Tuesday, February 28, 2017

Working in Singapore အေးဂျင့်အားကိုးလိုသူများအတွက် အလုပ်အကိုင်များ အေးဂျင့် ဈေးနှုန်းများကတော့ ..

Working in Singapore
အေးဂျင့်အားကိုးလိုသူများအတွက် အလုပ်အကိုင်များ အေးဂျင့် ဈေးနှုန်းများကတော့ ..
ထိုင်းနိုင်ငံ - ကျပ်၅သိန်းခန့် (လစာ ၃သိန်းခန့်ရနိုင်သည်)။
မလေးရှားနိုင်ငံ - ကျပ်၈သိန်းခန့် (လစာ ၅သိန်းခန့်ရနိုင်သည်)။
စင်ကာပူနိုင်ငံ - ကျပ်၃၀သိန်းခန့် (လစာ ၅သိန်း မှ ၁၀သိန်းခန့်ရနိုင်သည်)။
ဒူဘိုင်း(ယူအေအီ) - ကျပ်၁၀သိန်းခန့် (လစာ ၅သိန်း မှ ၁၀သိန်းခန့်ရနိုင်သည်)။
.
ဒီဆောင်းပါးကို ငွေရှိတဲ့လူငယ်များအတွက် ရေးပါတယ်။ စင်ကာပူသွားအလုပ်လုပ်ချင်ရင် သိန်း၃၀လောက် ရင်းနှီးရပြီး လစာက ဘာမှမတတ်ရင် စားရိတ်ငြိမ်း ၅သိန်းလောက်ပဲ ကျန်တော့ ၆လစာလောက် အေးဂျင့်ဖိုး ကုန်တာကြောင့်ပါ။
.
တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကြီးများကတော့ လိမ်လည်မှုမရှိပေမဲ့ အများစုက တရားမဝင်အေးဂျင့်လုပ်နေသူများကိုတော့ သတိထားရပါမယ်။ ဒီကုမဏီဟာ တရားဝင်လား/မဝင်ဘူးလား ဆိုတာ ဝက်ဆိုဒ်မှာ ကြည့်လို့ရပါတယ်။ တယ်လီဖုန်းနဲ့ လှမ်းဆက် အကူညီတောင်းလို့ ရပါတယ်။
.
အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန
ဝန်ကြီးရုံး 014300796
အလုပ်သမားဦးစီးဌာန 01430089 430090~95
အလုပ်သမားရေးရာရုံး 014300796 01430115 430146
မိမိတာဝန်က ဆက်မေးပါ...သူတို့က တရားဝင်/မဝင် ဖြေမှာပါ။
.
.
အခု အေးဂျင့် လူ့စွမ်းအားကုမ္ပဏီ ကဲ့သို့ အေးဂျင့်များစွာ တရားဝင်/တရားမဝင် ရန်ကုန်မြို့မှာ ရှိနေပါတယ်။ မြန်မာအစိုးရရဲ့ တရားဝင်အေးဂျင်စီများကို အောက်ပါလင့်မှာ ကြေငြာထားပါတယ်။
http://www.mol.gov.mm/en/agency-lists/oversea-agency-lists/  (ဝက်ဆိုဒ်)
.
ပြည်ပအလုပ်ကိုင်ရှာဖွေရေးအဖွဲ့ Myanmar Overseas Employment Agencies Federation  ကတော့ တရားဝင်အဖွဲ့အစည်းပါ။ သူ့လည်း ပြည်ပအလုပ်ကိုင်များ .. ဒူဘိုင်း (ယူအေအီး)၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ အလုပ်အေးဂျင်စီ ဖြစ်ပါတယ်။
www.moeaf.com (ဝက်ဆိုက်)
https://www.facebook.com/MOEAF2012/ (ဖေ့ဘုတ်)
.
ဖေ့ဘုတ်မှာပဲ ကြေငြာထားတဲ့ ကုမ္ပဏီများစွာရှိပါတယ်။ အခု မြန်မာများစွာ အမြင်ပွင့်လင်းလာလို့ အေးဂျင့်များ လိမ်လည်မှုနည်းပါးနေပေမဲ့ ဒီအေးဂျင့်များနဲ့ ဆက်သွယ်ရင် ငွေများစွာပေးရတဲ့အတွက် သတိထားနေရဦးမှာဖြစ်ပါတယ်။
.
အေးဂျင့် ဈေးနှုန်းများကတော့ ..
ထိုင်းနိုင်ငံ - ကျပ်၅သိန်းခန့် (လစာ ၃သိန်းခန့်ရနိုင်သည်)။
မလေးရှားနိုင်ငံ - ကျပ်၈သိန်းခန့် (လစာ ၅သိန်းခန့်ရနိုင်သည်)။
စင်ကာပူနိုင်ငံ - ကျပ်၃၀သိန်းခန့် (လစာ ၅သိန်း မှ ၁၀သိန်းခန့်ရနိုင်သည်)။
ဒူဘိုင်း(ယူအေအီ) - ကျပ်၁၀သိန်းခန့် (လစာ ၅သိန်း မှ ၁၀သိန်းခန့်ရနိုင်သည်)။
.
တရားဝင်အေးဂျင့်များက နိုင်ငံခြားအလုပ်ရှင်များနဲ့ တိုက်ရိုက်အင်တာဗျူးပီး အဆင်ပြေမှ ဝန်ဆောင်မှုလုပ်ပေးပါတယ်။  စင်ကာပူ၊ ဒူဘိုင်းအလုပ်များအတွက်ဆိုရင် လုပ်ငန်းအတွေ့အကြုံရှိသူများကို အရင်စီစစ်ပြီးမှ အလုပ်ရှင်နဲ့အင်တာဗျူးခွင့်ရပါတယ်။ အရင်စာရင်းသွင်းထားပြီး စောင့်ရပါတယ်။ စရံငွေ ၅သောင်းလောက် တောင်းလေ့ရှိပါတယ်။
.
နိုင်ငံခြားအလုပ်အကိုင် လုပ်ချင်ရင် နံပါတ်(၁) လိုအပ်ချက်က မိမိမိတ်ဆွေ နိုင်ငံခြားမှာ လုပ်နေသူနဲ့ အရင်တိုင်ပင်ပါ။ မရှိရင်လဲ မိမိသင်းအုပ်ဆရာ၊ မိဘ များနဲ့တိုင်ပင်ပါ။ မိမိဖာသာ မိမိလိုမသိနားမလည်တဲ့ သူငယ်ချင်းနဲ့အတူ ငွေထုပ်ပိုက်ပြီး အေးဂျင့်ဆီကိုသွားရင်တော့ အလိမ်ခံရမှာပဲ ဖြစ်ကြောင်း သတိပေးပါတယ်။

မှတ်ချက်။
စင်ကာပူကို အိမ်ဖော်အလုပ်က တရားမဝင်ဖြစ်ပါတယ်။  အေးဂျင့်များစွာ တရားမဝင် လုပ်ပေးနေပါတယ်။
.
.
စင်ကာပူအိမ်ဖော်
https://www.slideshare.net/myanmarjobstudent/survival-jobandmyanmarmaidinsingapore
.
.
စင်ကာပူအလုပ်ကိုင်၊ ကျောင်းတက်၊ စီးပွားလုပ်၊ ဆေးစစ် ...
https://www.slideshare.net/myanmarjobstudent/singaporeentrepreneurarticles2014

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) MEC Team https://myanmareducationconsortium.org

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇
အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) ကို ဒီနေ့ နေပြည်တော်မှာ စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ကျနော့်အနေနဲ့ အဲသည် စီမံကိန်း NESP ကို ရထားတာ နည်းနည်းကြာပြီဖြစ်ပေမယ့် သေချာမကြည့်မိသေးပါဘူး။ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် သွားကြည့်တဲ့အခါ အဲသည် NESP စာတမ်းကို တင်ထားတာ မတွေ့ရသေးပါဘူး။ ဒီ NESP စာတမ်းကို ပညာရေးကဏ္ဍမှာ ပါဝင်ပတ်သက်နေသူများ (stakeholders) ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါဆိုရင် မြန်မာမူ ဘာသာပြန်ထားပြီးသား ရှိ-မရှိ မသေချာသေးပါဘူး။ ကျနော် ခဏတဖြုတ်ဖတ်ကြည့်တဲ့အခါ NESP ရဲ့ ရည်မှန်း ချက်တွေ ပြည့်မီဖို့ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှု (Transformational shift) နယ်ပယ်ကြီး ၉ ခုရှိတယ်လို့ ဆိုပါတယ်။

၁။ မူကြိုနဲ့ သူငယ်တန်းပညာရေး
၂။ အခြေခံ ပညာရေး- ရရှိနိုင်မှု၊ တန်းတူမှုနှင့် အင်အားစုအားလုံး ပါဝင်နိုင်မှု (Access, equality and inclusion)
၃။ အခြေခံ ပညာရေး သင်ရိုးညွှန်းတန်း
၎။ ကျောင်းသား အကဲဖြတ်မှုနှင့် စာမေးပွဲများ
၅။ ဆရာ ပညာရေးနှင့် စီမံခန့်ခွဲမှု
၆။ အခြားနည်းလမ်း ပညာရေး (Alternative education)
၇။ နည်းပညာနှင့် သက်မွေးဝမ်းကျောင်း ပညာရေး (TVET)
၈။ အဆင်မြင့် ပညာရေး
၉။ စီမံခန့်ခွဲမှု၊ အရည်အသွေး မြှင့်တင်မှုနဲ့ အရည်အသွေး အာမခံရေးကိစ္စများစွာ ပါဝင်ပါတယ်။

သေချာ ဖတ်ကြည့်ဖို့ လိုပါသေးတယ်။ ကျနော်စိတ်ဝင်စားတဲ့ ရှုထောင့်ကတော့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနဲ့ ယခု လို ၂၁-ပင်လုံ ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်ဆောင်ရွက်နေတဲ့ကာလမှာ ဖက်ဒရယ်စနစ်ကိုဦးတည်သော ပညာရေးစနစ် ဖြစ်-မဖြစ်ကို ကြည့်ချင်နေပါတယ်။ ပညာရေးကဏ္ဍမှာ ထဲထဲဝင်ဝင်လုပ်နေတဲ့ မိတ်ဆွေတဦးကို မေးကြည့်ပါတယ်။ သူပြောတာက သူလည်း အကုန်မဖတ်ရသေးပါဘူး။ သို့သော်လည်း အဆင့်မြင့်ပညာရေးကဏ္ဍမှာ တိုင်းရင်းသားတွေ တက်ရောက်နိုင်မှု ကိုတာစနစ်မျိုး မတွေ့ရဘူး။ ဆရာခန့်ထားရေးမှာလည်း တိုင်းရင်းသားကိုတာကိစ္စ မတွေ့ရဘူးလို့ သုံးသပ်ပါတယ်။ (Diversity in University Education Access and Hiring University Staffs) နောက်တခါ ငြိမ်းချမ်းရေး အတွက် ပညာရေး ကို မတွေ့ရဘူးဆိုပါတယ်။ (Peace Education) ယေဘုယျအားဖြင့် အခုပညာရေးအစီအစဉ်ဟာ ဗဟိုက ချုပ်ကိုင်ဆောင် ရွက်မှာကြောင့် anti-federal (ဖက်ဒရယ်ဆန့်ကျင်ရေးသဘော) မြင်တယ်လို့ ဆိုပါတယ်။

