Tuesday, February 28, 2017

Working in Singapore အေးဂျင့်အားကိုးလိုသူများအတွက် အလုပ်အကိုင်များ အေးဂျင့် ဈေးနှုန်းများကတော့ ..

Working in Singapore
အေးဂျင့်အားကိုးလိုသူများအတွက် အလုပ်အကိုင်များ အေးဂျင့် ဈေးနှုန်းများကတော့ ..
ထိုင်းနိုင်ငံ - ကျပ်၅သိန်းခန့် (လစာ ၃သိန်းခန့်ရနိုင်သည်)။
မလေးရှားနိုင်ငံ - ကျပ်၈သိန်းခန့် (လစာ ၅သိန်းခန့်ရနိုင်သည်)။
စင်ကာပူနိုင်ငံ - ကျပ်၃၀သိန်းခန့် (လစာ ၅သိန်း မှ ၁၀သိန်းခန့်ရနိုင်သည်)။
ဒူဘိုင်း(ယူအေအီ) - ကျပ်၁၀သိန်းခန့် (လစာ ၅သိန်း မှ ၁၀သိန်းခန့်ရနိုင်သည်)။
.
ဒီဆောင်းပါးကို ငွေရှိတဲ့လူငယ်များအတွက် ရေးပါတယ်။ စင်ကာပူသွားအလုပ်လုပ်ချင်ရင် သိန်း၃၀လောက် ရင်းနှီးရပြီး လစာက ဘာမှမတတ်ရင် စားရိတ်ငြိမ်း ၅သိန်းလောက်ပဲ ကျန်တော့ ၆လစာလောက် အေးဂျင့်ဖိုး ကုန်တာကြောင့်ပါ။
.
တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကြီးများကတော့ လိမ်လည်မှုမရှိပေမဲ့ အများစုက တရားမဝင်အေးဂျင့်လုပ်နေသူများကိုတော့ သတိထားရပါမယ်။ ဒီကုမဏီဟာ တရားဝင်လား/မဝင်ဘူးလား ဆိုတာ ဝက်ဆိုဒ်မှာ ကြည့်လို့ရပါတယ်။ တယ်လီဖုန်းနဲ့ လှမ်းဆက် အကူညီတောင်းလို့ ရပါတယ်။
.
အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန
ဝန်ကြီးရုံး 014300796
အလုပ်သမားဦးစီးဌာန 01430089 430090~95
အလုပ်သမားရေးရာရုံး 014300796 01430115 430146
မိမိတာဝန်က ဆက်မေးပါ...သူတို့က တရားဝင်/မဝင် ဖြေမှာပါ။
.
.
အခု အေးဂျင့် လူ့စွမ်းအားကုမ္ပဏီ ကဲ့သို့ အေးဂျင့်များစွာ တရားဝင်/တရားမဝင် ရန်ကုန်မြို့မှာ ရှိနေပါတယ်။ မြန်မာအစိုးရရဲ့ တရားဝင်အေးဂျင်စီများကို အောက်ပါလင့်မှာ ကြေငြာထားပါတယ်။
http://www.mol.gov.mm/en/agency-lists/oversea-agency-lists/  (ဝက်ဆိုဒ်)
.
ပြည်ပအလုပ်ကိုင်ရှာဖွေရေးအဖွဲ့ Myanmar Overseas Employment Agencies Federation  ကတော့ တရားဝင်အဖွဲ့အစည်းပါ။ သူ့လည်း ပြည်ပအလုပ်ကိုင်များ .. ဒူဘိုင်း (ယူအေအီး)၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ အလုပ်အေးဂျင်စီ ဖြစ်ပါတယ်။
www.moeaf.com (ဝက်ဆိုက်)
https://www.facebook.com/MOEAF2012/ (ဖေ့ဘုတ်)
.
ဖေ့ဘုတ်မှာပဲ ကြေငြာထားတဲ့ ကုမ္ပဏီများစွာရှိပါတယ်။ အခု မြန်မာများစွာ အမြင်ပွင့်လင်းလာလို့ အေးဂျင့်များ လိမ်လည်မှုနည်းပါးနေပေမဲ့ ဒီအေးဂျင့်များနဲ့ ဆက်သွယ်ရင် ငွေများစွာပေးရတဲ့အတွက် သတိထားနေရဦးမှာဖြစ်ပါတယ်။
.
အေးဂျင့် ဈေးနှုန်းများကတော့ ..
ထိုင်းနိုင်ငံ - ကျပ်၅သိန်းခန့် (လစာ ၃သိန်းခန့်ရနိုင်သည်)။
မလေးရှားနိုင်ငံ - ကျပ်၈သိန်းခန့် (လစာ ၅သိန်းခန့်ရနိုင်သည်)။
စင်ကာပူနိုင်ငံ - ကျပ်၃၀သိန်းခန့် (လစာ ၅သိန်း မှ ၁၀သိန်းခန့်ရနိုင်သည်)။
ဒူဘိုင်း(ယူအေအီ) - ကျပ်၁၀သိန်းခန့် (လစာ ၅သိန်း မှ ၁၀သိန်းခန့်ရနိုင်သည်)။
.
တရားဝင်အေးဂျင့်များက နိုင်ငံခြားအလုပ်ရှင်များနဲ့ တိုက်ရိုက်အင်တာဗျူးပီး အဆင်ပြေမှ ဝန်ဆောင်မှုလုပ်ပေးပါတယ်။  စင်ကာပူ၊ ဒူဘိုင်းအလုပ်များအတွက်ဆိုရင် လုပ်ငန်းအတွေ့အကြုံရှိသူများကို အရင်စီစစ်ပြီးမှ အလုပ်ရှင်နဲ့အင်တာဗျူးခွင့်ရပါတယ်။ အရင်စာရင်းသွင်းထားပြီး စောင့်ရပါတယ်။ စရံငွေ ၅သောင်းလောက် တောင်းလေ့ရှိပါတယ်။
.
နိုင်ငံခြားအလုပ်အကိုင် လုပ်ချင်ရင် နံပါတ်(၁) လိုအပ်ချက်က မိမိမိတ်ဆွေ နိုင်ငံခြားမှာ လုပ်နေသူနဲ့ အရင်တိုင်ပင်ပါ။ မရှိရင်လဲ မိမိသင်းအုပ်ဆရာ၊ မိဘ များနဲ့တိုင်ပင်ပါ။ မိမိဖာသာ မိမိလိုမသိနားမလည်တဲ့ သူငယ်ချင်းနဲ့အတူ ငွေထုပ်ပိုက်ပြီး အေးဂျင့်ဆီကိုသွားရင်တော့ အလိမ်ခံရမှာပဲ ဖြစ်ကြောင်း သတိပေးပါတယ်။

မှတ်ချက်။
စင်ကာပူကို အိမ်ဖော်အလုပ်က တရားမဝင်ဖြစ်ပါတယ်။  အေးဂျင့်များစွာ တရားမဝင် လုပ်ပေးနေပါတယ်။
.
.
စင်ကာပူအိမ်ဖော်
https://www.slideshare.net/myanmarjobstudent/survival-jobandmyanmarmaidinsingapore
.
.
စင်ကာပူအလုပ်ကိုင်၊ ကျောင်းတက်၊ စီးပွားလုပ်၊ ဆေးစစ် ...
https://www.slideshare.net/myanmarjobstudent/singaporeentrepreneurarticles2014

No comments:

Post a Comment