Sunday, June 3, 2018

10 stamdard exam result, online data 2018.. Good


ဆယ်တန်းအောင်စာရင်း အွန်လိုင်းတင်ကတည်းက မြန်မာပညာရေးစနစ် ပြောင်းလဲတာကို ကြိတ်ပြီး သဘောကျမိပါတယ်။ ငယ်ငယ်ကတော့ Data Analysis လုပ်ဖို့ စိတ်ဝင်စားတော့ အမှတ်အနည်းအများ၊ ဂုဏ်ထူး၊ ဆေး၊စက်မှု ၀င်ခွင့် ရသူများ အောင်ချက် .. စတဲ့ Data Analysis တွေကို သဘောကျလို့ Data Center ဗဟိုစာရင်းရုံးကို စိတ်ဝင်စားပါတယ်။ ၀မ်းရေးနဲ့ ပေါ်ပြူလာလစ်စင် အရ ဆရာဝန်လိုင်းလဲ မရွေးခဲ့ဘူး။ စီးပွားရေး တက္ကသိုလ်လဲ မရွေးခဲ့ဘူး။ သင်္ချာ အများကြီးတွက်ရတဲ့ အာအိုင်တီပဲ ရောက်ခဲ့တယ်။ မုံရွာမှာ ၁၀တန်းအမှတ် ကိုယ့်ထက် နိုမ့်တဲ့ လူ၁၅ယောက်လောက် ဆေးတက္ကသိုလ်တွေ ရောက်သွားကြတယ်။ ကျနော်က သချာင်္ ပညာတော်သင်ဆု ရတဲ့ လူရည်ချွန် မုံရွာဒေသကောလိပ်ဆရာ၂ဦး ဌာနမှုး ဆရာဦးခင်မောင်ဆွေ၊ ဆရာ ဦးယဉ်ဝင်းမောင် (အငြိမ်းစား သင်္ချာ ပါမောက္ခများ) တို့က  " ဟေ့ကောင်၊ မင်း သင်္ချာပညာချွန်ဆု နဲ့ Ph.D ရချင်တာ လေးစားတယ်။ ဒါပေမဲ့ ငါတို့လဲ ဒေါက်တာညီညီရဲ့ သင်္ချာပညာချွန်ဆု ရသူတွေပဲ ။ တက္ကသိုလ်ဆရာ အလုပ်ထက် အင်ဂျင်နီယာက ပိုကောင်းတယ်။ မင်းတွက်ချင်တဲ့ သင်္ချာတွေ အာတိုင်တီမှာ မြန်မာနိုင်ငံအကြီးဆုံး သင်္ချာ ဌာနကြီး ရှိတယ်ကွ ." .. .လို့ အာအိုင်တီ တက်ဖို့ တိုက်တွန်းချက်ကြောင့် သင်္ချာ ပညာချွန်ဆု မလျှောက်တော့ပဲ အာအိုင်တီ ရောက်လာခဲ့တယ်။
.
စာရင်းအင်း ပညာရှင်လဲ ဖြစ်မလာပဲ ပိုက်ဆံ ကြောင့် ဝေလေလေ လျှပ်စစ်၊ ကွန်ထရိုး အင်ဂျင်နီယာဘ၀ နဲ့ပဲ စင်ကာပူမှာ အလုပ်လုပ်ရင်း အဆုံးသပ်ခဲ့တယ်။ သားသမီး ၂ယောက် စင်ကာပူပညာရေး ၁တန်းက တက္ကသိုလ်ပညာရေးအထိ (ငွေမတတ်နိုင်ပေမဲ) သင်ပေးနိုင်ခဲ့တာပဲ ဘ၀ပေး ကုသိုလ်ကောင်းပါတယ်။ ကျနော် ၁၃နှစ် အလုပ်လုပ်တဲ့ Global Foundry (Semiconductor) ဌာနမှာ ဘီအီးဘွဲ့ရ ၂၀ယောက်၊ စင်ကာပူ ပိုလီဒီပလိုမာ ၁၀၀ ဦးလောက်၊ ကျွန်တော် အလုပ်ထွက်တဲ့ ၂၀၀၉ အထိ မြန်မာအဖွဲ့အစည်းလေး လုပ်ခဲ့ကြတယ်။ အခုတော့ အဲဒီ ပုဂိုလ်တွေ မြန်မာပြည်မှာ လုပ်ငန်းရှင်၊ စင်ကာပူမှာ တချို့ Ph.D အထိ သင်ယူ နေကြတယ်။ မြန်မာပြည် FMI မှာ ပြန်လုပ်နေတဲ့ လူရည်ချွန် တယောက်လဲ ရှိတယ်။ ထားပါတော့..။
.
အခုတော့ ၁၀တန်း အောင်စာရင်း ထွက်တော့ စာရင်းအင်း တွေ ၀က်ဆိုက်မှာ လုပ်ပြီးသား တွေ့လို့ Data Analysis လုပ်ပြီးသား ကို တင်လိုက်ပါတယ်။ အလွယ်တကူ သုံးသပ်နိုင်ပါတယ်။ ဒေတာ စင်တာ ရှိခြင်းက နိုင်ငံကို တိုးတက်မှု အလွန်လျှင်မြန်စေပါတယ်။ ဗဟိုစာရင်းရုံး အချက်လက်များ တိုးတက်ပါစေ ။
.
.
Analysis
ဆယ်တန်းကို ၂၀၁၈ မှာ စုစုပေါင်း ၇သိန်း၈သောင်း ဖြေကြတယ်။ ၃၂.၈၂% (၃ယောက်၊ တစ်ယောက်) အောင်ကြပါတယ်။ ၆ဘာသာ ဂုဏ်ထူးရှင် ၇၁၆ ယောက် ထွက်ပါတယ်။ ရန်ကုန်နဲ့ မန္တလေး တိုင်း၂ခုပဲ ၂၅၀ဦးလောက်စီ ၆ဘာသာ ဂုဏ်ထူးထွက်တယ်။ ဒီနှစ် မန္တလေးက ၆ဘာသာ ပိုများပေမဲ့၊ ၁၀တန်း အမှတ်အများဆုံး ၁၀ယောက် (သိပံတွဲ) ကတော့ ရန်ကုန်ကျောင်းသားတွေ ဖြစ်နေပါတယ်။ ရန်ကုန်၊ မန္တလေး ၂ခုက  ဖြေသူလဲ ၂သိန်းကျော် အတူတူလောက် ရှိတယ်။ စုစုပေါင်း ၆ဘာသာ အားလုံးရဲ့ ၇၅% လောက် ဖြစ်ပါတယ်။ မလိုင် (အသပြာကျောင်း - Sorry) ကတော့ ထုံးစံအတိုင်း ၆ဘာသာ ၁၀၀ကျော် နဲ့ မန္တလေးတိုင်း တခုလုံးရဲ့ ဂုဏ်ထူး အများဆုံး မြို့နယ်ပါပဲ။
6D. . 716
5D. . 1983
4D. . 3890
3D. . 6795
2D. . 12054
အခုတော့ ၁၀တန်း အောင်စာရင်း ထွက်တော့ စာရင်းအင်း တွေ ၀က်ဆိုက်မှာ လုပ်ပြီးသား တွေ့လို့ Data Analysis လုပ်ပြီးသား ကို တင်လိုက်ပါတယ်။
.
.
.

