Tuesday, June 27, 2017

၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ


ဖားကန့် ကချင်ပြည်နယ်၊ ဇွန် ၁၈
၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ခုံအမှတ် ကဖတ-၉ဝ၆ ဖြင့် ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကာ ဝိဇ္ဇာဘာသာတွဲ၌ တစ်နိုင်ငံလုံးတွင် ပထမရရှိသူ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မှ မောင်မင်းသက်ခိုင်အား ကြေးမုံမှ ဆက်သွယ်မေးမြန်းခဲ့သည်။
မောင်မင်းသက်ခိုင်က ''ကျွန်တော်က ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ အုပ်စု တာမခန်ကျေးရွာမှာရှိတဲ့ အထက(တာမခန်)မှာကျောင်းတက်တာပါ။ ဝိဇ္ဇာ ဘာသာရပ်မှာ အမှတ်ပေါင်း ၅ဝ၄ မှတ်နဲ့ပထမရတဲ့အတွက် ဝမ်းသာပါ တယ်။ ကျွန်တော်က နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) တက်ဖို့ ရည်ရွယ် ထား ပါတယ်။
''ကျွန်တော်ကအဖေမရှိပါဘူး။ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲ အားပေး စကားပြောခဲ့ပါတယ်။ အမေ့ရဲ့ တိုက်တွန်းမှုတွေနဲ့ ဆရာ ဆရာမတွေ ရဲ့ အားပေးမှု၊ စေတနာအပြည့်နဲ့ သင်ကြားပေးမှုတွေကြောင့် ကျွန်တော်အခုလို အောင်မြင်မှုတွေရတာပါ။ ဆရာ ဆရာမတွေက အသင်အပြ လည်းကောင်းပါတယ်။
''အခုလိုဖြစ်ဖို့ ကျွန်တော်အထူးပဲကြိုးစားခဲ့ပါတယ်။ တစ်ရက်စာတစ်ရက် ကြိုးစား ကျက်မှတ်ပါတယ်။ သင်္ချာ၊ အင်္ဂလိပ်မေးခွန်းဟောင်းတွေလည်း အမြဲလေ့ကျင့် ပါတယ်။ တစ်ပတ်စာတစ်ပတ်လည်း ပြန်နွှေးပါတယ်။ တစ်လ ပြည့်သွားရင် အစအဆုံး ပြန်လုပ်ပါတယ်။ အခု ၁ဝ တန်းဖြေမယ့် ညီငယ်၊ ညီမငယ်လေးတွေ လည်း စနစ်တကျနဲ့ ပုံမှန်ကြိုးစားသွားရင် ဖြစ်ချင်တာဖြစ် ကိုဖြစ်မှာပါ''ဟု ပြောသည်။
မိခင်ဖြစ်သူ ဒေါ်သူဇာမြင့်က ''ဒီလိုကြီး တကယ်ထူးချွန်သွားမယ်လို့ ထင် မထား ခဲ့တော့ ဘာပြောရမှန်းကို မသိအောင် ဝမ်းသာနေတာ။ အဲလောက်ကြီး လည်း မှန်းမထားမိဘူး။ နည်းနည်းပဲမှန်းထားတာလေ။ အခက်အခဲတွေတော့ရှိတာပေါ့။
ကျွန်မကဈေးရောင်းပြီးသူတို့ကိုဖြစ်အောင်ကျောင်း ထားတာ။ သူတို့က ညီအစ် ကို နှစ်ယောက်လေ။ သူကအကြီးဆုံး။ သူတို့အဖေ က လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက် ကတည်းကဆုံးသွားတာ။ ရှေ့ဆက်ပြီး ဘာလုပ် ပေးရမယ်ဆို တာကတော့ အခြေအနေအရ သူလုပ်ချင်တာလုပ်ပေးမှာပါ''ဟု ဖြေကြားခဲ့ သည်။
(သီသီမင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
.
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
တစ်နိုင်ငံလုံးတွင် ဂုဏ်ထူးရှင် မျက်မမြင်ကျောင်းသားလေးဦး ပေါ်ထွက်
7Days News Byဆုဆက်On
 ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ ခ၀ဲခြံမျက်မမြင်ကျောင်း၊ ပြင်ဦး လွင် မျက်မမြင်ကျောင်းနှင့် စစ် ကိုင်း မျက်မမြင်ကျောင်းများမှ မျက်မမြင် ကျောင်းသား၊ ကျောင်း သူ ၁၀ ဦး အောင်မြင်ပြီး ဂုဏ်ထူး ရကျောင်းသား လေးဦးရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးကြည့်‌ မြင်တိုင် မျက်မမြင်‌‌ကျောင်းမှ မျက်မမြင်ကျောင်းသား၊‌ ကျောင်းသူ ရှစ်ဦးဖြေဆိုခဲ့ရာ ငါးဦး‌အောင်‌မြင်ပြီး နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦး ထွက်ပေါ်ခဲ့သည်။
ခ၀ဲခြံ မျက်မမြင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး ဖြေဆိုရာ သုံးဦးအောင်မြင်ပြီးတစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ပေါ်ခဲ့သည်။ ပြင်ဦးလွင် မျက်မမြင် ကျောင်းနှင့် စစ်ကိုင်းမျက်မမြင် ကျောင်းတို့မှလည်း နှစ်ဦးအောင် မြင်ခဲ့ရာ တစ်နိုင်ငံလုံးတွင် ၁၀ ဦး အောင်မြင်ခဲ့ခြင်းဖြစ်သည်။
‘‘တစ်နိုင်ငံလုံးမှာ ၁၀ ဦး အောင်တယ်လို့ သိရပါတယ်။ ကျောင်းကတော့ ငါးဦးအောင် တယ်။ ဂုဏ်ထူးတွေလည်း ပါကြ တော့ အတော်ဝမ်းသာပါတယ်။ အရင် ၂၀၁၅ ခုနှစ်ကလည်း သုံး ဘာသာ တစ်ဦးရဖူးတယ်’’ ဟု ကြည့်မြင်တိုင် မျက်မမြင်ကျောင်း မှ ပညာရေးတာဝန်ခံ ဆရာစိန်ဘ ထွေးက ပြောသည်။
၂၀၁၇ တက္ကသိုလ်ဝင်စာ မေးပွဲတွင် မျက်မမြင်ကျောင်းသား ၂၄ ဦး၊ ဆွံ့အနားမကြားကျောင်း သား ရှစ်ဦး၊ ကိုယ်လက်အင်္ဂါမသန် စွမ်းကျောင်းသား ၁၀၁ ဦး ဖြေဆို ခဲ့သည်။
မျက်မမြင် ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲ ဖြေဆိုရာတွင် နှုတ်က အဖြေများ ကိုခေါ်ပေး၍ ၎င်းခေါ်သမျှကို အကူတစ်ဦးက လက်ဖြင့်လိုက်ရေး ပေးပြီး ဖြေဆိုရခြင်းဖြစ်သည်။
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
၂၀၁၇ အတွက် ပညာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက် (www.myanmarexam.com)၌ တစ်နိုင်ငံလုံး အောင်စာရင်းများ ဝင်ရောက် ကြည့်ရှုနိုင်သည်။ ဖြေဆိုသူ ၇၁၆,၂၁၆ ဦးရှိခဲ့သည်။
Another Link..
http://www.moe.gov.mm/?q=exam-result-2017
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
အမျိုးသားပညာရေး မဟာဗြူဟာစီမံကိန်း စာအုပ်များလင့်...
မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ
http://www.moe.gov.mm/?q=nesp-2016-2021


သိပ္ပံဘာသာတွဲ တစ်နိုင်ငံလုံးအမှတ်အများဆုံး မောင်သုတရဲမိုးနှင့်တွေ့ဆုံခြင်း
မောင်သုတရဲမိုး
၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၇ ရက် တွင်ထုတ်ပြန်ရာ ဖြေဆိုသူ ၇၁၆,၁၈၈ ဦး၌ အောင်မြင်သူ၂၄၂,၇၃၆ ဦးရှိပြီး အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။ ဂုဏ်ထူးရှင် ၂၈,၆၁၂ ဦး ပေါ်ထွက်ခဲ့ပြီး ၎င်းတို့အနက် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံ လုံး အမှတ်အများဆုံးအဖြစ် ၅၅၅မှတ်ဖြင့် အထက (၂) ရန်ကင်းမြို့နယ်မှ ခြောက်ဘာသာဂုဏ်ထူးရှင် မောင်သုတရဲမိုးက ရရှိခဲ့သည်။ တစ်ဘာသာလျှင် ပျမ်းမျှရမှတ် ၉၂ ဒသမ ၅ မှတ်နှုန်း ရရှိခဲ့သော အသက် (၁၆)နှစ်ကျော်အ ရွယ်ကျောင်းသား မောင်သုတ ရဲမိုး၏ ကြိုးစားအားထုတ်မှုကို တွေ့ဆုံမေးမြန်း၍ ရေးသားဖော် ပြလိုက်ပါသည်။
တစ်နိုင်ငံလုံး ပထမဆိုတာ ဘယ် လိုသိခဲ့ပါသလဲ။ အောင်စာရင်း ကို ကိုယ်တိုင်ကြည့်ဖြစ်ခဲ့တာ လား။
ပညာရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ နာမည်တွေ့ခဲ့ တာပါ။ ပြီးတော့ ကျောင်းမှာ လည်း လာကြည့်တယ်။ Top Ten မှာ ပါတယ်ဆိုတာကတော့ ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ရင်း တွေ့တာပါ။
အခုလို မြန်မာတစ်နိုင်ငံလုံး အ မှတ်အများဆုံးရအောင် တစ်နှစ် လုံး ဘယ်လိုမျိုးကြိုးစားအားထုတ် ခဲ့ရသလဲဆိုတာ ပြောပြပေးပါဦး။
တစ်နေ့ကို အိပ်ချိန် အနည်း ဆုံး ခြောက်နာရီရအောင် အိပ် တယ်။ အိပ်ချိန်နဲ့ စာကျက်ချိန်မျှ အောင် ဂရုစိုက်ရတယ်။ စာကို အကြွေးမထားဘူး။ တစ်နေ့စာ တစ်နေ့ ပုံမှန်အမြဲတမ်းကျက် တယ်။ ၂၀၀၁ ကစပြီး ၂၀၁၆ အထိ မေးခွန်းဟောင်းတွေကို လေ့လာတယ်။ အလွတ်ကျက်ရမယ့် ဟာတွေ ကျက်တယ်။ ဖတ်စာ အုပ်ထဲက ဘယ်အခန်းကိုမှ မလွတ်ဘဲ ဖတ်မှတ်လေ့လာ တယ်။ စာစီစာကုံးနဲ့ အက်ဆေး ကို တစ်ပတ်ကို နှစ်ပုဒ်လောက် ရေးဖြစ်တယ်။ စာကို မှတ်မိ အောင် ခဏခဏပြန်နွှေးဖြစ်ပါ တယ်။ ဘာသာရပ်အားလုံးကို တစ်ခုမှ မလစ်ဟင်းစေဘဲ အမှတ် များများ သယ်နိုင်အောင် လေ့ ကျင့်ပါတယ်။
ကျောင်းချိန်နဲ့ ကျူရှင်အချိန်ကို ဘယ်လိုမျှအောင် လုပ်ခဲ့လဲ။ ဝန်ပိတာမျိုးရှိခဲ့လား။
ကျောင်းက နှစ်ချိန်ကျောင်း ဆိုတော့ မနက် ၇ နာရီကနေ ၁၂ နာရီအထိ ကျောင်းပုံမှန်တက် တယ်။ ၁၂ နာရီခွဲကနေ ၃ နာရီ လောက်အထိတက်ပြီး ၈ နာရီ လောက်ကနေ ၁၂ နာရီ၊ ၁ နာရီ လောက်အထိ ကျက်တယ်။ အ ရမ်းဝန်ပိတာမျိုးဖြစ်ဖူးတယ်။ အဲ ဒီအချိန်တော့ ကျောင်းရော၊ ကျူ ရှင်ရော ဘယ်မှမသွားဘဲ နားလိုက်တယ်။
အခုလိုမျိုး အမှတ်အများဆုံးရဖို့ မျှော်လင့်ထားခဲ့လား။ ဘယ်လိုခံ ယူချက်နဲ့ ကြိုးစားခဲ့လဲ။
အစကတော့ မမျှော်လင့် ဘူး။ ကိုယ့်ဘက်က အကောင်းဆုံး လုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲ တစ်နှစ် လုံး ကြိုးစားခဲ့တယ်။ စာမေးပွဲဖြေ ပြီးတဲ့အချိန်မှာ အရမ်းဖြေနိုင်ခဲ့ တော့ Top Ten ဝင်ဖို့ပါ မျှော်လင့် ခဲ့တယ်။ နံပါတ် (၁)ဖြစ်လိမ့်မယ် လို့တော့ မထင်မိဘူး။
ဘာသာရပ်တွေကို ဘယ်လိုပုံစံ မျိုး ကျက်မှတ်လေ့လာခဲ့လဲ။ ဘာ သာရပ်တစ်ခုချင်းစီအလိုက် ဘယ်လိုပုံစံမျိုး လေ့ကျင့်ခဲ့လဲ။
Time Table မထားပါဘူး။ ဂိုက်မထားပါဘူး။ ကိုယ်ကျက်ချင် တဲ့ ဘာသာရပ်ကို ကျက်တာပါ။ ကျူရှင်ကစစ်တဲ့ စာမေးပွဲတွေ ရော၊ ကျောင်းကစစ်တဲ့ စာမေးပွဲ တွေရော အကုန်လုံးကို လေးလေး စားစားဖြေတယ်။ သေသေချာချာ ပြင်ဆင်ပါတယ်။ စာမေးပွဲလေး တွေက အမှားတွေကို နမူနာယူပြီး စာမေးပွဲကြီးမှာ အမှားနည်းသည် ထက်နည်းအောင် ပြင်ဆင်ပါ တယ်။
အားလပ်ချိန်တွေကိုကော ဘယ် လိုအသုံးချလေ့ရှိလဲ။
အားလပ်ချိန်တွေမှာတော့ စာဖတ်တာများတယ်။ ပြီးတော့ တီဗီအစီအစဉ်တွေကလာတဲ့ ပြိုင်ပွဲတွေကြည့်တာ သဘောကျ တယ်။ Discovery အစီအစဉ်တွေ လည်း အကြည့်များတယ်။ ဆယ် တန်းနှစ်မှာတော့ ဖေ့စ်ဘွတ်ခ် မသုံးဘူး။ ဘောလုံးကန်တာတို့လို အားကစားမလုပ်ပေမယ့် အိမ်က ညီမရဲ့ လမ်းလျှောက်စက်မှာ ပြေး တာတို့၊ လမ်းလျှောက်တာတို့ လုပ်တယ်။
မိဘတွေကကော ဘယ်လိုပံ့ပိုး ပေးခဲ့လဲ။
မိဘတွေက ပံ့ပိုးကူညီမှု အ များဆုံးပေးခဲ့ပါတယ်။ ဖေဖေနဲ့ မေမေ နှစ်ယောက်စလုံးက ဂရု စိုက်တယ်။ မေမေကတော့ မြန်မာစာနဲ့ အင်္ဂလိပ်စာကို ဂိုက်လုပ်ပေး ပါတယ်။ အစားအသောက်၊ အ နေအထိုင်အားလုံး ဂရုစိုက်ပေး ပါတယ်။
ငယ်ငယ်ကတည်းကနေ အခုထိ ဘယ်လိုထူးချွန်ဆုတွေရခဲ့လဲ။
ဟုတ်ကဲ့။ အတန်းစဉ်ဆုတွေ တော့ ရပါတယ်။ အစိုးရကပေးတဲ့ အထက်တန်းပညာသင်ဆုကို ကိုးတန်းကနေ ၁၀ တန်းအထိ ရခဲ့ပါတယ်။ Horizon ကလုပ်တဲ့ သင်္ချာပြိုင်ပွဲတွေမှာလည်း တတိ ယဆုနှစ်ကြိမ်ရဖူးပါတယ်။ အာဆီယံနိုင်ငံ သင်္ချာပြိုင်ပွဲမှာ ၂ နှစ် ဆက်တိုက် ရွှေတံဆိပ်ရထားပါ တယ်။ လူရည်ချွန်က ခရိုင်အဆင့် အထိ အရွေးခံရဖူးတယ်။ သင်္ချာ အိုလံပစ်ပြိုင်ပွဲ တိုင်းအဆင့်အထိ ပါခဲ့ဖူးပါတယ်။ ကျွန်တော်က သင်္ချာကို ဝါသနာပါတော့ ငယ် ငယ်ကတည်းက အပြင်စာအုပ် တွေ ဝယ်လေ့လာတယ်။ တွက် တယ်။
စိတ်ဓာတ်ကျတဲ့အချိန်ကော ရှိခဲ့ ဖူးလား။
ရှိဖူးတယ်။ စာမေးပွဲတစ်ခု မှာ ဓာတုဗေဒ အမှတ်အရမ်းနည်း သွားတော့ တော်တော်စိတ်ဓာတ် ကျသွားတယ်။ ငါအကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်အား တင်းပြီး ကြိုးစားခဲ့ပါတယ်။
အခုလိုမျိုး တစ်နိုင်ငံလုံး အမှတ် အများဆုံးနဲ့ ပထမရတော့ ဘယ် လိုခံစားရလဲ။
အရမ်းအံ့ဩပြီးတော့ ဝမ်း လည်းသာရပါတယ်။
ဘယ်တက္ကသိုလ်တက်ဖို့ စဉ်းစား ထားလဲ။
ကျွန်တော် နည်းပညာတက္က သိုလ်ကိုရွေးဖို့ စဉ်းစားထားပါ တယ်။ ဘွဲ့လွန်ကိုတော့ ပြည်ပ တက္ကသိုလ်တွေမှာ ပညာသင်ဆု လျှောက်ပြီး ဆက်တက်ဖို့ ရည် ရွယ်ထားပါတယ်။
ထူးချွန်တဲ့ မျိုးဆက်သစ် လူငယ် တစ်ယောက်အနေနဲ့ တက္ကသိုလ် ဝင် စာမေးပွဲဖြေဆိုမယ့် မောင် ငယ်၊ ညီမငယ်တွေကို ဘယ်လို အကြံပြုစကားပြောချင်ပါသလဲ။
တစ်နေ့စာတစ်နေ့ အကြွေး မထားပါနဲ့။ စာကို ပုံမှန်ကျက်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ မိဘ၊ ဆရာသမားတွေကို ရိုသေပါ။ ဘာသာတရားလုပ်ပါလို့ ပြောချင် ပါတယ်။
စံထားရတဲ့၊ သဘောကျတဲ့ ပုဂ္ဂိုလ်တွေကောရှိလား။
စာအုပ်ဖတ်ရင် ဆရာဖေ မြင့်ရဲ့ နှလုံးသားအာဟာရစာစု များလို စာအုပ်တွေဖတ်တော့ ဆရာဖေမြင့်ကို သဘောကျ တယ်။ စံထားရတဲ့ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူ့ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းတွေ ရယ်၊ နိုင်ငံအတွက် ကောင်းကျိုး ကို လိုလားတဲ့၊ လုပ်ဆောင်တဲ့ စိတ်ဓာတ်ရယ်ကို အရမ်းလေးစား ပါတယ်။
ဖြည့်စွက်ပြောချင်တာ ရှိပါ သလား။
ကျွန်တော် အခုလို ပထမ ဖြစ်ခဲ့တာ ကျောင်းက ဆရာ၊ ဆရာမတွေရော၊ ကျူရှင်စာသင် ဝိုင်းက ဆရာ၊ ဆရာမတွေရော၊ ကျွန်တော့်ဆရာကြီး ဦးလှကျော် ဦးတို့ရဲ့ ကျေးဇူးတွေကြောင့်လည်း ပါပါတယ်။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါ တယ်။
အခုလိုဖြေပေးတာ ကျေးဇူးတင် ပါတယ်။