ဆက်ပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျနော်တို့ အမျိုးသား ပညာရေးဥပဒေ (၂၀၁၄)၊ အမျိုးသား ပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေ (၂၀၁၅) ရဲ့ ရည်မှန်းချက်များနဲ့ ဘယ်လောက် ကွဲလွဲမှုရှိနေသလဲ၊ ဘယ်လောက် အကောင် အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားသလဲ၊ သုံးသပ်ကြည့်ဖို့ လိုပါသေးတယ်။ တခါ အခုလို အဓိကကျတဲ့ အပြောင်းအလဲကြီး ၉-ခု လုပ်မယ်ဆိုရင် ငွေကြေးသုံးစွဲရမှုတွေ လိုအပ်လာမှာ မလွဲပါဘူး။ ဒါပေမယ့် ပညာရေးကဏ္ဍ အသုံးစားရိတ်က အခု NLD အစိုးရ ရေးဆွဲတဲ့ (၂၀၁၇-၁၈) ဘတ်ဂျက်မှာ ဘတ်ဂျက်တခုလုံးရဲ့ ၈.၄၄ ရာခိုင်နှုန်း ရှိပါတယ်။ ယခင်နှစ်တုန်းက ဘတ်ဂျက် (ယခင်ဦးသိန်းစိန်အစိုးရက ထားခဲ့ပေးတဲ့ဘတ်ဂျက်) မှာတော့ ၇ ရာခိုင်နှုန်း သုံးပါတယ်။ ၂၀၁၅-၁၆ ဘတ်ဂျက် မှာတော့ ၆.၇၈ ရာခိုင်နှုန်း သုံးပါတယ်။ အခုလို ပညာရေးဘတ်ဂျက်နည်းနည်းတိုးလာတာဟာ ဝမ်းသာစရာလိုရှိပေမယ့်၊ သေချာပြန်ကြည့်တဲ့အခါ ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံ၊ နည်းပညာ ဝန်ကြီးဌာနပေါင်းလိုက်တာကြောင့် ဘတ်ဂျက်တိုးလာတာ ဖြစ်ပါတယ်။ လုပ်ငန်းအသစ်တွေကို ထင်ဟပ်တဲ့ ဘတ်ဂျက်လိုအပ်ပါတယ်။

အခြားဝေဖန် သုံးသပ်စရာတွေလည်း ရှိပါလိမ့်မယ်။ ပညာရေးဟာ နိုင်ငံအတွက် အရေးကြီးတာမို့ NESP ကို ဝေဖန်၊ အ ကြံပြုကြဖို့ လိုအပ်ပါလိမ့်မယ်။ အကြံပြုပါကြောင်း။

အောင်သူငြိမ်း (မိုးမခ)
http://moemaka.com/archives/56902
.
.
comment...
အမ်အီးစီအဖွဲ့က NESP ကိုမြန်မာပြည်က CSO အဖွဲ့တင်ပြချက်များအရ ဖိုင်နယ်မူကြမ်းကို ၂၀၁၅ ဒီဇင်ဘာမှာ ပြီးစီးတယ်လို့ ရေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ပုံရပေမဲ့ ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်ကတော့ အစိုးရဟောင်းများရဲ့ လက်ထဲမှာပဲ ရှိပုံရပါတယ်။ ဝက်ဆိုဒ်မှာဝင်ကြည့်တော့ ...မြန်မာ့ပညာရေးမြှင့်တင်မှုလက်တွဲဆောင်ရွက်ရေးအဖွဲ့ MEC Team ရဲ့ အဖွဲ့ဝင်ဓါတ်ပုံများ၊ Donors အလှုရှင်များ၊ Partners ပါတနာများကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပါတယ်။ အဖွဲ့ရဲ့ ထိပ်ဆုံး ၃ဦးကတော့ နိုင်ငံခြားသားများဖြစ်နေပြီး CSO ရဲ့ ခေါင်းဆောင်ပိုင်းကတော့ ဘယ်မှာရှာကြည့်ရမလဲ မသိပါ။ MEC publication website မှာလဲ NESP final draft ကိုဒေါင်းလုပ်ဖို့ မတွေ့ပါ။ ဧရာမအဖွဲ့အစည်းကြီးဖြစ်တဲ့အတွက် မြန်မာပညာရေး စိတ်ဝင်စားသူများ၊ ပညာရှင်များ၊ ပညာရေးဝန်ထမ်းများအားလုံး မင်ဘာဝင်ပြီး ပါဝင်ဆွေးနွေးနိုင်ပါတယ်။ ၂၂၆ ဦးဝိစာရလမ်း ရန်ကုန်၊ 01375739 ext 516, 01375479 ext 516 01375791 ext 516, email info@myanmareducationconsortium.org
.
MEC worked with these groups to develop key policy positions prior to the meeting and saw positive changes in the final draft of the NESP (December 2015) as a result of the recommendations proposed by the CSO consultation group on issues of student transition, language of instruction, local curriculum development and recognition of teachers. For some of the groups it was the first time for them to directly engage in policy dialogue with the Government of Myanmar.
https://myanmareducationconsortium.org

Thursday, February 23, 2017

မြို့ပြကျးလက်ခရစ်ယန်များရဲ့သာသနာ (ဥပဒေအမြင်ဖွင့်သင်တန်း)

