Friday, April 23, 2021

 မြန်မာ့အရေးကို

အထူးဆုတောင်းလိုပါတယ်

=================


22.4.2021

ဦးစွာပထမ ဒီပို့စ်ဟာ ပရောဖက်နေဟမိလို အုပ်ချုပ်သူများအကြိုက် တရားဟောသူများကို ဝေဖန်မှာဖြစ်လို့ စစ်အာဏာရှင်များကို ဘာမှမပြောလိုရင် ဆက်မဖတ်စေလိုပါ။ မြန်မာနိုင်ငံ လက်ရှိအခြေအနေဟာ နေဟမိအနာဂါတ်တိ၊ နေဟမိမြည်တမ်းလို အကြီးအကျယ် ပြည်ပစစ်တပ်ကြီးများ လာရောက်တိုက်ခိုက်ခြင်းမခံရသေးပါ။ စစ်တလင်းဖြစ်သွားနိုင်ပါတယ်။ အင်အားကြီးမားလှတဲ့ဘပြည်ပစစ်တပ်များကို လျှော့မတွက်သင့်ပါ။ လာနေပြီ လာနေပြီ ပြောရင် မိမိက ဘယ်ဖက်မှာရပ်တည်သလဲ..ရဲဝံစွာ ရပ်တည်ချက်မှန်ရပါမယ်။ 


ဓမ္မဆရာတစ်ဦးရဲ့ 

ဘုရားကိုဗဟိုပြုသောအသက်တာကို ဖတ်ရှုခွန်အားရပါတယ်။ မတရားမှုကို ဘုရားသခင်မနှစ်သက်ပါ ဆိုတဲ့အချက်ကို အဓိကထား ခွန်အားပေးထားတယ်။ လက်ရှိမြန်မာ ွစ်အာဏာသိမ်းခြင်းဟာ မတရားမှုလို့ ခံယူတဲ့အတွက် ကျန်ုပ်သဘောတူတယ်။ နောက်ဓမ္မဆရာတစ်ဦးကတော့ ဘုရားရှင်ထံတိုးဝင်ရင် လုံခြုံတယ်လို့ ခွန်အားပေးတယ်။ စစ်အာဏာသိမ်းမှုဟာ  မတရားဘူးလို့မရေးပါဘူး။ ရေးရင် စစ်အာဏာသိမ်း လက်မရွံတပ်များရဲ့ ရန်လိုမှု စိုးရိမ်လို ထင်ပါတယ်။ ၂ဦးစလုံးဟာ စစ်အာဏာသိမ်းမှုကို လက်မခံကြပါ။ သို့သော် ပထမတစ်ဦးက မတရားသူများလို့ ရဲဝံ့စွာ ပရောဖက်ယေယမိကဲ့သို့ ရေးသားပါတယ်။ 

.

နိုင်ငံရပ်ခြား နေထိုင်သူ (ဒါဝိတ်မင်းရဲ့ ဆာလံကျမ်းများကို အမြဲဖတ်ရှု ဟောကြားနေတဲ့) နာမည်ကျော်ဓမ္မဆရာ ၂ဦးမှာ တစ်ဦးက စစ်အာဏာရှင်ကို မတရားဘူး လုံးဝမပြောမဟောရဲပေမဲ့ နောက်တဦးက ရဲဝံစွာ မတရားတဲ့ စစ်အာဏာသိမ်းမှု လို့ ဟောပြောပါတယ်။ အင်းစိန်မြို့နယ်က နာမည်ကျော် သင်းအုပ်ဆရာတဦး ကတော့ မတရားတယ်၊ တရားတယ် အစိုးရကိုမဝေဖန်ပဲ ပစ်သတ်ဖမ်းဆီးညှင်ပမ်းခံရသူ မြန်မာနိုင်ငံသားများအတွက် ဆုတောင်မတောင်းပေးတာ ကြားရတော့.. အော် ကျန်းမာ၊ချမ်းသာ Prosperity Gospel ဟောကြားသူများဟာ ပြည်သူလူထုကိုမကြည့်၊ မိမိတို့ပဲ ​အဆင်ပြေရင် ပြီးပြီလို့ အတ္တကြီးမားကြတာ သံဝေဂရပါတယ်။ က္ကုသရေလ လူမျိုးများလို ဓမ္မဟောင်း အားသန်သူများဟာ သူဌေးတွေ၊ အာဏာပိုင်တွေအကြိုက် တရားဟောကြတာ တွေ့ပါတယ်။ 

.

.

အာရပ်အစ္စရေးပဋိပက္ခ


တခါက ကမ္ဘာကြီးပြားပြီ စာအုပ်ရေးသူ ဂျာနယ်လစ် တဦးက အာရပ်အစ္စရေး နယ်စပ်မှာ အစ္စရေးဖက်က စိမ်းလန်းစိုပြေနေပြီး အာရပ်(ဂိုလန်ကုန်းမြေဖက်) ခြောက်သွေ့ကန္တာရကြီးကို ကြည့်ပြီး အာရပ်နဲ့အစ္စရေး တွေကို အင်တာဗျူးတယ်။ အစ္စရေးတွေက ဘုရားသခင်က သူတို့နင်းတဲ့မြေကို စိမ်းလန်းစိုပြေစေမယ် ဆိုလို့ ကြိုးစားစိုက်ပျိုးရင်း စိမ်းလန်းလာတယ် လို့ဖြေကြတယ်။ အာရပ်တွေကတော့ ဘုရားသခင်က သူတို့နေတဲ့မြေကို သဘာဝအတိုင်းထားရမယ်လို့ ပြောထားတာကြောင့် နဂိုအတိုင်း ကန္တာရအတိုင်း ထားတယ်လို့ ဖြေပါတယ်။ ဘုရားသခင်က ၂ဦးစလုံးကို ကောင်းကြီးပေး လူမျိုးကြီး ဖြစ်စေပါတယ်။ 

.

.

မြန်မာစစ်အာဏာရှင်များအတွေး

.

