Monday, November 20, 2017

လပ်ပေးလပ်ယူ အကြောင်း ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ စင်ကာပူက မြန်မာ၅ထောင်ကို တွေ့ဆုံပွဲမှာပြောခြင်း..။ ၂၀၁၇ ကော်မရှင် ဥက္ကဌအဖြစ် ဦးအောင်ကြည်

ကျမတို့ငယ်ငယ်တုန်းက ၀န်ကြီးတစ်ယောက် လပ်ပေးလပ်ယူနဲ့ အရေးယူခံရတယ်။ တတိုင်းပြည်လုံး ကျော်ကြားခဲ့တယ်။ အဲဒီ ၀န်ကြီးတစ်ယောက်ပဲ ရှိတယ်။ နောက်ပိုင်း ၀န်ကြီးတွေတော့ ကျမ သိပ်မပြောချင်တော့ဘူးနော်....(ရယ်သံများ)

OK.
 — feeling satisfied with Mu Tha and 24 others at DREAM LAND Gym & Fitness Center.
575,819 Views
ပိတောက် မြေ posted a video to their Timeline.
လာဘ်ပေးလာဘ်ယူ ကိစ္စ အမေစု ပြော
သွားတာ အရမ်းကောင်းတယ်
( ပိတောက်မြေ ခေတ္တလူပြည် )


Video Link..
https://www.facebook.com/704540229583706/videos/1484274261610295/


ယခင် အစိုးရ ပြန်ကြားေ်ရးဝန်ကြီးဟောင်း ဦးအောင်ကြည် အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ တ၀န်ပေးထားပြီး၊ ရှေ့နေချုပ်ရုံးမှ အရာရှိဟောင်းများ၊ ဥပဒေပညာရှင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အငြိမ်းစား ဦးဇော်ဝင်းအပါအ၀င် အဖွဲ့ဝင် ၁၂ဦး တို့ဖြင့် ဖွဲ့စည်းထားသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌအဖြစ် ဦးအောင်ကြည်အား တာဝန်ပေးအပ်ရန်လျာထား
နေပြည်တော်၊ နိုဝင်ဘာ ၂၀
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်ဖွဲ့စည်းရန်အတွက် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် အမျိုးသားလွှတ်တော် ဥက္ကဌတို့က သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်များကို လွှတ်တော်တွင်အတည်ပြုနိုင်ရန် အောက်ပါအတိုင်းပေးပို့ထားပါသည်။
(က) နိုင်ငံတော် သမ္မတက ရွေးချယ်သည့် ပုဂ္ဂိုလ်များ
၁။ ဦးအောင်ကြည်(ပြည်ထောင်စုဝန်ကြီး အငြိမ်းစား)
၂။ ဦးစိုးတင့်(ညွှန်ကြားရေးမှူး အငြိမ်းစား)
၃။ ဦးအောင်လွင်(ညွှန်ကြားရေးမှူး အငြိမ်းစား)
၎။ ဦးဟန်ညွန့်(ဒုတိယ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)
(ခ) ပြည်သူ့လွှတ်တော်ဥက္ကဌက ရွေးချယ်သည့်ပုဂ္ဂိုလ်များ
၁။ ဒေါ်မြတ်မြတ်စိုး(ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)
၂။ ဦးအောင်သန်းမြင့်(ညွှန်ကြားရေးမှူး အငြိမ်းစား)
၃။ ဦးစန်းဝင်း(ညွှန်ကြားရေးမှူး အငြိမ်းစား)
၎။ ဦးခင်မောင်မြင့်(တရားလွှတ်တော်ရှေ့နေ)
(ဂ)အမျိုးသားလွှတ်တော်ဥက္ကဌက ရွေးချယ်သည့် ပုဂ္ဂိုလ်များ
၁။ ဦးမျိုးမြင့်(တရားလွှတ်တော်ရှေ့နေ)
၂။ ဒေါ်အေးအေးမူ(ဒုတိယ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)
၃။ ဦးဇော်ဝင်း(ရဲချုပ် အငြိမ်းစား)
၎။ ဒေါ်လဲလဲ့မူ(ညွှန်ကြားရေးမှူး အငြိမ်းစား)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌတာဝန်ကို ဦးအောင်ကြည်(ပြည်ထောင်စုဝန်ကြီး အငြိမ်းစား)အား၎င်း၊ အတွင်းရေးမှူးတာဝန်ကို ဦးစန်းဝင်း(ညွှန်ကြားရေးမှူး အငြိမ်းစား)အား၎င်း တာဝန်ပေးအပ်ရန်လျာထားကြောင်းသိရသည်။
စိုင်းလမင်း

၂၅ နိုဝင်ဘာ ၂၀၁၇

No comments:

Post a Comment