Friday, December 29, 2017

(၂၀၁၈ - ၂၀၁၉) လူရည်ချွန် အလုပ်အမှုဆောင်အဖွဲ့


လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့ Kyaw Nyein Aye
~~~~~~~~~~~~~~~~~~

(၂၀၁၈ - ၂၀၁၉) အလုပ်အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်များသို့ #အသိပေးထုတ်ပြန်ချက်(၁)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၁၆၊ ၁၂၊ ၂၀၁၇ နေ့တွင်ကျင်းပ ခဲ့သော လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့၊ နှစ်ပတ်လည်ညီလာခံတွင် အလုပ်အမှုဆောင်အဖွဲ့(၂၀၁၈ - ၁၉) ဖွဲ့စည်းရန် အမှုဆောင်အဖွဲ့ဝင် (၁၅) ဦး ကို ရွေးချယ်တင်မြှောက်ရေးအဖွဲ့က စည်းမျဉ်းစည်းကမ်းများနှင့်အညီ၊ ညီလာခံတက်ရောက်လာသူ အဖွဲ့ဝင် အားလုံး၏ ဆန္ဒမဲပေးရွေးချယ်မှုအရ ရွေးချယ်ပေးခဲ့ပါသည်။

https://www.facebook.com/groups/488712844629020/permalink/937676906399276/

 ရွေးချယ်ခံရသော အမှုဆောင်အဖွဲ့ဝင်များ၏ အလုပ် အမှုဆောင်အဖွဲ့ဖွဲ့စည်းရေးအစည်းအဝေးကို ယင်းနေ့ ၁၆: ၃၀ နာရီ တွင် ဆက်လက်ကျင်းပခဲ့ပြီး အောက်ပါအတိုင်း အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၈ - ၁၉) ကိုဖွဲ့စည်းခဲ့ပါသည်။

အစည်းအဝေးတွင် ဥက္ကဌ နေရာအတွက်ရွေးချယ်ရာ၌ ဒေါက်တာ ဦးတင်မျိုးဝင်း က မိမိသည် လူရည်ချွန် အဖွဲ့ကြီး၏ ဥက္ကဌအဖြစ် သက်တမ်း ၂ ကြိမ် ( ၄ ) နှစ်ဆက်တိုက်၊ တာဝန်ယူထမ်းဆောင်ပေးခဲ့ပြီးဖြစ်သလို၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ကော်မရှင်၊ ဥက္ကဌ အဖြစ် ကြီးလေးသောတာဝန်များကိုလည်းထမ်းဆောင်နေရသည် ဖြစ်ရာယခုတတိယအကြိမ် အလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဌ တာဝန်ကိုထမ်းဆောင်ခြင်းမပြုတော့ဟု ဆန္ဒပြု လာခဲ့ပါသည်။

အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဥက္ကဌတာဝန်မှအနားယူသွားသူ ဒေါက်တာဦးတင်မျိုးဝင်းကို၊ အဖွဲ့ နာယကအဖြစ်ဆက်လက်တာဝန်ယူပေးပြီး လိုအပ်ချိန်များတွင် အကြံဉာဏ်ပေး၊ လမ်းညွှန်ပေးပါရန် မေတ္တာရပ်ခံကြသဖြင့် လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့၏နာယကအဖြစ် တညီ တညွတ်တည်းတင်မြှောက်ခဲ့ကြပါသည်။

ဆက်လက်ပြီးတာဝန်ခွဲဝေထမ်းဆောင်ကြရန်အမှုဆောင်အဖွဲ့ဝင်များက ဒီမိုကရေစီနည်းကျကျ ပွင့်လင်းမြင်သာဆန္ဒပြုမှုနှင့် မဲပေးရွေးချယ်ခဲ့ကြပြီး အောက်ပါအတိုင်း အလုပ်အမှုဆောင်အဖွဲ့ကို တာဝန်ခွဲဝေဖွဲ့စည်းခဲ့ကြပါသည်။ 

နာယက  = ဒေါက်တာဦးတင်မျိုးဝင်း

ဥက္ကဌ = ဒေါက်တာအောင်ဇော်မျိုး

ဒုဥက္ကဌ = ဒေါက်တာတင့်တင့်ကြည်

အတွင်းရေးမှူး = ဒေါက်တာနေဦး

တွဲဘက်အတွင်းရေးမှူး = ဒေါက်တာကျော်စိုးလင်း

ဘဏ္ဍာရေးမှူး = ဒေါက်တာမျိုးမျိုး

တွဲဘက်ဘဏ္ဍာရေးမှူး = ဒေါ်မေနွယ်ဦး

စာရင်းစစ် = ဦးစိုးရင်

အလုပ်အမှုဆောင်အဖွဲ့ဝင်များ

ဦးခင်မောင်ကြည်

ဦးကျော်ဌေး

ဒေါ်ညွန့်ယဉ်ဝင်း

ဒေါ်နန်းမွန်ခမ်းအောင်

ဒေါက်တာခင်မောင်ထွေး

ဦးဝင်းအောင်

ဒေါက်တာကျော်ငြိမ်းအေး (ပြန်ကြားရေးတာဝန်)

                  ×××××××

#LYCannouncements
.
.
.
. . . . . . . .
M Zaw Aung
၂၆၃ဦး မဲ​ပေးပါတယ်​။ ၃၈ဦးထဲက ၁၅ဦးကို အမှန်​ခြစ်​​တော့ ပယ်​မဲ၎ခု . ၁၅ဦးကို အက်​ခရာအစဉ်​လိုက်​​ကြေငြာပါတယ်​။
.
ဒေါက်​တာ​ကျော်​ငြိမ်း​အေး
ဒေါက်​တာ​ကျော်​စိုးလင်း
ဦး​ကျော်​​ဌေး
ဦးခင်​​မောင်​ကြည်
ဒေါက်​တာခင်​​မောင်​​ထွေး
ဦးစိုးရင်
ဒေါ်ညွန်​ရင်​၀င်း
ဒေါက်​တာတင်​မျိုးဝင်း
ဒေါက်​တာတင့်​တင့်​ကြည်
ဒေါက်​တာ​နေဦး
နန်​မွန်​ခမ်း​အောင်
ဒေါ်​မေနွယ်​ဦး
ဒေါက်​တာမျိုးမျိုး
ဦးဝင်း​အောင်
ဒေါက်​တာ​အောင်​​ဇော်​မျိုး . .
.
ဆရာဝန်​များပဲ လုပ်​နိုင်​တဲ့သ​ဘောပါ . အင်​ဂျင်​နီယာများ လူမှု​ရေး လိုပါ​သေးတယ်​။
လူရည်​ချွန်​ ၅​ထောင်​မှာ စာရင်းရှိ ၁​ထောင်​​ကျော်​. .လာ​ရောက်​မဲ​ပေးသူ ၂၆၃ဦး.. ၇တန်း က​နေ ၁၀တန်း​အထိက လူရည်​ချွန်​အများစုဟာ ဆရာဝန်​များဖြစ်​နိုင်​​ပေမဲ့ ပထမနှစ်​ကစတ္ထုထနှစ်​ထိ တက္ကသိုလ်​​ကောလိပ်​များက​တော့ ဆရာဝန်​ ၅ရာနှုန်းမရှိပါ။ ခြုံကြည့်​ရင်​ ဆရာဝန်​သြဇာများတဲ့ အဖွဲ့အစည်းဖြစ်​ပြီး တ၀က်​နီးပါး ၂၅၀၀ လောက်​က ပညာတတ်​ဦးစား​ပေးတဲ့ ပြည်​ပ​ရောက်​​နေမယ်​ ခန့်​မှန်း ပါတယ်​။ အခု​တော့ မြန်​မာပြည်​လဲ ပညာတတ်​ ဦးစား​ပေးလာပါပြီ။ ကျ​နော်​က​တော့ တတိယအရွယ်​​ရောက်​​တော့ ဘုရားပညာက ပိုငြိမ်းချမ်းတယ်​။
.
ဧည့်​ကြိုခြင်း မဲ​ရေတွက်​ခြင်း .ပြင်​ဆင်​​ကြွေး​မွေး အခမဲ့.လုပ်​​ပေးတဲ့. .​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ ၇ဦး. .. လုပ်​အား​ပေး များစွာကို အရမ်း​ ကျေးဇူးတင်​ပါတယ်​။  . ထမင်းစားပြီး မဲနိုင်​​ကြေငြာချိန်​ လူ ၃ပုံ၁ပုံပဲကျန်​​တော့တယ်​။ ပွင့်​လင်းမြင်​သာဆုံး ​ပြောရမယ်​။ အရင်​၂ကြိမ်​က လူမရှိလို့ လာတဲ့လူ ​ရွေးခံရတယ်​။ အခု​တော့ ​ရွေး​ကောက်​​ပွဲနဲ့ ဘာနဲ့ အဆင့်​မြင့်​လာပါတယ်​။ မဲအ​ရေအတွက်​ကိုလဲ မ​ကြေညာ​သော်​လဲ. . ရပါတယ်​​ပေါ့နော်​။
.
နေ့ခင်း လာသူများကို ကြက်​ဆီထမင်း အခမဲ့​ကြွေးတယ်​။ စာအုပ်​များစွာ အခမဲ့​ပေးတယ်​။ ပညာချွန်​သူများ အုပ်​စုပါ။ ည​နေ ၁​သောင်းခွဲတန်​ ဒင်​နာရှိပါတယ်​။ 
.
တကယ်​ပဲဘက်​စုံထူးချွန်​ ပိုပြီး နိုင်​ငံအကျိုးပြုနိုင်​ပါ​စေ။

Monday, December 25, 2017

၂၀၁၇ ထင်ရှား ကျော်ကြား

No automatic alt text available.
၂၀၁၇ ထင်ရှား ကျော်ကြား

၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် အများပြည်သူအကြား သိသာထင်ရှားသော လုပ်ရပ်များကြောင့် ထင်ရှားခဲ့သောပုဂ္ဂိုလ်များ၊ ဖြစ်စဉ်ဖြစ်ရပ်များ၊ အဖွဲ့အစည်းများအား ယခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် Weekly Eleven News Journal ဂျာနယ်မှ အောက်ပါအတိုင်း ရွေးချယ်ဖော်ပြအပ်ပါသည်။ ရွေးချယ်ဖော်ပြမှုများအတွက် မူဝါဒနှင့် သဘောထားမှာ Weekly Eleven News Journal ဂျာနယ်အယ်ဒီတာအဖွဲ့၏ အာဘော်နှင့် သဘောထားသာလျှင် ဖြစ်ပါသည်။ ထို့ပြင် ယခုရွေးချယ်မှုတွင် ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားမှုများ ပါဝင်သလို သတင်းဆိုးဖြင့် ထင်ရှားကျော်ကြားမှုများလည်း ပါဝင်ပါသည်။ အကယ်၍ ယခုရွေးချယ်မှုတွင် ၂၀၁၇ ခုနှစ်အတွင်း ထင်ရှားသောအဖြစ်အပျက်များ၊ ထင်ရှားကျော်ကြားသူများ ကျန်ရစ်မှုအချို့ရှိနိုင်ပါသည်။ ယင်းကဲ့သို့ ကျန်ရစ်မှုများရှိခဲ့ပါက ရွေးချယ်ဖော်ပြသော အယ်ဒီတာအဖွဲ့၏ တာဝန်သာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

■ Events of the Year

ရခိုင်အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ကျဆင်းခဲ့ရသော မြန်မာ့ပုံရိပ်

■ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) နိုင်ငံရေးအရ အရေးပါခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်များ

(၂) သမိုင်းဝင်စေခဲ့သော ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးမြန်မာခရီးစဉ်

(၃) ငွေစက္ကူများပေါ် ပြန်လည်ရောက်ရှိလာတော့မည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာများ

(၄) ချောင်းဆုံကပေးသော သင်ခန်းစာနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

(၅) သက်ရောက်မှု ရှိ မရှိ စောင့်ကြည့်ရတော့မည့် ဘဏ္ဍာနှစ်အပြောင်းအလဲ

(၆) အခြေခံမူ ၃၇ ချက်ထွက်ပေါ်လာသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး

(၇) လွှတ်တော်၏ ကောင်းမွန်သည့် ဆောင်ရွက်မှုဖြစ်စေသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှု

(၈) NLD အစိုးရလက်ထက် ၀န်ကြီးချုပ်တာဝန်က ပထမဦးဆုံးနုတ်ထွက်ခဲ့သည့် ဦးမင်းမင်းဦး

■ စီးပွားရေးနယ်ပယ်မှ ထင်ရှားမှုနှင့် ထူးခြားမှုများ

(၁) ၂၀၁၇ နှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်မှု ဂယက်

(၂) အိန္ဒိယ၏ ပဲတင်သွင်းခွင့် ကန့်သတ်မှုကြောင့် ဟန်ချက်ပျက်ခဲ့ရသည့် မြန်မာ့ပဲဈေးကွက်

(၃) အခြေခံပြည်သူတွေ နေရေးခက်ပြီး ဆောက်လုပ်ရေးကဏ္ဍပြိုလဲမှု ဘယ်လို ထူမ, ကြမလဲ

(၄) အကောက်ခွန်နှုန်းထားများတိုးမြှင့်မှုက ပြည်သူကို အကျပ်ရိုက်စေသလား

(၅) ကူကယ်ရာမဲ့နေဆဲ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

(၆) ညာမောင်းကားများ တစ်ခန်းရပ်သွားစေသော နှစ်တစ်နှစ်လား

(၇) မြစ်ဆုံနှင့် OBOR တရုတ်အကျိုးစီးပွား မဟာဗျူဟာထဲမှာမနစ်မွန်းဖို့ ကြိုးပမ်းရမည့် မြန်မာ

(၈) နိုင်ငံတကာအဆင့် စည်းမျဉ်းများနှင့်ကိုက်ညီရန် အချိန်ယူရဦးမည့် မြန်မာ့ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး

(၉) အွန်လိုင်းလောင်းကစားမှုကို စစ်ဆေးရန် အကြောင်းပြပြီးတရုတ်နိုင်ငံမှ ပိတ်လိုက်သည့် ဘဏ်အကောင့်များကြောင့် နစ်နာခဲ့သော မြန်မာနိုင်ငံသားပိုင် ကုန်သွယ်မှုငွေစာရင်းများ

(၁၀) NLD အစိုးရလက်ထက် စီးပွားရေးကျဆင်းမှုဂယက်နှင့် စစ်တမ်းများကပြောသော စီးပွားရေးစီမံခန့်ခွဲခြင်း ညံ့ဖျင်းမှုဆိုင်ရာ ကိန်းဂဏန်းများ

(၁၁) NLD အစိုးရသက်တမ်း နှစ်နှစ်ခန့်အကြာတွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

■ လူမှုရေးနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) YBS (သို့မဟုတ်) ဝေဖန်မှု၊ ငြင်းခုံမှုများဖြင့် ၂၀၁၇ အတွက် NLD ၏ အကြီးမားဆုံး အပြောင်းအလဲတစ်ခု

(၂) ပုဒ်မ ၆၆ (ဃ) ပြီးနောက် ဝေဖန်မှု အခံရဆုံးဖြစ်ခဲ့သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုမှုများ

(၃) လူတစ်ဦးချင်းစီ၏ လုံခြုံရေးအတွက် ထိတ်လန့်စရာဖြစ်ခဲ့ရသည့်ဦးကိုနီအား လုပ်ကြံမှု

(၄) ပဟေဠိဆန်စွာဖြစ်ပွားခဲ့သော အမြန်လမ်းမကြီးပေါ်မှလူရှစ်ဦးသေဆုံးစေခဲ့သည့် ယာဉ်မီးလောင်မှု