သူတို့ (စစ်အာဏာသိမ်းတပ်)က 

တိုးတက်၊စိမ်းလန်းစိုပြေနေတာကို မနှစ်သက်ကြတာ အထင်အရှား ဖြစ်တယ်။ မတိုးတက်ချင်ပါ။ တိုးတက်လာရင် မြန်မာဗုဒ္ဓဘာသာ ကွယ်ပျောက်သွားမယ်။ မွတ်စလင်၊ခရစ်ယန်တွေ လွှမ်းမိုးသွားမယ်။ ဗမာအမျိုးအနွယ်တွေ ရော့ပါးလို့ ဗမာယာဥ်ကျေးမှု ပျက်သုန်းမယ်။ ဒါကြောင့် အနောက်နိုင်ငံများ အားပေးတဲ့ ဒီမိုကရေစီကို မလိုလားဘူး။ ​မ.ဘ.သ အမျိုးဘာသာ ဗမာ၊ဗုဒ္ဓဘာသာ ကို အားပေးပြီး တရုပ်၊ရုရှား နိုင်ငံများအားကိုးတဲ့ အေးချမ်းသာယာတဲ့နိုင်ငံတော် ထူထောင်မယ်လို့ ဝါဒဖြန့်တယ်။ 

.

.

ယခင် ပို့စ်တခုမှာ အိမ်နီးချင်း ၄နိုင်ငံက စစ်အာဏာသိမ်းများဖက် ဘက်လိုက်နေပြီး၊ အမေရိကန်နဲ့အနောက်အုပ်စုဟာ R2P ဝင်ဖို့ ရုရှား၊တရုတ် ဗီတိုကြောင့် ခက်ခဲနေကြောင်း၊ ဖက်ဒရယ်အာမီ တိုင်းရင်းသားတပ်များ မြို့သိမ်းတိုက်ပွဲ နဲ့ အချိန်ကြာကြာ တိုက်ရမဲ့အခြေအနေ ဆိုရင် အထိခိုက်များမယ်။ R2P ဝင်လာရင် နချို့က အထိခိုက်နည်းမယ်ထင်ကြတယ်။ တချို့က R2P ဝင်လာရင် စစ်တလင်းကြီး ဖြစ်သွားနိုင်တယ် ထင်ကြတယ်။ 

.

ဒီစာရေးသူ အမြင်ကတော့ နိုင်ငံခြားတပ် ဝေဟင်ကြီးစိုးပြီး ဝင်လာရင် ရုရှားနဲ့တရုတ် အလိုလို ေနာက်ဆုတ်သွားပြီး စစ်အာဏာသိမ်းတပ် ပြိုကွဲသွားမယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားတပ်များကို လက်နက်ကောင်းများ ပံ့ပိုးပြီး လေကြောင်းရန်ကာကွယ်ပေးရင်လည်း ဖက်ဒရယ်စစ်တပ် အောင်နိုင်မှာလို့ ယုံကြည်ပါတယ်။ 

.

မည်သို့ပင်ဖြစ်စေ အာဏာသိမ်းတပ် ပြိုကွဲနေတာ အလွန်ထင်ရှားပါတယ်။ မြေပြင် မြို့ကြီးများမှာ ပစ်သတ်၊လူမဆန်နည်းနဲ့ ငြိမ်ပိအောင် လုပ်ထားပြီး CDM မအောင်မြင်ဖို့ ကြိုးစားနေကြတယ်။ CDM လုံးဝအောင်မြင်အောင်မြင်နေဆဲပါ။. 

.

ကျနော်တို့ ပြည်သူများဟာ အစ္စရေးလူမျိုးများလို မြန်မာနိုင်ငံကို စိန်းလန်းစိုပြေလိုပါတယ်။ တောင်ကိုးရီးယားနိုင်ငံလို စိမ်းလန်းကြွယ်လိုတယ်။ မြောက်ကိုးရီးယားလို လုံးဝ(လုံးဝ) မဖြစ်လိုကြပါ။ ဒီစာဖတ်သူကို တိုက်တွန်းလိုပါတယ်။ အရေးကြီးတဲ့ CRPH & NUG အစိုးရ ခေါင်းဆောင်များအတွက် ဘေးကင်းအောင် အမည်နဲ့ ရွတ်ဖတ်ဆုတောင်းပေးကြပါ။ အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂ ခေါင်းဆောင်များကို ကျေးဇူးတင်ပြီး ခွန်အားပိုမိုရရှိအောင် တရက်ဖြစ်စေ အစာရှောင်(ဥပုဒ်စောင့်) ဆုတောင်းပေးကြပါ။ ညတိုင် ၈နာရီ မိမိ မိသားစုပဲကားအောင် စားပွဲခေါက်ပြီး အရေးကြီးပြီညီနောင်အပေါင်းတို့ သီချင်း တိုးတိုး သီဆိုကြပါ။ ခရစ်ယန်ဆိုရင် အတူ ဆာလံ ၅၊ ဆာလံ ၁၀ ရွတ်ဖတ်ကြပါ။ ဗုဒ္ဓ ဆိုရင် ဘုရားစာ အတူရွတ်ဖတ်ကြပါ။ အလွတ်မရရင် တယောက်က တိုင်ပေးကြပါ။ 

 

ပြည်သူလူထု ဆက်လက်အာဏာဖီဆန် အလုပ်မဆင်း၊ ဧည့်စာရင်းမတိုင်၊ အချင်းချင်းအားပေးပြီး တောင့်ထားကြဖို့ အလွန်အရေးကြီးနေပါတယ်။ အရမ်းကြောက်နေစရာမလို၊ ပုံမှန်တည်ငြိမ်စွာ ရှိကြပါ။ ဆန္နပြသူများ တိမ်းရှောင်နေစဥ် ဆန္နပြစဥ် နောက်ကပါဝင်သူများ ခေါင်းဆောင်နေရာ ဆက်ယူထား၊ လှုပ်ရှားနေကြပါပြီ။ စစ်အာဏာရှင် မြန်မြန် ကျရှုံးဖို့ ပြည်သူတွေ တတ်နိုင်သမျှ တဗိုလ်တက်၊တဗိုလ်ဆင်း ဆက်လက်အာဏာဖီဆန်နေတယ်။ CDM အလုပ်မသွားကြပါ။ 

.