မြို့ပြကျးလက်ခရစ်ယန်များရဲ့သာသနာ (ဥပဒေအမြင်ဖွင့်သင်တန်း)
သူတောင်ပြောရဲတော့ မိမိတို့လည်း အခြေအနေမှန်ကို သိဖို့ ဥပဒေစိုးမိုးဖို့ ကြိးစားရမှာပါ။ မြန်မာနိုင်ငံခရစ်ယန်ကောင်စီက အသင်းတော်များကို ဥပဒေအမြင်ဖွင့်ပေးဖို့ သင်တန်းဖွင့်ပေးပါတယ်။ မစ်ရှင်၊ဧဝံဂေလိအကြောင်း နဲ့ ဥပဒေကျွမ်းကျင်သူတို့ မြန်မာနိုင်ငံ ရာဇဝတ်မှု၊ တရားမမှု၊ လိမ်လည်မှု၊ လူကုန်ကူးမှု စတဲ့အကြောင်းတွေကို ပညာပေးသင်ကြား ပြောဆိုပါတယ်။
.
တရားရုံးများ၊ ရဲစခန်းများမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်လို့ တရားဥပဒေစိုးမိုးလာရေးကို မေတ္တာစေတနာနဲ့ပြောသွားပါတယ်။
.
.
လူကုန်ကူးမှုအခန်းကိုပဲ ရေးပါမယ်။
.
လူကုန်ကူးခြင်းကို မြန်မာအစိုးရက ၁၉၉၅ ခုနှစ်မှာ စတင်သတိပြုလာပြီး ၁၉၉၇ ခုနှစ်မှာ အမျိုးသားရေးတာဝန်လို လုပ်ဆောင်လာပပါတယ်။ ခုနှစ်၂၀၀၀ မှာ UNCTOC အဖွဲ့ဝင်ဖြစ်လာပြီး နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းလုပ်ဆောင်လာပါတယ်။့ ထင်တာက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့..အခုတော့ ..အဖမ်းခံရပြီး အိမ်ပြန်ရမယ်။ စာနာစိတ်ရှိသူ မြန်မာအာဏာပိုင်တဦးက မိန်းကလေးတွေကို ပြန်ခိုင်း၊ ယောင်္ကျားလေးတွေကိုတော့ မင်းတို့ ကားခ တယောက်၅သောင်းကျပ်နဲ့ DKBA ကားပေါ်တက်ပြီး ထိုင်း နယ်စပ်ကိုဆက်သွား၊ ဘယ်သူမှမစစ်ဆေးရဲဘူး၊ သူတို့ပဲ ဟိုဘက်ကို ပို့ပေးမယ်၊ ပြီးတော့ ဒီဆက်သွယ်ရမဲ့ မိတ်ဆွေတွေ နံပါတ်တွေ ပေးလိုက်ပြီး၊ ဖုန်းခေါ် အလုပ်ရှာပေးလိမ့်မယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ မသွားနဲ့၊ ဂိန်သွားလိမ့်မယ်။ ဘုရားတရားနဲ့နေပေါ့။ သောက်စားတာတွေ ရှောင်ပါ .. ပြောဆိုပြီး လွှတ်လိုက်ပါတယ်။ အခုထိအောင် ကျေးဇူးတင်နေတဲ့ လူငယ်တွေ များစွာ မြန်မာနိုင်ငံပြန်ရောက်သူတွေ၊ ထိုင်းနိုင်ငံမှာပဲ လုပ်ကိုင်နေဆဲတွေ အများကြီးရှိနေပါတယ်။ တရားဝင် ဝန်ထမ်း ဘဝကနေ တရားမဝင်လုပ်ဖို့ လမ်းပြနေတာ မလုပ်သင့်ပေမဲ့ ..ရိုးသားစွာ တပြားမှအခမယူပဲ လုပ်ပေးတာကြောင့် ဘုရားသိပါတယ်။ တနေ့ ထိုင်းနိုင်ငံရောက်တော့ ကုလားလေး၃ယောက်က ဆက်သွယ်လာပြီး သူတို့နေတဲ့ ပတ္တရားမြို့ကို ဖိတ်ခေါ်ပါတယ်။ ခရစ်ယန်ကုလားလူငယ်လေး၃ယောက် စက်ချုပ်တတ်တော့ အခု ပတ္တရားမြို့မှာ စက်ချုပ်ဆိုင် ၃ဆိုင်ထောင်ထားတယ်။ သင်းအုပ်၂ယောက်လဲ ခေါ်သွားပြီး လည်ပတ်တယ်။ နေ့ချင်း ဥရောပဝတ်စုံ ချုပ်ပေးတယ်၊ ကြွေးမွေးတယ်၊ ဟိုတယ်များစွာမှာ ပင်လယ်ကမ်းခြေ အပမ်းဖြေစေတယ်။ ညဈေး ဆိုတာကို လျှောက်ကြည့်တော့ အလွန်ဝမ်းနည်းဘွယ် ကလေးသူငယ် ယောင်္ကျား၊ မိန်းကလေးများစွာ မွေးစားဖို့၊ ခိုင်းစေဖို့ ကျွန်ရောင်းသလို ရောင်းချနေတာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အများဆုံးတွေ့ရတယ်။ မြန်မာကလေးငယ်များ ပါသလား စိုးရိမ်ပေမဲ့ ..မကြားခဲ့ရဘူး။ ဘန်ကောက်မှာလဲ ဒါမျိုး ပတ်ပုန်း ဆိုတဲ့နေရာရှိတယ်။ လူကုန်ကူးမှုအကြောင်း ကိုယ်တွေ့ အဖြစ်ပါ။
.
ပို့ချသူရဲ့ အမြင်တွေက မိမိအမြင်နဲ့ကိုက်ညီနေလို့ တင်ပြရခြင်းပါ။
လူကုန်ကူးမှုဥပဒေကို ပြစ်ဒဏ်ကြီးမားစွာ ချထားပေမဲ့ လူ့အခွင့်အရေးကတော့ နည်းပါးနေဆဲ၊ ငွေအာဏာရှင်စနစ်ကို ရောက်မှန်းမသိ ရောက်နေပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရက စင်ကာပူကို မိန်းကလေးငယ် ၅သောင်းကျော် ၂နှစ်အတွင်း အိမ်ဖော်အဖြစ် ပို့လိုက်ခြင်းကနေ မြန်မာမိန်းကလေးများ ၂ပြားမတန် ဘဝကို ရောက်မှန်းမသိ ရောက်သွားပါတယ်။ စင်ကာပူကိုအိမ်ဖော်အလုပ် တရားဝင်သွားလုပ်လို့ မရပေမဲ့ တရားမဝင် သွားနေတုန်းပါပဲ။ အခုဆို ရန်ကုန်မှာ အိမ်ဖော်လုပ်စားတဲ့ မိန်းကလေးငယ်များစွာ ရှိနေပါတယ်။
.
မိမိ စင်ကာပူမှာ နေထိုင်ခဲ့စဉ် နောက်ဆုံးကာလ ၂၀၁၆ အတွင်းမှာ ..တိုင်းရင်းသားမိန်းမငယ်လေးများစွာ အသက်မပြည် (၂၁နှစ် မှတ်ပုံတင်လိမ်လည်) ပြီးတော့ စင်ကာပူကို အိမ်ဖော်အဖြစ် ရောက်ခဲ့ပါတယ်။ ပထမ ၃လအတွင်းမှာ ယဉ်ကျေးမှုပြောင်းတဲ့ဒဏ်ကို အလူးအလဲ ခံရပါတယ်။ ဘာသာတရားရဲ့ အဆုံးအမ၊ အဖွဲ့အစည်းကောင်းနဲ့ အိမ်ရှင်ကောင်းရဲ့ စောင်မမှုကို ၉၀% မြန်မာအိမ်ဖော်များက ခံရလို့ အဆင်ပြေတာများပါတယ်။
.
ဒါပေမဲ့ ၁၀% လောက်ကတော့
၁။ မိမိတို့ရဲ့ ဆင်းရဲမွဲတေ၊ အသိပညာနည်းပါမှုကြောင့်
၂။ အိမ်ရှင်များရဲ့ စရိုက်ဆိုးမှုကြောင့်
၃။ နောက်ဆုံး အေးဂျင့်များ (မြန်မာ၊ စင်ကာပူ) ရဲ့ လစ်လျူပြုမှုကြောင့် .. အလူအလဲခံစားပြီး အထူးသဖြင့် ချင်းတောင်ပေါ်သူ မြန်မာစကားတောင် ကောင်းကောင်းမတတ်တဲ့ ခရစ်ယာန်ဘာသာဝင် တိုက်ပေါ်က ရောက်ခါစ မခံနိုင်လို့ ခုန်ချသေဆုံးမှု တလတခုတော့ ဖြစ်နေပါတယ်။ ပထမ ၃လတာ ကျော်လွန်သွားရင်တော့ အိုကေသွားပါတယ်။
.
အိမ်ရှင်ကောင်းလွန်းလို့ ခုန်ချသေဆုံးသွားတဲ့ ကချင်အမျိုးသမိးငယ် .. ရောက်ရောက်ချင်း အိမ်ရှင်က အပြင်ထွက်ခွင့်..ဘုရားကျောင်းသွားခွင့် ပေးပါတယ်။ မြန်မာနဲ့ပဲ ရီးစားရရှိသွားတယ်၊ နောက် ဓမ္မတမလာတော့ အရှက်အတွက် အသက်ပေးသွားရှာတယ်။ ကိုယ်ဝန်ရှိရင် စင်ကာပူအိမ်ဖော်ဥပဒေအရ အလုပ်ဆက်မလုပ်ရ အိမ်ပြန်ရမှာလဲ မပြန်ချင်၊ နှစ်သိမ့်ကူညီမဲ့သူလဲမရှိ၊ ဝမ်းနည်းစရာပါ။
.
ဒါကြောင့် ပို့ချသူ ရဲမှုဥပဒေအရာရှိဟောင်း ဦးကျော်မြင့် က ဦးသိန်းစိန်အစိုးရကို စင်ကာပူသို့မြန်မာအိမ်ဖော် အမြောက်အများလွတ်ခဲ့ခြင်းကို အပြစ်တင်ပါတယ်။ အခုတော့ ပိတ်ထားပေမဲ့ .. ဗီဇာလဲမရှိတော့.. အိမ်ဖော်မှန်းသိရင် လ.ဝ.က လေဆိပ်က ပိုက်ဆံတောင်းပြီး (လူမှုရေးအရ) ခွင့်ပြုနေဆဲပါပဲ။
.
.
.
လူကုန်ကူးခြင်းကို မြန်မာအစိုးရက ၁၉၉၅ ခုနှစ်မှာ စတင်သတိပြုလာပြီး ၁၉၉၇ ခုနှစ်မှာ အမျိုးသားရေးတာဝန်လို လုပ်ဆောင်လာပါတယ်။ ခုနှစ်၂၀၀၀ မှာ UNCTOC အဖွဲ့ဝင်ဖြစ်လာပြီး နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းလုပ်ဆောင်လာပါတယ်။
.
.
မြန်မာလူငယ် ယေင်္ကျားလေး၊ မိန်းကလေး အမြောက်အများ စင်ကာပူ၊ မလေးရှား မသွားနိုင်ပေမဲ့ ထိုင်းနိုင်ငံကို လူကုန်ကူးခံရပါတယ်။ အဆိုးဝါးဆုံးကတော့ ပင်လယ်ငါးဖမ်းရေလုပ်ငန်းပါ။ ကိုယ့်ကိုယ်ကို လူကုန်ကူးခံရမှန်းတောင် မသိပဲ ပင်လယ်ထဲ နေပူ၊ တနပ်ပဲ ထမင်းကြွေး၊ ဖျားနာနာမကျန်း အလုပ်မလုပ်နိုင်ရင် ပင်လည်ထဲပစ်ချ ..အလွန်ဆိုးဝါးလှမှုကို မြန်မာနိုင်ငံသား အမျိုးသမီးနဲ့မီဒီယာက ဖော်ထုတ်ခဲ့လို့ အခုတော့ အရင်လောက်မဆိုးတော့ပါဘူး။ အများစုကတော့ ထိုင်းနိုင်ငံ စားသောက်ဆိုင်၊ မာဆပ်၊ ကေတီဗီ၊ ဟိုတယ်မိုတယ်တွေမှာ အလုပ်လုပ်ရင် နောက်တော့ ပညာနည်းသူတွေ၊ ငွေမက်လွန်းသူတွေ အလွန်ဆိုးဝါးတဲ့ လိင်လုပ်ငန်းတွေမှာ ရောက်ရှိသွားပါတယ်။ နောက်ပိုင်းတော့ တရုပ်နိုင်ငံကြီးတိုးတက်လာချိန် ယူနန်ပြည်နယ်ကိုဖြတ်ပြီး ကလေးငယ်၊ မိန်းမများစွာ လူကုန်ကူးခြင်း ခံရပြန်ပါတယ်။ တရုပ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းနှိမ်နင်းမှုကြောင်း စစ်အစိုးရလည်း အာဏာလွှဲပြောင်းပေးလိုက်တော့ အရင်လောက်မဆိုးတော့ပါဘူ။ ဒါပေမဲ့ အခုချိန်ထိ တရားဝင်၊ တရားမဝင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်း စတဲ့နိုင်ငံများကို အလုပ်သွားလုပ်နေဆဲဖြစ်ပါတယ်။ လူကုန်ကူးမှုတွေလည်း ရှိနေဆဲဖြစ်လို့ သတိထားသင့်ကြောင်း ..
.
ဥပဒေအမြင်ရှိဖို့ မြန်မာများစွာ လိုအပ်ပါတယ်။
.
မတရားမှုတွေ တွေ့ရင် တရားစွဲ၊ ရဲတိုင် မလုပ်ကြပါနဲ့...။ စည်ပင်၊ အုပ်ချုပ်ရေးမှုးကို စာနဲ့တိုင်ကြပါ။ ရပ်ကျေးအုပ်ချုပ်ရေးမှုးနဲ့ မရရင်၊ မြို့နယ်၊ တိုင်းဒေသကြီးထိ မရရင် သမ္မတအထိ တိုင်ပါ။ မရရင် နိုင်ငံတော၏အတိုင်ပင်ခံအထိ တိုင်နိုင်နေပါပီ။ မီဒီယာကလဲ အစွမ်းထက်တော့ မီဒီယာနဲ့ဖော်ထုတ်ပေမဲ့ ငွေအာဏာရှင်က အသရေဖျက်မှုနဲ့ ပြန်တရားစွဲတာမျိုးကို ကြောက်ကြတယ်။ မိမိက မှန်တယ်ဆိုရင် ၁။ တိုင်လိုက်လို့ ဘယ်သူအကျိုးရှိမလဲ၊ ကောင်းလာမှာလား ..ဆိုတာ ဆင်ချင်တတ်ဖိုက ..အဖွဲ့အစည်းနဲ့လုပ်တတ်ဖို့ အရေးကြီးပါတယ်။
.
ပို့ချမှုများမှာ မြန်မာတိုင်းသိနေတဲ့ လူကုန်ကူးမှုကို ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှာ ဝန်ထမ်းတွေကို ပညာပေးမှု ပါဝါပွိုင့် ဆလိုက်များ ကြည့်နိုင်၊ လေ့လာဖို့ပါ။
.
ဇော်အောင်
၂၃-၂-၂၀၁၇