(၅) သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှုများ အပါအ၀င် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုးရွားသော လူသတ်မှုဖြစ်စဉ်များ

(၆) ကျပ် ၃၇ ဘီလျံခန့် ဆုံးရှုံးခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအပါအ၀င် ဆုံးရှုံးမှုကြီးမားသော မီးလောင်မှုများ

(၇) YBS ၏အဆိုးရွားဆုံး ယာဉ်တိုက်မှုအပါအ၀င် လူအများအပြားသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်များ

(၈) ငွေလဲကောင်တာအတွင်း သေနတ်ဖြင့်ခြိမ်းခြောက်လုယက်မှုအပါအ၀င် ရန်ကုန်မြို့မှ မင်းမဲ့စရိုက်ဆန်ဆန် လုယက်မှုများ

(၉) ခွန်တန် (ခ) ဇာတ်လိုက်နှင့် အံ့သြမှင်တတ်စေသော ပန်းဦးလွှတ်ပြဿနာ

(၁၀) အစိုးရဟောင်းလက်ထက်က စာရင်းပျောက်ခဲ့သည့် ရေနံမှော်များမှရရှိသောငွေကျပ် သန်း ၇၀၀၀ ကျော်နှင့် NLD အစိုးရ၏ ကိုင်တွယ်မှု

(၁၁) ရန်ကုန်မြစ်အတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးစာမျက်နှာသစ် ဖွင့်လိုက်သည့်Yangon Water Bus

(၁၂) အဘက်ဘက်မှ ကျပ်တည်းမှုနှင့် ခုနစ်နှစ်နီးပါးကြာ တောင့်ခံထားရသောကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ

(၁၃) သတ်ဖြတ်ခံရမှုကြောင့် ပျောက်ကွယ်လုအခြေအနေနှင့် ရင်ဆိုင်နေရသောဧရာဝတီမှ တောဆင်ရိုင်းများ

(၁၄) မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် စိတ်ဝင်စားခြင်းခံရသည့် ကျိုက်ထီးရိုး Cable Car စီမံကိန်း

(၁၅) မြစ်ရေကြီးမှုသုံးကြိမ်ဖြင့် ထိုးနှက်ခံလိုက်ရသည့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ပြည်သူများ

(၁၆) Uber နှင့် Grab တို့ကြောင့် အငှားယာဉ်ဈေးကွက်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် ၂၀၁၇

■ ပညာရေးနှင့် အိုင်တီနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) နှစ်ပေါင်း၂၀ ကျော်ကြာမှ ပြန်လည်အသက်ဝင်လာသည့် RC 2 နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)

(၂) ဈေးကျပြီး မြန်နှုန်းမြင့်လာသော မိုဘိုင်းဖုန်းအင်တာနက်၊ မြန်မာနိုင်ငံလူဦးရေနှင့် တူညီသွားသော ဆင်းမ်ကတ်အရေအတွက်

■ ကျန်းမာရေးနယ်ပယ်မှ ထင်ရှားမှု

(၁) သေဆုံးသူ ၄၀ နီးပါးရှိခဲ့သည့် ရာသီတုပ်ကွေး H1N1 ဂယက်

■ အားကစားနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) MMA ကစားသမားဘ၀ ၁၀ နှစ်ကျော်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူ အောင်လအန်ဆန်

(၂) ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲတွင် ဆုကြေးစား သွားရောက်ကစားခွင့်ရခဲ့သည့် အောင်သူနှင့် ကျော်ကိုကို

(၃) အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်ခံရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်

(၄) အသင်းဖျက်သိမ်းမှုများနှင့် စိုးရိမ်ဖွယ်ရာ မြန်မာ့ဘောလုံးအနာဂတ်

(၅) တစ်ရာသီအတွင်း ချန်ပီယံဆုနှစ်ခုစလုံးယူနိုင်သော ဒုတိယမြောက်အသင်းဖြစ်လာသည့် ရှမ်းယူနိုက်တက်

(၆) FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် ဘောလုံးသမားဟောင်းများ၏ ခရီးစဉ်

(၇) အာဆီယံပြိုင်ပွဲ၌ အောင်မြင်မှုလမ်းကြောင်းပေါ် တက်လှမ်းလာနိုင်ပြီး အာရှခြေစစ်ပွဲ ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည့် မြန်မာဖူဆယ်အသင်း

(၈) ကမ္ဘာ့ပြိုင်ပွဲနှင့် အာရှပြိုင်ပွဲတွင် ရွှေဆုရယူခဲ့သည့် ကာယဗလကစားသမား ထွန်းထွန်းအောင်

■ စာပေအနုပညာနယ်ပယ်မှ ကျော်ကြားသူများနှင့် ထင်ရှားမှုများ

(၁) ဗိုလ်အောင်ဒင်ဖြင့် ပရိသတ်ကို ခပ်ကြမ်းကြမ်း သိမ်းပိုက်နိုင်ခဲ့သူတေးသံရှင်မနော

(၂) ပရိသတ်များ၏စိတ်ဝင်စားမှုရရှိခဲ့သည့် သရုပ်ဆောင်ရဲတိုက်၏ ထောင်မှအပြန်

(၃) နှုတ်ခမ်းနီမလေးများ၏ရင်ကို စွဲကိုင်လှုပ်ခဲ့သော မိုရီဆာကီဝင်း

(၄) ဂျင်းကောင်စကားလုံးကို လူအများကြားတွင်ကျယ်စေခဲ့သူသရုပ်ဆောင်မြင့်မြတ်

(၅) ထူးခြားသည့်ဆိုဟန်ဖြင့် ဂီတချစ်သူများကြားတွင် ရေပန်းစားခဲ့သူ လူငယ်တေးသံရှင် Mary

(၆) ရုပ်ရှင်ချစ်ပရိသတ်များ၏ရင်ကို စူးနစ်စေခဲ့သည့် ရင်ဘတ်ထဲကဓား

(၇) စာပေဆိုင်ရာ လှုပ်ရှားမှုများပြားခဲ့သည့် ၂၀၁၇ ခုနှစ်

(၈) ၂၀၁၇ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့သည့် စာအုပ်ပေါင်း ၅၀၀ ကျော်ရေးသားခဲ့သော စာရေးဆရာ မောင်စူးစမ်း

(၉) သဘင်ပညာရပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေးအဖွဲ့များကဏ္ဍခြောက်ခုအတွက် ဖွဲ့စည်းလိုက်ခြင်း

Sunday, December 10, 2017

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၈၁နှစ် မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၈၁နှစ် မြန်မာပြည်ကိုရောက်လာပါတယ်။ နိုဝင်ဘာ ၂၀၁၇ခုနှစ်၊ ကမ္ဘာ့ အဆင်းရဲဆုံးလဲဖြစ်၊ အာရှတိုက်မှာလဲ အဆင်းရဲဆုံးဖြစ်တဲ့ မြန်မာနဲ့ဘင်္ဂလားဒေခ်ျ နှစ်နိုင်ငံကို လာရောက်ခြင်းကလဲ .ထူးခြားတဲ့ ခရီးစဉ်ပါ။ ကက်သလစ်ခရစ်ယန် ဘာသာရေးအကြီးအကဲ ပုပ်ရဟန်းမင်းကြီးက ဗုဒ္ဒဘာသာ ၉၀% လောက်ရှိတဲ့ မြန်မာနိုင်ငံနဲ့ မွတ်ဆလင် ၉၀%ကျော် ရှိတဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတို့ဆီ ရောက်လာခြင်းက ငြိမ်းချမ်းရေးလို့ ဆိုပါတယ်။ ပိုပြီးထူးခြားတာက အဲဒီ ၂နိုင်ငံ လက်ရှိခေါင်းဆောင်ဖြစ်နေသူတွေက အမျိုးသမီး အသက်၇၀ကျော် ၂ဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှိတ်ဟာဆီနာ ဆိုတဲ့ အမျိုးသမီးကြီး နှစ်ယောက် က စစ်ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင် အမျိုးသားကြီးများ မညီမညွတ်ဖြစ်နေတဲ့ နိုင်ငံ ၂ခုကို မျက်နှာပြပြီး ဦးဆောင်နေရရှာပါတယ်။

ရခိုင်အရေးအခင်းမှာ မွတ်စလင် ဒုက္ခသည် ၅သိန်းလောက် ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက် ထွက်ပြေးသွားလို့ ကမ္ဘာအလယ်မှာ မြန်မာကို ရှုံ့ချခံနေချိန်ဖြ၀်ပါတယ်။ ကုလသမဂ္ဂနဲ့အမေရိကန်က မြန်မာစစ်တပ်ကို အပြစ်မြင်နေချိန် ပုပ်ရဟန်းမင်းကြိး ရောက်လာပါတယ်။ မြန်မာစစ်တပ်အကြီးကဲ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားတွေ့ဆုံမယ်ဖြစ်ပါတယ်။
.
ကက်သလစ်ခရစ်ယန်များ
မြန်မာနိုင်ငံ ၂၀၁၄ သန်းကောင်စာရင်းအရ ခရစ်ယန် ၆.၂% (၂.၅သန်း) ရှိပြီး ကက်သလစ် ဘာသာဝင် ၂၀% (၆သိန်း) ရှိပါတယ်။ အများစုခရစ်ယန်ဘာသာဝင်များကတော့ ပရိုတက်စတင့်လို့ခေါ်တဲ့ နှစ်ခြင်း(Baptist)၊ မက်သဒစ်၊ အင်ဂလိကန်၊ အေဂျီနဲ့ ခေတ်သစ်ချီးမွမ်းခြင်းအသင်းတော်များ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ကက်သလစ် လူဦးရေ ၆သိန်း ဆိုသော်လည်း မြန်မာခရစ်ယန်လူဦးရေက သန်းကောင်စာရင်းအရဆိုရင် မမှန်နိုင်ပါ။ တိုင်းရင်းသားလက်နက်ကိုင် ကြီးစိုးတဲ့ ပြည်နယ်များ၊ ထိုင်းနိုင်ရောက် မြန်မာ၅သန်းလောက်နဲ့ နိုင်ငံတကာရောက် မြန်မာများ စုပေါင်းရင် ခရစ်ယန်လူဦးရေ ၂ဆလောက်ထိ များနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကက်သလစ်ခရစ်ယန် နည်းပေမဲ့ ကမ္ဘာမှာတော့ ခရစ်ယန်ဘာသာကိုးကွယ်သူ ၃၃.၃၂% (လူဦးရေသန်းပေါင်း ၂၉၀၀) နဲ့ အများဆုံးဖြစ်ပါတယ်။ အဲဒီခရစ်ယန်များမှာ ကက်သလစ်များက ၅၀.၁% ရှိပါတယ်။ Pew Research Center 2010 အရ ခရစ်ယန်ဘာသာဝင် ၂၁၈၄သန်း မှာ ကက်သလစ် ၁၀၉၄သန်းရှိပါတယ်။ ၀ီကီအချက်အလက်အရ ကမ္ဘာ့ ဘာသာကြီးများမှာ ခရစ်ယန်(၃၃.၃၂%)၊ မွတ်ဆလင်(၂၁.၀၁%)၊ ဟိဒ္ဒြူ(၁၃.၂၆%)၊ ဗုဒ္ဒဘာသာ(၅.၈၄%)၊ အခြားဘာသာ(၁၂.၄၈%)၊ ဘာသာမရှိ(၁၄.၀၉%) ဖြစ်ပါတယ်။ အခြားဘာသာ အထဲမှာ တရုပ်ရိုးရာ ကွန်ဖြူးရှပ်၊ တာအို စတဲ့ဘာသာများက  သန်းပေါင်း ၄၅၄သန်း(၆.၆%) တရုပ်ပြည်မှာ ရှိနေပါတယ်။ Folk Religion လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။  မြန်မာနိုင်ငံက ရိုးရာနတ် တောင်ပြုန်း၊ပုပါး စတဲ့အရပ်ဒေသပွဲများကို သွားရောက် ကိုးကွယ်သူများကတော့ ဗုဒ္ဒဘာသာဝင်၊ နတ်ယုံကြည်သူများ ဖြစ်ပါတယ်။ တရုပ်၊ ဗီယက်နမ်၊ မြောက်ကိုးရီးယားနိုင်ငံများက ကွန်မြူနစ်ပါတီဝင်များကတော့ ဘာသာမရှိ၊ ဘာသာမဲ့၊ လူသားဝါဒီများဖြစ်ပြီး၊ ဥရောပနိုင်ငံအများစုမှာလဲ ဘုရားကျောင်းကြီးများ လူမရှိတော့ပဲ ဘာသာမဲ Free Thinker များပြားလာပါတယ်။ ၂၀၁၇ ၀ီကီအချက်အလက်များအရ ကမ္ဘာ့ လူဦးရေ သန်းပေါင်း ၇၆၀၀ ရှိရာမှာ သန်းပေါင်း ၁၀၆၄သန်းက ဘာသာမဲ့များ ဖြစ်နေပါတယ်။ ပညာတတ်အများစုက စားဝတ်နေရေးအဆင်ပြေ၊ ဝေဒနာနည်းပြီး အလုပ်များနေတတ်လို့ ဘာသာမဲ့ဖြစ်သွားတတ်ပါတယ်။
.
.
ပုပ်ရဟန်းမင်းကြီးဖရန်စစ်
ဘ၀ိုက်စ် မြန်မာသတင်းစာ ကျော်ဗလ၊ စံတော်ချိန် ထွန်းဝင်းငြိမ်း ဆောင်းပါးနဲ့ သတင်းအချက်အလက်များကိုးကားပါတယ်။ အဖေဖြစ်သူက သူဌေးတစ်ဦး ဖြစ်သော်လည်း သူကတော့ ၀တ်ရုံအကြမ်းတွေပဲဝတ်၊ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ရိုးသားနိုမ့်ချ၊ ယဉ်ကျေးစွာ နေသူဖြစ်ပါတယ်။ ၁၉၃၆မှာ မွေးဖွားပြီး ၂၀၁၃မှာ ပုပ်ရဟန်းမင်းကြီးဖြစ်လာပါတယ်။ ပုပ်ရဟန်းမင်းအတွက် ကြီးမား၊အချွေရံများနဲ့ နေအိမ်ကို မနေပဲ၊ ၂ခန်းပဲရှိတဲ့ အိမ်ငှား သေးသေးလေးမှာပဲ ဆက်လက်နေထိုင်ပါတယ်။

အာဂျင်တီးနားနိုင်ငံသား ဖြစ်ပြီး၊ အီတလီ (ရောမ) မျိုးနွယ်ဖြစ်ပါတယ်။ ငယ်စဉ်ကအာဂျင်တီးနားနိုင်ငံ  နည်းပညာကျောင်း သက်မွေးပညာအောင်မြင်ပြီး ဓါတုဗေဒပညာရှင်အလုပ်များ လုပ်ခဲ့ပေမဲ့ အသက်၂၂နှစ်အရွယ်မှာ ဘာသာရေး ကျမ်းစာကျောင်းတက်ပြီး၊ သခင်ယေရှုအဖွဲ့ Society of Jesus အသင်းမှာ ၀င်ရောက်ခဲ့ပါတယ်။ ၂၅နှစ်မှာ သာသနာဘောင်ဝင်ရောက်သွားပြီး ရဟန်းဘ၀ ရောက်သွားပါတယ်။ ပညာဆက်လက်သင်ကြားရင်း တက္ကသိုလ်များမှာလဲ စာပေနဲ့စိတ်ပညာဆရာအဖြစ် ပို့ချပေးရင်း ဂျာမဏီနိုင်ငံကို ပညာသင်သွားပြီး ၁၉၈၆နှစ် အသက်၅၀မှာ အမြင့်ဆုံး ပီအိတ်ခ်ျဒိ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
.
