ တစ်လဒေါ်လာ ၃၆၀ ($360) ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဝန်ထမ်းလစာက စုငွေ ၂၀% = $200၊ ကုမ္ပဏီက ထပ်ဆောင်းပေးငွေ ၁၆% $160၊ စုဆောင်းငွေကို ဘဏ်အကောင့်၃ခု Ordinary, Special, Medisave ဆိုပြီး ခွဲပေးထားပါတယ်။ တကယ်တော့ စုစုပေါင်းလစာ $1160 ရတယ်လို့ပြောရပါတယ်။ စုဆောင်းငွေက $360၊ လက်ကျန်အသားတင် ရငွေက $800 ဖြစ်ပါတယ်။ နဲနဲရှုပ်ပေမဲ့ ဝန်ထမ်းရော၊ ကုမ္ပဏီရော၊ အစိုးရရော သုံးဦး၊ သုံဖလှယ် ကျေနပ်အောင် လုပ်ပေးထားခြင်းဖြစ်ပါတယ်။
Example.
Basic Salary = $700
Additional OT wages = $300
Total wages = $1000
Employee’s share of CPF contribution 20% = $200
Employer’s share of CPF contribution 16% = $160
Employ take home = $800.
Total CPF contribution = $360
Published on: July 8, 2014
CPF ဘဏ်စုဆောင်းငွေစနစ်၏ အကျိုးကျေးဇူးများ
အိမ်ပိုင်ဆိုင်စေခြင်း
ပထမဆုံး အကျိုးမြတ်ကတော့ ၁၀နှစ်လောက် စုဆောင်းပြီးရင်၊ အစိုးရရဲ့ အိမ်တစ်လုံး ဝယ်နိုင်ပြီ ဖြစ်ပါတယ်။ အိမ်ဈေးရဲ့ ၂၀%ကို CPF ငွေနဲ့ပေးလို့ လောက်ငှရင်၊ ကိုယ့်ပိုက်ဆံ မပါပဲ အိမ်ဝယ်လို့ရပါတယ်။ မလောက်ရင်တော့ အိမ်တန်ဖိုးရဲ့ ၂၀% ပြည့်အောင် ကိုယ့်ပိုက်ဆံ ထည့်ပေးရတယ်။ အဲဒီ CPF ဘဏ်စနစ်ကြောင့် စင်ကာပူ မိသားစုတိုင်း အိမ်ပိုင်ဆိုင် ကြပါတယ်။ အိမ်ဖိုးကျန်တဲ့ ၈၀% ကိုလည်း CPF လစဉ်ထည့်ငွေနဲ့ အရစ်ကျပေးနိုင်တော့ ကိုယ့်လက်ထဲက ပိုက်ဆံတောင် မကုန်တော့ပါဘူး။ အိမ်ပိုင်ဆိုင် စေခြင်းဟာ စင်ကာပူ CPF စနစ်ရဲ့ အဓိက အချက်ဖြစ်ပါတယ်။ စင်ကာပူ နိုင်ငံသားများအတွက် စား၊ဝတ်၊နေရေးကို အစိုးရက ဖန်တီး ပေးရမယ် ဆိုတဲ့အတိုင်း စား၊ဝတ်၊ နေရေးအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးထားပါတယ်။ ဟုတ်ပါတယ်။ လုပ်ရည် ကိုင်ရည် ရှိသူများက ဝင်ငွေ ကောင်းလွန်းပြီး၊ လူအများစုက သာမန်ဝင်ငွေပဲရပါတယ်။ အလုပ်ရှိပေမဲ့ သာမန်ဝင်ငွေပဲရှိသူအတွက် ငွေစုဆောင်းဖို့ဆိုတာ အပြောလွယ်၊ အလုပ်ခက်ပါပဲ။ အိမ်ပိုင်ဖို့ဆိုတာ ဝေးလှပါတယ်။ CPF စနစ် အောင်မြင် သွားတဲ့ အတွက် စင်ကာပူမှာ နိုင်ငံသားမိသားစုတိုင်း အစိုးရ ဆောက်ပေးတဲ့ တိုက်ခန်း HDB Flat ပိုင်ဆိုင်ခွင့် ရကြပါတယ်။
မိမိနှင့်မိသားစု ဆေးကုစရိတ်
စင်ကာပူမှာ ကျန်းမာရေးအာမခံ၊ အလုပ်ရှင်တိုင်းက တာဝန် ယူရပါတယ်။ ဒါကြောင့် အလုပ်သမား ဆေးခန်းသွား၊ ဆေးရုံတက်ရရင်၊ ကုမ္ပဏီက တာဝန်ယူ၊ ကုန်ကျစရိတ်ကို အာမခံကုမ္ပဏီက ပေးပါတယ်။ သို့သော် မိမိရဲ့ မိသားစု နေမကောင်း၊ ဆေးရုံတက်ရင် အာမခံမရှိလို့ ငွေကြေးကုန်ကျပါတယ်။ CPF ဘဏ်စနစ်ကို မိမိ မိသားစုကိုလည်း ကျန်းမာရေးအာမခံ (Medi-shield) ပေးထားလို့ ဆေးရုံစရိတ် မကုန်ပါဘူး။ ဒါပေမဲ့ သတ်မှတ် ထားတာထက် ပိုကုန်ရင်တော့၊ CPF ကျန်းမာရေး ရံပုံငွေထဲက ထုတ်ယူ သုံးစွဲကြပါတယ်။ ဒါကြောင့် မိမိ စုဆောင်းငွေ များကို မိမိနဲ့မိသားစု ဆေးရုံတက်ရရင် ငွေမရှိလို့ ပူစရာ မလိုပါဘူး။ CPF စနစ်က တာဝန်ယူပါတယ်။
အသက်အာမခံ၊ သားသမီးပညာရေး၊ စတော့ရှယ်ယာ
စင်ကာပူ နိုင်ငံသားသား အားလုံးနီးပါး CPF အသင်းဝင် များဖြစ်ပါတယ်။ သူတို့အတွက် အကောင်းဆုံး၊ အသက်အာမခံ မဝယ်မနေရ၊ အစိုးရက ဒီစုဆောင်းငွေ ကိုသုံးပြီး ဝယ်ခိုင်းပါတယ်။ ဥပမာ တစ်နှစ် ဒေါ်လာ၇၀ ပေးရတယ်ဆိုရင်၊ အကြောင်းမလှလို့ ကိုယ်သေဆုံး သွားရင်၊ အသက် အာမခံငွေ ဒေါ်လာ၅သောင်း ကျန်ခဲ့တဲ့ ဇနီး၊ မိသားစု ရရှိပါတယ်။ ကင်ဆာ၊ နှလုံးရောဂါ လို ကုသစရိတ် ကြီးတဲ့ရောဂါရပြီး၊ ခွဲစိတ် ကုသရရင်လဲ အသက် အာမခံက ပြန်ပေးပါတယ်။ ကိုယ့်ရဲ့ CPF စုဆောင်းငွေနဲ့ ကိုယ့်ဇနီး၊ သားသမီးများ အတွက် အသက် အာမခံဝယ်ပေး လို့လဲ ရပါတယ်။ စုဆောင်းငွေ များစွာ ရှိသူများကတော့ သားသမီးများ ပညာရေး၊ အစိုးရ သတ်မှတ်ပေးတဲ့ စတော့ ရှယ်ယာများ ဝယ်ယူရေး တွေမှာ CPF စုဆောင်းငွေကို အသုံးပြုခွင့် ပေးထား ပါတယ်။
အငြိမ်းစားယူချိန်ငွေထုတ်ပေးခြင်း (ပင်စင်)
မိမိအသက်၅၅နှစ်ပြည့်ရင် CPF ဘဏ်ကနေ၊ အငြိမ်စား ငွေကို ချန်တားပြီး၊ ပိုတဲ့ငွေ ကို ပြန်ပေးပါတယ်။ အသက်၆၅နှစ် နောက်ပိုင်းမှ ကျန်တဲ့ငွေထဲက လစဉ်ငွေ ပင်စင်အဖြစ် ထုတ်ပေးပါတယ်။ အသက်၅၅နှစ် ကျော်ပေမဲ့ အလုပ်လုပ်နိုင်သေးလို့ ဆက်လုပ်ရပါတယ်။ ဒါပေမဲ့ အကြောင်း တစ်စုံတရာ (ဥပမာ ကျန်းမာရေးကြောင့်) အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ထောက်ခံစာရွက်စာတန်များ ပြပြီ၊ လစဉ်ေ ထာက်ပုံကြေး ရနိုင်ပါတယ်။ မိမိ စုဆောင်းငွေကို မိမိကပဲ ပေးရပါတယ်။ အစိုးရဘဏ်က ငွေတွေကို သိမ်းထားပြီး၊ နှစ်စဉ် အတိုး တွက်ချက်ပြီး၊ ပေးပါတယ်။
