Friday, March 30, 2018

ရုပ်သေးရုပ်တိုင်းပြည် ကနေလွတ်မြောက်အောင် .. သမ္မတဦးထင်ကျော်မှ သမ္မတဦးဝင်းမြင့်


ရုပ်သေးရုပ်တိုင်းပြည် ကနေလွတ်မြောက်အောင် .. ဆရာဝန်များ၊အင်ဂျင်နီယားများ၊ ပရိုဖက်ရှင်နယ်ကြီးများ (စစ်ပညာပရိုဖက်ရှင်နယ်များအပါအ၀င်) ..ပွင့်လင်းစွာရေးနိုင်ပါစေ။ ငွေအားဏာနဲ့ကိုယ်ကျိုးရှာမှု နည်းပါးပါစေ။ luyechun (1964-1988) လူရည်ချွန် (၁၉၆၄-၁၉၈၈) အရဆိုရင် သမ္မတဦးထင်ကျော် ဆယ်တန်း ၁၉၆၂ အောင်ခဲ့စဉ်က လူရည်ချွန်စီမံကိန်း မပေါ်သေးပါဘူး။ ပညာချွန်၅ထပ်ကွမ်း ရခဲ့တယ်လို့ ပြောရမလား.. ဘာပဲဖြစ်ဖြစ် လူတော်လူကောင်း လူငယ်မျိုးဆက်သစ်များပဲ တိုင်းပြည်ကို ပြောင်းလဲနိုင်မှာပါ။ ကျနော်တို့လို လူကြီးအားလုံးတော့ စံနမူနာပြဖို့.. နေ့တိုင်း ဆုတောင်း လုပ်ဆောင်ကြတာပေါ့.လေ...။ သမ္မတဦးဝင်းမြင့်ကိုမျှော်လင့်လျှက်။ Zaw Aung
.
*************************
.

Tin Win
March 26 at 2:07pm
သီလရှိတဲ့သမ္မတနဲ့ ရုပ်သေးရုပ်တိုင်းပြည်
ငယ်စဉ်က ပညာရေးမှာ ထူးချွန်တာမို့ လူရည်ချွန် ၅ ထပ်ကွမ်း ရရှိသူ ဖြစ်ပါတယ်။ အခုတော့ ဒဂုံ အထက (၁) လို့ ခေါ်တဲ့ Methodist English High School ကနေ ၁၉၆၂ ခုနှစ် ဆယ်တန်းစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး အဆင့် ၃ နဲ့ အောင်မြင်ခဲ့ပြီးတော့ စီးပွားရေးတက္ကသိုလ်ကို တက်ရောက်လို့ စီးပွားရေးဆိုင်ရာ မဟာဘွဲ့ကို ၁၉၆၈ ခုနှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ပညာသင်ကျောင်းသားဖြစ်ပြီး ၁၉၇၁-၁၉၇၂ ခုနှစ်မှာ lnstitute of Computer Science University of London ကို တက်ရောက်ပညာသင်ယူခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ သူ့ရဲ့ ဒုတိယ မဟာဘွဲ့ဖြစ်တဲ့ ကွန်ပျူတာမဟာဘွဲ့ကို ရရှိခဲ့ပါတယ်။ သမ္မတကြီးဟာ ၁၉၈၇ ခုနှစ်မှာ Arthur Delittle Managment Education lnstitute – Cambridge, Massachusetts ကို တက်ရောက်ဆည်းပူးခဲ့ပါသေးတယ်။