အရေးတော်ပုံ ..(မုချ) အောင်ရမည်။

 


23.4.2021..9am

ဒီမိုကရေစီနိုင်ငံကြီးအိန္နိယနိုင်ငံ၊ မြန်မာပြည်သူတွေဘက် ရပ်တည်နေပါတယ်
.
တချို့က အိန္နိယအစိုးရဟာ သူတို့စစ်တပ်ရဲ့ လေယာဥ်၊ရေငုတ်သင်း​ဘော၊ ဒုံးပျံစစနစ်ကအစ တင့်ကား၊အမြောက်၊ လက်နက်ငယ်တွေအဆုံး.. ရုရှားစစ်ပစ္စည်းများဖြစ်နေတယ်။ ဒါကြောင့် ရုရှားတွေအလိုကျ မြန်မာစစ်အာဏာသိမ်းတပ် တွေဘက်ပါသလို ဖြစ်နေလို့ မြန်မာပြည်သူ၊ ကမ္ဘာပြည်သူများ စိတ်ပျက်နေကြတယ်။ တကယ်တော့ အိန္နိယအစိုးရက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကို ထောက်ခံပါတယ်။ စစ်လက်နက်ရောင်းချတဲ့ ရုရှားအလိုကျ မတ်-27 တော်လှန်ရေးနေ့အခမ်အနား (၈)နိုင်ငံ တက်ရောက်တဲ့အထဲ ပါဝင်ရပါတယ်။ တမူး၊ကလေးမြို့များက ရှောင်တိမ်းလာသူများကို လက်မခံနိုင်ကြောင်း ပြောသော်လည်း အိန္နိယ မီဇိုရမ်ပြည်နယ်က လက်ခံပေးလို့ မီဇိုရမ်ဖက်ကို သွာရောက်ခိုလှုံခွင့် ပေးထားပါတယ်။
.
.
အိန္နိယရဲ့ လက်ရှိရပ်တည်ချက်
.
ကုလ UN လုံခြုံရေးကောင်စီ ၁၅ နိုင်ငံမှာ ၁၁ နိုင်ငံက မြန်မာပြည်သူများဖက် ရပ်တည်ကြတယ်။ R2P ကိစ္စအပါအဝင် လက်နက်မရောင်းဖို့ အဆိုကို ထောက်ခံသော်လည်း ဗီတိုအာဏာရှိတဲ့ တရုပ်၊ရုရှား ၂နိုင်ငံက မထောက်ခံလို့ ယခု 24/4 အာစီယံ မြန်မာ့အရေးဆွေးနွေးပွဲ မင်းအောင်လိုင်ကို ဖိတ်ထားပါတယ်။ အိန္နိယရပ်တည်ချက်က အရေးမာတော့ ရုရှားကြီး ကျေနပ်အောင် UNSC ၁၅ နိုင်ငံမှာ ရုရှားဖက် အိန္နိယက လိုက်ပါနေရတယ်။
.
ရုရှားဖက် အိန္နိယပါနေခြင်း
ပါကစ္စတန်(မွတ်စလင်နိုင်ငံ) နဲ့ အိန္နိယ(ဟိန္ဒြူ နိုင်ငံ) စစ်ဖြစ်ခဲ့တယ်၊ တင်းမာကြတော့ အမေရိကန်က ပါကစ္စတန်ဖက်ရပ်တည်လို့ အိန္နိယက အမေရိကန်စစ်လက်နက်များ သပိတ်မှောက်ပြီး ရုရှားလက်နက်ချည်းပဲ ဝယ်ယူနေတာ နှစ်ပေါင်းကြာလှပါပြီ။ အိန္နိယက အဆင့်မြင့် လေယဥ်၊ ရေငုတ်သဘေ်ာ၊ အနုမြူဓာတ်ပေါင်းဖို စတဲ့ စစ်လက်နက်ကြီးများကို ပြင်သစ်နိုင်ငံကလဲ ဝယ်ယူပါတယ်။ ရုရှားလက်နက်က 80% လက်ရှိအိန္နိယစစ်တပ်က သုံးနေပြီး အမေရိကန်စစ်လက်နက်များကို မဝယ်တာကြာပါပြီ။ ၂၀၁၉ အိန္နိယ၊ တရုတ် နယ်စပ်အရေးအခင်းမှာ အိန္နိယစစ်သားများစွာ သေဆုံးပြီးနောက်ပိုင်း အိန္နိယက တရုတ်ဆန့်ကျင်ဖို့ အမေရိကန်ဖက်ကို ယိမ်းလာပါတယ်။
....ဒါကြောင့် အိန္နိယစစ်တပ် လက်နက်ကြီး၊ငယ် ရုရှားများရဲ့ အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းဖို့ နည်းပညာ လိုပါတယ်။ ရုရှားကြီးက မငြိုညင်အောင် ရုရှားအလိုလိုက်ရပါတယ်။  မြန်မာစစ်အာဏာသိမ်း အရေးအခင်းမှာ အမြဲ မြန်မာပြည်သူဖက်ရပ်တည်သော်လည်း အခုတကြိမ်မှာ ရုရှားလိုလားတဲ့ ​အာဏာသိမ်း စစ်ကောင်စီ SAC ဖက်မှာ ရပ်နေရတယ်။ အိန္နိယ နဲ်.. ဗီယက်နမ်၊မြန်မာ စစ်တပ်များဟာ ရုရှားလက်နက် ရာနှုန်းပြည့် သုံးနေရတယ်။ ရုရှား၊ ဗီယက်နမ် ၂နိုင်ငံ စလုံး ရုရှားဖက်၊ (မြန်မာစစ်ကောင်စီဖက်) လိုက်နေရပါတယ်။ သိုသော် တကယ့်အရေးကြုံလာရင် အိန္နိယအစိုးရဟာ မြန်မာပြည်သူများဖက် ၁၀၀% ပါဝင်လာမှာ သေချာပါတယ်။
.
မြန်မာ-အိန္နိယသမိုင်းမှာ အိန္နိယက ဘယ်သောခါမှ မြန်မာပြည်ကို စစ်ချီမလာပါဘူး။ အရ်လိပ်အင်ပါယာအောက် အတူကျရောက်ခဲ့စဥ် ၂နိုင်ငံ စိတ်တူကိုယ်တူ ပူးပေါင်းကူညီကြတယ်။ အိန္နယကပဲ မြန်မာနိုင်ငံကို ကူညီတာများပါတယ်။ ၁၉၄၈ မြန်မာလွတ်လပ်ရေးရပြီး ဦးနုအစိုးရနဲ့ အိန္နိယ အကြီးအကဲ နေရူး၊ အင်ဒီယာဂန္နီ တွေနဲ့လည်း ချစ်ကြည်ခဲ့ပြီး၊ ၁၉၆၂ မြန်မာပြည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ဒီမိုကရေစီအရေး အမြဲကူညီ ထောက်ခံခဲ့တယ်။ အိန္နိယဟာ ကမ္ဘာမှာ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ပြီး လူဦးရေသန်း ၁၂၀၀ ရှိပါတယ်။
.
အိန္နိယဟာ အမန်မာစစ်အာဏာသိမ်းတာ လုံးဝလက်မခံပါ။ သို့သော် အခြေအနေအရ ရုရှားအကြိုက် ခဏ လိုက်နေရတယ်။ ရာဇဝင် ပုဂံခေတ် မှာ မြန်မာဘုရင်ဆိုးတစ်ဦး အာဏာသိမ်းစဥ် အိန္နိယက မြန်မာဘုရင်ဆိုးကို ကူညီသလိုနဲ့ လုပ်ကြံခဲ့တဲ့ အကြောင်း  ပို့စ်တခု ပြန်ရှယ်ပါရစေ။ 
.
.
*****************
.
#ရာဇဝင်သမိုင်း​ဖျောက်မရဘူး....

