Monday, November 27, 2017

ကမ္ဘာ့ ထိတ်တန်း စိုက်ပျိုးသီးနှံထုတ်လုပ်တဲ့ အစ္စရေးနိုင်ငံကို ၃ပတ်သင်တန်း (ဒေါ်သိန်းသိန်းအောင်၊ စိုက်ပျိုးပညာရှင်)

26,  Nov 2017Leaving to Israel for 3 weeks training....before departure with dear sister ThandaAye and lovely niece KyawtKaythi, and Ko Thein Naing family. အစ္စရေး ကို ခဏသွားလတ်အူးမယ်နော်၊ ၃ ပါတ်တောင် ဆောင်းခို သင်တန်းတက်ရမှာဆိုတော့ အနွေးထည်တွေဘာတွေနဲ့ ၂ အိတ်ပြင်သွားတာ ၊ ရန်ကုန်ကနေ ဘန်ကောက်ထိ TG ကတော့ ၂ လုံးရပေမဲ့ ၊ ဆက်စီးရမဲ့ transit အစ္စရေး လေကြောင်းလိုင်း YL က လူတယောက် အိတ်တလုံးပဲ baggage ပေးလို့ သေတ္တာအသေးကို hand carry လုပ်ဖို့ ပစ္စည်းတွေပြန်ပြောင်းထဲ့ရတာ ဖတ်ဖတ်မောသွားတာပဲ။ ဒါလဲ မဟာ lesson learn ပါတကား၊ နိုင်ငံတကာ ခရီးမသွားဖြစ်တာကြာလို့ သတိမထား ကြိုမစုံစမ်းထားတဲ့ ပစ်မှုပေါ့။ TG counter က ကလေးမ ကသေချာ မှာလိုက်သေးတယ်၊ အပြန်လဲ transit ကို တလုံးပဲ ရမှာနော်တဲ့။ ဟဲဟဲ လက်ဆောင်တွေဘာတွေ မျော်လင့်နေသူတွေ သဘောပေါက်။



26,  Nov. 2017၊ ပြူတင်းပေါက်သေးသေးလေးတွေနဲ့၊ လူတွေမျက်နှာကျောတော်တော်တင်း၊ ကိုယ်များများရီပြမှ နဲနဲလေး ပြန်ရီပြတယ်လေ၊ ဒါလဲ စိတ်ဝင်စားစရာပဲ၊
သင်တန်းသားတွေ နေရတဲ့ appartment က kitchen လေးရယ်၊ ဧည့်ခန်း၊ ဝရံတာလေးရယ်၊ အခန်း ၅ ခန်း မှာ တယောက်တခန်းစီ၊ တနင်္ဂနွေနေ့ရောက်သူတွေ ကွကိုယ် စားနိုင်အောင် ရေခဲသေတ္တာထဲ ပေါင်မုန့်၊ ကြက်ဥ၊ ထောပတ်၊ နွားနို့ ၊ ကော်ဖီ၊ အသီးအနှံ အပြည့်ထဲ့ပေးထားတယ်၊ ခဏနေရင် ချက်ပြုတ်စားသောက်တော့မယ်။ စားစရာ တွေထဲ့ပေးလိုက်တဲ့ သယ်ရင်းလေးတွေ ကျေးကျေးပါလို့၊ အချိန်ကတော့ ရန်ကုန်ထက် ၄နာရီခွဲ နောက်ကျတယ်၊ နောက်နေ့တွေ့တာတွေ ထပ်ရေးအူးမယ်နော်၊ မျက်စေ့နောက်ရင် ကျော်သွားကြပါ
.-----------------------------------------------------------------------------------

.27, Nov. 2017
ဒီနေ့သိရတာတွေ အများကြီးထဲက စိတ်ဝင်စားဖို့ကောင်းတာ တခုက အခုရောက်နေတဲ့ စိုက်ပျိုးရေးမဟာဌာန နေရာ ၊ စာသင်ဆောင် ၊ လူနေဆောင် အားလုံးဟာ Weitz Center for Sustainable Development ခေါ်တဲ့ NGO ကြီးကပိုင်တာဖြစ်ပြီး၊ စိုက်ပျိုးရေး တက္ကသိုလ် ကနေရာ ငှါးခ နဲ့ ဝန်ဆောင်မှုတွေအတွက် ပြန်ပေးရတယ် ဆိုတာရယ်၊ NGO နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှု အရမ်းကောင်းတာရယ်၊ တက္ကသိုလ်နဲ့ NGO ပေါင်းပြီး လက်တွေ့အသုံးချသုတေသနတွေ လုပ်တာ အရမ်းကောင်းတာရယ်။
အစ္စရေး ဟာ အလွန်သေးတဲ့ နိုင်ငံလေး ဖြစ်တာကြောင့် ဝင်ငွေအရမ်းမများတာမို့. သူ့လောက် မဖွံ့ဖြိုးတဲ့နိုင်ငံတွေကို ကူညီဖို့ရာမှာ အခြေခံ အဆောက်အဦလို စရိတ်များတာတွေ အတွက်မကူနိုင်ပေမဲ့၊ နည်းပညာ အလွန်ရှေ့တန်းရောက်တဲ့ပြင် သုတေသနတွေ ဖွံ့ဖြိုးလှတာမို့ ၊ Capacity building လို့ခေါ်တဲ့ နည်းပညာဖြန့်ဖြူးပေးမှုမှာတော့ ရှေ့တန်းက လုပ်ဆောင်ပေးနေတယ်။ လူတွေကို နည်းပညာ အသိပညာဖြန့်ပေး ရာမှ ကိုယ်တိုင် ကိုယ်ပိုင် တိုးတက် ရှေ့တန်းရောက်လာနိုင်မှုအပေါ် သက်ဝင်ယုံကြည်စွာ လုပ်ဆောင်ကြတယ်။
အစ္စရေးနိုင်ငံ အကြောင်း နဲ့ စိုက်ပျိုးရေးဖွံဖြိုးမှု အကြောင်း ပြောတော့ နိုင်ငံရေး၊ လူမျိုးရေး၊ ယုံကြည်မှု နဲ့ သမိုင်း ဆိုင်ရာတွေ ရှုတ်ထွေးတာကို ကြိုသိပြီးသား ဖတ်ပြီးသိပြီးသားဖြစ်တာတောင် မေးစရာမေးခွန်းတွေ အများကြီးပဲ၊ သင်တန်းသားတွေကလဲ မေးခွန်းမေးပါဆို အာ့အကြောင်းတွေပဲမေးကြတော့ ဆရာခမျာ အချိန်မှီ ပြီးရမှာတွေပြီးအောင် မနဲ ကြိုးစားရတယ်။ ချွေးတွေကို ပြိုက်ပြိုက်ကျတဲ့ထိပဲ။ သင်တန်းသားတွေကလဲ အများစုက သူ့နိုင်ငံရဲ့ policy maker ဒါမှမဟုတ် အဓိကဆက်စပ်နေသူတွေဆိုတော့ မေးမယ် ဆိုတာချည်းပဲ။
အချိန်နောက်ကျသွားလို့ country presentation ပေးဖို့ ၁၅ နိုင်ငံမှာ ဒီနေ့ တစ်နိုင်ငံ ကပဲ ပေးဖို့ volunteer ခေါ်တော့ တယောက်မျက်နှာ တယောက်ကြည့် ဘယ်သူမှ မစတော့ထုံးစံအတိုင်း မြန်မာ့သတ္တိနဲ့ အရင်ဆုံး ထပြောပလိုက်တယ်။ ဘာရမလဲ မဟုတ်ရင် အကြွေးကျန်ရင် ညလဲ ဒီအကြောင်းပဲတွေးနေရမှာလေ၊ ပထမဆုံးဆိုတော့ မှားမှား မှန်မှန် မြန်မြန်နှေးနှေး အေးဆေးပဲပေါ့။ ဖွံဖြိုးမှုနောက်ကျဆုံး နိုင်ငံက ဘာများ policy ဝေဖန်စရာ များများရှိမှာလဲ၊ ရှိလဲ မပြောသေးဘူးလေ၊ ဆရာ သင်ဖို့ချန်ထားတယ်။ တစ်ယောက်ထဲဆိုတော့ တင်ပြချိန် အချိန်ကန့်သတ်ထားပေမဲ့ ဆွေးနွေးချိန် အများကြီးရတော့ အားလုံးက ကိုယ်နဲ့ တကွ နိုင်ငံကို သေချာမှတ်မိသွားတာ အမြတ်ပဲ၊ သိတယ်မလား ဂျင်းထည့်စရာရှိ မြန်မြန်ထဲ့မှ။
.-----------------------------------------------------------------------------------


28, Nov 2017
ဒီနေ့ တော့ ၁၅ နိုင်ငံက သင်တန်းသား အသီးသီး ကိုယ့်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက် ဒေသဖွံဖြိုးရေး ဆိုင်ရာ မူဝါဒတွေ၊ မဟာဗျူဟာ တွေရဲ့ အားသာချက်၊ အားနဲချက်၊ ရင်ဆိုင်နေရတဲ့ ပြသနာတွေကို သုံးသပ်တင်ပြကြတယ်။ အားလုံးခြုံကြည့်ရင် မဖွံ့ဖြိုးပဲကျန်ခဲ့တဲ့ အဓိက တရားခံက မူဝါဒ မကောင်းလို့ မဟုတ်ဖူး၊ လူတွေ မကောင်းတာဖြစ်တဲ့ အဂတိ လိုက်စားမှုတွေကို မထိမ်းချုပ်နိုင်တာကိုပဲ တော်တော် အပြောများတယ်။ နောက်တစ်ချက်တော်တော်တူတာက အစိုးရ ဝန်ကြီးဌာန အခြင်းခြင်းရော၊ ဝန်ကြီးဌာနတူ ဌာနအချင်းချင်းရော ချိတ်ဆက် ပူးပေါင်းပြီး ရည်ရွယ်ချက် တူရာဆီ သွားတာမှာ ညီညွတ်မှု နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စွမ်းရည်အားနည်းတာပဲ၊ တော်တော်များများက ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်ရေးမှာ သမဝါယမစံနစ် လို့ ခေါ်လို့ရတဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံကို ချဉ်းကပ်ဆွေးနွေးကြပြီး၊ မူကောင်းပေမဲ့ လူမကောင်းတဲ့ပြသနာ၊ မထိန်းချုပ် မကိုင်တွယ်နိုင်တဲ့ ပြသနာကို ဇောင်းပေးကြတယ်။

ဒီနေ့အဖို့ တော်တော်ကြိုက်တဲ့ စာလုံးလေးတစ်ခုကတော့ မြန်မာနိုင်ငံ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံဖြိုးရေး အတွက်လဲ အရေးတကြီးလိုအပ်နေပြီလို့ထင်တဲ့ Agro Food Production ကို အခြေခံတဲ့ Food and Economic Security ဆိုတဲ့ အကြောင်းအရာပါ။ စိုက်ပျိုးရေးထွက်ကုန်တွေကို ကုန်ကြမ်းချည်းပဲရောင်းနေပြီး အစားအစာ အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်တဲ့ နည်းပညာ အတတ်ပညာ ကျွမ်းကျင်မှုတွေ မရှိလာမချင်း ၊ ရင်းနှီးမြှုပ်နှံမှုတွေ မရှိနိုင်ပဲ စီးပွားရေးဖွံဖြိုး တိုးတက်မှုကလဲ မရှိနိုင်ဘူးလေ။
အတွေးတစ်စ မျှပါ။ ကိုယ့်သဘောထားနဲ့ ကိုက်ညီလို့ မှတ်တမ်းတင်ဖြစ်ပြီး နောက်နေ့ သင်ရမဲ့စာတွေနဲ့ ချိန်ညှိရအုံးမှာပါ။
ဒီညနေ မှာ Rehovot မြို့လေးထဲ ခြေလျင်ပတ်ပြီး လျောက်သွားရတာတော့ အတွေ့ကြုံကောင်းလေးပါ။ ခလေးဘဝ ပြန်ရောက်သွားသလို အရမ်းပျော်ကြတယ်။ အစစ အရာရာဈေးကြီးတဲ့ နိုင်ငံပါဘဲ။ အရမ်းအေးတဲ့ ရာသီဥတုမှာ ချွေးပြိုက်ပြိုက်ကျပြီး မောမောနဲ့ လမ်းဘေး ရေခဲမုန့်ဝယ်စားကြတယ်။ ဓာတ်ဖမ်းကြတယ်၊ အဆောင်ပြန်ရောက်တော့ ညနေစာစားတော့ ပါလာတဲ့ လ္ဘက်တွေသုတ်ကျွေးတော့ အရမ်းကြိုက်ကြတယ်။
တစ်နေ့တာ အကြောင်းတွေ ပြန်ပြီး စားမြုံ့ပြန်ကြ၊ ရီကြ ကျောင်းသူလေးတွေဘဝ ပီပီပြင်ပြင်ပြန်ရ။ ဘဝ ကြီးက သာသာယာယာရှိသား။
ဒီမှာ ထပ်ဆင့်ကံကောင်းတာလေးကတော့ အရင်တစ်ပါတ် ရှမ်းပြည်မှာ Irrigation training လာပေးတဲ့ expert က viber ကနေ ဆက်သွယ်လာပြီး လာမဲ့ စနေ အားလပ်ချိန်မှာ Israel Agriculture အကြောင်း အချိန်တိုတွင်းလေ့လာနိုင်ဖို့ ကားနဲ့လာခေါ်ပြီး လိုက်ပြမယ်ဆိုတော့ အတိုင်းထက်လွန် ထီပေါက်သလိုပေါ့။ တစိမ်းနိုင်ငံ တခုမှာ ကိုယ့်ကို အိမ်ရှင်အနေနဲ့ ဧည့်ခံပေးမဲ့သူရှိတာလဲ မင်္ဂလာ တစ်ပါးပါတကား။ အမှန်တော့ သူနေတဲ့ မြို့က ကိုယ်ရောက်နေတဲ့ မြို့လေးနဲ့ တော်တော်ဝေးပါတယ်။ ကျေးဇူးပါပဲ ဆရာရေ။
ဆက်ရေးအုံးမှာနော်.....
.-----------------------------------------------------------------------------------