ဥပမာ ဒေါ်လာ ၂သိန်းလောက် စုမိနေသူဟာ အိမ်ဝယ်ဖို့ ၆သောင်း နှုတ်လိုက်ပြီး၊ ကျန်တဲ့ငွေတွေကို အစိုးရ CPF ဘဏ်မှာပဲ ထည့်ထားရပါတယ်။ ကျန်းမာရေးအတွက်လည်း ဒေါ်လာ ၄သောင်း ၈ထောင်ထိ ဖယ်ထားလို့ရပါတယ်။ ဒီငွေနဲ့ပဲ ဆေးကုသခြင်း နဲ့ ဆေးဖိုး ဝါးခ ပေးရပါတယ်။ CPF ဘဏ်ထဲက ကျန်းမာရေး စရိတ် မလောက်ငှရင်တော့ ဆေးရုံ ကုန်ကျစရိတ်ကို ငွေလက်ငင်း (သို့မဟုတ်) အရစ်ကျနဲ့ပဲ ပေးရပါတယ်။ 
အလားတူ နိုင်ငံတကာအစိုးရများ၏ ဝန်ထမ်း၊အလုပ်သမား ငွေစုစနစ်များ
အမေရိကန်နဲ့ဥရောပ နိုင်ငံများက အခွန် Tax ဆိုပြီး လစာငွေထဲက တိုက်ရိုက် ဖြတ်ချ လိုက်ပါတယ်။ လစာရဲ့ ၄၀% အထိ ဖြတ်ချပါတယ်။ အမေရိကန်မှာ Social Security လို့ခေါ်ပါတယ်။ အစိုးရက အဲဒီငွေတွေကို ပြည်သူလူထု အတွက် သုံးစွဲပါတယ်။ အလုပ်လက်မဲ့ ဖြစ်ချိန် ထောက်ပံ့ကြေး ရရှိပါတယ်။ ကျန်းမာရေး၊ ပညာရေး စတဲ့လူမှု ရေးရာများမှာ အထူးနှုန်းတွေနဲ့ အစိုးရက ထောက်ပံ့ ပေးပါတယ်။ အထူးသဖြင့် အသက်ကြီးချိန် နေထိုင် စားသောက်ရေးကို အစိုးရက တာဝန်ယူတဲ့အပြင်၊ လစဉ် ထောက်ပံ့ကြေး ငွေလည်း ပေးပါတယ်။ ဆေးကုသ ခွင့်လဲ ပေးပါတယ်။ ၁၉၆၀ နောက်ပိုင်းမှာ အားနည်းချက် များစွာ ရှိလာတဲ့အတွက် ကိုယ်ပိုက်ဆံနဲ့ ကိုယ့်ကိုယ်ကို ပြန်ထောက်ပံ့တဲ့ စင်ကာပူ CPF စနစ်ကို နိုင်ငံ တော်တော်များများ ပြောင်းလဲ ကျင့်သုံးလာပါတယ်။

မလေးရှား EPF ဘဏ်စနစ်
၁၉၅၁မှာ စတင်ခဲ့ပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမား နှစ်ဦး၊ လစဉ် စုဆောင်းငွေ ဖြစ်ပါတယ်။ အလုပ်သမားအတွက် အငြိမ်းစားယူဖို့နဲ့ အတွေထွေ စရိတ်များ အတွက်ပါ။ ၂၀၁၂မှာ အသင်းဝင်ပေါင်း ၁၃.၆သန်း ရှိနေပြီး ၆.၄သန်းဟာ ပုံမှန် ထဲ့ဝင်သူများ ဖြစ်ပါတယ်။ မလေးရှား နိုင်ငံသားတွေ စုဆောင်း ထားတဲ့ ငွေကြေးက RM526.8 billion ဖြစ်နေ ပါပြီ။
ဗီယက်နမ် Social Insurance System
အရင် ကတော့ အစိုးရဝန်ထမ်း၊ ပင်စင် လစာငွေပဲ ရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး Social Insurance System ကို အစိုးရ ဝန်ထမ်းများနဲ့ စတင်ပါတယ်။ စင်ကာပူ CPF စနစ်လိုပဲ လစာရဲ့ ၆% ကို စုဆောင်းရပါတယ်။ ၂၀၁၂မှာ ၇%၊ ၂၀၁၄မှာ ၈% တိုးပြီး စုဆောင်းဖို့ ကြေငြာ ထားပါတယ်။ စင်ကာပူနဲ့ မတူတာကတော့ ဗီယက်နမ် လစာငွေ နည်းလို့ လူတွေက မစုချင်ပါဘူး။ ဒါကြောင့် အစိုးရဝန်ထမ်း တွေကတော့ မစုမနေရဖြစ်ပြီး၊ နေအိမ်၊ ကျန်းမာရေး၊ ပညာရေး၊ အငြိမ်းစား ထောက်ပံ့ငွေများ ခံစားရပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းများ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအတွက် ဆွဲဆောင်မှုပေးရပါတယ်။ အငြိမ်းစားထောက်ပုံကြေး ဆိုတာက အဝေးကြီးလိုသေးတော့ လူထုစိတ်မဝင်စားပါဘူး။
ဒါကြောင့် လူထုစိတ်ဝင်စားတဲ့ အလုပ်လက်မဲ့ ဖြစ်ရင် Unemployment Benefit စုဆောင်းငွေထဲက လစဉ်ပြန်ထုတ် သုံးခွင့် ပေးထားပါတယ်။ အလုပ်လက်မဲ့ ဖြစ်သွားရင် ကိုယ်စု ထားတဲ့ နောက်ဆုံး၆လ ပျှမ်းမျှ စုဆောင်းငွေကို အလုပ် သစ်ရတဲ့အထိ လစဉ်ပြန်ထုတ် သုံးခွင့်ပေးပါတယ်။ မိသားစု အတွက် နေအိမ်၊ ကျန်းမာရေး၊ ပညာရေး စရိတ်များလည်း အာမခံ လုပ်ငန်းနဲ့တွဲပြီး ခံစားခွင့် ပေးပါတယ်။ ပိုပြီးစုဆောင်းလိုသူများ၊ ကိုယ်ပိုင် လုပ်ငန်း လုပ်သူများအတွက် Voluntary Social Insurance စနစ်ကို ၂၀၀၈မှာ ပြဌာန်း ထားပါတယ်။ အလုပ်သမား ၁၈% စုဆောင်း ရပါတယ်။ မပေးနိုင်တဲ့အချိန် ရပ်လိုရပါတယ်။ ဒီစုဆောင်း ငွေတွေ ရှိနေရင် အစိုးရထံမှ အထူး အခွင့်အရေး၊ အိမ်အကြွေး ဝယ်ယူခွင့်၊ ကျန်းမာရေး၊ ပညာရေး အာမခံ ခံစားခွင့်များ နဲ့ဆွဲတောင်ပြီး၊ ငွေစုဆောင်းဖို့ အားပေးခြင်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ Social Security System
အမေရိကန် အုပ်ချုပ်စဉ် ကတည်းက Social Security System ဆိုပြီး စနစ်တကျ လုပ်ဆောင် ပေးခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီး ကာလမှာ ဂျပန်ပြီးရင်၊ ဖိလစ်ပိုင် နိုင်ငံဟာ အာရှမှာ အချမ်းသာဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အာဏာရှင် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ မားကို့စ် ခေတ်မှာ၊ ဝိသမ ခရိုနီစနစ် ကြီးထွားလာပြီး၊ တိုင်းပြည် ဆင်းရဲသွားပါတယ်။ မြန်မာပြည် ထက်တော့ အများကြီး သာပါတယ်။ အမေရိကန် နိုင်ငံအတိုင်း Social Security Fund လုပ်ပေးခဲ့တာလဲ အစိုးရ ဝန်ထမ်း လောက်ပဲ ခံစားခွင့် ရပါတယ်။ လူထုအတွက် အကျိုး သက်ရောက်မှု မရှိတော့ပါဘူး။
ဒါကြောင့်ပဲ စင်ကာပူ CPF စနစ်ကို အထူးသဖြင့် အရှေ့တောင် အာရှနိုင်ငံများ မလေးရှား၊ ဗီယက်နမ် တို့ ကော်ပီကူးချ ကျင့်သုံးနေပါပြီ။ အမေရိကန် မှာတောင် 401(k) ဆိုတဲ့ စင်ကာပူလို စနစ် ပေါ်နေပါပြီ။ အမေရိကန် ကုမ္ပဏီ ဝန်ထမ်းများဟာ လက်ရှိ Social Security Fund ကိုပဲ ထည့်မလား၊ အသစ်ဖြစ်တဲ့ 401(k) ကိုပဲ ထည့်မလား ဆုံးဖြတ် ရပါတယ်။
CPF အလားတူ၊ နိုင်ငံတကာ စုဆောင်းငွေ စနစ်များ ကတော့..
