Thursday, April 2, 2020

Covid-19 and Myanmar Unity

အမေစု 1-Apr စတင်ဖွင့်တဲ့ FB
Aung San Suu Kyi Like 8သိန်း နဲ့ Share သောင်းချီပါတယ်။ ကျေးဇူးပါ။ မြန်မာပြည်သူလူထု အတွက် နိုင်ငံခေါင်းဆောင်.ဖေ့ဘုတ် မသုံးချင်ပေမဲ့ သုံးရပါပြီ။ ကျန်းမာ ညီညွတ်ကြပါစေ။
.
ကျန်းမာရေးဝန်ကြီးဌာန နေ့စဉ် update ကတော့ ပေါက်ခေါင်းမြို့ c-15 လူနာရဲ့ ခင်ပွန်း. သား.သမီး.တူမ ၄ဦး ပိုးတွေ့တယ်။ ၅၈ဦး ပိုးမတွေ့ပါဘူး။
Link
https://www.facebook.com/199295433433103/posts/3296011030428179/
.
မနေ့က ဒေါ်အောင်ဆန်းစုကြည် တွေ့တဲ့ ကျန်းမာရေး လုပ်ဆောင်သူ ၄ဦး updates ဖြစ်တယ်။ ပုသိမ် ရပ်ကွက်ထဲ ည ၉.၅၅ မှာ လင်ခရူဇာ အဖြူတစီး လော်၂ခု တင်ပြီး နှိုးဆော်တာ ကြားရပါတယ်။ အထိရောက်ဆုံး (အမေစုပြောပြတဲ့) ပညာပေးနည်းပါ။ ရပ်ကျေး အုပ်ချုပ်ရေးမှုးများ ပေါများလှတဲ့ လုပ်အားပေးများနဲ့ ဆက်လက် ကူညီပေးနိုင်ပါစေ။

ဝက်ဆိုဒ် Updates
စနစ်တကျမှတ်တမ်း ကြည့်လို. က်ုးကားဖို့ အစိုးရ ဝက်ဆိုဒ် ကြည့်ကြပါ။ ကမ္ဘာ့ ကိုရိုနာ updates လင့်များလဲ ရနိုင်တယ်။
http://mohs.gov.mm/Main/content/publication/2019-ncov

Saturday, March 21, 2020

ကိုယ်က စပြောင်းမှဖြစ်မှာပါ (Reform)

ဘယ်အဖွဲ့အစည်းမဆို
လုပ်ချင်ပေမဲ့ လုပ်နိုင်မှပဲ. ခေါင်းဆောင်နေရ ရစေချင်တယ်။ ခေါင်းဆောင်ကောင်း ၇၅%  ရရင်. စင်ကာပူ အဆင့်ရောက်ပီ..(For New Generation)
https://m.facebook.com/story.php?story_fbid=10157264850248472&id=755653471
.
ကိုယ်က စပြောင်းမှဖြစ်မှာပါ (Reform)
....................................
“ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ လူတိုင်းစဉ်းစားကြတယ်၊ ဒါပေမဲ့ မိမိကိုယ်ကို ပြောင်းလဲပစ်ဖို့တော့ ဘယ်သူမှ မစဉ်းစားတတ်ကြဘူး” လို့ဆိုတဲ့ ကမ္ဘာကျော်ရုရှား စာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ အဆိုအမိန့်ကို စာဖတ်သူများ ရိုးအီနေအောင် ကြားဖူးပြီးဖြစ်မယ်လို့ထင်ပါတယ်။

လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု၊ စနစ်တစ်ခုစတဲ့ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် ကို ပြောင်းလဲပစ်ချင်ကြပေမယ့်လည်း ကိုယ်ကိုယ်တိုင် စပြီးပြောင်းလဲဖို့တော့ စိတ်မဝင်စားတတ်ကြတဲ့သူတွေကို စာရေးဆရာကြီးတော်စတွိုင်းက စိတ်ကုန်လွန်းလို့ ပြောဆိုခဲ့ဟန်ရှိပါတယ်။

ဟုတ်လည်းဟုတ်ပါတယ်။ ပတ်ဝန်းကျင်ကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲ ပစ်ချင်ကြပေမယ့်လည်း ကိုယ်ကိုယ်တိုင်ကျတော့ အပြောင်းအလဲမလုပ်ချင်ကြတာ လူ့သဘာဝတစ်ခုလို့ဆိုရမှာပါ။

