Saturday, April 28, 2018

ကိုးရီးယား-မြန်မာ ဆက်ဆံရေးနဲ့နိုင်ငံရေး၊ စီးပွားရေး..မာက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျောင်အန်း နဲ့ တောင်ကိုးရီးယား သမ္မတ မွန်ဂျေးအင်း

ကိုးရီးယား-မြန်မာ ဆက်ဆံရေးနဲ့နိုင်ငံရေး၊ စီးပွားရေး
၂၀၁၈ ဧပြီ ၂၇ ရက်နေ့မှာ သမိုင်း ၀င် တောင်-မြောက် ကိုးရီးယား ခေါင်းဆောင် ၂ယောက် ၃၈ မျဉ်း ပြိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပ သွားနိုင် ခဲ့တာ ၀မ်းသာ စရာ ဖြစ် ပါတယ်။ နိုင်ငံတကာ အပယ်ခံဖြစ်တဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျောင်အန်း နဲ့ တောင်ကိုးရီးယား သမ္မတ မွန်ဂျေးအင်း ခေါင်းဆောင် ၂ယောက် လက်ဆွဲ နှုတ်ဆက် တွေ့ဆုံခြင်းက ကမ္ဘာ့ ထိတ်တန်း သတင်းဖြစ်နေ ပါတယ်။ ကမ္ဘာကြီး က ငြိမ်းချမ်းရေး ပြင်းပြ စွာ လိုလား နေပါ တယ်။ ၁၉၅၀-၁၉၅၃ ကိုးရီးယားစစ်ပွဲကြီးမှာ အမေရိကန်၊ ဂျပန်၊ ကုလသမဂ္ဂမဟာမိတ်တပ်များနဲ့ တရုပ်၊ရုရှားကွန်မြူနစ်များ တိုက်ပွဲအကြီးအကျယ် ဖြစ်ပြီး နှစ်နိုင်ငံလုံး ဖွတ်ဖွတ်ကြေ၊ အနိဌာရုံများစွာနဲ့ အလွန်ဆင်းရဲ မွဲတေ သွားကြ ပါတော့တယ်။ တောင်ကိုးရီးယားနဲ့အမေရိကန် ၅သိန်းကျော် သေဆုံး၊ပျောက်ဆုံး သွားကြပါတယ်။ မြောက်ကိုးရီးယား၊တရုပ်စစ်တပ်များ ၈သိန်းကျော်သေဆုံး၊ ပျောက်ဆုံးသွားခဲ့ပါတယ်။ ပြည်သူလူထုနဲ့ စစ်သား သန်းပေါင်းများစွာ ဒဏ်ရာရ စစ်ဘေးဒုက္ခရောက်ခဲ့ကြရပါတယ်။ အဲဒီနောက်ပိုင်း တောင်-မြောက် ကိုးရီးယား ခေါင်းဆောင်များ တင်းမာ နေခဲ့ ကြတာပါတယ်။ ဒီနှစ် ၂၀၁၈ မှာ နှစ်နိုင်ငံ ခေါင်းဆောင်၂ဦး နယ်စပ်မြို့လေးမှာ နှစ်ပေါင်း ၆၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင် တွေ့ဆုံပွဲက ထူးဆန်းအံ့သြဘွယ် သတင်းဖြစ်နေပါတယ်။
.
.
တောင်ကိုးရီးယား ရင်းနှီးမြှတ်နှံမှု နဲ့ မြန်မာအလုပ်အကိုင်များ
ရခိုင် ကမ်းလွန် ရွှေ ဓာတ်ငွေ့ တွေ့ရှိပြီး တော်ကိုးရီးယား ဒေဝူးက ၅၁ ရာခိုင်နှုန်း၊ အိန္ဒိယ အစိုးရပိုင် ONGC က ၁၇ ရာခိုင်နှုန်း၊ မြန်မာ MOGE က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL က ၈.၅ ရာခိုင်နှုန်း၊ ကိုးရီးယား ဂက်စ် ကော်ပိုရေးရှင်းက ၈.၅ ရာခိုင်နှုန်း ပါဝင် လုပ်ကိုင်ကြ ပါတယ်။ ရေနံနဲ့ဓါတ်ငွေပိုက်လိုင်း တရုတ်ကုမ္ပဏီက တည်ဆောက်ခဲ့ ပါတယ်။ မြန်မာ နိုင်ငံကို ကန့်လန့်ဖြတ်သန်းပြီး၊ တရုပ်ပြည်ကို ပို့ပေးနေပြီဖြစ် ပါတယ်။ တရုပ်အစိုးရရဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ များလည်း တရုပ်နိုင်ငံ ရဲ့ OBOR One Belt, One Road စီမံကိန်း နဲ့ လုပ် နေလို့ မြန်မာနိုင်ငံ အဖို့ အထူး သတိထား နေရ ပါတယ်။ ရင်းနှီး မြှတ်နှံ မှု FDI Foreign Direct Investment မှာ ကန်ဒေါ်လာ ၃.၅၇ ဘီလျံနဲ့ တောင် ကိုးရိးယား ဟာ နံပါတ်(၆) အများဆုံးနိုင်ငံဖြစ်နေ ပါတယ်။ ကုမဏီ များစွာ လုပ်ကိုင် နေ ပါတယ်။ သီလ၀ါ အထူး စက်မှုဇုံ မှာ ဂျပန် ကုမဏီများနဲ့အတူ ရင်းနှီး မြှတ်နှံ နေကြ ပါတယ်။ ဆမ်ဆောင်း Sumsung ကုမဏီကြီးက မြန်မာနိုင်ငံကို လာပြီး စက်ရုံဆောက်ဖို့ လျှပ်စစ် မလုံလောက် တာကြောင့် မလာနိုင်သေးကြောင်း သိရပါတယ်။ ဆမ်ဆောင်း မိုဘိုင်းဖုန်း နဲ့ အိမ်သုံး လျှပ်စစ် ပစ္စည်းများ၊ ဟွန်ဒိုင်းကား အကြီးအငယ် များစွာ မြန်မာဈေးကွက် ကို လွမ်းမိုး ထားပါ တယ်။
.
ကိုးရီးယား လူမျိုး အမြောက်အများ မြန်မာ နိုင်ငံ မှာ ရောက်ရှိ စီးပွား လုပ်ကိုင် နေကြ ပါတယ်။ ၁၉၈၈ ကတည်းက မြန်မာနိုင်ငံသား သန်းပေါင်းများစွာ တိုးတက်တဲ့နိုင်ငံများကို သွားရောက် အလုပ် လုပ်ကိုင် ရာ မှာ၊ တောင် ကိုးရီးယား နိုင်ငံကို တရားမ၀င် သွားရောက် လုပ်ကိုင် သူ မြန်မာနိုင်ငံသား အမြောက်အများ ရှိပါ တယ်။ ယခုနောက်ပိုင်းတော့ အစိုးရ အစီ အစဉ် နဲ့ တရားဝင် သွားရောက်လုပ်ကိုင် နေကြပြီဖြစ်ပါတယ်။ တောင်ကိုးရီးယား နိုင်ငံ သွားအလုပ်လုပ်ဖို့ ကိုးရီးယားဘာသာစကား တတ်မြောက်အောင် သင်ရပါတယ်။ ကြိုးစားရပါတယ်။ ၀န်ဆောင်ခလဲ ပေးရတော့ လူလိမ်ပွဲစား များကို သတိထား ရပါ တယ်။
.
.
မြောက် ကိုးရီးယား နိုင်ငံနှင့် မြန်မာ
မြန်မာနိုင်ငံက တောင်-မြောက် ကိုးရီးယား ၂နိုင်ငံစလုံးနဲ့ အဆက် အသွယ် ရှိပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲ ပြခြင်း၊ တိုက်ခြင်းပစ် ဒုံးပျံများ အောင်မြင်စွာ စမ်းသပ်မှု များနဲ့ ဒေသတွင်း နိုင်ငံများ နဲ့ တင်းမာ ခဲ့ပါတယ်။ အမေရိကန်၊ ဂျပန်၊ တောင် ကိုးရီးယား တို့ကို တုန်လှုပ် ဒေါသ ထွက်စေ ခဲ့ပါ တယ်။ မြန်မာ စစ်အစိုးရ က နိုင်ငံတကာ ပိတ်ဆို့မှု ခံနေရ ချိန် ဖြစ်လို့ မြောက် ကိုးရီးယား ထံက စစ်လက်နက်များ ၀ယ်ယူ ခဲ့ပေမဲ့၊ ၂၀၁၁ သမ္မတ ဦးသိန်းစိန် လက်ထက် နောက်ပိုင်း မှာတော့ မြောက် ကိုးရီးယားနဲ့ အဆက် အသွယ် မရှိတော့ဘူး ကျေငြာ ခဲ့ပါ တယ်။
.
၂၀၁၇ခုနှစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရန် တက်လာချိန် မြောက်ကိုးရီးယား ကိစ္စ ပြင်းထန်တဲ့ ထိပ်တိုက် ရင်ဆိုင်မှု များ ဖြစ်ခဲ့ ပါတယ်။ တရုပ်နိုင်ငံ ကတောင် စိတ်ပျက်စ ဖြစ်လာ ပါတယ်။ ၂၀၁၈ နှစ်ဆန်း ပိုင်းမှာ မြောက် ကိုးရီးယား ရဲ့ ထိပ်တိုက် ရင်ဆိုင် နည်းဗျူဟာ ပြောင်းလဲ သွားပြီး ခေါင်းဆောင် ကင်ဂျောင်အန်း က တရုပ် ခေါင်းဆောင် ရှီကျင်ပင်း ထံ သွားရောက် တွေ့ဆုံပြီး ပြောင်းလဲ မှုများ ဖြစ်လာ ပါတယ်။ ဧပြီလ ၂၇ ရက် နေ့တွင် တောင် ကိုရီယား သမ္မတ မွန်ဂျေးအင် နှင့် ၃၈ မျဉ်းပြိုင်လို့ နာမည်ကြီးတဲ့ ကိုရီယား စစ်မဲ့ဇုံ ဒေသ မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါ တယ်။ အဲဒီ ဖြစ်စဉ် ကြောင့် ကငိဂျောင်အန်း ကို လျော့တွက်ခဲ့ ကြတဲ့ ကမ္ဘာ နိုင်ငံရေး က္ဈမ်းကျင်သူ ဂုရု ကြီးများ အားလုံး မျက်လုံး ပြူးသွားခဲ့ကြရ ပါတယ်။ လွန်ခဲ့သော ခြောက်လခန့် က ထိုသို့ ဖြစ်လာ လိမ့်မည် လို့ ထင် မထား လောက်အောင် အခြေအနေ ကနေ ကင်ဂျောင်အန်း သံခင်းတမန်ခင်း ကကွက် စုံလင်စွာ နဲ့  တောင်ကိုရီယား နဲ့ သာမက အမေရိကန် ဂျပန် အစိုးရ တို့နဲ့ပါ တွေ့ဆုံမယ် ကြေငြာထား ပြီး ဖြစ်ပါ တယ်။
.
၁၉၈၃ မှာ အာဇာနည် ကုန်းမှာ မြောက် ကိုးရီးယားတွေ မြန်မာ အချုပ်အချာ