Monday, June 26, 2017

ဒေါ်လာ ၃၈၅ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး


ဇွန် ၂၆ ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးစသည့် မြို့ကြီးသုံးမြို့၌ ဒေါ်လာ ၃၈၅ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဒေါ်လာ ၂၁၇ ဒသမ ၉၃ သန်း၊ မန္တလေးမြို့တွင် ဒေါ်လာ ၂၃ ဒသမ ၅၀ သန်း၊ တောင်ကြီးမြို့တွင် ၁၄၃ ဒသမ ၆၃ သန်းစသည်ဖြင့် စုစုပေါင်း ၃၈၅ ဒသမ ၀၇ သန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဒေါ်လာ ၂၁၇ ဒသမ ၉၃ သန်း၊ မန္တလေးမြို့တွင် ဒေါ်လာ ၂၃ ဒသမ ၅၀ သန်း၊ တောင်ကြီးမြို့တွင် ၁၄၃ ဒသမ ၆၃ သန်းစသည်ဖြင့် စုစုပေါင်း ၃၈၅ ဒသမ ၀၇ သန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခဲ့သည် မူးယစ်ဆေးဝါးများမှာ ဘိန်း ၁၃၂၃ ဒသမ ၀၃ ကီလို၊ ဘိန်းဖြူ ၇၂၅ ဒသမ ၁၉ ကီလို၊ အဆင့်နိမ့်ဘိန်း ၂၀ ဒသမ ၃၇၊ ဘိန်းဆီခဲ ၅၆ ဒသမ ၃၄၊ ဆေးခြောက် ၂၂၈ ဒသမ ၆၇၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၁၂၈၁၂၉၀ ဒသမ ၂၂  ပြား၊ အိုက်စ် ၁၈၆၂ ဒသမ ၆၇ ကီလို၊ ဘိန်းညိုမှုန့် ၁၀၀၉ ဒသမ ၁၈ ကီလို၊ ဘိန်းစာမှုန့် ၁၈၃၄ ဒသမ ၈၅ ကီလို၊ ကက်တမင်း ၁၅၈၆ ဒသမ ၂၅ ကီလို၊ အက်ဖီဒရင်း ၀ ဒသမ ၀၈၉၉ ကီလိုနှင့် ကဖင်း ၇၆၆၀ ဒသမ ၉၄ ကီလိုတို့ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင်လည်းကျင်းပခဲ့ပြီး နိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်ခဲ့သည်။



မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေးတို့ကို ချမှတ်ပြီး ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်စီမံကိန်းကို ရှမ်း၊ ကချင်၊ ကယား၊ ချင်းပြည်နယ်တို့မှ မြို့နယ်ပေါင်း ၅၁ မြို့နယ်တို့တွင် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်မှစပြီး ဘိန်းစိုက်ပျိုးမှု မြင့်တက်လာမှုနှင့် အသစ်ပေါ်ထွက်လာသည့် စိတ်ကြွဆေးပြား အန္တရာယ်များကြောင့် ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ မူးယစ်ဆေးဝါး ပပျောက်ရေး စတုတ္တငါးနှစ်စီမံကိန်းကို တိုးချဲ့ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက အဆိုပါအခမ်းအနားတွင် ပြောကြားသည်။

“တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ၂၀၁၃ ခုနှစ်မှစပြီး တပ်ဖွဲ့ခွဲသုံးခွဲနဲ့ တပ်ဖွဲ့စု ၅၀ အထိ အင်အားတိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ဒေသအလိုက် အထူးစစ်ဆင်ရေး ၁၇ ခုကို ၂၀၁၃ ခုနှစ်မေမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီအထိ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၈၈၀၀ ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းများရဲ့ မီးရှို့ဖျက်ဆီးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၆၀၀ ကျော်ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

၂၀၁၆ ခုနှစ်ကလည်း အထိမ်းအမှတ်နေ့တွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုအဖြစ် ရန်ကုန်မြို့တွင် ဒေါ်လာ ၁၉ ဒသမ ၇၃ သန်း၊ မန္တလေးမြို့တွင် ၄ ဒသမ ၆၄ သန်း၊ တောင်ကြီးမြို့တွင် ၃၁ ဒသမ ၉၃ သန်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြိမ် (၃၀) မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ရန်ကုန်မြို့၌ ဒေါ်လာ ၂၁၇ သန်းကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
အကြိမ် (၃၀) မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် (၉) လုံခြုံရေးရဲတပ်ဖွဲ့ခွဲအနီး ကုန်တင်ယာဉ်ရပ်နားကွင်း၌ ဇွန် ၂၆ ရက်နံနက်ပိုင်းက အမေရိကန်ဒေါ်လာ ၂၁၇ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့သည်။

မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး အမျိုးအစား ၂၅ မျိုးဖြစ်ပြီး တန်ဖိုးငွေအားဖြင့် ကာလတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၂၁၇ ဒသမ ၉၄ သန်း (နှစ်ရာတစ်ဆယ့်ခုနစ်သန်း) ကျော်၊ မြန်မာငွေကျပ် ၂၉၆ ဒသမ ၄ ဘီလျံ (ကျပ်နှစ်ရာ ကိုးဆယ့်ခြောက်ဘီလျံ) တို့ဖြစ်ပြီး ယခင်နှစ်က မီးရှို့ဖျက်ဆီးခဲ့သည့် တန်ဖိုးထက် ၁၀ ဆကျော်များပြားကြောင်း စာရင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ ဘိန်း ၇ ဒသမ ၀၅၀၄၁ ကီလို၊ ဘိန်းဖြူ ၀ ဒသမ ၉၇၈၁၆၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၀၀၂၂၉ ဒသမ ၀၂၅ ပြား (ခုနှစ်ဆယ့်လေး သန်းနှစ်ရာနှစ်ဆယ့်ကိုးပြား)၊ ကိုကင်း ၄၄၉ ဒသမ ၈၇၅ ကီလို၊ ဆေးခြောက် ၁၈၄ ဒသမ ၇၆၈၂၆၃ ကီလို၊ အိုက်(စ်) ၁၀၉၄ ဒသမ ၄၄၁၅၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေး အကြေမှုန့် ၀ ဒသမ ၅၉၉၇၆ ကီလို၊ ကတ်တမင်း Katamine ၁၅၆၂ ဒသမ ၂၅၇ ကီလို၊ ဘိန်းစာမှုန့် ၁၈၃၄ ဒသမ ၈၅၈၆၅ ကီလို၊ ဘိန်းစာရွက် ၀ ဒသမ ၀၈၉၁ ကီလို၊ ဘိန်းဆီခဲ ၀ ဒသမ ၀၀၆၊ ဘိန်းစာရည် ၀ ဒသမ ၁၇၁၁၆၅ လီတာ၊ စိတ်ကြွအရည် ၀ ဒသမ ၁၂၈ လီတာ၊ ဖင်ဆီဒိုင်း ၅၇၅ ပုလင်း၊ ထရာမဒေါလ် ၁၃ တောင့်၊ ထရာမဒေါလ်ထိုးဆေး ၇၂ ပုလင်း၊ ဒိုင်ယာဆီပင် ၃၅၇၆၄၆ ပြား (သုံးသိန်းငါးသောင်း ခုနှစ်ထောင်ခြောက်ရာလေးဆယ့်ခြောက်ပြား၊ ဒိုင်ယာဆီပင်ထိုးဆေး ၁၃ ပုလင်း၊ Buprenorphine (ဗျူပရီနော်ဖင်းထိုးဆေး) ၃၉၃၀ ပုလင်း၊ ဗျူပရီမော်ဖင်းထိုးဆေး ၈၄၉ ပုလင်း၊ အယ်ပရာဇိုလမ် ၆၀၂၅ ပြား၊ Fentanyl ထိုးဆေး ၆၉၇ ပုလင်း၊ ထိန်းချုပ်ဆေးဝါး ၂၃ လုံး၊ Bisacodyl (တားမြစ်ဆေး) ၇၀၅၈၀ ပြား၊ Boron Nitride ၆၇ ဒသမ ၅ ကီလိုတို့ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကျင်းပတဲ့ အခမ်းအနားဟာ ကမ္ဘာ့လူသားအမျိုးအနွယ်အားလုံး လူညွန့်တုံးစေမယ့် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သလို မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကိုလည်း အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ခံယူပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတာကို လက်တွေ့ပြသတဲ့ အခမ်းအနားပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးအန္တရာယ် ထိန်းချုပ်ရေး ရည်မှန်းချက်တွေကို ဖြည့်ဆည်းအောင်မြင်နိုင်ဖို့အတွက် လူ့အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍဟာ အဓိကအချက်တစ်ချက်ဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရာမှာ အဓိကကြိုးကိုင်သူများနဲ့ ကျူးလွန်သူများကို ဥပဒေနဲ့အညီ တိတိကျကျ ဖော်ထုတ်အရေးယူလျက် ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က အခမ်းအနားတွင် ပြောကြားသည်။