ပုဂံရာဇဝင်မှာ "နရသူ" ဆိုတဲ့ အာဏာရူးမင်းတစ်ပါး ရှိခဲ့ဖူးတယ်။ သူအာဏာရဖို့အတွက် ဖခင် အလောင်းစည်သူမင်းကို ရွှေဂူကြီးဘုရားထဲမှာ ခေါင်းအုံးနဲ့ ဖိသတ်တယ်။ နောင်တော်ဖြစ်တဲ့ မင်းရှင်စောကို နံနက်ပိုင်းမှာ ဘိသိက်သွန်း၊ မင်းအဖြစ်တင်မြှောက်ပြီး ညပိုင်းမှာ ပွဲတော်စာထဲ အဆိပ်ခတ် သတ်ခဲ့တယ်။ အဲဒီလိုလူသတ်တဲ့နည်းနဲ့ အာဏာရအောင်ယူခဲ့တယ်။

အာဏာရူးပြီး မင်းဖြစ်လိုတဲ့လောဘကြောင့် ဖခင်နဲ့ နောင်တော်ကို သတ်ဖြတ်ခဲ့တဲ့ နရသူကို သပိတ်မှောက်တဲ့အနေနဲ့ အဲဒီအချိန်က ပုဂံသာသနာပိုင် ပံ့သကူမထေရ်ဟာ ပုဂံကနေ သီဟိုဠ်ကို ထွက်သွားတော့တယ်။ social punishment ပေးတဲ့အနေနဲ့ ဖဲကြဉ်ခဲ့တယ်။

ပံ့သကူမထေရ်တစ်ပါးပဲ အာဏာရူးနရသူကို social punishment ပေးခဲ့တာမဟုတ်ဘူး။ အဲဒီအချိန်က ပုဂံသူပုဂံသားတွေကလည်း နရသူ့ကို ရွံရှာကြတယ်။ စက်ဆုပ်ကြတယ်။ မုန်းတီးကြတယ်။ ရှောင်ခွာကြတယ်။ ပုဂံတစ်ခွင်လုံးမှာရှိတဲ့ ပြည်သူတွေက နရသူကို မနှစ်မြို့တဲ့အတွက် social punishment ပေးတဲ့အနေနဲ့ ရှောင်ကွင်းကြတယ်။ မဆက်ဆံကြဘူး။ မင်းအဖြစ် အသိအမှတ်မပြုကြဘူး။

ပုဂံပြည်သူပြည်သားတွေက မုန်းတီးကြောင်း၊ မဆက်ဆံလိုကြောင်း၊ မင်းအဖြစ်အသိအမှတ်မပြုကြောင်းကို သိရလေလေ နရသူ့ရင်ထဲမှာ မီးလောင်လေလေ ဖြစ်လာခဲ့တယ်။ ပြည်သူကအသိအမှတ်မပြုတဲ့အတွက် ရင်ထဲမှာ ပန်းတွေပွင့်မနေရတဲ့ နရသူဟာ ပြည်သူ့ကို ရက်ရက်စက်စက်၊ ကြမ်းကြမ်းကြုတ်ကြုတ် ဖိနှိပ်ပြန်တယ်။ People = my enemy ဆိုတဲ့ equation ကို နရသူ ထုတ်ခဲ့တယ်။ ပြည်သူကလည်း  ဖိနှိပ်ခံရလေ နရသူကို ပိုမုန်းတီးလေ၊ ပိုမဆက်ဆံချင်လေ၊ ပိုရှောင်ကွင်းလေ၊ ပိုအသိအမှတ်မပြုလေပဲ။

အဲဒီအချိန်က အိမ်နီးနားချင်းတိုင်းပြည်တွေဟာ သမီးပေးနှမယူနည်းနဲ့ diplomacy ကို ထူထောင်လေ့ရှိတယ်။ ဒါကြောင့် တစ်ခါမှာတော့ ဝေသာလီပြည် (အိန္ဒိယ) က မင်းသမီးတစ်ပါးကို မိဖုရားအဖြစ် နရသူ့ဆီ ပို့ကြတယ်။ ဦးနှောက်မရှိတဲ့၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတဲ့၊ ဝေဖန်ဆင်ခြင်ပိုင်းခြားနိုင်စွမ်းမရှိတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ နရသူဟာ အဲဒီဝေသာလီမင်းသမီးကိုလည်း သတ်ပစ်ခဲ့တာပဲ။