1. December 2017
2 hrsအစ္စရေး နိုင်ငံ ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း အထိုက်အလျောက်ဖတ်ဖူးသိဖူးပေမဲ့ ဒီနေ့ စာသင်တဲ့ ဆရာမကိုယ်တိုင်ပြောပြတဲ့ သူ့ မိခင်ရဲ့ အမေ ၊ သူ့ အဖွားအကြောင်း ဥပမာလေး ကို နားထောင်ကြည့်ရတော့ တော်တော်လေးနက်လှပါတယ်။ အတိုချုပ် ပြန်ပြောရရင်တော့ နိုင်ငံအသီးသီးမှာ ပြန့်ကျဲနေထိုင်ကြတဲ့ ဂျူး လူမျိုးတွေအနက် သူ့အဖွားကတော့ ပိုလန် နိုင်ငံကပါ။ မောင်နှမ ၁၃ ယောက်ရှိပြီး၊ ၁၉၂၉ ခုနှစ်မှာ ၁၉ နှစ်အရွယ် ရှိနေခဲ့တယ်။ အာ့ အချိန်တုံးက ဂျူးတွေရဲ့ ရှေးရိုးအယူအဆအရ ဂျေရုဆလင် ခေါ်တဲ့ သူတို့ရဲ့ ဘုရားရှိရာ အရပ် ကို သွားချင်တိုင်းသွားလိုမရပဲ၊ ဘုရားရှင် က သတ်မှတ် သွားခွင့်ပြုမှ သွားရပါတယ်။ အဲ့ဒါကလဲ ဘယ်တော့မှန်းမသိပဲ အမိန့်တော်ကိုစောါ့် ဆိုင်းနေရတဲ့သဘောပါ။
တစ်ညမှာ တော့ စွန့်စားလိုသူ၊ မစောင့်ဆိုင်းလိုသူ သူမလို ၁၉ နှစ် ၂၀ နှစ် အရွယ် လူငယ်တစ်စုဟာ လှေကြီးတစ်စင်းနဲ့ ရွက်လွှင့်ပြီး ဘုရားသခင်နိုင်ငံတော်ကိုရှာဖွေပြီး ကိုယ်ပိုင် နိုင်ငံ ဖြစ်လာရေးစွန့်စားခရီးထွက်လာကြတယ်။ သူမ အဖေက သိပ်စိတ်ဆိုးပြီး ဘုရား အလိုတော် ကို ဆန့်ကျင်လို့ဆိုပြီး သေလူ အဖြစ်သတ်မှတ်လိုက်တယ်။
ဂျေရုဆလင် တဝိုက် ကို ရောက်လာတဲ့ လူငယ် လေးတွေ အခက်အခဲ နဲ့ ရောဂါမျိုးစုံ အစားအစာ မရှိမှုတွေကြားထဲက ကြိုးစားပြီး စိုက်ပျိုး လုပ်ကိုင် ပြီး မြေနေရာတွေချဲ့ထွင် နေထိုင်ကြတယ်။ နေရာကလဲ လူတွေသိပ်မနေလိုတဲ့ သဲကန္တာရမို့ သူတို့ကို အာ့နေရာက မူလနေသူတွေက မြေတွေပြန်ရောင်း ကြတယ်။
နောက် ၁၀ နှစ်အကြာ ၁၉၃၉ မှာ ပိုလန်က ဂျူးလူမျိုး ၃ သိန်းလောက်ကို နာဇီ ဂျာမန်တွေက အစုလိုက် အပြုံလိုက် သတ်ပစ်လိုက်တော့ သူမရဲ့ မောင်နှမ အားလုံးရော အမေရော အသတ်ခံလိုက်ရပြီး အဖေကတော့ လွတ်လာခဲ့တယ်။
သူမ ဆီကို သူ့ အဖေရောက်လာတော့ သူမမှာ သမီးလေး တစ်ယောက်ရှိနေပီ၊ သူ့ အဖေက သူ့ အမှား သိပြီး သူ့သမီးရဲ့ ခြေဖျားကို ငုံ့နမ်းခဲ့တယ်။ အဲဒီအမျိုးသ္မီးလေးက ဒီနေ့ စာသင်တဲ့ ဆရာမလေး ရဲ့ အဖွားတော်သူပေါ့။
ဇာတ်လမ်းလေးကို ရိုးရိုးလေးပဲပြောပြပါတယ်။ ပေးချင်တဲ့ အကြောင်းအရာ message ကတော့ သူတို့လူမျိုးတွေ ဟာ သမိုင်းက သင်ပေးခဲ့တဲ့ သင်ခဏ်းစာကြောင့် အမြဲ သူများ သို့မဟုတ် တယောက်ယောက် က ခွင့်ပြုမှ၊ ခိုင်းမှ၊ အမိန့်ပေးမှ တစ်ခုခုကို လုပ်ရမယ် ဆိုတဲ့ စိတ်ကို အပြီးတိုင်စွန့်လွှတ်ခဲ့တယ်။.အမြဲ ကြိုတင် စဉ်းစားတယ်၊ ကြိုလုပ်တယ်၊ သူများခိုင်းတာ မစောင့်ဘူး၊ Proactive ဖြစ်တယ်။
Entreprenership စိတ် အပြည့်ရှိတယ်။ နိုင်ငံ ဖွံ့ဖြိုးဖို့ ကြိုးစားတဲ့နေရာမှာလဲ ဒီလိုပဲ နှလုံးသွင်းတယ်။ အရမ်းကြိုးစားကြသူတွေဖြစ်တယ်၊ နိုင်ငံမရှိပဲ နေခဲ့ရတဲ့ ၊ မျက်နှာ ငယ်ခဲ့ရတဲ့ ဘိုးဘွား တွေရဲ့ ဘဝကို အစဉ်အောင့်မေ့ကြတယ်။
သင်တန်းနဲ့ ဆက်စပ်ပြောရရင် အစ္စရေး လယ်သမားတိုင်း ဟာ business men ချည်းပဲ။ အမြဲ အသစ်အသစ်တွေ တီထွင်ကြံဆ ရှာဖွေနေပြီး အစိုးရကလဲ သုတေသန ကို အဆက်မပြတ် ဖွံဖြိုးနေအောင် အားပေးခြင်းဖြင့် နိုင်ငံကို လွတ်လပ်ရေးရပြီး နှစ်တိုတို အတွင်း ဖွံဖြိုးတဲ့ နိုင်ငံဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
သူတို့ရဲ့ ဖွံ့ဖြိုး ရေး အယူအဆ တွေမှာ ABCD ခေါ်တဲ့ Access Based Community Development approach ရယ်၊ Leaky Bucket concept ရယ် က အလွန်ကောင်းတဲ့ အယူ အဆဖြစ်ပြီး၊ အရာရာတိုင်း ဟာ တိုင်းသူပြည်သားတွေ ကိုပဲ ဗဟိုပြုစဉ်းစား တဲ့ အယူအဆ နဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။
နောက်မှ သတ်သတ် ထပ်ရေးပါ့မယ်။ ကျေးလက် နဲ့ မြို့ပြ ရဲ့ ဖွံဖြိုးမှု ချိန်ခွင်လျာ ချိန်ညှိတဲ့ အကြောင်းလေးပါ။
ကျောင်းသားဘဝ ရဲ့ ပျော်စရာ ရသ အပြည့်စီစဉ်ပေးထားလို့ တော်တော် ကောင်းတဲ့ program လေးပါ။ နောက်လူတွေ လျောက်ပြီးတက်ကြစေချင်တယ်။
နက်ဖြန် ဂျေရုဆလင် အလည်မသွား ခင် အမြီး ပေါ့နော် ။
အစ္စရေး ရဲ့ ထူးခြားမှု များစွာထဲက အထူးခြားဆုံးက အလုပ်စရက် တနင်္ဂနွေ ဖြစ်ပြီး၊ သောကြာ၊ စနေ ပိတ်ရက်ဖြစ်ပါတယ်။.အာ့ ၂ ရက်မှာ လမ်းဘေးဆိုင်တောင် မဖွင့်ပါ။ အစားအသောက်တွေ ကြိုပြီး ဝယ်ထားရပါတယ်။
..-----------------------------------------------------------------------------------
.
3.Dec.2017
ဒီနေ့တော့ Rural Revitalization ၂၃ ယောက်၊ Green Growth ၂၆ ယောက် ပေါင်း ၄၉ ယောက် စလုံး ကားကြီးတစ်စီးနဲ့ ကမ္ဘာအထင်ကရ ဘာသာရေးနေရာ ဖြစ်တဲ့ ဂျေရုဆလင်မြို့ ကို သွားခဲ့ကြတယ်။ ဘာသာပြန် ပေးတဲ့ Jacob ဆိုတဲ့အဖိုးကြီးက တော်တော် professional ကျတယ်။
အဓိ က ၂ နေရာနဲ့တင် တစ်နေကုန်သွားပြီး အခုတော့ အဆောင်ပြန်ရောက် ခြေကုန်လက်ပမ်းကျနေပေမဲ့ စာရေးတဲ့ တာဝန်လေးတော့ ထမ်းဆောင် လိုက်အုံးမယ်။
ပထမ ရောက်ခဲ့တဲ့နေရာက ဂျူးတွေကို ဂျာမန်တွေက အညှိုးတကြီး လူမျိုးတုန်းသတ်ဖြတ်ခဲ့တာတွေကို စံနစ်တကျမှတ်တမ်းတင်ပြသထားတဲ့ ပြတိုက်ပါ၊ ဓာတ်ပုံ မရိုက်ရပါဘူး။ အရှည်မရေးလိုပါဘူး၊
အားလုံးပြီးသွားတဲ့ အချိန်မှာအဓိကပေးချင်တဲ့ message ကတော့ သမိုင်းကို မေ့ဖျောက်ပစ်လို့မရသလို၊ အတိတ်ထဲမှာ ချည်းပဲလဲ နေ မနေပဲ မခံချင်စိတ်၊ အောင်မြင်လိုစိတ်၊ စုစည်းညီညွတ်တဲ့စိတ်တွေ အတူတူထားကြပြီးအစ္စရေး နိုင်ငံသစ်ပြန်လည်ထူထောင်တဲ့အခါ မှာ အရာရာ တိုင်းထက် မျိုးဆက်သစ်တွေအတွက် ပညာရေးကို ပဓာနထားပြီး၊ သုတေသန နဲ့ တီထွင်ဖန်တီးကြံဆမှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့မှုကြောင့် ဒီလောက်သေးငယ်ပြီး၊ ဘာ သယံဇာတမှ မရှိတဲ့ သဲကန္တာရ နိုင်ငံငယ်လေးဟာ ဖွံ့ဖြိုးတဲ့နိုင်ငံစာရင်းထဲကို လွတ်လပ်ရေးရပြီး နှစ် ၅၀ လောက်အတွင်းရောက်လာခဲ့တယ်။ လက်စားချေဖို့ထက် ကိုယ့်လူမျိုးတွေ တိုးတက်ဖို့ကို အဓိကထားတယ်။ သတိတော့ အစဉ်ရှိဖို့လိုတာပေါ့။
တလမ်းလုံးကြည့်လိုက်ရင် ကုန်းမြေ၊ ကျောက်တောင်မြေ ခြောက်ကပ်ကပ်တွေပဲရှိတယ်၊ သစ်ပင် ကြီးငယ် အားလုံး လူတွေ စိုက်ထားပြီး တစ်ပင်မကျန် အစက်ချ စံနစ်နဲ့ ရေပေးပြီး ပါတ်ဝန်းကျင် စိမ်းစိုအောင်ကြိုးစားထားတယ်။
Rehovot ကနေ ဂျေရုဆလင် ကို သွားတော့ ပါလက်စတိုင်း တွေနေတဲ့ နေရာ ကနေဖြတ်သွားရတယ်။ တံတိုင်းကြီးခြားထားပေမဲ့ အားလုံး သာသာယာယာပဲ၊ ဂျေရုဆလင်မှာလဲ ရပ်ကွက်သပ်သပ်စီနဲ့ ရောနှော နေထိုင်ကြတယ်။ ပါလက်စတိုင်းအိမ်မှန်းသိသာစေတဲ့ ခွဲခြါးထားတဲ့ အချက်က ပါလက်စတိုင်း အိမ်တွေ ခေါင်မိုးတိုင်းမှာ အနက်ရောင် ရေတိုင်ကီတွေ ရှိတယ်။ သူတို့ဆီကို အစ္စရေး ကပဲ ရေပေးစံနစ်နဲ့ ရေပေးထားတာတွေ့ရတယ်။
ဖွံ့ဖြိုးရေး ခရီးစဉ်မို့ ဘယ်သူမှ နိုင်ငံရေး အစွန်းမလွတ်တဲ့ စကားတွေမပြောကြဘူး။
ဘာသာရေးလဲ ဒီလိုပဲ၊ ပါရှန်အင်ပါယာ လက်ထက်ထဲက အုတ်တံတိုင်းကြီး နောက်က ရှေးဟောင်းမြို့တော်ကြီး၊ မွတ်စလင်တွေ အတွက်ရော၊ ခရစ်ယန်တွေအတွက် အထင်ကရ နေရာ ၊ ရေရှု ခရစ်တော် လက်ဝါးကပ်တိုင် တင်ခံရတဲ့နေရာ ၊ မြှုပ်နှံခံရရာနေရာ၊ ရှင်သန်ထမြောက်ရာ နေရာ စသည်ဖြင့် အဓိက နေရာပေါင်းများစွာကို လေ့လာဖို့ ကျောက်သားတွေ အပြည့်နဲ့ ဆောက်ထားတဲ့ ရှေးမြို့တော်ကြီးထဲမှာ တနေကုန် တက်လိုက် ဆင်းလိုက် လေ့လာလိုက်တာ ညနေ ၄ နာရီခွဲရော။
လာလိုက်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ၊ ဘာသာရေး ကိုင်းရှိုင်းသူတွေလဲ ကြိတ်ကြိတ်တိုးပဲ။
သမိုင်း အရတော့ ရေရှု ခရစ်တော် ကို စတင်ကိုးကွယ်ခဲ့တာ အာမေးနီးယန်း လူမျိုးတွေလို့သိရတယ်။ အာမေးနီးယန်း စားသောက်ဆိုင်မှာ နေ့လည်စာ စားတယ်။သူငယ်ချင်း အာမေးနီးယန်း မလေး ခမျာ တွေ့ရ သိရသမျှ ပျော်လွန်း စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေကျလိုက်၊ ရီလိုက် နဲ့ ထမင်းတောင် စားမဝင်ဘူး။ ကိုယ်ချင်းစာမိပါတယ်၊ အာမေးနီးယန်း ကတော့ ယ္ခုတိုင် အတွင်းအပြင် ပြဿနာတွေနဲ့ ဖွံဖြိုးမှု နောက်ကျဆဲပါပဲ။
Western wall ဆိုတဲ့ ခရစ်ဘာသာဝင်တွေ အထူးဆုတောင်းတဲ့ နံရံကြီးကလဲ လူတွေကြိတ်ကြိတ်တိုးပဲ။ ကိုယ်လဲ ရောက်မှတော့ ဝင်ပြီး ကမ္ဘာကြီးရော မြန်မာပြည်ကြီးရော ငြိမ်းချမ်းသာယာဖို့၊ ညီညွတ်မျှတဖို့၊ ချစ်ကြည်ရင်းနှီးကြဖို့ အတွက် တစ်ဒေါင့်တနေရာက ထိထိရေါက်ရေါက် ပါဝင်ဆောင်ရွက်နိုင်အောင် ဆုတောင်းလိုက်တယ်၊ ဆုတောင်း လောဘမကြီးပါဘူး၊ အာ့အချိန်မှာ ဖြစ်လာတဲ့ ဆန္ဒအမှန်ပါ။
ဒီနေ့ တွေ့ခဲ့ မှတ်ခဲ့သမျှ မျှဝေတာပါ၊ အမှားပါရင် ခွင့်လွတ်ကြပါ၊ အမှန်ပြင်ပေးကြပါ ချစ်သယ်ရင်းများ။
..-----------------------------------------------------------------------------------
.
5.Dec.2017
တစ်နေ့ နဲနဲရေးမှ ဖြစ်မှာမို့ ရေးပါရစေ။ လေ့လာ ရသမျှကို ကိုယ်ပိုင် ရှုဒေါင့်ကနေ ရေးကြည့်ချင်တာပါ။
အစ္စရေး ကတော့ နိုင်ငံသေးသေးလေးဖြစ်ပြီး လူမျိုးတစ်မျိုးတည်း ရာခိုင်နှန်းများပါတယ်၊ လယ်ယာစိုက်ပျိုး ထုတ်လုပ်သူကလဲ နဂိုထဲ ရာနှုန်းနည်းတဲ့ပြင် တခြား ကဏ္ဍတွေတိုးတက်လွန်းတော့ လူတွေဟာ လယ်ယာလုပ်ငန်းကို ပိုပိုပြီးစွန့်ခွာလာကြလို့ ကျေးလက်ဒေသ ပြန်လည်အသက်ဝင်ကောင်းမွန်ရေး အစိုးရရဲ့ကြိုးပမ်းမှု အမျိုးမျိုးမှာ အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ ကျေးလက်ဖွံဖြိုးရေး ဘတ်ဂျက်ခွဲဝေချထားပေးမှု၊ လယ်သမားတွေ စိုက်ပျိုးရေးအပြင် တခြားလုပ်ငန်း များက အပိုဝင်ငွေရအောင်ဖန်တီးမှုကို အားပေးကူညီ လမ်းညွှန်ကြပ်မတ်ပေးမှုတွေ စာတွေ့ လက်တွေ့ လေ့လာရတယ်။
အထူးသဖြင့် ပြည်တွင်းပြည်ပခရီးသွားသူတွေ လယ်ယာစိုက်ကွင်းတွေဆီ ပိုမိုလည်ပတ် အချိန်ဖြုန်း ငွေသုံး နိုင်ဖို့ လယ်သမားမိသားစုဝင်တွေရဲ့ အကြံနဲ့ အားထုတ်မှု အသစ်တွေကို အနီးကပ် အကြံပေးခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှု သင်တန်း၊ ငွေကြေးစီမံမှုသင်တန်း၊ စသဖြင့် ကူညီပေးတဲ့ပြင် လုပ်ငန်းသစ်ဟာ စီးပွားရေးတွက်ခြေကိုက်ပြီး ရေရှည်တည်တန့်နိုင်မှု ရှိမရှိ ကူညီစဉ်းစားပေးခြင်း၊ ငွေကြေး တချို့တဝက်ကို grant နဲ့ ပေးပြီး၊ တချို့ကို easy loan ပုံစံနဲ့ ထုတ်ချေးခြင်း၊ ဆိုင်ရာ ပြည်နယ် အစိုးရတခုခြင်းကလဲ အနီးကပ်ကြီးကြပ်ခြင်းတွေကို လေ့လာရတယ်။
လုပ်ငန်း အမျိုးအစား တွေကတော့ စုံလင်လွန်းလို့ ရေးရင် အရမ်းရှည်သွားပါမယ်။
အစိုးရက ဘယ်သူ့ကိုမှ ဘယ်အလုပ်လုပ်ပါလို့ ဖိအားမပေး၊ မပြောပါဘူး၊ ကိုယ့်အကြံနဲ့ကိုယ် တက်လာခဲ့၊ ကူညီဖို့ အဆင်သင့်ပဲ ဆိုတဲ့ အနေအထားပါ။
စိုက်ပျိုးနိုင်တဲ့ မြေက ဒီအကျယ်အတိုင်း၊ စိုက်ပျိုးတဲ့ လူဦးရေကနဲသွားတော့ တစိဦးချင်း ပိုင်တဲ့နှုန်းကတော့ ကြီးလာတာပေါ့။
လေ့လာရေး အနေနဲ့ အစ္စရေးရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ နိုင်ငံတည်ဆောက်စဉ်တုံးကတည်းက သုံးခဲ့တဲ့ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အတွေးအခေါ်ပေါ် အခြေခံပြီးစခဲ့တဲ့ kibbutz နဲ့ moshav ဆိုတဲ့ လူအများ အတူနေ အတူလုပ် အတူစား အမြတ်အတူတူခွဲယူတဲ့ပုံစံနဲ့ အလုပ်လုပ်နေတဲ့ ကျေးရွာတွေလေ့လာရတယ်၊ အရင် ကအတွေး အခေါ်တွေ အချိန်နဲ့ အမျှ ပြောင်းလဲခဲ့ပြီး လူ့ ဆန္ဒတွေေုပါင်းလဲမှု အရ အပြောင်းအလဲ အမြတ်ခွဲဝေမှု အပြောင်းအလဲ ၊ အလုပ်တွေကို စီမံပုံ အပြောင်းအလဲတွေ ထဲကလဲ သခဏ်းစာယူစရာတွေ အများကြီးရသလို ၊ အတုယူသင့်တာလဲများသား။ အထူးသဖြင့် ရွာထဲမှာ ခလေးလေးတွေကို ၆ လလောက်ထဲက အားလုံး အတူထိမ်းကျောင်းတဲ့နေရာကိုပို့ပြီး မိခင်တွေ စိတ်ချလက်ချ အလုပ်လုပ်နိုင်တာ၊ ခလေးချင်း ချစ်ခင်ပံ့ပိုးကြတာ၊ ဆော့ကစားပြီးကျန်းမာပျော်ရွှင်ကြတာတွေက မြို့ပြမှာ မရနိုင်တော့လို့ ၊ ခုဆို အနီးက မြို့တွေက မိဘတွေက သူတို့ ကလေးတွေကို အချိန်ပိုင်းနဲ့ အာ့နေရာတွေမှာ လာအပ်ကြတာ တွေ့ရတယ်။ မြို့က လူလတ်တန်းစားတွေ ရွာထဲပြောင်းနေကြတယ်။ ရွာစည်းကမ်းလိုက်နာမှ လက်ခံတယ်....စသဖြင့်ပေါ့လေ။
အစ္စရေး နိုင်ငံ ကိုကယ်တင်လိုတဲ့ လူငယ်တစ်စုရဲ့ ဒုတိယ ကမ္ဘာစစ်တွင်း မြေအောက် မှာ တွင်းတူးပြီး သေနပ်ကျည်ဆံထုတ်လုပ် တဲ့ စက်ရုံ၊ အင်္ဂလိပ်တွေ အုပ်စိုးဝိုင်းရံထားတဲ့ အန္တရာယ်တွေကြားမှာ ပိပိရိရိ ၃ နှစ်တိတိ လျို့ဝှက်လှုပ်ရှားပြီး၊ အပေါ်မှာတော့ ရွာတည် စိုက်ပျိုးရေးလုပ်၊ အသံမြည်တာ လူမသိအောင် အဝတ်လျှော်လုပ်ငန်း နဲ့ ကုန်ကြမ်း ကုန်ချော အဝင်အထွက် လုပ်ဖို့ မုန်ုဖုတ်လုပ်ငန်းလုပ်ကြတဲ့ မြေအောက် လက်နက်စက်ရုံ လေ့လာရေးက ပေးတဲ့ message ကတော့ နိုင်ငံတစ်ခုတည်ဆောက်ဖို့ လူငယ်တွေရဲ့ကြိုးပမ်းမှု၊ ပါးနပ်မှု၊ ပိရိမှု၊ ရန်သူကို တန်ပြန်အသုံးချနိုင်မှု၊ ကြိုတင်မျှော်မှန်းနိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စီးပွားရေးကို အချိန်တိုင်း ချိတ်ဆက်စဉ်းစားနိုင်မှုပါပဲ။
Weitzman Science Center ရောက်တော့ လဲ အံ့မခန်း တိုးတက်တဲ့ သုတသန တွေ အကြောင်းလေ့လာရလို့ ၊ ကိုယ့်နိုင်ငံ က လူငယ်လေးတွေကိုပဲ ပြေးသတိရနေမိပါတယ်။ ကိုယ်တွေကတော့ သိပ္ပံပညာရှင်ဖြစ်ဖို့ အခွင့်အရေးမရှိတော့ဘူးလေ။ ဒါပေမဲ့ အစ္စရေး လူမျိုးတွေရဲ့ စူးစမ်းလေ့လာချင်စိတ်နဲ့ ကိုယ့်လူမျိုးရော ကမ္ဘာလောကြီးကိုရော အကျိုးပြုလိုစိတ် ကို နက်နက်နဲနဲတွေ့ခွင့်သိခွင့်ရခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ကျောင်းသားဘဝ လေးလို ခဏပြန်ရလို့ ရော၊ ရာသီဥတု က ဆောင်းတွင်းပိုင်းအေးချမ်းနေလို့ရော၊ သင်တန်း အစီအစဉ်တွေ ကောင်းလွန်းတာကြောင့်ရော၊ သစ်သီးတွေ အလျှံပယ်စားရတာကြောင့်ရော တော်တော် ပျော်ရပါတယ်။
ဟီးဘရူးသီချင်းလဲ သင်ရ ဆိုရတယ်၊ ဒီတပါတ် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အတွက် ဆိုရမလား၊ ကရမလား၊ အစားအသောက်လုပ်ပြရင်ကောင်းမလား စဉ်းစားရအုံးမှာမို့ ဒါလောက်ပဲနော်။