.....မလှိုင်​မြို့

၂၀၁၇-၁၈ ပညာသင်နှစ်မလှိုင်မြို့ မိသားစု
ကိုယ်ပိုင်ကျောင်း၏ အောင်ချက်
 ****************************
တစ်ကျောင်းလုံးအောင်ချက် ..... ၁၀၀%
( ဖြေဆိုသူစုစုပေါင်း        ၉၁၈ ဦး
  အောင်မြင်သူစုစုပေါင်း  ၉၁၈ ဦး)

၆ ဘာသာဂုဏ်ထူးရှင်  ( ၁၂၃ ) ဦး ၊
၅ ဘာသာဂုဏ်ထူးရှင်  (၁၆၃ ) ဦး ၊
၎ ဘာသာဂုဏ်ထူးရှင်  (၁၈၁) ဦး ၊
၃ ဘာသာဂုဏ်ထူးရှင်  (၁၃၀) ဦး ၊
၂ ဘာသာဂုဏ်ထူးရှင်  ( ၁၀၆) ဦး ၊
၁ ဘာသာဂုဏ်ထူးရှင်  ( ၁၂၁ ) ဦး ၊

အင်္ဂလိပ်စာ ဂုဏ်ထူးရှင်  (၂၄၄) ဦး ၊
မြန်မာစာ    ဂုဏ်ထူးရှင်  (၃၁၈) ဦး ၊
ရူပဗေဒ      ဂုဏ်ထူးရှင်  (၄၂၆) ဦး ၊
သင်္ချာ         ဂုဏ်ထူးရှင်  (၅၆၇) ဦး ၊
ဓာတုဗေဒ   ဂုဏ်ထူးရှင် (၆၅၆) ဦး ၊
ဇီဝဗေဒ      ဂုဏ်ထူးရှင်  (၇၈၈)ဦး၊
ဘောဂဗေဒ ဂုဏ်ထူးရှင်    ( ၁) ဦး ၊
                                     ------------
         စုစုပေါင်း                  ၃၀၀၀ ခု