ဝေသာလီမင်းသမီးကို သတ်ပြီး အချိန်နည်းနည်းကြာသွားတဲ့အခါ ဝေသာလီပြည်က ဟူးရားပုရောဟိတ် ၈ ပါး ပုဂံကို ရောက်လာကြတယ်။ ပြည်သူက အသိအမှတ်မပြုတဲ့ နရသူကို မင်းအဖြစ် ဘိသိက်မြှောက်ပေးမယ်လို့ ဆိုကြတယ်။ ဘယ်သူကမှ အသိအမှတ်အပြုမခံရတဲ့ နရသူဟာ "ဟာ .. ငါ့ကို ပုဂံပြည်သူတွေကသာ အသိအမှတ်မပြုတာ၊ ဝေသာလီကုလားပြည်ကတော့ အသိအမှတ်ပြုသားပဲ၊ အခု မင်းအဖြစ်တောာင် ဘိသိက်သွန်းပေးဦးမတဲ့" ဆိုပြီး အပျော်ကြီးပျော်ခဲ့ပုံရတယ်။ အဘိသေကသဘင် ကျင်းပဖို့ ချက်ချင်းလက်ခံလိုက်တော့တာပါပဲ။ နေ့ရက်ရွေး၊ အချိန်ရွေးပြီး အဘိသေကသဘင် ကျင်းပတယ်။ ဟူးရားပုရောဟိတ် ၈ ပါးဟာ နရသူ့ကို ပလ္လင်ပေါ်အထိုင်ခိုင်း၊ ဆံထုံးကို အမွှေးနံ့သာ၊ ဆီလိမ်းပြီး ထုံးပေး၊ ခရုသင်းတွေဘာတွေ မှုတ်ပေါ့။ ပြီးတော့ ဘိသိက်ရေစင်သွန်းတဲ့အချိန်မှာပဲ သန်လျက်တွေနဲ့ ထိုးသတ်ပစ်တော့တယ်။ နရသူရဲ့ အဘိသေကသဘင်ဟာ နရသူရဲ့ ဈာပန ဖြစ်သွားတော့တာပါပဲ။ အဲဒီအချိန်ကစပြီး နရသူဟာ ရာဇဝင်မှာ ကုလားကျမင်းလို့ နာမည်တွင်သွားခဲ့တယ်။

ပြည်သူက အာဏာရူးငါ့ကို ရွံရှာ၊ မုန်းတီး၊ စက်ဆုပ်၊ ရှောင်ကြဉ်၊ အသိအမှတ်မပြုပေမဲ့ ဟောဟိုက ကုလားပြည်တွေက ငါ့ကို အသိအမှတ်ပြုသားပဲ၊ ပွဲတွေဘာတွေ ကမ်းလှမ်းသားပဲဆိုပြီး ပျော်မနေနဲ့။ မတော်ရင် အဘိသေကပွဲကနေ ဈာပနပွဲတောင် ဖြစ်သွားနိုင်တယ်။

ပုဂံရာဇဝင်ထဲက နရသူ့အကြောင်း ပြောပါတယ်။
ခင်ဗျားတို့ဘာသာ ဘယ်သူ့ကို ပြေးမြင်မြင် ကျွန်တော်နဲ့မဆိုင်ပါဘူး ☺
ပုဂံရာဇဝင်က နရသူ့အကြောင်းပါ။

"ရှစ်ခနဲန်းကောန်းလောန်း အယ်ငဲ"