သူနေထိုင်တဲ့ ဗာတီကန်နိုင်ငံလေးကို ကမ္ဘာ့ ခေါင်းဆောင်များစွာနဲ့ တွေ့ဆုံပါတယ်။ နိုင်ငံမဲ့ ပါလက်စတိုင်းသမ္မတနဲ့ ၂၀၁၅ တုန်းက လက်ခံတွေ့ဆုံသလို၊ ကမ္ဘာ့ ၊ အာရှ အဆင်းရဲဆုံးနိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှာလဲ ဗာတီကန်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံရာကနေ ပုပ်ရဟန်းမင်းကြီး ပထမဆုံး မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ် အစပျိုးခဲ့ခြင်း ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူငြိမ်းချမ်းစွာ နေထိုင်ဖို့ ပုပ်ရဟန်းမင်းကြီး ဆန္ဒရှိသလို လက်တွေ့လဲ လုပ်ဆောင်ပြသနေပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ခရီးစဉ်များက ထူးခြားမှုများစွာ ရရှိမှာ ဖြစ်ပါတယ်။
.
.
မြန်မာနိုင်ငံရောက်ပါပြီ
ရန်ကုန်ကို နိုဝင်ဘာ ၃၀ နေ့မှာ ရောက်ရှိပြီး၊ နိုဝင်ဘာ ၃၀ ရက်နေ့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဆက်သွားပါမယ်။ အထူးသဖြင့် ကက်သလစ်ခရစ်ယန်များအဖို့ အံ့သြဘွယ်ဖြစ်ရပ် တစ်ခုဖြစ်လို့ ပြည်နယ်တိုင်းများက သိန်းနဲ့ချီတဲ့ ကက်သလစ်ဘာသာဝင်များ ရန်ကုန်မြို့ကို ရောက်ရှိပြီ၊ ကြိုဆိုကြပါတယ်။ ကချင်ပြည်နယ်က ကက်သလစ် ၈ထောင်ရောက်ရှိလာတယ်လို့ သတင်းများက ဆိုပါတယ်။ လေဆိပ်ကနေ ၇မိုင်၊ ၉မိုင်၊ အင်းယား(တံတားဖြူ)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း များမှာ လူထုက Love & Peace ဆိုင်းဘုတ်များ ကိုင်ဆောင် ကြိုဆိုကြပါတယ်။ အီတလီ (ရောမ) ဘာသာစကားနဲ့ ကြိုဆိုပါတယ် လို့ သံပြိုင်နှုတ်ဆက်ကြပါတယ်။
.
၂၈ ရက်
နံနက် - ရန်ကုန်တွင် မြန်မာနိုင်ငံဘာသာရေးခေါင်းဆောင်များနဲ့တွေ့ဆုံခြင်း၊
ညနေ - နေပြည်တော်တွင် မြန်မာနိုင်ငံခေါင်းဆောင်များ (ကာချုပ်၊ သမ္မတ၊ အတိုင်ပင်ခံ)
ညနေ ၅နာရီ၅၀ - နေပြည်တော် MICC-2 ခမ်းမတွင် အစိုးရ၊လူထုအဖွဲ့အစည်းများကို စကားပြောခြင်း
.
၂၉ ရက်
မနက်၈း၃၀ ကက်သလစ် ဘာသာဝင်များနဲ့ တွေ့ဆုံ ဆုတောင်းဝတ်ပြုခြင်း
မွန်းလွဲ ၂း၀၀  ကမ္ဘာအေးရှိ သံဃာမဟာနာယက ဆရာတော်ကြီးများထံ ချစ်ကြည်ရေးတွေ့ဆုံခြင်း
ညနေ ၅း၁၅ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်ချုပ် ချားလ်ဘို နေအိမ်တွင် တွေ့ဆုံခြင်း
.
၃၀ ရက်
မနက်ပိုင်း ရန်ကုန်မြို့ စိန့်မေရီဘုရားကျောင်းတွင် လူငယ် ၁ထောင်နှင့်တွေ့ဆုံခြင်း
မွန်လွဲ ၂း၅၀  ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ ချစ်ကြည်ရေးခရီး ဆက်လက်ထွက်ခွာမည်။
.
.
နိဂုံး (သုံးသပ်ချက်)
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု နိုင်ငံရေးခရီးစဉ် ၂၀၁၁ အစိုးရဟောင်း (ကြံ့ခိုင်ရေးပါတီ) ၅နှစ် ပြီးဆုံးချိန် ရွေးကောက်ပွဲ တရားမျှတစွာ ကျင်းပပေးလို့ အင်အင်ဒီပါတီ အစိုးရ ဖြစ်လာပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ၂၅% လွှတ်ာတော်နဲ့ အစိုးရအဖွဲ့မှာ ပါဝင်နေပါတယ်။ လက်ရှိ နိုင်ငံဝန်ထမ်းများ ဌာနဆိုင်ရာများကလည်း အလွန်နှေးကွေးစွာ လုပ်ဆောင်နေတဲ့အတွက် နိုင်ငံစီးပွားရေး နဲ့ ကဏ္ဍအလုံးစုံတို့မှာ အဂတိလိုက်စားမှု၊ တရားမမျှတမှုများစွာ ဖြစ်နေပြီး၊ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံသားများ ဖြစ်မှန်းမသိ ဖြစ်နေချိန်၊ အလွန်ချမ်းသာတဲ့ လူတန်းစားတစ်ရပ် ပေါ်ပေါက်လာပြီး၊ စစ်ဝါဒီ၊ အစွန်းရောက် ဘာသာရေး၊ လူမျိုးရေးဝါဒီများနဲ့ ရှုပ်ထွေးနေချိန် ဖြစ်ပါတယ်။ သို့သော် ကမ္ဘာအသိအမှတ်ပြု ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်အဖြစ် စစ်ခေါင်းဆောင်များကပါ လက်ခံ၊ ရွေးချယ်လိုက်ခြင်းကလဲ အံ့သြစရာ ဖြစ်ရပ်ပါ။ ကုလသမဂ္ဂက မြန်မာစစ်တပ်ကို မွတ်ဆလင်များထွက်ပြေးမှုအတွက် အပြစ်တင်နေစဉ် ကုလသမဂ္ဂမပါပဲ မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ၂နိုင်ငံ မွတ်ဆလင်များကို ပြန်လက်ခံဖို့ သဘောတူစာချုပ်နိုင်ခြင်းက ကမ္ဘာ့ မွတ်စလင် အကြမ်းဖက်အုပ်စုကို အောင်နိုင်ရေးရီးရှည်ရဲ့ အစပိုင်းဖြစ်ပါတယ်။
.
ရေရှည်မှာ မြန်မာနိုင်ငံ ၂၁ရာစု ပင်လုံညီလာခံ အောင်မြင်ရေးနဲ့အတူ စီးပွားတိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်များစွာ ပေါ်ပေါက်၊ ၀င်ငွေအဆင်ပြေလာဖို့ မျော်လင့်ပါတယ်။
.
ပုပ်ရဟန်းမင်းကြီး ကက်သလစ်ခရစ်ယန်ခေါင်းဆောင် မြန်မာနိုင်ငံ ခရီးစဉ်က မြန်မာအစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်များကို ရင်ကြားစေ့စပ်ဖို့ အလင်းတချက် ဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်ခင်ဗျား။
.
ဇော်အောင်


၂၉.နိုဝင်ဘာ.၂၀၁၇
.
.

အမေရိကန်တံဆိပ် BRAGG, Apple Cider Vinegar (raw unfiltered) အကြောင်း ၀ိတ်ချရန်၊ အရေပြားစိုပြေရန် သောက်သုံးဖို့..

စင်ကာပူ၊ မလေးရှားမှာတော့ တပုလင်း၇ဒေါ်လာ $7.00 ပေးရတယ်။ Made in USA...မူလ အမေရိကန်တံဆိပ် BRAGG.
https://www.facebook.com/bragglivefoods/
မြန်မာပြည်မှာနေတော့ အေပဲ Apple ဈေးကြီးလို့  .. တရုပ် အေပဲ တွေလဲ မသုံးချင်လို့ သံပုရာသီးပဲ သုံးရတယ်။ တလုံးကို ၁၀၀ကျပ် 10 cents ပေးရတယ်။ သံပုရာသီးအရည်ပဲ (ဆား၊သကြားမပါ) လက်ညှစ်စက်နဲ့ညှစ်ပြီး တစ်နေ ၃လုံးသောက်တယ်။ Thank You...
.
သံပုရာ၊ အေပဲ တွေ မှန်မှန်သောက်ရင် ကင်ဆာရောဂါတောင် ကာကွယ်နိုင်တယ် ပြောတာပဲလေ...
.
.
ACV ဈေးကြီးတာကြောင့် အမေရိကားမှာတောင် မိမိဖာသာလုပ်နည်း ရှယ်ထားပါတယ်။ အကျိုးကျေးဇူး ၂၀ ကို အင်တာနက်လင့်က ၅ချက် ဘာသာပြန်ပေးထားပါတယ်။
.
၁။ အထူးသဖြင့် ကိုယ်ရည်စစ်လိုသူများ ၀ိတ်ချလိုသူများ သောက်ကြပါတယ်။
၂။ ကြွက်နို့လို အသားအဖုများထွက်လာရင် ဆေးရည်နဲ့စိမ်၊ ပတ်တီးနဲ့အုပ်ထားပါ။ တဖြေးဖြေးပျောက်သွားတာ အံ့သြဘွယ်တွေ့ရပါတယ်။ စမ်းကြည့်ပါ။
၃။ အသားရည် မှိုတက်၊ ဖန်းကပ်တက်ခြင်း (အထူးသဖြင့် အမျိုးသမီးများ) တနေ့၃ကြိမ် ပျောက်တဲ့အထိ သောက်သုံးနိုင်ပါတယ်။ သုံးနေစဉ် သကြားမစားပါနဲ့။
၎။ ကိုလက်စထရော ဆိုတဲ့ အဆီများကို ပုံမှန်သောက်သုံးခြင်းနဲ့ ထိမ်းချုပ်ပေးပါတယ်။
၅။ သွေးပေါင်ချိန် (သွေးတိုး) တည်ငြိမ်စေပါတယ်။ တက်လိုက်ဆင်းလိုက် မဖြစ်တော့ သွေးမတက်တော့ပါဘူး။
စသဖြင့် အင်္ဂလိပ်ဘာသာနဲ့ ဆက်ဖတ်နိုင်ပါတယ်။
.
Apple Cider Vinegar (raw unfiltered) အကြောင်း Link ပေးထားပါတယ်။
http://hangover-cure.co.uk/these-are-the-20-healthy-reason…/
1. Weight Loss
2. Wart Treatment
3. Battles against Yeast Infections
4.Keeps a Healthy Cholesterol Levels
5.Maintains Blood Pressure
6.Fights against Diabetes
7.Hair Care
8.Battles against Arthritis
9.Skin Toner
10.Mouth Freshener
11.Stops Hiccups or Acid Reflux
12.Prevents Indigestion
13.Eases Sore Throat
14.Relieves Insect Bites, Poison Ivy Sting and Sunburn
15.Clears Stuffy Nose
16.Replenishes Energy Levels
17.Reduces Swelling or Edema
18.Teeth Whitener
19. Decreases Varicose Veins
20.Natural Deodorant
.
.
လီမွန် (သံပုယို၊သံပုရာ) နဲ့ ကင်ဆာအကြောင်း
၁။ ကင်ဆာကာကွယ်ဖို့ သကြားဓါတ်ရပ်ဆိုင်းပါ
၂။ သုံပုရာရည်ညှစ်ပြီး ရေနွေးနဲ့ ၃လလောက်သောက်ပါ၊
၃။ အော်ဂဲနစ် အုန်းရည် ၃ဇွန်း မနက်၊ည သောက်ပါ။ ကင်ဆာဖြစ်နေသူတောင် ကင်ဆာဆဲတွေ ရပ်သွားစေနိုင်တယ်။ ... ဒေါက်တာမူကူ ကန်နီကာ
Mukul Kanitkar: He is famous doctor at AIIMS in the department of oncology ( cancer ) . Please take out few min to listen him
No one must die of cancer except out of carelessness;
(1). First step is to stop all sugar intake, without sugar in your body, cancer would die a natural death.
(2). Second step is to blend a whole lemon fruit with a cup of hot water and drink it for about 1-3 months first thing before food and cancer would disappear, research by Maryland College of Medicine says, it's 1000 times better than chemotherapy.
(3). Third step is to drink 3 spoonfuls of organic coconut oil, morning and night and cancer would disappear.
You can choose any of the two therapies after avoiding sugar.
Ignorance is no excuse;
I have been sharing this information for over 5 years. Let everyone around you know, it's a sacrilege for anyone this day to die of cancer;
God bless.
Enjoy your wonderful day.
Forward as received...
.
.
ACV အိမ်မှာမိမိဖာသာ ပြုလုပ်နည်း...
STOP BUYING APPLE CIDER VINEGAR! THIS IS HOW TO EASILY MAKE HEALTHY ORGANIC APPLE CIDER VINEGAR AT HOME AND SAVE MONEY!
One of the most used ingredients to prepare healthy recipes is apple cider vinegar. It is very beneficial to health because it contains a large amount of properties mainly slimming and digestive.
The problem with apple cider vinegar is that it can be difficult to get for many people because it is unusual to find it in supermarkets or because it can be very expensive.
For this reason, in this article, we will teach you to prepare your own homemade apple vinegar so you can use it whenever you want while saving money. Continue reading to learn the recipe.
HOMEMADE APPLE CIDER VINEGAR RECIPE
Apple cider vinegar is made from the apples that must be fermented before being used. This step is very important because the yeast prevents the spread of bacteria.
Next we will teach you the step by step so that you can create apple cider vinegar with your own hands. Once you get it you will feel proud and you can enjoy its benefits without extra costs.
INGREDIENTS
1 kilo of organic apples
3 teaspoons of sugar
mineral water (required amount)
1 glass with wide neck (previously sterilized)
PREPARATION
First, take a kilo of apples and remove the center. Keep the pulp separate as long as it is a clear color (if browned it will damage the taste of the vinegar)
Then cut the pulp of the apple into small pieces and place it in the glass jar
Then add the sugar and the amount of mineral water that is necessary to cover the apples
Cover the jar with a paper that acts as a filter and secures with an elastic band
Let it rest in a dark place for two or three days and so easy you will have the apple juice ready
The next step is the fermentation, for this you must let the bottle rest in that same dark place between five and six weeks. Keep in mind that the temperature to achieve a correct fermentation should be between 15 and 26 degrees Celsius
Then filter to remove the solid remains and preserve the liquid
Store the liquid back in the glass jar and place it in a dark place with the precaution of going to stir it a little every 2 or 3 days
Try a spoonful of the vinegar every time you go to stir it to see if it is ready. You will have your vinegar made when you get the desired acidity point for you.
To get all the benefits of apple cider vinegar you can use it to spice up salads or just take a spoonful mixed with a glass of water every day in the morning.