ကျောင်းသူလေး.. 😁😁😁
..-----------------------------------------------------------------------------------
.
6.12.2017
အစ္စရေးက ဆောင်းတွင်းမိုးရွာတဲ့နိုင်ငံဖြစ်ပြီး ဒီနေ့ကတော့ သူတို့ မိုးရာသီအတွက် ပထမဆုံး မိုးရွာတာပါ။ သူတို့ တစ်နှစ်စာ မိုးရေချိန် ကမြန်မာနိုင်ငံ ၊ ရှမ်းပြည်နယ် မှာ ၄ ရက်ရွာစာနဲ့ ညီတာဆိုတော့ အစ္စရေးတွေ အတွက် ပျော်စရာနေ့ပဲ၊ လေတွေလဲတော်တော်တိုက်တော့ အရမ်းချမ်းတယ်။
ဒီနေ့က ကျောင်းပြင်လေ့လာရေးထွက်တာနဲ့ လဲတိုက်ဆိုင်တယ်။
မနက်ပိုင်း သွားတဲ့ ကမ္ဘာ့ ထိပ်ဆုံး irrigation technology ထုတ်လုပ်ရောင်းချတဲ့ Netafim ကို ရောက်ခဲ့တယ်။ ပညာရပ်ဆိုင်ရာ အသေးစိတ်တွေ ကိုတော့ အရမ်းရှည်သွား မှာမို့မရေးတော့ပါဘူး။ Netafim က အခု မြန်မာပြည် မှာလဲ စပြီးဖြန့်နေပါပြီ။ drip irrigation က စိုက်ပျိုးရေးမှာ အကျိုးကျေးဇူးများတာမို့ နိုင်ငံကြီး တချို့မှာတော့ အစိုးရက Netafim နဲ့ ပူးပေါင်းပြီး စီမံကိန်းကြီး လို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်တော့ နည်းပညာ ပျံ့နှံမှု မြန်ဆန်တယ်။ သင်တန်းသားအများစုကတော့ တခုခုဆို ဈေးနှုန်းမေးကြတယ်။ အမှန်ကတော့ နည်းပညာသစ်တစ်ခုကို adopt လုပ်မယ်ဆို cost effectivness or return on investment ကို စဉ်းစားတွက်ချက်ရမယ်၊ ဒီနည်းပညာသုံးပြီး ဘယ်သီးနှံစိုက်၊ ဘယ်ဈေးကွက်ကို ထိုးဖောက်ရောင်းချနိုင်ရင် ၊ အမြတ် ဘယ်လိုရနိုင်တယ် စသဖြင့်ပေါ့။
မြန်မာပြည်မှာလဲ Family Drip Irrigation Kit တွေ သင့်တင့်တဲ့ဈေးနဲ့ ရနေပြီး ၊ ကိုယ် လုပ်နေတဲ့ စီမံကိန်းကလဲ ဒီ နည်းပညာတွေ ကို အမျိုးသမီးလုပ်ကွက်ငယ်တောင်သူတွေ ကို နည်းပညာ မိတ်ဆက်ပေးပြီး၊ ပုဂ္ဂလိက ဖြန့်ဖြူးသူတွေနဲ့လဲ ချိတ်ဆက်သွားဖို့လုပ်နေတော့ ဒီနေ့ ပျော်ရတဲ့ subject ပါပဲ။
စိတ်လှုပ်ရှားဖို့ကောင်းတာက အစ္စရေး နဲ့ ပါလက်စတိုင်း နယ်စပ် ခြားထားတဲ့ နံရံကြီး တလျှောက် တနေကုန် ခရီးထွက်ရတာရယ်၊ မြင်နေရတဲ့ အာရပ် ၊ ပါလက်စတိုင်း အိမ်တွေ မြို့တွေ၊ လူတွေရယ် ၊အဲဒီ အမြဲဘဲ မငြိမ်းချမ်းဖြစ်နေခဲ့တဲ့ ဒေသ မှာ ဒီလောက် တိုးတက်အောင် ကြိုးစားခဲ့ကြတဲ့ ဂျူး တွေရဲ့ သမဝါယမ စိတ်ဓာတ်၊ သမဝါယမကျေး ရွာလို့ အမည်ပေးရမဲ့ kibbutz လို့ခေါ်တဲ့ လူမှု အဖွဲ့အစည်းနေထိုင်မှုပုံစံတွေရယ်၊ အဲ့ဒီလို မငြိမ်းချမ်းတဲ့ ဒေသမှာ အဲဒီလို တိုးတက်ကောင်းမွန်တဲ့ စိတ်ဓာတ် အတွေးအခေါ် အယူအဆတွေနဲ့ ရှင်သန်နေထိုင်နေကြတဲ့ ဂျူး ဆိုတဲ့ သူတွေရဲ့ စရိုက် လက္ခဏာက အံ့မခမ်းပါ။ စာထဲမှာ ဖတ်ခဲ့တာတွေထက် အပြင်မှာ ပိုပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အချိန်မှာ သမဝါယမ ပုံစံ အတူလုပ်၊ အတူစား၊ အတူနေ၊ အမြတ်အတူခွဲ မော်ဒယ်က အလုပ်ဖြစ်ပေမဲ့ ခေတ် စံနစ်တွေပြောင်းလာတာနဲ့အမျှ လူ့ အတွေး၊ လူ့လိုအပ်ချက် တွေ ပြောင်းလဲလာတဲ့ အခါ သူတို့ ဘယ်လို ညှိနှိုင်း adapt လုပ်ယူကြပြီး၊ ရှေးရိုး ပဲခေါ်ခေါ် ဂျူးတွေရဲ့ ယဉ် ကျေးမှု အရ တန်ဘိုးထားသင့်တဲ့ အရာတွေကိုတော့ democracy နည်းကျကျဆုံးဖြတ်ပြီး kibbutz မှာထိမ်းသိမ်းပုံ ၊ ခေတ်မှီ တီထွင် ဆန်းသစ်တဲ့ kibbutz ရဲ့ ဈေးကွက် စီးပွားရေး၊ အားလုံး က စိတ်လှုပ်ရှားစရာတွေပါပဲ၊ ကိုယ့်နိုင်ငံ မှာ တိုက်ရိုက် အသုံးမဝင်ပေမဲ့ သွယ်ဝိုက် အသုံးချနိုင်တာတွေက အများကြီးပဲ။ ထူးခြားတာကတော့ အိမ်တိုင်းမှာ ကျည်ဆံလုံတဲ့ security room တခန်းဆီ ထည့်ဆောက်ရတယ်။ ရွာတိုင်းမှာ ဗုံးခိုကျင်း ရှိတယ်လေ။
ဒီနေ့ ရောက်တဲ့နေရာက အစ္စရေးမြေပုံကိုကြည့်ရင် အကျဉ်းဆုံးဖြစ်တဲ့ မြေထဲပင်လယ်နဲ့ ဂေါ်ဒန် ကြားက နေရာဆိုတော့ သူတို့နိုင်ငံအတွက် နိင်ငံလုံခြုံရေးအရ အရေးကြီးဆုံးပဲ၊ အာရပ်တွေ ဝင်ပြီးတိုက်ရင် အချိန်တိုတိုလေးအတွင်း နိုင်ငံ ၂ ပိုင်းဖြစ်သွားနိုင်တာမို့ အထူးဂရုစိုက်ရတဲ့ ဒေသလဲဖြစ်နေပါတယ်။ တလမ်းလုံးတော့ လိမ္မော်ခင်း၊ ထောပတ်သီးခင်း၊ သံလွင် ပင် အခင်းတွေ များတယ်၊ သစ်ပင်ကြီးတွေကိုလဲ လိုအပ်သလို အမိုးအုပ်ပြီးစိုက်ကြတာတွေ့ရတယ်။ အခင်းကျယ်တွေချည်းပဲ။
အာရပ်တွေ နေတဲ့နေရာကလဲ ခပ်လှမ်းလှမ်းလေးပဲ အနီးကပ်မြင်နေရတယ်။ အခြေအနေအရ အစ္စရေး ပိုင်နက်ထဲ ရောက်လာတဲ့မြေတွေကတော့ အားလုံး သေချာ စီမံပြီးစိုက်ပျိုးရေးလုပ်ကြတော့ သာသာယာယာမြင်ရတယ်၊ ပါလက်စတိုင်းဘက်ကတော့ မြင်မြင်သမျှ အိမ်တွေပဲ ပြွ်ပ်ကျပ်နေအောင်ဆောက်ထားတယ်။ လူဦးရေသိပ်များတာကိုး။ နေ့စဉ် အစ္စရေးဘက်မှာ အလုပ်လာလုပ်တဲ့ အာရပ်တွေလဲ လုံခြုံရေးဂိတ်ဖြတ်ပြီး လာကြတာ မြင်နေရတယ်။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ် ၊ ဖြစ်ရင်တော့....
အကောင်းဆုံးကတော့ Kibbutz Megal လို့ခေါ်တဲ့ ရွာမှာ နေ့လည်စာ စားချိန် တစ်ရွာလုံး လာစားတဲ့ ထမင်းစားခန်းမှာ စားရတဲ့ဟင်းတွေကောင်းတာရော၊ သန့်ရှင်းလတ်ဆတ်တာရော၊ ရွေးချယ်စရာ များတာရော၊ စားပြီး ထမင်းပန်းကန်တွေ စားကျွင်းစားကျန်ပြန်သိမ်းတဲ့စံနစ်ရော သေချာမှတ် သား ထားလိုက်ပါပီ။
ဒီနေ့တော့ ဒါလောက်ပါဘဲ။
..-----------------------------------------------------------------------------------
.
7.12.2017
ဒီနေ့ ပို့စ်ကိုကြည့်ုပီးရင်တော့ ရလိုက်တဲ့ ရသ ကို ပြောခဲ့ကြပါ😁
Rural Revitalization နဲ့ Green Growth သင်တန်း ၂ ခုပေါင်း ၂၄ နိုင်ငံ ရဲ့ ယဉ်ကျေးမှု ဖလှယ်ပွဲ မှာ ကိုယ့်နိုင်ငံရဲ့ ဝတ်စားဆင်ယင်မှု၊ အစားအသောက်၊ အထင်အရနေရာတွေ၊ သီချင်း နဲ့ အကတွေ၊ ထူးခြားချက်တွေ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေနဲ့ လူမှုဖွဲ့စည်းနေထိုင်မှုပုံစံ စသဖြင့် ကိုယ် ကြိုက်တဲ့ပုံစံ အမျိုးမျိုးနဲ့ သရုပ်ပြရတယ်။
မြန်မာပြည်က သွားတဲ့ ၂ယောက်က ဆရာခွန်းဒူ က ကချင် ၊ သူ့အဝတ်အစားယူလာတယ်။ ကိုယ်က ရခိုင် ပေမဲ့ ရှမ်းကို အသွားများတော့ နောက်ဆုံးဝယ်ဖြစ်တဲ့ အကြိုက်ဆုံး အစိမ်းရောင် ရှမ်းလုံချည်လေးနဲ့ လိုက်မဲ့ လက်ရှည်အကျီ င်္တထည်ကိုယူသွားတယ်။ နိုင်ငံကိုယ်စားပြု ဘာလုပ်ကြမလဲတိုင်ပင်တော့ ကိုယ်ကလဲ ခြေလက်လှုပ်ယုံကလွဲလို့ ဘာအက မှ မကတတ်၊ သီချင်းကလဲ ကမ္ဘာမကျေ ကလွဲလို့ တစ်ပုဒ်မှ အဆုံးထိမရ၊ မြန်မာ တစ်နိုင်ငံလုံး တိုင်းရင်းသားတွေရော၊ နေရာ တွေရော ကိုယ်စားပြုတဲ့ documentry ရိုက်ထားတာ youtube မှာအနှံ့လိုက်ရှာပါသော်လည်း သိပ်ကိုယ်စားမပြုပဲ တချို့နေရာလေးတွေပဲ ကွက်ပြီး ရိုက်ပြတဲ့အပြင်ရိုက်ထား၊ တင်ထားတဲ့သူတွေက နိုင်ငံခြားသားတွေဖြစ်နေတော့ တင်ပြပုံက တမျိုးဖြစ်နေပြီး မသင့်တော်။
နောက်ဆုံး ဆရာ ခွန်းဒူ ဆီပါလာတဲ့ ကချင် တွေ စုပေါင်းကတဲ့ အကပဲ ကကြဖို့ ဆုံးဖြတ်လိုက်တယ်လေ၊ အကြံကတော့ သင်တန်းသား အားလုံးကိုခေါ်ကပစ်မယ်ပေါ့။ အစ္စရေး က နိုင်ငံခြားဆက်ဆံရေး သင်ယူနေတဲ့ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားလေးတွေလဲ လာကြမယ်ဆိုတော့ အခန်းကျယ်မှာ လုပ်မယ်ထင်ခဲ့တာလေ 😁😁
တကယ်လဲ လုပ်ရော စာသင်ခန်း ထဲမှာပဲ ဆိုတော့ ပုံမှာပြတဲ့အတိုင်း ကျဲလိုက်ရတာပေါ့။
အဝတ်အစားလှလွန်းလို့ဆိုပြီး video ရိုက်ပေးသူကရှိသေးတော့ တင်ပေးလိုက်တယ် 😁😁😁
မှတ်ချက်။ မနေ့က မိုးရွာထားတော့ ဒီနေ့အရမ်းအေးပါတယ်။ ၁၅ ဒီဂရီလောက်ပဲရှိတာ။.ဒါကြောင့် အပေါ်ဝတ် ကုတ်အကျီ် မချွတ်ပဲ အခုဝတ်ထားတဲ့ စတိုင်ကိုပဲ မြန်မာ စတိုင်လုပ်လိုက်တယ်လေ 😁😁😁။ မကခင်တော့ လူမျိုးစုတွေ အကြောင်းရယ်၊ တေါင်ပေါ် မြေပြန့်၊ နဲ့ ကမ်းရိုးတမ်း အားလုံးပေါင်းဆုံ မှပြည့်စုံတဲ့ မြန်မာပြည်ရဲ့ ကမ္ဘာပေါ်မှာ ထူးခြားဆုံး အစားအစာ လ္ဘက်သုတ်အကြောင်း ၊ ကိုယ်ဝတ်ထားတဲ့ hybrid စတိုင် ( ဂျင်း စတိုင်ပေါ့ 😁) မြန်မာ ဝတ်စုံ အကြောင်း နဲနဲပြော ပြီး အာ့လိုလေး ကပြလိုက်တော့ သတ်မှတ်ထားတဲ့ ၅ မိနစ် ပြည့်သွားရော။ ဆရာခွန်းဒူ ရဲ့ ကချင်အကကို ကျေးဇူးတင်ရတယ်။
နိုင်ငံတကာ က သူတွေရဲ့ တင်ပြမှုတွေကလဲ အရမ်း ကောင်းလွန်းတယ်။
ဒီနေ့ ကတော့ ဆယ်လီ လုပ်တဲ့နေ့ဖြစ်ပါကြောင်းနဲ့ မှတ်သားစရာရယ်၊ သတိပြုမိတာရယ်က လာတဲ့နိုင်ငံတွေရဲ့ ၉၀ ရာနှုန်းလောက်က နိုင်ငံ ကို လွှမ်းခြုံကိုယ်စားပြုပြီး၊ နိုင်ငံတကာကိုလဲ တကယ်ကောင်းတဲ့ အချက်အလက်တွေ၊ စိတ်ဝင်စားအောင် ဆွဲဆောင်တင်ပြနိုင်တဲ့ documentry တွေ အသေအချာရှိနေတာပဲ။
မြန်မာ မှာလဲ အာ့လိုရှိရင် သိမ်မငယ်ရဘူးပေါ့။ ခုခေတ်မှာ လူငယ်၊လူကြီး အသီးသီး နိုင်ငံခြား ပညာတော်သင်သွား၊ ယဉ်ကျေးမှု ဖလှယ်ကြတာဆိုတော့ ဒီလို documentry video ကလဲ ကိုယ့်နိုင်ငံ၊ လူမျိုး၊ တည်နေရာ၊ သမိုင်း၊ ထုတ်ကုန်တွေ၊ လည်ပတ်သင့်တဲ့နေရာတွေ၊ အစားအသောက်တွေ၊ အထင်ကရ တွေ ၊ ဝတ်စားဆင်ယင်ပုံတွေကို ကမ္ဘာကို ချပြ တဲ့နေရာမှာ အဆင့်မြင့်မြင့် ၊ တိုတိုနဲ့ လိုရင်း လေးရှိသင့်တာပေါ့နော်။
ကိုယ့်အတွေးပါ။
ရှိပြီးသား ရှိရင်လဲ သိတဲ့လူ link ပေးကြပါ။
ကိုယ်တွေ ခမျာတော့ တော်တော် ဥာဏ်များပြီး သတ်မှတ်ချိန်ကို ပြီးဆုံးအောင် ဟာသလေးနဲ့ ကျော်ဖြတ်လိုက်ရပါကြောင်း 😁😁😁။ ပျော်ကြပါစေ။
နက်ဖြန် သောကြာနေ့ ကျောင်းပိတ်တယ်၊ Tel Aviv ကို သွားလည်လိုက်အူးမယ်။
.-----------------------------------------------------------------------------------.
.
10.12.2017 (Sunday)
ဒီနေ့တော့ Sea of Galilee လို့ခေါ်တဲ့ ၊ အစ္စရေးနိုင်ငံ မြောက်ပိုင်း၊ တချိန်က တနိုင်ငံလုံးတွက်သောက်ရေ အဓိကအားထားရာ တစ်ခုတည်းသော ရေချိုကန် ကြီးဖြစ်ပြီး ၊ ပတ်ဝန်းကျင် တဝိုက်လုံးကလဲ တောင်တွေ ပါတ်ချာလည်ဝိုင်းလို့ ရေရှု ခရစ်တော်ရဲ့ ကြီးပြင်းခဲ့ရာ နေရာ ၊ မယ်တော် မာရီရဲ့ နေရာ စသည်ဖြင့် များလှ စွာသော ခရစ်ယန် ဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ church တွေ ၊ အထင် ကရ နေရာတွေ ကို တနေကုန် ကုန်းဆင်း ကုန်းတက် သွားရောက် လည်ပတ်ရပါတယ်။
Nazareth လို့ ခေါ်တဲ့ ထူးခြားဆုံး နေရာ အပါအဝင်ပေါ့၊ ခရစ်ယန်တွေကတော့ ပိုသိမှာပါ။
သွားလမ်း တလျောက် မှာ ပါလက်စတိုင်း ဒေသကို ဖြတ်သွား ရသလို၊ ဂါလီလေး ရောက်တော့လဲ ဂိုလန် တောင်ကုန်း တွေ ကျော်ပြီး ၊ဆီးရီးယား နဲ့ ဂျော်ဒန် ဘက်ကို တောင်ပေါ်ကနေ အနီးကပ်မြင်နေရပါတယ်၊ အစ္စရေးဘက်မှာတော့ ခြောက်သွေ့တဲ့ တောင်ဇောင်းတွေ ပေါ်မှာ ကျယ်ပြန့် လှတဲ့ ငှက်ပျော ပင် စိုက်ခင်းများ ကို ရေငွေ့ပျံမှု နဲအောင် အမိုးတွေအုပ် အသီးတွေ အပြာရောင် အိတ်တွေနဲ့ စွတ်ထားတာ မျက်စေ့တဆုံး၊ သံလွင်ပင်၊ လိမ္မော်ပင် တွေ နဲ့ သရက်ပင်တွေလဲ တမျှော်တခေါ်ဆိုတော့ ကျောက်တုံး ချည်းရှိတဲ့ ခြောက်သွေ့ဒေသ ဆိုတာ သိပ်မခံစားရပါဘူး၊ တဘက် က ဆီးရီးယား နဲ့ ဂျော်ဒန်ကတော့ လွင်တီးခေါင် ပါပဲ။
စိုက်ပျိုးရေး သမားအနေ နဲ့စိတ်ဝင်စားမိတာကတော့ အစ္စရေး အတွက် ရေချိုကို sea if galilee ကပဲ တချိန်က ယူခဲ့ပေမဲ့ ၊ ခုတော့ မိုးခေါင်မှုများပြီး ကန်ရေပြင်ကျုံ့လာတာကြောင့် လုံးဝမသုံးတော့ပါဘူး၊ တနိုင်ငံလုံး စိုက်ပျိုးရေမှန်သမျှ မြို့ပြနဲ့ ကျေးလက် အိမ်သုံးစွန့်ပစ်ရေတွေကို ပြန်လည်သန့်စင်ပြီးသုံးပါတယ်၊ တနိုင်ငံလုံး ၅ နေရာလောက် စွန့်ပစ်ရေသန့် စက်ရုံကြီးတွေ ၊ ကန်ကြီးတွေရှိပါတယ်။ တနိုင်ငံလုံးမှာ ခရမ်းရောင် ပိုက်ခေါင်းတွေကို မြင်ရင် သန့်စင်ပြီးစွန့်ပစ် စိုက်ပျိုးရေဆိုတဲ့ အဓိပ္ပါယ်ပေါ့။
သောက်သုံးရေ ကျပြန်တော့လဲ Mediterranean sea လို့ခေါ်တဲ့ မြေထဲပင်လယ် ကရေကို ဆားငံ ထုတ်ပစ်သန့်စင်ပြီး တနိုင်လုံးသုံးပါတယ်။ ဘုံဘိုင်ရေ ပဲ လူတိုင်းသောက်ပါတယ်၊ ရေသန့်ဝယ်သောက်ရင် လီတာဝက်ကို မြန်မာငွေ ၄၀၀၀ ကျပ်လောက်ကျတယ်။ Tour guide ကြီး ထပ်ခါတလဲလဲ ဂုဏ်ယူစွာပြောတဲ့ စကားကတော့ အစ္စရေး နိုင်ငံမှာ မိုးတစက်မှ မရွာ တော့ရင်လဲ မြေထဲပင်လယ်ကြီးရှိသရွေ့ အေးအေးဆေးဆေးပဲ သောက်ရေ ရော စိုက်ပျိုးရေပါရအောင် စီမံထားပြီးသားပါတဲ့။ ကဲ ဘယ်လောက်တောင် proactive ဖြသ်တဲ့ လူမျိုးလဲ စဉ်းစားသာကြည့်ပေတော့။
ရေချိုးတဲ့ ပိုက်ခေါင်း၊ ရေဘုံပိုင်...စတဲ့ ရေထွက်ပေါက်မှန်သမျှလဲ နေိုင်ငံအနှံ့နေရာတိုင်းမှာ pressure သုံးပြီး ရေကုန်သက်သာစေတဲ့ နည်းပညာသုံးထားတာ သတိထားမိတယ်။
Sea of Galilee ကိုတော့ ဒီအတိုင်းကို ကမ္ဘာ့ သမိုင်းဝင် ကန်ကြီးအဖြစ် သေချာထိန်းသိမ်းထားပြီး နိုင်ငံပေါင်းစုံ ခရီးသွားတွေ ကလဲ ဘယ်တော့မှ ပြတ်တယ် မရှိပါဘူး။
ဒီနေ့ထူးခြားတာတော့ ရောက်တဲ့ နေရာ တွေမှာ ဘယ်နိုင်ငံ ကလဲ မေးခံရတယ်၊ ဝတ်ထားတဲ့ Israel စာတမ်းပါတဲ့ T Shirt လေး ဘယ်ဆိုင်ကဝယ်ခဲ့တာလဲ၊ မြန်မာပြည်က လို့ ပြန်ဖြေလိုက်တာနဲ့ ကြွက်ကြွက်ညံအောင် ပျော်ကြပြီး ငါတို့သိတယ်၊ နောက်နှစ်လာလည်ဖို့ စဉ်းစားထားပြီးသားလို့ ပြောကြတယ်၊။ အမှန်တော့ ဝတ်စရာ ကုန်ပြီမို့ အမှတ်တရဝယ်ထားတာ ထုတ်ဝတ်ရတာလေ😁
Kinneret ဆိုတဲ့ နေရာမှာတော့ ဂျော်ဒန်မြစ်ရေ ထဲ ဆင်းပြီး နှစ်ခြင်း ခရစ်ယန်တွေ Beptistize ပြန်လုပ်နိုင်တဲ့ ထူးခြားလှပတဲ့ ဂျော်ဒန်မြစ်ရိုးလေး ထဲမှာလဲ လာကြတဲ့သူတွေ ကမ္ဘာအနှံကပဲ ၊ ဒါလောက်အေးတဲ့ ၅ ဒီဂရီပဲရှိတဲ့ ရေထဲမှာ နှစ်ခြင်းခံယူသူတွေက ပျော် တပြုံးပြုံးပဲ။
Sea of Galilee ပတ်လည်တောင်ကုန်းတွေ က ကျောက်တုံးတွေက တချိန်က မီးတောင်ပေါက်ခဲ့ လို့ မဲနက်နေတဲ့ ပြင် ပါတ်ဝန်းကျင် လွင်ပြင်ကြီးကလဲ ပြန့်ပြော လှပပြီး မြေဆီမြေသားတွေ ကောင်းလွန်းလို့ စိုက်ခင်းကျယ်ကြီးတွေနဲ့ အလှဆုံးနေရာတွေပါဘဲ။
ဒီနေ့ အပူချိန်ကတော့ မနက်ပိုင်း ၅ ဒီဂရီ ၊ နေ့လည် ၁၈ လောက်မို့ သွားရ လာရ လျှောက်ရတာ များပေမဲ့ သိပ်မပင်ပမ်းဘူးထင်ရပါတယ်။ အမှန်ကတော့ ကမ္ဘာ အံသြဘွယ်နေရာတွေ လေ့လာရ သိရှိရတာနဲ့တင် အချိန်ကုန်လို့ ကုန်မှန်း ကို မသိလိုက်တာပါ။
.-----------------------------------------------------------------------------------