အာဏာ ဂရုမစိုက်ပဲ ဗုံးဖောက် ခွဲခဲ့ပါတယ်။ တောင် ကိုးရီးယား သမ္မတ ချွန်ဒူးဝမ် နဲ့ အဖွဲ့ မြန်မာပြည် ရန်ကုန်ခရီးစဉ် အတွင်း မြောက် ကိုးရီးယား သူလျှို များက အာဇာနည် ဗိမာန်မှာ ဗုံးဖောက် ခွဲ တဲ့ အတွက် တောင် ကိုးရီးယား အစိုးရ ဝန်ကြီး များ အပါအဝင် ၁၇ ဦး သေဆုံး ခဲ့တယ်။ သမ္မတ ချွန်ဒူးဝမ် က နောက်ကျ ရောက်လာလို့ လွတ်မြောက် သွားခဲ့ ပါတယ်။ မြန်မာ အစိုးရက မြောက် ကိုးရီးယား ကို သံ အဆက် အသွယ် ဖြတ်တောက် ခဲ့ပါတယ်။ မြန်မာအစိုးရ အရှက်ရ သလို၊ တောင် ကိုးရီးယား အစိုးရ အဖို့ လည်း အထိနာ သွားခဲ့ တဲ့ အဖြစ်ဆိုး မှတ်တမ်း ပါပဲ။
...
.
မြန်မာနိုင်ငံနဲ့တောင်ကိုးရီးယား နိုင်ငံရေး၊ စီးပွားရေး၊
မြန်မာ ဘော်လုံး အသင်း ၁၉၇ဝ ခုနှစ် ပတ်ဝန်း ကျင်မှာ အာရှ ဘောလုံးပွဲ ဗိုလ်စွဲ ခဲ့စဉ်က တောင် ကိုးရီးယားနဲ့ မြန်မာ ဘောလုံး အသင်း တို့ အကျိတ် အနယ် ဖြစ်ခဲ့ ပါတယ်။ တောင် ကိုးရီးယား သမ္မတ ပတ်ချုန်ဟီး ဖလား ပြိုင်ပွဲ မှာလဲ မြန်မာက ဗိုလ်စွဲ ခဲ့တဲ့ ကာလ ဖြစ်ပါ တယ်။ တောင် ကိုးရီးယား က အာရှ အဆင့်မှ ကမ္ဘာ့ အဆင့်သို့ တက်လှမ်း
သွား ပါပြီ။ မြန်မာ ဘောလုံး အသင်း ကတော့ စစ် အစိုးရ ခေတ်မှာ အနိစ္စ သဘော အရာ အာရှအဆင့် ကနေ အရှေ့ တောင် အာရှအဆင့် တောင် ဗိုလ်မစွဲနိုင် တော့ပါ။
.
တောင် ကိုးရီးယား နိုင်ငံ ကတော့ ၂၀၀၀ ခုနှစ် ကတည်းက ကမ္ဘာ့ ထိတ်တန်း စီးပွားရေး နိုင်ငံ ဖြစ်နေ ပါပြီ။ မြောက် ကိုးရီးယား နျူကလီးယား ခြိမ်းခြောက်မှု စိုးရိမ်မှု ကြားက တောင်ကိုးရီးယား နိုင်ငံ၊ ၁၉၅၃ ခုနှစ် စစ်ဘေး ဒဏ်ကြောင့် မွဲတေဆင်းရဲ သွားခဲ့ပြီး၊ ကိုးရီးယားလူမျိုး သန်းပေါင်းများစွာ ကမ္ဘာ အနှံ့ ထွက်ပြေး၊ စစ်ပြေး ဒုက္ခသည်များ ဖြစ်သွား ကြပါတယ်။ သယံဇာတ အားလုံး မြောက်ကိုးရီးယားဘက် ရောက်သွားပေမဲ့ အမေရိကန် ကူညီမှုပေါ်လစီနဲ့ တိုင်းပြည် ထူထောင်ခဲ့ပါတယ်။ မြေယာပြုပြင် ပြောင်းလဲမှု Land Transform နဲ့ တောင်သူလယ်သမားများ ဘ၀ ပြောင်းလဲစေပြီး၊ တဖြေးဖြေး စက်မှု စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်လာပါတယ်။ ယခုအခါ ကမ္ဘာ့ ထိတ်တန်း စီးပွား အင်အားကြီး နိုင်ငံဖြစ်နေပါပြီ။ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ ဘောလုံးပွဲ၊ ကမ္ဘာအိုလံပစ် ပြိုင်ပွဲ၊ အနုပညာ၊ ဂီတ၊ ရုပ်ရှင်၊ သိပံပညာရှင်များစွာ၊ ကမ္ဘာ့ ထိတ်တန်း ပညာရေးစနစ် ဖြစ်နေပါပြီ။
.
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး အတွက် တောင် ကိုးရီးယား အကူညီ လိုအပ် တဲ့ အတွက်၊ တောင် ကိုးရီးယား နဲ့မြန်မာ အစိုးရတို့ ပိုမို နီးကပ်စွာ ဆက်ဆံ လာ ပါတယ်။ မြန်မာ အစိုးရ အရာရှိကြီး များစွာ တောင် ကိုးရီးယား နိုင်ငံ ကို သွားရောက်လေ့လာ ခဲ့ကြ ပါတယ်။ မြန်မာ တနိုင်ငံ လုံးလဲ ကိုးရီးယား ဇတ်လမ်း တီဗွီများက အဆက်မပြတ် လွှင့်ထုတ် ပေးနေ ပါတယ်။ ယဉ်ကျေးမှု ပါ ပြောင်းလဲဖို့ တောင် ကိုးရီးယား ကို မြန်မာ အစိုးရက စံနမူနာ ယူစေ ပါတယ်။ ကောင်းပါတယ်။ ကောင်းကွက် တွေပဲ အတုယူဖို့၊ မကောင်းတာ တွေ ဖယ်ရှားဖို့ လိုပါ တယ်။
.
.
.
အတိုက်အခံ ပါတီသို့ အာဏာ လွဲပေးခြင်း (တောင်ကိုးရီးယား)
တောင် ကိုးရီးယား စစ်အာဏာရှင် များ ကြီးစိုး နေရာက ၁၉၉၈ ရွေးကောက်ပွဲ မှာ အတိုက်အခံ ခေါင်းဆောင် အသက် ၇၄နှစ် အရွယ် ကင်ဒေးဂျုံ အနိုင် ရရှိခဲ့ ပါတယ်။ အာဏာရ ပါတီ စစ်ခေါင်းဆောင် များက အာဏာ လွဲပေးခဲ့ ပါတယ်။ အဲဒီနောက်ပိုင်း တောင် ကိုးရီးယား နိုင်ငံ ထူးခြား စွာ တိုးတက် လာခဲ့တဲ့ တဲ့ အတွက် ကင်ဒေးဂျုံ အကြောင်း အနည်းငယ် တင်ပြ လိုပါ တယ်။
.
ကင်ဒေးဂျုံ၊ Kim Dae-jung 1998 - 2003
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်ပါ တယ်။ နှစ်ပေါင်းများစွာ အတိုက်ခံ အဖြစ်မှ သမ္မတ ဖြစ်လာပါတယ်။ ၂၀၀၉ မှာ ကွယ်လွန်တယ်။ စစ်ဗိုလ်ချုပ်သမ္မတဟောင်း၂ဦး Chun Doo-hwan၊ Roh Tae-woo ကို အာဏာအလွဲသုံးမှု၊ လပ်စားမှုများဖြင့်၊ သေဒဏ်၊ နှစ်ရှည် ထောင်ဒဏ် ချမှတ် ထားခြင်း မှ လွတ်ငြိမ်း ချမ်းသာ ပေးခဲ့ ပါတယ်။
အတိုက်အခံ လူထု ခေါင်းဆောင် ကင်ဒေးဂျုံ ကို အာရှ နယ်ဆင်မန်ဒဲလား ဟုခေါ်ကြ ပါတယ်။ စစ်အာဏာရှင် ခေတ် ၁၉၆၂ မှ ၁၉၉၇ အထိ စစ်ဗိုလ်ချုပ် ဟောင်းများ နှင် ပါတီက နိုင်ငံကို အုပ်ချုပ်ခဲ့ ပါတယ်။ ကိုးရီးယား ခေါင်းဆောင် အားလုံး မှာ စစ်မှန်သော မျိုးချစ်များ ဖြစ်သည် ကို ငြင်းမရ နိုင်ပါ။ ဒါပေမဲ့ အာဏာရလာပြီးနောက် အာဏာရှင် ဖြစ်လာကြ ပါတယ်။ အဲဒီ ကာလ များမှာ အတိုက်အခံ အဖြစ် တောက်လျှောက် ရပ်တည် ခဲ့သော ကင်ဒေးဂျုန် တယောက်၊ အဖမ်းခံ၊ ထောင်ကျ၊ ဖိနှိပ်မှု ကြားမှ သမ္မတ ရွေးပွဲ ၁၉၈၈ နှင့် ၁၉၉၂ တို့တွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ ပေမဲ့၊ ကိုးရီးယား စစ် အာဏာရ ပါတီကို မယှဉ်နိုင် ခဲ့ပါ။ အသက်၆၈နှစ် အရွယ်မှာ ကမ်ဒေဂျုံ အင်္ဂလန် နိုင်ငံ ကင်း ဘရိတ် တက္ကသိုလ် သုခမိန် ရာထူးဖြင့် သွားရောက် လုပ်ကိုင် ခဲ့ပါ တယ်။ နိုင်ငံရေးသမားဘ၀ နိဂုံးချုပ်ပြီဟု ယူဆကြ တယ်။ ဒါပေမဲ့ ပြောင်းလဲ လာတဲ့ တောင် ကိုးရီးယား ဒီမို ကရေ စီ ပွင့်လင်း လာ ချိန် ၁၉၉၇မှာ ပြန်လာပြီး အာဏာရ ပါတီနှင့် ထပ်မံ ယှဉ်ပြိုင်ခဲ့ ပါတယ်။ ၁၉၉၈ မှာ သမ္မတ ဖြစ်လာ ချိန် ကင်ဒေဂျုံ ၇၄နှစ် အရွယ် ဖြစ်ပါ တယ်။ အာဏာရ ပါတီ ကလည်း အမျိုး သားရေး ကို ငဲ့ညာပြီး အာဏာ လွဲပေး ခဲ့ ပါတယ်။
.
၁၉၉၈ မတိုင်မီ ကတည်း က ယခင် စစ်ဗိုလ်ချုပ် သမ္မတဟောင်း ၂ ဦးမှာ (ချွန်ဒူးဝမ် နှင့် ရိုတေ၀ူး) အာဏာ အလွဲ သုံးမှ၊ အဂတိမှု များဖြင့် သေဒဏ် ပေးခံ ရပြီး၊ အကျဉ်းကျ ခံနေရ ချိန်ဖြစ် ပါတယ်။ ကင်ဒေးဂျုံ အတိုက် အခံဘ၀ က နှိပ်ကွပ်ခဲ့သူ သမ္မတ ဟောင်း၂ဦး ဖြစ်ပါ တယ်။ နိုင်ငံ အမျိုးသား ညီညွတ်ရေး အတွက် စစ်ဗိုလ်ချုပ် ဟောင်း သမ္မတ ဟောင်း ၂ဦးကို ကင်ဒေးဂျုံ က အပြစ်ဒဏ် မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ပေး ခဲ့ပါ တယ်။
.
.
တောင် ကိုးရီးယား အစိုးရ ခေါင်းဆောင်များ။
၁၉၅၃ ပြည်တွင်း စစ် ဖြစ်ပြီး စိစိညက်ညက် ကျေခဲ့ ရှာပါတယ်။ ကြံ့ကြံ့ခံ ရပ်တည်၊ ကြိုးစားရင်း ကမ္ဘာ့ ထိပ်တန်း နိုင်ငံ အဖြစ်သို့ ဘက်စုံ ချင်းနင်း ဝင်ရောက် နေပါပြီ။ ကိုးရီးယား ခေါင်းဆောင် သမ္မတ များကတော့- ဂျပန် ကိုလိုနီခေတ် ကိုးရီးယား အစိုးရ မှာ Syngman Rhee ပထမဆုံး သမ္မတ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် အထိ သမ္မတ ပေါင်း ၁၁ ဦး ထမ်းဆောင် ခဲ့ပါ တယ်။
.