  • EPF Employee Proficient Fund (Malaysia)
  • Social Insurance System (Vietnam)
  • Social Security System SSS (Philippine)
  • National Social Security System (Indonesia)
  • National Insurance (UK)
  • Social Security in France
  • South African Social Security Agency
  • Social Security (United States)
  • Social Security (Sweden)
  • Social Security (Australia)
  • Israel -Social Security and Welfare  စသည်တို့ ဖြစ်ပါတယ်။
လက်ရှိမြန်မာလူထုနှင့်အစိုးရဝန်ထမ်းစုဆောင်းစနစ်
မြန်မာနိုင်ငံမှာ အစိုးရ ဝန်ထမ်းများကို ငွေစုဆောင်း စနစ် မရှိပါဘူး။ ယခင်ကတော့ မြန်မာ အသက်အာမခံ လုပ်ငန်းကပဲ အစိုးရဝန်ထမ်း စုဆောင်းငွေ စနစ် ရှိခဲ့ပါတယ်။ နောက်ဆုံး မြန်မာပြည် စစ်အာဏာရှင် များက ငွေစက္ကူ တရားမဝင် ကျေငြာခြင်း၊ ဘဏ်များကို တရားမဝင်ေ ကျငြာခြင်း စတဲ့ ပြည်သူလူထုငွေကို လုယက်၊ ဓါပြတိုက်တဲ့ လုပ်ရပ်များ ကြောင့် ဘဏ်မှာ ငွေစုခြင်းစနစ် မြန်မာပြည်မှာ ပျောက်ဆုံး သွာှးပါတယ်။ မြန်မာအစိုးရ ထုတ်တဲ့ ငွေစက္ကူ၊ မြန်မာပြည်က အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ် အားလုံးဟာ ယုံကြည်မှု ပျက်ပြား သွားခဲ့ပါတယ်။ 
၂၀၁၁ ဒီမိုကရေစီ (ဆိုတဲ့) အစိုးရသစ် တက်လာပြီး၊ အမေရိကန် တစ်ဒေါ်လာကို  မြန်မာငွေ ခြောက်ကျပ်ခွဲ ပုံသေ သတ်မှတ်ထားချက်ကို ရုတ်သိမ်းပြီး၊ အမေရိကန်ဒေါ်လာကို ပြည်တွင်းမှာ တရားဝင်ကိုင်ဆောင်ခွင့်ပေးခဲ့ပါတယ်။ ပုဂ္ဂလိက ဘဏ်များကို လုပ်ပိုင်ခွင့်များ၊ အာမခံများ ပေးခြင်းနဲ့ မြန်မာလူထုက ဘဏ်များအပေါ် ယုံကြည်မှုရှိလာပါတယ်။ လူအများ ဘဏ်များမှာ ငွေ စုဆောင်းတဲ့ အလေ့ကျင့် ပြန်လည် နိုးထ လာခဲ့ပါတယ်။ မြန်မာ ငွေဆို လက်ထဲ မထားပဲ ငွေပိုရှိလာရင် ရွှေ၊ငွေ၊ အိမ်မြေ၊ တယ်လီဖုန်း၊ ကား စသဖြင့် ဝယ်ယူ သိမ်းဆည်း ထားတဲ့ အကျင့်ကနေ အခု ဘဏ်မှာ ငွေစုတဲ့စနစ်၊ ဒေါ်လာများ လက်ဝယ် သိမ်းထားခြင်း၊ ဘဏ်မှာ ကန်ဒေါ်လာ စုဆောင်းခြင်း စသဖြင့် တိုးတက်လာပါတယ်။
လက်ရှိ မြန်မာပြည်မှာ အစိုးရ ဝန်ထမ်းများကတော့ ပင်စင် ခံစားခွင့်ရှိပါတယ်။ သာမန် ဆေးခွင့်ရတာက လွဲပြီး၊ ဝန်ထမ်း မိသားစု ကျန်းမာရေး၊ ပညာရေး ဘာအာမခံချက်တစ်ခုမှ မရှိပါဘူး။ ပြည်သူလူထု အထူးသဖြင့် တောင်သူ လယ်သမားများဟာ အလွန် ဆင်းရဲ မွဲတေနေပါတယ်။ ကိုယ်မွဲတေ နေတာတောင် ကိုယ်မသိတာပဲ ကောင်းပါတယ်။ မိသားစု တစ်ခု တစ်ရက် ကျပ်၂၀၀၀ ဆိုလောက်တယ် လို့ပြောတော့ မြို့နေလူထုက ဝိုင်းဝန်း ရှုံ့ချကြတယ်။ တောမှာတော့ ကောင်းကောင်း လောက်ငှပါတယ်။ အသားဟင်း တခါတလေမှ စားတဲ့ တောင်သူ လယ်သမားများ လယ်ယာသီးနှံပဲ စားသောက်တော့ ငွေမကုန်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အဆင့်မှာ ဆင်းရဲမွဲတေအဆင့် ရောက်နေလို့ နိုင်ငံတကာအဖွဲ့အစည်းများက ဆင်းရဲမွဲတေမှုလွတ်မြောက်ရေး ပရိုဂျက်များနဲ့ ငွေချေးပေး၊ အကူညီ ပေးနေပါတယ်။ 
ကုလအဖွဲ့များ၊ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ ဂျပန်ဂျိုက်ကာ၊ အိုင်အမ်အက်ဖ် ငွေကြေးများစွာကို အစိုးရဝန်ထမ်းများက ကိုင်တွယ်သုံးစွဲရတဲ့အတွက် အစိုးရဝန်ထမ်းလောကမှာ ငွေကြေး အဆင်ပြေ လာပါတယ်။ အဂတိ အလွန်ကျွန် မဖြစ်အောင် ထိန်းနိုင်မယ် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်း အများစုက လစာ၊ မိုဘိုင်းဖုန်း SIM card လောက်ပဲ ရရှိနေပြီး၊ အာမခံစနစ်ဆိုလို့ ကျန်းမာရေးတစ်ခုခုဖြစ်ရင် သိန်းနဲ့ချီကုန်ကျစရိတ်ကို ဘယ်ဝန်ထမ်းမှ မတတ်နိုင်ပါဘူး။ ငွေရွှင်တဲ့ ဝန်ထမ်းပဲ မိသားစုကျန်းမာရေး၊ ပညာရေး စရိတ်ကြီး များကို တတ်နိုင်ပါတယ်။ 
အများစုဝန်ထမ်း များဟာ ဘဏ်မှာ စုဆောင်းဖို့ နေနေသာသာ နေစရာ အိမ်တောင် မရကြပါဘူ။ နေပြည်တော်က အစိုးရဝန်ထမ်း များကတော့ နေစရာ တိုက်ခန်းတွေ ရထားလို့ တော်ပါသေးတယ်။ တိုက်ခန်းကို ငှားစားခွင့် မရှိပါဘူ။
ခြုံကြည့်ရင် နိုင်ငံတော် အစိုးရ ဝန်ထမ်းများက စတင်ပြီး စင်ကာပူ CPF စနစ်လို ငွေ စုဆောင်းတဲ့ စနစ် အမြန်ဆုံး လုပ်ဖို့လိုနေပါတယ်။
မြန်မာပြည် လာရောက်တဲ့ စင်ကာပူ ကုမ္ပဏီ လုပ်ငန်းရှင်များက ဝန်ထမ်းများကို CPF စနစ်လို၊ စုဆောင်း စေပါတယ်။ ဝန်ထမ်း ၅%၊ ကုမ္ပဏီ ၅% စုဆောင်းပေးပြီး၊ အလုပ်ထွက်ရင် အကုန်ပြန် ထုတ် ပေးပါတယ်။ ဝန်ထမ်းကလည်း အပြင်မှာ လုပ်တာထက် လစာများတယ်၊ အလုပ်ပြုတ်ဖို့မရှိဘူး။ ခွင့်၊ ဆေးခွင့်၊ ဆေးကုသခွင့် စရိတ်များလည်း ပေးတော့ နိုင်ငံခြား ကုမ္ပဏီမှာ မြန်မာတွေ တော်တော် လုပ်ချင်ကြပါတယ်။ စင်ကာပူက ပြန်လာပြီး မြန်မာပြည်မှာ လုပ်ငန်းလုပ်တဲ့ မြန်မာများလည်း သူ့ဝန်ထမ်းကို ငွေစုတဲ့ စနစ်နဲ့ မစုမနေရ စုဆောင်း စေပါတယ်။ နှစ်ဦးနှစ်ဘက် အကျိုးရှိပါတယ်။ တစ်ခုခု ကျန်မာရေး၊ လူမှုရေး ပြသနာဖြစ်ရင် ကုမ္ပဏီ ဝန်ထမ်းရဲ့ စုဆောင်းငွေ ရှိနေတော့ အရေးပေါ်သုံးစွဲနိုင်ပါတယ်။ အလွန် အကျိုးရှိတဲ့ စနစ်ဖြစ်လို့ နိုင်ငံတော်အစိုးရက မကျင့်သုံး နိုင်သေးခင် စိတ်သဘော မှန်တဲ့၊ လုပ်ငန်းရှင် များများက စုဆောင်း ပေးမှုကို ဝမ်းမြောက်စွာ ကြိုဆို ပါတယ်။
စုဆောင်းငွေဖြင့်နေစရာအိမ်ရရှိရေး