11. Dec. 2017
ဒီနေ့ လေ့လာရတာတော့ Sustainable and Eco Tourism အကြောင်းပေါ့။ Tourism ဆိုတာက လဲ ကျယ်ပြန့်တယ်လေ၊ ပင်လယ်ကမ်းခြေတွေ၊ ဘာသာရေးဆိုင်ရာ နေရာတွေ၊ ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊ အစားအသောက်ကောင်းတွေ စဉ်ဖြင့် ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်းပဲကိုး။
သဘောကျမိတာ ၊မှတ်မှတ်ရရ ဖြစ်သွားတာကတော့ အစ္စရေး ရဲ့ ပင်လယ်ကမ်းခြေ သောင်ပြင် တွေအားလုံးက ဥပဒေအရ နိုင်ငံပိုင်ဖြစ်တယ်။ ဒါကြောင့် army and navy base နေရာ တချို့ကလွဲရင် အားလုံးပြည်သူတွေ အတွက်ပဲ၊ ဒါကြောင့် ပုဂ္ဂလိကပိုင် ဟိုတယ်ကြီးတွေ ရှိလဲ ရှေ့က သောင်ပြင် နဲ့ ဆက်စပ်နေရာ အချို့ကို အပိုင်စီးလို့ မရဘူး။
ရုတ်တရက် မြန်မာပြည် က ချောင်းသာ လို beach မှာ သူဌေးကြီးတွေရဲ့ ဟိုတယ်တွေ ဆက်တိုက် ဆောက်ပြီး ဝင်းခြံတွေ အခိုင်အမာခတ်ထားလို့ ၊ ငွေကြေးမပြည့်စုံတဲ့ ၊ ဟိုတယ်ကြီး မတည်းနိုင်တဲ့ ပြည်သူတွေ ဖြတ်ပြီးသောင်ပြင်ဆင်းလို့ မရတာ တွေးမိသွားတယ်။ ဟိုတယ် တွေ ကို ဆက်နေတာ ၂ မိုင်လောက်ရှည်ပြီး၊ အများပြည်သူ သုံးနိုင်တဲ့ သောင်ပြင်ဆင်းတက် လမ်းက ထိပ်၂ ဖက်မှာပဲပေးထားတော့ သာမန်ပြည်သူ အများ သောင်ပြင် ကို ဆင်းရတာ ပြန်တက်ရတာ ဝေးလွန်းပြီး အကျိုး ခံစားရတာ နည်းပါတယ်။ ငွေဆောင်လဲ ဒီလိုပါဘဲ။ အများပြည်သူတွက် ထည့်စဉ်းစားခြင်း မရှိတဲ့ သဘောတွေကို နှိုင်းယှဉ်ကြည့်မိသွားတယ်။
အစ္စရေးမှာတော့ Tourism လုပ်ငန်း ကို အဆိုးအကောင်း တွေ သေချာ သုံးသပ်ပြီး ၊ tourism ကရတဲ့ ဝင်ငွေတွေကို ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်တဲ့ လုပ်ငန်းရှင် နည်းနည်းကပဲ မျှယူတဲ့ ပုံစံ မဖြစ်စေပဲ၊ ဆိုင်ရာ ဒေသခံ ပြည်သူတွေလဲ အကျိုးအမြတ်ရှိစေဖို့ ၊ ခရီးသွားကို ဆွဲဆောင်နိုင်ဖို့ နည်းလမ်း အမျိုးမျိုးကို ၊ ထူးခြားမှု အမျိုးမျိုးနဲ့ ဖန်တီးပြီး ဒေသခံတွေ ဝင်ငွေရအောင် လုပ်ထားတဲ့ နမူနာတွေ က နိုင်ငံ အနှံ့ပဲလေ။ နမူနာယူတတ်ရင်ပညာချည်းပဲမို့ ကိုယ့်လူမျိုး ယဉ်ကျေးမှုနဲ့ ကိုက်ညီနိုင်မဲ့ နည်းလမ်းတွေ တီထွင်ဖို့ လိုပါမယ်။
အကောင်းနဲ့ အဆိုးကတော့ အမြဲ ဒွန်တွဲပါတတ်တာမို့ အရှည်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ရမဲ့သဘောပါ။
ခရီးသွားလုပ်ငန်းဆိုတာကလဲ ငွေရပေါက် များသလောက် မရေရာတဲ့ လုပ်ငန်းတမျိုးလဲဖြစ်ပါတယ်။ အရမ်းကောင်း နေတဲ့ အခြေအနေမှာလဲ နိုင်ငံရေး နဲ့ အခြား အကြောင်း တစ်မျိုးမျိုးကြောင့် ချက်ခြင်း အခြေအနေပြောင်းသွားနိုင်သလို၊ ချက်ခြင်း ရုတ်တရက် အရမ်း ခရီးသွားများလာတတ်တာလဲရှိတော့ နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်မှုတွေ၊ သန့်ရှင်းမှုတွေ လိုပါတယ်။ ခရီးသွားလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နဲ့ လူနေမှုတွေ ထိခိုက်နစ်နာတာတွေလဲရှိတော့ မူဝါဒနဲ့ အစီအမံတွေ ကောင်းဖို့ ရှေ့က မှားခဲ့ပြီးသား နိုင်ငံတွေဆီက အလွယ် အတုယူနိုင်ပါတယ်။
စိုက်ပျိုးရေး နဲ့ ခရီးသွားလုပ်ငန်းကိုတော့ အစ္စရေး အစိုးရက မူဝါဒ ချပြီးတော့ကို Agro tourism အနေနဲ့ ပြည်တွင်းပြည်ပ ဧည့်သည်တွေ လယ်ယာလုပ်ငန်းတွေ နဲ့ လယ်သမား မိသားစုတွေဆီ လာရောက် လည်ပတ်ပြီး စိတ်ကျေနပ်မှု ရစေမဲ့ အစီအမံတွေက ထူးခြားပြောင်မြောက်လှပါတယ်။ Entrepreneur အမျိုးမျိုး ကို အရမ်းအားပေးပါတယ်။ ငွေကြေးနဲ့ နည်းပညာတွေ ပံပိုးပေးပါတယ်။ ဒါမှလဲ ဖွံဖြိုးပြီးနိုင်ငံတစ်ခုမှာ တဖြေးဖြေး လူကြိုက်နည်းလာတဲ့ ကျေးရွာ မှာ မနေလို ကြတော့တဲ့ လူငယ် မျိုးဆက်တွေကို ဆွဲဆောင်နိုင်တဲ့ လယ်ယာ ပြင်ပ ဝင်ငွေရ လုပ်ငန်းတွေ ထွန်းကားပြီး ကျေးလက်ဒေသ ပြန်လည်အသက်ဝင်ထွန်းကားစေမှာ ဖြစ်ပါတယ်။ ကျေးလက်မြို့ပြ ဝင်ငွေ ကွာဟမှု နည်းစေတာပေါ့နော်။ ဒါလဲ သိသင့် နားလည်သင့်တဲ့ public policy တစ်မျိုးပါဘဲ။
နောက် တစ်ချိန်ကတော့ OFANMI ဆိုတဲ့ NGO ရဲ့ ကျေးလက်နဲ့ ဝေးလံခေါင်ပါးဒေသက ၉ နှစ် က ၁၂ နှစ်ကြား ခလေးတွေကို အဆင့်မြင့် နည်းပညာတွေနဲ့ မိတ်ဆက်ပေးနေတဲ့၊ ခလေးတွေရဲ့ အတွေးတွေ နဲ့ အိပ်မက်တွေ၊ သင်ယူလိုစိတ်နဲ့ အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးလိုစိတ်တွေ မြင့်မားလာစေရေး ကြိုးပမ်းမှု ကို တစ်ပါတ်တစ်ခါ ကွန်ပြူတာတွေ ၊ laboratory တွေနဲ့ မွမ်းမံထားတဲ့ ဘတ်စ်ကားကြီးပေါ်မှာ တင်ပြီး အထူးလေ့ကျင့်ပေးထားတဲ့ ဆရာတွေနဲ့ သင်ကြားပေးနေတဲ့ အစီအစဉ်ကို လေ့လာရပါတယ်။
ထပ်လေ့လာလိုသူတွေ နာမယ်အတိုင်း website ရှာဖတ်နိုင်ပါတယ်။ သိပ်ကောင်းတဲ့ အားထုတ်မှုပါပဲ။
ဒီနေ့တော့ ပြည်သူလူထုကို ဗဟိုပြုတဲ့ ပြည်သူ့ရေးရာ မူဝါဒနဲ့ အစီအမံတွေ ကြားရလေ့လာရတာ နဲ့ မြန်မာပြည်ပြန်ရောက်ရင် လုပ်စရာတွေ၊ ပြောစရာတွေ များလှပါလားလို့ ခံစားတွေးတောရင်း ဒီစာလေး ရေးဖြစ်အောင် ရေးလိုက်ပါတယ်။
.
.-----------------------------------------------------------------------------------
12. Dec. 2017
ဒီနေ့ အကျဉ်းချုပ်လေးရေးရရင်တော့ အစ္စရေးရဲ့ တောင်ဘက်ပိုင်း သဲကန္တရ ခရီးရှည်ကြီးသွားခဲ့ပြီး ၊ မျှော်ကြည့်လိုက်တိုင်း သဲလွင်ပြင် နဲ့ တောင်ဂတုံးတွေ ကြားမှာ ရွေ့လျားနေထိုင် အခြေချနေကြတဲ့ Beduin လို့ခေါ်တဲ့ အာရပ် မွတ်ဆလင်ရွာလေး များစွာထဲက တစ်ခု ရယ်၊ Lakia ဆိုတဲ့ အနီးဆုံးမြို့ငယ်လေးရယ်ရောက်ခဲ့တယ်။
Beduin တွေက နေရာ အတည်တကျ မနေဘဲ သိုးဆိတ်တွေမွေးပြီး အာရပ် အာဖရိက တခွင် လှည့်လည်နေထိုင်သူတွေပါ။ အခုသွားခဲ့တဲ့ရွာကလူတွေကတော့ အစ္စရေးရောက်တာ နှစ်၄၀ ကျော်ပြီး၊ ကလေးတွေ အများကြီးနဲ့ လူနေမှုနိမ့်ကျတယ်၊ အာရပ်စကားပဲပြောတယ်၊ သိုးနဲ့ ကုလားအုပ်တွေမွေးတယ်၊ အနီးဆုံး Lakia ဆိုတဲ့ မြို့လေးမှာ Beduin women တွေတွက် NGO ထူထောင်ပေးထားပြီး ဝင်ငွေတိုးအောင် သိုးမွေးကော်ဇောတွေယက်ပြီး ကမ္ဘာအနှံ့ တင်ပို့နိုင်ဖို့ အကူအညီတွေပေးတယ်၊ အဲဒီက ဦးဆောင်အမျိုးသမီးရှင်းပြတာက သူတို့ အရင်က အမျိုးသ္မီးတွေက ကလေးပဲမွေးပြီး အလုပ်ကြမ်းပဲလုပ်ရ၊ ဝင်ငွေမရှိတော့ စာလဲမတတ်ပဲ အရမ်းနိမ့်ကျရာကနေ ပြောင်းလဲလာပုံတွေပြောပြတာ သနားဖို့ကောင်းတယ်၊ ယောကျားတွေက မိန်းမတွေအလုပ်ကို ကူလုပ်ပေးတာ သူတို့မှာ ခုထိ ထုံးစံမရှိဖူးတဲ့။
ဒီအာရပ်တွေကတော့ အစ္စရေး နဲ့သင့်မြတ်စွာ နေထိုင်နိုင်ကြသူတွေပေါ့။ အစိုးရကလဲ အပြည့်အဝ မထောက်ပံ့နိုင်တော့ ပြသနာတွေတော့ များဆဲပါပဲ။ ခက်တာက သူတို့ ယဉ်ကျေးမှု နှစ်ခု အရမ်းကွာဟတော့ အရာရာ နီးစပ်ဖို့တော့ တော်တော်ခက်ပုံပါဘဲ။
နေ့လည်ပိုင်း ရောက်တဲ့ Ramat Negev ဆိုတဲ့ သဲကန္တာရ သုတေသန ဌာနကတော့ အစ္စရေး နိုင်ငံထူထောင်စဉ်ကတဲက ကမ္ဘာ့နိုင်ငံ အသီးသီးက ပြန်လာတဲ့ ဂျူးလူမျိုးတွေကို နေရာချ အလုပ်ပေးနိုင်ဖို့ သဲကန္တာရ လွင်တီးခေါင် ရဲ့ အားသာချက်ကိုယူ အားနည်းချက်ကို ကျော်လွှားနိုင်မဲ့ နည်းစံနစ်နဲ့ သီးနှံသစ်များစွာ အဆက်မပြတ် သုတေသနပြုပြီး တောင်သူတွေကို a to z အနီးကပ် နည်းပညာပံ့ပိုးရာ နေရာဖြစ်ပါတယ်၊ cherry tomato လို့ခေါ်တဲ့ ခရမ်းချဉ်သီးလုံး သေးသေးလေးတွေ အထွက်နှုန်းမြင့်မားဆုံး၊ အကောင်းဆုံး၊ ဥရောပကို တင်ပို့မှု အမြင့်ဆုံးနေရာဖြစ်တယ်။ အဓိက ကတော့ ဈေးကွကိကို အခိုင်အမာရထားပြီး ထိမ်းထားနိုင်ဖို့လဲ အမြဲကျိုးစားနေကြတယ်။
အပြန်မှာ ဝင်ခဲ့တဲ့ နေရာကတော့ David Ben Gurion လို့ခေါ်တဲ့ အစ္စရေးမြေကို ဂျူးတို့ရဲ့ နိုင်ငံ အဖြစ် လွင်တီးခေါင် သဲကန္တာရ မြေမှ ကမ္ဘာ့ တီထွင်မှု အမြင့်ဆုံးနဲ့ တိုးတက်တဲ့ နိုင်ငံအဖြစ် အမြန်ရောက်စေဖို့ အစီအမံတွေချရာမှာ ရှေ့အနာဂတ်ကို ကြိုတင်မျှော်မှန်းပြီး ကြိုးစားကြံဆ တာမှာ ဂုရုကြီးတစ်ဆူဖြစ်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်သူပါ။ အစ္စရေး နဲ့ မြန်မာ လွတ်လပ်ရေး ရနှစ်လဲတူတော့ မြန်မာကို နိုင်ငံခေါင်းဆောင် အလည်အပတ် အဖြစ် ဝန်ကြီးချုပ်ဦးနုနဲ့ တွေ့ခဲ့ပြီး ဖွံ့ဖြိုးရေး အစီအစဉ်တွေ ဖလှယ်ဆွေးနွေးခဲ့ဖူးတယ်လို့ သိရပါတယ်။
မြန်မာပြည် အလယ်ပိုင်း ဇုံတွေလဲ ခြောက်သွေ့ပေမဲ့ မတူတာက သူတို့မြေတွေက ရွံ့စေးမှုံလေးတွေဖြစ်ပြီး၊ သွင်းရေကို ထိန်းနိုင်အားကောင်းတယ်။ မြန်မာက သဲမြေများလို့ ရေထိန်းအားမကောင်းဘူး။ ဒာပေမဲ့ မိုးနဲလွန်းတော့ သူတို့ တောင်တန်းတွေက အပင်ဆို တစ်ပင်မှကို မပေါက်တာ အရမ်း အံသြစရာပါဘဲ။
ဒီနေ့ လမ်း တလျောက် လွင်တီးခေါင်မှာ အခင်းကျယ်ကြီးတွေနဲ့ green house ပုံစံအမျိုးမျိုးနဲ့ ရွာစုလေးတွေရဲ့ စွန်ပလွန်၊ သံလွင် ပင် စိုက်ခင်း ၊ ဂျုံစိုက်ခင်း တမျှော်တခေါ် တွေ့ရတယ်၊ ရာသီဥတုက အရမ်းအေးတယ်၊ နေကြဲကြဲပူနေလို့သာ နေသာတာ၊ ညဆို ရေခဲမှတ်လောက်အေးတယ်။
အကျဉ်းပြန်ချုပ်ရရင်တော့ လောကမှာ ဖြစ်ချင်စိတ် ကောင်းသော ဆန္ဒ ပြင်းပြ ရင်၊ ကြိုးစားရင်၊ အကောင်းမြင်တတ်ရင်၊ ရှေ့ကိုကြိုတွေးတတ်ရင် ၊ မဖြစ်နိုင်တာ မရှိ၊ မဖြစ်သေးတာပဲရှိတယ်ဆိုတာ ကို အစ္စရေးဆိုတဲ့ အခက်အခဲအမျိုးမျိုးကြားမှာ ရှင်သန်ရပေမဲ့ ၊ ခုလဲ အခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်ပေမဲ့ နိုးကြားတက်ကြွ ပညာရေး ရှေ့တန်းတင် ငြိမ်းချမ်းရေး ရှေးရှု ပေမဲ့ ၊ စစ်ရေး မှာလဲ ထိပ်တန်းဖြစ်နေတဲ့ နိုင်ငံနဲ့ လူမျိုးက သက်သေ ရှိတယ်ဆိုတာပါဘဲ။
အမိမြန်မာပြည်ရေ...ဘယ်တော့များမှ ရှင်သန်တက်ကြွ နိုးထကြမှာလဲ၊ သဘာဝသယံဇာတပုံကြီးကြားမှာ သာယာမနေပဲ ၊ တယောက်နဲ့တယောက်လဲ အတိတ်တွေ ပြန်မျှော်ပြီး အပစ်တွေ အပြန်အလှန် မတင်ကြတော့ပဲ စုစည်းညီညွတ်ကြပြီး၊ အနာဂတ်လူငယ်လေးတွေအတွက် သာယာကောင်းမွန်တဲ့ အခြေအနေကို ချန်ရစ်ခဲ့ဖို့ လူတိုင်းမှာတာဝန်ရှိတယ်ဆိုတာ အလေးအနက် ခံယူပြီး အလုပ်လုပ်ကြပါစို့နော်။