၁၉၄၈ - ၁၉၆ဝ Syngman Rhee (ဆိုင်မင်ရီုး) ဒုတိယ ကမ္ဘာစစ် အပြီး သမ္မတ အရွေးခံ ခဲ့ရ ပါတယ်။ သူ့ခေတ်ကာလ ၁၉၅ဝ-၅၃ ခုနှစ် ကွန်မြူနစ် မြောက်ကိုးရီယား နှင့် စစ်ပွဲဖြစ် ခဲ့တယ်။
.
၁၉၆ဝ - ၁၉၆၂ Yun Bo-seon (ယွန်ဘိုဆွန်ု) အရပ်သား နိုင်ငံရေး သမား ဖြစ်ပြီး အာဏာ သိမ်းခံ တယ်။ အတိုက် အခံ အဖြစ် သမ္မတ ၂ ကြိမ် ထပ်မံပြိုင်ရာ ရှုံးနိမ့် ခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ် မှာ ကွယ်လွန် ပါတယ်။
.
၁၉၆၂ - ၁၉၇၉ Park Chung-hee ပက်ချုံဟီး၊ စစ်ဗိုလ်ချုပ် နှင့် စစ်အာဏာရှင် ဖြစ်ခဲ့ ပါတယ်။
လုပ်ကြံ ခံရ ပါတယ်။ တောင် ကိုးရိးယား နိုင်ငံ ပြုပြင် ပြောင်းလဲ မှု အတွက် အခြေခံ လမ်းစဉ်များ ချမှတ် ခဲ့သူ အဖြစ် ထင် ရှား ပါတယ်။ မြန်မာ သမ္မတ ဟောင်း ဦးသိန်းစိန် က သူနှစ်သက် စံနမူနာ ယူထားတဲ့ စစ်ခေါင်းဆောင် လို့ ပြောခဲ့ ပါတယ်။
.
၁၉၇၉ - ၁၉၈ဝ Choi Kyu-hah (ခွိုင်ကျူဟာ) ဆက်ခံပါတယ်။
စစ်အာဏာသိမ်းခံရပြီ်း ၂ဝဝ၆ ကွယ်လွန် ပါတယ်။
.
၁၉၈ဝ - ၁၉၈၈ Chun Doo-hwan ချွန်ဒူးဝမ်၊ စစ်ဗိုလ်ချုပ် ဖြစ်ပါ တယ်။ ၁၉၈၃ ရန်ကုန်အာဇာနည်ဗိမာန်တွင် မြောက် ကိုးရီးယား သူလျှို များက ဗုံးခွဲ လုပ်ကြံ ရာမှာ လွတ်မြောက် ခဲ့တယ်။
.
၁၉၈၈ - ၁၉၉၃ Roh Tae-woo ရိုတေဝူး၊ စစ်ဗိုလ်ချုပ်ဖြစ်သည်။
.
၁၉၉၃ - ၁၉၉၈ Kim Young-sam ကင်ယုံဆမ် အရပ်သား ဖြစ်ပါတယ်။ အနိုင် ရရှိတဲ့ အတိုက်အခံ ခေါင်းဆောင် ကင်ဒေဂျုံ ကို အာဏာ လွှဲပေး ခဲ့သူ ဖြစ်ပါ တယ်။ အရပ်သား အစိုးရ တက်လာတဲ့ နောက်ပိုင်း တောင် ကိုးရီးယား နိုင်ငံ စီးပွားရေး တဟုန်ထိုး တိုးတက် သွားပါ တယ်။
.
၁၉၉၈ - ၂ဝဝ၃ Kim Dae-jung ကင်ဒေးဂျုံ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်ပြီး အတိုက်ခံအဖြစ်မှ သမ္မတ ဖြစ်လာ ပါတယ်။ ၂၀၀၉ မှာ ကွယ်လွန် ပါတယ်။ သူ့ လက်ထက် စစ်ဗိုလ်ချုပ် သမ္မတ ဟောင်း၂ ဦး Chun Doo-hwan၊ Roh Tae-woo ကို အာဏာ အလွဲ သုံးမှု၊ လာဘ်စားမှု များဖြင့်၊ သေဒဏ်၊ နှစ်ရှည် ထောင်ဒဏ် ချမှတ် ထားခြင်းမှ လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးခဲ့ ပါတယ်။ ဆိုးလ် ကမ္ဘာ့ ဖလား ဘောလုံး ဗိုလ်လုပွဲ ကျင်းပ နိုင်ခဲ့ တယ်။
.
၂ဝဝ၃ - ၂ဝဝ၈ Roh Moo-hyun ရိုမိုဟွန်၊ သမ္မတ ၅ နှစ်သက်တမ်း အပြီး၊ အာဏာ အလွဲ သုံးမှု၊ လာဘ်စားမှု နဲ့အရေးယူ ခံရချိန် မိမိ ကိုယ်ကို အဆုံး စီရင် သွားခဲ့ ပါတယ်။
.
၂ဝဝ၈ - ၂၀၁၃ Lee Myung-bak လီမန်ဘတ်မှာ လက်ရှိ သမ္မတ ဖြစ်ပါ တယ်။
.
၂၀၁၃ - ၂၀၁၇ Park Geun-hye ပတ်ဂွမ်းဟီး ..အတိုက်ခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင် ရရှိ သူဖြစ် ပါတယ်။ ၂၀၁၇ မှာ သူ့မိတ်ဆွေ အကြား မြင် ဆရာမ အမျိုးသမီး တစ်ဦးကို အာဏာ အလွဲ သုံးစေခြင်း၊ အဂတိ လာပ်စား မှု များကြောင့် အယုံကြည် မရှိ လွှတ်တော်က ဖြုတ်ချ ခံရသူ ဖြစ်ပါတယ်။ ၁၉၆၂ - ၁၉၇၉ လုပ်ကြံ ခံရတဲ့ သမ္မတ ပတ်ချုံဟီး ရဲ့ သမီး ဖြစ်ပါတယ်။ တရား ရုံးက ထောင်ဒဏ်၂၄နှစ် ချမှတ် ထားပါ တယ်။
.
၂၀၁၇ - (ယခု ဧပြီ-၂၀၁၈) Moon Jae-in မွန်ဂျေးအင်း ဖြစ်လာပါတယ်။ ပတ်ဂွမ်းဟီး ဖြုတ်ချခံရပြီး ဒုသမ္မတ ကနေ သမ္မတဖြစ်လာသူပါ။ သူ့လက်ထက်မှာ အံြု့းသဘွယ် မြောက်ကိုးရီးယားနဲ့ ငြိမ်းချမ်းရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ပထမဆုံး တွေ့ဆုံပွဲ ဖြစ်လာခဲ့ပါတယ်။
.
သမ္မတများ သမိုင်း ကို ရေးပြ၊ သုံးသပ်ပြရခြင်းက “စစ်ဗိုလ်ချုပ်များ အုပ်ချုပ်ရင် မတိုးတက်ဘူး၊ အဂတိလိုက်စားကြတယ်” … “အရပ်သား သမ္မတများ လက်ထက်မှာ တဟုန်ထိုး တိုးတက်သွားတယ်” .. ဆိုတာ မြင်စေချင် လွန်းလို့ပါ။ နောက်တစ်ခုက တောင် ကိုးရီးယား ဖွဲ့စည်းပုံ ဥပဒေက လွှတ်တော်မဏ္ဍိုင် နဲ့ တရားရေးမဏ္ဍိုင် တို့ သမ္မတကိုတောင် ဖမ်းဆိး တရားစီရင် နိုင်ခြင်း မှတ်တမ်းကလဲ အံ့သြစရာပါပဲ။ .
.
.
တောင်ကိုးရီးယားနဲ့မြန်မာ ၂ နိုင်ငံ တိုက်ဆိုင်မှု
တိုက်ဆိုင် စွာပင် ကုလ သမဂ္ဂ မှာ အကြီးဆုံး ရာထူး ကို မြန်မာမှ ဦးသန့်က ပထမဆုံး အာရှ တိုက်သား အဖြစ် ၁ဝနှစ်ကြာအောင် ၁၉၆၁ - ၁၉၇၁ အထိ တာဝန် ထမ်းဆောင် ခဲ့ပါ တယ်။ တောင် ကိုးရီးယားမှ မစ္စတာ ဘန်ကီမွန်း က ဒုတိယ အာရှတိုက်သား အဖြစ် ၂ဝဝ၇ - ၂၀၁၇ အထိ ထမ်းဆောင် ခဲ့ပါ တယ်။ နိုင်ငံ ခေါင်းဆောင် ၂ဦးလဲ တိုက်ဆိုင်စွာ တူညီ ကြပါတယ်။ အတိုက် အခံ ဘ၀မှာ နှစ်ပေါင်း ၃၀လောက် ဖိနှိပ်ခံ၊ အကျဉ်းချ ခံရပြီးမှ အာဏာ ရလာတဲ့ အတိုက်ခံ ပါတီ ခေါင်းဆောင် သမ္မတ ကင်ဒေးဂျုံ (၁၉၉၈ - ၂ဝဝ၃) နဲ့ ဒေါ်အောင်ဆန်းစုကြည် (၂၀၁၆) တို့ဖြစ်ပါတယ်။ ၂ဦးစလုံး အသက်၇၀ ကျော်မှ ရွေးကောက်ပွဲ အနိုင်ရ အစိုးရ ဖြစ်လာကြပြီး၊ ၂ဦး စလုံးဟာ ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင်များ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ် အောင်ဆန်း စုကြည် တို့ တောင် ကိုးရီးယား သမ္မတ များနဲ့ မကြာ ခဏ တွေ့ ဆုံ ကြပါ တယ်။ တ ရုပ် နိုင်ငံ ကြီး ရဲ့ သြ ဇာ ရှောင် ရင်း ၊ မြောက် ကိုး ရီး ယား နိုင်ငံ ရဲ့ နျူ က လီယာ ခြိမ်း ချောက် မှုအောက် စိုး ရိမ် စွာ နေ ထိုင် ရင်း၊ ကမ္ဘာ့  ထိတ် တန်း နိုင်ငံ ဖြစ် လာ တဲ့ တောင် ကိုးရီးယား နိုင်ငံ က မြန်မာနိုင်ငံ နဲ့ ဆက် စပ် မှု များစွာ ရှိ နေပါ တယ်။.မြန်မာ နိုင်ငံ စစ် အာဏာရှင် ဦး သန်း ရွှေ နဲ့ စစ်အစိုးရ ပြောင်းလဲ လာဖို့ ကုလ သမဂ္ဂ အကြီးကဲ ဖြစ်နေ တဲ့ မစ္စတာ ဘန်ကီမွန် တို့အဖွဲ့ ဒေါ် အောင်ဆန်း စုကြည်၊ ဦး သန်းရွှေ၊ အမေရိကန်၊ တရုပ် အစိုးရများကြားမှာ စေစပ် ပါဝင်ခဲ့တဲ့ မစ္စတာ ဘန်ကီမွန်ကို မှတ်တမ်း တင်ပါ တယ်။
.
.
မြန်မာပြည်အတွက် စံနမူနာ နိုင်ငံ တောင်ကိုးရီးယား
ဘယ်နိုင်ငံကို စံပြထားရမလဲ၊ စင်ကာပူလား၊ ဗီယက်နမ်လား၊ ထိုင်းနိုင်ငံလား၊ တရုပ်နိုင်ငံလား၊ အမေရိကန်နိုင်ငံလား၊ စသဖြင့် ဥပဒေတွေ ရေးဆွဲ တဲ့ အခါ နမူနာ ယူကြ ပါတယ်။ မြန်မာ နိုင်ငံက အင်္ဂလိပ် ကိုလိုနီ အောက်မှာ အိန္နိယ၊ မလေးရှား၊ စင်ကာပူ တို့နဲ့ အတူနေ ခဲ့တဲ့ အတွက် ဥပဒေများ က အင်္ဂလိပ် ဥပဒေများ ဖြစ်ပါ တယ်။ စင်ကာပူ ကို အဓိက ထားရ မှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ နိုင်ငံခြား အကူ ညီနဲ့ ရင်းနှီး မြှတ်နှံ မှု စံနမူနာ ကိုတော့ တောင် ကိုးရီးယား၊ ဗီယက်နမ် နိုင်ငံများ ကို အတုယူ ရမှာ ဖြစ်ပါ တယ်။ မှန်ကန် သော မျိုးချစ် စိတ်ဓာတ် ဖြင့် နိုင်ငံ ခေါင်းဆောင် များ ကြိုးစား ကြပုံ၊ မလွဲမရှောင် သာ သော စစ်တပ် အာဏာ သိမ်းမှု များ ဖြစ်ရ ပုံ၊ စီးပွားရေး အလွန် တိုးတက် တာနဲ့ အညီ နိုင်ငံရေး ခေါင်းဆောင် များ လာဘ်စား မှုများ ဖြစ်ပေါ် တရားစွဲနိုင် ခဲ့ကြ ပါတယ်။ ခေါင်းဆောင်ဖြစ်သူ များက တာဝန် ခံကြ၊ အပြစ်ကျ ခံသွားကြ ပုံများ မှာ အတု ယူရမည့် ကိုးရီးယား စိတ်ဓာတ် ဖြစ်တယ်။ လပ်ပေး သူရော လပ်ယူ သူရော အပြစ်ဒဏ် စီရင် ချမှတ် ခဲ့ကြ ပါတယ်။