အစိုးရဝန်ထမ်းဘဝကို ပြန်ကြည့်ရင်တော့ ၁၉၆၈ ခုနှစ်မှာ M.Eco Part 2 – တက်ရောက်စဉ် တက္ကသိုလ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ဦးထင်ကျော်ဟာ စက်မှု (၂) ဝန်ကြီးဌာနမှာ လက်ထောက်ဌာနကြီးမှူး Deputy Division Chief အဖြစ်နဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ စီမံကိန်းဝန်ကြီးဌာနရဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူး (Deputy Director in the Foreign Economic Relations Department, Ministry of Planning and Finance) အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရပါတယ်။ ဦးထင်ကျော်ဟာ ၁၉၉၂ ခုနှစ်မှာတော့ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ပြင်ကိုထွက်တဲ့ ခရီးစဉ်ကို ကူညီတဲ့အတွက် စစ်အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အင်းစိန်ထောင်မှာ လေးလ အကျဉ်းကျခံခဲ့ရပါတယ်။ ဒါကြောင့်မို့လို့လည်း သမ္မတကြီးက ဘဝဆက်တိုင်း မင်းပြစ်မင်းဒဏ်က လွတ်ကင်းတဲ့သူ ဖြစ်ချင်တယ်လို့ ဆုတောင်းခဲ့တာ ဖြစ်ပုံရပါတယ်။
၂၀၁၂ ခုနှစ်ကနေစပြီး ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ခဲ့တဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ စီနီယာအမှုဆောင်အရာရှိအဖြစ်နဲ့ ပရဟိတ လုပ်ငန်းတွေမှာ နှစ်မြုပ်ပြီး နေပူမိုးရွာမရှောင် အများအကျိုး သယ်ပိုးဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုဆန္ဒမဲ အများစုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့ပေမယ့် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကြိုက်ရေးဆွဲခိုင်းလို့ အရင်သမ္မတဟောင်း ဦးသိန်းစိန် စစ်ဗိုလ်ချုပ်ကြီးဘဝနဲ့ သဘာပတိလုပ်ပြီး ဆယ်စုနှစ်နှစ်ခုနီးပါး ရေးသားပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ယူလို့ မရအောင် တမင်သက်သက် ကြိုတင်ထည့်သွင်း ရေးဆွဲထားတာမို့ သမ္မတနေရာအတွက် စဉ်းစားကြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုလို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တိုင်ပင်ဆုံးဖြတ် ရွေးချယ်ရာမှာ ဦးထင်ကျော်ဟာ သမ္မတနေရာအတွက် လျာထားခံခဲ့ရပြီးတဲ့နောက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လို့ မြန်မာနိုင်ငံတော်ရဲ့ ပထမဆုံး ပြည်သူလူထုရွေးကောက်ခံ သမ္မတ တဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အနားယူသွားတဲ့ သမ္မတကြီး ဦးထင်ကျော်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဆန်းစစ်ကြည့်တဲ့အခါမှာ ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်းခဲ့တာ၊ ပြည်သူလူထုဆန္ဒကို ဆန့်ကျင်လုပ်ဆောင်ခဲ့တာ၊ ပြည်သူ့ဘဏ္ဍာငွေကြေးတွေ အချည်းအနှီး သုံးစွဲခဲ့တာ၊ ပြည်သူလူထုပိုင်ပစ္စည်း မြေယာတွေကို ပြည်သူမသိဘဲ၊ အလိုမတူဘဲ သိမ်းယူခဲ့တာ၊ ပြည်သူကို ဒုက္ခပေးခဲ့တာ ပြည်သူကို အနိုင်ကျင့်ခဲ့တာတွေ လုံးလုံးမလုပ်ခဲ့တာ ပြည်သူတွေကိုယ်တိုင် သိပြီးသားမို့ ရေးပြနေစရာတောင် မလိုလောက်ပါဘူး။

သမ္မတကြီးရဲ့ ပါရမီဖြည့်ဘက် သမ္မတကတော် ဒေါ်စုစုလွင်က သမ္မတကြီး ဘာကြောင့်အနားယူရသလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် ယူလို့မရအောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်မှုကြောင့်သာ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးလာလို့ လက်ခံလိုက်ရပေမယ့် ကြာကြာမလုပ်ချင်ကြောင်း ၃ လလောက် တာဝန်ယူပေးပြီး လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ပြီးရင် တာဝန်ပြန်အပ်ချင်တဲ့သဘော ပြောတာကို ထောက်ရင် အာဏာမမက်မောမှု၊ ရိုးသား သစ္စာရှိမှု၊ သမိုင်းကြောင်းဖြူစင်မှုကို ပြသနေတာဖြစ်ပါတယ်။

လုပ်ပိုင်ခွင့်ရှိရင်ရှိသလောက်၊ ရရင်ရသလောက် အခွင့်အရေးယူချင်တာ၊ တာဝန်ကို အာဏာထင်တတ်တာ၊ တာဝန်မခံလိုတတ်တာ၊ မျက်နှာလိုက်ဆုံးဖြတ်တာ (ကိုယ့်အသိုင်းအဝိုင်းတွေ မတရားတာလုပ်ရင် မျက်စိမှိတ်နေတတ်တာ) စတဲ့ ပြောလို့မကုန်နိုင်တဲ့ အနှစ် ၅၀ ကျော် စိတ်ပိုင်းရုပ်ပိုင်း ချွတ်ခြုံကျသွားတဲ့ လူ့အဖွဲ့အစည်းထဲမှာ နမူနာကောင်းအဖြစ် ရှေ့ဆောင်လမ်းပြ သီလကောင်းတဲ့ သမ္မတကြီး ဦးထင်ကျော်ကို အများပြည်သူတွေ လေးစားကြည်ညို လွမ်းဆွတ်ကြတာ မလွန်ပါဘူး။