ယင်းမူးယစ်ဆေးဝါးများမှာ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး တရားရုံးပြီး ပြတ်ချက်ရရှိသည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး တာဝန်ရှိသူများက မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ပြုလုပ်သည့် မီးရှို့ဖျက်ဆီးသည့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဦးစီးအရာရှိချုပ်၊ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရဲအရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း နာယကနှင့်အဖွဲ့ဝင်များ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး United Nation Office On Drugs and Crime (UNODC) ဌာနကိုယ်စားလှယ်များ၊ တရုတ်အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်မှု ကော်မရှင် NNCC မှရဲအရာရှိများ၊ NGO အဖွဲ့အစည်းအသီးသီမှ တာဝန်ရှိသူများ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြသဖြင့် ၎င်းတို့ကိုကျေးဇူးတင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် (၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကလည်း မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ၁၆ မျိုး၊ ကာလတန်ဖိုး ဒေါ်လာ ၁၉ ဒသမ ၇ သန်းအားရန်ကုန်မြို့၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
       
ယခင်နှစ်ထက် လေးဆကျော် ပိုမိုများပြားသည့် ဒေါ်လာ ၁၄၃ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အဝေရာကုန်းသာယာ၊ မီးပုံးပျံကွင်းတွင် ရှမ်း/ကယားဒေသတွင်းရှိ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၄၃ သန်းကျော်၊ မြန်မာငွေတန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၉၅၃၃၉ သန်းကျော်ရှိ မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ၂၃ မျိုးကျော်ကို ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ယခု ၂၀၁၇ ခုနှစ်၌ ဖမ်းဆီးရမိမှုသည် ယခင်နှစ် ၂၀၁၆ ခုနှစ်ထက် လေးဆကျော် ပိုမိုများပြားခဲ့ခြင်းဖြစ်ကာ၊ ယခင် ၂၀၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ၃၀ ကျော်ဖြစ်ကာ၊ ၂၀၁၄- ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၈၁ သန်းကျော် ဖမ်းဆီးရမိကာ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် အမေရိကန် ဒေါ်လာတန်ဖိုး ၁၄၃ သန်းကျော် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြိမ် (၃၀) မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဇွန် ၂၆ ရက်မနက် ၈ နာရီတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ဆုရပြိုင်ပွဲဝင်များကို ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား တတိယပိုင်းကို တောင်ကြီးမြို့ အဝေရာကုန်း သာယာကွင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာ လင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ ဌာနဆိုင်ရာများ အသီးသီးတက်ရောက်ခဲ့ကြပြီး ၀န်ကြီးချုပ်မှ အမှာစကားပြောကြားကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့များက စက်ခလုတ်များကိုနှိပ်ကာ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တို့၊ မန္တလေးတို့က ရှမ်းပြည်နယ်ထက် ပိုမိုဖမ်းဆီးရမိတယ်လို့ သိရတယ်။ ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာကတော့ လူတစ်ဦးတစ်ယောက်ရဲ့ ပြဿနာမဟုတ်ပါဘူး။ လူသားအားလုံးရဲ့ ပြဿနာပေါ့။ လူသားအားလုံး ၀ိုင်းဝန်းကူညီဖြေရှင်းပေးမှ ဒီလုပ်ငန်းအောင်မြင်မယ်လို့ ဒီလိုပဲထင်မြင်ယူဆပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ တပ်မတော်။ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့လို့ ဒီလိုရလဒ်လို့မြင်ပါတယ်။ ဒါကြောင့် တိုးတက်ဖမ်းဆီးရမိတယ်လို့ မြင်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ အဖွဲ့အစည်းတွေဟာ ကျွန်တော်တို့ လက်လှမ်းမမီတာတွေရှိတယ်။ အခက်အခဲတော့ရှိတာပေါ့။ တစ်ချိန်ကျရင်တော့ ပူးပေါင်းပါဝင်လာမယ်လို့ ဒီလိုပဲထင်မြင်ယူဆပါတယ်” ဟုတောင်ကြီးအမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စောလေးဝါးက ပြောကြားသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဘိန်းခင်းဖျက်ဆီးမှုအနေဖြင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဘိန်းဧက ၅၇၀၀၀ ကျော်၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၉၀၀၀ ကျော်၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ဘိန်းဧက ၃၅၀၀၀ ကျော်၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၂၈၀၀၀ ကျော်၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၂၃၅၀၀ ဧကကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ UNODC အစီရင်ခံစာအရ ၂၀၁၃-၂၀၁၄ ခုနှစ်ထက်စာလျှင် ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ဧကဟတ်တာ ၂၀၀ ကျော်လျော့နည်းခဲ့ကာ၊ ဘိန်းထုတ်လုပ်မှု မက်ထရစ်တန် ၂၀၀ ကျော်၊ ထုတ်လုပ်မှု ၂၃ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ပြုလုပ်သည့် အကြိမ် (၃၀) မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ဒေါ်လာ ၂၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

မန္တလေးမြို့တွင် ပြုလုပ်သည့် အကြိမ် (၃၀) မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ဒေါ်လာ ၂၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့တွင်လည်း ကျင်းပခဲ့ရာ အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစားကွင်းနေရာ၌ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ၃၁ မျိုးကိုမီးရှို့ဖျက်ဆီးခဲ့ရာ စုစုပေါင်းတန်ဖိုး ကျပ်သန်းပေါင်း ၃၁၉၆၀ (သို့မဟုတ်) ဒေါ်လာ ၂၃ သန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။

ဘိန်း ၂၆၂ ဒသမ ၈၂၂၈၃၄ ကီလို၊ ဘိန်းဖြူ ၆၈ ဒသမ ၂၁၆၁၇၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၆၇၅၆ ဒသမ ၂ ပြား၊ ဘိန်းဆီခဲ ၂၃ ဒသမ ၇၈၇၀၄၀ ကီလို၊ ဆေးခြောက်၂၄ ဒသမ ၆၇၁၀၇ ကီလို၊ အိုက်စ် ၈၃ ဒသမ ၉၆၁၁၇ ကီလို၊ စိတ်ကြွအကြေမှုန့် ၀ ဒသမ ၀၀၇၃၇၅ ကီလို၊ အဆင့်နိမ့်ဘိန်း ၁၈ ဒသမ ၈၄၀၄၃၁ ကီလို၊ ဘိန်းမျိုးစေ့ ၀ ဒသမ ၇၆၉ ကီလို၊ ဘိန်းရည် ၇၉၆ ဒသမ ၈၁၉၇၁မီတာ၊ ဘိန်းဖြူရည် ၀ ဒသမ ၀၅၀၅ မီတာ၊ ချောင်းဆိုးပျောက်ဆေး ကိုးပုလင်း၊ မက်သတုံးဆေးရည် ၀ ဒသမ ၄၀၁လီတာ၊ အက်တက်စီ ၂၉ ပြား၊ ထရာမဒေါလ် ၅၇၅ တောင့်၊ ထရာမဒေါလ်ထိုးဆေး ၉၉ ပုလင်း၊ မော်ဖင်းမှုန့် ၀ ဒသမ ၀၁၆၅ ကီလို၊ အယ်ပရာဇိုလမ် ၄၂၃ ပြား၊ ဒိုင်ယာဇီပမ် ၁၅၀၀ ပြား၊ ဒိုင်ယာဇီပမ်ထိုးဆေး ၇၈၅ ပုလင်း၊ လိုရာဇီပမ်ဆေးပြား ၃၁၆ ပြား၊ စိတ်ပြောင်းဆေး ၆၁၂၃ ပြား၊ ဟိုက်ဒရိုဆေးပြား ၄၉၇ ပြား၊ Gofen ဆေး ၀ ဒသမ ငါးတောင့်၊ ဆူဒိုအက်ဖီဒရင်း ၅၇၅၇၄၃ ပြား၊ ကဖင်း ၁၄၅၉ ဒသမ ၉၉၆ ကီလို၊ အရိုးမီးသွေး ၂၅၀၀ ကီလို၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁၃၆၅ လီတာ၊ ဆာလဖျူရစ်အက်ဆစ် ၆၃၆ ဒသမ ၆၈၁၅ လီတာ၊ ကာရိုလိုဖောင်း ၅၂၃၂ ဒသမ ၅ လီတာ၊ ဆူဒိုအက်ဖီဒရင်းမှုန့် ၄၉ ဒသမ ၉၉၅ ကီလိုတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
Writer: 
နေရိုင်း၊ ကျော်မျိုး၊ နေမျိုးဝင်း၊ စည်သာ၊ ယဉ်မျိုးသွယ်

Sunday, June 25, 2017

အမျိုးသားကျန်းမာရေးအာမခံစနစ် National Health Care System စတင်ဖို့ အဆိုအတည်ပြုခြင်း။

၂၂ ဇွန် ၂၀၁၇ ပြည်သူ့လွှတ်တော်မှာ အမျိုးသားကျန်းမာရေးအာမခံစနစ် National Health Care System စတင်ဖို့ ရေကြည်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစံရွှေဝင်း အဆိုတင်သွင်းတာကို လွှတ်တော်ကိုယ်စားလှယ် ၁၅ဦးက ထောက်ခံဆွေးနွေးသွားပါတယ်။ ဒီလမှာ သီးနှံအာမခံစနစ် နိုင်ငံတော်ကိုတိုက်တွန်းတဲ့အဆို တင်သွင်းခဲ့ပြီး အတည်ပြုခဲ့ပါတယ်။ အခု နိုင်ငံသားများအတွက် ကျန်းမာရေးအာမခံစနစ် ဆွေးနွေးကြပါတယ်။ ကောင်းမွန်ကြောင်း။ ဗီယက်နမ်မှာ အောင်မြင်ကြောင်း၊ နာရေး၊ ဂရုဏာ အဖွဲ့အစည်းများက မိမိတို့ရပ်ရွာ ပံ့ပိုးမှုနဲ့ လုပ်ဆောင်နေရပါတယ်။ လက်ရှိ အစိုးရ လူမှုဖူလုံရေးစနစ်၊ အစိုးရ နဲ့ ပုဂလိက ဆေးရုံများနဲ့လဲ ဆက်စပ်ပါတယ်။
.

ယခင်အစိုးရတုန်းက သမတတိုက်တွန်းလုပ်ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