.
.
မြန်မာ၊ ကိုးရီးယား နိုင်ငံရဲ့ ပထဝီ အနေ အထား
တရုပ်၊ အိန္နိယ နိုင်ငံကြီး၂ခုနဲ့ အိမ်နီးခြင်း ဖြစ်နေတဲ့ မြန်မာနိုင်ငံ အကြောင်း ကို ဦးသန့်မြင့်ဦး (ကုလအတွင်းရေးမှူးချုပ် ဦးသန့်၏ မြေး) ရေးတဲ့ စာအုပ် "Where China meets India": Burma and the new crossroads of Asia နာမည်ကျော် ပါတယ်။ ကိုးရီးယား ဟာ ဂျပန် လက်အောက် မြန်မာ ထက် ပိုမို ကြာမြင့်စွာ ဖိနှိပ် အုပ်ချုပ် ခံခဲ့ ရတယ်။ ဒုတိယ ကမ္ဘာစစ် ဂျပန် စစ်ရှုံး တော့ တောင်၊ မြောက် ကိုးရိးယား ၂နိုင်ငံ ကွဲသွား ပြီး ကွန်မြူနစ် မြောက် ကိုးရီးယား၊ ရုရှား၊ တရုပ် တို့နဲ့ အမေရိကန်၊ ဂျပန်၊ မဟာမိတ် များ ကိုးရီးယား စစ်ပွဲကြီး ဖြစ်ခဲ့ ပါတယ်။ တောင်-မြောက် ကိုးရီးယား ၂နိုင်ငံ ရဲ့ ပထ၀ီ အနေ အထား ကလဲ အင်အားကြီး တရုပ်၊ ရုရှား၊ ဂျပန် များကြား မှာ ရောက်နေ ပါတယ်။
ရခိုင်ကမ်းလွန် ရွှေ ဓာတ်ငွေ့တွေ့ရှိပြီး ကိုးရီးယားဒေဝူးက ၅၁ ရာခိုင်နှုန်း၊ အိန္ဒိယအစိုးရပိုင် ONGC က ၁၇ ရာခိုင်နှုန်း၊ မြန်မာ MOGE က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL က ၈.၅ ရာခိုင်နှုန်း၊ ကိုးရီးယား ဂက်စ် ကော်ပိုရေးရှင်း က ၈.၅ ရာခိုင်နှုန်း ပါဝင် ကြပါတယ်။ ရေနံနဲ့ဓါတ်ငွေပိုက်လိုင်း ကို တရုတ် ကုမ္ပဏီက တည်ဆောက် ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်သန်းပြီး၊ တရုပ်ပြည်ကို ပို့ပေးနေပြီဖြစ်ပါတယ်။ တရုပ် အစိုးရရဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ ကျောက်ဖြူ အထူး စီးပွားရေး ဇုံ များလည်း တရုပ်နိုင်ငံရဲ့ OBOR One Belt, One Road စီမံကိန်း နဲ့ လုပ် နေလို့ မြန်မာ နိုင်ငံ အဖို့ အထူး သတိထား နေရပါတယ်။
တောင် ကိုးရီးယား ရဲ့ ထူးခြားချက် တစ်ခု က အမျိုးသား များ စစ်မှု မထမ်း မနေရ ဥပဒေ ဖြစ်ပါတယ်။ မြောက် ကိုး ရီးယား ကျူးကျော်မှု ရန်ကို စိုးရိမ် ရတဲ့ အတွက်၊ တပ်မတော် နဲ့ ပြည်သူ တစ်သား ထဲ ဖြစ်စေ တဲ့ စစ်မှုထမ်း ဥပဒေ ဖြစ်ပါတယ်။ စစ်မှု မထမ်းရင် ထောင်၃နှစ်ခွဲ ပြစ်ဒဏ် ပေးပါတယ်။ မြန်မာနိုင်ငံလည်း အတုယူနိုင်ပါတယ်။
..
မြန်မာနိုင်ငံ ၂၀၁၁ နောက်ပိုင်း သမ္မတ ဦးသိန်းစိန် ၅နှစ် ကာလ အပြီး၊ ဒေါ် အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ အင်အယ်ဒီ ပါတီ အစိုးရ ဖြစ်လာ တာ ၂နှစ်ရှိပြီ ဖြစ်ပါ တယ်။ တပ်မတော် က လွှတ်တော် နဲ့ ၀န်ကြီးဌာန ၃ခု ပါဝင် နေတဲ့ အင်အယ်ဒိ-တပ်မတော် ညွန့်ပေါင်း အစိုးရ ပုံစံ ဖြစ်ပြီး၊ ၂၀၁၈ နှစ်ဆန်းမှာ ဒေါ် အောင်ဆန်း စုကြည် အစိုးရ အပေါ် စီးပွားရေး မတိုးတက်၊ လူထု စားဝတ် နေရေး အခက်ခဲ များကြောင့် ပြည်တွင်းမှာ ဝေဖန်မှု များစွာ ဖြစ်ပေါ် လာ ပါတယ်။ ဒါကြောင့် အင်အယ်ဒီ အစိုးရ ပြုပြင် ပြောင်းလဲ မှုကြီး ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် ကို အနားယူ သွားတဲ့ ဦးထင်ကျော် နေရာ အောင်မြင်စွာ ရွေးချယ် နိုင်ခဲ့ ပါတယ်။ ရန်ကုန်တိုင်း အစိုးရ ကိုယ်တိုင် စီးပွားရေး လုပ်တဲ့ ခြေလှမ်း များစွာ ဖြစ်ပေါ် လာ ပါတယ်။
.
.
နိဂုံး
ငြိမ်းချမ်းရေး အလွန် လိုလားနေတဲ့ ကမ္ဘာ့  နိုင်ငံများက တောင်-မြောက် ကိုးရီးယား အကြီးကဲ ၂ယောက် တနာရီခွဲကြာ တံခါးပိတ် တွေ့ဆုံ ဆွေးနွေးခြင်း ကို ၀မ်းမြောက် ၀မ်းသာ ကြိုဆို ကြပါ တယ်။ သူတို့၂ယောက် ကိုးရီးယား ကျွန်းဆွယ် ကို နျူကလီးယား လုံးဝ ကင်းမဲ့ရေး ဇုံဖြစ်အောင် လုပ်ဆောင်မယ် ၊ အပြုံးပန်းများ၊ ဟာသများ၊ လက်ဆွဲနှုတ်ဆက် မှုမျာ်းင၊ ၂ဦးရဲ့ နေ့လည်စာ စားပြီး အမှတ် တရ သစ်ပင် အတူ စိုက်ကြ ပါတယ်။ အမေရိကန် အပါ အ၀င် အခြား နိုင်ငံ များနဲ့လဲ ဆက်လက် ဆွေးနွေး သွားမယ် လို့ ထုတ်ပြန် ခဲ့ပါ တယ်။ ကောင်းသော သတင်း ဖြစ် ပါတယ်။
.
မြန်မာ နိုင်ငံ တပ်မတော်နဲ့ တရုပ်ပြည်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်များ ဘာကြောင့် ငြိမ်းချမ်းရေး ပထမအဆင့် အပစ်ခတ် ရပ်စဲရေး အင်စီအေ လက်မှတ် ထိုးနိုင်ဖို့ ခေါင်းဆောင် အချင်းချင်း တွေ့ဆုံ စကား ပြောကြဖို့ အရေးတကြီး လိုအပ် နေ ပါပြီ။ ငြိမ်းချမ်းရေး လုပ်ရင်းနဲ့ ပြည်တွင်းက တိုင်းဒေသ များမှာ စီးပွားရေး ပွင့်လင်းမြင်သာ စွာ တိုးတက်ဖို့ အဂတိ တိုက်ဖျက်ရေး CPI Corruption Index ရမှတ်ကောင်းလာဖို့ သမ္မတကြီး ဦးဝင်းမြင့် လက်ထက်၊ ထူးခြားမှုများ မျှော်လင့် နေကြပါတယ်။
.
မြန်မာပြည် MRTV ပြဖူး တဲ့ ကိုရီးယား ရုပ်ရှင် Secret Sunshine အကြောင်း ပါ။ ခင်ပွန်း ဖြစ်သူ ဆုံး သွားပြီး ဇာတိ နေရပ် ကို ပြန်လာ အခြေချ တဲ့ မုဆိုးမ နဲ့သားကလေး အကြောင်း ပါ။
.
ဤမြို့ရောက်အပြီး မကြာခင်တွင် ပြန်ပေးသမားက သားလေးကို ဖမ်းဆီးပြီး ငွေညှစ်သည်။ တောင်းသည့် ငွေပမာဏကို မရသောအခါ သားဖြစ်သူကို သတ်ပစ် လိုက်သည်။ အမျိုးသမီး မှာ အရူး မီးဝိုင်း တော့ သည်။ ထိုအချိန် တွင် ခရစ်ယာန် အုပ်စု တစု နှင့် သွားတွေ့ သည်။ အခြေ အနေ ပိုဆိုး သွားခဲ့ သည်။ အဆုံး တွင် သူမ ကိုယ်တိုင် လက်တွင် ဓားဖြင့် လှီးကာ ကောင်းကင် ပေါ် မော့ကြည့် ရင်း ‘‘ဘုရားသခင် တကယ် ရှိရင် ကျမ ဒီလို ဖြစ်နေ တာကို
လက်ပိုက် ကြည့်နေ မှာလား’’ ဟူ၍ အော်ဟစ် သည်။ မည်သို့ မျှ ထူးခြား မလာ ခဲ့ပေ။ နောက်ဆုံး တော့ စိတ် ရောဂါ ကု ဆေးရုံ ရောက်သွား ပြီး ကုသ ရသည်။ ကောင်း သွား သော အခါ သူ့ကို ထိုမြို့သို့ စတင် ရောက်ရှိ စဉ် ကတည်းက စဉ်ဆက် မပြတ် ကူညီ ပေးခဲ့ သူက လာကြို သည်။ နောက်ဆုံးခန်းတွင် မြေကြီးကို တမိနစ်ခန့် ရိုက်ပြပြီး ရုတ်ချည်း အဆုံးသတ် သွားသည်။
.
ဇော် အောင်
၂၈. ဧပြီ. ၂၀၁၈
( Hla Soewai ဘာသာပြန် ဧပြီလ ၂၆ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းပါ "North Korea's despot has one goal : survival" ဆောင်းပါး နှင့် ၂၀၁၃ ကိုးရီးယား-မြန်မာဆက်ဆံရေး ဇစ်မြစ် .. ဆောင်းပါးမှ ပြန်လည် ထုတ်နှုတ် တင်ပြပါတယ်)