ဘာဖြစ် မြန်မာပြည်ဝန်ထမ်းများ ငွေစုဆောင်း ဘဏ်စနစ်တစ်ခု အမြန်လိုသလဲ ဆိုတော့ နေစရာ အိမ်ဈေး အရမ်း ကြီးလာလို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဝန်ထမ်းတိုင်းကို မြေကွက် ချရောင်းပေးဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။ သူတို့ခမြာလည်း အများစု အဂတိမကင်းနိုင်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံက ဈေးကြီး လွန်းတဲ့ အိမ်ခြံမြေ ဝယ်နိုင် လောက်အောင် ငွေမရှိကြပါဘူး။ ဌာနမှုး၊ ဦးစီးမှု၊ ညွှန်မှုး၊ ညွှန်ချုပ် အဆင့်တွေ ကတော့ မြေကွက် များစွာ ပိုင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုမှာ အငြိမ်းစား ယူရင် နေစရာအိမ်မရှိပါ။
မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန်မြို့ထဲမှာတောင် မြေကွက်လွတ်တွေ တစ်ပုံကြီး တွေ့နေရပါတယ်။ ဘာလုပ်ဖို့လဲ။ အစိုးရ ဝန်ကြီးဌာနတွေနဲ့စစ်တပ်ပိုင် မြေတွေ မြေငှားစာချုပ်တွေ လုပ်စား နေကြပါတယ်။ လုပ်ဖို့လဲ ကြံနေကြပါတယ်။ ဒီခရိုနီ အပေါင်းပါ စစ်ဗိုလ်များ၊ အစိုးရ အရာရှိကြီးပဲ ချမ်းသာရင်၊ ဆက်ချမ်းသာ နေတာ တော်သင့်နေပါပြီ။
ဒါကြောင့်  မြန်မာနိုင်ငံ အစိုးရ ဝန်ထမ်းများကို မြေကွက် ချပေးတဲ့ အစဉ်အလာ ရှိပါတယ်။ လုပ်သက် နှစ်ပေါင်းများစွာ ရှိတဲ့ ဝန်ထမ်းကို သက်ဆိုင်ရာ မြို့နယ်များမှာ မြေကွက်ဖေါ်ပြီး မြေရောင်း ချပေးပါတယ်။ အရစ်ကျ ပြန်ဆပ်ရပါတယ်။ ဒီနည်းလမ်းနဲ့ ၁၉၈၈မတိုင်မီက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ စတဲ့ မြို့သစ်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်း နောက်ပိုင်းမှာတော့ လှိုင်သာယာ၊ ရွှေပေါက်ကန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ပတ္တမြားမြို့သစ် စသဖြင့် နေရာ ချထား ပေးပါတယ်။ ဝန်ထမ်းများကို အရစ်ကျ ရောင်းချပေးပြီး၊ ရန်ကုန်မြို့ထဲ ကျူးကျော်နေထိုင်သူများကိုလဲ လူမရှိတဲ့ ရွဲ့ဗွက်တွေမြေတွေမှာ မြေကွက် ရောင်းချပေးခဲ့ပါတယ်။ 
အခုအစိုးရသစ် တက်လာပြီး ၃နှစ်အကြာမှာ ဝိသမခရိုနီများနဲ့ ဝိသမအစိုးရ အရာရှိကြီးများက ဝိုင်းဝန်း ဖန်တီးပေးလိုက်လို့ တစ်နိုင်ငံလုံး အိမ်မြေဈေးတွေ ကမ္ဘာ့ ဈေးအကြီးဆုံးအဆင့် တမဟုတ်ချင်း ရောက်သွားပါတယ်။ ဒါကို အရှေ့တောင် အာရှအဆင့် ဈေးမှန်ရောက်ဖို့ အစိုးရဦးစီးပြီး မြို့သစ်ဖေါ်၊ မြေကွက်များ အရစ်ကျနဲ့ရောင်းချ၊ တန်ဖိုးနည်း အိမ်ယာများ ဆောက်ပြီး ရောင်းချ ပေးလိုက်ရင် အချိန်တိုအတွင်း အိမ်ခြံ မြေဈေး တည်ငြိမ် သွားမှာ ဖြစ်ပါတယ်။    
 Richest Man in Babylon ဆိုတဲ့စာအုပ်
ချွေတာ စုဆောင်းခြင်း အားဖြင့်၊ ဘဝကို တည်ဆောက်ဖို့ လမ်းညွန် ထားတဲ့ အလွန် ကောင်းမွန်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာဖေမြင့် ဘာသာပြန်ပြန်ပြီး ” ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ် ” အမည်နဲ့ ထုတ်ဝေ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ်၅၀၀၀ ဘေဘီလုံမြို့က လူချမ်းသာတစ်ဦး၊ အသုံးစွဲလွန်ပြီး အကြွေးတွေ မဆပ်နိုင်တော့လို့ ထွက်ပြေးရတယ်။ ငွေဖြတ်လမ်းနည်းနဲ့ ရှာဖို့ ဓါးပြဂိုဏးထဲ ရောက်ပြီး၊ အဖမ်းခံရလို့ အနိုမ့်ဆုံး ကျွန်လူတန်းစား အဖြစ် ရောင်းစား ခံရတယ်။ သခင်စိတ် ရှိတဲ့ ကျွန်ဖြစ်တဲ့ အတွက် ဘေဘီလုံမြို့ကို ပြန်လာပြီး၊ ကြွေးရှင်တွေကို အရစ်ကျ ပြန်ပေးပါမယ် ဂတိခံရင်း၊ နောက်ဆုံးမှာ ဘေဘီလုံမှ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သွားတဲ့ တကယ့် အဖြစ်ပျက်ပါ။ 
မှတ်တမ်း တင်ထားတဲ့ ကျောက်စာ တွေကို ဘာသာပြန်တဲ့ ရှေးဟောင်း သုတေသန ပါမောက္ခကြီးလဲ အသုံးစွဲ လွန်ပြီး အကြွေးတွေ အရမ်းထူနေတယ်။ လွန်ခဲ့တဲ့ အနှစ်၅၀၀၀ က ချွေတာ စုဆောင်းတဲ့ နည်းလမ်းနဲ့ လစဉ် စုဆောင်းခဲ့တယ်။ လင်မယား နှစ်ယောက် အသုံးစွဲ ဆင်ချင်တယ်။ နှစ်အနည်းငယ် အတွင်း တကယ်ပဲ အကြွေးဘဝက လွတ်မြောက် ခဲ့ရကြောင်း စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို အမေရိကန် ဘဏ်တွေက လူတွေကို ချွေတာစုဆောင်းဖို့ ပညာပေးဖြန့်ဝေကြတယ်။ လူတွေကလည်း ခုချက်ခြင်း သူဌေးဖြစ်တဲ့နည်းကို၊ လိုင်စင်ပါမစ်နဲ့ ချမ်းသာနည်းတွေကိုပဲ ကြိုက်နှစ်သက်ကြတယ်။ 
Rich Dad စာအုပ်ကို ဖတ်ရင် လူတိုင်းချမ်းသာနိုင်တယ် လို့အားပေး ထားတဲ့အတွက် စာဖတ်သူကို လမ်းမှားကို ရောက်သွား စေနိုင်ပါတယ်။ မြန်မာပြည်လို စတော့ရှယ်ယာ၊ ဘွန်း ဈေးကွက်လုံးဝ မရှိတဲ့နိုင်ငံက လူတွေ မဖတ်သင့် ပါဘူး။ ချွေတာ စုဆောင်းတဲ့ အကျင့်ကို ပျိုးထောင် ပေးတဲ့ ” ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ် ” စာအုပ်ကို ဖတ်ရင်အကျိုးများမှာပါ။
ငွေကို စုစေလို တဲ့အတွက် ဘဏ်များကို ငွေစုဘဏ်လို့ အမည်ပေးပါတယ်။ စင်ကာပူမှာတော့ အလုပ်သမား များအတွက် CPF ငွေစုဘဏ်၊ ကျောင်းသား မိသားစုများ အတွက်၊ POSB ငွေစုဘဏ် များရှိပါတယ်။ အဲဒီ အစိုးရပိုင်တဲ့ ဘဏ်များရဲ့ ရည်ရွယ်ချက် ကတော့ ချွေတာ စုဆောင်းရေးပဲ ဖြစ်ပါတယ်။
စင်ကာပူ CPF အကြောင်းကို စင်ကာပူမှာ နေထိုင်ခဲ့သူများ သိပါတယ်။ မြန်မာလို ရေးသားမှုတွေလဲ ရှိပါတယ်။ ဆရာအေးငြိမ်း(လေးမျက်နှာ) သူ့ရဲ့စာအုပ်မှာ ရော၊ သူ့ရဲ့ ဘလောက်ထဲမှာရော  CPF ဘယ်လို ထည့်ဝင်ရတယ်။ ဘယ်လို အကျိုး ကျေးဇူးများ ရယူသင့်တာတွေ မြန်မာလို ဘာသာပြန်၊ အသေးစိတ် ရေးပြထားပါတယ်။ နောက် ဆောင်းပါးများမှာ ကိုးကား တင်ပြပါမယ်။ ဒီဆောင်းပါး မှာတော့ အကျဉ်းပဲ ရေးလိုက် ရပါတယ်။
စုဆောင်းခြင်းနဲ့ဘာသာရေးအမြင်