.-----------------------------------------------------------------------------------

13. Dec. 2017
ဒီနေ့ ညနေတော့ MASHAV လို့ခေါ်တဲ့ အစ္စရေး နိုင်ငံ စိုက်ပျိုးရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အဖွဲ့ အစည်းကြီးရဲ့ နှစ် ၆၀ ပြည့်မွေးနေ့ ပွဲ ဖြစ်ပြီး ၊ ဟာနူခါ လို့ခေါ်တဲ့ ဖယောင်းတိုင် မီးထွန်းညှိခြင်း ပွဲတော် ကို ဂျေရုဆလင် က MASHAV ရုံးချုပ် အဆောက် အအုံမှာ နိုင်ငံပေါင်း ၅၀ ကျော် က ၊ အစီ အစဉ် အသီးသီး အရ အစ္စရေးမှာ ရောက်ရှိနေတဲ့ သင်တန်းသား ၁၀၀ ကျော် လောက် ပါ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံရပ်ခြားမှာ ကိုယ့်နိုင်ငံသား အခြင်းခြင်း ပြန်ဆုံရတာလဲ တော်တော်ပျော်စရာကောင်းတယ်၊ ခလေး နဲ့ မိခင် ကျန်းမာရေး အစီအစဉ် အရ ရောက်နေတဲ့ အခြားမြန်မာ ၂ ယောက်ရယ်၊ မြန်မာ သံရုံးက ဒုတိယ သံမှူးရယ်နဲ့ ဆုံတွေ့ကြပြီး အသီးသီးကိုယ်စီ အတွေ့အကြုံ ဗဟုသုတ အတွေးတွေ ဝေမျှဖြစ်ကြပါတယ်။
မနက်ပိုင်း ကတော့ CultivAid လို့ခေါ်တဲ့ Israel NGO အဖွဲ့ရဲ့ အီသီယိုပီးယား နိုင်ငံ အစိုးရ ထောက်ပံ့ငွေနဲ့ အကောင်အထည်ဖော်တဲ့ စိုက်ပျိုး ရေး ကဏ္ဍ တိုးတက်ရေး နည်းပညာပံ့ပိုးရေး စီမံကိန်း အကြောင်းရယ်။ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရေးမှာ ICT လို့ အတိုကောက် သုံးနှုန်းတဲ့ Information and Communication Technology - သတင်းအချက်အလက်နဲ့ နည်းပညာ အသုံးချမှုမှာ အစ္စရေး လယ်သမားများရဲ့ ရှေ့တန်းရောက် နေမှု၊ ICT အကျိုး ကျေးဇူး ကို နိုင်ငံ အသီးသီးမှာ သဘောပေါက်လက်ခံမှု အခြေအနေ တွေ ဆွေးနွေးသွားပါတယ်။
သိလိုက် ရတာတွေ အများကြီးထဲက တစ်ခုကတော့ အစ္စရေး လယ်သမား ဆိုတာ ကိုယ်စိုက်တဲ့အပင် အကြောင်းကို စက်ရုံ တခုလို ကျွမ်းကျင် နှံ့စပ်ပြီး ICT ၊ green house နဲ့ ကွန်ပြူတာ အသုံးပြုကာ၊ ဈေးကွက်လိုအပ်ချက်အရ လိုချင်တဲ့ အချိန် လိုသလို အပင်ကို ခိုင်းစေပြီး အသီးအပွင့် ကို စောပြီးဖြစ်စေ၊ နောက်ကျပြီးစေ ကိုယ်လိုချင်သလို ဖြစ်အောင်ကို ထုတ်လုပ် နိုင်တဲ့သူတွေ အ ဖြစ်အထူးလေ့ကျင့်ထားတဲ့သူတွေ၊ သုတေသနပြုချက်တွေ ကို လက်လှမ်းမှီသူတွေုဖြစ်နေတာပါဘဲ။
ဒါကလဲ နိုင်ငံနဲ့ လူမျိုးရဲ့ ထူးခြားတဲ့ ဝိသေသ လို့လဲပြောနိုင်ပါတယ်။ နိုင်ငံက ငယ်တယ်၊ ဆိုရှယ်လစ် အခြေခံ ဝါဒနဲ့ အတူလုပ်အတူစား အတူခွဲယူပြီး စိုက်ပျိုးရေးကို စခဲ့တဲ့ အချိန်က ဘယ်သူမှ စိုက်ပျိုးရေး အကြောင်း ရေရေရာရာ မသိကြပဲ၊ နိုင်ငံထူထောင်ရေးတွက်ဆို စိုက်ပျိုးရေး လုပ်မှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ စခဲ့ တဲ့ ဘိုးဘွားတွေလက်ထက်တည်းက ၊ တီထွင်ဖန်တီးသုတေသန လုပ်ကြ သလို ၊ တွေ့ရှိမှု အသစ်တခု ရတာနဲ့ အခြင်းခြင်း ပညာမျှဝေကြတယ်၊ နောက်ပိုင်းမှာလဲ ဘာ နည်းပညာ သစ်တွေ့တွေ့ လယ်သမားဆီကို ၂ ပါတ်လောက်တွင်း ရောက်အောင် အသိပေးဆောင်ရွက်တဲ့ extension mechanism တွေလဲရှိနေတယ် ဆိုတော့ ၊ အရွှမ်းဖောက်ပြီးပြောရရင် အစ္စရေး ဆိုတာ အတင်းပြောသန်တဲ့ ရွာကြီးတစ်ရွာလိုပဲတဲ့လေ၊ တခုခု ဆိုရင် တယောက်ထဲ၊ တဖွဲ့ထဲ ဖွက်မထား လျှို မထားဘဲ အချင်းချင်းမျှဝေမှု မြန်လွန်းပြီး လူတိုင်းကို သိစေနိုင်တဲ့ အချက်ကိုက ၊ လူတိုင်းစေ့ မြန်မြန် တိုးတက်ကြပြီး ဒီနိုင်ငံဟာ ကမ္ဘာမှာ တိုးတက်ဖို့ အကြောင်းတရားတစ်ခုပါဘဲတဲ့၊ မှတ်သားစရာပါနော်။
ဒါ ကြောင့် ဒီနေ့ နှစ် ၆၀ ပြည့်တဲ့ မာရှပ် အဖွဲ့ရဲ့ ကြိုးပမ်းမှုဟာလဲ အစ္စရေးရဲ့ ပြင်ပ ကမ္ဘာက ညီနောင် မောင်နှမ များဆီ အသိပညာ အတတ်ပညာ မျှဝေမှု သမိုင်းရဲ့ နှစ်၆၀ မှတ်တိုင်ပဲမို့ တိုက်ဆိုင်စွာ မဆိုင်းမငံ့ မြန်မြန်ဆန်ဆန်ပဲ မျှဝေလိုက်ပါတယ်။
.-----------------------------------------------------------------------------------

16.Dec.2017
Today is a truely wonderful day visiting the DEAD Sea and Masada. I just love the trip experience.
ဒီနေ့ ကတော့ weekend ဆိုတော့ အဖွဲ့လိုက်ကြီးဘဲ အစ္စရေး နဲ့ ဂျော်ဒန် နယ်ခြား က နာမည်ကြီးလှတဲ့ ပင်လယ်သေ Dead Sea ခေါ်. ကုန်းတွင်းပိတ် ပင်လယ် ဒေသကို မနက်စောကြီးထဲက ထွက်ကြတယ်၊ ဂျေရုဆလင် ကိုဖြတ်လာပြီး ချက်ခြင်းဆိုသလိုပဲ မြင်ကွင်းတွေကပြောင်းသွားတယ်၊ ဘာဆို ဘာပင်မှ မပေါက်တဲ့ တောင်တန်း ကုန်းမြင့်ကြီးတွေ အနီးကပ်ဖြတ်သွားရတာ အရမ်းထူးခြားတယ်။.လမ်းတလျောက် တောင်ကြားလျိုတွေမှာ သဲကန္တာရ ဂျစ်ပဆီ လို့ခော်တဲ့ Beduin အုပ်စုတွေ အစုလိုက်လေးတွေ အခြေချနေထိုင်ကြပြီး သိုးအုပ်၊ ဆိတ်အုပ် အများကြီးမွေးထားကြတာတွေ့ရတယ်။
ဂျေရုဆလင်က ပင်လယ်ထက် မီတာ ၈၀၀ မြင့်ပြီး၊ Dead sea ကတော့ ကမ္ဘာမှာ အနိမ့်ဆုံး နေရာပါ၊ ပင်လယ်မျက်နှာပြင်ထက် မီတာ ၄၀၀ နိမ့်ပါတယ်။ မျက်စေ့တဆုံး သဲကန္တာရကြီး ထဲမှာ လဲ လျပ်စစ်မီးရော၊ လမ်းတွေရော ဖောက်ထားပေးနိုင်တော့ သဘာဝပေါက်ပင်သာမရှိတာ လူတွေစိုက်ထားတဲ့ စွန်ပလွံပင်တွေ မျက်စေ့တဆုံး အစက်ချ ရေပေးစံနစ်နဲ့ စိုက်ထားတယ်၊ တခြား ဟင်းသီးဟင်းရွက်တွေလဲ မျိုးစုံပဲ ပင်လယ်သေ ရပ်ဝန်းမှာတွေ့ရတော့ တော်တော်အမြင် ဆန်းပါတယ်။ 
တဖက်ကမ်းက ဂျော်ဒန်နဲ့လဲ ငြိမ်းချမ်းရေးယူထားတော့ အနီးလေး မြင်နေရပါတယ်။ 
မနက်ပိုင်းမှာ ပင်လယ်သေ တောင်ဘက်ပိုင်းက Mesada လို့ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုံးက ရိုမန် တွေက ဂျူးတွေကို တိုက်ခိုက် အင်ပါယာချဲ့စဉ်က စစ်ရှုံးမှာ သေချာသွားတဲ့ ဂျူးလူမျိုး ၁၀၀၀ နီးပါးဟာ ၊ သူတို့ ရဲ့ နောက်ဆုံးခံတပ်အဖြစ်သုံးခဲ့တဲ့ တောင်ပြတ် တောင်ထိပ်ကြီးမှာ အံသြဘွယ်ဆောက်ထားတဲ့ ခံတပ်ထဲ ကျွန်ခံမဲ့ အစား ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားတဲ့ နေရာ ကိုသွားကြည့်ကြတယ်။ တောင်ပေါ်ကို cable car နဲ့တက်ပြီး နန်းတော် ခံတပ်ပျက်ကြီးဆီ လာကြည့်ကြတဲ့ tourist တွေ အပြည့်ပဲ။ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်မှန် ပါဘဲ။ ရိုမန်တွေ တောင်အောက်မှာ ပတ်ခြာလည်ဝိုင်းထားတာကို သဲကန္တာရ လယ်ခေါင်က တောင်ထိပ် လေးပေါ်မှာလူ ၁၀၀၀ နီးပါး၊ ၂ နှစ်လောက် ကြံ့ကြံ့ခံနိုင်အောင် အစာနဲ့ ရေ ရအောင် စီမံတဲ့ နည်းတွေ လေ့လာရတာ တော်တော်စိတ်လှုပ်ရှားဖို့ ချီးကျူးဖို့ကောင်းတယ်။ စိတ်ဝင်စားရင် youtube မှာ နာမယ် ရိုက်လိုက်ပြီး ရှာကြည့်လို့ရတယ်၊ တကယ် ဆန်းကြယ်တဲ့နေရာပါ။
နေ့လည်စာ ကလဲ အာရပ် မကျ၊ အစ္စရေး မကျ တော်တော် စားကောင်းတယ်၊ အလှူပေးသလို စားသောက်ဆိုင်က ရောင်းကောင်းတယ်။
ပင်လယ်သေ ရောက်တော့လဲ အသားကို ပင်လယ်ကမ်းစပ် ရွံမဲတွေနဲ့ လူးကြ၊ ပက်လက်လှန်လိုက်တာနဲ့ အလိုလို ရေပေါ် ပေါ်နေတာကို ပျော်ကြ၊ သဘာဝတရားကြီး ကပေးအပ်ထားတဲ့ အံ့သြဘွယ် ရိုးရိုးပင်လယ်ထက် ၆ ဆ ဆားပိုငံပြီး၊ သတ္ထုဓာတ်တွေနဲ့ ပြည့်ဝနေတဲ့ ထူးဆန်းမှုတွေ၊ အလှကုန် ထုတ်လုပ်ရောင်းချတာတွေ ကို ပျော်ရွှင်မှု အပြည့်နဲ့ ခံစားပြီး ပြန်ခဲ့ကြတယ်။
အပျော်တွေနဲ့ အတူ အသွားရော အပြန်ပါ ငြိမ်သက်စွာ စဉ်းစားနေမိတာ ကတော့ ကိုယ့်နိုင်ငံအကြောင်းချည်းပါဘဲ။ တူတဲ့အချက်တွေ စဉ်းစားကြည့်လိုက်ရင် ၂ နိုင်ငံက အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေး ရတာချင်းနှစ်တူတယ် ၊ ဆိုရှယ်လစ် စီးပွားရေး လို့ခေါ်တဲ့ လူအများအတူ ပူးပေါင်းပြီး လယ်ယာနဲ့ သားငါး ကဏ္ဍတွေ ဆောင်ရွက်ကြတယ်၊ ကိုယ့်ဆီမှာ တိုင်းရင်းသားခြင်း အဆင်မပြေကျဘူး တိုက်ခိုက်ကြတယ်၊ သူတို့ကတော့ အာရပ်ကမ္ဘာ ရဲ့ အလည်ခေါင် ရန်သူပါတ်လည်ဝိုင်းနေတဲ့ အနေအထားမှာ ရှိတယ် ၊ သမိုင်းကြောင်း နဲ့ ချီပြီး ကြီးကျယ် ခမ်းနားမှုတွေ၊ ဘာသာတရားတွေ ကိုယ့် နိုင်ငံမြေမှာ ထွန်းကားပြနိ့ပွား ခဲ့တာတွေ မတိမ်းမယိမ်းပါဘဲ။ဆင်ပါတယ်။
မတူတာက ကိုယ်က နိုင်ငံကျယ်ပြီး သယံဇာတပေါတယ်။ သူတို့ က နိုင်ငံသေးပြီး၊ သယံဇာတ မရှိသလောက်ရှားတယ်။ရာသီဥတု ကလုံးဝ မကောင်းဘူး။
တော်တော် အဓိကကျတဲ့ မတူတာတွေကတော့ လူအများရဲ့ အမျှော်အမြင်ရှိမှု ၊ ဇွဲရှိမှု၊ ပန်းတိုင်ရောက်ဖို့ အောက်ကျ ရရင်လဲ သီးညည်းခံနိုင်မှု ၊ အတွေ့အကြုံကို သင်္ခဏ်းစာ အဖြစ် ပြောင်းလဲ အသုံးချနိုင်မှု၊ မှတ်တမ်းမှတ်ရာ ထားမှု၊ မျှဝေ လိုစိတ်နဲ့ ပူးပေါင်း လိုစိတ် ထက်သန်မှု၊ ပူးပေါင်းဆေင်ရွက်နိုင်ဖို့ အများလိုက်နာရမဲ့ စည်းမျဉ်းတွေချမှတ်ရာမှာ သေချာစေ့စပ်မှု၊ တိုင်း ပြည် ထူထောင်ဖို့ ပညာရေး အရေးကြီးတယ် ဆိုတဲ့ မူဝါဒ ကို စဉ်ဆက်မပြတ် ကျင့်သုံးနိုင်ခဲ့လို့ သုတေသနတွေ အလွန် အားကောင်းမှု ၊ သုတေသန တွေ့ရှိချက်ကို လက်တွေ့ အသုံးချဖို့ ကောင်းစွာ ပြောင်းလဲနိုင်မှု၊ အားနဲချက် တွေကို ဆင်ခြေပေးမနေဘဲ ၊ ပေးထားချက် လို့သာ လက်ခံပြီး အားသာချက်အဖြစ်ပြောင်းလဲ ပစ်နိုင်ဖို့ကို မူဝါဒချပြီး အဆင့်ဆင့်အားထုတ်ခဲ့နိုင်မှုတွေ တွေ့ရမှာဖြစ်ပါတယ်။
ဥပမာ တစ်ခုပဲပြောကြည့်ရအောင် ၊ အဆိုးဖက်ကကြည့်ရင် ပင်လယ်သေ ဆိုတာ နာမယ်လဲ လူကြိုက်မများနိုင်၊ ဆားငံလွန်းလို့ ရေထဲမှာ တောင် ဘာကောင်မှ မနေ၊ ပတ်လည်ဝိုင်းနေတာကလဲ လွင်တီးခေါင် သဲကန္တာရ၊ ကပ်နေတဲ့တဖက်နိုင်ငံက ရန်သူ၊ တချိန်တုံးက ဘာတခုမှ စိတ်ဝင်စားစရာ ကောင်းတာမရှိတဲ့ အခြေအနေပါ၊ ဒါကိုပဲ ပေးထားချက်ထဲကနေ သုတေသနတွေလုပ်၊ ဆားနဲ့ သတ္ထုတွေရဲ့ လူ့အသားအရေအတွက်ကောင်းကြောင်း တွေဖော်ထုတ်၊ အကောင်းဆုံး spa နဲ့ ကျန်းမာရေးကုထုံးတွေ service ပေး၊ ကမ္ဘာ အနိမ့်ဆုံးဖြစ်လို့ နေရောင်နဲ့ အောက်စီဂျင်က ရတဲ့ ကောင်းကျိုးတွေနဲ့ လူစိတ်ဝင်စားအောင်လုပ်၊ လျှပ်စစ်နဲ့ ရေ ရအောင်လုပ်ပြီး ရွာတွေ လာတည်ပြီး သဲကန္တာရ ပေါက်တဲ့ စွန်ပလွန်ပင်ကို အစက်ချရေပေးပြီး အခင်းကျယ်စိုက်ဖို့ အစိုးရက ရွာသားတွေကို အားပေး၊ နိုင်ငံခြားခရီးသွားတွေလာအောင်စည်းရုံး၊ လူ့နှလုံးသားဖမ်းစားနိုင်တဲ့ ဇာတ်လမ်းအနုပညာတွေ ဖန်တီးလိုက်တော့ တစ်ကမ္ဘာလုံးက လာကြပြီး ဒေသတခုလုံး လယ်သမားတွေမကျန် စီးပွားဖြစ်ကြတယ်လေ။
ဆိုလိုချင်တာကတော့ အဆိုးတွေ အားနည်းချက်တွေ ငြီးငြူ၊ ဆင်ခြေပေး မနေကြပဲ၊ အားသာချက်အဖြစ် ဘယ်လိုပြောင်းပစ်မလဲ စဉ်းစားလိုခြင်း၊ ထုတ်ကုန် လုပ်ငန်းထက် အကျိုးအမြတ် များစွာပိုရတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို ပိုမို ဂရုထားအားပေးတဲ့ မူဝါဒတွေနဲ့ ချဉ်းကပ်စဉ်းစားခြင်း တွေ.....
မူဝါဒဆိုတာကလဲ အမြဲတသမတ်ထဲရှိစရာ မလိုဘူး၊ နိုင်ငံနဲ့ နိုင်ငံသားတွေ စီးပွားရေး အခြေအနေ ပြောင်းလဲလာသလို ပြောင်းလဲကျင့်သုံးကြတာပါဘဲ။ ဥပမာ အရင်က လယ်သမားတွေကို ထွက်ကုန်တိုးအောင် အစိုးရက ထောက်ပံ့တဲ့ ကူညီတွေ အစီအမံတွေများတယ်၊ အခုတော့ လယ်သမားတွေ ကြိုက်တာစိုက် အစိုးရက မကူညီဘူး၊ ဒါပေမဲ့ လယ်သမားမိသားစုဝင်တွေ ရွာမှာ တခြားဝင်ငွေရမဲ့ ခရီးသွားဆွဲဆောင်နိုင်မဲ့ စီးပွားရေးလုပ်ငန်းလုပ်ချင်ရင် အစိုးရက တစိတ်တဒေသကူညီမယ် ဆိုတဲ့ မူဝါဒမျိုးပေါ့။ ဒါမှ မြို့ပြ မှာ လူနေထူထပ်တဲ့ပြသနာ တွေလျှော့ချနိုင်ပြီး၊ နိုင်ငံ စားနပ်ရိက္ခာဖူလုံရေး ကိုလဲ ရေရှည်မှာ မထိခိုက်အောင်ပေါ့။
ဟိုရောက် ဒီရောက် သိပ်ရှည်သွားပီမို့ တော်ဘီနော်။
.-----------------------------------------------------------------------------------