တနည်းအားဖြင့်ပြောရရင် သမ္မတကြီး ဦးထင်ကျော်ဟာ ရွှံ့နွံအိုင်ထဲမှာ အညစ်အထေး မကပ်ငြိဘဲ ပေါက်ရောက်နေတဲ့ ပဒုမ္မာကြာပန်းတွေအနက်က အလှပဆုံး ပွင့်လန်းခဲ့တဲ့ ပဒုမ္မာကြာပွင့်လို့ တင်စားနိုင်ပါတယ်။
ဗုဒ္ဓရှင်တော်မြတ် ကိုယ်တော်တိုင်ကလည်း လူ့လောက လူ့အသိုင်းအဝိုင်းအတွင်းမှာ စစ်မှန်တဲ့ တန်ဖိုးထား လေးစားမှု ခံရစေနိုင်ကြောင်း တရားတွေဖြစ်တဲ့ ပစ္စည်းဥစ္စာ ပေါကြွယ်ဝခြင်း၊ သီလအကျင့်ကောင်းဖြင့် ပြည့်စုံခြင်း၊ ရာထူးဌာနံတရမြင့်မား၍ အခြွေအရံ အသင်းအပင်းများခြင်း၊ ဝေဒ စတဲ့ပညာရပ်များ တတ်ကျွမ်း၍ ဉာဏ်ပညာရှိခြင်း စတဲ့ အရည်အချင်းတွေထဲမှာ သီလအကျင့်ကောင်းဖြင့် ပြည့်စုံခြင်းကသာ အရေးအကြီးဆုံး ပထမတန်းစား အရည်အချင်းဖြစ်တယ်လို့ ဆုံးမလမ်းညွှန် ဟောကြားခဲ့ပါတယ်။

ဆိုလိုတာကတော့ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပေါပါစေ၊ ရာထူးဌာနံတရတွေ ဘယ်လောက်မြင့်မားပါစေ၊ အခြွေအရံတွေ ဘယ်လောက်ရှိရှိ၊ ဉာဏ်ပညာတွေ ဘယ်လောက်ရှိရှိ ပညာတွေ ဘယ်လောက်တတ်တတ်၊ အကျင့်မကောင်းဘူး၊ သီလပျက်ယွင်းနေရင်တော့ လူတွေရဲ့တန်ဖိုးထား လေးစားမှုကို မရရှိနိုင်ဘူးဆိုတဲ့ သဘောပါပဲ။

မလိုသူတချို့ကတော့ သမ္မတကြီး ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ဆောင်ရွက်နေရတဲ့ ကြိုးဆွဲခံနေရတဲ့ ရုပ်သေးသမ္မတလို့ စွပ်စွဲကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ တနိုင်ငံလုံး အပါအဝင် ပြည်သူလူထု နိုင်ငံသားအားလုံးဟာ အလိုမတူဘဲ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ချုပ်နှောင် ဘောင်ခပ်ခံနေရ၊ ကြိုးဆွဲခံနေရတယ်လို့ ပြောရင် မမှားနိုင်ပါဘူး။

တိုင်းပြည်အတွက် လိုအပ်တဲ့ အပြောင်းလဲတွေဖြစ်အောင် ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုသလောက် ဘောင်အတွင်းမှာ ကန့်သတ်ခံနေရတာမို့ ရုပ်သေးရုပ်တိုင်းပြည်လို့ တင်စားနိုင်ပါလိမ့်မယ်။ လွှတ်တော်တွေမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်သူတွေနဲ့ တုပ်နှောင်ထားသလိုဖြစ်နေတော့ ပြည်သူအများစု ပြဋ္ဌာန်းစေချင်တဲ့ ဥပဒေတွေကို မြန်မြန်ဆန်ဆန် မပြဋ္ဌာန်းနိုင်ဘဲ အီလေးဆွဲနေတာ ပြည်သူအားလုံး တွေ့နေကြရတာပါပဲ။

နောက်ဆုံး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့မှာလည်း အကန့်အသတ်တွေနဲ့ တချို့ကိစ္စရပ်တွေမှာ လုပ်ပိုင်ခွင့် အပြည့်အဝမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရုပ်သေးရုပ်သဖွယ် ဖြစ်နေရတဲ့ အနေအထားတွေက ငြင်းလို့မရနိုင်ပါဘူး။

ဒါကြောင့် နောင်အနာဂါတ်မြန်မာနိုင်ငံမှာ သီလကောင်းပြီး သမာဓိသိက္ခာရှိတဲ့ သမ္မတကြီးတွေ ဆက်ခံနိုင်ဖို့၊ စိတ်ဓာတ်မှန်ကန်တဲ့ ဉာဏ်ပညာအမြော်အမြင် ဦးစီးနိုင်တဲ့ခေါင်းဆောင်တွေ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့်ရဖို့၊ နိုင်ငံအတွက် မဖြစ်မနေ လိုအပ်နေတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့၊ အဂတိခြစားမှုတွေ ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့၊ တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့၊ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့အတွက် ချီတက်နေတဲ့ခရီးမှာ ကန့်လန့်ခံပြီး တတိုင်းတပြည်လုံးကို ဘောင်ခတ်ချုပ်နှောင်ထားတဲ့ ပြည်သူအလိုမတူတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှောင့်နှေးမနေကြဘဲ အမြန်ဆုံး ပြင်ဆင်သင့်တာပြင်ဆင်၊ ဖျက်သိမ်းသင့်တာ ဖျက်သိမ်းကြဖို့ နိုင်ငံသားတိုင်း ဝိုင်းဝန်းအားထုတ်ရေးဟာ သမိုင်းပေးတာဝန်တရပ်ဖြစ်ပါကြောင်း ထပ်မံတိုက်တွန်း ရေးသားလိုက်ရပါတယ်။
မင်းကောင်းချစ်