Friday, April 27, 2018

“Corruption"ေေါက်တာအောင်ထွန်သက် အမြင်. အင်တာဗျူး . .

【 ပညာရှင်များ၏အမြင် 】 “Corruption ပတ်သက်ရင် လုံးဝအလျော့အတင်းမလုပ်နဲ့၊ နားလည်မှုမပေးနဲ့”
=================================================

(မကြာမီက  အဂတိလိုက်စားမှုနှင့် ပတ်သက်ကာ ညွှန်ချုပ်တစ်ဦးကို အရေးယူမှု စတင်ခဲ့တာကို တွေ့ရပါတယ်။ထိုသို့ ဌာနတစ်ခုတွင် အကြီးဆုံးတစ်ဦးကို စတင်ကိုင်တွယ်မှုက အရပ်သားအစိုးရလက်ထက် အမြင့်ဆုံးဖြစ်လာခဲ့သည်။ထိုအနေအထားက မကြာခင် ဒီထက်ပိုကြီးမားသည့် အဂတ်လိုက်စားသူ ရာထူးအာဏာရှိသူများအပေါ် မည်သို့သက်ရောက်လာနိုင်သည်ကို သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ မေးမြန်းခဲ့ပါတယ်။ဆရာဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြအပ်ပါတယ်။Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။          ။ မကြာမီက တရုတ်နိုင်ငံကို အလည်အပတ်သွားတဲ့ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ဒီလိုတွေ့ဆုံမှုက  မြန်မာ့နိုင်ငံရေးအပေါ် ဘာသက်ရောက်မှုတွေရှိလာမလဲ။နောက်ပြီး ယခင်က မြန်မာနိုင်ငံမှာ တာဝန်အကြီးဆုံးယူထားဖူးတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် မြန်မာ- တရုတ် ဆက်ဆံရေး၊ စီးပွားရေး၊ OBOR စတဲ့ ကုန်သွယ်ရေးတွေအပေါ်မှာ အကောင်းဘက်က ဘာသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။          ။ အဲ့ဒါက ပြောရခက်သားနော် ဘာလို့လဲဆိုတော့ ကိုယ်ကလည်း။သူများလို သတင်းစာဖတ်ပြီး ပြောရတာဆိုတော့လေ သူတို့ပြောတာတော့ ဒါ ပါတီကိုယ်စားပြုသွားတာ မဟုတ်ဘူး။ပုဂ္ဂိုလ်ရေးအရ သွားတယ်လို့ ပြောတာကိုး။ဟုတ်တယ်မလား။ပုဂ္ဂိုလ်ရေးအရ သွားတယ်လို့ ပြောတာကို။ဒါကတစ်ဖက်။နိုင်ငံကလည်း သူတို့အရင်တုန်းက သမ္မတဟောင်းကို ကြိုဆိုတယ်။နှုတ်ဆက်တယ် ဆိုတာမျိုးပေါ့။ဘာပဲဖြစ်ဖြစ် တစ်ချိန်တုန်းက တာဝန်ယူထားတဲ့ လူတစ်ယောက်အနေနဲ့ သွားတာ သည် ပုဂ္ဂိုလ်ရေးအရဆိုတာ ဖြစ်ပေမယ့် ဒီနောက်ခံအကြောင်းတွေတော့ ရှိအုံးမှာပါဘဲ။ဒါပေမယ့် တစ်ခုဘဲရှိတာက ဆရာတို့က ခေတ်အဆက်ဆက် က အထူးသဖြင့် န၀တ တက်လာတဲ့အချိန်ကစပြီး (၈၉/၉၀) ဒီဘက်နောက်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံမှုဟာ ပိုပြီးခိုင်မာလာတာ တွေ့ရတယ်။အထူးသဖြင့် တစ်ချိန်တုန်းကလည်း ၂၀၁၀ မတိုင်ခင် တရုတ်ရဲ့ ထောက်ခံမှုက အရေးကြီးတယ်။

အထူးသဖြင့် ပြည်သူတွေ ဘာတွေကအရေးကြီးတာကိုး။အဲဒီတော့ ဒီနေရာမှာလည်း ဒီဘက်ပိုင်းမှာလည်း ဆရာတို့ လက်တွေ့မှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေမှာလည်း တရုတ်ရဲ့ ထောက်ခံမှုက လိုအပ်တယ် ထင်တယ်လေ။ လိုအပ်တယ်ထင်တယ် ဆိုပေမယ့် အခုသွားတာသည် တစ်ဦးချင်းတစ်ယောက်ချင်း သွားတယ်လို့ဘဲ သတင်းစာထဲမှာပါတဲ့အတိုင်း နားလည်ရင်တော့ တစ်မျိုးပေါ့နော်။သို့သော်လည်း ဘာပဲဖြစ်ဖြစ် ဆရာထင်တာက နှစ်နိုင်ငံဆက်ဆံရေးကတော့ ဆရာတို့အနေနဲ့ ပိုပြီးဒီထက်ခိုင်မာအောင် ပိုပြီးအဆင်ပြေအောင် လုပ်ရမှာပါဘဲ။

ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စီးပွားရေးအနေအထားအရရော ပထ၀ီအနေအထားအရရော အင်မတန်အရေးပါတဲ့နိုင်ငံ ဖြစ်ခဲ့တာလေ။အဲဒီတော့ဘာပဲဖြစ်ဖြစ် ဆရာတို့ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ယနေ့အထိ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုက ကိုယ့်နိုင်ငံအပေါ်မှာ တစ်နည်းတစ်ဖုံရှိခဲ့တာ။တစ်ချိန်တုန်းကလည်း ဆရာတို့ လက်နက်ကိုင်အဖွဲ့အစည်းကို အားပေးထောက်ခံခဲ့တဲ့ အနေအထားရှိတယ်။နောက်ပိုင်း ပုံစံတစ်မျိုး ပြောင်းလာခဲ့တယ်။အခုကတော့ ဆရာထင်တယ် ရှေ့ဆက်သွားရမယ့် ကိစ္စတော့ သူတို့အနေနဲ့ (OBOR-One Belt One Road) ကိစ္စကို တော်တော်လေးကို သူတို့က စိတ်ဝင်စားနေတယ်။စိတ်ဝင်စားတဲ့အခါမှာ သော့ချက်ဖြစ်တာက မြန်မာနိုင်ငံ ဖြစ်နေတာကိုး။သော့ချက်ဖြစ်တာက မြန်မာနိုင်ငံဖြစ်တော့ သူတို့အနေနဲ့က ဒါကို သော့ချက်ကို သူတို့အတွက်အကျိုးရှိအောင် သူတို့ကြိုးစားကြမှာဘဲ။ဒါလည်း ဆရာတို့က လက်ခံရမှာပါဘဲ။တရုတ်ရဲ့ အနေအထားက ဒီလိုအနေအထားရှိတယ်။

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး။နောက်တစ်ခါ အခုဆိုရင် ကုန်သွယ်မှုနဲ့ ပတ်သက်လို့ အရင်ထက် ပိုပြီးအဆင်ပြေအောင်လုပ်မယ် ဘာညာ။ဆရာတို့က ဒါကိုလည်းကြည့်နေရမှပါဘဲ။တရုတ်နဲ့ ပတ်သတ်လာရင် ဆရာတို့မှာ ပြီးခဲ့တဲ့ ခေတ်အဆက်ဆက်က ကောင်းတာတွေရှိခဲ့သလို ဥပမာ - ဆရာတို့ လူတွေ ပြည်သူတွေအားလုံးရဲ့ မြစ်ဆုံကိစ္စတွေ။ဒါတွေကလည်း ထည့်စဉ်းစားရမယ့် ကိစ္စဖြစ်တယ်။အခု ကျောက်ဖြူကိစ္စဆိုလည်းဘဲ တရုတ်နဲ့လုပ်နေတဲ့ လုပ်ငန်းတွေဖြစ်နေတယ်။အဲ့တော့ ဘာပဲဖြစ်ဖြစ် ဆရာထင်ပါတယ် တရုတ် - မြန်မာ ဆက်ဆံရေးကတော့ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ရမှာပါဘဲ။

အဲဒီတော့ သွားတဲ့ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေးအရခရီးစဉ် ဆိုတော့လည်း ဘာမှ မဖြစ်ဘူးပေါ့လေ။သို့သော်လည်းပဲ ဆရာတို့အနေနဲ့ ဒါကတော့ ကိုယ့်နိုင်ငံမှာက အဆန်းဖြစ်နေတာပါ။အခြားနိုင်ငံတွေမှာကတော့ ဒီလိုဘဲသွားနေကြ လာနေကြတာပါဘဲ။ဟုတ်တယ်မလား။ပြီးခဲ့တဲ့ သမ္မတတွေဟာ တက်လိုက်ဆင်းလိုက်ဖြစ်နေတော့ ဒီလိုဘဲ သွားလာလှုပ်ရှားနေရတာပါဘဲ။အဲဒီလိုသွားလာလှုပ်ရှားတဲ့နေရာမှာ သမ္မတ ကလင်တန် ဆိုလည်း တော်တော်ကြီးလှုပ်ရှားတယ်။အိုဘားမား ဆိုလည်း ဒါလည်းဒီအတိုင်းဘဲ။သူတို့လုပ်နေကြ တယ်။အဲဒီတော့ သမ္မတတွေဟာ သက်တမ်းကုန်သွားတဲ့ခါမှာ သူတို့ရဲ့ လှုပ်ရှားမှုပုံစံက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးပေါ့လေ။တစ်ချို့တွေကျတော့လည်း လုံးဝကို ဘာမှမလုပ်တာတွေ့ရတယ်။တစ်ချို့တွေကျတော့လည်း လှုပ်ရှားနေတာ တွေ့ရတယ်။အဲ့ဒါက ဆရာတို့မှာ အခုမှအတွေ့အကြုံရှိနေတာကိုး။

သမ္မတသက်တမ်းတစ်ခုမှာ (၅) နှစ် ပြီးသွားတဲ့အခါမှာ သမ္မတတစ်ယောက်အနေနဲ့ သူ့လုပ်ပိုင်ခွင့် သူ့ရဲ့လှုပ်ရှားမှုဒါတွေဟာ အခုမှစမ်းသပ်ရမယ့် ကိစ္စတွေဖြစ်နေတာကိုး။ဆရာတို့မှာ အတွေ့အကြုံမရှိဘူး။ဆရာတို့ ခေတ်အဆက်ဆက်ပြန်ကြည့်လို့ရှိရင် အေးအေးချမ်းချမ်း အဲ့လိုပုံစံအနေအထား ဆရာတို့ မတွေ့လိုက်ရဘူးလေ။အဲဒီတော့ ကိုယ့်နိုင်ငံရေးအခင်းအကျင်းမှာတော့ ဒါအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။သမ္မတသက်တမ်း ပြီးသွားတဲ့အခါမှာ အဲဒီလူရဲ့ (Role) ပေါ့။တလောကတော့ ဆရာတို့ တိုက်တိုက်ဆိုင်ဆိုင် သမ္မတ ဘုရှ် ရဲ့ ဇနီး ဈာပနအခမ်းအနားကို ကြည့်တဲ့အခါမှာ သမ္မတလေးယောက်တောင် တန်းစီပြီးတော့ အမှန်က ငါးယောက်ရှိတာပေါ့။ငါးယောက်က ဒေါ်နယ်ထရန့် မတက်ဘူး။ဒါပေမယ့် ဘုရှ် သားအဖရှိတယ်။ကလင်တန် ရှိတယ်၊ အိုဘားမား ရှိတယ်ဆိုတော့ ဒါဟာ အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ဒီသမ္မတတွေ သူတို့ဆီမှာ (၈) နှစ်သက်တမ်းရှိတဲ့ သမ္မတဟာဘုရှ် အငယ်ရယ်၊ ကလင်တန် ရယ်၊ အိုဘားမား ရယ်။နောက်တစ်ခါ လေးနှစ် ပဲရတဲ့ ဘုရှ် အကြီးပေါ့လေ။သူတို့အပါအ၀င်ခဏထား။ဒီလေးယောက်ရဲ့ အပိုင်းကိုကြည့်ရင် သုံးယောက်က (၈) နှစ်စီဆိုတော့ (၂၄) နှစ်။နောက်တစ်ယောက်က (၄) နှစ်ဆိုတော့ (၂၈) နှစ် နည်းတဲ့နိုင်ငံရေးခရီး မဟုတ်ဘူးလေ။ဆရာထင်တယ် ဒါတွေကလည်း ဆရာတို့ စဉ်းစားရမယ့်ကိစ္စပါ။အခုဟာ အသစ်အဆန်းဖြစ်နေလို့သာ စိတ်ဝင်တစားဖြစ်နေကြတာပါ။သမ္မတဟောင်း ခရီးသွားတာကို စိတ်ဝင်စားတာ။သူတို့ဆီမှာက ရိုးနေပြီလေ။ဆရာထင်တယ် အဲဒီလိုရင့်ကျက်လာတဲ့ အနေအထားဖြစ်လာအောင် ဆုတောင်းရမှာပါဘဲ။တစ်နေ့ကျရင် အခုဆိုရင် ဆရာတို့မှာ နှစ်နှစ်သက်တမ်းနဲ့ သမ္မတရာထူးကနေ နားသွားတဲ့ ဦးထင်ကျော် ရှိရင် ဦးထင်ကျော် ရဲ့ လှုပ်ရှားမှုကို ကြည့်ဖို့လိုမယ်။ဒါတွေအားလုံးကလည်း ဆရာတို့က အင်မတန်စိတ်ဝင်စား ရာကောင်းတဲ့ နိုင်ငံရေးရှုခင်းလို့ဘဲ ဆရာက မြင်တာပါဘဲ။