နိုဝင်ဘာ ၂၀၁၄ သတင်း
 အများပြည်သူအတွက် လိုအပ်နေသော ကျန်းမာရေးအာ မခံကို နိုင်ငံတော်သမ္မတက အမြန် ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းသဖြင့် ၂၀၁၅ နှစ်ဆန်း တွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောကြား သည်။ ‘ဒီအာမခံကရှုပ်ထွေးတယ်။ နိုင်ငံတကာမှာလည်း မအောင်မြင် မှုတွေလည်းရှိတယ် လက်ရှိ ကျန်းမာရေးအာမခံ ကို ပြည်တွင်းမှ အာမခံကုမ္ပဏီ များနှင့်သာစတင်မည်ဖြစ်ပြီး ရန် ကုန်နှင့် မန္တလေးမြို့နှစ်မြို့တွင် စမ်းသပ်လုပ်ကိုင်ပြီးမှ တစ်နိုင်ငံ လုံးသို့ ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပရီမီယံကြေး တစ်နှစ်လျှင် ကျပ်ငါးသောင်းမှ ခုနစ်သောင်းကြားသတ်မှတ်ရန် ပုဂ္ဂလိကအာမခံကုမ္ပဏီများက အဆိုပြုထားကြောင်း ပရီမီယံနှုန်းထားသတ်မှတ် ရာတွင် အသက်အရွယ်အလိုက် ကွာခြားနိုင်ပြီး ငယ်ရွယ်သူများမှာ  ပရီမီယံကြေး လျော့နည်း၍အ သက်ကြီးသူများမှာ ပရီမီယံကြေး ပိုများနိုင်ကြောင်း အာမခံကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဦး သောင်းဟန်ကပြောကြားသည်။လက်ပြောကြားပါတယ်။
.
.
၂၀၁၇ သတင်း
အခု အမျိုးသားကျန်းမာရေးအာမခံလုပ်ငန်း တဖန်ပြန်လုပ်ဖို့ တိုက်တွန်းခြင်းအဆိုကို တပ်မတော်ကိုယ်စားလှယ်များလဲ ပါဝင်အကြံပြုဆွေးနွေးကြပါတယ်။ ကိုယ်စားလှယ်များက လက်ရှိဆေးရုံများနဲ့ FOC အခမဲ့စနစ်က ရေရှည်မဖြစ်နိုင်ကြောင်း၊ ငွေကြေးမတတ်နိုင်သူများစွာ ဆေးဖိုးမတတ်နိုင်၊ ခွဲစိတ်မတတ်နိုင်၊ မတတ်နိုင်လို့ အသက်ဆုံးရှုံးခံရခြင်း စတဲ့ စရိတ်ကြီးလှတဲ့ ဆေးကုသစရိတ်များကို ပြောကြပါတယ်။ အစိုးရဆေးရုံ၊ ဆေးခန်းများစွာ အခက်ခဲများစွာ ကြုံတွေ့နေရကြောင်း၊ တပ်မတော်ကိုယ်စားလှယ်က နာဂတောင်တန်းမှာ ၁သိန်း၂သောင်းကျော် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း၊ ဆင်းရဲသားဦးစားပေးတဲ့ စနစ်ဖြစ်ကြောင်း၊  မြန်မာများဟာ အာမခံစနစ်၊ အခွန်စနစ် များမှာ အားနည်းကြတဲ့အတွက် ဆောလျင်စွာ အကောင်ထည်ဖော်ဖို့ မသင့်ကြောင်း၊
.
.
.
 ကျန်းမာရေးဝန်ကြီးရဲ့ ပြန်လည်ဆွေးနွေးရာမှာ အဆိုကို ထောက်ခံဆွေးနွေးသွားပါတယ်။
* ကိုယ်စားလှယ်များ တင်ပြဆွေးနွေးခြင်းက အလွန်ကောင်းမွန်ပြီး၊ အဆင့်မြင့်ပါတယ်။  စနစ်တကျ မှတ်တမ်းတင်ပြီး ကျန်းမာရေးဝန်ကြီးဌာန ရှေ့လုပ်ငန်းစီမံကိန်းမှာ အသုံးချမှာဖြစ်ကြောင်း။
* လက်ရှိအခြေအနေက အခမဲ့ ဆေးဝါး နဲ့ အခမဲ့ ကုသ၊ ဓါတ်ခွဲ၊ စမ်းသပ်ခြင်းများက ရေရှည်မှာ မဖြစ်နိုင်ပါဘူး။ ဘတ်ဂျတ်ကလည်း မရှိ၊ နိုင်ငံခြားပံ့ပိုးမှုလဲ ရေရှည် အားကိုးမရပါဘူး။
* အမျိုးသားကျန်းမာရေး ဥပဒေကို ရေးဆွဲမယ်ဖြစ်ပါတယ်။ ဒီဥပဒေ ပြဌာန်းဖို့ လက်ရှိ ဥပဒေများကို လေ့လာရပါမယ်။ ကျန်းမာရေးအချက်အလက်များ Information၊ ပညာအသိရှိမှု Literacy, Efficiency & Skill, ကျင့်ဝတ်၊ ရောဂါတခုချင်းရဲ့ စရိုက်၊ အိမ်နီးနားချင်းနိုင်ငံများရဲ့ အကောင်ထည်ဖေါ်မှုများ၊ ဆေးကုမဏီ၊ ဆေးရုံများနဲ့ ဆက်ဆံရေး စတဲ့ အချက်များကို စနစ်တကျလုပ်ဆောင်မယ် ဖြစ်ပါတယ်။
*  မအောင်မြင်မှာကို စိုးရိမ်သူများ ၊ ကျွန်တော်တို့ တခါတည်း လုပ်မှာမဟုတ်ပါဘူး။ ကိုယ်စားလှယ်များ စိုးရိမ်သလို မြန်မြန်လုပ်လိုက်ရင် တ၀က်တပြတ်နဲ့ ရပ်သွားနိုင်ပါတယ်။ ဒါမျိုး အဖြစ်မခံနိုင်ပါဘူး။  ပိုင်းလော့ ပရိုဂျက်များနဲ့ လုပ်ပါမယ်။
* အခုဆို ပြည်နယ်တိုင်း ၀န်ကြီးချုပ်များ ပြည်သူများရဲ့ အသံ နားထောင်ခြင်းများကို လုပ်ဆောင်နေတာ၊ တော်တော်ကောင်းပါတယ်။  စီမီနာ Seminar တွေလုပ်မယ်၊ Workshop တွေလုပ်မယ်။ Pilot Project တွေလုပ်ပါမယ်။
* အခွန်ငွေရရှိရေးအတွက် Tax System ပီပြင်စွာပေါ်လာဖို့ သက်ဆိုင်ရာဌာနတွေနဲ့ လုပ်ရပါမယ်။ ဒါမှ နိုင်ငံတော်က ပံ့ပိုးပေးဖို့အတွက် ပီပြင်မယ်ဖြစ်ပါတယ်။
* ဘယ်အချိန်စတင်မယ် ဆိုတာတော့ အခု မသတ်မှတ်နိုင်သေးပေမဲ့၊ အမြန်လုပ်ရမယ် ဖြစ်ပါတယ်။
* အဆိုရှင်တွေရဲ့ သဘောထားမှာ ကုသရေးပဲ ငွေတွေကုန်နေခြင်း၊ သုတေသန၊ ရောဂါကာကွယ်ရေး အတွက် မသုံးနိုင်ပါဖြစ်နေပါတယ်။ အာမခံ ပရီမီယံငွေများ ရလာမှ ကျန်းမာရေးတိုးတက်လာဖို့ သုံးနိုင်မယ်ဖြစ်ပါတယ်။
* ကျန်းမာရေး အာမခံစနစ်က ငွေတွေကို အလွဲသုံးခြင်း System Abuse တွေလည်းရှိပါတယ်။ အမေရိကန်နိုင်ငံမှာ System Abuse များရှိနေပါတယ်။ ဘက်စုံရှုဒေါင့်နဲ့ စနစ်တကျလုပ်ဆောင်မယ် ဖြစ်ကြောင်း ထောက်ခံဆွေးနွေးသွားပါတယ်။
.
.
အဆိုကို လွှတ်တော်မှအတည်ပြုခြင်း
အဆိုရှင်ကလဲ ၀မ်းသာ၊ ကျေးဇူးတင်ကြောင်းပြောပြီး လွှတ်တော်က အတည်ပြုပေးဖို့ တောင်းဆိုတဲ့အတွက် လွှတ်တော်ဥက္ကဌက လွှတ်တော်ကို ထောက်ခံပါသလား မေးခွန်း ၃ခု၊ ကန့်ကွက်သူရှိပါသလား မေးခွန်း၁ခု မေးပြီး သဘောတူညီချက်နဲ့ အဆိုကို အတည်ပြုလိုက်ပါတယ်။
.
.
.
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
သုံးသပ်ခြင်း
.
အတည်ပြုပြီးပေမဲ့ အလွန်ကြီးမားတဲ့ အာမခံစနစ်ကြီးကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးတဲ့အတိုင်း ဆင်းရဲမွဲတေတဲ့ အများစုက ပါဝင်ဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ ဒီလို အသက်အာမခံ။ ကျန်းမာရေး အာမခံ ဆိုတာ ဆင်းရဲသားများ စိတ်မ၀င်စားပဲ၊ ငွေရှိသူများသာ စိတ်ဝင်စားကြပါတယ်။
.
ပတ်ဝန်းကျင်နိုင်ငံများက အောင်မြင်တဲ့ ထိုင်း ၃၀ဘတ် စီမံကိန်း၊ ဗီယက်နမ်စီမံကိန်း စတဲ့ ဆင်းရဲပြည်သူလူထု အတွက် ပါဝင်လာအောင်လုပ်ပြီး အောင်မြင်လာပါတယ်။ အင်ဒိုနီးရှားမှာလဲ ၀င်ငွေနည်းလူထုအတွက် ကျန်းမာရေးအာမခံများကို လူလတ်တန်းစားများသမက၊ ချမ်းသာတဲ့ လူတန်းစားအချို့က ပါဝင်နေခြင်း၊ တယောက်တည်းက အာမခံများစွာ ထားခြင်း၊ လိမ်လည်ခြင်းများကို ကွန်ပြူတာစနစ်နဲ့ အစိုးရက ပူးပေါင်းလုပ်ဆောင်ပေးမှ ရမယ်ဖြစ်ပါတယ်။
.
ဒေါက်တာသင်မောင်ဟန် ဗွီအိုအေ အင်တာဗျူးမှာ  Australia ကျန်းမာရေးစနစ်မှာကို အစိုးရက ၇၅ ကနေ ၈၅ ရာခိုင်နှုန်းအထိ စရိတ်မျှဝေပေးကြောင်း၊ အမေရိကန်စနစ်မှာလည်း အခမဲနီးပါး ဆင်းရဲသားများကို ကုသပေးကြောင်း၊ တိုးတက်တဲ့နိုင်ငံကြီးများမှာ အလုပ်ကိုင်ရှိရင် ကုမဏီများက ကျန်းမာရေးတာဝန် (အာမခံ) ထားပေးကြောင်း ..စသဖြင့် ကျန်းမာရေးစနစ်များ ကောင်းကြပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့ မြန်မာနိုင်ငံလိုမျိုးကတော့ ပြညသူ ၄၀%၊ အစိုးရ ၆၀% ကျခံဖို့လည်း ကိုယ်စားလှယ်တစ်ဦးက တင်ပြပါတယ်။.
.
.
 ဗီယက်နမ်နိုင်ငံမှာ ကျန်းမာရေးစနစ် တိုးတက်မှုအတွက်
* လူတစ်ဦးချင်း ပျှမ်းမျှအသက် ပိုရှည်လာခြင်း
* မွေးစကလေး သေဆုံးမှု နည်းပါးလာခြင်း
* ကလေးများစွာမမွေးဖို့ သန္ဓေတားဆေးပညာပေးခြင်း၊
* ဆေးရုံကုတင်၊ သူနာပြု၊ သားဖွား အရေအတွက်နဲ့ နိုင်ငံလူဦးရေအချိုးမြင့်မားရေး
* ငှက်ဖျား၊ အဆုပ်ရောဂါ၊ HIV/AIDS
* မိခင်နဲ့ ကလေးငယ်များကို အထူးဂရုစိုက်ခြင်း စတဲ့ ကာကွယ်ဆေးထိုးခြင်း စသည်များကို လုပ်ဆောင်နေပါတယ်။
.
ကိုယ်စားလှယ်တစ်ဦးကတော့ အင်္ဂလန်နိုင်ငံရဲ့ NHS စနစ်မှာလည်း အစိုးရဘတ်ဂျတ် မတတ်နိုင်လို့၊ အဆင့်၃ခု ခွဲပြီး လူထုကို ကုသပေးပါတယ်။ ခွဲစိတ်မှုကြီးတွေကိုတော့ လူနာတွေ နင့်ကနဲပေးရတဲ့အတွက် လူတိုင်း ကျန်းမာရေး ပရီမီယံ အာမခံထားဖို့ ပညာပေးရပါတယ်။ သာမန် ဆေးကုသမှုများမှာတော့ အင်္ဂလန်နိုင်ငံအစိုးရက ယခုအချိန်ထိ ကမ္ဘာထိပ်တန်း ဖြစ်နေဆဲပါပဲ။ အမေရိကန်မှာတော့ ပုဂလိကဆေးရုံများကပဲ ကျန်းမာရေးအာမခံစနစ်နဲ့ တာဝန်ယူပါတယ်။
.
ဒေါက်တာဒေါ်သက်သက်ခိုင် ကတော့ ဆင်းရဲသားများအတွက် ကျန်းမာရေးအာမခံစနစ်က ယခုလက်ရှိ မြန်မာနိုင်ငံ ဆင်းရဲမှု အခြေအနေနဲ့ မအောင်မြင်နိုင်ကြောင်း၊ အလုပ်လုပ်နိုင်၊ ၀င်ငွေရှိသူများ မိမိကျန်းမာရေးအတွက် မိမိတာဝန်ယူ အာမခံထားကြဖို့ လိုကြောင်း။ အလုပ်လုပ်နိုင်တဲ့လူ များလာပြီး စီးပွားရေးတိုးတက်လာအောင် လုပ်ဖို့၊ လက်ရှိမြန်မာနိုင်ငံအစိုးရ ၀န်ထမ်းများအတွက် လူမှုဖူလှုံရေး စနစ်ကလည်း မအောင်မြင်ကြောင်း၊ စီးပွားရေးတိုးတက်အောင် လုပ်မှ ကျန်းမာရေးအာမခံစနစ် အောင်မြင်မယ်ဖြစ်ကြောင်း၊  အဆိုကို ထောက်ခံ အကြံပြုသွားပါတယ်။
.
အမေရိကန်နိုင်ငံမှာတော့ Obama Care ဆိုတဲ့ ကျန်းမာရေးစနစ်ကို သမတသစ် ဒေါ်နယ်ထရန့် က သူသမတဖြစ်တာနဲ့ ဖျက်သိမ်းပစ်လိုက်ပါတယ်။ နိုင်ငံတော်ဘဏ္ဍာကို ဖြုန်းတီးခြင်းလို့ မြင်ပါတယ်။ အမေရိကန်န်မှာ ကျန်းမာရေးဘဏ္ဍာများကို ကုမဏီများ၊ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များက မလိုအပ်ပဲ ဆေးစစ်၊ ဆေးကုပေးခြင်းများစွာ လုပ်ပြီး၊ အစိုးရဆီက ငွေတောင်းယူခြင်း System Abuse ရှိနေပါတယ်။ နိုင်ငံတိုင်းမှာတော့ အစိုးရဘဏ္ဍာကို (မြန်မာစကားနဲ့ပြောရရင် ဇီးသီးဗန်းမှောက်ခြင်း) ခိုးယူသုံးစွဲမှုများကို ကာကွယ်နိုင်မှာ ကျန်းမာရေးအာမခံစနစ် အောင်မြင်မယ် ဖြစ်ပါတယ်။
.
ဒေါက်တာထွန်းလင်းမော်ကတော့ လူတွေရဲ့ ကျန်းမာရေး အယူသည်းမှုတွေကို ပြောင်းလဲဖို့က ပိုခက်ပါတယ် လို့ပြောသွားပါတယ်။
.
တကယ်တော့ နိုင်ငံတခု စီးပွားတိုးတက်လာဖို့ ဆိုတာ ပြည်သူလူထု အလုပ်အကိုင်များရရှိလာပြီး၊ လစာငွေများကနေ စုဆောင်းငွေများ ရှိလာဖို့၊ အရေးကြီးပါတယ်။ နိုင်ငံတကာ တိုးတက်တဲ့နိုင်ငံများမှာ စင်ကာပူ CPF စုဆောင်းခြင်း နဲ့ အမေရိကန် SSC သို့မဟုတ် 401(K) စနစ်နဲ့ စုဆောင်းခြင်းမျိုးက ရေရှည်နိုင်ငံတိုးတက်ရေး ငွေစုဆောင်းခြင်းပဲ ဖြစ်ပါတယ်။
.
အမျိုးသားကျန်းမာရေးအာမခံစနစ် ...ဘယ်လိုလုပ်မလဲ
.
The End...
.
.
ကိုးကားချက်များ
၁။ ဗီယက်နမ်
 https://en.wikipedia.org/wiki/Health_in_Vietnam

၂။ အင်ဒိုနီးရှား
https://en.wikipedia.org/wiki/Healthcare_in_Indonesia

၃။ ထိုင်းနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးသည် ဘတ်၃၀ စနစ်
https://en.wikipedia.org/wiki/Health_in_Thailand
.