အဲဒါကြောင့်လည်း နိုင်ငံရေးစနစ်တွေ ဘယ်လိုပြောင်းလဲအောင်လုပ်လုပ် နိုင်ငံသားတွေရဲ့ အကျင့်စရိုက်တွေကို ရုတ်ခြည်းပြောင်းလဲဖို့လုပ်တဲ့နေရာမှာ အခက်အခဲတွေ၊ ပြဿနာတွေအမျိုးမျိုးနဲ့ရင်ဆိုင်ကြရတယ်မဟုတ်လား။ ပြောင်းလဲချိန်တန်ပါပြီလို့ ဘယ်လိုပဲပြောပြော လူ့အဖွဲ့အစည်းထဲမှာရှိတဲ့သူတွေ နဂိုခေတ်ကာလအတိုင်း တွေးတော၊ ကြံဆ၊ လုပ်နေသေးသရွေ့ အပြောင်းအလဲလုပ်ရာမှာ အခက်တွေ့မှာ ကျိန်းသေပဲလို့ ဆိုရမှာပါပဲ။

နိုင်ငံတကာမှာ အပြောင်းအလဲလုပ်တယ်ဆိုတဲ့နေရာမှာ ယေဘုယျပြောရရင် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲနှစ်မျိုးပဲရှိတယ်လို့ ပြောရမှာပါပဲ။ တိုက်တာအဆောက်အအုံတွေ၊ လမ်းတံတားကြီးတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ စက်ပစ္စည်းတွေ၊ သင်ထောက်ကူပစ္စည်းတွေကို နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ ပြောင်းအောင်လုပ်ယူတာမျိုးဟာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်အောင်လုပ်ကြရတာပါ။

စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဆိုတာကတော့ တော်ရုံတန်ရုံနဲ့ လုပ်လို့မရတဲ့ကိစ္စလို့ပြောရမှာပါပဲ။ အကွပ်မရှိတဲ့ ကြမ်းပရမ်းပတာဆိုတဲ့ ဆိုရိုးအရပြောရမယ်ဆိုရင် မတော်မတရားလုပ်ချင်တဲ့စိတ်၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးလိုတဲ့ စိတ်၊ အရင်ခေတ်ကာလကလို ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်လိုတဲ့ စိတ်တွေကို စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်ပြီး ထိန်းကွပ်ပေးတာက စကြရတာပါလို့ထင်ပါတယ်။

ပြောရမယ်ဆိုရင် အပြောင်းအလဲဆိုတာ တော်စတွိုင်းကြီးပြောတဲ့အတိုင်းပါပဲ။ ကိုယ့်အတွင်းစိတ်ခံယူချက်က စရမယ့်ကိစ္စပါ။ ကိုယ်ကိုယ်တိုင်က ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့အယူအဆမျိုးနဲ့ အပြောင်းအလဲတစ်ခုကို ဆောင်ကြဉ်းပေးလို့ ဘယ်လိုမှရမှာမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေတော့ ပြောင်းလို့ ရမှာပေါ့။ စိတ်ခံယူချက်သဘောထားတွေ အတူတကွပြောင်းလဲလာအောင်လုပ်တဲ့ နေရာမှာတော့ ထုံးစံအတိုင်း အခက်တွေ့ရမှာပါပဲ။

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေ အထူးယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်ကြတဲ့ ဆရာတစ်ဦးဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ အင်မတန်မှတ်သားစရာ ကောင်းတဲ့အရာတစ်ခုကလည်း အဲဒီစာရေးဆရာကြီး ပြောတာမျိုးနဲ့ အင်မတန် နီးစပ်ပါတယ်။ မြတ်ဗုဒ္ဓက အပြင်ကရန်သူတွေကို လက်နက်တွေနဲ့ အနိုင်ယူပြီး ဘယ်လိုပဲ အနိုင်ယူပြနိုင်ပေမယ့် မိမိအတွင်းသန္တာန်မှာရှိတဲ့ အကုသိုလ်စိတ်တွေကို အနိုင်မယူနိုင်သရွေ့စစ်မှန်တဲ့အောင်ပွဲမဟုတ်ဘူးလို့ ဆုံးမခဲ့ဖူးတာကို အားလုံး သိကြပါလိမ့်မယ်။

ဟုတ်ပါတယ်။ ကျွန်ုပ်တို့အားလုံး အပြောင်းအလဲကောင်းကိုလိုချင်တယ်ဆိုရင် ရေသာခိုအချောင်လိုက်လိုတဲ့စိတ်၊ အာဏာပြလိုတဲ့စိတ်၊ နိုင်ထက်စီးနင်းလိုတဲ့ စိတ်၊ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့စိတ် စတဲ့ခံယူချက်ဆိုးတွေကို ကိုယ်ကိုယ်တိုင်ကစပြီး တစ်ဦးချင်းစီပြောင်းလဲပစ်ပါမှ ပြောင်းလဲချိန်ရောက်ပြီလို့ဆိုနိုင်မှာဖြစ်ပါတယ်လို့ ပြောလိုတာပါ။