ဘာသာရေးအမြင်မှာ စုဆောင်းခြင်းနဲ့လှုဒါန်းခြင်း အတူတူပဲလို့ သတ်မှတ်ပါတယ်။ များများလှုဒါန်းနိုင်သူဟာ ကိုယ်ပိုင်ငွေလည်း စုဆောင်း၊ ကြီးပွားလေ့ရှိပါတယ်။ တချို့က အမြင်တစ်မျိုးနဲ့ ကိုယ့်လုပ်ငန်း ကြီးပွားအောင် လှုဒါန်းတာမျိုးက ဘာသာရေးကျင့်ဝတ်မဟုတ်ပါဘူး။ 
ဗုဒ္ဓဘာသာများ သူဌေးဖြစ်မဲ့လူတွေ ငယ်စဉ်ကတည်းက အလှုဒါန်းလုပ်ကြပါတယ်။ မွတ်ဆလင်များမှာလည်း နှစ်စဉ် ပိုင်ဆိုင်မှုရဲ့ ၂.၅% ကို ပေးလှုရပါတယ်။ ခရစ်ယာန်နဲ့ဂျူးတွေမှာတော့ ၁၀% ဆယ်ဖို့တစ်ဖို့ အလှုငွေပေးခြင်း ရှိပါတယ်။ ဘာသာတရားတိုင်းမှာ မရှိဆင်းရဲသူ၊ မိဘမဲ့၊ မုဆိုးမ များကို ပေးကမ်းလှုဒါန်းခြင်းကို အားပေးပါတယ်။ ဘဝပေးကုသိုလ်အရ ချမ်းသာနေသူများ၊ ဆင်းရဲမွဲတေသူတွေကို ကြည့်ရှုရပါမယ်။ ဒါကြောင့် လုပ်ငန်းပိုင်ရှင်၊ သူဌေးများက သူတို့အလုပ်သမားများကို စုဆောင်းစေသလို အချမ်းသာဆုံးဖြစ်တဲ့ အစိုးရမင်းများဟာ ပြည်သူလူထုကို စုဆောင်းဖို့ ပိုပြီး၊ စနစ်တကျ ကူညီရပါတယ်။ 
စုဆောင်းငွေကို တိုးပွားအောင် လုပ်နိုင်တာက အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ တစ်ချို့ ငွေကြေးချမ်းသာပြီး၊ လှုဒါန်းခြင်းမလုပ်နိုင်ပါဘူး။ ဘာသာရေးအရဆိုရင် လူတွေဟာ စုဆောင်းထားတဲ့ ဥစ္စာကိုပဲ အမြဲစိတ်ရောက်လေ့ ရှိပါတယ်။ လှုဒါန်းမှု များများလုပ်နိုင်သူဟာ နောင်ဘဝအတွက် စုဆောင်းထားသူ ဖြစ်ပါတယ်။ တနည်းအားဖြင့် သေမှာမစိုးရိမ်တော့ပါဘူး။ သူက များများ လှုဒါန်းထားပြီးဖြစ်တော့ ဗုဒ္ဓဘာသာအရ နောင်ဘဝ ပိုပြီးကောင်းမယ်၊ ခရစ်ယာန်၊ မွတ်ဆလင် ဘာသာများအရ ကောင်းကင်ဘဏ္ဍာကို စွဲလမ်းပြီး၊ ကောင်းကင်ဘုံကိုရောက်မယ် လို့ဆိုပါတယ်။ ဒါကြောင့် စုဆောင်းခြင်း (လှုဒါန်းခြင်း) ဟာ ဒီဘဝမက၊ နောင်ဘဝအတွက်ပါ အလွန်အကျိုးထူးပါတယ်။
စုဆောင်းငွေကို တိုးပွားစေခြင်း
စင်ကာပူ-CPF ဘဏ်စနစ်-နိုင်ငံသား စုဆောင်းငွေ စနစ်ဟာ အခုကျင့်သုံးမှု နှစ်၅၀ ရှိသွားပြီဖြစ်ပါတယ်။ ၂၀၁၄မှာ စင်ကာပူဒေါ်လာ ၆၀၂ (US$ 490 billion) တိုးပွားလျှက်ရှိပါတယ်။ ဒီနည်းလမ်းကို အစ္စရေးလူမျိုး (ဂျူးလူမျိုး) များက သင်ပေး ခဲ့ပါတယ်။ ကမ္ဘာမှာ ဂျူးလူမျိုး ၁၃သန်းလောက်ရှိပြီး၊ အရှေ့အလယ်ပိုင်း အာရပ်လူဦးရေ သန်း၄၀၀ ကို အံတုပြီး၊ နေနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ဓါတ်နဲ့ ငွေစုဆောင်း၊ စီးပွား လုပ်တတ်တဲ့ စရိုက်တွေကို စင်ကာပူက အတုယူပါတယ်။ အမေရိကန်ဂျူးလူမျိုး နိုင်ငံရေး၊ စီးပွားရေး၊ ပညာတတ်များ ကလည်း အစ္စရေးကို ပံ့ပိုးပါတယ်။ 
စင်ကာပူနိုင်ငံ စတင်ချိန် ၁၉၆၃ခုမှာ ခေါင်းဆောင်လီကွမ်းယူက  အဂတိလိုက်စားမှုကို ပပျောက်စေခဲ့ပါတယ်။ နောက် CPF ဆိုတဲ့ လူတိုင်းကို ငွေစုဆောင်းစေပါတယ်။ အဲဒီငွေ ပမာဏဟာ မနည်းပါဘူး။ အောက်ပါ ဇယားကို စင်ကာပူအစိုးရ ဝက်ဆိုက်မှာ ပွင့်လင်း မြင်သာစွာ ဖေါ်ပြထားပါတယ်။ စင်ကာပူ နိုင်ငံရဲ့ အရံ ငွေကြေးကို GIC, Temasek, MAS ဆိုတဲ့ အစိုးရ အဖွဲ့စည်းသုံးခု Singapore Investment Corporation (GIC), Temasek Holdings (Temasek) and the Monetary Authority of Singapore (MAS) စီမံခန့်ခွဲပါတယ်။
ဒီဇယားမှာ MAS $304 billion, Temasek $198 billion , GIC $100 billion – စုစုပေါင်း စင်ကာပူဒေါ်လာ ဘီလျှံပေါင်း ၆၀၂ ($602 billion – ~US$ 500 billion) ရှိပါတယ်။ အလွန် များပြားလှတဲ့ ဒီ ငွေကြေးကို ပိုပြီး တိုးတက် များပြားစေဖို့ ရင်းနှီးမြှတ်နှံ၊ စီမံခန့်ခွဲပါတယ်။ စင်ကာပူ နိုင်ငံတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း၊ ပရိုဂျက်များနဲ့၊ နိုင်ငံတကာ ပရိုဂျက်တွေမှာ ရင်းနှီးမြှတ်နှံပါတယ်။ အများစု ဘီလျှံပေါင်းများစွာကို ကမ္ဘာကျော် စီးပွားရေးပါရဂူကြီးများကို ဒေါ်လာသန်းပေါင်းများစွာ လစာပေးပြီး ငှားပါတယ်။ အမြတ် ထွက်ရင် အချိုးကျ ဆုကြေး ပေးပါတယ်။
Role Model စံနမူနာပုဂ္ဂိုလ်နဲ့ နည်းပညာများ ဟိုးအဝေးကြီး ဂျာမဏီ၊ အမေရိကန်၊ ဂျပန် ..သွားကြည့်နေစရာမလိုပါဘူး။ အနီးနားလေးမှာပဲ ရှိနေပါတယ်ဗျာ…။
နိဂုံး
ဒီနည်းနဲ့ ကမ္ဘာ့ထိပ်တန်း ငွေကြေး ချန်ပီယံ များကို ခေါ်ပြီး စင်ကာပူ နိုင်ငံပိုင် အရံငွေကြေး Reserved Money တွေ တိုးတက်လာတာ အခုဘီလျံ ၆၀၀ကျော်နေပြီ ဖြစ်ပါတယ်။ အဲဒီ ငွေကြေးများရဲ့ အစဦးဆုံး ငွေကြေးများဟာ CPF ဘဏ်က စုဆောင်းငွေတွေ ဖြစ်ပါတယ်။ ဒီငွေကို အခွန်လို့မသတ်မှတ်ပါဘူး။  
(စကားချပ်။ စင်ကာပအခွန်ငွေ Tax per GDP က ၁၇% ပဲရှိပါတယ်။ မြန်မာ ၄% ကမ္ဘာ့အနည်းဆုံးဖြစ်ပါတယ်။ စင်ကာပူမှာ လစာ ဒေါ်လာ ၂၀၀၀ အောက်ကို အခွန်မကောက်ပဲ၊ ကုမ္ပဏီကြီးတွေကို အဓိကထားပြီး အခွန်ကောက်ပါတယ်)။ 
အဲဒီ အစိုးရရဲ့ နိုင်ငံတကာ ရင်းနှီးမြှတ်နှံမှု အဖွဲ့ကြီး ၃ခုက CPF ဘဏ်ကငွေကို ချေးယူပြီး အတိုး အများဆုံး ပေးပါတယ်။ ပြည်သူတွေကိုလဲ ကျေနပ်စရာ ပုဂ္ဂလိကဘဏ်အားလုံးထက် ပိုတဲ့၊ ဘဏ်တိုးပေးပြီး၊ လူထုကို ရှင်းတမ်းထုတ်ပြန်ပါတယ် (ပုံ)။  ပြီးတော့ အဲဒီငွေတွေကို နိုင်ငံတကာမှာ ပြန်ရင်းနှီးပါတယ်။ ဥပမာ အမေရိကန်နိုင်ငံ Bank of America မှာ ရင်းနှီးထားတဲ့ ဒေါ်လာ ဘီလျံ ၁၀၀ကျော်ကို တဖြေးဖြေး ထုတ်ယူပြီး Bank of China ကို ပြောင်းလဲ ရင်းနှီးတာမျိုးတွေ လုပ်ပါတယ်။