Murann Ezine added 3 new photos.
1 hr
မြို့ပြကျးလက်သာသနာ U.R.M တတိယနေ့. ..
ဆရာရမ်း (Rev ရန်းဂါးဂျွန်) ဆရာမဒေါ်စိန်ချစ် ရှေ့နေဆရာယောလ. . လမ်းဖြောင့်မဂ္ဂဇင်း၂၀၁၆...
 ကျမ်းပိုဒ်၊ လုကာ ၄း၁၈-၁၉
၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။
၁၉ အကြောင်းမူကား၊ ဆင်းရဲသား တို့အားဝမ်းမြောက်စရာ သိတင်းကိုကြားပြောစေခြင်း ငှါငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်း ကိုပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြား ပြောစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီး ဟုလာတည်း။
.
ဆရာရမ်း (သိက္ခာရဆရာတော်)
ပြည်သူ့ဆက်ဆံရေး၊ ပုသိမ်မြောင်းမြ၊ စကောကရင်နှစ်ခြင်းသာသသနာ.နှစ်ပေါင်း၃၀ခန့် အမှုဆောင်ခဲ့ပေမဲ့ မနှစ်ကမှ သိက္ခာတော်ရဆရာတော် အဖြစ်ကို ရရှိခဲ့ရာမှ အထက်ပါကျမ်းပိုဒ်အားဖြင့် အသက်ရှင်ခဲ့ရကြောင်း .. လက်တွေ့သာသနာနယ်မှာ အမှုအခင်းများစွာအကြောင်း ပုံသက်သေများနဲ့ သင်တန်းပို့ချသွားပါတယ်။ နောက်ဆုံးဆွေးနွေးခြင်းက မန်းကျော်စိုး သာသနာညှိုးနွမ်းစေမှုဖြစ်ပါတယ်။ လက်ရှိ ဧရာဝတီတိုင်းအစိုးရမှာ လုံခြုံစီမံအဖွဲ့၊ ဘာသာ၎ခုအဖွဲ့၊ မူးရစ်ဆေးဝါအဖွဲ့၊ ဘာသာကူးပြောင်းခြင်းအဖွဲ့ တွေမှာတာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
.
ဥပမာများစွာထဲမှ တခု .. အပြစ်ရှိသူကို စီရင်မလား၊ ကယ်တင်မလား၊ ကျမ်းစာအရတော့ ကယ်တင်ရမှာဖြစ်ပါတယ်။ ကျနော့် တူမလိုတော့ မဖြစ်ပါစေနဲ့၊ ငယ်စဉ်ကတည်းက ခရစ်ယန်မဟုတ်သူနဲ့ ချစ်ကြတော့ ..မိဘများက .. ဟေ့ ..ဘာသာမတူရင်မဖြစ်ဘူး .. တားမြစ်ကြတာ..နောက်ဆုံး တူမက မိဘများကိုပြန်ပြောတယ်။ သမီးက မိဘသဘောမတူပဲပေါင်းသင်းကြတယ်။ အခုတော့ ကလေး၃ယောက်နဲ့.. သူတို့အိမ်ကိုသွားလည်ပတ်တော့ ..တူမဖြစ်သူက သားသမီးများကို ဆဲဆိုအပြောဆိုကြမ်းတမ်းလှတယ်။ ခရစ်ယန်မဟုတ်တဲ့ တူမယောင်္ကျားက ကျနော်ကိုတော့ လက်အုပ်လေးချီပြီး ဦးလေး၊ ဆရာ၊ ကျနော့်ကို ခွင့်လွှတ်ပါ ..ဆိုပြီး အရက်မူးလွန်စွာနဲ့ ရောက်လာတာတွေ့ရတယ်။
.
အသင်းတော်တွေမှာ ကျမ်းစာသင်ရတာကောင်းပါတယ်။ ဒါပေမဲ့ မြို့ပြကျေးလက် သာသနာပြု ထမ်းဆောင်ရတာ အဆပေါင်းများစွာ ခက်ခဲပါတယ်။ ထိုအမှုဆောင်များကြောင့် သာသနာ ဘုန်းတော်ထင်ရှားနေရခြင်း ဖြစ်ပါတယ်။
.
အခုသင်ခန်းစာမှာတော့ ယေရှုဟာ
၁။ ဘုရားသားဖြစ်တယ်
၂။ လူသားဖြစ်တယ်
၃။ မေရှိယ (ကယ်တင်ရှင်၊ ဘုရားဖြစ်တယ်) ဆိုတဲ့အကြောင်းများ ဖြစ်ပါတယ်။
.
.
ညနေပိုင်းဆွေးနွေးမှုများ...
ဆရာမဒေါ်စိန်ချစ်
နှစ်ပေါင်းများစွာ အမျိုးသမီးရေးရာ အမှုတော်ထမ်းနေသူ ဖြစ်ပါတယ်။ အကြမ်းဖက်ခြင်းအကြောင်း ပို့ချပါတယ်။ ပုသိမ်မြောင်းမြ သာသနာက ကိုင်တွယ်ပေးတဲ့ အသက်၇နှစ်က ၄၇နှစ်အပျိုကြီးအထိ ကလေးသက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးလိင်အကြမ်းဖက်မှု၊ မတရားခိုင်းစေမှု အမှုပေါင်းများစွာ ဓါတ်ပုံများပြသပြီး။ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ဆွေးနွေးပါတယ်။
အကြမ်းဖက်မှုဆိုတာဘာလဲ၊ အကြမ်းဖက်မှုအမျိုးအစား၊ ကာကွယ်ခြင်း၊ ကယ်ဆယ်ခြင်း ..စတဲ့အကြောင်းများဖြစ်ပါတယ်။
ရှေ့နေဆရာယောလ
ဥပဒေနဲ့တရားရုံးများ၊ ရဲတပ်ဖွဲ့များအကြောင်းကို မျိုးစောင့်ဥပဒေနဲ့အတူ ရှင်းလင်းပို့ချသွားပါတယ်။
.
.
U.R.M (Myanmar Christian Council MCC) ..
ပထမနေ့မှာ ရန်ကုန်အမ်စီစီမှ ဆရာသောမတ်ကြိုင် (နှုတ်ကပတ်တော်) နဲ့ ဒုတိယနေ့ ရဲမှုးဥပဒေအရာရှိ(အငြိမ်းစား) ဆရာဦးကျော်မြင့် တို့က ပို့ချသွားပါတယ်။ https://goo.gl/7EdbHN
.
.
မြို့ပြကျေးလက်သာသနာ .. ဘယ်သူ့အတွက်လဲ...
.
* ကြမွသော သူတို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊
* ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်း
* မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်း
* ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊
* ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြား ပြောစေခြင်းငှါ၎င်း၊
ကျမ်းပိုဒ် ..လုကာ ၄း၁၈-၁၉
.
The End....

တရုတ်နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာပြည်ငြိမ်းချမ်းရေး နိဂုံး မြန်မာအစိုးရသစ်နှင့် ၂၀၀၈ ခြေဥ by Mg Mg Soe