Source: https://healthandloveplanet.com
👍👍👍

Wednesday, December 6, 2017

ဝန်ကြီးချုပ် ၁၄ ဦးစလုံး၏ ကိုယ်ရေးရာဇ၀င်နဲ့ နောက်ခံ သမိုင်းကြောင်းများ (ဒေါက်တာအေးဇံ အပါဝင်) ၂၀၁၅-၂၀၁၇

ဝန်ကြီးချုပ် ၁၄ ဦးစလုံး၏ ကိုယ်ရေးရာဇ၀င်နဲ့ နောက်ခံ သမိုင်းကြောင်းများ
*********************************
NLD ပါတီဝင် အမတ်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် များဖြစ်လာကြပြီဖြစ်သည်။
ရွေးကောက်ခံသမ္မတ ဦးထင်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး လွှတ်တော်အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် များအဖြစ် သက်ဆိုင်ရာ လွှတ်တော် များသို့ တင်သွင်းပြီး အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ် ၁၄ ဦး၏ ကို်ယ်ရေးရာဇ၀င်များကို စုစည်းဖော်ပြ လိုက်ပါသည်။


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာခက်အောင်သည် အသက် ၆၉ နှစ် ရှိပြီဖြစ်ပြီး အဘ ဦးခက်လ နှင့် အမိ ဒေါ်အင်လမ်းပရီ ၏ သားတဦးဖြစ်သည်။ ဒေါက်တာခက်အောင်သည် ကချင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ကာ ခံတွင်းနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် တဦး အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
သူသည် ပြင်ဦးလွင်မြို့၊ ကွတ်ခိုင်၊ ဗန်းမော်၊ တောင်ငူ၊ မြစ်ကြီးနားမြို့ များတွင် အခြေခံ ပညာသင်ကြားခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် မြစ်ကြီးနားမြို့၊ အ.ထ.က ( ၁) မှ တက္ကသိုလ်ဝင် အထက်တန်းစာမေးပွဲ ကို ဓာတုဗေဒ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။
ထို့နောက် ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ B.D.S ဘွဲ့ကို ရရှိခဲ့သလို ၁၉၆၆ ခုနှစ် ဇန်နဝါရီလ တွင် ရန်ကုန်မြို့၌ ကျင်းပသော ပထမ အကြိမ် တိုင်းနှင့်ပြည်နယ် စက်ဘီးစီးပြိုင်ပွဲ တွင် ကချင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် တခု၊ ငွေတံဆိပ်တခု၊ ကြေးတံဆိပ်တခု ဆွတ်ခူးရရှိပြီး တတိယဒိုင်းဆု ရရှိကာ ကချင်ပြည်နယ်၏ ဂုဏ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။
ဒေါက်တာခက်အောင်သည် ၁၉၇၃ ခုနှစ် တွင် ဒေါက်တာ ဂျေကော့ဘူ (မြို့နယ်ကျန်းမာရေး ဦးစီးမှူး) (ငြိမ်း) နှင့် အိမ်ထောင်ပြုခဲ့ပြီး ဒေါက်တာ အိပ်ခ်ျဆိုင်းရာ၊ ဒေါက်တာ အိပ်ခ်ျမွန်းအောန် အမည်ရှိ သမီး နှစ်ဦး နှင့် ဒေါက်တာအိပ်ခ်ျ အောင်မိုင် နှင့် ဦးအိပ်ခ်ျထွယ်ဆပ်အောင် အမည်ရှိ သား နှစ်ဦး ထွန်းကားခဲ့သည်။
ဇနီးဖြစ်သူ ဒေါက်တာဂျေကော့ဘူ နှင့် အတူ မြောင်းမြမြို့၊ လပွတ္တာမြို့နှင့် ပေါင်းတလည်မြို့များတွင် ကိုယ်ပိုင် ဆေးခန်းဖွင့် ကာ အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ထို့နောက် ၁၉၇၅ မှ ၁၉၉၃ ခုနှစ် အတွင်း မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား နှင့် ဗန်းမော်မြို့များတွင် ရှိသည့် ပြည်သူ့ဆေးရုံ၊ ဒေသန္တရကျန်းမာရေးကျောင်း ကျန်းမာရေးဌာ နများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ် သြဂုတ် ၁၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန မှ နုတ်ထွက်ခွင့် ရရှိခဲ့သည်ဟု သိရသည်။
၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဆိုင်းဘွမ်း ကုမ္ပဏီ၏ ဒါရိုက်တာတဦး အနေဖြင့် ထိုင်း၊ ဟောင်ကောင်၊ တရုတ်ပြည်များသို့ သွားရောက်ကာ ကုမ္ပဏီ လုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် ဒေါက်တာ ခက်အောင်သည် အမှတ် ၅၉ စီ၊ ဆမားလမ်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့တွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။


ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှို
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ကယားပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသူ ဦးအယ်လ်ဖောင်းရှို မှာ B.Ed ပညာရေးဘွဲ့ ကို ရရှိထားသူ ဖြစ်ပြီး မယ်စဲ့ မြိုနယ်တွင် လက်ထောက်ပညာရေးမှူး မှ ပညာရေးမှူးအထိ အဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဦးအယ်လ်ဖောင်းရှို သည် ၂၀၁၅ခုနှစ် ဇွန်လတွင် မြို့နယ်ပညာရေးမှူး အဖြစ်မှ နုတ်ထွက်ကာ NLD ပါတီ သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို မယ်စဲ့မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်ဟု သိရသည်
သူ၏ ဇနီးဖြစ်သူမှာ မယ်စဲ့မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း မှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်မော် ဖြစ်ပြီး သား ၂ ဦး ထွန်းကားခဲ့သည်။ လက်ရှိတွင် မိသားစု နှင့်အတူ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် တောင်ပိုင်းရပ်ကွက်တွင် နေထိုင်လျက်ရှိသည်။


ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ် ဝန်ကြီးဟောင်း ဒေါက်တာစောလှထွန်း၏ သမီးတဦးဖြစ်သည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသည့် ဒေါ်နန်းခင်ထွေးမြင့် သည် ၁၉၇၅ ခုနှစ် တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့သူဖြစ်သည်။ ထိုသို့ ပညာသင်ကြားနေချိန်အတွင်း ကျောင်း သား လှုပ်ရှားမှုအတွင်း ပါဝင်သည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခံရပြီး ၁၉၇၈ ခုနှစ်တွင် ပြန်လည် လွတ်မြောက် ခဲ့သည်။
ဒေါ်နန်းခင်ထွေးမြင့်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲ တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ တွင် ဝင်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ၅၁ နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရာတွင် ပါဝင်သဖြင့် ဒုတိယအကြိမ် ထောင်ကျခဲ့သည်။
သူသည် ၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေ ကို ဆန့်ကျင်သည့်အနေဖြင့်၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ခဲ့သည်ဟု သိရသည်။ ထို့နောက်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် ကရင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူဖြစ်သည်။
လက်ရှိတွင် NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ကရင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ဒေါ်နန်းခင်ထွေးမြင့်သည်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်ဟု သိရသည်။


ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်လျန်လွယ်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အိုင်ရီဘွယ်ရွာ ဇာတိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ နှင့် ဘွဲ့လွန် ပညာရေး အဖြစ် ဘာသာရေးဘွဲ့ BRE တို့ကို ရရှိခဲ့သူဖြစ်သည်။ သူသည် တက္ကသိုလ် ကျောင်းသားဘဝတွင် ဆလိုင်း-မိုင် လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသား လှုပ်ရှားမှုများတွင် ဆလိုင်းရမ်လိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့ နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။
ဥပဒေပိုင်းဆိုင်ရာ အစိုးရအမှုထမ်းအဖြစ် ရန်ကုန်မြို့ ဗဟိုဥပဒေရုံး ၊ ကလေး၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ မန္တလေး၊ အမရပူရနှင့် စဥ့်ကိုင် မြို့တို့တွင် ထမ်းဆောင်ခဲ့ဖူးပြီး တမူးခရိုင် ဥပဒေအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ မှ ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် ဝင်ရောက် အရွေးချယ်ခံပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။
ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဇိုဘွဲနှင့် ဦးအောင်တမ်တို့၏ လွှတ်တော်တွင် ကျမ်းသစ္စာ ပြုလုပ်ရာတွင်လည်း လွှတ်တော် သဘာပတိအဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။


မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး (နှုတ်ထွက် ဖေဖေါ်ဝါရီ ၂၀၁၇)
(၂၀၁၇ တွင် နှုတ်ထွက်ပြိး၊ မွန်ပြည်နယ်လွှတ်တော်အမတ်အဖြစ် ဆက်လက်ရှိနေသည်။ ဒေါက်တာအေးဇံကို ၀န်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန့်ထားသည်)။
÷÷÷÷÷÷÷÷÷÷÷÷÷••÷÷÷÷÷÷÷÷÷
ဦးမင်းမင်းဦး သည် ၁၉၇၀ ခုနှစ် သြဂုတ် ၉ ရက်တွင် မွေးဖွားခဲ့ပြီး အသက် ၄၆ နှစ်ရှိပြီဖြစ်သည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ် အမှတ် ၂ မှ အနိုင်ရရှိထား သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ မွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံထားရသူလည်းဖြစ်သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ အီလက်ထရွန်နစ်အင်ဂျင်နီယာ ဘွဲ့ရတဦးဖြစ်ကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် ရာဘာခြံလုပ်ငန်း၊ မုန့်တီလုပ်ငန်း နှင့် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ သူသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးလှုပ်ရှားမှု တွင် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိတွင် ဘီးလင်းမြို့နယ် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

 ဒေါက်တာအေးဇံ



ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု
÷÷÷÷÷÷÷÷÷÷÷÷÷÷•÷÷••••÷÷÷
ဦးညီပုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့ပြီး NLD ဗဟိုအလုပ် အမှုဆောင်တဦးဖြစ်သည်။ ဦးညီပု သည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အခက်အခဲများကြားမှ စားဝတ်နေရေး ခက်ခဲစွာ ရုန်းကန်ရင်း NLD တွင် နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ဂွမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆိုပြုချိန်တွင် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်များ လွှတ်တော်ထဲမှာ ထွက်ခွာ ဆန္ဒပြခြင်းကို ကြုံတွေ့ရသူလည်းဖြစ်သည်။


ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ၁၉ ၆၀ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် မွေးဖွားသူဖြစ်ပြီး အသက် ၅၆ နှစ်ရှိနေပြီဖြစ်သည်။
ဒေါက်တာလင်းထွဋ်သည် ၁၉၇၉ ခုနှစ်တွင် ဒေသကောလိပ်မှ စိုက်ပျိုးရေးလုပ်ငန် အတတ်ပညာဒီပလိုမာ ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၄ မှ ၂၀၀၆ ခုနှစ်အထိ လားရှိုးမြို့ ပြည်နယ်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ကာ မန္တလေး၊ လားရှိုးမြို့တို့တွင် မူးယစ်ဆေးနှင့် ကူးစက်တတ်သော AIDS ရောဂါလျော့ချရေးစီမံချက်အရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။
သူသည် လူမှုကူညီရေးအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်ပေါင်းစုံအငြိမ့်အဖွဲ့တွင် လူရွှင်တော် ပလာယာ အဖြစ်နာမည်ကြီးသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လားရှိုးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဖြစ် သည်။ ပရဟိတ လုပ်ငန်းများစွာတွင်လည်း ပါဝင် ဆောင်ရွက်နေသူဖြစ်ပြီး ရှမ်းပြည်နယ် လွှတ်တော် အမတ် အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
•••••••••••••••••••••••••••°•°••••••••••••••••
ဦးဖြိုးမင်းသိန်းကို ၁၉ ၆၉ ခုနှစ် ၊ ဧပြီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက်၄၇ နှစ်ရှိနေပြီဖြစ်သည်။ ဦးဖြိုးမင်းသိန်း သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် NLD ပါတီ၏ လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှအနိုင်ရရှိခဲ့သူဖြစ်သည်။
သူသည် ရန်ကုန်တက္ကသိုလ် မှ ရူပဗေဒဘာသာရပ် ကို ဒုတိယနှစ်အထိ သင်ကြားခဲ့ပြီး ၁၉၈၈-၈၉ ခုနှစ်တွင် ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ယူခဲ့ကာ သန်လျင် မြို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကို ဖွဲ့စည်းခဲ့သည်။
၁၉၉၀ ခုနှစ် တွင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ပြန်လည်စုစည်းရေး ကို တာဝန်ယူခဲ့ပြီး All Burma Student Federation Unions (ABSFU) ၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၁၉၉၁ ခုနှစ် တွင် စစ်အစိုးရ ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ ၂၀၀၅ ခုနှစ် တွင် မြောင်းမြထောင်မှ ပြန်လည် လွတ် မြောက် လာသူ ဖြစ်သည်။ ၂၀၁၀ တွင် ပြည်ထောင်စုဒီမိုကရေစီပါတီကို ဥက္ကဋ္ဌ အဖြစ် ထူထောင်ရာတွင် ပါဝင်ခဲ့သော် လည်း နောက်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပါတီမှလည်း နုတ်ထွက်ခဲ့သည်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လှည်းကူးမြို့နယ် မှ အနိုင်ရရှိခဲ့ကာ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ တွင် အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ (နှုတ်ထွက် ဇန္န၀ါရီ၂၀၁၈)
•••••••••••••••••••••••••••••••••••••••••••
ကရင်တိုင်းရင်းသားတဦးဖြစ်ပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မန်းဂျော်နီကို ၁၉၄၂ ခုနှစ်တွင် ကန်ကြီးထောင့်မြို့နယ်၊ ဆင်ဂေါင်းကြီး ကျေးရွာ၌ အဖ ဦးကျော်ဦး နှင့် အမိ ဒေါ်စီစီလျား တို့က မွေးဖွားခဲ့သည်။
အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်သည့် ခရစ်ယာန်ဘာသာဝင် မန်းဂျော်နီ မှာ ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ Dip.Ed. ပညာရေးဘွဲ့ ရရှိထားသူဖြစ်သည်။
သူသည် အခြေခံ ပညာ အလယ်တန်းနှင့် အထက်တန်းပြ ကျောင်းဆရာဘဝ ဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကာ လက်ထောက် မြို့နယ်ပညာရေးမှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
နိုင်ငံရေးဖြတ်သန်းမှု အနေဖြင့် ၁၉၈၉ ခုနှစ်မှ စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့ပြီး ပါတီမှ နှုတ်ထွက်ရန် စစ်အစိုးရ၏ ဖိအားပေးခဲ့မှုကို ငြင်းဆန်သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ဖြစ်သည်။
၁၉၉၀ ခုနှစ်တွင် NLD ပါတီ၏ ကျုံပျော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်၊ တိုင်းဒေသကြီး အမှတ် ၂ ကိုယ်စားလှယ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
.
ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို ခန့်အပ်
...........................................