ဒီအဆင့်ကို ရောက်ဖို့ ငါနဲ့မဆိုင်ဘူး မနေသင့်ပါဘူး။ မဖြစ်နိုင်တာလဲ မဟုတ်ပါ။ အစိုးရမလုပ်နိုင်သေးလဲ ကိုယ့်မိသားစု၊ ကိုယ့်လုပ်ငန်း..တွေမှာကျင့်သုံးသူများ ပိုအောင်မြင်ပါတယ်။ Public Saving နည်းလမ်းနဲ့ ထိုင်း၊ တောင်ကိုးရီးယား၊ တိုင်ဝမ် တို့မှာ လုပ်သွားပြခဲ့ပါပြီ။ ဗီယက်နမ်လဲ လုပ်နေပါတယ်။ မြန်မာပြည်မှာ လုပ်နိုင်သူ၊ တတ်သိ ပညာရှင်များစွာ ရှိပါတယ်။
မြန်မာပြည်က တတိယ စက်မှုဇုံ SEZ ကျောက်ဖြူအတွက် မြန်မာအစိုးရက Singapore Consortium, GPC Consultant ကိုငှားရမ်း စာချုပ်ထားပါတယ်။ စင်ကာပူကပဲ နိုင်ငံတကာ ရင်းနှီးမြှတ်နှံမှု များကို တာဝန်ခံပြီး ခေါ်လာမှာ ဖြစ်ပါတယ်။ တိုင်းပြည် တည်ဆောက်ဖို့ လူအင်အား၊ သယံဇာတ၊ နည်းပညာ၊ ငွေအင်အား လေးမျိုးအထက်မှာ ယုံကြည်မှုရဖို့ဆိုတာ အရေးအကြီး ဆုံးဖြစ်ပါတယ်။ စင်ကာပူနိုင်ငံထံမှာ ငွေကြေး နည်းပညာများ မြန်မာအစိုးရ လိုချင်ပါတယ်။ စင်ကာပူ ကုမ္ပဏီများကလည်း ပေးနေပါတယ်။ ရအောင် ယူတတ်ဖို့ အဓိက အကျုဆုံးကတော့ Saving Attitude ချွေတာ စုဆောင်းတဲ့ စိတ်ဓါတ် ဖြစ်ပါတယ်။ မလိုအပ်ရင် မသုံးပါဘူး။
မြန်မာနိုင်ငံရဲ့ အလုပ်သမား ဝန်ကြီးဌာနက Social Security Fund ကိုအတည်ပြု ထားတဲ့အတွက် ဝန်ထမ်းများ၊ စုဆောင်းဖို့နည်းဥပဒေများ လုပ်ဆောင် နေပါတယ်။ သယံဇာတ ဘယ်လောက်ရှိပါစေ အစိုးရလူကြီးမင်းများ အဂတိလိုက်စားမှု နည်းပါးမှပဲ ပြည်သူလူထု ငွေစုဆောင်းစနစ် အောင်မြင်နိုင်မှာပါ။ သူဌေးကို ရွေးကောက်တင်မြှောက်လိုက်မိတဲ့ ထိုင်းနိုင်ငံရဲ့ ကံကြမ္မာဟာ စစ်တပ်ခေါင်းဆောင်များပေါ် မူတည်နေရှာပါတယ်။
 မြန်မာနိုင်ငံက ကုမ္ပဏီများ ဝန်ထမ်း ၅%၊ ကုမ္ပဏီ ၅% စုဆောင်း ပေးနိုင်ကြပါစေ။ မြန်မာအစိုးရလည်း CPF ငွေစုဘဏ်လို ဝန်ထမ်းများအတွက် စီမံကိန်း လုပ်နေပါတယ်။ လာမယ်-ကြာမယ် မဖြစ်ဖို့ လိုပါတယ်။ ပုဂ္ဂလိက ဘဏ်များက လူတော်လူကောင်း၊ ဘဏ်သူဌေးများ၊ ငွေကြေးပညာရှင် များကလည်း မြန်မာအစိုးရထံ ပူပေါင်း လုပ်ဆောင် နိုင်ကြပါစေ။  မြန်မာ့ပြည် ဝန်ထမ်း၊ အလုပ်သမားများ အတွက် အခြား အရှေ့တောင် အာရှနိုင်ငံများလို့ပဲ  စုဆောင်း ငွေအားဖြင့် ရှိစေလိုပါတယ်။ ဒုတိယ အဆင့် အနေနဲ့ တနိုင်ငံလုံးမှာ ဝန်ထမ်းများ အတွက် မြေကွက် ရောင်းပေးခြင်းနဲ့ နေစရာအိမ် ဆောက်ပြီး အရစ်ကျ ရောင်းပေးမဲ့ အချိန်ကို မျှော်လင့် စောင့်စား လျှက်ပါ။
.
ဇော်အောင်
.
Ref: 
http://moemaka.com/archives/38844

Friday, April 7, 2017

မြန်မာအမျိုးသမီးတက္ကစီဒရိုင်ဘာ (၃)ဦး၊ ရန်ကုန်၊ မလှ၊ ဒေါ်ဌေးဌေးဝင်း နဲ့ မမိုးမိုးလွင် (၂၀၁၇)



 ယောင်္ကျားတယောက်ယူထား ကြွေးမွေးထားတာတောင် တလပဲအတူနေပြီး ပျောက်သွားတာ ၂နှစ်ကျော်ပြီ။ ထပ်ယူချင်သေးတယ် လို့ နှလုံးသားမပါတဲ့ အသံနဲ့ဖြေရှာပါတယ်။ သူမ လိုလားတဲ့ ချစ်ခြင်းမေတ္တာကို မရရှိသေးတဲ့ အာဂအမျိုးသမီးပါ။
 .
အင်္ဂလိပ်စာသင်တန်း လာတက်တော့ မေးကြည့်တယ်။ What is your name, .. Yeah, my name is Ma Hla လို့ သွက်လက်စွာဖြေတယ်။ How old are you? – Yeah, I am 35 year old လို့ နဲနဲထစ်ပြီးဖြေတယ်။ ဗမာသံနဲ့ အင်္ဂလိပ်စကားပြောတာ မဆိုးပါဘူး။ အမေရိကားက တရုပ်၊ ကုလား၊ ကိုးရီးယားတွေ ကောင်းကောင်းနားလည်တဲ့ အင်္ဂလိပ်စကားကို တပတ်နဲ့ ပြောတတ်၊ ရေးတတ်နေတယ်။ Why you want to go America? – Yeah, I want to support my family. လို့ဖြေရှာတယ်။ Who are your family ? – Yeah, my.. family a.r.e my mother, my two elder brothers and my young sister. လို့ဖြေပြီး ဗမာလိုမေးတယ်… တူ၊ တူမ ၂ယောက်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ မေးတော့ တူ=nephew, တူမ=niece လို့ပြောပြတယ်။ ဗမာလိုပဲ ဆက်ပြောပါတယ်။ အစ်ကို အလုပ်မရှိ ကျပမ်းလုပ်တယ်။ မိန်းမကသေသွားတော့ တူ၊ တူမတွေလဲ ကြည့်ရှုရတယ် ပြောပါတယ်။
.
သူက ရန်ကုန်သူငယ်ချင်း အပျိုကြီးအိမ် ၂ယောက်ထဲနေပြီး၊ ရှပ်အင်္ကျီဝတ်၊ ဦးထုပ်ဆောင်းထားတော့ တောရုံလူ မိန်းမမှန်းမသိနိုင်ကြောင်း၊ ၂နှစ် တက္ကစီမောင်းတာ လုခံရတာမရှိကြောင်း၊ သိန်း၉၀နဲ့ တက္ကစီကားသေး ကိုယ်ပိုင်ဝယ်နိုင်မှ ဖြစ်မဲ့အကြောင်း၊ ပရိုဘောက်စ် တက္ကစီက အစိုးရအခွန်ကောက်လို့ သိန်း၁၅၀ ဈေးကြီးနေကြောင်း၊ ကားဝယ်ဖို့လုပ်တာ အိမ်ဝယ်လိုက်တော့ ပိုက်ဆံကုန်သွားကြောင်း၊ အခုတော့ တက္ကစီပိုင်ဖို့ မဟုတ်တော့ပဲ. . စိတ်ပြောင်းသွားပြီးး အမေရိကားအလုပ်သွားလုပ်ဖို့ ကြိုးစားနေကြောင်း၊ ဟိုမှာ ၅နှစ်လောက်လုပ် တလဒေါ်လာ၂ထောင်ရရင် တနှစ် အကြွေးဆပ်၊ ငွေစုပြီး မိသားစုတလ၃သိန်းထောက်ပံ့၊ ၅နှစ်ပြည့်ရင် ပြန်လာပြီး စီးပွားလုပ်ငန်းလုပ်ဖို့ သူ့အကြံပြောပြပါတယ်။
.
အခု တပတ် အင်္ဂလိပ်စာသင်တာ တရက်အလုံး၂၀ ကျက်လို့ အလုံးတရာ၊ စာကြောင်း၁၀၀ အလွတ်ရပြီ။ တလပြည့်ရင် အလုံး၅၀၀ တတ်တာနဲ့ ဗမာပြည်လာတဲ့ အမေရိကန်တွေနဲ့ စကားပြောနိုင်ပြီလို့ ဆရာက ပြောတယ်။ အရမ်းကျက်နေတယ် . . တဲ့။
.
မြန်မာမိန်းမတဦး စွန့်ဦးတီထွင်သူ ဖြစ်မလာနိုင် မပြောနိုင်ပါ။ တရုပ်ပြည်မှာ ယောင်္ကျားသေပြီး ငြှုတ်ဆီနဲ့ခေါက်ဆွဲပြုတ်ရောင်းတဲ့ စာတောင်မဖတ်၊ မရေးတတ်သူမဒမ်တဦး Tao Huabi ကဋေကြွယ်သူဌေးမဖြစ်နေတာ ကျနော်ဘာသာပြန် တမျက်နှာရေးဖူးပါတယ်။
.
မလှအောင် အောင်မြင်ပါစေ။
.
တရားမဝင် ခရီးသွားဗီဇာဖြင့် အလုပ်သွားလုပ်မည်ဖြစ်သောကြောင့် အမည်၊နေရပ်များကို လွဲရေးထားပါသည်။
.
.