Friday, March 23, 2018

ပြည်သူ့လွှတ်တော်မှ သမ္မတအိမ်တော်သို့  . . မတ်လ ၂၃ ရက်တွင် သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဦးဝင်းမြင့်

ပြည်သူ့လွှတ်တော်မှ သမ္မတအိမ်တော်သို့

မတ်လ ၂၃ ရက်တွင် သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဦးဝင်းမြင့် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
၂၈.၃.၂၀၁၇ ပြည်သူ့လွှတ်တော် သမ္မတရွေးပွဲမှာ ဦးဝင်းမြင့်က ၄၀၃မဲ ရရှိ ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။ ဒုတိယရတဲ့ ဦးမြင့်ဆွေ (ဗိုလ်ချုပ်ကြီးဟောင်း) ကတော့ တပ်မတော်နဲ့ ကြံခိုင်ရေးပါတီ ၂ခုပေါင်းမဲ ၂၁၁ နဲ့ ဒုတိယဖြစ်ပြီး၊ ဦးဟင်နရီကတော့ ၁၈မဲ နဲ့ တတိယ ရရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာများကို ခွဲဝေလုပ်ဆောင်တော့မယ်လို့ မျှော်လင့်နေကြပါတယ်။

ဦးဝင်းမြင့် သမ္မတဖြစ်လာလျှင် ပြည်ထောင်စုလွှတ်တော် နာယ ကထံ သူ၏ပိုင်ဆိုင်မှုစာရင်းအပ်ရန် ခေါင်းစားရမည် မဟုတ်ပါ။ နှစ်ပေါင်း ၃၀ ဝန်းကျင် နိုင်ငံရေးသမားဘဝကို ဖြတ်သန်းခဲ့သော ရှေ့နေတစ်ယောက် အနေဖြင့် ပိုင်ဆိုင်မှု များများစားစားမရှိ၍ ဖြစ်သည်။ တာမွေ မဂ္ဂင်လမ်းအတွင်းရှိ ခြောက်လွှာတိုက်ခန်းတစ်ခုတွင် နေထိုင်ခဲ့သော နိုင်ငံရေးသမား ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ် လာသောအခါ နေပြည်တော်စည်ပင်ရိပ်သာသို့ ပြောင်းခဲ့ရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီးနောက် လွှတ်တော် ဥက္ကဋ္ဌဖြစ်လာသော ဦးဝင်းမြင့် သည် ဒေါ်အောင်ဆန်းစုကြည်ပုံအချို့နှင့် ဥပဒေစာအုပ်များ ပြည့် နှက်နေသော နေပြည်တော်စည် ပင် အခန်းကျဉ်းလေးအတွင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အိမ် တော်သို့ ပြောင်းရပြန်သည်။ ဦး ၀င်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုသည် ချက်ချင်းမပြောင်းခဲ့ကြ။