Opinion Leaders Media ။          ။ မကြာခင်က ဟောင်ကောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နာက ဒီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ လာတွေ့တာရှိတယ်။ဒီရက်ပိုင်းမှာဘဲ FDA ညွှန်ချုပ်ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အရေးယူလိုက်တယ်။ကော်မရှင်အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကိုင်တွယ်ဖို့ လုပ်ဆောင်လာတာ အများကြီးထိရောက်ဖို့ ရှိလာနိုင်သလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။          ။ အစတည်းကပေါ့ဗျာ ဆရာထင်တာကတော့ ဒီအဂတိလိုက်စားမှုအကြောင်းကို လေ့လာရင်း ကိုယ်လည်းစိတ်ဝင်စားလို့ပေါ့နော်။ဒီနိုင်ငံမှာ အဂတိလိုက်စားမှု ရှိတယ်/မရှိတယ် ဆိုတာကို မူတည်ပြီးတော့ ဆရာ အစတည်းက တိုက်တွန်းခဲ့တာ။တိုက်တွန်းခဲ့တာက ဘာလဲဆိုလို့ရှိရင် ဆရာကိုယ်တိုင်ဘဲသိတာ ဂျာမဏီနိုင်ငံ ဘွန်းမှာ အခြေစိုက်တဲ့ (Transparency  International) ပေါ့နော်။PI ဆိုတဲ့ အဖွဲ့အစည်းက နှစ်စဉ် CPI ဆိုတာကို ထုတ်တယ်ပေါ့။Corruption Processing Index) (Corruption) ပတ်သက်လို့ သတိထားဖို့က အဲဒီအညွှန်းကိန်းသည်စိတ်ဝင်စားဖို့ကောင်းတာက (Corruption Index) လို့ မပြောဘူး။(Corruption Processing Index) လို့ ပြောတယ်။အဓိပ္ပါယ်က အမြင်ပေါ့နော်။(Corruption) ကြည့်တဲ့အခါမှာ တစ်ချို့တွေကလည်း လဘက်ရည်ဖိုးလို့ မြင်တယ်။ဟုတ်တယ်နော် ဒါကို နောက်တစ်ခါ တစ်ချို့တွေကလည်း (Penny Corruption) ပေါ့။ဟို ဆရာတို့ ယာဉ်ထိန်းရဲကို ငွေပေးတာတို့ ဘာတို့ ဒါတွေရှိတယ်။တစ်ချို့တွေကလည်း ကြီးမှ (corruption) လို့ ပြောတယ်။ကိုယ့်အနေနဲ့ ဘာပဲဖြစ်ဖြစ် (Transparency  International) အဖွဲ့အစည်းက နှစ်စဉ် CPI အဖွဲ့က ညွှန်းကိန်းကို ထုတ်တယ်။ထုတ်တော့ ဆရာ အစတည်းကပြောခဲ့တာ အဲ့ဒီအညွှန်းကိန်းကို ဂရုစိုက်ပါ။ဒီအညွှန်းက ကိုယ့်နိုင်ငံရဲ့ အနေအထားကို မြင်သာစေတယ်။အဲဒီတော့ကြည့်လိုက်ရင် ဘာသိသာလဲဆိုရင် ဆရာတို့ တစ်၊ နှစ်၊ သုံး၊ လေး တန်းစီထားတဲ့ နိုင်ငံတွေပေါ့။(corruption) မရှိဘူး။Zero corruption ဆိုတာတော့ မရှိဘူး။ဒါတော့ဘယ်နိုင်ငံမှမရှိဘူး။တစ်၊ နှစ်၊ သုံး၊ လေးမှာ အမြဲပါနေတာက စင်ကာပူလိုနိုင်ငံ မှာ (corruption) တော်တော်လေးကင်းတယ်လို့ ပြောတယ်။စကင်နေးဗီးယားနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး တို့ (corruption) ကင်းတယ် ဘာညာပြောတယ် ပြီးတော့မှ ဟိုတုန်းက ဆရာ စိတ်ထဲတော့မကောင်းတာကတော့ ကိုယ့်နိုင်ငံက တကယ့်ကို ဟိုးအောက်ဆုံးမှာ ဖြစ်ခဲ့တယ်။ဒါပေမယ့် အခုနောက်ပိုင်း ဆရာထင်တယ် ဦးသိန်းစိန် လက်ထက်ကစပြီး CPI ကို မြန်မာပြည်မှာ လက်ခံလာတယ်။ဒါကို ညွှန်းကိန်းတစ်ခုအနေနဲ့ ယူလိုက်တော့ ဒါတွေကနောက်ခံ။အခု ဆရာထင်တာ အားရစရာတစ်ခုကတော့ မြန်မာပြည်မှာရှိတဲ့ အဂတိလိုက်စားမှု ကော်မရှင်သည် သူတို့သတင်းစာတွေဖတ်ကြည့်ရင် တိုင်လို့ရှိရင် အရေးယူမယ်လို့ ပြောတာကိုး။

အဲဒီတော့အဓိပ္ပါယ်က(reactive) ပေါ့။တိုင်မှ အရေးယူတာမျိုး ဆိုတာထက်ကို (Pro active) မတိုင်ဘဲနဲ့ (Corruption) ပပျောက်အောင် လုပ်တဲ့ပုံစံမျိုး။အခု ဦးအောင်ကြည် လက်ထက်မှာ ဒီလက္ခဏာတွေ တွေ့ရတယ်လေ။ကော်မရှင် ဥက္ကဋ္ဌ လူအပြောင်းအလဲ။ဒါတော့တော်တော်သိသာတဲ့ကိစ္စ။သူကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။သူကိုယ်တိုင်လည်း သမာသမတ်ရှိတဲ့သူဖြစ်တာမို့ ဒါတွေစလုပ်ပြီပေါ့။လုပ်တော့ ဆရာထင်တယ် ပိုပြီးအားရှိတာပေါ့။သမ္မတကြီး ဦးဝင်းမြင့် ရဲ့ မေးခွန်းမှာ ဒီအချက် (၇) ချက်ထဲမှာ အဂတိလိုက်စားမှု ပါတယ်လေ။ဆရာတို့ တကယ်တမ်းတော့ ဖြစ်စေချင်တာက ZERO Tolerance ပေါ့။လုံးဝကို လက်မခံတာဖြစ်တယ်။အဲဒီတော့ အဓိကတော့ ဆရာတို့ ခဏခဏဟောပြောပွဲတွေလုပ်နေတာ (corruption) ပျောက်ချင်ရင် နှစ်ခုပဲလိုတယ်လို့ ပြောတယ်။ဒါ မြန်မာပြည်မှာ မပေးဘူး၊ မယူဘူး ဆိုတဲ့ ကိစ္စပေါ့။ပေးတာယူတာရှိသရွေ့ကတော့ (corruption) ပျောက်မှာ မဟုတ်ပါ ဘူး။ပေးတဲ့သူကလည်း မပေးဘဲ မနေနိုင်တော့ဘူး။သူက အကျင့်ပါနေတယ်။ယူတဲ့သူကလည်း လူတစ်ယောက်မြင်တာနဲ့ တောင်းတာဘဲ ဖြစ်တာကိုး။အဲ့ဒီညဉ်ကြီးကို ဘယ်လိုပြင်မလဲ။(culture) ဖြစ်သွားတာ။

အဲဒီတော့ ဆရာတို့အနေနဲ့ သာမန်အားဖြင့်ပြောလို့ရှိရင် လူတွေထင်တာက (corruption) က ဘာအရေးကြီးလဲ၊ ဘယ်သူ့ကိုထိခိုက်သလဲဆိုရင် ဆင်းရဲတကာ့ အဆင်းရဲဆုံး ဆိုတဲ့သူတွေကို ထိခိုက်တယ်။ဘာကြောင့်လဲဆို တော့ ကျောင်းအပ်တာကို စဉ်းစားလို့ရှိရင် တစ်ချိန်တုန်းဖြစ်တာက ကျောင်းအုပ်ဆရာတွေကို လက်ဆောင်ပေးတာတို့ ဘာတို့။မပေးနိုင်တဲ့ ကလေးတွေကို ကျောင်းသွားအပ်လို့မရဘူးဆိုတော့ ဘယ်သူ့သွားထိခိုက်လဲဆိုတော့ ဆင်းရဲတဲ့သူကို သွားထိတယ်။

ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း ဒီအတိုင်းဘဲ။ဒါပေမယ့် အခု ဆရာထင်ကတော့ အခုစပြီးအရေးယူတယ်လို့ ပြောတာ။ဒီထက်နည်းနည်းမြင့်မြင့် ပိုပြီးကြီးအောင် လုပ်ဖို့လိုမယ်လို့ အောက်မေ့တယ်။အခု သူတို့ကိန်းဂဏန်းတွေကိုကြည့်ရင် သိန်းတစ်ထောင့်ငါးရာဆိုတော့ မနည်းတော့ မနည်းဘူးဆိုပေမယ့် အများကြီးလည်း မဟုတ်ဘူး။ဟုတ်တယ်မလား။အဲဒီတော့ ဆရာထင်တာကတော့ များများကို ကိုင်တွယ်မှရမယ်လို့ အောက်မေ့တယ်။ဒါကိုနမူနာပြပြီးတော့ တရုတ်ပြည်မှာ လုပ်သလို လုပ်ရင်ရမယ်လို့ ထင်ပါတယ်။

တရုတ်ပြည်ကတော့ ရှင်းတယ်။ဒါကြောင့်မို့ ဟောင်ကောင်မှာ ဟောင်ကောင်ကတော့ အတော်လေးကို (anti-corruption) ပတ်သက်လို့ လုပ်တယ်။နောက်တစ်ခုက အကူအညီတောင်းလို့ရတာက (corruption) ကိစ္စနဲ့ ပတ်သက်လာရင် anti-corruption လုပ်တဲ့ UN အဖွဲ့အစည်းတွေလည်း ရှိတာကိုး။အဲဒီတော့ (anti-corruption) နဲ့ ပတ်သက်တဲ့ UN အဖွဲ့တွေလည်းရှိတော့ သူတို့ဆီက နည်းပညာတွေနဲ့ ဆရာတို့ လုပ်လို့ရတယ်။

စလုပ်ရမှာက မိသားစုကစရမယ် ဆရာထင်တယ်ကွယ့်။ဆရာထင်တာကတကယ်တမ်းပြောရင်လည်း ဆရာတို့ သူများကို ဝေဖန်တာဖြစ်မယ်။ဥပမာ - လူတစ်ယောက်ရဲ့ဝင်ငွေနဲ့ သူ့ရဲ့လုပ်ခလစာနဲ့ ကြည့်ရရင် အခုမြန်မာပြည်မှာ ဒီလောက်ကြီးချမ်းသာတဲ့သူ ဘယ်လိုချမ်းသာလဲဆိုတာ ရိုးရိုးသားသားမဟုတ်တာတော့ သေချာတယ်။ဟုတ်တယ်မလား။ဆရာတို့ ဆယ်သက်လုပ်ရင်တောင် မရနိုင်တဲ့ ကြွယ်ဝမှုတွေဖြစ်တာကိုး။

အဲဒီတော့ ဆရာတစ်ချိန်တုန်းက နားလည်တာက လွှတ်တော်မှာ နိုင်ငံရေးတာဝန်ယူတဲ့သူတွေသည် ကိုယ့်ရဲ့ ၀င်ငွေ၊ ထွက်ငွေကို စာရင်းပြရမယ်။ပိုင်ဆိုင်မှုပြရမယ်။ပိုင်ဆိုင်မှုပြတာကိုတော့ ပိုင်ဆိုင်မှုပြရတာကို ဆရာက သိပ်တိုက်တွန်းတာဘဲ။ဟုတ်တယ်မလား။ကိုယ်မှာဖွက်စရာမရှိရင် ဘာလုပ်မှာလဲ။အခုဖြစ်နေတာက ကြည့်လိုက်လို့ရှိရင် ဘေးဘိုးစဉ်ဆက်ချမ်းသာတဲ့သူတွေကျနေတာဘဲ။စဉ်းစားကြည့်လို့ရှိရင် ဘေးဘိုးစဉ်ဆက်တောင် မဟုတ်ဘူး။ပုဂံရာဇ၀င်ကနေစပြီး ချမ်းသာတဲ့သူဖြစ်လာဖို့ ဒါကြီးက သဘာဝတော့သိပ်မကျဘူး။