Mg Mg Soe with Aik Khun Moon and 32 others.
23/2/2017
#eaos_mms75
တရုတ်နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာပြည်ငြိမ်းချမ်းရေး
နိဂုံး
မြန်မာအစိုးရသစ်နှင့် ၂၀၀၈ ခြေဥ
တဖက်တွင်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီး
၂၀၁၆ မတ်လကုန်တွင် အာဏာလွှဲပြောင်းယူသည်။ ၂၀၀၈ အခြေခံဥပဒေ
အရ ရွေးကောက်ခံ အရပ်သားအစိုးရနှင့်တပ်မတော်တို့ကြားတွင် လုပ်ပိုင်ခွင့်
ကိုယ်စီရှိနေကြပြီး တပ်၏အခန်းသည် အလွန်အရေးပါသည်ကို အားလုံးသိ
ကြပြီးဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်ကြသော သမတဦးသိန်းစိန်နှင့် ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်တွင် ထိုပြသနာသည် သိပ်မကြီးလှဟု ဆိုနိုင်သော်လည်း အရပ်သားစစ်စစ် NLD အစိုးရလက်ထက်တွင်မူ ထိုပြသ
နာသည် အတိမ်းအစောင်းမခံသည့်ပြသနာဖြစ်လာသည်။
မြန်မာပြည်နှင့်ဆက်ဆံသော သံတမန်အားလုံးသည် NLD အစိုးရအား
၎င်း တပ်မတော်အား၎င်း ဆက်ဆံမှု ပြု ကြရသည်မှာ ရှောင်လွှဲ၍မရသည့် လက်တွေ့ကျ သည့် ဖြစ်ရပ်ဖြစ်နေသည်။ ဤသို့သောအခြေအနေအောက်တွင်
တရုတ်တို့အနေနှင့်လည်း အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနချင်းဆက်ဆံရေး
သာမက တရုတ်စစ်တပ်၏ ဆက်ဆံရေးပါလိုအပ်နေသည့်အချိန်တွင် တရုတ်
နှင့်မြန်မာပြည်ကြား ၂+၂ ဆက်ဆံရေးကို ထူထောင်ခဲ့သည်ကိုတွေ့ရသည်။
၂+၂ ဆက်ဆံရေး
တရုတ်အစိုးရဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး
ဝန်ကြီးဌာန ၂ ခုနှင့် မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာ
ကွယ်ရေးဝန်ကြီးဌာန ၂ ခုပေါင်းတို့ နှစ်နိုင်ငံကြား ပုံမှန်တွေ့ဆုံဆွေးနွေးသည့်
အစီအစဉ်တရပ်ကို NLD အရပ်သားအစိုးရတက်ပြီးသည့် ၂၀၁၆ ခုနှစ်တွင်
စတင်ခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌
၂+၂ ပထမဆုံးအကြိမ်တွေ့ဆုံမှု ကို ပြု လုပ်ခဲ့ပြီးနယ်စပ်တည်ငြိမ်ရေးပြသနာ
က ရှေ့တန်းရောက်ခဲ့သည်ဟုဆိုပါသည်။
၂၀၁၇ အတွင်းတွေ့ဆုံမှု ကို တရုတ်ပြည် ယူနန်ပြည်နယ် ခွင်းမင်မြို့ ၌
ဖေဖဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမှ
ဒုနိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ခဲ့သကဲ့သို့ တရုတ်စစ်ဖက်မှ တရုတ်
ဗဟိုစစ်ကော်မရှင် ဒုတိယညှိနှို င်းကွပ်ကဲရေးမှူးတက်ရောက်ပြီး မြန်မာစစ်
ဖက်မှ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူးတက်ရောက်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲတွင် တရုတ်မြန်မာဆက်ဆံရေးတိုးတက်ကောင်းမွန်လာ
သည်ကို သုံးသပ်ခဲ့ကြပြီး မြန်မာပြည်မြောက်ပိုင်းဒေသပြသနာကို ကောင်း
မွန်စွာ ဖြေရှင်းရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။ တရုတ် မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိမ်းသိမ်းခြင်းသည် နှစ်နိုင်ငံ ဘက်
စုံ မဟာဗျူ ဟာမိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ကို တွန်းအားပေးရန် အလွန်
အရေးပါကြောင်း နှစ်နိုင်ငံမြောက်ပိုင်းအခြေအနေများနှင့် ပတ်သက်၍ နှစ်
နိုင်ငံ အနီးကပ်ဆက်သွယ်မှု များထားရှိပြီး နယ်စပ်ဒေသထိမ်းသိမ်းရေးကို
ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ ပြောကြားသည်မှာ မြန်မာ
ပြည်၏အရေးကိစ္စတွင် ဆိုင်ရာဖက်အသီးသီးက ထိမ်းချုပ်ကာ မြန်မာနိုင်ငံ
မြောက်ပိုင်းငြိမ်းချမ်းရေးကို အမြန်အကောင်အထည်ဖေါ်ဆောင်ရွက်ပြီး တရုတ်မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းအောင် အမြန်အကောင်အထည်ဖေါ်
ဆောင်ရွက်စေလိုကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးဆွေးနွေးမှု များကို ထောက်ခံကြောင်း အဆိုပါငြိမ်းချမ်းရေးဆွေးနွေးမှု များမှတဆင့် မြန်မာပြည်
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံးရရှိစေလို
ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာဘက်မှ ပြန်လည်ပြောကြားသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှု နှင့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အတွက် ပြင်ဆင်ထားမှု များအား ရှင်းပြခဲ့ပြီး လက်တွေ့ကျသောဆောင်ရွက်
မှု များဖြင့် မြန်မာပြည်မြောက်ပိုင်းတည်ငြိမ်အေးချမ်းမှု ရအောင် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား
ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအနေ
နှင့် တရုတ်နိုင်ငံမှ ပြီးခဲ့သောကာလတလျောက် ထောက်ခံကူညီခဲ့သည်ကို
ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်မှ အပြု သဘောဖြင့် ဆက်လက်ပါဝင်စေလိုကြောင်း ဆင်ဟွာ Xinhwa သတင်း
ဌာနမှ အကျယ်တဝင့် ဖေါ်ပြခဲ့ပါသည်။
အဆိုပါ နှစ်နိုင်ငံ၏ ၂+၂ တွေ့ဆုံမှု အား ၂၀၁၇ ခုနှစ်အတွင်း နောက်
တကြိမ် တရုတ်ပြည်တွင် ပြု လုပ်ရန် သဘောတူခဲ့ကြသည်ဟုဆိုပါသည်။ ၂၀၁၇ နှစ်ဆန်းတွင် ပြု လုပ်ခဲ့သည့် နှစ်နိုင်ငံ ၂+၂ တွေ့ဆုံမှု တွင် တရုတ်နယ်
စပ်တည်ငြိမ်အေးချမ်းရေး မြန်မာပြည်မြောက်ပိုင်းအရေး မြန်မာပြည်ငြိမ်း
ချမ်းရေးဆွေးနွေးပွဲအရေးတို့ ရှေတန်းရောက်နေသည်ဟုဆိုရမည်။
တရုတ်အထူးသံတမန်
တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဦးတည်ချက်သည် နှစ်
နိုင်ငံချစ်ကြည်စွာဆက်ဆံသည့်အခြေခံပေါ်မှ တရုတ်မြန်မာကုန်သွယ်မှု မြှင့်တင်ရေး မြန်မာနိုင်ငံ တရုတ်ရင်းနှီးမြှု ပ်နှံများအား ကာကွယ်ခြင်း တိုး မြှင့်ခြင်း တရုတ်၏သေနင်္ဂဗျူ ဟာစီမံကိန်းဖြစ်သည့် မြန်မာပြည်ဖြတ်မည့်
အနောက်ဖက် ပိုးလမ်းခါးပတ်တို့တွင် အာရုံစိုက်ထားခဲ့သည်။ သို့သော်လည်း
ထိုစီးပွါးရေးရည်မှန်းချက်များ အကောင်အထည်ဖေါ်ရေးအတွက် အဟန့်
အတားဖြစ်နေသည်မှာ တရုတ်မြန်မာနယ်စပ်တလျောက် မတည်ငြိမ်မှု များ
ဖြစ်သည်။
လက်ရှိဖြစ်ပွါးနေသော လက်နက်ကိုင်ပဋိပက္ခများအရ ကချင်ပြည်
နယ် ရှမ်းပြည်မြောက်ပိုင်းတွင် KIA/MNDAA/TNLA/AA အဖွဲ့ ၄ ဖွဲ့နှင့် ဖြစ်
ပွါးနေသော စစ်မီးအား ငြိမ်းသတ်ရန်လိုအပ်နေသကဲ့သို့ ထိုမီးစမှတဆင့်၎င်း
လက်ရှိ မြန်မာပြည်နိုင်ငံရေးပြသနာကို ကောင်းမွန်စွာဆွေးနွေးဖြေရှင်းနိုင်
ခြင်းမရှိပါက ဝ ဒေသနှင့် မိုင်းလားဒေသသို့ စစ်မီးတောက်ကူးစက်နိုင်သည်
ကို၎င်း ကောင်းစွာသဘောပေါက်ထားသည်ဖြစ်ရာ တရုတ်တို့သည် မြန်မာ
ပြည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အာရုံစိုက်လာခဲ့ကြသည်။
ယခင် ဦးသိန်းစိန်လက်ထက် မြန်မာပြည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
တွင် ပါဝင်ရန် တရုတ်မှ အထူးသံတမန်တဦးခန့်အပ်ခဲ့သည်။ တရုတ်နိုင်ငံ
ခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးသံတမန် အမည်ဖြင့်ခန့်အပ်ခဲ့
သော်လည်း ထိုသံတမန်၏ အဓိက အာရုံစိုက်မှု မှာ မြန်မာပြည်ငြိမ်းချမ်းရေး
လုပ်ငန်းကို အထူးအာရုံစိုက်ခဲ့သည်ကို တွေ့ရသည်။ ဦးသိန်းစိန်လက်ထက်
မြန်မာပြည်တွင်းရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုင်းရင်းသားများပြု လုပ်
သည့် လိုင်ဇာ/လော်ခီးလာညီလာခံများတွင် ကုလသမဂ္ဂအထွေထွေအတွင်း
ရေးမှူး၏ အထူးကိုယ်စားလည်နှင့်အတူ တကွပါဝင်တက်ရောက်ခဲ့သည်ကို
တွေ့ရသည်။ ၂၀၁၆ ခုနှစ်ထဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏
အထူးကိုယ်စားလည်သက်တမ်းပြည့်သွားပြီး ထပ်မံခန့်အပ်ခြင်းမရှိတော့
သော်လည်း တရုတ်သံတမန်ကတော့ တက်ကြွစွာလှု ပ်ရှားဆဲဖြစ်သည်။ လက်ရှိ တရုတ်အထူးသံတမန်မှာ မစ္စတာဆွန်ကော့ရှန် Mr Sun Guoxiang
ဖြစ်ပါသည်။
မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၆ ခုနှစ် NLD အစိုးရတက်ပြီးနောက်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၆ ဇူလိုင်လကုန်ပိုင်းတွင် ကျင်း
ပပြု လုပ်သည့် မိုင်ဂျာယန်ညီလာခံသို့၎င်း သြဂုတ်လကုန်ပိုင်းတွင် ကျင်းပ
သည့် ၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးသို့၎င်း တက်ရောက်ခဲ့သည်
ကို တွေ့ခဲ့ရသည်။ ထိုနောက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ဖြစ်ပွါး
သော မြောက်ပိုင်းမဟာမိတ်တို့နှင့် ဖြစ်ပွါးသည့်စစ်ပွဲအပြီးတွင် ပို၍ သိသိ
သာသာ သွက်သွက်လှု ပ်ရှားလာသည်ကို တွေ့ရသည်။ ထိုမြောက်ပိုင်းစစ်ပွဲ
သည် တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ထိခိုက်စေသည်သာမက
တရုတ်တို့၏အနာဂါတ် စီးပွါးရေးရည်မှန်းချက်များကို ထိခိုက်စေနိုင်သည့်
အပြင် တရုတ်နယ်စပ်တလျောက် စစ်မီးပိုမိုကြီးထွားလာနိုင်သည့် အခြေအ
နေ ဖြစ်ပွါးမလာစေရန် တားဆီးလို၍ ဖြစ်ကြောင်းသုံးသပ်ရပါသည်။
တရုတ်အထူးသံတမန်၏တွေ့ဆုံမှု များ
၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်တွင်ဖြစ်ပွါးသော မြောက်ပိုင်းစစ်ပွဲစတင်
ပြီးနောက်ပိုင်း တရုတ်တို့၏ လှု ပ်ရှားမှု ပိုမိုသွက်လက်လာခဲ့တော့သည်။
၂၀၁၆ နိုဝင်ဘာလအတွင်း တရုတ်ပြည်သို့အလည်အပတ်ရောက်ရှိနေသော
ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်သည့် ငြိမ်းချမ်းကော်မရှင်နှင့် တရုတ်
နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသော KIA/TNLA/MNDAA/AA မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ UWSA နှင့် မိုင်းလား အဖွဲ့ ၂ စုစု
ပေါင်း ၆ ဖွဲ့နှင့် ခွင်းမင်မြို့ ၌ ၂၀၁၆ ဒီဇင်ဘာ ၁ ရက်/ ၂ ရက်နေ့များတွင် တွေ့
ဆုံရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ စီစဉ်ပေးခဲ့သည်။ UWSA နှင့် မိုင်း
လားအဖွဲ့တို့နှင့် ငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံခဲ့သော်လည်း မြောက်ပိုင်း
မဟာမိတ် ၄ ဖွဲ့နှင့်တွေ့ဆုံရေး မအောင်မြင်ခဲ့ပေ။
သို့သော်လည်း တရုတ်တို့လက်လျှော့မသွားဘဲ ၂၀၁၆ ဒီဇင်ဘာ ၂၀ ရက်
နေ့တွင် မစ္စတာဆွန်ကော့ရှန်နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ငြိမ်းချမ်းရေး
ကိစ္စ ထပ်မံတွေ့ဆုံခဲ့ကြပြီး ၂၀၁၆ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး
ရန် အသင့်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်
ကို တွေ့ရသည်။
၂၀၁၇ ဇန္နဝါရီလ ၁၀ ရက်နေ့တွင် မစ္စတာဆွန်ကော့ရှန်သည် တရုတ်သံ
အမတ်ကြီး မစ္စတာ ဟုန်လျန် Mr. Hong Liang လိုက်ပါ၍ မြန်မာ့တပ်မ
တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို င်နှင့် နေပြည်
တော်တွင် လာရောက်တွေ့ဆုံခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
ဗိုလ်ချုပ်ကြီးမြထွန်းဦး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့လည်း တွေ့ဆုံရာတွင်ပါဝင်ခဲ့ သည်ဟုဆိုသည်။ အဆိုပါ တွေ့ဆုံမှု တွင် မြန်မာ့ငြိမ်းချမ်းရေးကိစ္စရပ်များအား အဓိကထားဆွေးနွေးခဲ့သည်ဟု ဆိုသည်။
မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၇ ဇန္နဝါရီလ ၁၇ ရက်နေ့တွင် ဝ နယ် ပန်
ဆန်းသို့သွားရောက်ပြီး ဦးပေါက်ယိုချမ်းခေါင်းဆောင်သော UWSA ခေါင်း
ဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ တဖန် ၂၀၁၇ ဇန္နဝါရီလ ၁၉ ရက်နေ့
တွင် တရုတ်ပြည်ခွင်းမင်မြို့ ၌ မစ္စတာဆွန်ကော့ရှန်နှင့် မြောက်ပိုင်း မဟာမိတ်
၎ ဖွဲ့တို့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စများ
အား ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ပြန်သည်။ ဤသို့ တရုတ်သံတမန်၏ လွန်းပြန်ခရီးများကို တွေ့မြင်ခဲ့ရသည်။
လက်ရှိ တရုတ်ပေါ်လစီ
လက်ရှိတရုတ်ပေါ်လစီမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှရှေ့
ဆောင်ပြီး တရုတ်စစ်ဖက်က နောက်မှ ရံပေးနေသည်ဟုဆိုရမည်။ တရုတ်
သံတမန်သည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား
လုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ပါဝင်သွားရေးကို ရှေ့ရှု လုပ်ဆောင်နေသည်
ကို တွေ့ရသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် တရုတ်လွတ်မြောက်ရေးတပ်မ
တော် အနောက်ဖက်စစ်နယ်ဝန်းတပ်မှူး Western Theatre Command
ဗိုလ်ချု ပ်ကြီး ကျောက်ဇုံးချိ Zhao Zongqi နှင့်အဖွဲ့သည် မြန်မာပြည်သို့
ရောက်ရှိခဲ့သည်။ တရုတ်ပြည်တွင် စစ်နယ်ဝန်း ၅ ခုခွဲခြားသတ်မှတ်ထားပြီး
အနောက်ဖက်စစ်နယ်ဝန်းသည် ယခင် ချင်တူးစစ်ဒေသနှင့် လန်ကျိုးစစ်ဒေ
သကို ပေါင်းထားခြင်းဖြစ်ပြီး ယူနန်ပြည်နယ် စစ်ချွမ်းပြည်နယ် တိဘက်တို့
ပါဝင်သည်ဟုဆိုပါသည်။ တရုတ်စစ်ဖက် ဗိုလ်ချုပ်ကြီး ကျောက်ဇုံးချိ နှင့်
မြန်မာစစ်ဖက်မှ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့သည်
၂၀၁၆ ဒီဇင်ဘာ ၁၂ ရက်နေ့၌ နေပြည်တော်တွင်တွေ့ဆုံခဲ့ကြပြီး တရုတ်နယ်
စပ်တည်ငြိမ်ရေးနှင့် ရှမ်းမြောက်ပဋိပက္ခတို့ကို ဆွေးနွေးခဲ့ကြသည်ဟုဆိုပါ
သည်။
လက်ရှိအချိန်တွင် တရုတ်စစ်ဖက်သည် တရုတ်နိုင်ငံခြားရေးသံတမန်
၏ ဆောင်ရွက်ချက်အောင်မြင်နိုင်ရေးအတွက် နောက်မှနေ၍ ထိမ်းထိမ်း
သိမ်းသိမ်းဆောင်ရွက်နေသည်ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မြောက်
ပိုင်းစစ်ပွဲအတွင် နယ်စပ်လုံခြုံ ရေးထိပါးသည့်ပြသနာများအား ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲကာလကကဲ့သို့ တင်းတင်းမာမာ တုန့်ပြန်ခြင်းမပြု ခဲ့ပေ။ မြောက်ပိုင်းစစ်ပွဲကာလအတွင်း ၎င်း၏နယ်နမိတ်အတွင်း မြန်မာဖက်မှ ဗုံးဆံကျ ခြင်း အရပ်သားထိခိုက်ခြင်းများအား ထိမ်းသိမ်းကိုင်တွယ်ခဲ့သည်
ကိုတွေ့ရသည်။ တရုတ်နှင့်ချောင်းသာခြားသည့် မုန်းကိုး၌ ပြင်းထန်စွာ တိုက်
ပွဲဖြစ်နေသည့်ကာလ၌ တရုတ်ပိုင်နက် မန်ဟိုင်းရှိ တရုတ်နိုင်ငံသားများရော
မြန်မာဘက်မှပြေးလာသည့် စစ်ဘေးဒုက္ခသည်များကိုပါ နယ်စပ်နှင့်ဝေးသည့်
ကျယ်ဖန့် မန်စီ မြို့ များဆီသို့ ပို့ဆောင်အကာကွယ်ပေးခဲ့ပြီး မြန်မာအစိုးရနှင့်
တပ်မတော်အားပြင်းထန်သည့်ကန့်ကွက်မှု မပြု ခဲ့ပေ။
တရုတ်စစ်တပ်က ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲကာလထက် များစွာ ပျော့ပြောင်းမှု ပြသနေခြင်းသည် တရုတ်နိုင်ငံခြားရေးသံတမန်၏လုပ်ဆောင် မှု အောင်မြင်နိုင်ရေးအတွက် တရုတ်တို့၏ ပျော့ပြောင်းမှု ကိုပြသနေခြင်း ဖြစ်သည်ဟုဆိုနိုင်ပါသည်။ တဖက်တွင်လည်း တရုတ်သံတမန်သည် မြန်မာ စစ်ဖက်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် မြောက် ပိုင်းမဟာမိတ် ၄ဖွဲ့အား တရုတ်ပြည်တွင်းသို့ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးစကား ဝိုင်းတွင် ပါဝင်နိုင်ရေး ကြိုးပမ်းနေသည်ကို တွေ့ရပေသည်။ ဤကား လက်ရှိ တွေ့မြင်နေရသည့် တရုတ်ပေါ်လစီအခင်းအကျင်းဟု ဆိုရပေမည်။
ထို့ပြင်တရုတ်အထူးသံတမန် မစ္စတာဆွန်ကော့ရှန်၏ လှု ပ်ရှားမှု များ အားလည်းဆက်လက်၍ မြင်တွေ့ရပါက အံ့သြဘွယ်ရှိမည်မဟုတ်ပေ။လက်ရှိ အချိန်တွင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာဆွန်ကော့ရှန်သည် UWSA အပါအဝင်မြန်မာပြည် မြောက်ပိုင်း တရုတ်နယ်စပ်မှအဖွဲ့အားလုံး အား ဆွေးနွေးပွဲစားပွဲဝိုင်းတွင် ပါဝင်နိုင်ရေး NCA လက်မှတ်ထိုးရေးတို့
အတွက် တွန်းတွန်းတိုက်တိုက်လုပ်နေမည်ဆိုပါက အံ့အားသင့်စရာရှိမည်
မဟုတ်ပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပေါ်လစီသည် တရုတ်နယ်
စပ်တည်ငြိမ်ရေးနှင့် တရုတ်အမျိုးသားအကျိုးစီးပွါးကို ရှေ့ရှု သည် မဟုတ်
ပါလော။
တချိန်တည်းတွင် မြန်မာအစိုးရနှင့်တပ်မတော်အနေနှင့်လည်း မြန်မာ
ပြည်အရှေ့မြောက်ပိုင်းရှိ UWSA နှင့် မိုင်းလားအား NCA လက်မှတ်ထိုးစေ
ရေးအတွက် UWSA အပေါ် တရုတ်တို့ တိုက်တိုက်တွန်းတွန်း ဖိအားပေးမှု ကို
လိုလားနေသည်။ တရုတ်တို့၏ ဖိအားပေးမှု ဖြင့် UWSA နှင့် မိုင်းလားတို့
NCA ထိုးရေးကို လိုလားနေပုံရသည်။ ထို့ကြောင့်လည်း နှစ်နိုင်ငံ ၂+၂ အစည်းအဝေး၌ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်တို့
အပြု သဘောဖြင့် ဆက်လက်ပါဝင်စေလိုကြောင်း မြန်မာဖက်က ပြောဆိုခဲ့
ခြင်း ဖြစ်ဟန်တူသည်။ တရုတ်အစိုးရ၏စီးပွါးရေးရည်မှန်းချက်နှင့် မြန်မာ
အစိုးရ၏နိုင်ငံရေးရည်မှန်းချက် အစပ်အဟပ်တည့်နေပုံရသည်။
မည်သို့ဆိုစေကာမူ မြန်မာပြည်ပေါ်၌ မည်သို့ပေါ်လစီကျင့်သုံးမည်ဆို
သည်ကို အဓိက အဆုံးအဖြတ်ပြု နိုင်သည်ကတော့ တရုတ်ပြည်ကွန်မြူ နစ်ပါ
တီ နိုင်ငံတကာရေးရာဌာနကြီးဖြစ်သည်ဆိုခြင်းကိုတော့ သတိမူထားရန် လို
အပ်ပေလိမ့်မည် ဖြစ်ပေသည်။
ပြီးပါပြီ
မောင်မောင်စိုး
( 22/2/2017 ရက်နေ့တွင် ဧရာဝတီမြန်မာပိုင်း၌ဖေါ်ပြပြီး )
photo credit ဧရာဝတီမြန်မာပိုင်း