ပုသိမ်၊ ဇန်နဝါရီ ၁၈ ၂၀၁၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းလာသည့် မြန်အောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှမိုးအောင်ကို ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုကာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ (R-11)
ဦးလှမိုးအောင် ဧရာဝတီတိုင်း ၀န်ကြီးချုပ်အဖြစ် ဇန္န၀ါရီ ၂၀၁၈ တွင်တာဝန်ထမ်းဆောင်သည်။ မြန်အောင်မြို့နယ်(၁) မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၅၃နှစ် အရွယ်ဖြစ်ပြီး စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရတစ်ဦးဖြစ်သည်။ နေရပ်လိပ်စာမှာ သပြေကုန်းရွာ၊ မြန်အောင်မြို့နယ်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ဘ၀က စိုက်ပျိုးရေးနှင့် ပတ်သက်သော အဆို(၃)ခု တင်သွင်းခဲ့ရာ အားလုံး အတည်ပြု ခံခဲ့ရသည်။ ဇနီးသည်နှင့်အတူ အရောင်းအ၀ယ် လုပ်ငန်းလုပ်ကိုင်ခဲ့ကြသည်။ သားသမီး မရှိပါ။
၁၉၉၀ ရွေးကောက်ပွဲတွင် အင်အယ်ဒီပါတီ လူငယ်တာဝန်ခံအဖြစ် နိုင်ငံရေးလှုပ်ရှားခဲ့သည်။ ၂၀၁၄ တွင် မြို့နယ် လယ်သမားရေးရာ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင် ဒုဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်သည်။ 


စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်
•••••••••••••••••••••••••••••••••••••••
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဖြစ်လာသူ ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ခုနှစ် ကာလ ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်အဖြစ် ကန့်ဘလူမဲဆန္ဒနယ် မှ အနိုင်ရခဲ့သူ ကိုယ်စားလှယ် ဖြစ်သည်။
အသက် ၆၅ နှစ်အရွယ် ရှိ ဒေါက်တာ မြင့်နိုင် သည် မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီး ရွှေဘိုမြို့ ဇာတိဖြစ်သည်။ ဇနီး ဖြစ်သူ မှာ ဒေါ်တင့်တင့် ဖြစ်ပြီး သားသမီး ၃ ဦး ရှိသည်ဟု သိရသည်။
သူသည် ၁၉၈၁ ခုနှစ် တွင် မန္တလေး ဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့ကို ရရှိခဲ့သော်လည်း စစ်အစိုးရ ၏ ဖမ်းဆီး ထောင်ချခြင်းနှင့် ဆမ လက်မှတ် သိမ်းဆည်းခံခဲ့ရသည်။
ထို့သို့ ဆမ လက်မှတ် သိမ်းဆည်းခံခဲ့ရပြီးနောက် ထီလက်မှတ်များ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ သူရောင်းချသည့် ထီလက်မှတ်များ ကို မဝယ်ကြသဖြင့် ဆေးခန်းများ၊ ဆေးရုံများရှေ့တွင် ကလေးကစားစရာ ပူပေါင်းများ ရောင်းချခဲ့ရသည်။
ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်ဟု သိရသည်။
သူသည် အမျိုးသားလွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ကော်မတီ နှင့် တောင်သူလယ်သမား ရေးရာ ကော်မတီ အဖွဲ့ယင်အဖြစ် လည်း ပါဝင်လုပ်ဆောင်လျက်ရှိသည်။


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း
•••••••••••••••••••••••••••••••••••••••••
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာသည့် ဦးဝင်းသိန်း သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီ ပါတီ၏ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်ပြီး အသက် ၅၂ နှစ် အရွယ်ရှိ ဦးဝင်းသိန်း သည် ပညာအရည်အချင်း အားဖြင့် B.E (Mechanical) နှင့် A.G.T.I (Machine Tools) ဖြင့် ဘွဲ့ရရှိထားသူဖြစ်သည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး မိဘနှစ်ပါးဖြစ်သည့် ဦးစို နှင့် ဒေါ်သန်းကျင် တို့မှာလည်း တောင်သူလုပ်ငန်းများ လုပ်ကိုင်ကြသည်။
ဇနီးဖြစ်သူ မှာ ဒေါ်စန်းစန်းမော် ဖြစ်ပြီး မောင်ဆက်ဝင်းမာန် အမည်ရှိ သားတဦး ရှိသည်။
သူသည် အမှတ် ၂၆၊ စိုင်တမော့ကြီးကျေးရွာ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိသည် ဟု သိရသည်။


တနသာင်္ရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်
÷÷÷÷÷÷•÷÷÷÷÷•÷÷÷÷÷÷÷÷÷÷÷÷÷•••÷÷÷÷÷÷÷÷
တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာမည့် ဒေါက်တာလဲ့လဲ့မော်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သရက်ချောင်း မဲဆန္ဒနယ် အမှတ် ၁ မှ အနိုင်ရရှိခဲ့သူဖြစ်သည်။ မိဘနှစ်ပါး မှာ တပ်မတော် (ရေ) အငြိမ်းစား ဖြစ်သူ ဦးမောင်မောင် နှင့် အထက်တန်းပြဆရာမ ( အငြိမ်းစား ) ဒေါ်ယဉ်ကြည် ဖြစ်သည်။
ဒေါက်တာ လဲ့လဲ့မော် သည် အသက် ၅၀ နှစ် ရှိပြီဖြစ်ပြီး ပညာအရည်အချင်းအားဖြင့် M.B.B.S (RGN) ဘွဲ့ရရှိထားကာ မြန်မာလူမျိုး ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။
ခင်ပွန်းဖြစ်သူ မှာ ဦးထွန်းမင်း ဖြစ်ပြီး ရော်ဘာသယ်ယူပို့ဆောင်ရေး ယာဉ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး သားသမီး ၄ ဦး ရှိသူဖြစ်သည်။
သားသမီးများမှာ မောင်သန့်ခင်မောင်၊ ဒေါက်တာ ကြည်မြတ်မော်(နေပြည်တော် ကုတင် ၁၀၀၀- လက်ထောက်ဆရာဝန်)၊ မောင်သန့်ထွေးမော် (တက္ကသိုလ် ကျောင်းသား) နှင့် မရွှန်းလဲ့ရည်မင်း (ကျောင်းသူ) တို့ဖြစ်သည်။
ဒေါက်တာလဲ့လဲ့မော် သည် သူငယ်တန်းမှ စတုတ္ထတန်း အထိ ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် ၊ အမက ၉ တွင် လည်းကောင်း၊ ၅ တန်းမှ ၁၀ တန်း အထိ တာမွေမြို့နယ် အထက ၃ တွင် လည်းကောင်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်ဆေးတက္ကသိုလ် ၁ တွင် ပညာဆည်းပူးခဲ့ကာ အရှေ့ပိုင်းဆေးရုံ ကျန်းမာရေးဌာန တွင် လက်ထောက်ဆရာဝန်အဖြစ် ၁၉၉၂ ခုနှစ် မှ ၁၉၉၇ ခုနှစ် အထိ လည်းကောင်း၊ သရက်ချောင်း ပြည်သူ့ဆေးရုံတွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သို့ ဝင်ရောက်ခဲ့ပြီး သရက်ချောင်းမြို့နယ် နှင့် ထားဝယ်ခရိုင် ရှိ ဒေသအချို့တွင် ပါတီ နှင့် တွဲဖက်ကာ အခမဲ့ကျန်းမာရေးဝန်ဆောင်မှု ပေးခဲ့သည် ဟု သိရသည်။


မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို
==================================
မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာသည့် ဒေါက်တာအောင်မိုးညို မှာ ၁၉၈၂ ခုနှစ်တွင် ဆေးတက္ကသိုလ် ၁ ရန်ကုန် မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သူဖြစ်သည်။ သူသည် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ အနိုင်ရရှိခဲ့သည် ဟု သိရသည်။ နိုင်ငံရေးလှုပ်ရှားမှု ဖြင့် ၁၉၉၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၁ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထပ်မံ အနိုင်ရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိထားသူဖြစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။


မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
-------------------------------------------------------------------------
မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာသူ ဒေါက်တာ ဇော်မြင့်မောင်သည် ဆရာဝန်တစ်ဦး ဖြစ်ပြီး မန္တလေး ဆေးတက္ကသိုလ်တွင် ဇီဝဓာတု ဘာသာရပ် သရုပ်ပြ ဆရာတဦး အဖြစ် တာဝန်ထမ်းဆောင် ရှစ်လေးလုံး အရေးတော်ပုံတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်သည်။
သူသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရ မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။
ထိုစဉ် က စစ်အစိုးရ ၏ လွှတ်တော် ခေါ်ပေးရန် ပျက်ကွက်မှုများကြောင့် နိုင်ငံရေး တင်းမာမှုများ ရှိလာခဲ့ရာ နိုင်ငံရေးလှုပ်ရှားသူ ဒေါက်တာဇော်မြင့်မောင်ကို စင်ပြိုင် အစိုးရ တည်ထောင်သည်ဟု စစ်အစိုးရ က စွပ်စွဲသည် အတွက် အင်းစိန် စစ်ခုံရုံး တွင် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။
ထို့နောက် ၂၀၀၉ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာခဲ့ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီဝင် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သည်။
သူသည် လွှတ်တော်တွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ရာမှ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရကြောင်း သိရသည်။
သူသည် NLD ပါတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ တွင် သုံးထပ်ကွမ်း အနိုင်ရထားသူ ဖြစ်ပြီး လက်ရှိတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲကာ ပါတီ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန် ပေးအပ်ခံထားရသူ ဖြစ်သည်။
Credit ; ဧရာဝတီ.
TRA
Thu Ra Aung

.
"မွန်ဝန်ကြီးချုပ်ဖြစ်ရန် ရေပန်းစားနေသော ဒေါက်တာအေးဇံ"
============================================
Tun Win added 2 new photos.
February 24
မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရန် ရေပန်းစားနေသော ဒေါက်တာအေးဇံ (ဓာတ်ပုံ - ဒေါက်တာအေးဇံဖေ့စ်ဘွတ်ခ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရသက်တမ်းတစ်နှစ်မ ပြည့်မီ ပထမဆုံးလစ်လပ်သွားသော မွန်ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် လျာထားသူကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များက အလျင်အ မြန်ပင် ထုတ်ပြခဲ့သည်။
‘‘ဒေါက်တာ အေးဇံကို ထောက်ခံထားတယ်’’ဟု ဒီချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦး ဝင်းထိန်က ပြောသည်။
၁၉၈၈ ဒီချုပ်စတင်တည် ထောင်စဉ်ကတည်းက အမာခံဖြစ်သော ဆရာဝန်တစ်ဦးကို မကြာမီ ဝန်ကြီးချုပ်အဖြစ် မြင်တွေ့ရ တော့မည်လားဟု နိုင်ငံရေးစိတ် ပါဝင်စားသူများက စောင့်ကြည့် နေကြသည်။
‘တိုင်းပြည်ကမ္ဘာ့အဆင့်မီ စေချင်လျှင် ကမ္ဘာ့အဆင့်မီခေါင်း ဆောင်ကို ရွေးချယ်ပါ’ ဟူသော စာသားကို ဒေါ်အောင်ဆန်းစု ကြည်ပုံနှင့်ယှဉ်တွဲကာ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့သူ ဒေါက်တာအေးဇံသည် ကျိုက်ထို အမှတ်(၂) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည်။
သို့သော် ယင်းအနိုင်ရလဒ် က ၎င်းအတွက် ပထမဆုံးတော့ မဟုတ်ချေ။ ဒေါက်တာအေးဇံ သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ကျိုက်ထို(၂)မှပင် အနိုင်ရရှိခဲ့သူ ဖြစ်သည်။ မဲပေးသူနှစ်သောင်း လေးထောင်ကျော်ရှိရာ ၎င်းက နှစ်သောင်းနှစ်ထောင်ကျော်အထိ ခိုင်လုံမဲရခဲ့သည်။ ၂၀၁၅ ရွေး ကောက်ပွဲတွင် ပြိုင်ဘက်ခြောက် ဦးကို ကျော်ဖြတ်ပြီး ကျိုက်ထိုမဲ ဆန္ဒနယ်(၂)၏ခိုင်လုံမဲ ၆၀ ရာခိုင် နှုန်းရရှိခဲ့ပြန်သည်။
‘‘မွန်ပြည်နယ်က လူတွေထဲ မှာ အဘက်ဘက်က နှိုင်းယှဉ် လိုက်တော့ သူက သင့်တော်တယ် ထင်လို့ ရွေးချယ်ခဲ့တာပါ’’ဟု ဒီ ချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦး ဉာဏ်ဝင်းက ပြောသည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ၎င်းကို မည်သည့်အ တွက်ကြောင့် ဝန်ကြီးချုပ်အဖြစ် မရွေးချယ်ခဲ့ရခြင်းကိုမူ မသိကြောင်း၎င်းက ပြောသည်။
.
.
‘‘မွန်ပြည်နယ်လွှတ်တော် မှာတော့ သူက ဝါအရင့်ဆုံး’’ဟု နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့် ကျိုက်ထိုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က ပြောသည်။
စကားကို စိတ်ထဲရှိသလို ဟောဟောဒိုင်းဒိုင်းပြောတတ်သူ ဆိုသည့်ဒေါက်တာအေးဇံသည် မွန်ပြည်နယ်မှ ဒီချုပ်မဟုတ်သော အခြားနိုင်ငံရေးခေါင်းဆောင်များ နှင့်လည်း ကောင်းမွန်သော ဆက် ဆံရေးထူထောင်ထားနိုင်သူအ ဖြစ် သတင်းမွှေးသည်။ ထို့ပြင် မွန်ပြည်နယ်လွှတ်တော်နှင့်လည်း ဆက်ဆံရေးချောမွေ့သူဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ၎င်းကို ပါတီက ထောက်ခံကြောင်း သတင်းများ ထွက်ပေါ်ချိန်တွင် ပြည်နယ်လွှတ် တော်အမတ်အများစုကလည်း ၎င်းကို လိုလားကြောင်း ဖော်ပြခဲ့ ကြသည်။
လက်ရှိ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး နိုင်သက်လွင် သည် ၎င်း၏မိတ်ဆွေဖြစ်သည်။
မုဒုံဇာတိဖြစ်သူ ဒေါက်တာ အေးဇံသည် ၁၉၅၄ တွင် မွေးဖွား ခဲ့ရာ ယခုအခါ (၆၃)နှစ်ရှိပြီဖြစ် သည်။ ဖခင်ဖြစ်သူ ဦးကျော်ဇံသည် သမဝါယမဝန်ထမ်းတစ်ဦးဖြစ်သည်။ မုဒုံ၊ သီပေါနှင့် သံဖြူဇရပ်မြို့များတွင် အခြေခံပညာသင် ကြားခဲ့သည်။ ကျိုက်ထိုသူ ဒေါ် ခင်အေးမူနှင့် အကြောင်းပါပြီး မုဒုံ၌ပင် ဆေးခန်းဖွင့်ကာ နိုင်ငံ ရေးလှုပ်ရှားနေခဲ့ရာ ၁၉၈၈ ဒီဇင် ဘာက ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မွန်ပြည်နယ်ခရီးစဉ်အ ပြီးတွင် ဒေါက်တာခင်ဆောင်အ ပါအဝင် ၁၃ ဦးအဖမ်းခံရသည်။
ယင်းဖြစ်စဉ်မှာ ပါတီတည် ထောင်ပြီး သုံးလမပြည့်မီ ဒီချုပ်ပါတီဝင်များ ပုဒ်မ ၅ (ည) ဖြင့် ပထမဆုံး အဖမ်းခံရခြင်းဖြစ်သည်။
ထို့ကြောင့် ကျိုက်ထိုသို့ ဒေါက်တာအေးဇံရောက်ရှိလာခဲ့ ပြီး ပါတီကို ဆက်လက်ဦးဆောင် ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲပြီး နောက် အာဏာမလွှဲပေးသည့် အမတ်ဖမ်းပွဲတွင် သစ်တောမြေ ၌ ရော်ဘာစိုက်ပျိုး၍ဟုဆိုကာ ထောင်ငါးနှစ်ကျခံခဲ့ရသည်။
.
.