Thursday, June 22, 2017

ဥပဒေစိုးမိုးရေး အားကောင်းလာခြင်းနှင့် အားနည်းချက်တချို့..၂၀၁၇

ဆုပေး ဒဏ်ပေးစနစ် အတိုင်း၊ အင်အယ်ဒီ အာဏာရလာပြီး၊ အမိုးလုံအောင် အဂတိကင်းတဲ့အစိုးရ၊ လွှတ်တော် ခေါင်းဆောင်များစွာနဲ့ အုပ်ချုပ်ပါတယ်။ သတင်းစာ မီဒီယာ နဲ့ လူမှုကွန်ယက်များကလည်း စာရိတ္တကောင်းသူများစွာကို ဖော်ထုတ် ဂုဏ်ပြုကြပါတယ်။
.
အမြင့်ဆုံးသော အာဏာကတော့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီဥပဒေကို တရားမျှတအောင် ကြိုးစားနေချိန်ပါ။ အောက်ပိုင်းက တရားရုံများမှာလည်း ငွေ၊ အာဏာနဲ့ တရားမမျှတမှုများစွာကို ပယ်ဖျက်ဖို့ ပြည်ထောင်စုအဆင့်ကနေ ရပ်ကျေးအုပ်ချုပ်ရေးမှုး အဆင့်ထိ ကြိုးစားနေပါတယ်။
.
အားကောင်းလာခြင်းများကတော့...
၁။ မူယစ်ဆေးဝါးဖမ်းဆီးမှုများ က အကြီးမားဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ ၂၀၁၅ သမတဦးသိန်းစိန် နောက်ဆုံးနှစ်မှာ ရန်ကုန် ဇေကမ္ဘာကုမဏီအနားမှာ ကမ္ဘာ့ ဒုတိယအများဆုံး မူးရစ်ဆေးပြား YW အမြော်ကအများ ပိုင်ရှင်မဲ့ ဖမ်းဆီးခြင်းက စတင်ပါတယ်။ ဒေါ်လာသန်းပေါင်း တထောင်လောက် တန်ဖိုးရှိပါတယ်။ နောက်ပိုင်းမှာ ဆက်တိုက်ဖမ်းဆီးနိုင်ခြင်းကြောင့် အကျဉ်းထောင်များမှာ လူမဆန့်အောင်အထိ ဖြစ်နေပါတယ်။ နှစ်စဉ် သတင်းမီဒီယာများရှေ့ ဒေါ်လာသန်းရာနဲ့ချီပြီး ဖျက်ဆီးပြနေပါတယ်။ နောက်ဆုံး ၂၀၁၇ ၊ ဇွန်လမှာ မုံရွာမြို့ နေရာပေါင်းများစွာမှာ မူးရစ်ဆေး၊ ဘိန်းဖြူ၊ ၀ိုင်ဒဘလျူ များကို စွန့်ပစ်ထားတာ ဖမ်းမိပါတယ်။ ထုံးစံအတိုင်း ပိုင်ရှင်ကိုမစုံစမ်းနိုင်သေးပါဘူး။
http://myanmargood2016.blogspot.com/2017/06/blog-post_26.html
.
၂။ တရားဥပဒေကို ငွေ၊ အာဏာနဲ့ အလွဲသုံးခြင်းကို ရန်ကုန်၊အင်းဝအပ်ချုပ်ဆိုင်က အိမ်ဖော်၂ဦးကို နှစ်ပေါင်းများစွာ နှိပ်စက်၊ အမြက်ထုတ်ခြင်းအမှုနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်း၊ လူအခွင့်ရေးကော်မရှင်ကို နိုင်ငံတော်သမတ အထိ ပေါက်ရောက်အောင်၊ တရားစွဲနိုင်ခဲ့ပါတယ်။ Myanmar-Now သတင်းဌာနမှာ အောင်မြင်မှုက မြန်မာနိုင်ငံရဲ့ တရားဥပဒေ တိမ်စောင်းနေမှုကို အမြင့်ဆုံးအဆင့်မှာ ထုတ်ဖော်ဖွင့်ချ နိုင်ခဲ့ပါတယ်။
.
၃။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့၊ တရားသူကြီးချုပ်အဖွဲ့ကို လွှတ်တော်မှာ တရားဥပဒေတည့်မတ်ဖို့ အောင်မြင်စွာအဆိုတင်၊ အတည်ပြုနိုင်ခဲ့ပါတယ်။ အသက်၇၀ အထိ လဲလှည်ခွင့်မရှိတဲ့ တရားသူကြီးအဖွဲ့ဝင်များမှာ နောက်ထပ် ၄ဦးကို လွှတ်တော်အတည်ပြုပြီး၊ နိုင်ငံတော်သမတက ခန့်အပ်နိုင်ခဲ့ပါတယ်။ အရင်လူ ၆ဦးနဲ့ နောက်တိုး ၄ဦး တရားဥပဒေစိုးမိုးရေး ဆက်လက်ကြိုးစား လုပ်ကိုင်ဖို့ဖြစ်ပါတယ်။ အင်အယ်ဒီပါတီရဲ့ ဥပဒေအကြံပေး  ဦးကိုနီကို လုပ်ကြံမှုမှာ စစ်ဗိုလ်ဟောင်းများ ပါဝင်မှုကို ဖော်ထုတ်နိုင်ခြင်းကလည်း အတိုင်းတာတစ်ခုအထိ အောင်မြင်ပါတယ်။
.
အမြင့်ဆုံးအာဏာပိုင်အဆင့် ပြုပြင်ပြောင်းလဲမှုများ ထိပ်တန်းဖြစ်ရပ်အချို့ ဖြစ်ပါတယ်။ အောက်ခြေ အဆင့်ဆင့်မှာလည်း ဥပဒေစိုးမိုးဖို့ ဆိုတာ မတရားပြဌာန်းထားတဲ့ အမိန့်တွေ၊ ဥပဒေတွေ များစွာကို အသစ်ရေးဆွဲဖို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေစီစစ်၊ ပြဌာန်းရေး ကော်မတီက အလွန်အရေးကြီးပါတယ်။ ဌာနဆိုင်ရာများရဲ့ အဂတိလိုက်စားမှု၊ အိမ်ခြံမြေ ဈေး အရမ်းကြီးနေမှု၊ တိုင်းပြည်စီးပွားရေးကျဆင်းမှု၊ အလုပ်ကိုင်ရှားပါးမှု စတဲ့ အောက်ခြေ ပိုင်ဆိုင်မှု၊ အကျိုးအမြတ် အမှုပေါင်းများစွာ ရှိနေဆဲ ဖြစ်ပါတယ်။

တရားဥပဒေက တဖြေးဖြေးပြန်လည်တည့်မတ်ဖို့ အမြင့်ဆုံးဖြစ်တဲ့ တရားသူကြီးချုပ်အဖွဲ့ကို နောက်ထပ် အသစ်၎ဦးထပ်မံ ထည့်သွင်းလိုက်ပါတယ်။ ခေါင်မိုးက လုံဖို့စတင်ကြိုးစားနေတာပါ။

အလွန်မတရားလှတဲ့ ဖြစ်ရပ်များစွာမှာ ရာဇ၀တ်မှုများ၊ အမျိုးသမီး၊ကလေး အကြမ်းဖက်ခံရမှုများ၊ ကလေးအလုပ်သမားနဲ့ကျောင်းစာမသင်နိုင်မှု၊ မှတ်ပုံတင် လ.၀.က ပြသနာများ၊ မြို့ရွာတိုင်းက စည်ပင်၊ အခွန်၊ မြေစာရင်း၊ ရဲဌာန၊ အုပ်ချုပ်ရေးမှု ဌာနတွေမှာ ငွေကြေးတတ်နိုင်သူများအပေါ် အဂတိ (ငွေ၊ အာဏာ) အသုံးပြုပြီး မတရားမှုများစွာ မီဒီယာများ၊ လွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်အားဖြင့်၎င်း ဖော်ထုတ်ပြနေပေမဲ့ တရားစွဲဆို အပြစ်ပေးနိုင်ခြင်း အလွန်အားနည်းနေဆဲ ဖြစ်ပါတယ်။
.
.
.
အောက်ပါ ဖြစ်ရပ်ကတော့ လူမှုကွန်ယက်မှာ တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင် ဖေ့ဘုတ်က သတ္တိရှိစွာ ဖော်ထုတ်မှု တစ်ခုပါ။

မူးယစ်ဆေး ၁၅ ပြားကြောင့် ထောင်ဆယ်နှစ် ချခံထားရရှာသူ အိုးဘိုထောင်ထဲက ဆယ်တန်းဂုဏ်ထူးနဲ့အောင်သူ ညီမလေး အတွက်
zay ko oဲr lin wai ရဲ့ဆုတောင်းစကား ကို ထပ်ဆင့် တင်ပြပေးလိုက်ပါတယ်။
**************************************************************
(ကောင်မလေးရဲ့ အင်တာဗျူးမှာ သူဖြေတာတွေသာ အမှန်ဆိုရင်) ဈေးဆိုင်တစ်ဆိုင်မှာ ကျောင်းစရိတ်အတွက် အလုပ်လုပ်ခဲ့တယ်၊ မူးယစ်ဆေးဝါးရောင်းနေတဲ့ဆိုင်မှန်းမသိခဲ့ဘူး၊ သိသိချင်းထွက်ဖို့ကြိုးစားတယ်၊ ဒါပေမယ့် နောက်ကျသွားတယ်။ ရဲလာစစ်တယ်၊ မူးယစ်ဆေးဝါး (15)ပြားမိတယ်။ ရဲဖမ်းတာခံရတယ်။ ထောင် (10)နှစ်ကြတယ် လို့ သူဖြေသွားတယ်။ ဆိုင်မှာဈေးရောင်းမိတာလေးနဲ့တင် ထောင်(10)နှစ်ကျတယ်။ မိတဲ့ မူးယစ်ဆေးကလဲ (15)ပြားတည်း။ မူးယစ်ဆေးဝါးရောင်းနေမှန်းလဲ သူက သိတာမဟုတ်..။
ဒါဆိုရင်… ပူပူနွေးနွေးပဲရှိသေးတဲ့ ပြီးခဲ့တဲ့လ (2)ရက်နေ့က ရခိုင်ပြည်နယ်မှာ အမှတ်(564) တပ်က ဗိုလ်မှူးရဲဇေယျာ စီးလာတဲ့ကားမှာ မူးယစ်ဆေးဝါး အလုံးပေါင်း လေးသိန်းကျော်ဖမ်းမိခဲ့တယ်။ အဲ့တုန်းက အဲ့ဒီဗိုလ်မှူးဟာ ကားကြုံလိုက်လာတာပါဆိုပြီး သူ့တပ်က သူ့ကိုပြန်ခေါ်ထုတ်သွားတယ်။ ရဲလက်ထဲမှာ မထားခဲ့သလို ဘာအရေးယူဆောင်ရွက်မှုဆိုတာမျိုးလဲ ဆက်မကြားရတော့ဘူး။
ကျောင်းစရိတ်ရှာတဲ့ ကလေးမလေးကိုတောင် ထောင် (10)နှစ်ချရဲတဲ့ ဥပဒေဟာ
စီးပွားဖြစ် မြိုဆို့နိုင်အောင် အာဏာအလွဲသုံးစားလုပ်ပြီး ဘိန်းကုန်ကူးတဲ့ ဗိုလ်မှူးကို ကျတော့ ထောင်မချနိုင်ဘူးလားဗျ။
ဘိန်းကုန်ကူးတာ မဟုတ်ဘူး၊ ကားကြုံစီးတယ်လို့ပဲ သူတို့မျက်နှာပြောင်တိုက်ငြင်းသလိုပဲ ထားအုန်း..
ဆိုင်မှာ မသိလို့ ဈေးရောင်းမိတဲ့ ကျောင်းသူလေးကိုတောင် ထောင် (10)နှစ်ချရဲတဲ့ ဥပဒေဟာဘိန်းကားမှာ ကားကြုံလိုက်စီးတဲ့ ဗိုလ်မှူးကိုတော့ ဘာမှ အရေးမယူဘူးတဲ့လား..။
ဒါ့ကြောင့်လဲ ဖိနပ်နဲ့ကောက်ပေါက်ခံရတာ။
ဘာပဲ ပြောပြော လက်ရှိနိုင်ငံတော်လူကြီးတွေအနေနဲ့ ဗိုလ်မှူးကို ထောင်ထဲထည့်ပြပါ။ မထည့်ပြနိုင်ဘူးဆိုရင် ကောင်မလေးကိုလဲ လွှတ်ပေးပါ။ သူဖြစ်ချင်တဲ့ ပညာရေးခရီးလမ်းလေး အပြင်မှာ ဖြောင့်ဖြူးပါစေ၊ ခရီးဆက်ပါစေ.
Zay Ko
.
.
ပြည်သူ့ရဲတပ်ဖွဲ့
ဘယ်သူမှ အမှုမဖြစ်ချင်သလို၊ လိမ်လည်မှု၊ ခိုးမှု၊ ဓါပြမှု၊ လုယက်မှုတွေကို မတိုင်တန်းချင်ပါဘူး။ ရဲစခန်း၊ တရားရုံးတွေကို ရှောင်ကြပေမဲ့ မလွဲမရှောင်သာရင်တော့ ရဲစခန်းကို သွားရပါတော့တယ်။ အမှုကို ရဲတပ်ဖွဲ့ရဲ့ စစ်ချက်၊ သက်သေများကို သုံးပြီး၊ လက်ရှိပြဌာန်းချက်များအတိုင်း တရားရုံးတင်ပြီး၊ တရားစွဲ အမိန့်ချရပါတယ်။ ရဲတပ်ဖွဲ့များ ၊ နယ်ထိန်းများ (ကင်းလှည့်အဖွဲ့များ) ကလည်း အင်အား နည်းပါးတဲ့အပြင် ကူညိချင်တိုင်း မကူညီနိုင်ပါဘူး။ မြို့ရွာတိုင်းမှာ နယ်ထိန်းရဲကား နဲ့ ဆိုင်ကယ်များ၊ လောင်စာဆီ၊ တယ်လီဖုန်းလိုင်း လုံလောက်မှု မရှိသေးပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးဆုံး ရဲချုပ်ကလည်း စစ်ဗိုလ်ဖြစ်နေပါတယ်။ စစ်ဗိုလ်အလုပ်နဲ့ ရဲမှုး အလုပ်က မတူပေမဲ့ လက်ခံနေရဆဲပါ။
.
ပြည်တဲရေး၊ မြို့နယ်ထွေအုပ်လက်အောက်ကနေ တိုင်းဒေသကြီးအစိုးရအောက်ကို ဖွဲ့စည်းပုံပြင်ဖို့ သမတဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက အစီအစဉ်ရှိပေမဲ့၊ အခက်ခဲများစွာ ရှိနေဆဲပါ။  မြန်မာနိုင်ငံရဲ(စခန်းရဲ၊ နယထိန်းရဲ) များက အဓိကဖြစ်ပေမဲ့ အခြားရဲတပ်ဖွဲ့များစွာ ရှိပါတယ်။  သတင်းရဲ၊ မှုခင်းရဲ၊ မော်တော်ယဉ်ရဲ၊အထူးစုံစမ်းရေးရ (စသုံးလုံ)။ လူကုန်ကူးတာဆီးရဲ။ အဓိကရုံးရဲ၊ သစ်တောရဲ၊ နိုင်ငံခြားခရီးသွားလုံခြုံရေးရဲ၊ အမြန်လမ်းရဲ၊ ဒုစရိုက်နှိမ်နင်းရေးရဲ စသဖြင့် ရဲဌာနများစွာ ရှိပါတယ်။ 

 ကျနော်မပြောရဲပါဘူး
********************
၀၃၁၂-ဝတ်စုံစရိတ်

-----------------
အရာရှိတစ်ဦး ၇၁၅၀၀ိ/
အခြားဆင့်တစ်ဦး ၆၄၂၀၀ိ/
သတ်မှတ်စရိတ်ရှိပါသည်။
ရရှိပါသည်။ ဇာပဝါကာကီရယ်၊အတွင်းခံမပါရင်မဝတ်ရဲအောင်ပ၊နက်ပြာနဲ့ကိုရွှေရဲ၊ခွေးထိုးလိုဆွဲ၊ထိုင်လိုက်ဖို့ဟန်ပြင်တယ်၊ကွဲပါပေါ့
ဒီဖင်ပြဲ၊ချုပ်ခရယ် ၁၀၀၀၀ရယ်ပါ့၊ကျုပ်မလှတဲ့ဘဝရယ်ပါ။ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာနည်းနေလို့ .........
ကျွန်တော်မပြောရဲပါဘူး။