ဓါတ်ပုံကတော့ ဖော်မပြနိုင်လို့ ဖော်ပြလို့ရတဲ့ နာမည်ကျော် အမျိုးသမီး တက္ကစီဒရိုင်ဘာ ဒေါ်ဌေးဌေးဝင်း ကိုပဲ ပြရပါတယ်။
Photo: Daw Htay Htay Win by Jacob Goldberg





စံနှုန်းတွေထဲက ဖောက်ထွက်သူ အမျိုးသမီးတက္ကစီဆရာမလေး
(မိုးမခ) ဧပြီ ၅၊ ၂၀၁၇
■ လူမှုပုံစံသတ်မှတ်ချက်တွေထဲက ဖောက်ထွက် အောင်မြင်လာသော အမျိုးသမီးငယ်လေး 
အမျိုးသမီးလို့ဆိုလိုက်တာနဲ့ အားနွဲ့သူ၊ ယောကျာ်းတွေလုပ်တဲ့ အလုပ်တွေနဲ့ဘယ်လိုမှ မအပ်စပ် နိုင်သူတွေရယ်လို့ လူမှုဝန်းကျင်က ပုံစံတကျသတ်မှတ်ထားတတ်ကြပါတယ်။ ဒီလိုသတ်မှတ် ယူဆထား ခြင်းဟာ လူ့စွမ်းအားအရင်းအမြစ်တွေထဲက တခုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းအားကို ဆုံးရှုံးစေတဲ့ အကြောင်းတွေထဲက တခုပဲဖြစ် ပါတယ်။ ဒီလိုအမျိုးသမီးတွေကို အားနွဲ့သူတွေရယ်လို့ ထင်မြင်ယူဆ ချက်တွေဟာ လက်တွေ့မှာ အမှန် တကယ်မှားယွင်းနေတယ်ဆိုတာကို သက်သေပြနေသူ တယောက်ရှိပါ တယ်။ သူကတော့ အငှားယာဉ် မောင်းသူ အမျိုးသမီးငယ်လေး မမိုးမိုးလွင်ပဲဖြစ်ပါတယ်။
မမိုးမိုးလွင်ဟာ လူနေထူထပ် လွန်းလှတဲ့ ရန်ကုန်မြို့ကြီးကို မော် လမြိုင်ဆိုတဲ့ နယ်မြို့လေးကနေ ၂၀ဝ၄ခုနှစ်က ရွှေ့ပြောင်းနေထိုင်ခဲ့ သူတယောက်ပါ။ သူဟာ ရန်ကုန် မြို့ကြီးကို စရောက်တဲ့အချိန်မှာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိသေးဘဲ ဖြစ်နေခဲ့ပါတယ်။ နယ်ကနေ ရန်ကုန်ကို လာကြတဲ့ အခြားသူတွေလိုပဲ သူဟာလည်း ရန်ကုန်မြို့မှာရှိတဲ့ သင်တန်းတွေကိုသာ တခုပြီးတခု တက်ရင်း တဖက်မှာလည်း အလုပ် တခုခုရနိုင်ဖို့ ရှာဖွေနေခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ သူဟာ သူများနဲ့မတူ ထူးခြားစွာပဲ တက်ခဲ့တဲ့သင်တန်း တခုကတော့ ကားမောင်းသင်တန်းပဲ ဖြစ်ပါတယ်။ သူဟာ ကားမောင်း သင်တန်းကို တက်ပြီးတဲ့နောက်မှာ တော့ ကုမ္ပဏီတခုမှာ ယဉ်မောင်း သူ တယောက်အဖြစ်ဝင်ရောက် လုပ်ကိုင်ရာကနေ အဆင့်ဆင့်ကြိုး စားမှုကြောင့် Marketing Manage  အဆင့် အထိ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင်သူဟာ နိုင်ငံခြားသားတွေ အတွက် ခရီးသွားကုမ္ပဏီတွေရဲ့ ကားတွေကိုပါ မောင်းနှင်တဲ့အလုပ်ကို ပြောင်းလဲ လုပ်ကိုင်ခဲ့ပါတယ်။ အား လပ်ချိန်ဆိုတာ မရှိသလောက်နည်း ပါးလှတဲ့ အလုပ်တွေကို ညည်းငွေ့ လာတဲ့ မမိုးမိုးလွင်ဟာ ၂၀၁၂ခုနှစ် ရောက်တဲ့အခါမှာတော့ အငှားယာဉ် မောင်း တယောက်အဖြစ် လုပ် ကိုင်ဖို့ကို ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။
အငှားယာဉ်မောင်းသမားအနေ နဲ့ လုပ်ကိုင်ဖို့ မမိုးမိုးလွင်ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်ဟာ လွန်ခဲ့တဲ့ ၅နှစ်ကြာကာလကဖြစ်တာကြောင့် အငှားယာဉ်လောကမှာ အမျိုးသမီးယာဉ်မောင်းဆိုတာ မရှိ သေးတဲ့ကာလလို့ပြောရမှာပါ။ ဒီလိုကာလမှာ ဒီလိုဆုံးဖြတ်ချက်ချ လိုက်တာဟာ သူ့အတွက်တော့ စွန့်စားမှုတခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့လက်ထဲမှာ ကိုယ်ပိုင်အငှားယာဉ်ရယ်လို့ မရှိခဲ့သေးပါဘူး။ ဒါကြောင့် သူမဟာ သူငယ်ချင်းဖြစ်သူရဲ့ အငှားယာဉ်ကို ငှားရမ်းပြီး မောင်းနှင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ငယ်ရွယ်နုနယ်တဲ့ သူမအဖို့ ယောကျာ်းတွေကြီးစိုးရာ အငှားယာဉ် မောင်းနယ်ပယ်မှာ အခြေချလုပ် ကိုင်ဖို့ဆိုတာဟာ စိန်ခေါ်မှုတွေ အပြည့်နဲ့ပါ။ ပထမဆုံးစိန်ခေါ်မှု ကတော့ လူမှုဝန်းကျင်ပါပဲ။အမျိုး သမီးယာဉ်မောင်းတယောက် မောင်းနှင်တဲ့ အငှားကားကို စီးကြတဲ့ အငှားယာဉ်စီးသူတွေမှာ ပုံစံပေါင်းစုံ စရိုက်ပေါင်းစုံတွေရှိနေကြပါတယ်။ အထူးသဖြင့် မိန်းကလေးဖြစ်နေတဲ့ အတွက် အထင်အမြင်သေးမှုတွေပဲ ဖြစ်ပါတယ်။
သူမောင်းတဲ့ကားကိုတားပြီး မစီးတာဟာ များသောအားဖြင့် ယောကျာ်းလေးတွေဖြစ်ကြောင်း၊ သူတို့က သူ့ကိုပြန်ကြောက်နေကြတဲ့ပုံစံမျိုးတွေပြကြကြောင်း မမိုးမိုးလွင်က သူ့ရဲ့အငှားယာဉ်မောင်း သမားဘဝ အစက တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။
တချို့အမျိုးသားတွေဆိုရင် ကားကို တားပြီး မစီးတဲ့အပြင် ခါးခါးသီးသီး မောင်းထုတ်တာကိုပင် သူဟာခံခဲ့ ရပါသေးတယ်။ “ဒီအလုပ် လုပ် တယ်ဆိုတာ ကိုယ့်ကိုယ်ကို အများကြီး စတေးပြီးလုပ်ရတာ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ဒါပေမဲ့ ခွေးမောင်း နွားမောင်းသလို မောင်းထုတ်ခံရတော့ စိတ်ထဲ မကောင်းဖြစ်မိတယ်” လို့ မမိုးမိုးလွင်က ဆိုပါတယ်။
ဒါပေမဲ့ မမိုးမိုးလွင်ဟာ စိတ်ဓာတ် မကျခဲ့သလို သူ့ကိုယ်သူ ယုံကြည်မှုရှိရှိ နဲ့ သူမောင်းတဲ့အငှားယာဉ်ကို မစီး ရဲကြတဲ့ ခရီးသည်တွေကို သူ့ကို စိတ်ချယုံကြည်စွာနဲ့ စီးချင်လာအောင် စိတ်ရှည်လက်ရှည် ပြောပြခဲ့ပါသတဲ့။