Credit:El Nge
*****************
.
ဒါကြောင့်
မြန်မာအိမ်နီးချင်း အိန္နိယက စစ်အာဏာသိမ်းသူများဖက် ရပ်တည်သလို ဖြစ်နေတာကြောင် စိတ်ပျက်စရာမလိုပါ။ အိန္နိယဟာ မြန်မာဒီမိုကရေစီ ဘက်သားဖြစ်တယ်။ ပိုင်လောက်တဲ့အချိန် မြန်မာပြည်သူများရဲ့ ဖက်ဒရယ်စစ်တပ်ကြီး မြို့ကြီးတွေမှာ လက်နက်ကိုင်တိုက်ပဲဲ ကြီး၊ မလွဲ မသွေ ပေါ်လာမဲ့ အချိန် အလွန်နီးနေပါပြီ။.. အမျိုးသားညီညွတ်ရေးအစိုးရ NUG အခိုင်အမာ ပေါ်လာပါပြီ။ ပြည်တွင်းမှာ မြို့ပြများ ဖက်ဒရယ်စစ်တပ် မြို့သိမ်းတိုက်ပွဲ စတင်မဲ့အချိန်ကို ပြည်ပအကူအညီနဲ့ စတင်တော့မှာပါ။ တော်လှန်ရေး စပြီလို့ ကြေငြာပြီးချိန် အိန္နိယနိုင်ငံက မြန်မာပြည်မြောက်ပိုင်း.ကချင်၊စစ်ကိုင်း တွေကို ကာကွယ်ပေးပါလိမ့်မယ်။
.
ဖမ်းဆီးခံဖို့ ဒလံများတဲ့ ဧရာဝတီတိုင်းလို နေရာများဆိုရင် မိမိအိမ်မှာ မနေတော့ပဲ..အခြားမြို့တခုမှာ သွားနေကြပါတယ်။ ခရီးသွားယာဥ်များကို အာဏာသိမ်းတပ်က ရှောင်တခင် စစ်ဆေးရင် လူနဲ့ဖုန်း မစစ်ပါဘူး။ ကားနဲ့ဆိုင်ကယ် အတွင်းမှာ လက်ပစ်ဗုန်း၊ လက်လုပ်ဗုန်း၊ လေးဂွ၊ ဒါး များ၊ ဆန္နပြတဲ့ဗီနိုင်းများ၊အလံများ.. ပါ၊မပါ ပဲ စစ်ဆေးပါတယ်။ ရှာတွေ့ရင်တော့ စစ်သားများက ရဲစခန်းကိုလွှဲပေးတယ်။ ရဲစခန်းက ဆန္နပြသူများ သေချာရင် ထောက်လှမ်းရေး လက်မရွံတပ်ကို လွှဲပေး ဖမ်းဆီးထောင်ချပါတယ်။ ဖမ်းဆီး စစ်ဆေးခံရပြီဆိုရင် ပြန်မအော်၊ ပြန်မပြောပါနဲ့တော့။ သူတို့လက်ထဲရောက်ချိန် တည်ငြိမ်စွာ လေးစားစွာ ပြန်ဖြေနိုင်လို့ အဖမ်းမခံရပဲ ပြန်လွတ်လာသူ အများကြီးရှိပါတယ်။
.
စစ်အာဏာသိမ်း စစ်ကောင်စီက ထိန်းသိမ်းနိုင်ပြီ ယူဆလို့
...ကျောင်းတွေ မေလဆန်းဖွင့်ဖို့ ဆရာမွမ်းမံသင်တန်း၊
...လျပ်စစ်မီတာခ ၃လ မကောက်ခံနိုင်တာ ပြန်ကောက်ဖို့ ဘီလ်ထုတ်နေခြင်း
...တောင်သူ ချေးငွေတွေပြန်ဆပ်ဖို့ တောင်ခံခြင်း
...ရုံးဌာနတွေ ပြန်ဖွင့်ဖို့ကြိုးစားခြင်း
စသဖြင့်လုပ်နေသော်လည်း ပြည်သူများက မတရားစစ်အာဏာသိမ်း အုပ်ချုပ်နေသူများကို ဆန့်ကျင်နေဆဲပါ။ မြို့တိုင်း အုပ်ချုပ်ရေးမှုးရုံးများ ပိတ်နေဆဲပါ။ စစ်ကားများလည်း နေ့အချိန်မက ညတိုင်း လူနေအိမ်လမ်းမများမှာ ဖြေးညင်းစွာမောင်းပြ၊ ခြိမ်းခြောက်မောင်းနှင်ပြနေပါတယ်။
.
.
တောင့်ခံထားကြဖို့
.
ပြည်သူများ မြို့ပေါ်မှာ တောင့်ခံပြီး မတရားတဲ့အမိန့်များကို ​ အာဏာဖီဆန်ရပါမယ်။ အထက်ပါ လျပ်စစ် မီတာခတွေ၊ တောင်သူချေးငွေ၊ အခွန်အခများ ပေးစရာမလိုကြောင်း။ ဧည့်စာရင်း တိုင်စရာလဲမလိုပါ။ တိုင်မှ ကြောက်တတ်သူဆိုရင် ပိုပြီး သွားဖြဲခြောက်ပြမှာပါ။ စစ်သားများနဲ့လက်ကိုင်တုတ်များကို တည်ငြိမ်စွာ ရင်ဆိုင်ရင် ဖုန်းယူစစ်တာမျိုး မလုပ်ကြပါဘူး။  CDM လုပ်နေသူများ ဆရာများ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ အလုပ်ပြန်မဝင်ပဲ တောင့်ခံထားကြရပါမယ်။
.
အရေးတော်ပုံ (မုချ)အောင်ရမည်။
.
တောင့်ထားကြဖို့
ကော်ပီလုပ်ပေး၊ရှယ်ပေးကြပါ။

 24.4.2021..9am

ဒီမိုကရေစီနိုင်ငံကြီးအင်ဒိုနီးရှားနိုင်ငံ၊ မြန်မာပြည်သူတွေဘက် ရပ်တည်နေပါတယ်

===========-

ယနေ့ မြန်မာ့အရေး အာစီယံနိုင်ငံများဆွေးနွေးပွဲ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပပါမယ်။ စစ်အာဏာသိမ်း ဗိုလ်ချုပ်ှုးကြီးမင်းအောင်လှိုင် ဘာတွေပြောမလဲ၊ နိုင်ငံတကာက သံတမန်အရေးနဲ့အာဏာစွန့်ဖို့ နောက်ဆုံး ချဥ်းကပ်ခြင်းလို့ ပြောနိုင်ပါတယ်။

.

အာစီယံမှာ လူဦးရေသန်း၂၀၀ နဲ့ ရေနံသယံဇာတလည်းအများဆုံး ကြွယ်ဝချမ်းသာတဲ့ အင်ဒိုနီးရှား အစိုရဟာ မြန်မာပြည်သူများရဲ့ ဒီမိုကရေစီတိုက်ပွဲကို မြန်မာရဲ့အိမ်နီးချင်း အိန္နိယအစိုးရနဲ့ အိန္နိယ လူသန်းပေါင်း၁၂၀၀ ဟာ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တယ်။ အရေးတကြီး လိုအပ်ရင် မြန်မာဖက်က ရပ်တည်ကြမဲ့ ရာဇဝင်၊ သမိုင်းဖြစ်ရပ်များ နှစ်ပေါင်း ထောင်ချီ ရှိနေပါတယ်။ အလားတူပဲ ၁၁ နိုင်ငံမှာ အင်အားအကြီးဆုံး အင်ဒိုနီးရှားအစိုးရဟာ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တယ်။ နိုင်ငံသား သန်း၂၀၀ မြန်မာပြည်သူများကို စာနာကြပါတယ်။ အင်ဒိုနီးရှားလည်း စစ်အာဏာရှင်များရဲ့ အုပ်ချုပ်မှုလက်အောက်က ၁၉၉၈ မှာ လူထုအုံကြွ တွန်းလှန်နိုင်ခဲ့တာ ၃၃နှစ်ကြာခဲ့ပြီး စစ်တပ်ို အုပ်ချုပ်ရေးမှ တဖြေးဖြေး ဖယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်။ 

.

.