‘‘သူက တကယ်အနာခံပြီး လုပ်ခဲ့တဲ့လူဟောင်းကြီး’’ဟု ဒီချုပ် ပါတီမှ ပေါင်အမတ် ဒေါ်မိကွန် ချမ်းက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ဒီချုပ်၏ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ခဲ့သူ ဒေါက်တာအေးဇံ သည် ၂၀၁၂ တွင် ဒီချုပ်ပါတီညီ လာခံကျင်းပစဉ် ကျိုက်ထိုမြို့နယ် အလုပ်အမှုဆောင်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒီချုပ်အနိုင်ရပြီးနောက် မွန်ဝန်ကြီးချုပ်နေရာကို ဒေါက်တာအေးဇံ အား ခန့်အပ်မည်ဟု ရေပန်းစားခဲ့သော်လည်း လွှတ်တော်ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံထားရသူ ဦးမင်းမင်းဦးက အံ့အားသင့်ဖွယ်ဝန်ကြီး ချုပ်ဖြစ်လာသည်။
ဝန်ကြီးချုပ်ရာထူးသာမက စည်ပင်နှင့် ဆောက်လုပ်ရေးဝန် ကြီးရာထူးများကိုပါ ရယူခဲ့သူ ဦးမင်းမင်းဦးသည် တာဝန်ထမ်း ဆောင်စဉ်အတွင်း တိုင်ကြားခံရမှု အမြောက်အမြားရှိပြီး သက်တမ်း တစ်နှစ်မပြည့်မီ နုတ်ထွက်စာတင် ခဲ့သည်။
သို့ဖြစ်ရာ ဒေါက်တာအေးဇံ သည် သူ၏နေရာကို ပြန်ရရန်အ ကြောင်းဖန်လာခြင်းဟု မွန်ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
.
.
ဒေါက်တာအေးဇံသည် လက်ရှိတွင် မွန်ပြည်နယ်လွှတ် တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီး ပွားရေးကော်မတီနှင့် သဘာဝ သယံဇာတရေးရာကော်မတီတို့ ၏ဥက္ကဋ္ဌဖြစ်သည်။ သားသုံးဦးနှင့် သမီးတစ်ဦးရှိကာ လက်ရှိတွင် ကျိုက်ထိုမြို့တွင် နေထိုင်လျက်ရှိ သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ပြီး ပြည်နယ်လွှတ်တော်၏သဘော တူညီမှုကို ရယူခန့်အပ်ရမည်ဖြစ် သည်။
‘‘ဒေသက လူတွေရဲ့သဘော ဘယ်လိုဆိုတာ သမ္မတကို ပေး လိုက်တာပါ’’ဟု ပါတီက ဒေါက် တာအေးဇံကို ထောက်ခံကြောင်း ပြောကြားခဲ့ခြင်းကို ဦးဉာဏ်ဝင်း က ပြောသည်။
သို့ဖြစ်ရာ မွန်ပြည်နယ်လွှတ် တော်၏အမတ်နေရာ ၃၁ နေရာ အနက် ဒီချုပ်က ၁၉ နေရာရှိနေ ရာ လွှတ်တော်၏သဘောတူညီ ချက်ကို ရယူရန် ခက်ခဲမည်မဟုတ် ပေ။ မွန်ပြည်နယ်နိုင်ငံရေးသည် ထူးခြားသည်။ မြန်မာနိုင်ငံရှိ လွှတ်တော်ဥက္ကဋ္ဌများအနက် တစ်ဦး တည်းသော အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌသည် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိဖြစ်သည်။ လွှတ်တော်ဒုတိယဥက္ကဋ္ဌက မွန်ဒေသလုံးဆိုင်ရာပါတီမှ ဒေါက်တာအောင်နိုင်ဦး ဖြစ်သည်။
ယခု ပထမဆုံး နုတ်ထွက် သည့် ဝန်ကြီးချုပ်မှာလည်း မွန် ပြည်နယ်ကပင်ဖြစ်သည်။ သို့ဖြစ် ရာ အစိုးရသစ်လက်ထက် ပထမ ဆုံးနုတ်ထွက်သွားသည့်ဝန်ကြီး ချုပ်တစ်ဦး၏နေရာကို ဆက်ခံရ တော့မည့်သူ၏ နိုင်ငံရေးကျွမ်း ကျင်မှုကို သက်သေပြရတော့မည် ဖြစ်သည်။
Credit to ပဲခူးသားဖိုးဇော်ဂျီ



ဦးလှမိုးအောင် ဧရာဝတီတိုင်း ၀န်ကြီးချုပ်အဖြစ် ဇန္န၀ါရီ ၂၀၁၈ တွင် တာဝန်ထမ်းဆောင်သည်။ မြန်အောင်မြို့နယ်(၁) မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၅၃နှစ် အရွယ်ဖြစ်ပြီး စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရတစ်ဦးဖြစ်သည်။ နေရပ်လိပ်စာမှာ သပြေကုန်းရွာ၊ မြန်အောင်မြို့နယ်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ဘ၀က စိုက်ပျိုးရေးနှင့် ပတ်သက်သော အဆို(၃)ခု တင်သွင်းခဲ့ရာ အားလုံး အတည်ပြု ခံခဲ့ရသည်။ ဇနီးသည်နှင့်အတူ အရောင်းအ၀ယ် လုပ်ငန်းလုပ်ကိုင်ခဲ့ကြသည်။ သားသမီး မရှိပါ။
၁၉၉၀ ရွေးကောက်ပွဲတွင် အင်အယ်ဒီပါတီ လူငယ်တာဝန်ခံအဖြစ် နိုင်ငံရေးလှုပ်ရှားခဲ့သည်။ ၂၀၁၄ တွင် မြို့နယ် လယ်သမားရေးရာ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင် ဒုဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်သည်။
.
.

Friday, December 1, 2017

စင်ကာပူအိမ်အကူများ ..မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင်တို့ သိစေရန်


Khin Lay is with Aye Thandar and 46 others.1.12.2017
မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင်တို့ သိစေရန် (အပိုင်း-၁)
၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံပွဲသတင်းနဲ့ နောက်၇ ရက် အကြာ၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် မဲခေါင်ဒေသတွင်း လူကုန်ကူးမှု ပူးပေါင်း တိုက် ဖျက်ရေး စီမံကိန်း၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး သတင်းတွေဖတ်ရပြီးနောက် စာရေးသူလည်း မိမိနေရပ်ဝန်းကျင် စင်ကာပူနိုင်ငံမှ မြန်မာအိမ်အကူများနဲ့ ပတ်သက်တဲ့ သိခဲ့၊ ကြားခဲ့ မြင်ခဲ့ရတဲ့ အဖြစ်အပျက်များအပြင် ကိုယ်တိုင်ပါဝင်ကူညီခဲ့ဘူးတဲ့ မြန်မာအိမ်အကူများအခက်အခဲတို့ကို အခြေခံပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့ သိလေမလားလို့ အကြောင်းအရာတစ်ရပ်အဖြစ်ရေးလိုက်ခြင်းပါ။
မြန်မာနိုင်ငံအစိုးရဘက်မှ ထိပ်တန်းအရာကြီးများ အခုလို လှုပ်ရှားလာတဲ့ သတင်းတွေဖတ်ရတော့ ပြည်ပရောက် မြန်မာအိမ်အကူများနဲ့ မြန်မာအလုပ်သမားများအတွက် အမှန်တစ်ကယ် အကာအကွယ်ပေးနိုင်မယ့် အစီအမံများကို လက်တွေဖြစ်ရပ်များကို အခြေခံပြီး အခြားတိုင်းပြည်များနဲ့ အစိုးရခြင်း ပူးပေါင်းပြီး လုပ်ဆောင်နိုင်ပါစေလို့ မျှော်လင့်လို့ရလေမလားလို့ မယုံရဲ ယုံရဲဖြစ်နေရပါတယ်။
မြန်မာနိုင်ငံ အစိုးရအနေနဲ့ မိမိနိုင်ငံသားများ အပေါ် အမှန်တစ်ကယ် အကာအကွယ်ပေးလိုရင်တော့ ပြီးခဲ့တဲ့ ပြဿနာတွေနဲ့ လက်ရှိအချိန်မှာ ဖြစ်နေစဉ် အခြေအနေများကို လေ့လာသုံးသပ်နိုင်ဖို့လိုပါတယ်။ လက်ရှိပြည်တွင်းက ဝန်ကြီးဌာန၊ အရပ်ဘက် အဖွဲ့အစည်းများရဲ့ ထင်မြင်သုံးသပ်ချက်အပေါ်အခြေခံပြီး အစီအမံတွေချမယ်ဆိုရင်တော့ အလုပ်မဖြစ်နိုင်ဘူးဆိုတာ ဦးဆောင်နေတဲ့ လူကြီးများ သဘောပေါက်လောက်ပါတယ်။
အရင်ဦးဆုံး ပြည်ပမှာ မြန်မာတွေ ဘယ်လို ဘယ်ပုံ လုပ်ကိုင်နေရတယ်ဆိုတာ ပွင့်လင်းမြင်သာပြီး ဘက်မလိုက်တဲ့ သုံးသပ်ချက်ကို အရင်လေ့လာကြပါ။ စာရေးသူအတွက် အနီးစပ်ဆုံးနဲ့ အလွယ်ကူဆုံး ကိုးကားရမယ့် အခြေအနေကတော့ စင်ကာပူရောက် မြန်မာအိမ်အကူများရဲ့ ဘဝနဲ့ သူတိုတွေရဲ့ အခက်အခဲပါ။
စင်ကာပူနိုင်ငံမှာ ၂၀၁၀ ရှေ့ပိုင်းကာလတွေမှာ NGO နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းအချို့ဟာ စင်ကာပူမှာ အိမ်အကူအလုပ် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသူ အိမ်အကူများဘဝကို စာတမ်းပြုစုတာတွေ၊ လေ့လာသုံးသပ်ချက်တွေ ပေါ်ပေါ်ထင်ထင် လူတိုင်းသိအောင်ရေးသားတာမျိုးရှိခဲ့ပေမယ့် ၂၀၁၀ နောက်ပိုင်းမှာတော့ အရင်ကာလတုန်းကလောက် ပွင့်လင်းမြင်သာတဲ့ သုံးသပ်ချက်တွေ များများစားစား မဖတ်ရတော့ပါဘူး။ အိမ်အကူတွေ ပြဿနာတွေ လျော့နည်းသွားလို့တော့ မဟုတ်ပါ။ ဒီသတင်းတွေရဲ့ အချက်အဘက်အချို့ဟာ စင်ကာပူနိုင်ငံနဲ့ အစိုးရအတွက် မျက်နှာပန်းလှစရာမရှိတဲ့ အကြောင်းအရာအများစု ပါဝင်နေတာကြောင့် နောက်ပိုင်းကာလတွေမှာ အချို့အဖြစ်အပျက်များရဲ့ အချက်အလက်တွေကို လေ့လာသူတို့ အရင်ကလို သက်ဆိုင်ရာကနေ ပြည့်ပြည့်စုံစုံ မစုဆောင်းနိုင်တော့တာတွေကြောင့်လို့ ယူဆပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ကာလအတွင်းမှာ စင်ကာပူမှာ အိမ်အကူ ၁၄၇ ယောက်ဟာ အလုပ်လုပ်နေစဉ် (သို့) မိမိကိုယ် သေကြောင်းကြံကာ အသက်ဆုံးရှုံးခဲ့တယ်ဆိုတဲ့ ရေးသားချက်ကို Human Right Watch (HRW) သုံးသပ်ချက်မှာ ဖတ်လိုက်ရပါတယ်။ သေဆုံးမှုအများစုဟာ အမြင့်မှ ပြုတ်ကျတာမျိုးနဲ့ ခုန်ချတာတွေလို့လည်း ရေးထားပါတယ်။ လက်ရှိကာလ မြန်မာအိမ်အကူများ စင်ကာပူမှ ဖြစ်ရပ်များနဲ့ အတော့ကို တူနေတယ်လို့ ယူဆမိပါရဲ့။ သုံးသပ်ချက်အရတော့ မိမိကိုယ် မိမိအဆုံးစီရင်ခဲ့တဲ့ အိမ်အကူများရဲ့ အဖြစ်တွေဟာ အကြောင်းအရာ တစ်ခုတည်းကို အခြေခံတာ မဟုတ်ဘဲ မျှော်လင့်ချက်ကင်းဝေးနဲ့တဲ့ အဖြစ်မျိုး၊ ဆိုးရွှားတဲ့ အလုပ်အခြေအနေ (အိမ်ရှင်များ ညဉ်းပန်း ရိုက်နှက်တာတွေ အပါအဝင်)၊ စိုးရိမ်ကြောင့်ကြမှုများ၊ အလုပ်ခန့်ထားရေးအေဂျင်စီတို့ကိုပေးရမယ့် အကြွေးပြဿနာ၊ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေတဲ့အနေအထား၊ အချိန်ကြာမြင့်စွာ ပိတ်လှောင်ခံရနေတဲ့ အလုပ်အခြေအနေ စတာတွေကြောင့်လို့ ရေးထားပါတယ်။
စင်ကာပူစိုးရအနေနဲ့လည်း သေဆုံးမှုတွေထဲမှာ မတော်တဆဖြစ်ရပ်တွေလည်း ပါဝင်နေတယ်ဆိုတာ လက်ခံထားပါတယ်။ မတော်တဆသေဆုံးမှုတွေထဲမှာ အိမ်ရှင်ရဲ့ ပေါ့ဆမှုအပါအဝင် အန္တရာယ်ရှိတဲ့ အနေအထားမျိုးနဲ့ အိမ်အပြင် ပြူတင်းပေါက်များနဲ့ အမြင့်နေရာတွေမှာ အိမ်အကူတွေကို သန့်ရှင်းရေးလုပ်ခိုင်းတာမျိုး၊ အဝတ်လှန်းခိုင်းတာကြောင့် အခုလို အသက်ဆုံးရှုံးရတာတွေနဲ့ ကြုံတွေ့ရတာပါ။ ဒါကြောင့် အိမ်အကူအလုပ်တွေမှာလည်း အန္တရာယ်ရှိနိုင်တဲ့ အလုပ်တွေ ပါဝင်တယ်ဆိုတာ သတိပြုကြပါ။ အချို့တွေ အိမ်တွင်း ချက်ပြုတ်၊ သန့်ရှင်းရေးနဲ့ ကလေးသူငယ် လူမမာပြုစုရတာ အသက်အန္တရာယ်ရှိတဲ့ အလုပ်မဟုတ်ဘူးလို့ ထင်နေဆဲပါ။