17.Dec.2017
ဒီနေ့ ပိတ်ရက်မှာ မြန်မာပြည် ကို အရင်လ က သင်တန်းလာပေးတဲ့ ဆရာက လိုက်ပို့်ပေးတာကြောင့် တဲလ် အဗစ်မြို့ နဲ့ ရိုဟိုဗော့ တဝိုက်က ရွာတွေက လယ်သမားတချို့ရဲ့ agro tourism လုပ်ငန်းလေး တချို့ ကို ပိုပြီးထဲထဲဝင်ဝင် လေ့လာခွင့်ရခဲ့တယ်။
Green house နဲ့ စိုက်ထားတဲ့ Cherry tomato စိုက်ခင်း ၊ ကွင်းပြင် စတော်ဘဲရီ စိုက်ခင်းထဲမှာ မြို့ထဲက မိသားစုတွေ မိသားစုလိုက် ကားတွေနဲ့လာကြပြီး ၊ ကြိုက်သလောက် ခူးစား ၊ သယ်သွားလို့ရတယ် ။ လူတစ်ဦးချင်းစာ ငွေချေရတယ်။ ကလေး ပေါက်စလေးတွေပါ ခေါ်လာပြီး ပျော်ပျော် ပါးပါး အချိန်ဖြုန်းကြတယ်။ အသီးမှဲ့ ချိန် အလိုက် seasonal opening လုပ်ပေးတာပေါ့။ အမြဲ မဟုတ်ပဲ ဆိုင်ရာ လယ်သမားလဲ အားချိန်၊ အသီးမှဲ့ချိန်လဲ ဖြစ်ဖို့တော့လိုတာပေါ့။ မြို့ပြမှာ မွန်းကျပ်သူတွေ အပြင်ထွက်ဖို့ အခွင့်အရေးကောင်းပါ။ ဘယ်ရက်မှာ ဘာတွေလုပ်လို့ရမယ်ဆိုတာ facebook ကနေ ကြေငြာတယ်။
တစ်ခင်းထဲမှာ နောက်တမျိုးကတော့ မြေကွက်တစ်ခု မှာ ဂိုဒေါင်ငယ်လေးနဲ့ ပျိုးပင်ပေါက်မျိုးစုံ ၊ လယ်ယာသုံးကိရယာမျိုးစုံ ပေးထားတယ်။ လစဉ်ကြေးပေးထားတဲ့ မိသားစုတွေ ကိုယ်ကြိုက်တဲ့ အပင် ကိုယ်ရွေးစိုက်လို့ရအောင် အစက်ချရေပေးစံနစ် နဲ့ ဘောင်တိုလေးတစ်ဘောင်ချင်းစီ နေရာ ပေးထားတယ် ။ ကိုယ်ကြိုက်သလိုလာ ပြီးစိုက်ပျိုး၊ ခူးစားလို့ရအောင် ဖန်တီးပေးထားတယ်။ member ကြေးပေးပြီး လာသူ မိသားစု ၈၀ လောက်ရှိတယ်၊ အဲဒီအရွယ် မြေကွက်မှာ အပင်စိုက်ရင် ရမဲ့ငွေထက် အဆ ၂၀ လောက် ငွေပိုရတယ်။
ဒီလို ရှုပ်ရှုပ် ယှက်ယှက်တွေ မလုပ်ချင်တဲ့သူတွေလဲရှိတာပေါ့နော်။
နောက် တစ်ယောက်ကတော့ ပန်းမျိုးသစ်တွေရအောင် စပ်မျိုးတွေ တောက်လျောက်ထုတ်လုပ်ပြီး မျိုးစေ့ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး သုတေသနတွေလုပ်ပေးတယ်။
နောက်တယောက်ကတော့ ကြက်ခြံခေါင်မိုးပေါ် ဆိုလာပြားတွေတင်ပြီး လျပ်စစ်ထုတ်လုပ်ပြီး လျပ်စစ်မီးပေးတဲ့ ကုမ္ပဏီကို ပြန်ရောင်းတယ်။
တယောက်ကတော့ အစ္စရေးမှာ လူကြိုက်များတဲ့ နိုင်ငံခြားက တင်သွင်းရတဲ့ ဂျင်းနဲ့ နနွင်းတွေ greenhouse နဲ့စိုက်ပြီး super market ကို အတက်လိုက်ပို့တယ်။
ဒါလေးတွေကတော့ မြို့နဲ့နီးတဲ့နေရာက လယ်သမားတွေ လယ်ယာလုပ်ငန်းကို မစွန့်ခွာအောင် အပိုဝင်ငွေရအောင် စိတ်ကူးအကြံသစ်တွေရှိရင် အကောင်အထည်ဖော်နိုင် အောင် အားပေးတဲ့ အစိုးရရဲ့ မူဝါဒနဲ့အစီအမံတွေ လေ့လာခြင်း တစိတ်တပိုင်းပါဘဲ။
အရင်နေ့တွေကလဲ ရွာတွင်းက သစ်သား ပရိဘောဂပန်းချီလုပ်ငန်း တို့၊ စပျစ်ဝိုင်လုပ်ငန်း နဲ့ ဝိုင်သင်တန်း၊ ဓာတ်ပုံ စတူဒီယိုတို့ စသဖြင့် လယ်သမား မိသားစုဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ အကြံသစ် စိတ်ကူးသစ်တွေ အများကြီး လေ့လာဖြစ်တယ်လေ။
.-----------------------------------------------------------------------------------

19. 12. 2017
I got my certificate and I spent one month in Israel!) I learned a lot and got good friends from different countries. 
Thank you guys for amazing time together , I will miss all of you!)
..-----------------------------------------------------------------------------------
No automatic alt text available.
.

Image may contain: 5 people, people smiling, people standing and indoor


1. December 2017
Editor Comment:  ကျနော်တော့ အစ္စရေးနိုင်ငံကို မရောက်ဖူး.. ဆရာမသိန်း နေ့စဉ်မှတ်တမ် အတိုလေးပါ။ 
အစ္စရေးနိုင်ငံမှာ စိုက်ပျိုးရေးလုပ်သား အလုပ်လုပ်ဖူးတဲ့ (စိုက်ပျိုးရေးတက္ကသိုလ် ဒေါက်တာဆလိုင်းထွန်းသန်း ရဲ့ သားကြီး၊ ယခု အမေရိကား ချီကာကိုပြည်နယ်) ပြောပြလို့သိရတာကတော့ ..ဥရောပကိုပို့မဲ့ လေကြောင်းသီးနှံကွန်တိန်နာများကို x-ray scan check လုပ်တာ တစ်လုံးမှာ သတ္တုမျှင် တွေ့လို့ fail ဖြစ်တာကြောင့် ကုမဏီရဲ့ ကွန်တိန်နားအားလုံးကို reject လုပ်တယ်။ ကုမဏီက အဲဒီကွန်တိန်နာကို လူအားနဲ့ရှာတော့ စီးကရက်ဘူးပတ်တဲ့ သတ္တုကြိုးလေး တခုတွေ့ရတယ်..တဲ့။ သူတို့သရက်သီးခြံကို အ၀င်မှာ သိပ်မစစ်ပေမဲ့ အထွက်မှာတော့ သရက်သီးမျိုးစေ့ ပါမသွားအောင် ..အကြီးကျယ် စစ်တယ်ဆိုပဲ... အစ္စရေးလေ့လာရေးခရီးသွား rev. စောစံအောင် ပြုစုဘာသာပြန်ဆောင်းပါးလေး လင့်ပေးလိုက်ပါတယ်ဗျာ..အမြင်အမျိုးမျိုးပေါ့နော်..
.

အစ္စရေးနိုင်ငံပေါ်ထွန်းလာခြင်း (နို့နှင့်ပျားရည်စီးသော သမ္မာကျမ်းမှတိုင်းပြည်
http://murann.blogspot.com/2017/09/blog-post_19.html
.
End...
.
.
ဆောင်းပါးများ
၁။ အစ္စရေး ၇ရက်ခရီးသွားကြော်ငြာ 
https://goo.gl/3durBd
၂။ 
 မြင့်မြတ်သန့်ရှင်းသောနေရာသို့ တစ်ခေါက် အခန်းဆက် ဆောင်းပါးများမှာ ဓါတ်ပုံများစွာနဲ့  

အခွန်မဆောင်ခြင်းကို ပိုပြီးသိချင် မြန်မာနိုင်ငံ အဂတိ လိုက်စားမှု


အခွန်မဆောင်ခြင်းကို ပိုပြီးသိချင်
(မိုးမခ) မေ ၁၆၊ ၂၀၁၅
လူတွေဟာ အခွန်ဆောင်ခြင်းအကြောင်းထက် အခွန်မဆောင်ခြင်းကို ပိုပြီးသိချင်ကြပါတယ်။ ဒါကတော့ လူ့သဘော သဘာဝပါ။ စာရေးသူ မြန်မာနိုင်ငံ အဂတိ လိုက်စားမှုအကြောင်း ဆောင်းပါးရေးတိုင်း လူတွေ၊ စာရေးသူကို မကြိုက်ကြပါဘူး။ လူအားလုံးနီးပါး လစ်ရင်၊ လစ်သလို အဂတိလိုက်စားချင်ပါတယ်။ မြန်မာပြည်တင်မက စင်ကာပူမှာလဲ အတူတူပါပဲ။ စင်ကာပူက စာပို့သမားကို အိမ်တိုင်ယာရောက် စာပို့ပေးလို့ ဒေါ်လာတဆယ် this is Gift Money for your service ဆိုရင် ယူမယ်ထင်ပါသလား။ သင့်မျက်နှာကိုကြည့်ပြီး .. thank you ဆိုပြီး ယူချင်ယူသွားမယ်။ no no no လို့ပြောပြီး တံစိုးလက် ဆောင်မဖြစ်စလောက်ကြောင့် သူအဖမ်းခံရမလား ဘေးဘယ်ညာကြည့်ပြီး လက်မခံတဲ့စာပို့သမား ဖြစ်ချင်ဖြစ်မယ်။ မြန်မာ ပြည်အဝင် လူဝင်ကြီးကြပ်ရေးဆီ ပတ်စ်ပို့ကြားမှာ ဒေါ်လာတဆယ်ထည့်ပြီး ဖျက်ဆီးနေတဲ့လူတစုကြောင့် ကျနော်တို့ မြန်မာနိုင်ငံကြီး အခုလို ကမ္ဘာ့လာဘ်အစားဆုံး၊ လာဘ်အပေးဆုံး နိုင်ငံဘဝရောက်သွားရတာလို့ လူသိနည်းပါတယ်။ ဗိုလ် နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တွေကိုပဲ ..အပြစ်တင်ကြတယ်။ တကယ် အပြစ်တင်ရမှာက ..ကိုယ့်ကိုယ်ကိုပဲ ဖြစ်ပါ တယ်။ ဘယ်သူ့ကိုမှအပြစ်မတင်ပဲ System Fault လို့ ရေဗူးထဲ ရေနဲနဲရှိသေးတာ တော်သေးတာပေါ့လို့ အကောင်းမြင်၊ ရောင့်ရဲလွန်းရင်လည်း ရပါတယ်။ ကိုယ့်အိတ်ထဲပဲထည့်တဲ့ ဒါမျိုးစိတ်ထားမျိုးတွေ အစိုးရမလုပ်သင့်ပါဘူး။ စီးပွားရေးပဲ လုပ်စားသင့်ပါတယ်။
အဂတိလိုက်မကင်းနိုင်သူများ ..စီးပွားရေးပဲလုပ်ကြပါလို့ အစိုးရထိပ်တန်းပုဂ္ဂိုလ်များ စီးပွားရေးသမား၊ အခွင့်ရေးသမားများနဲ့ မိတ်ဆွေတောင်မလုပ်သင့်ပါဘူး။ စီးပွားရေးလုပ်မယ်ဆိုတဲ့ မိတ်ဆွေများ၊ အစိုးရလုပ်ချင်တဲ့မိတ်ဆွေများကို အခွန်ရှောင် နည်းအကြောင်း သိမှတ်သမျှ ရှယ်လိုက်ပါတယ်။

• စင်ကာပူအခွန်ဆောင်ခြင်း
စင်ကာပူမှာ တစ်လဒေါ်လာ ၂၅၀၀ လစာရတဲ့လူ၊ အခွန်ဆောင်စရာမလိုပါ။ တွက်နည်းတွေနဲ့ဆိုရင် .. ဥပမာ မြန်မာနိုင်ငံ သားတဦး တစ်လကို ဒေါ်လာ၂၅၀၀၊ တနှစ် ဒေါ်လာ ၃၀၀၀၀ ဖြစ်သွားမယ်။ အိမ်ထောင်၊ ဇနီး၊ ကလေး၊ မိခင်၊ ဖခင် တွေကို ကြည့်ရှုစောင့်ရှောက်ရတယ် လို့ ထည့်ရေးလိုက်ရင်၊ သက်ညှာမှုများကြောင့် အခွန်မပေးရတော့ပါဘူ။ လူပျို၊ အပျို ကြည့်ရှု ရမဲ့လူမရှိဆိုရင်တော့ ဒေါ်လာတထောင်ကျော်လောက် အခွန်ဆောင်ရနိုင်ပါတယ်။ အဲ.. ၆လပဲ အလုပ်လုပ်ပြီး မြန်မာပြည်ပြန် သွားတယ်ဆိုရင်တော့ အခွန်ဥပဒေအရ အများကြီးဆောင်ရတယ်။ အဲဒီလူ ပြန်မလာတော့ဘူးဆိုရင် အဲဒီလူကို အလုပ်ခန့်တဲ့ ကုမဏီကပဲ အစိုးရကို အခွန်ပေးရတယ်။ ဒါကြောင့် ကုမ္ပဏီတွေက .. နိုင်ငံခြားတဦး အလုပ်ထွက်မယ်၊ လစာ ၂၀၀၀ အ ထက်ဆိုရင် တလ လခကို အခွန်ရှင်းလင်းပြီးမှ ထုတ်ပေးမယ်လို့ ကိုင်ထားကြပါတယ်။ စင်ကာပူနိုင်ငံသားများ၊ ပီအာ (အမြဲ နေထိုင်ခွင့်ရသူများ) ကတော့ လစာ ၂၅၀၀ လောက်ရတယ်ဆိုရင်တောင် အခွန်မဆောင်ရသလောက်ပါ။
ဒါကြောင့် အခွန်ဆောင်နည်းကိုရေးနေလည်း မြန်မာအများစု စိတ်ဝင်စားမှာမဟုတ်ပါဘူး။
ဗဟုသုတ လိုချင်တဲ့ မြန်မာများပဲ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် အခွန်မဆောင်နည်းကို ရေးခြင်းဖြစ်ပါတယ်။ အခွန်မ ဆောင်နည်းဆိုရင် လူတွေ ပိုစိတ်ဝင်စားကြမယ်။ နောက်တခု မှန်ကန်တဲ့အစိုးရ Good Government, တကယ်ဖြစ်လို သူတွေလည်း အခွန်မဆောင်နည်းကို သိထားရပါတယ်။ တိုင်းပြည်၊ အိမ်ထောင် ဦးစီးလုပ်နေရပြီဆိုရင် ဟာကွက်၊ ဖာထေး နည်းတွေကို သိထားရပါတယ်။
မိမိအိမ်ထောင်၊ အဖွဲ့အစည်းကို စနစ်တကျ လုပ်စေချင်တယ်ဆိုရင် မိမိကိုယ်တိုင်
၁။ ကောင်းတာတွေကို သိထားရပါတယ်။ ဥပမာ အခွန်ဆောင်နည်း
၂။ မကောင်းတာတွေကို လုပ်နေသူများကို တားဆီးဖို့၊ မကောင်းတဲ့နည်းလမ်းများကိုလည်း သိထားရပါမယ်။ ဥပမာ – အခွန် မဆောင်နည်း။

ဒီဆောင်းပါးက အခွန်မဆောင်နည်း၊ အခွန်ရှောင်နည်းပါ။

လစာ ဒေါ်လာ တစ်ထောင်တောင်မှ မရတဲ့ စင်ကာပူမှာ အလုပ်လုပ်သူ၊ အိမ်ဖော်များ၊ WP အလုပ်သမားများကတော့ အခွန်ဆောင်နည်း၊ အခွန်ရှောင်နည်း သိစရာလည်းမလိုပါဘူး။ ဝင်ငွေ များလာမှပဲ ဒါတွေကို သိရပါတယ်။ သိအောင်လုပ်ရပါတယ်။
စင်ကာပူမှာ တစ်လဝင်ငွေ ဒေါ်လာ၅ထောင် ရတဲ့ လူပျိုကြီးတစ်ယောက်ဆိုရင် ၊ မိဘကို ကြည့်ရှုရတယ် ပြောရင်တောင်၊ တစ်နှစ်ကုန်ရင် ဒေါ်လာ ၅၀၀၀ လောက် အခွန်ဆောင်ရပါတယ်။ တစ်နှစ်လုပ် တစ်လ အခွန်ဆောာင် ဆိုတော့ အလွန်များပါတယ်။
နောက်တဆင့် တစ်လ ဒေါ်လာ တစ်သောင်း ရတယ်ဆိုပါတော့၊ နှစ်ကုန်လို့ ဘောနပ်စ်လည်း ၄လစာလောက် ဆုကြေးရတယ်ဆိုပါတော့။ ဒီလူရဲ့ တစ်နှစ်ဝင်ငွေက စုစုပေါင်း ဒေါ်လာတစ်သိန်းကျော်သွားပြီး၊ အတိကျပြောရရင် တစ်နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်းခြောက်သောင်း SGD 160,000 ဝင်ငွေရသွာပြီ။ ဒါဆိုရင် ဒီလူ အခွန်ရှောင်နည်းကို သိဖို့လိုလာပါတယ်။ အခွန်ရှောင်နည်း မသိရင် ပွဲစားလက်ကို အပ်ရတယ်။ ရိုးသားစွာနဲ့ အစိုးရအခွန်အရရှိမင်းကို ဥပဒေအတိုင်း အခွန်ဆောင်ပါမယ် ခင်ဗျား.. လို့ အစိုရဝန်ထမ်းလက်ထဲ အပ်လိုက်ရင် ၊ အခွန်ငွေ ၃၀% ဒေါ်လာ ၄သောင်း၈ထောင်လောက် Tax SGD 48,000 ပေးရတော့မယ်။ စင်ကာပူက အစိုးရဝင်ထမ်းက လာဘ်ပေးလို့လဲမရဘူး။ အခွန်ဝန်ထမ်းကို .. လဘက်ရည်ဆောင်ခေါ်သွားပြီး ဒေါ်လာ၎သောင်း၈ထောင် .ခင်ဗျားကို ဒေါ်လာ ၂သောင်းပေးပါမယ်။ ကျနော့်ကို အခွန်မပေးရအောင် လုပ်ပေးပါ ..သွားပြောလို့မရဘူး။ ပြောရင် ပြောတဲ့လူပဲ ထောင်ကျသွားနိုင်ပါတယ်။ စင်ကာပူအခွန်ဝန်ထမ်းကလဲ .. ဟိုနားမှာ ရပ်နေတဲ့ ကိုဟဝါ ဆီသွားပါ။ သူက ခင်ဗျားကို အခွန်ရှောင်နည်း ပြောပြပါမယ်..လို့ ပွဲစားနဲ့ပေါင်းလုပ်စားတဲ့အစိုးရအခွန်ဝန်ထမ်း စင်ကာပူ၊ အမေရိကားမှာ မရှိပါဘူး။ ဒီတော့ ဘာတတ်နိုင်တော့မလဲ… ကျသင့်သလောက် ပေးလိုက်ရတာပေါ့။ ကျန်တဲ့ငွေ ဒေါ်လာ တစ်သိန်းကျော် ကိုယ်ရတာပဲ။
မြန်မာနိုင်ငံမှာတော့ ဥပမာ ..အိမ်ရောင်းမယ်၊ အိမ်ဝယ်မယ် ဆိုရင် ငွေမဲ (အစိုးရဆီပိုက်ဆံ အလွဲသုံးငွေ၊ တနည်းအားဖြင့် လိုင်စင်ပါမစ်ရောင်းစားလို့ ရတဲ့ငွေ) အဲဒီငွေမဲကိုတောင် အစိုးရက ၃၅% အခွန်ဆောင်ပြီး ဝယ်ခွင့်ပေးထားတယ်။ ဒါတောင်မှ သိန်းတစ်ထောင် အိမ်ကိုဝယ်ရင် သိန်း၃၅၀ အခွန်ပေးရမယ်။ ဒီ အစိုးရကပေးထားတဲ့ လိုင်စင်၊ ပါမစ်ကို ရောင်းစားပြီး ရထားတဲ့ငွေမဲနဲ့ အိမ် သိန်းတစ်ထောင်တန် ဝယ်မယ်ဆိုရင် ထပ်ပြီး အိမ်တန်ဖိုးကို သိန်း၃၀၀ ပဲထားလိုက်ပါ။ ငွေမဲကိုလဲ နိုင်ငံခြားမှာ တရားဝင်အလုပ်လုပ်လို့ရတယ်။ ဒါမှမဟုတ် ပြည်တွင်းမှာ ဒေါ်လာရတဲ့အလုပ် ဆိုပြီး ငွေဖြူအဖြစ် ပြလိုက်ရင် ..အခွန် သိန်း၃၅၀ ပေးစရာမလိုပဲ၊ အခွန် ၃၅သိန်းလောက်ပဲ ပေးရအောင် လုပ်စားနေတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတော် အရမ်းနစ်နာပါတယ်။ နိုင်ငံတောက် အရမ်းနစ်နာနေတာ ဒီ အခွန်ရှောင် လူတန်းစားတွေကြောင့် ဖြစ်ပါတယ်။