မဂ္ဂင်လမ်းရှိ ဦးဝင်းမြင့်၏ တိုက်ခန်း (ဓာတ်ပုံ − နစ်ကီ)
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်စဉ်က ဦးဝင်းမြင့်သည် အ ဆောင်အယောင်များကို လျှော့ ယူခဲ့ပြီး အနေရိုးသည့် ဇနီးသည် ကလည်း ထည်ဝါခမ်းနားမှုများကို ခုံမင်ခြင်းမရှိပေ။
တစ်ခါတစ်ရံ ရန်ကုန်ကို အ လုပ်ကိစ္စဖြင့်ရောက်လျှင် ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ် တစ်ဦးအ နေဖြင့် ခြောက်လွှာတိုက်ခန်းတွင် သွားနေရန်မသင့်တော်သဖြင့် နိုင် ငံတော်ဧည့်ဂေဟာ၌ တည်းခိုရန် စီစဉ်ပေးရသည်။ ဦးဝင်းမြင့်က သူ့အတွက် တကူးတက ဦးစားပေးရသည်ကို အားနာ၍ ရန်ကုန် မလာချင်ကြောင်း ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များကို ညည်း လေ့ရှိသည်။
 သို့သော် ၂ နှစ်ခန့်အကြာ တွင် သူတို့ဇနီးမောင်နှံသည် မကြာမီ ပိုမိုများပြားသော အ ဆောင်အယောင်များရှိရာ သမ္မတအိမ်တော်သို့ ပြောင်းရတော့ မည်ဖြစ်သည်။
‘‘ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ လောက် ဆောင်ရွက်သွားမှာပါ’’ ဟု သမ္မတလောင်း ဦးဝင်းမြင့်က ပြောသည်။
ဥပဒေသမားဘ၀နှင့် နိုင်ငံ ရေးသမားဘ၀ရောပြွမ်းနေသော ဦးဝင်းမြင့်သည် နိုင်ငံရေး၏အမြင့် ဆုံးရာထူးနှင့် လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်သည်။
ပြည်သူ့လွှတ်တော်က ဒုတိ ယသမ္မတအဖြစ် ရွေးချယ်ပြီးချိန် တွင် ဦးဝင်းမြင့်ကို သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင် က လာရောက်နှုတ်ဆက်ချိန်၌ ဦးဝင်းမြင့်၏ အနာဂတ်သမ္မတ ဘ၀ကို နိုင်ငံရေးအကဲခတ်များက ပုံဖော်မြင်ယောင်ကြည့်ကြသည်။ သူတို့ပုံဖော်ကြသည်က ရိုးအေး လှသော ဦးထင်ကျော်နှင့် ကိုင် တွယ်ပုံချင်းခြားနားမည့် ဦးဝင်း မြင့် အစိုးရကိုဖြစ်သည်။
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထိုင်ခုံပေါ်မှ ၂ နှစ်ကျော် ထိန်း ကျောင်းခဲ့သည့် အစိုးရအဖွဲ့ကို ထဲထဲဝင်ဝင် ထိန်းကျောင်းခွင့်ရရှိ လာပြီဖြစ်သည်။
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စဉ် ပြည်ထောင်စုဝန်ကြီးများအပေါ် ဩဇာလွှမ်းမိုးမှု ရှိထားခြင်းက လည်း သမ္မတတာဝန်ထမ်းဆောင် ချိန်တွင် အထောက်အကူပြုမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက သုံးသပ်သည်။
‘‘လုပ်ရည်ကိုင်ရည်အားဖြင့် ရော ဖြတ်သန်းလာတဲ့ကာလက လည်း မနည်းပါဘူး။ အရည်အ ချင်း အင်မတန်ပြည့်စုံတဲ့ပုဂ္ဂိုလ် ဖြစ်လာမှာပါ’’ဟု သမ္မတဟောင်း ၏ဇနီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်စုစုလွင်က ဆို သည်။