၀၃၁၂-ဆေးဝါးကုသစရိတ်၊
-------------------------
တစ်ဦး တစ်နှစ် ၂၀၀၀၀ိ/ခံစားခွင့်ရှိပါသည်။
တောမှာလေ အသေမခံနိုင်လို့၊မြို့ပေါ်ကိုပြမိပါတယ်။စားစရိတ်ကထောင်းလို့ထောင်း၊ကားစရိတ်ကမတန်မရာ၊တန်းစီကာတုံကင်စောင့်ရင်းနဲ့ အသက်မထွက်ခင်
ကုလိုက်ပါတော့၊စမ်းသပ်ခတင်သိန်းဂဏန်းကပ်နားကြားများလွဲလေသလား၊လေသံကသူစိမ်းဆန်တယ်။ ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာ နည်းနေလို့၊
ကျနော်မပြောရဲပါဘူး။

၀၁၀၆-သင်တန်းစားသောက်စရိတ်၊
-----------------------------------
တစ်ဦးတစ်ရက်၅၀၀ိ/ခာံးခွင့်ရှိပါသည်။
သတ်မှတ်ပစ္စည်းစုံလင်စွာနဲ့၊သင်တန်းရယ်တက်ဖို့ဗျာ၊သင်တန်းမှမစသေး၊ကောက်လိုက်တဲ့ငွေအသပြာ၊ဆောင်းစားစရိတ်၊ပြင်ဆင်စရိတ်၊စာရွက်စာတမ်းစရိတ်၊ပေးရမှာကနိုင်ငံတော်လား၊သင်တန်းသားလား
မပြောတတ်ပေါင်နော်။ဒါပေမဲ့၊
၊နိုင်ငံတော်ဘဏ္ဌာမလုံလောက်လို့။
ကျနော် မပြောရဲပါဘူး။

၀၂၀၁-ခရီးစရိတ်
-----------------
အမှု့တစ်မှု့ကို၅၀၀၀ိ/ခံစားခွင့်ရှိပါသည်။
အသုံးပြုရတာကတာက၉၆၉၃ကိုယ့်ဆိုင်ကယ်၊
အခင်းဖြစ်က မိုင်၂၀ကျော်၊သက်သေခံပစ္စည်းက
ကရိန်းနဲ့မ၊ဘယ်ဟာမှအလကားမရ၊သက်သေ
မတွေ့လို့ကရွာကိုအခါ၂၀၊တရားစွဲတင်တော့ခရိုင်ဒိုး၊ပိုးစိုးပက်စက်ကုန်တာက အိုင်အိုလက်သစ်၊မပြေးမဖြစ်တာကနေပြည်တော်ဓာတုဗေဒရုံးကိုက၂ခေါက်၊ချောဆီထည့်ရတာကပြေလည်သလောက်၊ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာငွေနည်းနေလို့။
ကျနော်မပြောရဲပါဘူး။

၁၃၀၄-တရားခံပို့ဆောင်ခ
--------------------------
အမှု့ကြီး၁မှု့၅၀၀၀၀ိ/
အခြားမှု့၁မှု့၃၀၀၀၀°/
ကြိုကာ၁မှု့၁၀၀၀၀ိ/ခံစားခွင့်ရှိပါသည်။
ပေးထားတာကစမတ်အချုပ်ကား၊တရားခံကတော့အပျံစားမလန်းနိုင်ပဲရှိတာကကိုရွှေရဲ။
ပို့ရမဲ့တရားခံတစ်ယောက်၊မိုင်တစ်ရာကျော်ခရီးရယ်ပေါက်မှထောင်ဗူးဝရောက်မယ်ပေါ့။
သောက်သောက်လည်ဆီဘိုးရယ်က ကလိထိုးကာရယ်လိုက်ချင်တာကပေးထားတဲ့ငွေ၊ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာမလုံလောက်လို့။
ကျနော်မပြောရဲပါဘူး။

၁၃၀၅-ရုံးအသုံးဆောင်
----------------------
မြို့မရဲစခန်း ၅၀၀၀၀ိ/
နယ်မြေရဲစခန်း၃၀၀၀၀ိ/ခံစားခွင့်ရှိပါသည်။
ကွန်ပျူတာနဲ့စာစီကာရယ်၊ဓာတ်ပုံရယ်ဝေဝေဆာနဲ့၊တောင်းလိုက်တဲ့အစီရင်ခံစာမိတ္တူဟာမရေတွက်နိုင်ဘူးသုံးလို့လောက်ဖူး။
ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာနည်းနေလို့၊
ကျနော်မပြောရဲပါဘူး။

၀၃၀၇-အမျ့စုံစမ်းတယ်လီဖုန်းစရိတ်
----------------------------------
မြို့နယ်မှုး/စခန်းမှုးတစ်လ၅၀၀၀ိ/ခံစားခွင့်ရှိပါသည်။
ဖြစ်စဉ်ရယ်ပေါ် အင်တာနက်လိုင်းပေါ်တက်
မြေပုံကြမ်း၊မြို့အကွက်ချရယ်၊
နယ်မြေပုံမကျန်ပါဘူး။ထူးလှတဲ့Googleရယ်။
တစ်ဝဲလည်လည်လိုင်းရယ်ကြောင့်၊မရောက်ပြန်
ငေါက်ရန်ကြောက်သော်လည်း၊သုံးလို့လောက်ဖူး။
ဒါပေမဲ့။
နိုင်ငံတောဘဏ္ဌာနည်းနေလို့၊
ကျနော်မပြောရဲပါဘူး။
(ဂန္တာရဝင်း သာစည်)

္ဆ္တမူရင်းGan Ta Ra Win
.
ရဲတပ်ဖွဲ့ဝင်များရဲ့ ပကတိအခြေအနေ....

တရားဥပဒေစိုးမိုးလာပါစေ။
ဇာနီကြီး
.
.
ကိုးကားဆောင်းပါးများ
၁။ မြို့ပြကျးလက်ခရစ်ယန်များရဲ့သာသနာ (ဥပဒေအမြင်ဖွင့်သင်တန်း)
 http://myanmargood2016.blogspot.com/2017/02/blog-post_23.html
.
၂. ဦးကိုနီ ဟောပြော၊ လုပ်ဆောင်ခဲ့ခြင်းများ၊ နှင့် စာရိတ္တမဏ္ဍိုင် (၂၀၁၇)
http://moemaka.com/archives/59070 

Monday, June 12, 2017

တရုပ်လွှမ်းမိုးမှုကိုမည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း … ဒေါ်အောင်ဆန်းစုကြည် (၂၀၁၅ ဆောင်းပါး)

တရုပ်လွှမ်းမိုးမှုကိုမည်ကဲ့သို့ 

ကာကွယ်နိုင်မည်နည်း …
ဒေါ်အောင်ဆန်းစုကြည်

ဇာနီကြီး၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
ကိုးကန့်ဒေသစစ်ပွဲများ၊ ကချင်စစ်ပွဲများ၊ နောက်ဆုံး ဝ လူမျိုးတို့၏ ကြီးမားလှသော လက်နက်ကိုင်တပ်ကြီး၊ စသဖြင့်၊ မြန်မာပြည်မြောက်ပိုင်း၊ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကြားနေရသည်မှာ စိုးရိမ်စရာဖြစ်သည်။ ရေနံနှင့်ဓါတ်ငွေ့ ပိုက်လိုင်းကြီးက မြန်မာနိုင်ငံကို နှစ်ခြမ်းခွဲထားသလို ဖြစ်နေသည်ကိုလည်း အထက်မြန်မာပြည်၊ တရုပ်လွှမ်းမိုးခံရသကဲ့သို့ ဖြစ်နေသည်။ မြန်မာနိုင်ငံအတွက် သတင်းနှင့်အဆက်မပြတ်သူ မြန်မာလူမျိုးတိုင်းစိုးရိမ်ကြသည်။ အချို့ကလည်း တရုပ်နိုင်ငံအတွက် ရေနှင့်စွမ်းအင်လိုအပ်ချက်များမှာ ဘင်္ဂလားပင်လယ်သို့ မြန်မာပြည်မှတဆင့်၊ လမ်းဖေါက်မည့် မဟာစီမံကိန်းရှိသည်ဟု ကောလဟာလ၊ သတင်းများထွက်နေသည်။
ယခုအခါ တရုပ်နိုင်ငံ၏ အဆင်းရဲဆုံးဟု ဆိုနိုင်သော ယူနန်ပြည်နယ်သည် တဟုန်ထိုး တိုးတက်နေလာပြီး၊ အထူးသဖြင့် ကုန်းတွင်းကျသော ယူနန်ပြည်နယ်မှတဆင့် မြန်မာနှင့်ဗီယက်နမ် ၂နိုင်ငံအားဖြင့် ပင်လယ်ဖက်သို့ လမ်းဖောက်နေကြသည်။ 
တရုပ်သြဇာချဲ့ထွင်ရေး တရုပ်စစ်ကြောင်းချီ စစ်ပွဲကြီးတခုကို ၁၉၇၈တုန်းက ဗီယက်နမ်နိုင်ငံက တလတာ ကြံ့ကြံခံနိုင်ခဲ့ပြီး တရုပ်စစ်တပ်တို့ ပြန်လည်ဆုတ်သွားခဲ့သည်။ နောက်ပိုင်း စီးပွားရေးအားဖြင့် ဗီယက်နမ်ကို မြန်မာနိုင်ငံ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ စီးပွားအားဖြင့် တရုပ်က ထိုးဖေါက်ပြန်သည်။ ဗီယက်နမ်ပြည်သူလူထုသည် တရုပ်ဝိသမ စီးပွားရေးသမားများကို အပြင်ထန်ဆန့်ကျင်သော်လည်း၊ ဗီယက်နမ်အစိုးရအဖို့ အိမ်နီးချင်း၊ မဟာစီးပွားအင်အားကြီး တရုပ်နိုင်ငံကို လက်ခံနေရဆဲဖြစ်သည်။
အိမ်နီးချင်းနိုင်ငံအဖြစ် မဖြစ်မနေ ဆက်ဆံနေရချိန်တွင် မြန်မာပြည်ဖက်မှာ ကမ္ဘာ့အဆင့် ခေါင်းဆောင်များဖြင့် တရုပ်-မြန်မာ အကျိုးတူစီးပွားရေး စာချုပ်များဖြင့် လုပ်ဆောင်ရပါမည်။ ပြီးခဲ့သော ရေနံဓါတ်ငွေပိုက်လိုင်း၊ လက်ပတောင်းတောင်ကြေးနီ နှင့် စာချုပ်ပေါင်းများစွာရှိသည်။ အနာဂါတ် မြန်မာအစိုးရသည် လူတစ်စုအကျိုးမှ၊ နိုင်ငံအကျိုးဖြစ်အောင် Good Attitude ခေါင်းဆောင်များစွာ လိုအပ်နေသည်။
မြန်မာပြည်မှာ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ရှိတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပုဂ္ဂလိကကျောင်းများစွာ ပေါ်ပေါက်လာပါတယ်။ မန္တလေး ဖောင်တော်ဦးကျောင်း နန်းရှေ့ ၁၉ လမ်းမပေါ်က ဘုန်းတော်ကြီးတစ်ပါးရဲ့ စနစ်သစ်ပညာရေး..နဲ့ ကျောင်းဆရာများရဲ့ ကျောင်းသူကျောင်းသာ ၇ထောင်ကျော် .. အင်္ဂလိပ်စာ၊ မြန်မာစာ.. သင်ကြားပုံ… ဗီဒီယို လင့်လေးတစ်ခု ဖေ့စ်ဘုတ်ပေါ်တွေ့ရတော့ အနာဂါတ်ပညာရေးမှာလဲ Good Attitude နိုင်ငံသားများက အောင်ပွဲခံမှာ ဖြစ်ပါတယ်။
.
ဥပမာ ..ဗိုလ်ချုပ်အောင်ဆန်း အကြောင်းသင်မယ်ဆိုရင်..  သူ့လုပ်ဆောင်မှုတွေ .. ပြောပြနားထောင်ခိုင်းမှု မလုပ်တော့ပဲ၊ ကျောင်းသူ၊ကျောင်းသားများကို စာအုပ်၊ ပစ္စည်းများ ပေးပြီး သူတို့ဖာသာ အုပ်စုလိုက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရှာဖွေ၊ ရေးသားစေပါတယ်… ။ မိဘများကတော့ .. ဒီကျောင်းတက်တဲ့ ကလေးတွေ အိမ်မှာအမေးမြန်း ထူးလာတော့ သိပ်မကြိုက်ချင်ပါဘူး။ လူကြီး၊ ဆရာမတွေက ငါပြောတာနားထောင် ..ဆိုတဲ့ ဓလေ့နဲ့ အလေ့ကျင့်ရလာသူများအတွက် ပြောင်းလဲမှုပါပဲ။ ပညာရေး၊ ကျန်းမာရေးတွေမှာ လူထုကပဲ ကိုယ့်ဖာသာ အကောင်းဆုံး လုပ်ခွင့်ရရှိခြင်းဟာ .. အစိုးရအရာရှိ၊ ဌာနဆိုင်ရာ အကျင့်စာရိတ္တပညာ သင်ကြားခြင်းပါပဲ။
စင်ကာပူမှာတော့ စားဝတ်နေရေး မပူပင်ရတဲ့ ကျောင်းဆရာများက မူလတန်းမှာ ကလေးများကို ပညာသင်တယ်။ အထူးသဖြင့် စာရိတ္တ၊ စည်းကမ်း၊ လေ့လာနည်း၊ အသင်းဖွဲ့ပုံစံ၊ CCA ဆိုတဲ့ ကျောင်းစာမဟုတ်တဲ့ စာကြည့်တိုက်၊ အားကစား၊ ဂီတ၊ ဘင်ခရာ၊ ကြက်ခြေနီ၊ ဘရောင်နီ၊ စကောက်အသင်း.. စတဲ့ပညာရပ်များမှာ ကလေးများ တိုးတက်လာပါတယ်။ နောက်ဆုံးတော့ .. ဒီကလေးများ အိမ်ပြန်ရောက်လာတော့ မိဘကို ပြန်လည်သင်ကြားလာပါတယ်။ ဘယ်သူမှပြောမရတဲ့ အော်ငေါက်တတ်တဲ့ အစိုးရအရာရှိကြီး.. အိမ်မှာလဲ အော်ငေါက်နေတာ.. မိန်းမကလည်း သူ့လုပ်စာ စားနေရတော့ ပြန်မပြောရဲ့ဘူး။ အဲ.. ဒီ အရာရှိကြီးကို ၆နှစ်သား သား၊ သမီးများက မကြောက်မရွံ့ .. အမေ့ကို အော်ငေါက်မပြောပါနဲ့။ ကျောင်းက ဆရာမ ပြောတယ်။ အော်ငေါက်မပြောရဘူး၊ မဆဲရဘူး… လို့ ထမင်းစားဝိုင်းမှာ ပြောလိုက်တော့ .. အဖေကြီး ဒေါသထွက်ပါတယ်။ ကလေးကတော့ ဖခင်ကိုမလေးစားတာ မဟုတ်ပါဘူး။ ဖခင်ရဲ့ ငါဆိုတဲ့ အတ္တစိတ်၊ ဒေါသစိတ်၊ စာရိတ္တပျက်မှုတွေကို .. မိတ်ဆွေတွေက မပြောပါ၊ မပြောချင်ပါ။ ပြောပြလဲ စိတ်ဆိုးပြီး မိတ်ပျက်သွားနိုင်ပါတယ်။
.
ဒါပေမဲ့ ကိုယ့်သားသမီးများရဲ့ မေတ္တာနဲ့ ပြန်ပြောစကားကိုတော့ မိဘများ နားထောင်ကြပါတယ်။ အကျင့်ပျက်နေဆဲ ငွေ၊ အာဏာရှင် သားသမီးများကတော့ ရှိပါစေတော့လေ… ။ အများစုဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများစွာကို Good Attitude ဖြစ်လာဖို့ .. ဒီဆရာမများ၊ ဘုန်းကြီးနဲ့ ပံ့ပိုးသူများ ဗီဒီယိုကို ရှယ်ပေးသူများကို လေးစား၊ ကျေးဇူးတင်ပြီး မြန်မာပညာရေးမှာ ပုဂ္ဂလိကကဏ္ဍဟာ အထူးတိုးတက်လာတာကို ကြိုဆိုရပါတယ်။