Tuesday, February 21, 2017

ကိုရာဇာဟိန်း ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးချယ်ခဲ့သူနှင့် WY မူးယစ်ဖမ်းဆီးခြင်းများ

ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးချယ်ခဲ့သည့် ကိုရာဇာဟိန်း
“ကျွန်တော်ကတော့ မကြောက်ခဲ့ဘူး။ သေရမှာပဲ လုပ်လည်း လုပ်ရဲတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မွေးထားတဲ့ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ရှိတယ်။ ကျွန်တော့်မိန်းမ ကျွန်တော့်မိသားစုပေါ့”
.
ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ညောင်ဂျိုး (လ.၀.က) ဂိတ် တွင် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ သန်း ဖမ်းဆီးရမိမှုတွင် တောတွင်းတစ်နေရာက စုံစမ်းဖော်ထုတ်ပေးမှုဖြင့် ဥသျှစ်ပင်မြို့နေ ဆိုင်ကယ်ပြင်လုပ်ငန်း လုပ်ကိုင်နေသူ ကိုရာဇာဟိန်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်သူသို့ကျေးဇူးတင်လွှာအဖြစ် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့သည်။ ယင်းသို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရေးအတွက် တောတွင်း၌ ရှစ်ရက်ကြာနေထိုင်စုံစမ်းခဲ့ပုံနှင့် ဖမ်းဆီးပြီးနောက်ပိုင်း ၎င်းတို့မိသားစု လုံခြုံရေးအခြေအနေတို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး- အစ်ကိုအနေနဲ့ ဒီကိစ္စကို စသိတဲ့အခြေအနေလေး ပြောပြပေးပါဦး။
ဖြေ- ဒီဇင်ဘာ ၁ ရက်က ဘုန်းကြီးကျောင်း ဝေယျဝစ္စသွားလုပ်ရင်းကနေ ဆီဘောက်ဆာ တစ်စီးက တဲနောက်ကိုဝင်လာတယ်။ ကျွန်တော်ကလည်း သွားကြည့်မိတယ်။ ဆီဘောက်ဆာထဲက ဆီတွေမထွက်ဘဲနဲ့ အထုပ်ဖြူတွေထွက်တော့ စိတ်တော့စိတ်ဝင်စားဖို့ကောင်းတယ်။ အစအဆုံး လိုက်ကြည့်ဖြစ်တယ်။ စဦးဆုံး သံသယဖြစ်မိတာက ဆီဘောက်ဆာကားထဲမှာ ဆီမပါဘဲ အထုပ်တွေ ထုပ်နေကြတယ်ဆိုကတည်းက ကျွန်တော် သံသယဖြစ်မိသွားတယ်။

■ မေး- အဲဒီနောက်ပိုင်းမှာ အစ်ကိုဘယ်လိုဖြစ်ပြီး ဒီကိစ္စကို စုံစမ်းဖြစ်သွားလဲ။
ဖြေ- အဲဒါကို ကျွန်တော့်ယောက်ဖကို ဖုန်းနဲ့ လှမ်းပြောလိုက်တယ်။ ကျွန်တော့်အစ်ကို ခိုင်းစေချက်လည်း ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း လုပ်ချင်စိတ်တွေပါတယ်။ အဲဒီအချိန်မှာ အရမ်းကို သိချင်စိတ်၊ ကြိုးစားချင်စိတ်တွေဖြစ်နေပြီး ဒီဇင်ဘာ၂ ရက်နဲ့ ၄ ရက် မှာ ဘာတွေလုပ်ရှားမှုရှိလဲဆိုတော့ ဆီပီပါကို ဥသျှစ်ပင်ဈေးမှာ ဖောကားနဲ့လာဝယ်တယ်။ တောထဲမှာချပြီး အဖုံးတွေဖွင့်တယ်။ အဲဒီအတောအတွင်းမှာ ကျွန်တော်က ဘာတွေလုပ်ရလဲဆိုတော့ လူဝင်လူထွက်၊ ပါဝင်သူတွေ နေအိမ်ကို သွားရတယ်။ ကား ရှိ မရှိ စစ်ရတယ်။

■ မေး-စုံစမ်းထောက်လှမ်းနေတုန်းမှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲနဲ့ အတွေ့အကြုံလေးကို ပြောပြပေးပါဦး။
ဖြေ-တောထဲမှာ အခက်အခဲ အများကြီး ရှိခဲ့တယ်။ ဆောင်းတွင်းဆိုတော့ တအားချမ်းတယ်။ တောထဲမှာ တောင်ပေါ်ပြန်တက် တောင်အောက်ပြန်ဆင်း။ ကျွန်တော်တို့နောက်မှာ တောင်အကြီးကြီးရှိတယ်။ တက်ရတာ တော်တော်လေးတက်ယူရတယ်။ ဆင်းတာကတော့ တွယ်ကပ်ပြီး ဆင်းရတယ်။ တာလမ်းနဲ့ ကျွန်တော်တို့အိမ်နဲ့ဆို နှစ်ဖာလုံ လောက်ဝေးတယ်။ ကျွန်တော်တို့တဲနဲ့ သူတို့ ပစ္စည်းထားတဲ့နေရာက နည်းနည်းလေးပဲ လှမ်းတယ်။ ဒီဇင်ဘာ ၆ ရက်မှာ ကျွန်တော်နဲ့ ကျွန်တော့်ယောက်ဖနှစ်ယောက်က နံနက် ၆ နာရီလောက် သတင်းအတိအကျ သွားယူကြတယ်။ ဖောကားအပြာနဲ့ လူသုံးယောက်ကိုတွေ့တယ်။ သူတို့တွေဘာလုပ်နေလဲဆိုတာကို ကျွန်တော့်ယောက်ဖက အနီးကပ်စုံ စမ်းခိုင်းတယ်။ ကွမ်းဝယ်ရင်း လှမ်းချောင်းတယ်။ အစ်ကိုရေ ဒီနားကကြည့်ရင်တော့ အဆင်မပြေဘူးဆိုတော့ သူတို့တဲကိုသွား အစ်ကိုက သတိရတယ်လို့ ပြောဆိုပြီး စကားပြောခိုင်းတယ်။ ကျွန်တော်သွားခဲ့တယ်။ သူတို့ခြံထဲကိုဝင်တယ်။ ပထမတော့ ညီလေး လာဆိုပြီးခေါ်ပြီး နောက်ကျတော့ သူတို့ဟာတွေ သိမှာစိုးလို့နဲ့တူတယ်။ အပြင်သွားရအောင်ဆိုပြီး တာလမ်းကို ထုတ်လာတယ်။ ကွမ်းဆိုင် တစ်ခါထပ်ထိုင်ကြတယ်။ စကားပြောကြပြီး ပြန်ဝင်သွားတယ်။ ကျွန်တော် သတင်းပြန်ပို့တယ်။ ကျွန်တော်ပြောလိုက်တယ်။ ကို....ကတော့ အမူအရာတွေပျက်နေတယ်။ တစ်ခါထပ်ကြည့်ကြတဲ့အချိန်မှာ ဖောကားက မရှိတော့ဘူး။ ပီပါခွံတွေချခဲ့ပြီး တာလမ်းပေါ်ကိုတက်သွားပြီ။ ဆက်လိုက်ကြတော့ နယ်ခြားအထိလိုက်တယ်။ မတွေ့တော့ဘူး။ ပျောက်သွားတယ်။ အဲဒီအချိန်မှာ အစ်ကိုက မင်းဒီနေ့ကနေပြီးတော့ ဘယ်မှမသွားနဲ့တော့ ကို....တို့ ဘာလုပ်တယ်ဆိုတာ စုံစမ်းတော့ဆိုပြီး ကျွန်တော်စုံစမ်းခဲ့တယ်။ ဒီဇင်ဘာ ၇ ရက် ၈ ရက်ကြားမှာ ကျွန်တော်ရယ်၊ ရဲအုပ်ကျော်စိုးဦးရယ်၊ သူ့တပည့်လေးရယ် သုံးယောက် ပစ္စည်းတွေထားတဲ့နေရာကို သတင်း အတိအကျသွားယူတယ်။ မနည်းသွား ရတယ်။ ခွေးသွား ၀က်သွားသွားရတာ။ ဖိနပ်တွေချွတ်၊ လေးဘက်ထောက် ကျောက်ခဲတွေ စူးလည်းမတတ်နိုင်ဘူး။ ဖြစ်ချင်တော့ ခါးမှာ ထိုးထားတဲ့ဓာတ်မီးက လင်းနေလို့ ပြန်ပိတ်ထား။ တော်တော်ကြီးသွားရတယ်။ ပီပါတွေထားတဲ့နေရာကို ၈ နာရီကသွားတာ ၁၁ နာရီလောက်မှ ရောက်တယ်။ ပီပါတွေပေါ်မှာ မိုးကာတွေအုပ်ထားတယ်။ ကြည့်ပြီး ပြန်လှည့်လာခဲ့ရတယ်။ ကျွန်တော့်ယောက်ဖကလည်း ဒါတွေက ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတွေ ဆိုတာ သတင်းအတိအကျ သိခဲ့ရတယ်။