၁၉၅၁ တွင် ဓနုဖြူမြို့၌ မွေး ဖွားသော ဦးဝင်းမြင့်သည် သမ္မတ ဖြစ်ချိန်၌ အသက်(၆၇)နှစ်ရှိမည် ဖြစ်သည်။ ဧရာဝတီတိုင်း ဓနုဖြူ နှင့် ပုသိမ်တွင် အထက်တန်းရှေ့ နေဘ၀နှင့် တရားလွှတ်တော် ရှေ့နေဘ၀တို့ကို ဖြတ်သန်းခဲ့သူဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌ လက် ထက်ကတည်းက အဂတိလိုက် စားမှု တိုက်ဖျက်ရန် စိတ်အား ထက်သန်မှုနှင့် လယ်ယာမြေအ ရေးစိတ်ဝင်စားမှုက ဦးဝင်းမြင့် သမ္မတဖြစ်လာလျှင်ဘာလုပ်မည်  ကို မှန်းဆနိုင်မည်ဖြစ်သည်။ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်နေစဉ် တစ်ဦးတည်းသော သမီးဖြစ်သူ မင်္ဂလာဆောင်ဖိတ် စာတွင် ‘လက်ဖွဲ့ခြင်းသည်းခံပါ’ ဟု ရေးသားခဲ့၍ ချီးကျူးခံခဲ့ရ သည်။ သမက်သည် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးစိုးမိုး ဖြစ်၍ သမ္မတအိမ်တော်နှင့် ဒီချုပ် လွှတ်တော်မှာ ဆွေမျိုးတော်ရပြန် သည်။
သို့သော် ဦးဝင်းမြင့်အတိုက် အခံနိုင်ငံရေးသမားဘ၀က အား သွန်ခွန်စိုက်လုပ်ခဲ့သည်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးလှည့်လည်ဟောပြောစဉ် ဒေါ် အောင်ဆန်းစုကြည်ဘေးက အမြဲ ပါခဲ့သူမှာ ဦးဝင်းမြင့်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းရှိ တပ်မတော်ကို အခွင့်အရေးပေး ထားသော ပုဒ်မများကို အများ ပြည်သူသို့စိတ်အားထက်သန်စွာ အားဖြင့်၊ မာန်ဖြင့် ရှင်းပြခဲ့သူ ဦး ၀င်းမြင့်သည် လွှတ်တော်ဥက္ကဋ္ဌ ဘ၀တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နောက်ဆုတ်ထား ခဲ့ရသည်။
အစိုးရသစ်လက်ထက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး တစ်ခါမျှ မခေါ်ခဲ့၍ ဦးဝင်းမြင့်သည် လွှတ်တော်ဥက္ကဋ္ဌဘ၀ဖြင့် ကာလုံအစည်းအဝေး မတက်ခဲ့ရပေ။ သတင်းထောက်များ၏ ‘ကာလုံဘယ်တော့ခေါ်မလဲ’ မေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌဘ၀က ဦးဝင်းမြင့်က ‘‘ကာလုံက သမ္မတခေါ်မှ တို့ကတက်ရတာလေ’’ဟု ပြော ကြားခဲ့ရာ သမ္မတဖြစ်လာလျှင် ကာလုံ ခေါ်၊ မခေါ်စောင့်ကြည့်ရ မည်ဖြစ်သည်။
‘‘သူ့အနေနဲ့ ဦးထင်ကျော် ထက်တော့ ပြည်သူနဲ့နီးစပ်လာ မယ်။ ပိုပြီးတော့ အလုပ်လုပ်နိုင် မယ်လို့ထင်တယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦး ဆောင်မှုအောက်မှာပဲ သွားလိမ့် မယ်လို့ ယူဆတယ်’’ဟု ရခိုင် အမျိုးသားပါတီဝင် အမတ်ဦးဖေ သန်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦး ဝင်းမြင့်ကို မည်မျှယုံကြည်အား ထားကြောင်း အတိုက်အခံဘဝက ရော အစိုးရဖွဲ့စဉ်ကပါ အကြိမ် ကြိမ်သက်သေပြပြီးဖြစ်သည်။
ဦးဝင်းမြင့်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဓနုဖြူမြို့ နယ်မှလည်းကောင်း၊ ၂၀၁၂ ကြား ဖြတ် ရွေးကောက်ပွဲတွင် ပုသိမ်မြို့ နယ်မှလည်းကောင်း၊ ၂၀၁၅ အ ထွေထွေ ရွေးကောက်ပွဲတွင် တာမွေမြို့နယ်မှ လည်းကောင်း အနိုင်ရရှိခဲ့သည်။
ပထမအကြိမ် လွှတ်တော် တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှု၌ ဦးဝင်းမြင့်က အဓိကနေရာမှ ပါဝင်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေစိုး မိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲပြီး နောက် ဥပဒေပြုရေးမဏ္ဍိုင်၏ ပဲ့ကိုင်ဖြစ်သော ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌနေရာ ပေးခဲ့သည်။ ပါတီတွင်လည်း ဥက္ကဋ္ဌပြီးလျှင် အမြင့်ဆုံးရာထူးဖြစ်သည့် အလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ရာထူးပေးထားသည်။