• အသန့်ရှင်းဆုံးဆိုတဲ့ လက်ရှိဝန်ကြီးတဦး
ဥပမာ ဝန်ကြီး၃၅ယောက်မှာ၊ အသန့်ရှင်းဆုံး ဆိုတဲ့၊ အသေးဆုံး လာဘ်စားတဲ့ လက်ရှိဝန်ကြီးတစ်ဦးကို ရေးပါမယ်။ နာမည်ကတော့ ပြည်တည်းရေးဝန်ကြီး ဦးရဲထွဏ် လို့ခေါ်ပါတယ်။ သူ့ဖေ့စ်ဘုတ်မှာ သူကိုယ်တိုင် ပွင့်လင်းစွာ ရေးထားတာပါ။ သူ ကားပါမစ်ရလို့ ကားတင်သွင်းခွင့်က ရတဲ့ငွေ ဒေါ်လာနဲ့ တိုက်ခန်းဝယ်ပါတယ်…တဲ့။ နိုင်ငံတော်က တိုက်ခန်းတွေ တစ်ပုံကြီးရှိတာ၊ မရှိရင်တောင် ဆောက်ရင် တစ်နှစ်အတွင်း ဆောက်ပေးနိုင်တာပဲ။ ဝန်ကြီးဖြစ်မဲ့လူ ကားပါမစ်လိုင်စင်ရောင်းစားပြီး တိုက်ခန်းဝယ်ရတာ မနိတ်ပါဘူး။ ဒါက အနိုမ့်ဆုံးအဆင့် လာဘ်စားခြင်းပါ။ ဝန်ကြီးဦးရဲထွဏ် ဘယ်သူကမှ ကားပါမစ်ရတာ ရောင်းစားပြီး တိုက်ခန်းလေးဝယ်ရတာကို လာဘ်စားတယ်လို့ သူကိုယ်တိုင် မဝန်ခံဘူး။ ပြည်သူလူထုကလဲ ခွင့်လွှတ်တယ်။ လာဘ်စားတယ်လို့ မသတ်မှတ်ဘူး။
.
ဒါက အခွန်ရှောင်ခြင်း ဥပမာတစ်ခုပါ။ လိုင်စင် ပါမစ် ရသူက အဲဒီပါမစ်ကို ရောင်းစားလို့ ရတဲ့ငွေဟာ လာဘ်စားခြင်းပါပဲ။ ဒီတော့ လာဘ်စားမှုဥပဒေနဲ့သာ အရေးယူရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အားလုံးနီးပါး သွားပြီပေါ့။

• စင်ကာပူ အခွန်ရှောင်နည်း
မြန်မာနိုင်ငံအကြောင်း ရောက်သွားတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ။ ဒီတော့ စင်ကာပူအကြောင်း ဆက်ရေးပါမယ်။
စင်ကာပူမှာ အခွန်ရှောင်နေသူ လူများကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများနဲ့ ကုမဏီကြီး၊ ကုမဏီငယ်များ ဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ကုမဏီလုပ်ငန်း လုပ်ပါတယ်။ ဗီယက်နမ် ပရိုဂျတ်တစ်ခုကို ဒေါ်လာ တစ်သန်းဖိုးလောက် တစ်နှစ်လုပ်ရပါတယ်။ ပညာရှင် ၄ဦးကို စေလွှတ်တဲ့ ကန်ထရိုက်ရရှိပြီး၊ တစ်ဦးကို တစ်လ ဒေါ်လာ ၅ထောင် နဲ့ငှားတော့ တစ်နှစ်ဆို၊ ၆သောင်း ပေးရပါတယ်။ ၄ယောက်ဆိုတော့ ဒေါ်လာ ၂သိန်း၎သောင်း ကုန်ပါတယ်။ အဲဒီ ပညာရှင်၎ဦးကို ဗီယက်နမ်မှာ နေစရိတ်၊ စားစရိတ် အိပ်ခန်း၂ခန်း၊ ကွန်ဒိုနှစ်လုံး တစ်လကို ဒေါ်လာ ၇၀၀ နဲ့ငှားတော့ ကွန်ဒိုနှစ်လုံးငှားခ တစ်နှစ်ကို ဒေါ်လာ တစ်သောင်း၆ထောင်ကျပါတယ်။ စားစရိတ်က သူတို့ဖာသာ စားသောက်ပေါ့။ ဗီယက်နမ်မှာ အသားဟင်း ၂မျိုးနဲ့ ထမင်းချိုင့်မှာစားရင် တစ်လမှ ဒေါ်လာ ၂၀၀ မကုန်ပါဘူး။ အလွန်ဈေးချိုပါတယ်။ ကားတစ်စီး ငှားပေးတာတော့ ဈေးကြီးတယ်။ တစ်လကို ဒေါ်လာ ၂၀၀၀ လောက်ပေးရတယ်။ မရှိမဖြစ် သယ်ယူပို့ဆောင်ရေး ဖြစ်လို့ လူရော၊ ကုန်ပါတင်တဲ့ တိုယိုတာဗင်ကား တစ်စီး ငှားတာ တစ်နှစ်ကို ဒေါ်လာ၎သောင်း ကုန်တယ်။ အဆုံးသပ်တော့ ဒေါ်လာ ၃သိန်းလောက် အမြတ်ရပါတယ်။ စင်ကာပူ – ဗီယက်နမ် ကုန်၊ လူ လေယာဉ်စရိတ်က တော်တော် ကုန်သွားပါတယ်။

အကျဉ်းရေးရရင်
ဝင်ငွေ ကန်ထရိုက်ရရှိငွေပေါင်း – $ 1,000,000
စင်ကာပူအင်ဂျင်နီယာငှားရမ်းခ – $ 240,000
ဗီယက်နမ်အလုပ်သမားငှားခ – $190,000
ကွန်ဒို၂လုံးငှားခ – $ 16,000
ကားတစ်စီးငှားခ – $ 48,000
လူနှင့်ကုန် လေယဉ်ခရီးစရိတ်၊ – $ 100,000
စင်ကာပူ ရုံးသုံးစရိတ် $100,000
ဗီယက်နမ်ရုံးစရိတ် (လာဘ်ပေးရမှုအနည်းငယ်) – $30,000
အမြတ်ငွေ – $300,000
ဒီတော့ အမြတ်၃သိန်းရပါတယ် ဆိုပြီး စင်ကာပူအစိုးရ အခွန်ဝန်ထမ်းကို အမှန်အတိုင်းတင်ပြလိုက်မယ်ဆိုရင်၊
အခွန် အနည်းဆုံး ၃၀% ပေးရမယ်။ ဒီတော့ ဒေါ်လာ ၉သောင်း အခွန်ပေးရမယ်။
ဒီတော့ အမြတ်နည်းအောင် လုပ်ရတော့မယ်။ အမြတ် ဒေါ်လာတသိန်းပဲ ရတယ် လို့ လိမ်ရေးလိုက်ရင် ၃၀% အခွန်ကောက်မယ်ဆိုတာ့ ဒေါ်လာ ၃သောင်းကြီးများတောင် အခွန်ပေးရဦးမယ်။
.
ကဲ ရှုပါတယ်ကွာ၊ ၃၀% အခွန်မဆောင်ချင်တော့ဘူး။ အခွန်ဝန်ထမ်းနဲ့လဲ ညှိလို့မရဘူးဆိုတာ သေချာတယ်။ စင်ကာပူအခွန်ဝန်ထမ်းက လာဘ်စားမှု လုံးဝမလုပ်ဘူး။ ဘောင်အတွင်း ဝင်အောင်တော့ အကြံပေးချင်ပေးနိုင်တယ်။ ဒီတော့ အခွန် ဒေါ်လာ တစ်သောင်း ဆိုတာ အများကြီးပဲပဲ။ အခု အမှန်အတိုင်းဆောင်ရမယ်ဆိုရင် ဒေါ်လာ ၉သောင်းဆိုတော့ .. ဘယ်အခွန်ဆောင်ချင်ပါ့မလဲ။ ရှောင်လို့ရတဲ့နည်းလမ်း ရှိရင်၊ အခွန်ဆောင်ပွဲစားလက် အပ်ချင်စရာပါပဲ။

• စင်ကာပူက ကုမဏီအသေးတစ်ခု အခွန်ရှောင်ခြင်း
စင်ကာပူမှာ အမြတ် တစ်နှစ်ကို ဒေါ်လာ ၃သိန်း ရတယ်ဆိုတဲ့ ကုမဏီက အသေးစားအဆင့်ပဲ ရှိပါတယ်။ အစိုးရက ဒါမျိုး အသေးစား၊ အလတ်စား ကုမဏီများကို ဂရုတောင်မစိုက်ပါဘူး။ အကြီးစားတွေ၊ တစ်ဦးချင်းလူတွေကိုပဲ အခွန်မလွတ်အောင် လုပ်နေပါတယ်။ ဒါကြောင့် ..ဘယ်လိုနည်းနဲ့ အခွန်ရှောင်ရမလဲ .. အသေးစား၊ အလတ်စား ကုမဏီပိုင်ရှင်အဖွဲ့အစည်းထဲ ဝင်ပြီး စုံစမ်းလိုက်တော့ လွယ်လွယ်လေးပါပဲ။ တပြားမှ လာဘ်ပေးစရာမလိုဘူး။ အဖွဲ့အစည်း ဝင်ကြေး လစဉ်ကြေး၊ တစ်လကို ဒေါ်လာ တစ်ရာလောက်ပဲပေးရတယ်။ အခွန်ရှောင်နည်း သင်ပေးတဲ့ အစ်ကို၊ အစ်မ ကုမဏီပိုင်ရှင်များက အကြံပေးတဲ့အတိုင်း လုပ်လိုက်ပါတယ်။
နည်းလမ်းကတော့ အင်ဂျင်နီယာငှားရမ်းခကို $240,000 အမှန်အတိုင်းမရေးပဲ $540,000 ဆိုပြီး အမြတ်ဒေါ်လာ ၃သိန်းကို အလုပ်သမားခထဲ ထည့်လိုက်ပေါ့။ ဟ.. ဒါဆိုရင် အလုပ်သမားတွေကို ပေးစလစ် Pay Slip ပြသနာဖြစ်မှာပေါ့.. လို့မေးတော့၊ ကိုယ့်မိတ်ဆွေ၊ မိသားစုတွေကို အလုပ်သမား စာရင်းထဲ ထည့်လိုက်ပေါ့၊ ဒါမှမဟုတ် ဗီယက်နမ်မှာ ကွန်ဒိုငှားခ၊ ကားငှားခတွေ ၂ဆ စာရင်းတင်ပြလိုက်ပေါ့ ..လို့ အလွယ်ကလေးပါ။
.
ဒေါ်လာတစ်သန်း ကန်ထရိုက် တစ်နှစ်ကြာအောင်လုပ်တာ အမြတ်မထွက်ဖူး ဆိုတော့ .. အစိုးရက ယုံပါမလား မေးတယ်။ ၃နှစ်အထိ ရှုံပြနေတဲ့ ကုမဏီတွေ ချည်းပဲ။ အဲ.. ၃နှစ်ကျော်လို့ အရှုံးပဲ ပြနေရင်တော့ အစိုးရ စာရင်းစစ်က ဘယ်သူ့ကိုမှ ညှာမှာမဟုတ်ဘူးနော်..လို့ သင်ကြားပေးပါတယ်။ အစိုးရကို အကြီးကျယ် မလိမ်ချင်တော့ အမြတ်ငွေ ဒေါ်လာ ၅သောင်း ရတယ်လို့ စာရင်းတင်ပြလိုက်တယ်။ 40% tax အခွန် ၂သောင်း ဆောင်လိုက်ရပါတယ်။
ဒါကတော့ စင်ကာပူက ကုမဏီအသေးတစ်ခုရဲ့ အခွန်ရှောင်းနည်းပါ။
စင်ကာပူမှာ ဒေါ်လာတစ်သန်း လည်ပတ်ငွေ Turnover Money 1 million dollar ကုမဏီဆိုတာ အသေးစား၊ အလတ်စား အဆင့်မှာပဲ ရှိပါတယ်။ ဒီကုမဏီတွေကို အစိုးရက အခွန်မကောက်တဲ့အပြင် ပံ့ပိုးမှုတွေတောင် လုပ်ပေးပါတယ်။ မြန်မာပြည် ဘာကြောင့် ဆင်းရဲသွားသလဲ ဆိုတော့ .. ဒီလို အသေးစား၊ အလတ်စားကုမဏီများ SME Small & Medium Enterprise အက်စ်အမ်အီး တွေကို မြှင့်တင်မပေးပဲ အခွန်နင်းကန် ကောက်လို့ ဖြစ်ပါတယ်။ ကုမဏီ စထောင်လိုက်တာနဲ့ တစ်နှစ်စာ အခွန် ကျပ်သိန်းတစ်ရာ အရင်ပေးရတဲ့ လာဘ်စားစနစ်ကြီး အောင်မြင်စွာ လည်ပတ်နေဆဲ ဖြစ်ပါတယ်။ တရုပ်ပြည်လို အခွန်ကောက်နိုင်ဖို့ ဆိုတာ ဒီလိုလူတွေနဲ့ ဆက်လုပ်နေလို့တော့ အဝေးကြီးပဲ၊ ဗီယက်နမ်နိုင်ငံတောင် မှီဖို့မလွယ်ဘူး။ ဗီယက်နမ်ကအမှီလိုက်ဖို့ဆိုတာ သူကလဲ ရပ်နေတာမှမဟုတ်တာ။ မြန်မာစနစ် (Burmese way of Socialism, Myanmar way of Democracy) ကို ပြောင်းဖို့ပဲ ..လုပ်နေကြပါတယ်။ စနစ်ဆိုတာ လူက လုပ်တာမဟုတ်ပါလာ။ ထိပ်ဆုံး၊ အမြင့်ဆုံး အာဏာပိုင်တဲ့ စနစ်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ပါတယ်။ အဲဒီ ဥပဒေကြီးကလဲ စက္ကူပါပဲ။ အချိန်မရွေး ပြောင်းနိုင်ပါတယ်။ အာဏာသိမ်းပြီး စစ်အစိုးရသစ်ကို အပ်ချင်ကြတာတော့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူတွေရဲ့ အကြံပါပဲ။ အမိမြန်မာပြည် နတ်သမီးက ခွင့်ပြုမယ် မထင်ပါဘူး။

• အခွန်ရှောင်/ဆောင် သင်ပြသောသော ဆရာများ
ဒီအကြောင်းတွေကို လက်တွေ့ သင်ပြပေးခဲ့တဲ့ အမေရိကန်နိုင်ငံက ဗီယက်နမ်သန်းကြွယ်သူဌေးကြီးနဲ့ သူလက်အောက်မှာ လုပ်တဲ့ အာမခံလုပ်ငန်းရှင်များကို ကျေးဇူးတင်ကြောင်း၊ ချမ်းသာသူများပဲ အခွန်ရှောင်နည်းကို သိကြပြီး၊ ဆင်းရဲသူများက အခွန်ဆောင်နည်းကို သိကြကြောင်း၊ အစိုးရဆိုတာ ဆင်းရဲသူကို အခွန်ရှော့ကောက်ပြီး၊ ချမ်းသာသူများကို အခွန်အမှန်ကန် ကောက်တဲ့ လူကို အစိုးရကောင်း လို့ခေါ်ကြောင်း၊ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံများမှာ ငွေနဲ့အာဏာပဲ ကြီးစိုးတဲ့ နိုင်ငံများ ဆင်းရဲတွင်းထဲ ကျသွားကြောင်း၊ American and Singapore Good Attitude များက ရှင်းပြကြပါတယ်။ လက်တွေ့လုပ်ဖို့က အဆတစ်ထောင်လောက် ခက်ပါတယ်။ အခုပဲ ဥရောပ IMF, ဂျပန်၊ အာရှဘဏ်၊အမေရိကန် ကမ္ဘာ့ဘဏ်အဖွဲ့ကြီးတွေ မြန်မာပြည် ကူညီဖို့လာတော့ အစိုးရက ရုံးခန်းတောင် အခမဲ လုပ်မပေးချင်ဘူး။ ဗိုလ်ချုပ်ဟောင်း အစိုးရလုပ်ပိုင်ခွင့်ရှိသူတွေက မင်းတို့ငါ့အိမ်ကို တစ်နှစ်ဒေါ်လာတစ်သန်းနဲ့ ငှားကြပါ။ ငှားရင် ..မင်းတို့လုပ်ငန်းတွေ အဆင်ပိုပြေအောင် ငါကူညီပေးပါမယ်…လို့ ပံ့ပိုးပါတယ်။ ဒီတော့ ဒီလိုစိတ်မျိုးရှိသူတွေကြောင့် ဘိန်းဘုရင်ဟောင်း၊ ဝိသမစီးပွားရေးလုပ်စားတဲ့ အေရှားဝေါလို ကုမဏီမျိုး မြစ်ဆုံစီမံကိန်းကအစ၊ မြင်ခြံ သံမဏိစက်ရုံအထိ လုပ်စားသွားကြတယ်။ လုပ်စားနေဆဲဖြစ်ပါတယ်။