အခုလိုဖြစ်ရပ်တွေဟာ သတင်းမီဒီယာနဲ့ ဥပဒေပြု အဖွဲ့များအပြင် သက်ဆိုင်ရာ အစိုးရကိုပါ အိမ်အကူများ အလုပ်အကိုင်အနေအထားကို ပိုပြီး အာရုံစိုက်စေခဲ့ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ အိမ်အကူ အလုပ်တွေမှာ ထပ်မံပြဌာန်းရမယ့် ဥပဒေတွေ ရှိနေဆဲဆိုတာကို လက်ခံခဲ့ပါတယ်။ အဲ့ဒီနှစ်အတွင်းမှာ စင်ကာပူအစိုးရဟာ အိမ်အကူများအလုပ်ထဲမှ အမြင့်မှာ လုပ်ရတဲ့ ပြူတင်းပေါက်သန့်ရှင်းရေးနဲ့ အဝတ်လှန်းတာတွေကို အိမ်ရှင်များအပေါ် စည်းမျဉ်းစည်းကမ်းများချမှတ် ကိုင်တွယ်ခဲ့ပါတယ်။
စင်ပူကာနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားများဟာ ဆိုးရွားရှည်လျားအလုပ်လုပ်ချိန် နာရီ၊ အပတ်စဉ်နားရက်မရှိ၊ လုပ်ခနည်းပါးခြင်း၊ ဒါတွေကို စင်ကာပူရဲ့ ဥပဒေများအတွင်း တိကျစွာမပြဌာန်းဘဲ အဓိကအားဖြင့် သတင်းအချက်အလက်လမ်းညွှန်များမှတဆင့်သာ ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့လည်း သုံးသပ်ချက်မှာ ရေးထားပါတယ်။
အထူးသဖြင့် အခြားကာယလုပ်သားများလို လူသူမသိ၊ အိမ်တွင်းမှာနေရပေမယ့် အလုပ်ချိန်နာရီရှည်ကြာစွာ နေ့စဉ် ရက်ဆက်လုပ်ကိုင်နေရတဲ့ နိုင်ငံခြားသူ အိမ်အကူများ ဘဝအတွက် စင်ကာပူအစိုးရဘက်မှ တိကျအတဲ့ ဥပဒေများနဲ့ ပြဌာန်းကိုင်တွယ်ခြင်း ယနေ့အချိန်ထိမရှိသေးပါ။
အမ်အိုအမ်ဟာ နိုင်ငံခြား အိမ်အကူများ နေ့စဉ် အလုပ်ချိန် ၁၃ နာရီမှ ၁၉ နာရီထိ လုပ်နေရဆဲ ဆိုတာကို စင်ကာပူနိုင်ငံသား အိမ်ရှင်များ လိုအပ်ချက်ဖြည်ဆည်းရေးအတွက် ဦးစားပေးကာ သာမန်အလုပ်သမားများ အလုပ်ချိန်သတ်မှတ်ချက်မျိုး မပြဌာန်းပေးနိုင်သည့်တိုင်အပြင် အိမ်ရှင်နှင့် အိမ်အကူ နားလည်မှုအနေဖြင့်သာ ထားရှိနေဆဲကိုလည်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။
အိမ်အကူတစ်ဦးရဲ့ လူမှုဖူလုံရေးကို ဦးစားပေးလုပ်ဆောင်ပါက အိမ်ရှင်များအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာမည်ကိုလည်း စင်ကာပူအစိုးရ ရိမ်မိထားပြီးသားပါ။ သို့ပေသည့်တိုင် အချိန်နာရီ ရှည်ကြာစွာ နေ့စဉ်ရက်ဆက် လုပ်ကိုင်ရတဲ့ အလုပ်အတွက် ခန္တာကိုယ် ပင်ပန်းနွမ်းနွယ်မှုအပြင် စိတ်လန်းဆန်းကြည်လင်မှုတွေပါ ပျောက်ဆုံးနေရတဲ့ အိမ်အကူတွေရဲ့ ဘဝမှာ ထွက်ပေါက် ထွက်လမ်းကို နည်းလမ်းမှန် မရွေးချယ်နိုင်ရင်တော့ အမှားများနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာအိမ်အကူ အများအပြားရှိခဲ့သည်ကိုလည်း စင်ကာပူမှ မြန်မာအသိုင်းအဝိုင်းက ကောင်းကောင်းသတိပြုမိနေပါတယ်။
ပုမှန်အခြေခံအလုပ်သမားဝင်ငွေရဲ့ တစ်ဝက်လောက်သာ ရနေကြတဲ့ မြန်မာအိမ်ကူတွေဟာ နေ့စဉ်မနက်မိုးမလင်ခင်အချိန်မှစပြီး ညဥ့်နက်မိုးချုပ်တဲ့အချိန်ထိ အိမ်အလုပ်တွေကို စေခိုင်းခံနေရသူများပါ။ အချို့တွေဆိုရင် အိမ်ရှင်များရဲ့ လူမမယ်ကလေးသူငယ်များနဲ့ မမာမကျန်းဖြစ်နေတဲ့ လူကြီးသူမများကို အနီးကပ်ပြုစုရှောက်ရတဲ့ အခါမျိုးမှာ အနားယူချိန်လုံလုံလောက်မရှိကြပါဘူး။ လူနည်းစု အိမ်အကူချို့တွေသာ မိသားစုဝင်နည်းတဲ့ အိမ်ထောင်စုများနဲ့ကြုံတွေ့ရတဲ့အခါမှသာ ပုံမှန်အလုပ်ချိန်နဲ့ နားချိန်ပြည့်ပြည့်ဝဝ ရနိုင်ကြတယ်ဆိုတာဟာလည်း စစ်တမ်းတွေကတဆင့် သိခဲ့ရတယ်လို့ဆိုပါတယ်။ စင်ကာပူမှာ အချို့ ကိုယ်ပိုင်လုံးခြင်းအိမ်ရာများမှာ လုပ်ကိုင်ရတဲ့ အိမ်အကူအချို့ရဲ့ ဘဝဟာလည်း သာမန်အလုပ်သမားများတဲ့ အလုပ်ဝတ္တရားပိုများကြတယ်ဆိုတာ အများအမြင်မှာ မသိနိုင်တာတွေလည်း ရှိနေခဲ့ပါတယ်။ အချို့အိမ်အကူတွေဟာ ၃ ထပ်တိုက်ရဲ့ အိမ်အတွင်း သန့်ရှုင်းရေးနဲ့ ဝင်းခြံအတွင်း သန့်ရှင်းရေး၊ ရေကူးကန်သန့်ရှင်ရေးနဲ့ အိမ်ရှင်တို့ စီးနင်းတဲ့ မော်တော်ယာဉ်သန့်ရှင်းရေး စတာတွေကို နေ့စဉ်ရက်ဆက်သလို လုပ်ကိုင်နေကြရတာပါ။
အခုလိုမျိုး များပြားလှတဲ့ အိမ်မှုလုပ်ငန်းတွေကို လက်ရှိ အမ်အိုအမ်ဥပဒေအရ အိမ်ရှင်များဟာ အိမ်အကူ့လုပ်ရမယ့်တာဝန်ထက် ပိုမိုခိုင်းစေသလားဆိုတာကို အခါအခွင့်သင့်လို့ မေးမြန်းတဲ့အခါမှာလည်း အိမ်ရှင်များနဲ့ အိမ်အကူတို့ နှစ်ဦးသဘောတူ လုပ်နိုင်တယ်ဆိုတဲ့ အဖြေမျိုးနဲ့ တုန့်ပြန်တတ်သလို အိမ်တွင်းအလုပ်မျိုးမဟုတ်တဲ့ ဝင်းခြံသန့်ရှင်းရေးနဲ့ မော်တော်ယာဉ်သန့်ရှင်းရေးတွေဟာလည်း အိမ်ရှင်က ခိုင်းစေနိုင်တယ်လို့ သိရပါတယ်။
ဒီ့အပြင် အချို့အိမ်ရှင်များဟာ အိမ်အကူကို မိမိတို့ နေ့စဉ်အလုပ်သွားစဉ်အချိန်မှာ ၎င်းတို့ မိဘဆွေမျိုးများ အိမ်သို့ ပို့ဆောင်ပြီး အိမ်အလုပ်စေခိုင်းလေ့ရှိတာတွေကိုလည်း မကြာခဏဆိုသလို ကြားသိနေရပါတယ်။ အချို့ ကိစ္စရပ်များကို အမ်အိုအမ်သို့ တိုင်ကြားတဲ့အခါမှာလည်း သက်ဆိုင်ရာမှာ ရှောင်တခွင် စစ်ဆေးတာမျိုးထက် အိမ်ရှင်အား ဖုန်းဖြင့် မေးမြန်းစုံစမ်းခြင်းမျိုးလုပ်ဆောင်ခဲ့တာတွေကြောင့် အလားတူကိစ္စရပ်အတော်များများကိုလည်း အရေးယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အဆုံးသတ်မှာတော့ တိုင်ကြားတဲ့ အိမ်အကူဟာ အိမ်ရှင်ရဲ့ ငြိုငြင်ခြင်းခံရပြီး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တဆင့် နေရပ်တိုင်းပြည်ပြန်ပို့ ခံရသူတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိအမ်အိုအမ်ရဲ့ တည်ဆဲ ဥပဒေများအကြောင်းကိုလည်း မြန်မာနိုင်ငံအစိုးရနဲ့ သက်ဆိုင်ရာဌာနများအနေဖြင့် ကောင်းစွာနားလည်သဘောပေါက်ရန်လည်း အရေးကြီးပါတယ်။ အဓိကအချက်အနေနဲ့ မြန်မာနိုင်ငံဘက်မှ အိမ်အကူအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများရဲ့ တာဝန် ဝတ္တရားများကို တိတိကျကျပြဌာန်းကိုင်တွယ်နိုင်ခြင်း မရှိသေးတာဟာ အဓိက အားနည်းချက်ကြီးပါ။ မြန်မာနိုင်ငံမှ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၏ မမှန်မကန်လုပ်ရပ်များ၊ အသက်မပြည့်သူ အမျိုးသမီးငယ်များအား ဝေးလံခေါင်ဖျားအရပ်ဒေသများမှနေ၍ နိုင်ငံခြားအလုပ်အကိုင်တစ်ခုအဖြစ် အကြောင်းပြီး အိမ်အကူအလုပ်သဘောသဘာဝနှင့် အိမ်အကူတစ်ဦးနေ့တဒူဝလုပ်ဆောင်ရမည့် အလုပ်တာဝန်များနှင့် လက်ရှိ စင်ကာပူမှ အိမ်ရှင်များလိုအပ်ချက်အရ အလုပ်ခန့်အပ်သည်များကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောပြတာမျိုး မလုပ်ဆောင်ဘဲအလွယ်တကူ ရနိုင်၊ လုပ်ကိုင်နိုင်သည့် မက်လုံးများဖြင့် ပို့ဆောင်နေကြတာဟာလည်း စင်ကာပူမှ မြန်မာ အိမ်အကူများပြဿနာကို ပိုမိုကြီးထွားလာစေခဲ့ပါတယ်။
လူသစ် အတွေ့အကြုံမရှိတဲ့ အသက်မပြည့်သူ အိမ်အကူများကို အဓိက သားကောင်သတ်မှတ်ပြီး လက်ရှိကာလမှာ စင်ကာပူသို့ အိမ်အကူ ပို့ဆောင်နေကြသည်ကိုလည်း အိမ်အကူများအား ကူညီနေတဲ့ အဖွဲ့အစည်းနဲ့ သတင်းမီဒီယာတို့မှ လက်ရှိဖြစ်ခဲ့ အဖြစ်အပျက်များနှင့် လုပ်ကိုင်နေသည့်အေဂျင်စီများအား သက်သေ အထောက်အထားအပြည့်အစုံနှင့် လူသိရှင်ကြားတင်ပြခဲ့သည့်တိုင်အောင် အသက်မပြည့်တဲ့ မြန်မာအိမ်အကူများကတော့ စင်ကာပူကို တဖွဲဖွဲတင်ပို့နေဆဲပါ။
လက်ရှိ အိမ်အကူအေဂျင်စီများ လုပ်နေကြတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အိမ်အကူများကိုဂအေဂျင်စီဝန်ဆောင်ခအား လက်ငင်းးပေးဆောင်ရန်
မလိုဘဲ အိမ်ရှင်ထံမှ လစဉ်လုပ်ခငွေမှ ပေးဆောင်လို့ရတဲ့ အစီအမံဟာလည်း နားမလည်သူ အိမ်အကူများအတွက်ကတော့ "အရင်းမစိုက်လှေထိုးလိုက်" ဆိုတဲ့စကားအတိုင်း ၎င်းတို့အတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ချက်များစွာနဲ့ မြန်မာပြည်မှ တိုင်းတစ်ပါးက အိမ်အကူအလုပ်ကို လုပ်ရန်လက်ခံခဲ့ကြပါတယ်။
သို့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ရတဲ့ မြန်မာအိမ်အကူတွေ ဒုနဲ့ဒေးပါ။ အိမ်အကူအလုပ်အကိုင်အေးဂျင်စီများရဲ့ မျက်လုံးပေးမှုကြောင့်သာ စင်ကာပူကို အိမ်အကူအလုပ်နဲ့ လာခဲ့ကြပေမယ့် ရုပ်ဆိုင်ူနဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားခြင်းမရှိတဲ့ မြန်မာအိမ်အကူ လူသစ်တွေအတွက် စိမ်ခေါ်မှုတွေနဲ့ စတင်ရင်ဆိုင်ပါတော့တယ်။ ပုံမှန်ရင်ဆိုင်နေရတဲ့ အခက်အခဲများကတော့ ပြောဆိုဆက်ဆံခြင်း၊ အလေ့အထ သဘာဝ ကွာခြားခြင်း၊ အိမ်ရှင်များရဲ့ အခွင့်ရေးယူမှုနဲ့ တောင်းဆိုမှုများပြားခြင်း၊ အေးဂျင်စီများရဲ့ ဖိအားပေးမှု၊ မြန်မာဓလေ့အစားအစာ ကွာခြားမှု၊ အိမ်အကူအလုပ်သဘောသဘာဝကို နားမလည်နိုင်ခြင်း၊ ပေးဆပ်မည့် အေဂျင်စီဖိုးများကြောင့် အလုပ်လုပ်ပြီး လက်ဝဲမှာ လုပ်ခကို ကိုင်ဆောင်နိုင်ခွင့်မရှိခြင်း၊ အိမ်ရှင်အသစ်ပြောင်းမည်ဆိုပါက ထပ်မံအပိုပေးဆောင်မည့် အေဂျင်စီဖိုးများကြောင့် ကြွေးမီဒဏ်ပိလာခြင်း၊ အလုပိချိန်နာရီရှည်ကြာခြင်း၊ လူသစ်များအတွက် ပြင်ပလောကနီင့် အဆက်အသွယ်ပြတ်တောက်ခြင်း စတာတွေပါ။
မြို့ပြနဲ့ အလှမ်းဝေးပြီး ဗဟုသုတ၊ အတွေ့အကြုံနည်းပါးခြင်းကို အခွင့်ကောင်းယူကာ တိုင်းရင်းသူများအပါအဝင် အသက်မပြည့်သူ မြန်မာနိုင်ငံသူ အိမ်အကူအများစုအတွက် ဘယ်လိုဘယ်ပုံ အသက်လိမ်လည်ကာ မြန်မာနိုင်ငံကူးလက်မှတ်တွေ လွယ်လွယ်ကူရခဲ့ကြတာဟာလည်း မြန်မာနိုင်ငံအကြောင်း သိပြီးသား မြန်မာတွေအတွက်တော့ မထူးဆန်းတော့ပါဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ရာမှာ အစိုးရဌာနအချို့ရဲ စီစစ်မှုကိုခံယူပြီးမှ လက်ဝယ်ကိုင်ဆောင်ခွင့်ရတဲ့ အဲ့ဒီမြန်မာနိုင်ငံကူးလက်မှတ်ကို အသက်မပြည့်တဲ့ အိမ်အကူအတွက်ခွင့်ပြုတယ်ဆိုကတည်းက မသမာတဲ့နည်းလမ်းနဲ့ ရလာတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒီတော့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များအနေနဲ့ ပြန်ပြီး သတိလည်စေချင်ပါတယ်။