နိုင်ငံရေး၊ စစ်ရေး
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ တပ်မတော်၏ အမျိုးသားရေး မူဝါဒများကို ရှင်းပြခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံက သိရသည်။
စစ်တပ်ကြီးစိုးသော မြန်မာနိုင်ငံတွင် စစ်တပ်ခေါင်းဆောင်များက အကြမ်းဖက်၊ လက်နက်ကိုင်နည်းဖြင့် ဖြေရှင်းခဲ့သည်မှာ နှစ်ပေါင်း၅၀ကျော်ခဲ့သော်လည် မအောင်မြင်ပါ။ ယခု နိုင်ငံရေးအားဖြင့် ဖြေရှင်းရာတွင် စစ်ဝတ်စုံမှ အရပ်ဝတ်ပြောင်းလဲသော စစ်ဗိုလ်ဟောင်းများအစိုးရ၊ စီးပွားရေးစနစ်မှာ ၄နှစ်ကျော်ခဲ့ပြီ။
လောဘကြီးသော လူ့သဘာဝအတိုင်း ရရှိသော အာဏာသုံးပြီး၊ တစ်လ၊ တစ်နှစ်အတွင်း ဒေါ်လာသန်းပေါင်းများစွာ အဂတိလိုက်စားနိုင်သော ခေတ်ကြီးဖြစ်သည်။ လက်နက်ကိုင်တပ်များ နယ်စပ်စီးပွားရေးသည် အလွန်ဝင်ငွေကောင်းသည်ကို သိရှိသောကြောင့် အထူးသဖြင့် တရုပ်၊မြန်မာ နယ်စပ်များတွင် အစိုးရစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ပေးကမ်းပြီး၊ စီးပွားအကြီးအကျယ် လုပ်နေကြသည်။ တိုင်းရင်းသား ငြိမ်းချမ်းရေးလုပ်ရာတွင် အကျိုးတူစီးပွားရေးသည် နိုင်ငံရေးဆွေးနွေးပွဲနောက်ကွယ်မှ အကြီးမားဆုံးသော တောင်းဆိုချက်ဖြစ်နေပါသည်။ တရုပ်နယ်စပ် လက်နက်ကိုင်တပ်အားလုံး နိုင်ငံကာကွယ်ဖို့ ညီညွတ်မှုရရှိပါက တရုပ်နိုင်ငံသြဇာလွှမ်းမိုးလာမှုကို ကာကွယ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် လက်နက်ကိုင်တပ်အားလုံး၊ အထူးသဖြင့် မြန်မာစစ်တပ် အရာရှိများ လောဘမကြီးရန်၊ အကြပ်တပ်သား၊ မိသားစုများ လုံလောက်သော စားဝတ်နေရေး ဖန်တီးပေးရန် လိုသည်။

ဘာသာရေး၊ လူမှုရေး၊ အိမ်ခြံမြေဈေးကြီးမှု
.
မြန်မာများ ရေတို၊ ပေါ်ပင်၊ အကြံဖန်၊ ဝယ်ရောင်းလုပ်စားတဲ့ခေတ်ကနေ ရေရှည်အကျိုးစီးပွားအတွက် လုပ်နိုင်လာဖို့ မျှော်လင့်ချက်များစွာ တွေ့နေရပါတယ်။
* လွန်ခဲ့တဲ့ ၄နှစ်က အမေရိကန်သမ္မတကြီးအိုဘားမား ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ရောက်လာပြီး၊ ချစ်ကြည်ရေးလုပ်မယ် .. ပြောရင် အိပ်မက်လို့ပဲ ထင်ကြပါလိမ့်မယ်။
* နိုင်ငံရေးအကျဉ်းသား အားလုံးနီးပါး ထောင်ကလွတ်လာမယ်။ ပြည်ပရောက် နိုင်ငံရေးဘလက်လစ်များ ပြန်လာနိုင်မယ် ..ပြောရင်လဲ အိပ်မက်လို့ပဲ ထင်ကြပါလိမ့်မယ်။
* အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ အတိုက်ခံပါတီအဖြစ် ရောက်လာမယ် … ပြောရင်လဲ အိပ်မက်လို့ပဲ ထင်ကြပါလိမ့်မယ်။
ဒါတွေအားလုံး တကယ်ဖြစ်လာခဲ့ပါတယ်။ နာမည်ကျော် လူရွှင်တော် ဇာကနာပြောစကားအရ၊ နောက်တက်မဲ့ သမ္မတဦးရွှေမန်း၊ နောက်တက်မဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စသဖြင့် လမ်းခင်းထားတယ်လို့ ပြောလာပါတယ်။ ဘယ်လိုပဲ ပြောဆို၊ ခန့်မှန်းကြပါစေ.. ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် ၅နှစ်လောက် လုပ်သွားစေချင်တာတော့ စာရေးသူရဲ့ အိပ်မက်တခုပဲ ဖြစ်ပါတယ်။
ခေါင်းဆောင်ကောင်း ဆိုတာ ထိပ်ဆုံးနေရာ တက်ထိုင်ဖို့ လိုတယ်၊ မလိုဘူး အချေတင်ပြောနိုင်ပါတယ်။ တရုပ်ပြည် ပြုပြင်ပြောင်းလဲစေတဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန့်က ထိပ်ဆုံးနေရာမှာ မနေပါဘူး။ တရုပ်ပေါ်လစ်ဗျူရိုအဖွဲ့မှာ ထိုင်ပြီး မျက်နှာပြလိုက်တာနဲ့၊ တရုပ်ပြည်ကြီးရဲ့ တိန်ရှောင်ဖိန့်ပေါ်လစီကြီး အသက်ဝင်လာပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ မျက်နှာပြရုံနဲ့ အမှောင်ထုထဲက အလင်းလို တောက်ပပါတယ်။ အမှောင်ထုထဲက ဖယောင်းတိုင်မီးတစ်ခုကို မိုင်ပေါင်း ၂၀လောက်က မြင်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲမှာ ဖယောင်းတိုင်မီးလို မျက်နှာပြလိုက်တာနဲ့ လွှတ်တော်လူကြီးတွေ မဟုတ်တာ မလုပ်ရဲ၊ မလုပ်ချင် ဖြစ်ရပါတယ်။ ဘာကြောင့်ဒီလောက် အလင်း အင်အားကြီးပါသလဲ ..ရေးရရင် အများကြီးပါ
* မိခင်မေတ္တာမျိုးထက်သာတဲ့ အဂါပေအချစ် ဆိုတဲ့ ကြီးမားတဲ့နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။ ရန်လိုသူကို လေးစားစွာနဲ့ အတူထိုင်ဆွေးနွေးနိုင်သူဖြစ်ပါတယ်။
* မြန်မာတပ်မတော် ခေါင်းဆောင်များပင်လျှင် လက်ခံနိုင်အောင် ငြိမ်းချမ်းရေးအင်အားပြည့်ဝသူဖြစ်ပါတယ်။ ကာ/ချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့လဲ တွေ့ဆုံဆွေးနွေးခဲ့ပါပြီ။
* နိုင်ငံကိုအုပ်ချုပ်ဖို့ ကမ္ဘာ့အဆင့် ပညာရေးနဲ့ပြည့်စုံသူဖြစ်ပါတယ်။ သိပ္ပံ၊ဝိဇ္ဖာ၊လူမှုရေး၊ စစ်ရေး ထူးခွန်သူများရွေးချယ်ခန့်ထားနိုင်သူဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်း
တရုပ်နိုင်ငံကြီး တဟုန်ထိုးတိုးတက်သွားခြင်းမှာ အတွေးခေါ်ကောင်းဖြင့်၊ လက်တွေ့ အကောင်ထည်ဖေါ်သွားသော ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန့် ဖြစ်သည်။ မည်သူမျှ မငြင်းနိုင်ပါ။ တိန့်ရှောင်ဖိန့် ခေါင်းဆောင်မှုနှင့် စင်ကာပူနိုင်ငံမှ လီကွမ်းယူ ခေါင်းဆောင်မှု မတူညီပါ။ စင်ကာပူခေါင်းဆောင် လီကွမ်းယူက အာဏာရှင်ဆန်ဆန် စင်ကာပူနိုင်ငံကို ကမ္ဘာ့ထိပ်တန်းသို့ ပို့ဆောင်သွားခဲ့သည်။ တောင်ကိုးရီးယား နိုင်ငံလည်း ကမ္ဘာ့ထိပ်တန်းသို့ ရောက်လာခြင်းမှာ အတိုက်အခံခေါင်းဆောင် ကင်ဒေဂျုံ  အဂတိအနည်းဆုံးနိုင်ငံအဖြစ် အခြေခံလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် နတ်မောက်မြို့အခမ်းအနားကျင်းပခဲ့ပါတယ်။  ကလေးများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူ၍ တိုင်းပြည်အတွက်သာမက လူသားများအတွက်ပါ တန်ဖိုးရှိသူတစ်ဦး ဖြစ်လာအောင် ကြိုးစားကြဖို့ … ကလေးများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူပြီး နိုင်ငံ့ထိပ်တန်း ခေါင်းဆောင်တစ်ယောက် သာမက တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ခေါင်းဆောင်တစ်ယောက် ဖြစ်အောင်၊ တိုင်းပြည်အတွက် သာမက လူသားများအတွက်ပါ တန်ဖိုးရှိသူတစ်ယောက် ဖြစ်လာအောင် ကြိုးစားကြရန်  ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရစကား ပြောကြားတိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားတာ အင်မတန်မှ သင့်လျော်သည်ဟု မြင်ကြောင်း၊ ဖခင်ဖြစ်သူ သေဆုံးချိန်မှာ နှစ်နှစ်အရွယ်သာ ရှိသေးကြောင်း၊ မိခင်ဖြစ်သူ၏ သင်ကြားမှုအရ ဖခင်ဟာ အင်မတန်မှ ဖြောင့်မတ်သည့် ပုဂ္ဂိုလ်တစ်ဦးဟူ၍ နားလည်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ခဲ့သည့် သ၀ဏ်လွှာ အသံဖိုင်မှာ ပြောကြားထားပါတယ်။  ကြွရောက်လာရောက်တဲ့ သီသဂူဆရာတော်ကြီးက ဗိုလ်ချုပ်အောင်ဆန်း တကယ်မသေကြောင်း၊  မျိုးဆက်များစွာ ပေါ်ပေါက်လာရေးအတွက် သူ့သမီး ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျှက်ရှိကြောင်း။ ဝိုင်းဝန်းပံ့ပိုးပေးကြရန် ပြောသွားပါတယ်။
မြန်မာအစိုးရက ဥပဒေများစွာ လွှတ်တော်နှင့်သမ္မတ လက်မှတ်ထိုးထုတ်ပြန်ရာမှာ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဆရာများ၊ ကျောင်းသားများ အပြင်းထန်ကန့်ကွက်သည့်သည့်ကို လစ်လျူပြုခဲ့လို့ တပြည်လုံး ကျောင်းသားသပိတ် ဖေဖေါ်ဝါရီလတွင် ပေါ်ပေါက်ခဲ့ရပါတယ်။  ကလေးမြို့၊မုံရွာ၊ မန္တလေး၊ ရေနံချောင်း၊ ပုသိမ်၊ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန် စသဖြင့် သပိတ်ကြောင်းများစွာကို အစိုးရက အကြမ်းမဖက်ပဲ တားဆီးရန်ကြိုးစာခဲ့ပါတယ်။  ကျောင်းသားကိုယ်စားလှယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်ဆွေးနွေးပြီး၊ ကျောင်းသားများ တင်ပြချက် ၁၁ချက်ကို သဘောတူ လိုက်လျောခဲ့ပါတယ်။  ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်အယ်ဒီပါတီလူငယ်များ၊  ကျောင်းသားကိုယ်စားလှယ်များ ၃နာရီကြာ၊ တွေ့ဆုံကြပါတယ်။ ကျောင်းသပိတ်အဖွဲ့များ ရန်ကုန်တွင်စုရန် မည်သို့ဆုံးဖြတ်မည်မသိရပေမဲ့လည်း၊ အသက်၂၀အရွယ် ငယ်ရွယ်သူ ကျောင်းသားများနှင့် အစိုးရလူကြီးများ တွေ့ဆုံဆွေးနွေးတဲ့ ဒီမိုကရေစီစနစ် အောင်မြင်တာကို ဝမ်းမြောက်စွာ တွေ့ရပါတယ်။
နောက်ကွယ်မှ ဝိသမ ငွေ၊အာဏာရှင်များ၏ ဆူဆူပူပူ ဖြစ်စေရန် သွေးထိုးလှို့ဆော်မှုသူများ၊ ဘာသာရေးလှို့ဆော်သလို မလုပ်နိုင်ရန် အစိုးရနှင့်အတိုက်အခံများ ကျောင်းသားများလိုအပ်ချက်များကို နားထောင်၊လုပ်ဆောင်ပေးဖို့ အစိုးရတာဝန်ဖြစ်ပါတယ်။  မီဒီယာအားဖြင့် ပွင်လင်းလာတဲ့ မြန်မာနိုင်ငံမှာ အတိုးတက်ဆုံးကတော့ လူငယ်များဖြစ်သည်။ ကမ္ဘာ့အဆင့် လူငယ်များဖြစ်လာရန် ပညာရေးစနစ်ကို ပြောင်းလဲဖို့ လူငယ်များက၊ လူကြီးများကို လမ်းညွန်နေပါတယ်။ သတင်းဓါတ်ပုံ-NLD Chairperson.