 ဦးဝင်းမြင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်၏ အထက်ဥက္ကဋ္ဌထိုင်ခုံတွင် ထိုင်ခဲ့ရ ၍ အနေကျပ်ခဲ့ရသည်ဟု ရင်ဖွင့်ခဲ့ကြောင်း ဝါရင့်ပါတီဝင်အချို့က ပြောသည်။
ဦးဝင်းမြင့်အား သမ္မတအ ဖြစ် ရွေးချယ်မှုကို ပါတီတွင်းက ရော အတိုက်အခံအချို့ကပါ ထောက်ခံခဲ့ကြသည်။
သို့သော် ဦးဝင်းမြင့် လက်ထက် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဦးဝင်းမြင့်၏ လွှတ်တော် တွင်း ဆောင်ရွက်ချက်များတွင် တပ်မတော်နှင့် ထိပ်တိုက်တွေ့ ဆုံမှု မရှိသော်လည်း မဲခွဲအတည် ပြုသည့်ကိစ္စအချို့၌ တပ်မတော် ဘက်မှ ရှုံးနိမ့်မှုအချို့ရှိခဲ့သည်။
‘‘တပ်ကသုံးတဲ့ ဒီမိုကရေစီ အနိုင်ကျင့်တယ်ပေါ့။ ဒါမျိုးတွေ က တပ်အတွက် ခံရခက်တာတွေ ရှိတယ်’’ဟု တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့ ဒါရိုက်တာအဖွဲ့ ဝင် ဦးရဲမျိုးဟိန်းက မှတ်ချက်ပြု သည်။
‘‘ဒီတော့ ဦးဝင်းမြင့်အနေနဲ့ အုပ်ချုပ်ရေးပိုင်းကို ကိုင်တော့ မယ်ဆိုတော့ တပ်က ပိုပြီးပြင်ဆင် မှုတွေ လုပ်ထားနိုင်တယ်။ သူတို့ သတိထားရမယ့် သူကိုး။ ဒါ ကြောင့် ပိုပြင်ဆင်နိုင်တယ်။ အ ရပ်ဘက်- စစ်ဘက်ထိပ်တိုက် မ တွေ့နိုင်ပေမယ့် အားပြိုင်မှုတွေပို များလာနိုင်တယ်’’ဟု ၎င်းကသုံး သပ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေဘောင်အတွင်းမှ အရပ်ဘက် - စစ်ဘက် အားပြိုင်မှုဖြစ်လာနိုင် ကြောင်း ၎င်းကသုံးသပ်သည်။
‘‘အားပြိုင်ဖို့ဆို နှစ်ဖက်စလုံး က အားအပြည့်ထည့်ရမှာကိုး။ အရင်က အားပြိုင်တယ်ဆိုပေ မယ့် အရပ်ဘက်က အားအပြည့် မထည့်နိုင်ဘူး။ အခု ဦးဝင်းမြင့် သာ အုပ်ချုပ်ရေးကို အပြည့်အဝ မောင်းနှင်ခွင့်ရရင် အားအပြည့်အ ဝထည့်လာနိုင်တယ်။ ဒီတော့အား  က ပိုပြိုင်လာနိုင်တယ်’’ဟု ဦးရဲမျိုးဟိန်းက မှတ်ချက်ပြုသည်။
သို့သော် ဦးဝင်းမြင့်သည် ဒေါ်အောင်ဆန်းစုကြည်ကို လွန် ဆန်မည့်သူမဟုတ်၍ အရပ် ဘက်-စစ်ဘက် အားပြိုင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သ ဘောထားသာ အခရာဟုသုံးသပ် မှုများရှိသည်။
 ဒီဗီဘီဒီဘိတ်တစ်ခုတွင် ပြည်ခိုင်ဖြိုးတွင် သမ္မတလုပ်နိုင် သည့်သူများကြောင်း၊ ပါတီခေါင်း ဆောင်တစ်ဦးပြောကြောင်း တင် ဆက်သူကပြောပြီး NLD တွင် သမ္မတလုပ်မည့်သူ ရှိလားဟူ သည့် မေးခွန်းကို ဦးဝင်းမြင့်ကပြန်လည်တုံ့ပြန်ပုံကြောင့် ပရိ သတ်ပွဲကျခဲ့သည်။
‘‘လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်’’ဟု ၎င်းကတုံ့ပြန် ခဲ့ခြင်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် လွှတ် တော်ဥက္ကဋ္ဌက သမ္မတဖြစ်လာ သည်မှာ ထူးခြားလှသည်။ သို့ သော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အိမ်တော်နှင့် သမ္မတအိမ်တော် မှာ အလှမ်းမဝေးလှပါချေ။