မမိုးမိုးလွင်ဟာ သူ့ရဲ့အငှားယာဉ် မောင်းသမားဘဝမှာ ခရီးသည်တွေရဲ့ စိုးရိမ်စိတ်နဲ့ မယုံကြည်မှုတွေကို ခံစားခဲ့ရရုံသာမက ပါဘူး၊ ဘဝတူ အငှားယာဉ်မောင်း အမျိုးသားတချို့ ရဲ့ အထင်မြင်သေးမှု၊ သွေးတိုးစမ်း နှိမ့်ချလိုမှုတွေကိုလည်း ကြုံခဲ့ရပါတယ်။ တက္ကစီကိုမောင်းလာတာ မိန်းကလေးမှန်းသိလို့ ဘဝတူ အမျိုး သားအငှားယာဉ်မောင်းသူတွေက ဆရာလုပ်ကာ ကြောကြောမောမောနဲ့ ဆက်ဆံချင်သူတွေရှိသလို၊ မိန်းကလေးက မိန်းကလေးလိုမနေသူ အနေအထိုင်မတတ်သူလို့ထင်မြင်ကာ နှိမ့်ချတဲ့အကြည့်နဲ့ကြည့်တဲ့ သူတွေနဲ့လည်း သူဟာကြုံတွေ့ခဲ့ရ ပါတယ်။ ကားမောင်းနေစဉ်မှာတောင် မိန်းကလေးဖြစ်နေတဲ့ အတွက် အနိုင်ကျင့်ချင်လိုသူတွေ၊ ဆဲဆိုရန်စချင်သူတွေကို ကိုယ်မောင်းနေတဲ့လမ်းကြောင်းကို မှန်မှန်ကန်ကန် မောင်းပြပြီးတည်ငြိမ် စွာနဲ့တုံ့ပြန်မှုတွေကိုသာ သူဟာ ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားအငှားယာဉ်မောင်း တွေကိုတောင် အငှားယာဉ်စီးသူတွေ လိုဟန်ဆောင်ပြီး ငွေလုယူ၊ လူသတ် စတာတွေလုပ် တာကို ခံနေရချိန်မှာ မိန်းကလေးအငှားယာဉ်မောင်းတ ယောက်ဖြစ်တဲ့ မမိုးမိုးလွင်အတွက်တော့ ဘယ်လိုခရီးသည်မျိုးကို ကား ပေါ်တင်မယ်ဆိုတာကို စက္ကန့်ပိုင်း အတွင်းမှန်ကန်စွာ ဆုံးဖြတ်ချက် ချနိုင်ဖို့ဆိုတာဟာလည်း သူမလုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် သူမကြုံနေရတဲ့ စိန်ခေါ်မှုတွေထဲကတခုဖြစ်ပါတယ်။

“ညီမကားထဲမှာ ဘာမှမဆောင်ထားဘူး။ ကိုယ့်ကိုရန်ပြုလာမယ့်သူတွေကို တုံ့ပြန်ဖို့ ညီမမှာဘာမှမရှိဘူး။ တခုပဲ ညီမကား ကိုငှားစီးတဲ့လူတွေကို စေတနာထားပြီး မောင်းပို့ပေးမယ်” လို့ သူ့အတွက် လုပ်ငန်းခွင်က ပေးတဲ့စိန်ခေါ်မှုအပေါ် ထားတဲ့ သူ့ သဘောထားကို ပြောပြပါတယ်။

အမျိုးသမီးအငှားယာဉ်မောင်း တယောက်ဖြစ်တဲ့ သူ့အတွက် ဒီလိုစိန်ခေါ်မှုတွေလည်းရှိသလို၊ သာမန်အမျိုးသမီးတွေမလုပ်နိုင်တဲ့အလုပ်ကို လုပ်ကိုင်နေတဲ့သူ တယောက်အဖြစ် လေးစားအားကျတဲ့ သူတွေလည်းရှိတယ်လို့ သူကပြောပါတယ်။ သူဟာ ဘဝမှာအငှား ယာဉ်မောင်းသမားအဖြစ် ဖြတ် သန်းရမယ်လို့ တွေးထားတာမျိုးမရှိ ခဲ့ပေမယ့်လည်း သူရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ချထားခဲ့သူ လည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း သူဟာ သူငယ်ချင်းဖြစ်သူရဲ့ အငှားကားကို မောင်းနေရတဲ့သူတယောက်အဖြစ် ကနေ ကိုယ်ပိုင်အငှားကားတစီး ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဆုံးဖြတ်ချက် ချကာကြိုးစားခဲ့ပါတယ်။ ကိုယ်ပိုင် အငှားယာဉ်တစီးကို ပိုင်ဆိုင်နိုင် ဖို့အတွက် နေ့စဉ်ကားမောင်းလို့ရတဲ့ ဝင်ငွေထဲက ဖြည်းဖြည်းချင်း ဖဲ့ပြီး စုတာဟာလည်း သူ့ရဲ့အသက်မွေး ဝမ်းကျောင်းမှုအပေါ်ထားတဲ့ ယုံကြည်ချက် ပြင်းပြမှုတွေကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

အမျိုးသားအငှားယာဉ်မောင်းတွေအတွက်တောင် နေပူမရှောင်၊ မိုးရွာမရှောင် ကားမောင်းရတဲ့အလုပ် ဟာ စားဝတ်နေရေးအတွက်လောက်ငတယ် ဆိုရုံသာရှိတယ်လို့ ညည်းတွားနေကြတဲ့အချိန်မှာ မမိုးမိုးလွင်ကတော့ သူနေ့စဉ်ကားမောင်းလို့ရတဲ့ ဝင်ငွေထဲကနေ စားဝတ်နေရေးအတွက် သာမက၊ ကိုယ်ပိုင်အငှားကား တစီးပိုင်ဆိုင်နိုင်ရေးအတွက် လိုအပ်တဲ့ပိုက်ဆံရအောင် ကြိုးစားရှားဖွေရ တာဟာလည်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

“အငှားယာဉ်မောင်း တော် တော်များများက အဆင်မပြေဘူး ညည်းကြတယ်။ တကယ်တော့ သူ တို့ကိုသွားကြည့် သူတို့အချိန်ဖြုန်း တာ တော်တော်များတယ်။ ညီမကတော့ စဉ်းစားတယ် ငါမောင်းရင် ဒီလောက် Target ရမှပြန်မယ်၊ ရ အောင်ငါ မောင်းမယ်ဆိုပြီးမောင်းတယ်။ အဲ့လိုမောင်းတော့ တနေ့ကို လေးသောင်းဆိုလည်းရတယ်။ ငါးသောင်း၊ ခြောက်သောင်းဆိုလည်း ရတယ်။ ညီမ အချိန်မဖြုန်းဘဲ တကယ်မောင်းတယ်” လို့ သူရဲ့ ရည်မှန်းချက်အတွက် သူကြိုးစား လုပ်ဆောင်ခဲ့ပုံကို ပြောပြပါတယ်။
သူများကားကို ငှားမောင်းရ တဲ့အတွက် အခြားအမျိုးသမီးတွေ လို လှလှပပလေးနဲ့ နေချင်တဲ့ သူ့ ရဲ့ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးခဲ့ရုံ သာမက ကားငှားခအဖြစ် ပိုင်ရှင်ကို နေ့စဉ်ပေးနိုင်ဖို့နဲ့ ကားပြင်ဆင်စရိတ် တွေဟာလည်း သူမရဲ့အိပ်မက်ဖြစ်တဲ့ ကိုယ်ပိုင်းအငှားယာဉ်တစီး ဝယ် နိုင်ရေးဆိုတာကို အကောင်အထည် ဖော်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေပါပဲ။

“ညီမကအရင်က Gas ကားမောင်း တယ်။ တလကို ၅သိန်း၊ တရက်ကို ၁၇,ဝ၀ဝ ပေးရတယ်။ ဒီတော့ ညီမ စုဖို့အတွက်ရယ် Owner ကြေးရယ် အတွက် ၁၇,ဝ၀ဝ အပေါင်း ၁၀,ဝ၀ဝ ရှာရတယ်။ သုံးစွဲတာက အဲ့ဒီထဲက ပိုတာကိုပဲ ညီမသုံးတယ်” လို့ သူ့ရဲ့ အိပ်မက်တခုကို အကောင်အထည် ဖော်နိုင်ဖို့အတွက် သူ့ရဲ့ လုပ်ဆောင် ချက်တွေကို ပကတိရိုးသားတဲ့အင်အားတွေနဲ့ ပြောပြပါတယ်။
ဒီလိုရိုးရိုးသားသားနဲ့ ကြိုးစား ရှာဖွေနေတဲ့ မမိုးမိုးလွင်အတွက် စိတ်ဓာတ်ကျရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါကတော့ ခရီးသည် အရနည်းတဲ့ရက်တွေပါပဲ။ဒါပေမဲ့ လည်း သူဟာဇွဲမလျှော့ဘဲ သူရည် မှန်းထားတဲ့အရာကို ရဖို့ကြိုးစားခဲ့ပါတယ်။

၃နှစ်တာကာလကြာအောင် နေ့စဉ်ရက်ဆက်စုဆောင်းခဲ့ပြီးတဲ့အချိန်မှာတော့ မမိုးမိုးလွင်ဟာ သူ ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်း ကျောင်းမှုမှာ သူမက်ခဲ့တဲ့ အိပ်မက် ဖြစ်တဲ့ ကိုယ်ပိုင် အငှားယာဉ်တစီး ကို ပိုင်ဆိုင်နိုင်ခဲ့ပါတော့တယ်။

အခုအချိန်မှာတော့ တက္ကစီ မောင်းတယ်ဆိုတာ ယောကျာ်းတွေ သာ လုပ်နိုင်တာပါဆိုတဲ့ လူမှုပုံစံ သတ်မှတ်ချက်တွေကိုကျော်လွန်ပြီး၊ သူများကားကို အငှားမောင်းရတဲ့သူ ဘဝကနေ ကိုယ်ပိုင်ယာဉ်ကို မောင်း နိုင်တဲ့ အငှားကားမောင်းသူ တယောက်ဖြစ်အောင် လက်တွေ့ကြိုးစားလုပ်ဆောင်ခဲ့တဲ့ မမိုးမိုးလွင်ရဲ့ ပြောတဲ့စကားကတော့ “မကြောက်ပါနဲ့။ အားမငယ်ပါနဲ့။ လုပ်ရင်ဖြစ်တယ်” ဆိုတာပါပဲ။
ခင်စန္ဒာမြင့်
Education Digest အပတ်စဉ်ထုတ် ဂျာနယ်မှာ မူလဖော်ပြခဲ့ပါသည်။