• စင်ကာပူက SME ဆိုင်ခန်းတစ်ခု
ဥပမာ ထမင်းဆိုင် ဆိုရင် တစ်ယောက် ၄ဒေါ်လာနှုန်း၊ တစ်ရက်ကို လူ၁၀၀ လာစားကြတယ်။ တစ်ရက် ဒေါ်လာ ၄၀၀ ရပါတယ်။ တစ်လဆိုတော့ ဒေါ်လာ တစ်သိန်း၈သောင်း ဝင်ငွေရပါတယ်။ Turnover $144,000 ရပါတယ်။ ဒါက ဆိုင်ပေါက်စ တစ်ခုပဲဖြစ်ပါတယ်။ Turnover လည်ပတ်ငွေ များရင် အမြတ်များတယ် ဆိုတာ လူတိုင်းသိပါတယ်။ လူတစ်ယောက် လာစားတိုင်း တစ်ဒေါ်လာပဲ မြတ်တယ်ဆိုရင်တောင် ၂၅% အမြတ်ထွက်နေပါပြီ။ Investment ရင်းနှီးမှု ငွေရင်း ဘယ်လောက်လိုသလဲဆိုတာ့ ထမင်းဆိုင်လုပ်ငန်း ဆိုင်ခန်းငှားခ ဒေါ်လာ ၅ထောင်၊ နေ့စဉ် ချက်ပြုတ်ကရိယာ၊ ကုန်ကြမ်း ဒေါ်လာ ၂၀၀ ဆိုတော့ နေ့တိုင်း အမြတ် ဒေါ်လာ ၂၀၀ ရပါတယ်။ အလုပ်သမားခ ၂ယောက်ကို တစ်ရက် ဒေါ်လာ ၁၀၀၊ ဆိုင်ခန်းငှားခ တစ်ရက် ဒေါ်လာ၇၀ ဆိုရင် ဆိုင်ရှင် အမြတ်သိပ်မကျန်ပါဘူ။ ဒါက အနှိမ့်ဆုံးအဆင့် Turnover $144,000 ဆိုင်လေးတစ်ခုပါ။ စာရေးသူရဲ့ စင်ကာပူ ကုမ္ပဏီအသေးလေးအလုပ်က Turnover 1 million dollar ဆိုတာ လူ၆ယောက်လောက် ငှားပြီး လုပ်ရတာဖြစ်လို့ ဒါလောက်အလုပ်မျိုးတွေ စင်ကာပူမှာ အများကြီးပါပဲ။
ဒီတော့ စင်ကာပူမှာ အသေးစားနဲ့အလတ်စား စီးပွားလုပ်ငန်းများ လုပ်ရင် အမြတ်ငွေ များစွာရလို့ နိုင်ငံခြားသားစွာ လာလုပ်ကိုင်ကြပါတယ်။ စင်ကာပူအစိုးရက အဲဒီ လုပ်ငန်းများကို အခွန်လွှတ်ပေးပါတယ်။ အခွန် လုံးဝရှောင်လို့ မရတဲ့ ကုမ္ပဏီတွေကတော့ ဘဏ်တိုက်ကြီးများ၊ ရေနံလုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ သွင်း၊ထုတ်ကုန်လုပ်ငန်း၊ ကုန်တိုက်ကြီးများ၊ စူပါမတ်ကတ်များ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ အရောင်းဝယ်ပွဲစားများ ..စတဲ့ ဧရာမ ကုမ္ပဏီကြီးများ၊ ဝန်ထမ်း ရာ၊ ထောင် ခန့်ထားတဲ့ ကုမဏီကြီးတွေကို အလွန်ထက်မြတ်တဲ့ စာရင်းစစ်စနစ် Audit System နဲ့ အခွန်ကောက်ပါတယ်။ ကောက်လို့ရတဲ့ ပိုက်ဆံကို နိုင်ငံရဲ့ ပညာရေး၊ အခြေခံပညာနဲ့တက္ကသိုလ်၊ ပိုလီဒီပလိုမာကျောင်းများကို ပြန်သုံးပါတယ်။ နောက် လမ်းတံတား၊ ရထားကားလမ်းများကို ဆောက်ပါတယ်။ အဲ .. စစ်တပ်ကိုလည်း အများကြီး သုံးပါတယ်။ စင်ကာပူစစ်တပ် အသုံးစရိတ်က အခွန်ကောက်ရသမျှရဲ့ ၃၀% အထက်ကို သုံးပါတယ်။ ပညာရေးက ၁၅% လောက်သုံးပါတယ်။ စင်ကာပူစစ်တပ်က ပိုက်ဆံအရမ်းသုံးတာ စင်ကာပူစစ်တပ်ဗိုလ်ချုပ်ကြီးတွေ ၊ ဗိုလ်ချုပ်ဟောင်းတွေ လာဘ်စား၊ သူတို့အိပ်ထောင်ထဲ ထည့်လို့ မရပါဘူး။ ဗိုလ်ချုပ်တွေ မပြောနဲ့၊ အကြပ်တပ်သားတောင် လစာ မိသားစုလုံ လောက်အောင် ရပါတယ်။ စားဝတ်နေစရိတ်ကိုလဲ အစိုးရက တာဝန်ယူပါတယ်။ ပင်စင်ယူရင်လဲ မပူပင်ရအောင်၊ သားစဉ်မြေးဆက် အစိုးရက တာဝန်ယူပါတယ်။

• နိဂုံး (အခွန်ရှောင်ခြင်း)
မြန်မာပြည်မှာ မှတ်ပုံတင်ရုံး၊ ကားမောင်းလိုင်စင်ရုံး၊ ခရီးသွားထောက်ခံစာကအစ ရောက်လေရာ ရုံး၊ ဌာနဆိုင်ရာတွေမှာ အခွံရှောင်ဖို့ကြိုးစားသူများက ဌာနဆိုင်ရာများက မလွတ်တမ်း အခွံကောက်နေပါတယ်။ စင်ကာပူမှာတော့ မြန်မာအချင်းချင်း လူလိမ် လူပွဲစား၊ အလုပ်ပွဲစားတွေပေါ့။ စကားကြမ်းကြမ်း ရေးရင် တောင်းစားနေကြတယ်ပေါ့။ သူတို့ကို အရေးမယူချင်ပါ။ အာဏာရှိနေတဲ့ အခွန်ရှောင်ထိပ်တန်း ခေါင်းဆောင်ကြီးတွေတော့ တိုင်းပြည်အတွက် လုပ်နေတာမို့ အရေးမယူသင့်ပါဘူး။ ရှိပါစေတော့။ ဒါပေမဲ့ ဟိုး .. မြန်မာနိုင်ငံတွင် အမိန့်သားထိုင်နေတဲ့ အခွန်ရှောင်၊ ဘိန်းဘုရင်ဟောင်းတွေကိုပဲ အရေးယူလိုက် စေလိုပါတယ်။ ဒီလိုအစပြုရင်းတော့ တဖြေးဖြေး အဆင်ပြေသွားမှာပါ။
အခွန်ဆောင်ခြင်း၊ အခွန်ရှောင်ခြင်းများကို Singapore and Myanmar Good Attitude များအတွက် ဒါလောက်ပဲ ရေးလိုက်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။ ဝတ်မှုန် (စင်ကာပူ)
August 21 2017

ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ ခိုးမှ ထမင်းစားရမှာလား


Aung Kyaw SanFollow
ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ
ခိုးမှ ထမင်းစားရမှာလား
Crd. .M Swe Fone
ရင်နာစရာတော့ကောင်းပါတယ်။
အင်္ဂျင်နီယာပညာတွေသင်၊ အင်္ဂျင်နီယာအလုပ်လုပ်တဲ့သူတွေကို သူခိုးတွေလို့ပြောကြတယ်။ ဘယ်အင်္ဂျင်နီယာက ခိုးချင်ပါ့မလဲ။ ခိုးချင်တဲ့သူလည်း ရှိချင်ရှိမှာပေါ့လေ။

ဒါပေမယ့် ဒီလောက်ပညာတွေသင်လာပြီးမှ ခိုးမှ စားရမယ်ဆိုတာကိုတော့ အများစုကဘဝင်ကျနိုင်မည်မဟုတ်ပါ။ ဒါဆို မခိုးကြဘူးလား။ ဟုတ်ကဲ့ ခိုးပါတယ်။ ကျွန်တော်လည်း အစိုးရအင်ဂျင်နီယာဝန်ထမ်းဘဝနဲ့ ဆယ်နှစ်ကျော် ခိုးပြီး မိသားစုကို ကျွေးမွေးခဲ့ရပါတယ်။ မိသားစုကို ကျွေးမွေးဖို့လောက်ဆို အင်ဂျင်နီယာတွေ ခိုးဖို့လိုမည်မထင်ပါ။ ကိုယ့်မိသားစု မဟုတ်တဲ့ သူတွေအတွက်ပါ ခိုးပြီး ကျွေးရ၊ ပေးရလို့၊ မင်းတို့လည်းခိုး၊ ငါတို့ကိုလည်း percentage ပေးဆိုတဲ့ လူတန်းစားတစ်ရပ် ဖန်​တီးဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့ အင်ဂျင်နီယာတွေ သူခိုးဘဝကို ရောက်ကြပါတော့တယ်။

Yellow Book လို့ခေါ်တဲ့ Analysis of Rates မှာ လုပ်ငန်း items အလိုက် materials ကို Wastage ရာခိုင်းနှုံးက material အပေါ်မူတည်ပြီး 5% ကနေ 50% အထိ ခွင့်ပြုထားပါတယ်။ ပစ္စည်းအလေအလွင့်မရှိအောင် လုပ်တတ်ရင် ကိုယ်တွက်ကျန်ပြီးသာပါ။ ဝယ်တဲ့ဆိုင်က ဖောက်သည်ဖြစ်အောင် commission ပေးတာလည်း ရှိပါတယ်။

ဟုတ်ပြီ။ ဒါဆို ဘာဖြစ်လို့ခိုးတာလဲ။ ဒီနေရာမှာ ဘာကို ဘယ်လိုခိုးသလဲဆိုတာ ရှင်းပြပါမယ်။

(၁) Quality အပေါ်မှ ခိုးခြင်း
လုပ်ငန်းတစ်ခုဆောင်ရွက်ဖို့ drawings နဲ့ estimate တွေ ရှိရပါတယ်။ details drawing ကိုဖတ်ပြီး estimate ဆွဲရပါတယ်။ ဥပမာ brick work ဆိုပါစို့။ details drawing မှာ 1:3 cement mortar နဲ့ပြထားပြီး estimate ကလည်း 1:3 cement mortar နဲ့ materials ထုတ်တယ်။ field မှာလုပ်တော့ composite mortar သုံးတယ်။ သို့မဟုတ် 1:5 cement mortar ကိုသုံးတယ်ဆိုရင် cement ရဲ့ quantity လျှော့သုံးလိုက်တဲ့အတွက် quality အပေါ်မှ ခိုးခြင်းဘဲဖြစ်ပါတယ်။

(၂) Substituted ခိုးခြင်း
ဒါကတော့ ပစ္စည်းတစ်ခုကို တန်ဘိုးနည်း အမျိုးအစားတူပစ္စည်းဖြင့် အစားထိုး ထည့်သုံးခြင်းဘဲဖြစ်ပါတယ်။ ဥပမာ estimate မှာ cement ကို တံဆိပ်တွေ၊ made တွေ ရေးမထားဘူး။ ဒါပေမယ့် price ကတော့ Thai brand နဲ့ cost ပြထားတယ်။ တကယ်သုံးတော့ China made နဲ့ တွယ်လိုက်တယ်ဆိုရင် ဒါ ခိုးတာဘဲပေါ့။ တစ်ချို့ဆို hardwood အစား Inn
နဲ့တောင် ထည့်သုံးခဲ့ကြတယ်။ ဒီမှာက Thai ရယ်၊ China ရယ် Local ရယ်ဆိုပြီး လွတ်လပ်စွာ ဝယ်ယူအသုံးချခွင့် ရှိတော့ ပက်ပက်စက်စက်ကို လုပ်နေကြတာ။ အရင်ခေတ်တွေက ပိုဆိုးပေါ့။

(၃) Measurement ကို ခိုးခြင်း
အများအားဖြင့်တော့ အလွယ်တကူမြင်တွေ့လို့မရတဲ့ Foundation အပိုင်းတွေမှာ ခိုးတာများပါတယ်။ depth ကို လျှော့တူးတာ၊ Retaining wall တွေမှာ steps တွေ မထည့်တာတွေပေါ့။ Roads တွေမှာ လမ်းခင်းကျောက်ထု မပြည့်တာ၊ လမ်းအကျယ်တွေ လျော့တာတွေလည်း ဒီခိုးနည်းမှာ ပါတာပေါ့။

(၄) အပျောက်ရိုက်ခိုးခြင်း
ဒီခိုနည်းကို ဥပမာပေးဖို့ တော်တော်စဉ်းစားရတယ်။ ဘယ်မှာတွေ့လည်းဆိုတော့ ​လွန်ခဲ့တဲ့ ၂လလောက်က fb မှာ ကျောင်းဆောက်တာနဲ့ ပတ်သက်ပြီး tender အောင်လို့ လုပ်ခွင့်ရတဲ့ ကုမ္ပဏီက စာသင်ကျောင်းဆောက်ရာမှာ 9"x9" R.C.C plinth beam ထည့်ရမှာကို သံချောင်းမထည့်ဘဲ ထု 6" လောက်နဲ့ concrete လောင်းထားတယ်။ "ခိုးချင်တာလည်း ပြာလို့၊ အ,လိုက်တာလည်းချာလို့" ပြောရမလိုဖြစ်နေပြီ။ တကယ်ဆို သံချောင်းမထည့်မှတော့ 2" ထုနဲ့ D.P.C
ဘဲ လောင်းလိုက်ပေါ့။ သိတဲ့သူက စစ်လို့ပေါ်တော့ ရှက်စရာဖြစ်ရော။ 2" ထု D.P.C လောင်းထားလို့ စစ်တဲ့သူလာရင် အင်ဂျင်နီယာကို လွှဲချလို့ရတာပေါ့။
ကုမ္ပဏီပိုင်ရှင်တွေအတွက် အင်ဂျင်နီယာတွေရဲ့ အသုံးဝင်ပုံ တစ်ခုပေါ့။ ဒီနည်းကတော့ ခပ်တည်တည်နဲ့ သုံးရမယ့်ပစ္စည်းကို လုံးဝထည့်မသုံးလို့ အပျောက်ရိုက်ခိုးခြင်းမည်ကြောင်း ဂဏှာဟိ မှတ်လေလော့။

(၅) Rate ကို ခိုခြင်း
ဒီခိုးနည်းကိုတော့ Local Rate ဆိုတဲ့ ဒေသပေါက်ဈေးနှုန်းအပေါ်မှီပြီး ခိုးတာပါ။ လက်တွေ့သိချင်ရင်တော့ မိမိတို့မြို့က အတည်ပြု ထုတ်ပေးထားတဲ့ ဒေသပေါက်ဈေးနှုန်းစာအုပ်ထဲကဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေနဲ့ အပြင် ကုန်မာဆိုင်တွေက ရောင်းတဲ့ ဈေးနှုန်းတွေကို သုတေသနလုပ်ကြည့်ကြပါ။ ဘယ်မြို့မှာမဆိုပေါ့။
ဒီလောက်ဆို ပြည့်စုံသလောက်ရှိပါပြီ။ ဒါကိုဖတ်ပြီး ကုမ္ပဏီတွေနဲ့ တစ်ချို့ အင်ဂျင်နီယာတွေက အကျွန်ုပ်ကို မေတ္တာတွေ ပို့ကြရော့မယ်။ ကိစ္စမရှိပါဘူး။ ဆဲချင်လည်း ဆဲလို့ရပါတယ်။ ကျွန်တော် အထက်မှာပြောခဲ့သလိုဘဲ။ အင်ဂျင်နီယာပညာဆိုတာ လူတိုင်းသင်ယူခွင့် မရကြပါဘူး။ နောက်ပြီး အင်ဂျင်နီယာဖြစ်ရတာလည်း ဂုဏ်ယူစရာတစ်ခုပါ။
ဒါပေမယ့် ခိုးစားရတယ်ဆိုတာကတော့ ပညာတတ်တွေရဲ့ အလုပ်မဟုတ်သလို ဂုဏ်ယူစရာနဲ့လည်း လုံးဝ ဆန့်ကျင်ဖက်ကြီးပါ။
ခိုးတယ်ဆိုမှတော့ အဒိန္နဒါနကံ မြောက်နေပါပြီ။

ဒါကို မသိလို့လုပ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သိသိကြီးနဲ့ လုပ်နေကြတာပါ။ ဘာသာတရားနဲ့ပြောရင်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အခြေခံ ၅ ပါးသီလမှ လုံခြုံအောင် မစောင့်ထိန်းနိုင်တဲ့လူမျိုးတွေပါလားဆိုပြီး ရှက်ဖို့လည်း ကောင်းပါတယ်။ နောက်ပြီး နိုင်ငံတစ်ခုကို တိုးတက်အောင် တည်ဆောက်ရာမှာ စာရိတ္တမဏ္ဍိုင် မခိုင်ဘဲနဲ့ တည်ဆောက်လို့မရပါ။ လူမျိုးတစ်မျိုးရဲ့ စာရိတ္တမဏ္ဍိုင်ဟာ အဆောက်အဦတစ်ခုရဲ့ အုတ်မြစ် Foundation ပါ။ အားလုံးရဲ့အကြံဥာဏ်တွေနဲ့ စုပေါင်းပြီး လက်ရှိ ဖြစ်ပျက်နေတာတွေကို ပြုပြင်ဖို့ လိုနေပါပြီ။
ဒီလိုပြောတော့ မင်းက ဝန်ထမ်းကထွက်ပြီး သောက်ကြီးသောက်ကျယ်ပြောတယ် ထင်ချင် ထင်ကြမယ်။ ကြိုက်သလို ထင်နိုင်ပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝကတင် ထွက်ခဲ့တာမဟုတ်ပါ။ နောက်ဘဝတွေမှာ သီလမလုံလို့၊ အဒိန္နဒါနကံကြောင့် ဖြစ်မယ့်၊ ခံရမယ့် အပါယ်​​ဘုံဘဝတွေကနေကို လွတ်ဖို့ဆိုပြီး တတ်နိုင်သလောက် ရှောင်ထွက်ခြင်းပါ။ ကျွန်တော့်အဖိုးတွေနဲ့ ကျွန်တော့်အဖေဟာ ဘာသာရေးလိုက်စားသူတွေပါ။ ကျွန်တော် အလုပ်ထွက်စာတင်ပြီးတာနဲ့ ရွာက ကျွန်တော့်အဖေဆီ စာတစ်စောင်ရေးပို့ပါတယ်။

ကျွန်တော်အလုပ်ထွက်ရခြင်းကို ကျွန်တော့အဖေ နားလည်စေဖို့ပါ။ အဓိကအကြောင်းပြတာကတော့ ကျွန်တော် အင်ဂျင်နီယာလုပ်ပြီး ပြည်သူ့ဘဏ္ဍာကို မခိုးချင်တော့ကြောင်း၊ လုပ်တာတမျိုး၊ စာရင်းပြတော့တစ်မျိုးဆိုတော့ မုသာဝါဒကံပါ ချိုးဖောက်နေသလိုဖြစ်လို့ အလုပ်ထွက်လိုက်တာဖြစ်ပါကြောင်း၊ ဒီလိုမခိုး၊မလိမ်ညာဘဲ ဘဝကိုရပ်တည်လို့ရမယ်လို့ ယုံကြည်ကြောင်းတွေ ရေးလိုက်တာပါ။ အဖေလည်း ကျေနပ်မှာပါလေ။
2009 ခုနစ် ရန်ကုန်မှာ ကျွန်တော့်ကို Staad. Pro သင်ပေးတဲ့ ဆရာမလေးက သူ့အကြောင်းကို ပြောပြပါတယ်။ ကျနော့်ထက် အသက် ၁၀ နှစ်လောက် ငယ်ပါတယ်။ သူ့အဖိုး၊ သူ့အဖေလည်း အင်ဂျင်နီယာတွေဖြစ်ကြောင်း။ ဆည်မြောင်းနဲ့ ဆောက်လုပ်ရေးဌာနတွေမှာ ဝန်ထမ်းတွေ လုပ်ခဲ့ကြပြီး သူ့ကိုတော့ ဝန်ထမ်းမလုပ်ခိုင်းလို့ အခုလို ရန်ကုန်မှာလာပြီး အချိန်ပိုင်း သင်တန်းဆရာ
လုပ်နေကြောင်းပြောပါတယ်။ သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အဲဒီ 2009 က ကျွန်တော် ဝန်ထမ်းက ထွက်တဲ့နှစ်ပါ။ အခု ကျွန်တော် အပြင်က ပုဂ္ဂလိက အဆောက်အဦးတွေ လိုက်ဆောက်းပေးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဘဲ။ ဘာမှ ခိုးစရာ၊ လိမ်စရာ မရှိတော့ဘူး။ ဘယ်သူ့မှ မပေးချင်ပေးချင်နဲ့ ပေးရတဲ့ percentage တွေလည်း မရှိဘူး။ ရှင်းတယ်။ ဘဝဆိုတာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရမယ်လို့ မဟာမြိုင်ဆရာတော် ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးပါတယ်။

စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ များများလည်း share ပေးကြပါ။ မျိုးဆက်သစ်တွေအတွက်ပေါ့။
အိပ်မက်လှလှလေးတွေ မက်ပါစေ။
Crd. .M Swe Fone
Credit # Sayar Kaung
Photo # Facebook