အယ်ဒီတာ (၁၆ - ၂ - ၂၀၁၉)
 (Daily, Vol-6/No-267 Editorial)
.
.
မှတ်ချက်
ခရစ်ယန်ကျမ်းစာမှာ ခရစ်တော်အားဖြင့် သာ ပြောင်းလဲ၊ လူသစ်ဖြစ်နိုင်တယ် လို့ ရေးထားပါတယ်။ ခရစ်တော် ဆိုသူက စံပြ ပုဂ္ဂိုလ် ပါပဲ။ ဗုဒ္ဓကလဲ စံပြ ပုဂ္ဂိုလ်ပဲလေ။ လူ့အမြင်ပေါ့။ အများအတွက် 100% အသက်ရှင်သွားသူတွေပါ။ သူတို့ ပိုင်ဆိုင်မှု နတ္တိ။
.
 လောကမှာ နေထိုင် စီးပွားရှာတော့ အတ္တ 50%, ပရဟိတ 50% လုပ်နိုင်တဲ့ ခေါင်းဆောင်တွေ များပြားဖို့ လိုပါတယ်။ မိမိရဲ့ အချိန် ၊ မိမိရဲ့ ပိုင်ဆိုင်မှု တဝက်ကို ပေးနိုင် လှုဒါန်းနိုင်သူ တွေ့ဖူးပါသလား။ ပရဟိတ အလုပ်၊ လူတွေကိုနှစ်သိမ့်ပေးရမဲ့ ဘုန်ကြီး အလုပ် ဆိုတာ ပါရမီပါသူများကို ခေါင်းဆောင် ရွေးခန့် ထားနိုင်ရပါမယ်။ ပါရမီ ရှိတဲ့
...နိုင်ငံရေးသမား
...ဥပဒေပညာရှင်
...စီးပွားပညာရှင်
...စစ်သား၊
...ရဲသား
...ဆရာဝန် ကျန်းမာရေးပညာရှင်
...အင်ဂျင်နီယာ စက်မှုပညာရှင်
...ကျောင်းဆရာ
...တောင်သူ
...ပန်းရံ၊ လက်သမား၊ ဝရိန်၊ ကားပင်၊ ကုန်သည် စသဖြင့် မိမိကြွမ်းကျင်ရာ အလုပ်လုပ်သူများ.. ခေါင်းဆောင်လုပ်ရပါမယ်။ ပျိုးထောင်ပေးရပါမယ်။ အရင်ကတည်း လာပ်စား အခုဝန်ကြီးလုပ်ရင်လဲ. ဆီလိုအပေါက်ရှာ လာပ်စားမှာပဲလေ။ အရင်ကတဲက လာပ်မစားတဲ့ လူ ..ဝန်ကြီးတွေကြတော့ အငြင်းသန်လို့တဲ့.. အနားပေးရတယ်။ ဖြေးဖြေးပေါ့ Reform.
.
အတ္တနဲ့ ပရ မျှတဖို့က မလွယ်ပါဘူး။ မိမိလစာ နဲ့ ပိုင်ဆိုင်မှု ရဲ့ ၁၀% ကို လှုဖို့ဆိုတာ ဆင်းရဲသားက လုပ်နိုင်တယ်။ သူဌေးက လုံးဝ မလုပ်နိုင်ပါဘူး။ ဒါကြောင့် သူဌေးတွေ၊ ဝင်ငွေကောင်းသူတွေ၊ အရာရှိကြီးတွေ ပြောင်း လဲဖို့.  ပိုအရေးကြီးပါတယ်။
.
 ခေါင်းဆောင်တွေ..အတ္တ(မိမိအတွက်) 75%, ပရ(အများအတွက်) 25% အထိ ပြောင်းလဲသွား နိုင်ရင် မိမိအောင်မြင်ပါမယ်။ မိမိ အောင်မြင်ရင် မိမိအဖွဲ့အစည်း ကုမဏီ လဲအောင်မြင်လာမယ်။ တိုင်းပြည်လဲ အောင်မြင်လာမှာပါ။ သူဌေးတွေ ဝင်ငွေရဲ့ ၂၅% အခွန်ပေးမယ် ဆိုတဲ့စိတ်ဓာတ် ပြောင်းလဲရပါမယ်။
...
 အများအတွက် လုပ်တယ် (ပြုပြင်ပြောင်းလဲတယ် Reform) ဆိုတာ အပြောလွယ် အလုပ်ခက်ပါ။ လုပ်ချင်သူ၊ လုပ်နိုင်သူတွေ နေရာရကြပါစေ။
.
ဇော်အောင်
အတွေးအမြင်