Hla Soewai
လာချင်းကောင်းသော ဦးဝင်းမြင့် ရဲ့ ပုံရိပ်များ
========================
ဧရာဝတီတိုင်း ဓနူဖြူ မြို့နယ်တွင် ၁၉၅၁ တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး။ ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒ ဘွဲ့ ကို ဆွတ်ခူး ရရှိခဲ့သူ ဖြစ်ပါတယ်။ သို့သော် ဘွဲ့ရပြီးနောက် ဥပဒေပညာကို သာ လေ့လာလိုက်စားခဲ့ပြီး အထက်တန်း ရှေ့နေအကြံပေး အဖြစ် အသက်မွေး ၀မ်းကြောင်း ပြုခဲ့ပါတယ်။
၁၉၈၈ တွင် မဆလ အစိုးရ၏ ပြင်းထန်လှသော ဖိနှိပ်အုပ်ချုပ်မှု များ နှင့် စီးပွားရေး ချွတ်ခြုံကျလာခဲ့ရမှုများကြောင့် ဖြစ်ပေါ်လာခဲ့သော အထွေထွေ သပိတ်ကြီး တွင် နိုင်ငံရေး နယ်ထဲသို့ စတင် ခြေစုံ ပြစ် ၀င်ရောက်လာခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သို့ ၀င်ရောက်ခဲ့ပြီး သုံးကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်လာခဲ့ပါတယ်။ ၁၉၉၀ တွင် တကြိမ် (ဓနုဖြူ)၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် တကြိမ် (ပုသိမ်) နဲ့ တာမွေ လွှတ်တော် ကိုယ်စားလှယ် အဖြစ် မှ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ၂၀၁၆ တွင် တကြိမ် တင်မြှောက်ခံခဲ့ရပါတယ်။
သို့သော် ပေးဆပ်ခဲ့ရမှု အတိုင်းအတာ ကတော့ ကြီုးမြင့်လွန်းလှပါတယ်။
ယခင် စစ်အစိုးရမှ ဦးဝင်း မြင့် အား အကြိမ်ကြီမ် ဖမ်းဆီးခဲ့ပါတယ်။ တကြိမ် တွင်တော့ ဦးဝင်းမြင့်အား ဖမ်းဆီးထားချိန်တွင် သားဖြစ်သူ အသဲအသန် နာမကျန်း ဖြစ်ချိန်နဲ့ ကြုံလာတာမို့ စစ်အစိုးရ က ဦးဝင်းမြင့်ရဲ့ နိုင်ငံရေး ကို အပြီးအပိုင် ချိုး နှိမ် ပြစ်ဖို့ အခွင်အရေး ပဲ ဟု ယူဆကာ နိုင်ငံရေး မလုပ်တော့ပါဟု ခံဝန်ချက်ကို လက်မှတ်ထိုးပါက ဆေးရုံပေါ်တွင် သေအံ့ဆဲဆဲ ဖြစ်နေသော သား ဖြစ်သူ ထံ သွားရောက် ကြည့်ရှု့ခွင့် ပေးမယ်လို့ ကမ်းလှမ်းလာခဲ့ပါတယ်။
သို့သော် ဦးဝင်းမြင့် က မိမိကို ယုံကြည်စွာ ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့တွေရဲ့ မျက်နှာကို ထောက်ထား ရမယ်ဆိုတဲ့ ခံယူချက်နဲ့ သူ အင်မတန် ချစ်လှတဲ့ သားကို မတွေ့ရင်နေပစေတော့ ဆိုကာ လက်မှတ်ထိုးဖို့ ငြင်းဆိုလိုက်ပါတယ်။
သို့အတွက် ဦးဝင်းမြင့်အား ပြစ်ဒဏ်ခတ်သည့်အနေဖြင့် သား ဖြစ်သူရဲ့ ဈာပန ကိုပါ ခတ္တခဏ သွားရောက်ခွင့် မပေးခဲ့တော့ပါဖူး၊
ဦးဝင်းမြင့် က ထိုအဖြစ်ဆိုးကြီး အပေါ် မည်သူကိုမှ အာဃတ မထားပဲ သားဖြစ်သူကိုသာ အခုလို အချိန်တွင် သူ့အနားမှာ ရှိစေချင်မိတယ်လို့ ပြောခဲ့ပါတယ်။
မနှစ်က စီတီးမတ် တွင် အထက်တန်း အကြံပေး အဖြစ် လုပ်နေတဲ့ သမီးဖြစ်သူ ဒေါ်ဖြူဖြူ သင်းရဲ့ မင်္ဂလာပွဲကို လည်း ရိုးရှင်းစွာ ကျင်းပခဲ့ပြီး ဖိတ်စာပေါ်တွင် “လက်ဖွဲ့ချင်း သည်းခံပါ” ဆိုသော စာတမ်းကိုပင် ရေးသားထားခဲ့ပါတယ်။
လွှတ်တော် ဥက္ကဌ မဖြစ်မီ အထိ နေပြည်တော်တွင် လွှတ်တော်အမတ် များ အတွက် ပေးထားသော အိပ်ခန်းတခန်းပါ အိမ်လေးတွင်ပင် ဇနီးသည်နဲ့ အတူ နေထိုင်ခဲ့ပါတယ်။ ကျန်းမာရေး အတွက် မနက်တိုင်း လမ်းလျှောက်ပြီး တရားထိုင် လေ့ရှိတယ်လို့လည်း သိရပါတယ်။
ဥပဒေ ကို အရေကြို သောက်နိုင်ခဲ့ယုံမက နိုင်ငံရေး တွင် ကျွမ်းကျင်လှတဲ့ ဦးဝင်းမြင့်သည် လွှတ်တော်ကိုလည်း နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့ပြီး အကျင့်ပျက် ခြစားမှုများ၊ ဥပဒေ စိုးမိုးနိုင်ရေး နှင့် မြေယာ သိမ်းဆည်းမှု ကိစ္စများ အပေါ် အထူးအရေးပေး ဆောင်ရွက်ခဲ့ပါတယ်။
အစိုးရ သစ် ရဲ့ မူဝါဒ တွေကို ချမှတ် ရာမှာလည်း ဗျုရိုကရေစီ ယန္တယား နှင့် စစ်တပ်၏ အကျိုးစီးပွားကြောင့် မည်သည့် နေရာတွင် တစ်ဆို့နိုင်သည် မည်သို့ ကျော်လွှား၍ ရနိုင်သည်ကို လည်း နားလည် သိရှိထားသူ လို့လည်း လုပ်ဖေါ်ကိုင်ဖက်များက ဆိုပါတယ်။
ဥပဒေ ပညာရှင်များကလည်း ဦးဝင်းမြင့် သမ္မတ ဖြစ်လာသည့်အခါ တရားဥပဒေ မဏ္ဍိုင်ကို အများ ပြည်သူ လေးစားခြင်း ခံရအောင် ကိုင်တွယ်နိုင်မယ်လို့လည်း ယူဆနေကြပါတယ်။
အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန် စီစစ် ထိန်းကျောင်းရေး ကို ကောင်းစွာ နားလည်ထားသူ ပီပီ သမ္မတ ဖြစ်လာသည့်အခါ ပိုမိုတက်ကြွသော အခန်းကဏ္ဍ မှ ပါဝင်လာပြီး အစိုးရ အဖွဲ့ကို နိုင်နင်းစွာ အုပ်ချုပ်နိုင်လိမ့်မယ် ဆိုတဲ့ လူထု အကြား မျှော်လင့်ချက်တွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။
ကိုးကား။ ။ Irrawaddy / Reuters