ပညာရေး၊ ကျန်းမာရေး
ဘာသာရေး အဓိကရုဏ်များအတွက်၊ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စ ယန်ဟီလီ မြန်မာပြည်ကို ရောက်ရှိလာပါတယ်။ အရှင် ဝီရသူက ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆို ခဲ့တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး Zeid Ra’ad Al Hussein က တုံ့ပြန်လိုက်ပါတယ်။ ဒါ့အပြင် အခုလို ကုလသမဂ္ဂ အရာရှိအပေါ် ရုန့်ရင်း ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု အပါအ၀င် အမုန်းတရား ဖြန့်ဝေတဲ့ တခြား လှုံ့ဆော်မှု မှန်သမျှကိုလည်း အရေးယူ ပိတ်ပင်ဖို့ မြန်မာနိုင်ငံ အတွင်းက ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို တောင်းဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက ပြောလိုက်ပါတယ်။ ရန်ကုန်မှာ ရောက်နေတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရကလည်း ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စ ယန်ဟီလီကို အရှင် ဝီရသူက ပြောဆိုသုံးနှုန်းခဲ့တာတွေဟာ ရဟန်း တစ်ပါး ပြောသင့် ပြောအပ်တာမျိုး မဟုတ်ဘူးလို့ မိန့်ပါတယ်။ ဒီပြောဆိုမှုကို ကြားရချိန်မှာ သူ့ အနေနဲ့ အံ့အား သင့်မိသလို စိတ်မကောင်းလည်း ဖြစ်မိကြောင်း၊ မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေကြောင်း ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးကိစ္စများနှင့် ဆက်နွှယ်ပြီး အစွန်းရောက်သည့် ဟောကြားမှုများ၊ နိုင်ငံရေး၊ လူမှုရေး လှုံ့ဆော်မှုများ လွှမ်းမိုးထားသည့် တရားပွဲများ အထူးရေပန်းစားနေချိန်၊ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အရှင်ဒေါက်တာ နန္ဒမာလာဘိဝံသ ‘ပါမောက္ခချုပ် ဆရာတော်’ အဖြစ် လူသိများသူ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် လို ဟောကြားသည့် ပုဂ္ဂိုလ်များ ပေါ်လာပါတယ်။  နိုင်ငံသားများ အသိဉာဏ် မြင့်မားစေမည့် ဗုဒ္ဓ၏စစ်မှန်သော သင်ကြားမှုများ၊ တရားဓမ္မ များကိုသာ အလေးအနက်ထား ပို့ချ၊ ဟောကြားပေးသူ၊ မြန်မာနိုင်ငံရှိ ရဟန်းတော်များ အသိုင်းအဝိုင်းတွင် သာမက ပြည်တွင်း၊ ပြည်ပရှိ ဗုဒ္ဓဓမ္မ လေ့လာဆည်းပူးသူများပါ လေးစားရတဲ့ ထင်ရှားသူ သာသနာ၊ ဘုန်းတော်ကြီး၊ ပုဂ္ဂိုလ်ထူး များစွာပေါ်ပေါက်လာကြပါတယ်။
နိုင်ငံတိုင်းမှာ အစိုးရဆိုတာ၊ လူတွေ အလုပ်လုပ်ချင်လာအောင် လမ်းခင်းပေးရပါတယ်။ အထူးသဖြင့် လူငယ်များကို အလုပ်လုပ်ချင်အောင် မျှော်လင့်ချက်ပေးရပါတယ်။ စားဝတ်နေရေး လိုအပ်ချက်များအပြင် ၊ စုဆောင်းငွေနဲ့ နေစရာအိမ်ရရှိရေးဟာ အထူးအရေးကြီးလှပါတယ်။ ဒါကြောင့် အလုပ်လုပ်ချင်စိတ်၊ စီးပွားရေးလုပ်ချင်စိတ် များလာအောင် ဆက်သွယ်ရေး၊ ပို့ဆောင်ရေးတွေမှာ တယ်လီဖုန်း၊ ကား၊ ရထား လမ်းဖေါက်ခြင်း စတဲ့ အခြေခံအဆောက်အဦများကို ဈေးသက်သာ၊ လွယ်ကူအောင် ဖန်တီးပေးကြပါတယ်။ စုဆောင်းငွေနဲ့ တန်ဘိုးနည်း အိမ်ယာတစ်ခု ၁၀နှစ်အကြာ ဝယ်နိုင်မယ်ဆိုရင် အလုပ်လုပ်ဖို့ အားရှိပါတယ်။ မိုတီဘေးရှင်း motivation လို့ခေါ်ပါတယ်။ ငွေဆိုတာ သုံးသလို မလောက်ပါဘူး။ ငွေစု စီမံကိန်းကို အစိုးရဦးဆောင်ပြီး စင်ကာပူက စီပီအက် CPF ပုံစံမျိုး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၃နှစ်အတွင် အိမ်ခြံမြေဈေးတွေ၊ နိုင်ငံခြားသားများ ရုံးခန်းငှားခတွေ စင်ကာပူ၊ နယူးယောက် ဈေးနှုန်းနီးပါး အလွန်မြင့်မားသွားလို့ လူတွေ အတော်စိတ်ဓါတ်ကျရပါတယ်။ မြန်မာပြည်ကို ပြန်လုပ်တော့မယ် ဆိုသူများ မပြန်နိုင်တော့ပဲ၊ မြန်မာပြည်တွင်းက လူငယ်များစွာ တဟုန်ထိုး နိုင်ငံခြားတွေကို အလုပ်ထွက်လုပ်လာကြပါတယ်။ မြန်မာ့သူဌေးကြီးများစွာ ပေါ်ပေါက်နေပြီး ဆင်းရဲ-ချမ်းသာ အရမ်းကွာဟပြီး ခရိုနီ၊ သယံဇာတ လိုင်စင်/ပါမစ် သူဌေးများစွာ လုပ်ချင်တိုင်းလုပ်နေတာ စိတ်ပျက်စရာပါ။ ဒါပေမဲ့ ..အခွန်ပေး၊ အလုပ်ပေးတဲ့ ကုန်ထုတ်လုပ်ငန်းရှင် မြန်မာသူဌေးများစွာ ပေါ်ပေါက်လာတာ အားရစရာဖြစ်ပါတယ်။ မှန်ကန်သော စီးပွားရေးလုပ်ငန်းများစွာ ပေါ်ပေါက်ဖို့၊  မြန်မာနိုင်ငံတွင်းမှာ အိမ်ခြံမြေဈေး သင့်တင့်ဖို့၊ ဘိန်း၊ မူးရစ်နဲ့ ဝိသမစီးပွားရေးများကို ရပ်တံ့စေဖို့ ခေါင်းဆောင်ကောင်း အထူးလိုအပ်နေပါတယ်။
အခုတော့ ပုဂ္ဂလိက အိမ်မြေဆောက်သူများကို လိုင်စင်ပါမစ် များစွာချပေးနေပါတယ်။ တစ်နှစ်၊ နှစ်နှစ်အတွင်း တန်ဖိုးနည်းအိမ်ယာများစွာ များစွာပေါ်လာပါတယ်။ ဥပမာ ..သိန်း၁၀၀ ကျော်နဲ့ ရောင်းနေတာတဲ့ တိုက်ခန်း ကန်ဒေါ်လာ တစ်သောင်းကျော် အရစ်ကျပေးခြင်း  ၂၀%  (သိုမဟုတ်) လုံးချင်းပေးသူများကို ၂၀% ဈေးရှော့ပေးမယ်လို့ ဆိုပါတယ်။ တိုက်ခန်းများကို ကြည့်ရှုလိုသူများ ဖေ့စ်ဘုတ် December Thirigayhar City မှာ ကြော်ငြာထားပါတယ်။ မြန်မာနိုင်ငံမှာ မြေတွေ အလွန်ပေါများလှပါတယ်။ ဆောက်လုပ်ရေး ပစ္စည်းများ နိုင်ငံခြား သွင်းကုန်/ထုတ်ကုန် လွယ်ကူလာချိန်မှာ ရန်ကုန်မှာ အိမ်တစ်လုံးရဖို့ အိမ်ခြံမြေဈေးတွေ ပုံမှန်ဈေး (အရှေ့တောင်အာရှ နိုင်ငံများဈေးနှုန်း) ပြန်ဖြစ်လာမှာပါ။ အိမ်ခြံမြေ ဈေးကြီးအောင်လုပ်သူများကတော့ ရေတိုလုပ်ငန်းဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်းရွေးချယ်ခြင်း
ပညာတတ် လူတော်တော်များများက ယခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့ပေမဲ့၊ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ဖြစ်ရင်လဲ ဒီတိုင်းပြည်ကြီး၊ မလွယ်ပါဘူး.. ဦးသိန်းစိန်ပဲကောင်းပါတယ် .. စစ်ရေးအမြင်ရှိမှဖြစ်မှာပါ၊ စသဖြင့် တွေဝေ၊ နဝေတိမ်တောင် ဖြစ်ကုန်ပါတယ်။ တိုင်းပြည်တစ်ခု တိုးတက်လာဖို့၊ ပြောင်းလဲလာဖို့ဆိုတာ ခေါင်းဆောင်ကောင်းတစ်ယောက် ရှိဖို့လိုပါတယ်။ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကောင်း ပေါ်ထွန်းခဲ့ပေမဲ့၊ လုပ်ကြံခံခဲ့ရပါတယ်။ အခုလည်း သူ့သမီး ဒေါ်အောင်ဆန်းစုကြည် ပေါ်ပေါက်လာပြန်ပါတယ်။ နည်းမျိုးစုံနဲ့ အကျဉ်းချ၊ အသက်ကို လုပ်ကြံတဲ့အထိ လွန်ခဲ့တဲ့ ၂၇နှစ်လုံးလုံး မသမာသူများက ကြိုးစားခဲ့ကြပါတယ်။ အံ့သြစရာ အလွန်ကောင်းပါတယ်။ အခုချိန်မှာ နေရာမှန်ကို ရောက်ရှိလာပါပြီ။
နိုင်ငံခြားသားကို လက်ထပ်ခဲ့တယ်။ သားနှစ်ဦးဟာ နိုင်ငံခြားသားဖြစ်တယ်.. စသဖြင့် မြန်မာနိုင်ငံခေါင်းဆောင်လုပ်ဖို့ မသင့်တော်ဘူး။ စစ်တပ်ကိုလည်း ထိန်းနိုင်မှာမဟုတ်ဘူး..စသဖြင့် တီးတိုးပြောစကားများစွာ ပေါ်ထွက်လာပါတယ်။ ခေါင်းဆောင်ဖြစ်လာရင် ပါကစ္စတန်က အမျိုးသမီးခေါင်းဆောင် အလီဘူတို လုပ်ကြံခံရလို စစ်သွေးကြွသူများက လုပ်ကြံနိုင်တယ် ..ပြောကြပါတယ်။ ဒါတွေက အထင်နဲ့ပြောကြပါတယ်။ လက်တွေ့ တကယ့်ဖြစ်ရပ်ကို ဆန်းစစ်မယ်ဆိုရင်
* နိုင်ငံနဲ့လူမျိုးအတွက် အသက်ကိုပါပေးဆပ်ထားတဲ့၊ စွန့်လွှတ်သူ Surrender Attitude ဖြစ်ပါတယ်။  ခင်ပွန်း၊ သား၂ဦးကိုပါ စွန့်လွှတ်ထားတဲ့ မျိုးချစ်စိတ်ဓါတ်ပါ။
ဒါလောက် ထူးချွန်လှတဲ့ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲပေးဖို့ လိုပါတယ်။ လက်ရှိအစိုးရမှာ ငွေ၊အာဏာရှင်၊ ပုဂ္ဂိုလ်ရေး အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှာမဟုတ်ပါ။  ဒေါ်အောင်ဆန်းစုကြည်ကိုမထောက်ခံပဲ၊ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို ဆက်လက်ထောက်ခံနေသူဟာ ၊  တွေဝေလူတန်းစား အဆင့်လို့ပဲ သတ်မှတ်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံဖို့ စာပေဟောပြောပွဲမှာ ညိုမင်းညို ရဲ့ ရှင်းလင်ပြက်သားတဲ့ ပြောပြချက်များကို ကြားရပါတယ်။ ညိုမင်းညို ဆင်ခြင်သုံးသပ်ချက်များ၊ ပြောစကားများ အရဆိုရင်တော့ ရှင်းလင်းနေပါတယ်။

နိဂုံး
ပြသနာများစွာ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံး အယ်ဒီစီ နိုင်ငံဘဝမှာ လွတ်မြောက်ဖို့နဲ့၊ လက်နက်ကိုင်နည်းက အခုခေတ်ကြီးမှာ အသုံးမကျတော့မှန်း အားလုံးလက်ခံပါတယ်။ အထက်က ရေးသွားတဲ့ တရုပ်နိုင်ငံသြဇာလွှမ်းမိုးမှုကို ကာကွယ်ရေး၊ မြန်မာနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ နိုမ့်ကျမှုများက လွတ်မြောက်ဖို့ ဒီမိုကရေစီစနစ် လမ်းခင်းပေးသွားတဲ့ သမ္မတဦးသိန်းစိန်ကို ကျေးဇူးတင်ပါတယ်။ နောက်တဆင့်လုပ်ဖို့ သမ္မတဦးသိန်းစိန်ထက် ပြက်သား၊ ညင်သာစွာ ဦးဆောင်မဲ့ ခေါင်းဆောင်ကောင်းတစ်ဦး လုပ်ပိုင်ခွင့်ရဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ကျနော်တို့ တစ်ဦးချင်းဆီမှာ ပေးဆပ်မှု များစွာလုပ်စရာ များများ မလိုပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စွာထောက်ခံရပါမယ်။ အဲဒီ တနည်းလမ်းပဲ မြန်မာနိုင်ငံအတွက် ပြည်သူတွေရဲ့  ပေးဆပ်မှုဖြစ်ပါတယ်။ 
MoeMaKa Burmese News