တစ်ကျောင်းလုံးအောင်ချက် .....၁၀၀%

၂၀၁၇-၁၈ အိမ်ရှယ်ဝိုင်း( SS to S3)အောင်ချက်
*******************************************
သွင်းစာရင်းဦးရေ     ...      ၆၀၃ ဦး
အောင်မြင်သူ          ...       ၆၀၃ ဦး
ဂုဏ်ထူးရရှိသူ         ...       ၆၀၂ ဦး
အိမ်ရှယ်ဝိုင်းအောင်ချက်ရာခိုင်နှုန်း  ...  ၁၀၀ %
အိမ်ရှယ်ဝိုင်းဂုဏ်ထူးရာခိုင်နှုန်း       ...   ၉၉.၈၃%
(အိမ်ရှယ်ဝိုင်း ဖြေဆိုသူအားလုံး၏  ၉၉.၈၃ % ဂုဏ်ထူးထွက်ရှိပါသည်)

ကျောင်းသမိုင်းရာဇဝင်
********************

#၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် (၆) ဘာသာဂုဏ်ထူးရှင်   
  (၆၃) ဦးထွက်ရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် (၆) ဘာသာဂုဏ်ထူး 
   အများဆုံးထွက်ရှိသောကျောင်းဖြစ်ပါသည်။
#၂၀၁၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် (၉၉.၉ %) ဖြင့်
   မြန်မာတစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး ပထမ ရရှိခဲ့ပါသည်။
#၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတွင် (၆) ဘာသာဂုဏ် 
   ထူးရှင် (၈၁) ဦးထွက်ရှိခဲ့ပြီး မြန်မာ တစ်နိုင်ငံလုံးတွင် (၆) ဘာသာဂုဏ်
    ထူး အများဆုံးထွက်ရှိသော ကျောင်းဖြစ်ပါသည်။
#၂၀၁၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက် (၉၉.၃၈% ) ဖြင့်
   မြန်မာတစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ပထမ ရရှိခဲ့ပါသည်။
#၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် မိသားစုကိုယ်ပိုင်
   ကျောင်း တစ်ကျောင်းလုံးအောင်ချက်ရာခိုင်နှုန်း - ၉၈ ရာခိုင်နှုန်း
#၂၀၁၄ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ #ပညာရေးထူး
  ချွန်ဆု ရရှိခဲ့သည့် တစ်ခုတည်းသော ကိုယ်ပိုင်အထက်တန်းကျောင်း 
   ဖြစ်ပါသည်။
#၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးတွင် အောင်ချက် ၉၈.၆၈
  ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး #ပထမ   
  ရရှိခဲ့သောကျောင်းဖြစ်ပါသည်။
# ၁၉၉၈-၉၉ ပညာသင်နှစ်တွင်ကျောင်းသား(၄)ဦးဖြင့်အိမ်ရှယ်ဝိုင်း
    အနေဖြင့်စတင်ခဲ့ပါသည်။
   (၄)ဦးစလုံးဂုဏ်ထူးထွက်၍တစ်ဦးမန္တလေးတိုင်းထူးချွန်ဆု
    ရရှိခဲ့ပါသည်။
#၂၀၀ဝပြည့်နှစ်တွင်ကျောင်းသား(၇)ဦးလုံးဂုဏ်ထူးထွက်ရှိ၍တစ်ဦးမှာ 
   စက်မှုဝန်ကြီးမှချီးမြှင့်သော ပထမဆုရရှိခဲ့ပါသည်။
#၂၀၀၁ခုနှစ်တွင် မိဘများပိုမိုအားထားလာမှုကြောင့်(၂၄)ဦးထိတိုးချဲ့လက်ခံခဲ့ရာ(၂၃)ဦး အောင်၍တစ်ဦးမန္တလေးတိုင်းအဆင့်(၆)ရရှိခဲ့ပါသည်။သို့ဖြင့်ဘော်ဒါသက်တမ်း  (၂၀)နှစ်အတွင်းအောင်ချက်နှင့်ဂုဏ်ထူးအရေအတွက်မှာလည်း တစ်နှစ်ထက်တစ်နှစ်တိုးတက်မြင့်မားလာခဲ့ပါသည်။
#၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှစ၍ ယခုနှစ်အထိ (၉)နှစ်ဆက်တိုက် အောင်ချက်ရာခိုင်နှုန်း(၉၃%)နှင့် အထက်ရရှိခဲ့ပါသည်။
#နိုင်ငံတော်အစိုးရမှကိုယ်ပိုင်ကျောင်းများစတင်ဖွင့်လှစ်ခွင့်ပြုခဲ့သော ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စ၍ဘော်ဒါအဖြစ်မှကိုယ်ပိုင်အထက်တန်းကျောင်းအဖြစ်သို့ ပြောင်းလဲတိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

Family Private High School
Mahlaing

* NPM #


No comments:

Post a Comment