အင်ဒိုနီးရှား ဒီမိုကရေစီ

အာစီယံ ၁၁ နိုင်ငံမှာ နှစ် ၅၀ အတွင်း စစ်တပ်မအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်က မလေးရှားနိုင်ငံ တခုပဲရှိပါတယ်။ ဖိလစ်ပိုင် အာဏာသိမ်းစစ်ဗိုလ်ချုပ် မားကို့စ် စစ်အာဏာရှင်ကို ပြည်သူများက အုံကြွ တော်လှန်ရေးအောင်မြင်ခဲ့တာ နှစ်၄၀ ကျော်ပါပြီ။ အင်ဒိုနီးရှားမှာ စစ်အာဏာရှင် ဆူကာနိုပြီးတော့ တဖန် စစ်အာဏာရှင် ဆူဟာတို အုပ်ချုပ်ပြန်တယ်။ ပြည်သူလူထု အုံကြွတော်လှန်ခဲ့တာ ဒီမိုကရေစီ နှစ်၃၀ ကျော် အခြေကျနေပါပြီ။ ပထမဆုံး အရပ်သားစစ်စစ် သမတဂျိုကိုဝီရန်တို ၂၀၁၄ မှာ ၄နှစ်သက်တမ်း ရွေးကောက်တင်မြောက်တယ်။ ယခု ဒုတိယသက်တမ်း ဆက်လက်အုပ်ချုပ် တည်ငြိမ်နေတဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပါတယ်။ 

.

မြန်မာ စစ်အာဏာသိမ်းမှု

 1.2.2021 စတင်ပြီး လူထုအုံကြွမှု အကြီးအကျယ် ဖြစ်တဲ့ ဖေဖော်ဝါရီ-၂၂ ရက်နေ့က တတိုင်းပြည်လုံး စစ်အာဏာသိမ်းလုပ်ရပ် ရပ်ဖို့ ဆန္နပြကြတာ အထင်အရှား သက်သေပြခဲ့ပြီးပါပြီ။ ပထမ အာစီယံနိုင်ငံအားလုံးက တရားဝင်အသိအမှတ် မပြုကြပေမဲ့၊ တရုတ် စီးပွားရေးသြဇာလွှမ်းမိုးမှု အများအပြား ရှိနေတော့..တရုတ်နိုင်ငံ သဘောထားအတိုင်း မြန်မာပြည်တွင်းရေးသာ ဖြစ်တယ် ကြေငြာကြတယ်။ သို့သော် တရုတ်နိုင်ငံရဲ့ တိုင်ဝမ်ကျူးကျော်မှု ကို အလွန်စိုးရိမ်တဲ့ ဂျပန်၊တောင်ကိုးရီးယား နိုင်ငံများကြောင့် အမေရိကန်ကြီး စစ်အင်အားပြ ဝင်ရောက်လာမှ အာစီယံနိုင်ငံများ ကြားနေဝါဒ အခက်ကြုံရပါတယ်။ မြန်မာ့အရေးဟာ အာစီယံဒေသလုံခြုံရေးကို ထိခိုက်ကြောင်း ကြေငြာခဲ့ရတယ်။ 

.

အာစီယံနိုင်ငံများ ဖေဖော်ဝါရီလ ဆွေးနွေးပွဲမှာ CRPH အစိုးရကို မဖိတ်ပဲ စစ်အာဏာသိမ်းအဖွဲ့ နိုင်ငံခြားဝန်ကြီး ဝဏ္ဏမောင်လွင် ကို ဖိတ်ကြားခဲ့ပြီး ဘာဆုံးဖြတ်ချက်မှ မထွက်ပေါ်ခဲ့ပါ။ မလေးရှား၊ ဖိလစ်ပိုင် အစိုးရများက ပြင်းထန်စွာ စစ်အာဏာသိမ်းမှုကို ရှုံ့ချခဲသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရက မြန်မာစစ်အာဏာသိမ်းသူများကို ထောက်ခံနေတာ မြင်ရပါတယ်။ အင်ဒိုနီးရှား ဒီမိုကရေစီအစိုးရကပဲ မြန်မာစစ်အာဏာသိမ်းသူ မင်းအောင်လှိုင် ပိုဆိုးမသွားအောင် ကြိုးစား ညှိနှိုင်းပေးနေပါတယ်။ 

.

ဧပြီလ စစ်ကားများခြိမ်းခြောက်မှု

ယခု စစ်အာဏာသိမ်းမှု ၃လ နီးပါးကြာချိန် အုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်သေးပေမဲ့ မြို့ ၆၀ မှာ ငြိမ်းချမ်းစွာ လက်နက်မပါဆန္နပြသူ ၇၄၀ ဦး ပစ်သတ်ပြီးလို့ ဧပြီလမှာ ဆန္နပြမှုများ ရန်ကုန်မြို့မှာ မတွေ့ရတော့ပါ။ မေလ ၁ရက်မှာ တနည်းတဖုံ အထိခိုက်နည်းစွာ ဆန္နပြန်ပြဖို့ ပြည်သူလူထု ဂျင်နရေးရှင်း Z များက စီစဥ်နေပြန်ပါတယ်။ CDM ဆိုတဲ့ အစိုးရ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများ အဓိက အလုပ်မဆင်း အထွေထွေသပိတ်ကို ရပ်တံ့ဖို့၊ ပြန်လည်ပတ်ဖို့ စစ်အာဏာသိမ်းအစိုးရက စနစ်တကျ ကြိုးစားနေပါပြီ။ ဆန္နပြခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများကို ဧပြီလမှာ စနစ်တကျ ဖမ်းဆီးနေပါတယ်။  ဒလံ သတင်းပေးများနဲ့ ဖမ်းဆီးမှုများစွာ ညအချိန် စစ်ကား၂စီး အနည်းဆုံးအင်အားနဲ့ မ်းဆီးတယ်။ ည ၈ နာရီ သံပုန်းမတီးနိုင်အောင် စစ်ကားတွေ ဖြေးဖြေးမောင်းနှင်ပြတာ ညသန်းကောင်အထိ မြို့ကြီးအားလုံးမှာ စစ်အင်အားပြ ခြိမ်းခြောက်ပြနေတယ်။ 

.