အသက်မပြည့်တဲ့ မြန်မာအိမ်အကူ ကိစ္စရပ်ဟာ ကနေ့ထိတိုင် မဖြေရှင်းန်ုင်သေးတဲ့ အကြောင်းအရာမို့ ဒီနေရာမှာ ဒီလောက်နဲ့ တင်ပြပြီး အခြားအကြောင်းအရာများကို ဆက်ပြီးဆွေးနွေးချင်ပါတယ်။ စာဖတ်သူတို့ အသက်မပြည့်သူ မြန်မာအိမ်အကူကိစ္စရပ်တွေကို ကွန်မန်းကနေ ဆက်လက် ပါဝင်ဆွေးနွေးကြပါ။
ဆက်လက်ရေးသားလိုတဲ့ အကြောင်းအရာကတော့ အိမ်အကူအလုပ်ခန့်ထားရေးမှာ အဓိကပါဝင်ဆောင်ရွက်တဲ့ နှစ်ဘက်နိုင်ငံမှ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများပါ။ စင်ကာပူအစိုးရကတော့ မြန်မာနိုင်ငံနဲ့ သူ့နိုင်ငံအေဂျင်စီနဲ့ပတ်သက်လို့ ကောင်းကောင်းနားလည်ထားသလို့ အမ်အိုအမ်ဘက်ကလည်း သူတို့အစိုးရဘက်မှ ကြီးကြပ်ရမယ့်အပိုင်းကို ဥပဒေဘောင်အတွင်းကနေ ထိုက်သင့်သလို က်ုင်တွယ်ဖြေရှင်းနေပါတယ်။ ရာနှုန်းပြည့် ကျေနပ်စရာမရှိပေမယ့် မြန်မာနိုင်ငံထက်စာရင်တော့ အတော့ကို ထိရောက်ပါတယ်။ သူ့နိုင်ငံအစိုးရ သိက္ခာကိုလည်း အကာအကွယ်ပေးနိုင်တာလည်း တွေ့ရပါတယ်။
အိမ်အကူတွေဟာ နှစ်ဘက်နိုင်ငံက အေ့ဂျင်စီ ၂ ခုစလုံးကို ဝန်ဆောင်ခပေးနေရတယ်ဆိုတာ စင်ကာပူအစိုးရ ကောင်းကောင်းသိပါတယ်။ ဒါကြောင့် စင်ကာပူရဲ့ အိမ်အကူ ပါမစ်အကြိုခွင့်ပြုစာ IPA မှာ အေးဂျင်ဝန်ဆောင်ခကိုလည်း စင်ကာပူအတွက်ပေးဆောင်ရမယ်မယ့် ပမာဏကိုသာ ဖော်ပြဖို့လိုပါတယ်။ သဘောကတော့ မြန်မာပြည်အပိုင်း မြန်မာပြည်အေးဂျင်နဲ့သာ ရှင်းဆိုတဲ့သဘောပါ။ ဥပဒေ မှာလည်း အလားတူဖော်ပြထားပါတယ်။ ဒီတော့ အိမ်အကူနဲ့ အေဂျင်စီအဆင်မပြေလို့ ဖြေရှင်းတဲ့အခါမှာ မြန်မာအိမ်အကူများအတွက် ဂနဦးက မြန်မာပြည်ဘက်မှာ သဘောတူလာတာတွေ၊ ဝန်ဆောင်ခပမာဏတွေအတွက် ပြောဖို့ရာ အကျုံးမဝင်တော့ပါဘူး။ မြန်မာပြည်ပြန်ရောက်လာတော့လည်း မြန်မာပြည်ဘက်အေးဂျင်မှ စင်ကာပူမှာ ဖြစ်ခဲ့တဲ့ ပြဿနာဖို့ သူတို့ဘက်မှ တာဝန်ယူ မဖြေရှင်းနိုင်ဘူးလို့သာ ပြောတတ်ကြပါတယ်။ နှစ်ဘက်အေဂျင်စီကြားမှာ နားလှည်ပါးရိုက်ခံနေရတဲ့ သဘောပါ။ ဒါဟာ လက်ရှိအခြအနေရဲ့ အဓိက ဒိုးယိုပေါက်တစ်ခုဆိုတာ မြန်မာအစိုးရကောင်းကောင်းသဘောပေါက်သင့်ပါပြီ။
(ဆက်ရန်)
Credit- SG Helper ရင်ဖွင့်ရာ Admin Team


Khin Lay added 2 new photos  1.12.2017
CNA မှာ ရေးထားတဲ့ သတင်းကတော့ စင်ကာပူရောက် အိမ်အကူ ၁၀ ဦးမှာ ၆ ဦးဟာ ခေါင်းပုံဖြတ် အမြတ်ထုတ် ဂုတ်သွေးစုတ်ခြင်းခံနေရတယ်ဆိုတဲ့ အတော့ကို စိတ်မကောင်းစရာ သတင်းပါ။ ဒါတွေကို မြန်မာနိုင်ငံအစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ဖတ်စေချင်ပါတယ်။ နိုင်ငံတွင်းက ပြဿနာရပ်တွေအပေါ်အာရုံစိုက်နေရလို့ တိုင်းပြည်ပြင်ပက မိမိနိုင်ငံသူတွေ အခုလိုမျိုး ကြုံတွေ့နေရတာကို အရင်ဆုံး လက်ခံစေချင်ပါတယ်။
စစ်တမ်းကောက်ယူခဲ့တဲ့ အစီရင်ခံစာထဲမှ ကောနုတ်ချက်အချို့ကို ဒီသတင်းထဲမှာ CNA က ဖော်ပြခဲ့တာပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား အိမ်အကူတွေရဲ့ အခြေအနေဟာ မြန်မာအိမ်အကူများထက် အများကြီးသာလွန်ပါတယ်။ ဒါက ငြင်းနေစရာမလိုသလို လက်ရှိအချိန်မှာတော့ စင်ကာပူရဲ့ နိုင်ငံခြားသူ အိမ်အကူတွေထဲမှာ ဖိလစ်ပိုင်အိမ်အကူတွေဟာ အခြားနိုင်ငံသူတွေထက် လစာ၊ အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်မှု ပိုမို ရရှိနေလို့ပါ။
ဒီလိုအနေအထား ရှိနေတဲ့ ဖိလစ်ပိုင်အိမ်အကူတွေထဲမှာတောင် အချို့သူတွေ (တစ်ဝက်ကျော်လောက်ဟာ) ခေါင်းပုံဖြတ်၊ အမြတ်ထုတ်၊ ဂုတ်သွေးစုတ်ခြင်းကို ခံနေရပြီဆိုရင်တော့ မြန်မာအိမ်အကူတွေ ဘဝဟာ ဘယ်လို အခြေအနေရောက်နေပြီဆိုတာ သဘောပေါက်သင့်ပါပြီ မြန်မာအာဏာပိုင်တို့။
စစ်တမ်းတွေထဲမှာ အချို့အိမ်အကူတွေဟာ နေ့စဉ် စားသုံးဖို့အတွက် မိမိတို့စရိတ်နဲ့ အကုန်အကျခံနေရတယ်ဆိုတာတောင် ရေးထားပါတယ်။ ဒါဟာ ဥပဒေအရဆိုရင်တော့ အတော့ကို ဆိုးရွှားတဲ့အခြေအနေပါ။ မြန်မာတွေထဲမှာလည်း အလားတူဖြစ်ရပ်မျိုး မရှိဘူးလို့ မမှတ်ကြပါနဲ့။
စင်ကာပူနိုင်ငံ ဟောင်ကောင်ပြီးရင် အရှေ့တောင်အာရှမှာ နိုင်ငံခြားအိမ်အကူ ခန့်ထားရာမှာ ဒုတိယအများဆုံးနိုင်ငံပါ။ လက်ရှိစစ်တမ်းအရ နိုင်ငံခြားသား အိမ်အကူ စင်ကာပူမှာ ၂၄၃၀၀၀ ရှိနေချိန်မှာ ဟောင်ကောင်မှာတော့ ၃၃၆၀၀၀ ရှိနေပြီလို့ ဆိုပါတယ်။ သို့ပေမယ့် စင်ကာပူရဲ့ လက်ရှိပြဌာန်းဆဲ ဥပဒေများအရ နိုင်ငံခြားသား အိမ်အကူတွေအတွက် အကာအကွယ်ပေးမှုဟာ အခြားနိုင်ငံခြားသား အလုပ်သမားများနဲ့ တန်းတူမရှိဘဲ စင်ကာပူအစိုးရဟာ အိမ်အကူတို့ရဲ့ အလုပ်သဘောသဘာဝအရ အခုလို ဆက်လက်ထားရှိနေဦးမယ်လို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံရဲ့ အထင်ကရ ဥပဒေကြီးတစ်ရပ်ဖြစ်တဲ့ Employment Act (အလုပ်ခန့်ထားရေး အက်ဥပဒ) နိုင်ငံခြားသား အိမ်အကူများအတွက် အကျုံးမဝင်ခြင်းဟာ စင်ကာပူနိုင်ငံရဲ့ နိုင်ငံခြားသား အိမ်အကူများအပေါ်ခွဲခြားဆက်ခံခြင်းဟာ သိသာထင်ရှားလှပါတယ်။
ဒီလိုခွဲခြား ဆက်ဆံမှုဟာ အိမ်အကူများအတွက် အကာအကွယ်ပေးရေးအတွက် အဟန့်အတားဖြစ်နေတယ်ဆိုတာကိုလည်း စစ်တမ်းမှာဖော်ပြထားပါတယ်။ အထူးသဖြင့် ဥပဒေအရ အကာအကွယ်ပေးနေတဲ့ ဆေးဝါးကုသခံယူမှု၊ အလုပ်ချိန်နာရီနဲ့ အခြားခံစားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ အိမ်အကူတွေ အိပ်စက်ဖို့အတွက် အိမ်ရှင်များ မသိကျိုးကျွန်ပြုမှုတွေဟာလည်း အတော့ကိုများနေပါတယ်။ လသာဆောင်မှာ အိပ်စက်ရတဲ့ အိမ်အကူတွေ၊ အိမ်သာအတွင်း ညစဉ် အိပ်နေရတဲ့ အိမ်အကူတွေထဲ မြန်မာအိမ်အကူတွေလည်း ပါနိုင်တယ်ဆိုတာ မြန်မာအစိုးရကို သိစေချင်ပါတယ်။
ဒီဖြစ်ရပ်တွေထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက် ညဉ်းပန်းခံရခြင်း၊စိတ်ပိုင်းဆိုင်ရာမျိုးနဲ့ နေ့စဉ်ဆဲဆို ကြိမ်းမောင်းခံနေရတဲ့ အိမ်အကူတွေရဲ့ ဘဝဟာ ကယ်သူမယ့် ခိုကိုးရာမရှိ ဖြစ်နေရတာတွေကို စစ်တမ်းကနေ သက်သေပြနေပါပြီ။ တရားရုံးကနေ အပြစ်ပေးခဲ့တဲ့ အခုလိုလုပ်ရပ်ပေါင်း ၂၆ ခုကိုလည်း ၂၀၁၄ မှတ်တမ်းအရ သိရပါတယ်။
အိမ်အကူတွေကို ရိုက်နှက်တဲ့ အိမ်ရှင်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ စင်ကာပူက မြန်မာအိမ်အကူသတင်းဟာလည်း ဖြစ်စဉ်ခဏမှာ အတော့ကို ဟိုးလေးတကျော်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်သူ့လွတ်တော်အစည်းအဝေးထိ အဆိုတင်သွင်းဆွေးနွေးခဲ့ကြပြီးနောက် ဘာမှ မထူးခြားလာတာကတော့ မြန်မာတို့ရဲ့ ဓလေ့ထုံးစံလို့သာ မှတ်လိုက်ပါတယ်။ အားရစရာမရှိတဲ့ လုပ်ရပ်တွေအတွက် စိတ်ပျက်စရာအဖြစ်ဝေဖန်တာပါ။
ရိုက်နှက် ညဉ်းပန်းခံရပြီး ရသင့်ရထိုက်တဲ့ မိမိတို့လုပ်ခငွေ ရတယ်ဆိုရင်လည်း မြန်မာပြည်မှာ ကျန်ရှိနေတဲ့ မိသားစု ထမင်းဝတာပေါ့။ အခုတော့ အဲ့လို မဟုတ်ပြန်ပါဘူး။ ပြီးခဲ့တဲ့ လအနည်းငယ်ကာလတုန်းကဆိုရင် စင်ကာပူအိမ်ရှင်တစ်ဦးဟာ မြန်မာအိမ်အကူလစာ တစ်နှစ်စာလောက်မပေးဘဲ လစာပေးရန်ပျက်ကွက်မှုနဲ့ အမ်အိုအမ်က အရေးယူခြင်း ခံခဲ့ရပါတယ်။ တစ်နှစ်စာ လစာမရတဲ့ မြန်မာအိမ်အကူရဲ့ ဘဝနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် မြန်မာအာဏာပိုင်တို့ စဉ်းစားပေးနိုင်မယ်ဆိုရင် အနည်းဆုံးတော့ လူသားဆန်တဲ့ အစိုးရလို့ ပြောနိုင်ပါပြီ။
စင်ကာပူမှာ လူဦးရေစုစုပေါင်းရဲ့ ၇% နှုန်းထားလောက်ရှိတဲ့ နိုင်ငံခြားသူ အိမ်အကူတွေဟာ နိုင်ငံသားဝန်ထမ်းဦးရေရဲ့ ၁၇% မှာ ရှိနေသလို စင်ကာပူက မိသားစုဝင် ၃ စုမှာ ၁ စုအနည်းဆုံး နိုင်ငံခြားသား အိမ်အကူခန့်ထားရပါတယ်။ ဒီနိုင်ငံရဲ့ အိမ်အကူ စုစုပေါင်းရဲ့ ၅၆% ဟာ အင်ဒိုနီးရှားသူများဖြစ်သလို ၃၂% ဟာ ဖိလစ်ပိုင်သူတွေပါ။ ကျန်တဲ့ ၁၂% မှာ မြန်မာနှင့် အခြားနိုင်ငံသူတွေ ပါဝင်တယ်လို့ စစ်တမ်းမှာရေးထားပါတယ်။
မြန်မာနိုင်ငံမှာ အိမ်အကူအလုပ်ကို အောက်ကျတယ်၊ နိမ့်ကျတယ်ဆိုတဲ့ အမြင်နဲ့ အစိုးရဟာ ပြည်ပကို မြန်မာအမျိုးသမီးများ အိမ်အကူနဲ့ သွားရောက်လုပ်ကိုင်တာကို နှစ်မြိုဟန်မတူပါဘူး။ ဒါကြောင့် "ငါတို့ အစိုးရက အိမ်အကူအလုပ်ကို အားမပေးဘူး" လို ဟန်တွေ လုပ်မနေကြပါနဲ့။ ပြည်သူဆိုတာ စားဝတ်နေရေးအတွက်လိုအပ်လာရင် သမာအာဇီဝဖြစ်မယ့်အလုပ်မှန်သမျှကို အစိုးရအနေနဲ့ အားမပေးသင့်ဘူးလား။ တစ်ချိန်မှာ တိုင်းပြည်မှာ မြန်မာအမျိုးသမီးတွေအတွက် ကောင်းမွန်လျှောက်ပတ်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တဲ့အခါ နိုင်ငံခြားအိမ်အကူအလုပ်ကို လုံးဝဥဿုံပိတ်ပြစ်ပါ၊ တားဆီးပါ။ အခုတော့ အခြေအနေအချိန်အခါကို ကြည့်ပြီး ပြည်သူတွေ ထမင်းဝနိုင်မယ့် အခြေအနေကို ဖန်တီးစေချင်ပါတယ်။
(ဆက်ရန်)
Credit- SG Helper ရင်ဖွင့်ရာ Admin Team