■ မေး- သတင်းရပြီးနောက်ပိုင်း အခြေအနေလေးကို ထပ်ပြောပြပါဦး။
ဖြေ- နောက်ရက်မှာ ကို.....အိမ်မှာ မီးစက်ရှိတော့ ညဘက်တွေမှာ ဆီပီပါတွေကို ကျောက်စက်နဲ့ဖွင့်နေတဲ့ အသံတွေကို ကြားရတယ်။ မီးတ၀င်းဝင်းနဲ့တွေ့နေရတယ်။ တောင်ပေါ်ကပဲကြည့်ခဲ့ရတယ်။ ကို....အဖွဲ့ သားတွေက ပစ္စည်းတွေထည့်တာကို ရိုးတိုး ရိပ်တိတ်မြင်ရတယ်။ ၀ရိန်ဆော်တယ်။ ပိတ်တယ်။ ဒီဇင်ဘာ ၇ ရက်မှာတော့ ပျောက်သွားတဲ့ဖောကားက ညောင်ခြေထောက်က ကို....အိမ်မှာ ရပ်ထားတာတွေ့ရတယ်။ သတင်းပြန်ပို့ပြီး လူစိမ်း ရှိ မရှိ ပြန်ချောင်း၊ လူဝင်လူထွက်တွေရှိနေတယ်။ ဒီဇင်ဘာ ၉ ရက်မှာ ညောင် ခြေထောက်မှာရပ်ထားတဲ့ ဖောကားက တောင်ပေါ်က ကို....တို့အိမ်ကို လူတွေနဲ့ ညနေ ၄ နာရီလောက်မှာရောက်လာတယ်။ ကျွန်တော်ချောင်းနေရင်းနဲ့ ဒီညတော့ လှုပ်ရှားမယ်ထင်တာပဲ အစ်ကိုရေဆိုပြီး အကြောင်းကြားတော့ ဆက်ကြည့်ထားဆိုတော့ ကျွန်တော်ကလည်း အဲဒီအချိန်မှာ အရမ်းပင်ပန်းနေပြီ။ ကျွန်တော့်ညီအငယ်ကောင်ကို ဖုန်းဆက်ပြီး ငါ့ကိုတော့ တစ်ညလောက်လာပြီး အိပ်ပေးစမ်းပါလို့ပြောရတယ်။ အိပ်ပျော်သွားတဲ့အချိန်မှာ လွတ်သွားမှာစိုးလို့ ညီရောက်လာတဲ့အချိန်မှာ တစ်ညလုံးစောင်ကြည့်ကြတယ်။ ည ၉ နာရီလောက်မှာ မျောခုတ်တာ ဆီပီပါတွေကို စီထားတယ်တွေ့တယ်။ ဖောကားဖင်ထိုးပြီး ဆီပီပါတွေကိုတင်ဖို့ အဆင်သင့်ပြင်ထားတယ်။ နံနက်ကြီး ၃ နာရီလောက်မှာ ဆီပီပါတွေကို လှိမ့်တင်နေတဲ့အသံကို ကြားရတော့ အစ်ကို့ကိုဖုန်းဆက်ပြီး လုပ်ငန်းတော့ စနေပြီပြောတော့ ကားကိုမျက်ခြည် မပြတ်ကြည့်ထား။ အပေါ်တက်လား အောက်ဆင်းလား အကုန်ပြန်ပြောဆိုတော့ ဆက်ကြည့်ရင်း နံနက်ကြီး ၅ နာရီလောက်မှာ ဖောကားပေါ်ကို အကုန်တင်ပြီးသွားပြီ။ နောက် လူလေးယောက်တက်ပြီး ညကြီးဆိုတော့ မီးထိုးပြီး တာလမ်းပေါ်ကို ကားကတက်နေပြီ။ ကျွန်တော်နဲ့ ညီလေးကလည်း ဆိုင်ကယ်ဝှက် ထားတဲ့နေရာကိုသွား ဆိုင်ကယ်စက်နှိုး မီးပိတ်၊ ကျွန်တော့်ညီက စောင်ကြီးခြုံ၊ ကျွန်တော်လည်း စောင်ကြီးခြုံပြီးလိုက်ကြတာမှာ အဲဒီကားက တောင်ပေါ်ကိုမတက်ဘဲ ဥသျှစ်ပင်ဘက်ကို မောင်းပြတယ်။ တောင်သုံးလုံးလောက်လည်းကျရော ဖောကားက ပြန်လှည့်လိုက်တာကို မထင်လိုက်ဘူး။ အဲဒီကားမှန်း လည်း မထင်လိုက်ဘူး။ အောက်ကိုဆက်လိုက်ကြတယ်။ မီးရောင်ကလည်းမမြင်ရတော့ ကားကတော့ တို့ကိုမျက်စိလှည့်သွားပြီ ညီလေးဆိုပြီး ပြန်လိုက်တာမှာ ဆင်လယ်နားမှာ အဲဒီကားကို ခြေရာခံမိတယ်။ တောက်လျှောက်လိုက်ရင်း ဆင်လည်လည်းကျော်ရော ကားကို ကျွန်တော်တို့ကျော်လိုက်တယ်။ တောင်အတက်တွေကွေ့တော့ ပုန်းပြီး ကားကိုပြန်ကြည့်။ ပီပါ ၁၈ လုံးဆိုတော့ သတင်းကတော့ အမှန်အကန်ဖြစ်နေပြီ။ အဲဒါနဲ့ အစ်ကိုအောက်ကနေ အပေါ်ကိုပြန်တက်လာခဲ့တော့ အောက်မှာ ဖမ်းလို့မရတော့ဘူး။ တောင်ပေါ်ကိုပြန်တက်နေပြီဆိုတော့ အစ်ကိုက ညီလေး အဲဒီကားကိုကျော်၊ ညောင်ကျိုးမှာ ရဲတွေနဲ့ပူးပေါင်းပြီး အဲဒီကားကိုတားလိုက်ဆိုပြောတော့ ကျွန်တော်တို့က ဆိုင်ကယ်ကို လှည့်ပြီးပုန်း၊ ကားကိုပြန်ကျော်တက် စိတ်ကလည်း လောနေပြီ။ လ၀က ညောင်ကျိုးဂိတ်ကို ရောက်ချင်နေပြီလေ။

■ မေး- ဂိတ်ကိုရောက်ပြီးတော့ ဘာဆက်ဖြစ်ကြလဲ။
ဖြေ- ညောင်ကျိုး ဂိတ်ကိုရောက်တော့ သတင်းပို့။ ဖောကားပေါ်မှာ ပါလာတဲ့ လူလေးယောက်လုံးကို လက်ထိပ်ခတ်ဖမ်းပါလို့ ပြောလိုက်တယ်။ ရဲတွေကလည်း စောင့်နေကြတယ်။ ဖောကားက မောင်းတံဂိတ်နားကို ရောက်လာတော့ စက်သတ်တယ်။ ရဲတွေက ၀ိုင်းဖမ်းကြတယ်။ ကျွန်တော့်အစ်ကိုလည်း ရောက်လာကြတယ်။

■မေး- ဖမ်းဆီးရမိလိုက်တဲ့အပေါ်မှာ အစ်ကို့လုံခြုံရေး၊ မိသားစုလုံခြုံရေး တစ်စုံတစ်ရာ ဖိအားပေးခံရတာမျိုး ကြုံခဲ့ရလား။
ဖြေ- ကျွန်တော်လိုက်ဖမ်းပေးခဲ့တဲ့ကိစ္စအတွက် စိုးရိမ်ပူပန်မှုသိပ်မရှိခဲ့ပါဘူး။ ဒီလုပ်ကွက်တွေကလည်း ကိုယ့်ကို ဒီလောက်ကြီး လုပ်တယ်လို့ထင်မထားပါဘူး။ ကျွန်တော်ကတော့ မကြောက်ခဲ့ဘူး။ သေရမှာပဲ လုပ်လည်း လုပ်ရဲတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မွေးထား တဲ့ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ရှိတယ်။ ကျွန်တော့်မိန်းမ ကျွန်တော့်မိသားစုပေါ့။ သူတို့ကအဖွဲ့လိုက်တွေဆိုတော့ တစ်နည်းနည်း တစ်ဥာဏ်ဥာဏ်နဲ့ ကြံမှာကိုတော့ စိုးရိမ်ခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ တာဝန်ထမ်းဆောင်နေတဲ့ ရဲတွေက ကြည့်ပေးပါတယ်။

■ မေး- အခုလို အစ်ကိုရဲ့လုပ်ရပ်အပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကနေပြီး အသိအမှတ်ပြုခဲ့တဲ့အပေါ် အစ်ကိုခံစားချက်လေးပြောပါဦး။
ဖြေ- ကျွန်တော် အမေစုလက်မှတ်ကိုရတဲ့အတွက် ပီတိလည်းဖြစ်တယ်။ ပျော်လည်းပျော်ပါတယ်။ ကျွန်တော် နိုင်ငံသားတစ်ယောက် အဖြစ်နဲ့ အမေစုကို တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်တယ်။ ဒါလေးပဲရှိပါတယ်။ ကျွန် တော့်မှာ…။
Writer: 
ဝေလင်း (ပြည်)