ဖက်ဒရယ်အစိုးရ NUG

ဧပြီလ (၁၆) မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို CRPH အဖွဲ့က အောင်မြင်စွာ ကြေငြာနိုင်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များ၊ ပါတီအဖွဲ့အစည်းများက ရွေးကောက်ပေးသူများစွာနဲ့ ဒသမတ ဒရှီလ(ကချင်)၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း(ကရင်) တို့ ဦးဆောင်တဲ့၊ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးအဖွဲ့ လူစာရင်း ကြေငြာပါတယ်။ ပါဝင်သူတိုင်းရင်းသားများကတော့ Drဆာဆာ(ချင်း)၊ Dr.ဆလိုင်းဆာခေါင်း(ချင်း)၊ နိုင်ကောင်းရွက်(မွန်)၊ Dr.တူးခေါင်၊ နော်ဆူဆန်နာလှလှစိုး၊ ခူထဲဘူ၊ နော်ထူးဖော၊ဂျာထွယ်ပန်၊ ခွန်တီထူး၊ Dr.ရွှေပုံ၊ မိုင်ဝင်းထူး၊ မင်းဇေယျာဦး စတဲ့ တိုင်းရင်းသားကိုယ်စလှယ်များ ဖြစ်ပြီး၊ ဒေါ်ဇင်မာအောင်၊ Dr.ဇော်ဝေစိုး၊ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဦးတင်ထွန်းနိုင်၊ Dr.ဝင်းမြတ်အေး ဦးမိုးဇော်ဦး၊ ဒေါ်ခင်မမမျိုး၊ ဦးချစ်ထွန်း၊ ဒေါ်အိသန္တာမော် စတဲ့ ဗမာလူမျိုးများ ပါဝင်ဖွဲ့စည်းထားပါတယ်။ 

.

အထက်ပါ NUG အစိုးရ အကြီးအကဲအဖြစ် ဖမ်းဆီးထားခံရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် နဲ့ သမတဦးဝင်းမြင့် ၂ဦးကို ရွေးချယ်ထားတယ်။ လွတ်မြောက်နေသူ၊ တိမ်းရှောင်နေသူများစွာ (25)ဦး နဲ့ ထိမ်းသိမ်းခံ ၂ဦး..စုစုပေါင်း (27)ဦး ပါဝင်တဲ့ NUG အစိုးရ လူအမည်များနဲ့ ပြည်သူလူထု ဆုတောင်းမေတ္တာပို့ပေး နေကြပါတယ်။ အသက်ရှင် လွတ်မြောက်နေသူများ ပြည်သူမေတ္တာ ရရှိဖို့ ဖြောင့်မတ်၊သန့်ရှင်းမှု ရှိကြပါတယ်။ ကိုယ်ကျင့်တရား အလွန်ကောင်းကြပါတယ်။ နေတိုင်း၊ညတိုင် ကျနော်တို့ NUG အစိုးရကို အမည်နဲ့ သတိရကြပါလို့ တိုက်တွန်းရေးသားပါတယ်။ 

.

NUG အစိုးရလက်အောက် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုး၊ နိုင်ကောင်းရွက်.. ၃ဦးဟာ လက်နက်ကိုင်တိုင်းရင်းသားတပ်များ နဲ့ မြို့ပြပျောက်ကျားတိုက်ပွဲများအတွက် ပြည်တွင်းပြည်ပ သေနာကဗျူဟာ ရေးဆွဲပြီးပါပြီ။ မြေပြင်အခြေအနေမှာ ကချင်(KIA) နဲ့ ကရင်(KNU) တို့ရဲ့ ထိုးစစ်များစွာ စစ်အာဏာသိမ်းများရဲ့ နယ်မြေ များ ပြန်သိမ်းပိုက်နေပါပြီ။ အင်အားသုံးတဲ့ မြို့ရွာသိမ်း တိုက်ပွဲများ မြင်တော့မှာပါ။ 

.

လက်နက်အားကိုး အာဏာသိမ်သူများက လက်နက်ကိုပဲ ကြောက်ကြပါတယ်။ ပြည်ပမှ လက်နက်များပြနေလို့ မကြောက်ပါ။ ပြည်တွင်းမြို့ရွာများမှာ လက်နက်နဲ့တော်လှန်ရေးသမားများ ရောက်လာချိန် စစ်အာဏာသိမ်းတပ်များ စေ့စပ်စားပွဲပေါ် ရောက်လာမှာပါ။ 

.

အထူးသဖြင့် လက်နက်အင်အား နဲ့ လေကြောင်းကာကွယ်မှု Non Fly Zone လိုအပ်ပါတယ်။ ကုလသမဂ္ဂမှာ တရားဝင်အစိုးရ ဖြစ်လာရင် လက်နက်ဝယ်ယူ၊ တင်သွင်းခွင် လွယ်ကူ သွားမယ်။ R2P (သို့မဟုတ်)ပြည်ပတပ်များ၊ လူမဲ့ဒရုန်းများ အကူအညီ လာတော့မယ် ဖြစ်တယ်။ 

.

ဒီနေ့ အာစီယံ မြန်မာ့အရေး ဆွေးနွေးပွဲဟာ အင်ဒိုနီးရှား အစိုးရ ဦးဆောင်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် မှာကျင်းနေပါတယ်။ NUG ကိုမဖိတ်ပါ။ သံတမန်နည်းနဲ့ နောက်ဆုံးသတိပေးခြင်း ဖြစ်တယ်။ အင်ဒိုနီးရှားအရပ်သားသမတကြီး ဂျိုကိုဝီရန်တို အစိုးရ၊ အင်ဒိုနီးရှား ပြည်သူများ၊ ဂျာနယ်လစ်များကို မြန်မာ့ဒီမိုကရေစီ ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ရေးသားလိုက်ပါတယ်။


အရေးတော်ပုံ 

(မုချ)အောင်ရမည်။ 

.

TSP(Myanmar Good)

ဇာနီကြီး

24.4.2021