။။။။။။။။။။။။။။။။။။။။။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့်ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့တို့ပူးပေါင်း၍ WY ဆေးပြား (၂၃၀၀၀)ပြား ဖော်ထုတ်ဖမ်းဆီးရမိ
--------------------
ဘားအံ ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် သက်စိုးဦး ဦးစီးအဖွဲ့၊ ပြည်နယ်မှုခင်းအကူဌာနစုမှ ဒုရဲအုပ် အောင်ကျော်သူ ဦးစီးအဖွဲ့တို့သည်သက်သေ များနှင့်အတူ(၂-၂-၂၀၁၇)ရက်နေ့ နံနက်(၃)နာရီ အချိန် ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ကားကြီးဝင်းရှိ ယာဉ်ထွက်ပေါက်ဂိတ်တွင် စောင့်ဆိုင်း ဖမ်း...
See More

Like
Comment



။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Image may contain: 1 person, sky, outdoor, nature and text
Zarni Tike with Tike ZN.
"WY ဆေးပြား ၁၅ သန်း ဖမ်းမိရာမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့
တာဝန်သိပြည်သူတစ်ဦး"
ပန်းတောင်းက မူးယစ်ကုန်ကူးမှုကြီးကို ဖော်ထုတ်ဖို့ ထမင်းထုပ် ကွမ်းထုပ်နဲ့ တောထဲမှာ (၈)ရက...
See More
မောင်တောမှာ WY ဆေးပြား ၇ သိန်းနီးပါး ဖမ်းမိ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင်ကျေးရွာမှာ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁ သောင်း ၃ ထောင်ကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၇ သိန်းနီးပါးကို မောင်တောခရိုင် ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲ့ဒီမူးယစ်ဆေးဝါးတွေကို သဲတင်ကားပေါ်က သဲထဲမှာမြုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောပါတယ်။
...See More


မြဝတီမြို့အတွင်း ကာလတန်ဖိုး သိန်း(၃၀၀၀)ကျော်ခန့်
WY ဆေးပြား(၇၀၀၀၀)ကျော်နှင့် ICE ပုံဆောင်ခဲမူး
ယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများဖမ်းဆီးရမိ
မြဝတီ|စက်တင်ဘာ ၆ ၂၀၁၆
၆.၉.၂၀၁၆ ရက်နေ့(၁၅၃၀)အချိန်တွင် ကျုံဒိုးနယ်မြေရဲ...
See More
.
မောင်တောမြို့ ၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘူးသီးတောင်မှ မောင်တောသို့ မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးတွင် တင်ဆောင်လာသည့် ကျောပိုးအိတ် ၂ လုံးအတွင်းမှ WY ဆေးပြား ၁၉၅,၀၀၀ (တစ်ပြားလျင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ကျပ်သိန်းပေါင်း ၃၉၀၀) အား ဖမ်းဆီးရမိခဲ့သည်။


ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက်တွင် မောင်တောမြို့ ၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ WY ဆေးပြား ၂ သိန်းနီးပါး ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ထုတ်ပြန်သည်။
MIZZIMABURMESE.COM
ေေေေ
WY ဆေးပြား ၁၄ သန်းကျော် ပန်းတောင်းမှာ ဖမ်းဆီးရမိ
WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၁၄သန်းကျော်ကို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကာလတန်ဖိုး ကျပ်သန်းပေါင်း ၇ သောင်းကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြားတွေကို စက်သုံးဆီပေပါ ၁၅ လုံးထဲမှာ ထည့်ပြီး သယ်ဆောင်လာတဲ့ ကားကို ဥသျှစ်ပင်မြို့ကနေ ရခိုင်ပြည်နယ် တောင်ကုတ်ဖက်ကို သွားရာလမ်းမှာ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ တပ်မတော်ပိုင် မြ၀တီဖေ့စ်ဘွတ်မှာ သတင်းထု...
See More
လှိုင်မြို့နယ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
**************************************
လှိုင်မြို့နယ် ၁၆ ရပ်ကွက် အနောက်ပေ ၅၀ နှင့် မာလာမြိုင် ၁ လမ်းထိပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရာ တရားခံ ဦးအောင်ကျော် ( အဘ) ဦးကျော်စိန် ဇေယျသိဒ္ဓိလမ်း ၁ ရပ်ကွက် လှိုင်မြို့နယ်နေသူအား WY ဆေးပြား (၂၉၀) ပြား၊ ice ၂့၅ ဂရမ် နှင့် အတူ ဖမ်းဆီးရမိပါသည်။
Aung Kyaw Kyaw Oo

Like
Comment

Kyaw Swar
အထူးသတင်း
ကမ္ဘာတွင် စိတ်ကြွဆေးပြား ပမာဏ ဒုတိယအများဆုံး ဖမ်းဆီးမှုအဖြစ် ဇေကမ္ဘာဝင်းတွင် ဖမ်းမိ
ဇူလိုင် ၂၇
ကမ္ဘာတွင် ဒုတိယအများဆုံး၊ အရှေ့တောင်အာရှတွင် အများဆုံး စိတ်ကြွဆေးပြား ပမာဏ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ဇူလိုင်လ ၂၆ ရက် နံနက် ၅ နာရီက ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းရှိ ကွန်တိန်နာယာဉ် တစ်စီးပေါ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက ပြောကြားသည်။
“ဒီလောက် စိတ်ကြွဆေးပြား အများကြီးကို ရန်ကုန်မြို့ထဲ သိုဝှက်သယ်ဆောင်လာသူတွေဟာ ဘယ်သူတွေဆိုတာ သိရဖို့ အပူတပြင်း စုံစမ်းနေပါတယ်၊ တရုတ်နိုင်ငံမှာ ဆေးပြား သန်း ၃၀ ကျော် ဖမ်းမိခဲ့တယ်၊ အခု ဒီမှာဖမ်းမိတဲ့ ဆေးပြားပမာဏက ကမ္ဘာနဲ့ချီရင် ဒုတိယအများဆုံး ဖမ်းမိခဲ့တာ” ဟု မူးယစ်တပ်ဖွဲ့စု ၄၁ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့သည့် KIA BONGO အမျိုးအစား ကွန်တိန်နာ အဖြူရောင်ယာဉ်မှာ ဇေကမ္ဘာဝင်းရှိ အိုးအိမ် (၆) လမ်းတွင် ရပ်တန့်ထားစဉ် လှည့်ကင်းရဲတပ်ဖွဲ့က မသင်္ကာသောကြောင့် စစ်ဆေးခဲ့ရာမှ ကွန်တိန်နာအတွင်း ဆာလာအိတ် ၈၈ လုံးဖြင့် ထုပ်ပိုးထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၆၇ သိန်းကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောကြားသည်။
“ကွန်တိန်နာကားက ပျက်လို့ လမ်းဘေးရပ်ထားချိန် လှည့်ကင်းအဖွဲ့ကို မြင်ပြီး ကားပေါ်ပါသူတွေက ကားထားပြီး ဆင်းပြေးတာ၊ ဒါနဲ့ ကားကို မသင်္ကာလို့ ကွန်တိန်နာဘောက်ကို ဖွင့်စစ်ဆေးတော့ ပီနံအိတ်ထဲမှာ ထည့်ထားတဲ့ မှိုင်းခံစက္ကူနဲ့ ထုပ်ထားတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိတာ၊ ဒီဆေးပြားတွေကို ပင်လယ်ဘက်ကနေ သိုဝှက်သယ်ဆောင်မယ်ဖို့ စီစဉ်ထားတာလို့ ကနဦး စုံစမ်းချက်အရ သိထားရပေမယ့် တရားခံတွေတော့ မမိသေးဘူး” မူးယစ်တပ်ဖွဲ့စု ၄၁ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
စိတ်ကြွဆေးပြားများ တွေ့ရှိသော ကွန်တိန်နာယာဉ်ပေါ်မှ အခြားသော ယာဉ်မှတ်ပုံတင် သက်သေခံ တစ်ခုကို ထပ်မံတွေ့ရှိသဖြင့် ဆက်လက်စုံစမ်းရာ အဆိုပါယာဉ် မှတ်ပုံတင်ထားသော ကားနံပါတ်ဖြင့် KIA BONGO အပြာရောင် ကွန်တိန်နာ မော်တော်ယာဉ်တစ်စီးကို ဇေကမ္ဘာဝင်းအတွင်းရှိ အမှတ် (၃) လမ်းဆုံ မီးပွိုင့်အကျော် ဇေကမ္ဘာဝင်း လုံခြုံရေးဂိတ်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းတွေ့ရှိမှုကြောင့် ရဲတပ်ဖွဲ့က ဇေကမ္ဘာဝင်းရှိ ဝင်ထွက်ဂိတ်ပေါက်များကို ပိတ်ဆို့ကာ သိုလှောင်ရုံများကို ထပ်မံရှာဖွေ စစ်ဆေးနေပြီး ရန်ကုန်မြို့ အဝင်အထွက် ဂိတ်ပေါက်များနှင့် အမြန်လမ်းတိုးဂိတ်တို့တွင် ယာဉ်ဝင်/ထွက်မှု မှတ်တမ်းများ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာနိုင်မယ့် လမ်းကြောင်းမှာရှိတဲ့ မူဆယ်၊ လားရှိုး၊ တာချီလိတ်နဲ့ တောင်ကြီးမြို့က တပ်ဖွဲ့တွေထံ ဆေးပြာတွေ တွေ့တဲ့ ယာဉ်နံပါတ်ကို ပေးပို့ထားပြီး စုံစမ်းခိုင်းထားတယ်၊ စိတ်ကြွဆေးပြားဆိုတာ ဘိန်းပင်မလိုဘဲ စက်ပစ္စည်းတွေရှိရင် နေရာကျဉ်းကျဉ်းလေးမှာ ဓာတုဗေဒပစ္စည်းတွေ ရှိရုံနဲ့ လုပ်လို့ရနိုင်တာကြောင့် ရန်ကုန်မြို့ထဲက သိုလှောင်ရုံနဲ့ စက်ရုံတွေကို လျှို့ဝှက်စုံစမ်းရှာဖွေမှုတွေ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော်ရှိ အလေးချိန် ၂ ဒဿမ ၆၇ တန် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၆၇ သိန်း သိမ်းဆည်းရမိမှုကို မင်္ဂလာဒုံမြို့မ ရဲစခန်းမှ မူးယစ် (ပ) ၇/ ၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

LikeShow more reactions
Comment


မှတ်ချက်။  
မြန်မာတနိုင်ငံလုံးမှာ ပိုင်ရှင်မဲ့ မူးရစ်ဆေးဝါးများ စတင်ဖမ်းဆီးခြင်းကို  သမတဦးသိန်းစိန်အစိုးရ နောက်ဆုံးနှစ်၂၀၁၅ ရန်ကုန်ဇေကမ္ဘာဝင်းထဲမှာ ကမ္ဘာ့ ဒုတိယအများဆုံးစံချိန်တင် ဒေါ်လာ၁၃၃သန်း စိတ်ကြွဆေးများ စတင်ခဲ့ပြီး  ယခု၂၀၁၇ခု ဖေဖေါ်ဝါရီအထိ အဆက်မပြတ် ဖမ်းဆီးနေပါတယ်။
.
၂၀၁၆ ဒီဇင်ဘာလ ပြည်မြို့ဖမ်းဆီးမှုတခုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှ ကူညီဖမ်းဆီးပေးသူ ပြည်သူတစ်ဦး ကိုရာဇာဟိန်း ကို ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ဆုပေးခဲ့ပါတယ်။
.
မြန်မာနိုင်ငံမှာ မူးရစ်ဆေးလုပ်ငန်းများ ကင်းရှင်းပါစေ။