အခု ဆရာသတိထားမိတာသည် ကိုယ်လည်း ဒါကိုစိတ်ဝင်စားတော့ အခုဆရာတို့ခေါ်တာ အင်္ဂလိပ် အခေါ်အဝေါ် New Rich ပေါ့၊ သူဌေးအသစ်တွေ ပေါ်တာကိုး။ဆရာတို့ဆီမှာ Old Rich ဆိုတာ မရှိဘူး။ဒါလည်း အခြားနိုင်ငံတွေမှာလည်း ဒီလိုပါဘဲ New Rich နဲ့ Old Rich  ဆိုတာရှိတာပါဘဲ။အဲဒီတော့ New Rich က ချမ်းသာတာကို။ဆရာက အပြစ်မတင်ပါဘူး။ဒါပေမယ့် မှန်ကန်တဲ့နည်းနဲ့ ချမ်းသာဖို့ တိုက်တွန်းရမယ်။ဆရာ စိတ်ပူတာတစ်ခုရှိတယ်။ဒီလိုချမ်းသာမှုကို အမြင်စောင်းလို့ရှိရင် ချမ်းသာအောင်လုပ်ချင်တဲ့ စိတ်ပျောက်သွားမှာ အဲ့ဒါကိုတော့ စိတ်ပူတယ်။

အဲဒီတော့ ချမ်းသာတာသည် (Corruption) မဖြစ်ဘဲ ချမ်းသာနိုင်တယ်ဆိုတာကို ဆရာတို့ နမူနာပြမှဘဲရမယ်။အခုဖြစ်နေတာက နမူနာက ဘာလဲဆိုတော့ (corruption) ရှိရင် ချမ်းသာတယ်ဆိုတဲ့ နမူနာဖြစ်နေတာကိုး။အဲ့ဒါကို ဆရာထင်တယ် တကယ်ကိုကိုင်တွယ်ဖို့လိုပါမယ်။

နောက်တစ်ဦချင်းတစ်ယာက်ချင်း လိပ်ပြာသန့်ဖို့ လိုပါတယ်။ကိုယ့်မျက်နှာကြီး မှန်ထဲကြည့်လိုက်လို့ရှိရင် ဒီအခြေအနေ ငါရောက်လာတာ ဘာနဲ့ရောက်လာလဲဆိုတာကို ကိုယ်ကလိပ်ပြာသန့်ရင် တစ်မျိုးပေါ့။ဆရာတို့ အရင်တုန်းကဖြစ်နေတာက ဘာလဲဆိုတော့ မိုးရွာတုန်းရေခံဆိုတဲ့စိတ်က ဆရာတို့မှာ ရှိတယ်လေ။အခုအခွင့်အရေးယူလိုက်ရင် တာဝန်တစ်ရပ်ပေးလိုက်ပြီ၊
ရာထူးရတာနဲ့ အဲဒီကနေပါလာတဲ့ အခွင့်အရေးတွေယူတာ (Corruption) ။ငွေတစ်ခုတည်း မဟုတ်ဘူး။အခုဖြစ်နေတာက (Corruption) က ငွေတစ်ခု တည်း မဟုတ်ဘူး။အခွင့်အရေးယူတာလည်း (Corruption) ဘဲ။ဒါကို ကိုယ့်ရဲ့အတွေးက ပြင်မှရမယ်။

ဒီ (Corruption) လို့ပြောရင် ငွေရေးကြေးရေးနဲ့ ပတ်သတ်လို့ (Corruption) ရှိတယ်။(Corruption) ပေါ့ ကိုယ့်ရဲ့သြဇာနဲ့ (Corruption) လုပ်တယ်။ကိုယ့်လူတွေကို နေရာပေးတယ်။ကိုယ့်လူမဟုတ်တဲ့သူကို ဖြုတ်တာ ဒါလည်း (Corruption) ဘဲဆိုတော့ (Corruption) ကို ဆရာထင်တာကတော့ ပညာပေးဖို့ အများကြီးလိုမယ်ထင်တယ်။

အခုနကပြောသလို ညွှန်/ချုပ်လောက်နဲ့ မရဘူးထင်တယ်။ဟုတ်တယ်မလား။သိန်းတစ်ထောင့်ငါးရာနဲ့တော့ ဒါဟာရုပ်ပြလိုဖြစ်မှာစိုးလို့ စိတ်ပူတယ်။တကယ်ကို အားလုံးကို ဆရာထင်တယ်။နောက်တစ်ခုက (Culture) ကြီး ပြောင်းလိုက်ရင်နမူနာ။အခုတော့ ၀မ်းသာစရာက လူကြီးတွေတနည်းနည်းပြောင်းလာတယ်လေ။အခု အစိုးရသစ်ရဲ့ဝန်ကြီးတွေအနေအထားက တော်တော်လေးကို အခြေအနေမှန်ဘဲဆိုရင် ဒါနည်းနည်းလေး လေးစားစရာ။နောက်တစ်ခုက ဆရာက နမူနာပြစေချင်တာကွယ့်။ဥပမာ ပြောပြီးလားမသိဘူး နော်။တစ်ချိန်တုန်းက ဗဟိုဘဏ်ဥက္ကဋ္ဌ အဲကိစ္စမျိုးဖြစ်ဖို့လိုတယ်။အစိုးရပစ္စည်း ငါလုံးဝမသုံးဘူး။ဟုတ်တယ်မလား။အခုမေးကြည့်ရင် အစိုးရရာထူးရှိတဲ့သူတွေ ကားသုံးစီးရှိတယ်။ဓါတ်ဆီတစ်လ ဂါလံ ၆၀/၁၈၀ ရတယ်ဆို။၁၈၀
စီးဖို့က ရန်ကုန် - နေပြည်တော်ကို နေ့တိုင်းပြန်နေရင်တောင် ကုန်မှာမဟုတ်ဘူးလေ။ဘယ်လိုလုပ်ကြမလဲအဲဒါ။ဆိုတော့ ဒါတွေဟာ သတိထားရမယ့်ကိစ္စပါ။အမှန်တော့ ဆရာထင်တာက သိက္ခာသမာဓိပါပဲ။လူတွေအားလုံး သိက္ခာရှိရှိနဲ့ နေနိုင်ဖို့လိုတယ်။

အခုကဖြစ်နေတာက ယဉ်ကျေးမှုတစ်ရပ်ဖြစ်ခဲ့တယ်လေ တစ်ချိန်က။အခုမှစပြင်တာတော့ ဆရာတော့ ကြိုဆိုတယ်။ဆရာက တကယ်ကိုလက်ခံတယ်။လက်ခုပ်တီးတဲ့အထဲမှာ ဆရာအကျယ်ဆုံးပဲ။ဝမ်းသာပါတယ်။ဒါပေမယ့်ရဲရဲတင်းတင်းသာလုပ်။မဟုတ်ဘူးလား။ဒါပေမယ့် ခက်တာက သူ့လူကိုယ့်လူလည်း လုပ်လို့မရဘူးနော်။အပြစ်ရှိရင် အားလုံးအရေးယူမှရမယ် ဒီလိုဖြစ်တာကိုး။

နောက်တစ်ခုက အရေးကြီးဆုံးက ပုဂ္ဂလိကကဏ္ဍကို နည်းနည်းကိုင်မှရမယ်။အခုက (Corruption) လို့ ပြောတဲ့အခါမှာ ဟိုတလောက ဥက္ကဋ္ဌ ဦးအောင်ကြည် အကူအညီတောင်းတော့ ဟောပြောပွဲတစ်ခု လုပ်တယ်။(Business Corruption) ပေါ့။ဒီ အဆင်ပြေအောင်လုပ်ပေးပါ ဆိုတဲ့စိတ်ကို ပြင်မှရမယ်။လုံးဝမပေးဘူး။တစ်ပြားမှမပေးဘူး။ပရောဂျက်မရလည်း ကိစ္စမရှိဘူး။တင်ဒါမအောင်လည်း ကိစ္စမရှိဘူး ဆိုတဲ့စိတ်ကို မွေးနိုင်မှရမယ်။အဲဒီစိတ်တွေက ဆရာတို့မှာ စွဲလာခဲ့တာကိုး။အဲဒီတော့ ဟိုတန်တဲ့ဟာထက်ကို တာဝန်ရှိသူ သက်ဆိုင်ရာကို ငွေပေးလိုက်ရင်ရတယ် ဆိုတာမျိုး၊ တင်ဒါအောင်မယ် အစိုးရတင်ဒါတွေ။အရေးကြီးတာက ဆရာတို့ အစိုးရ၀ယ်ယူရေး ကိစ္စတွေကို ကိုင်တွယ်ဖို့လိုတယ်။ဒါအစရှိမှပါ။အားလုံးမှာ နောက်တစ်ခုက ဆရာထင်တယ် (Corruption) နဲ့ ပတ်သတ်လာရင် မြန်မာပြည်မှာ လုပ်ရခက်တယ်။ဆရာ အခုထိလုပ်လို့မရသေးတာ ကိုယ့်ကျိုးစီးပွား ပဋိပက္ခပေါ့။(Conflict of Interest) ပေါ့။ကိုယ်တာဝန်ယူလို့ရှိရင် အဲဒီတာဝန်ယူတဲ့ ၀န်ကြီးဌာနနဲ့ ပတ်သက်လာရင် မိသားစုမိတ်ဆွေ လုံးဝမပတ်သက်ရဘူးဆိုတာကို ရှင်းမှရမယ်။

အဲ့စိတ်က (Conflict of Interest) ကို ဆရာပြောနေတာ ဆရာကိုတကယ်ကို အူကြောင်ကြောင်ကောင်လို့ သတ်မှတ်တယ်။ဆရာရယ် မပြောပါနဲ့ ဒါအချင်းချင်းဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုတာမျိုး။အဲ့စိတ်တွေကို မပြင်သရွေ့ကတော့ ရမှာမဟုတ်ပါဘူး။အဲ့ဒါတွေကို ဆရာထင်တယ် နည်းနည်လေးပိုပြီး မီဒီယာကလည်း (Conflict of Interest) ပေါ့ ကိုယ်ကျိုးစီးပွား ပဋိပက္ခ ရှောင်ဖို့လိုတယ်။ကိုယ်မပတ်သက်ရဘူး။ခဏခဏပြောတယ် ကျောင်းအုပ်ဆရာကြီးမိန်းမ ဟင်းချက်သိပ်ကောင်းလို့ မုန့်ဟင်ခါးသိပ်ကောင်းရင် အဲဒီမုန့်ဟင်းခါးကို ကျောင်းမှာရောင်းလို့မရဘူး။အဲဒီတော့ ကျောင်းမှာရောင်းခွင့်ပေးလိုက်ရင် ကျောင်းအုပ်ဆရာကြီးမျက်နှာနဲ့ မုန့်ဟင်းခါးစားရတာလေ။မုန့်ဟင်းခါး ကောင်းတာ၊ မကောင်းတာ မဟုတ်ဘူးလေ။အဲ့ဒီလောက်ထိ အခြေခံကစပြီး စဉ်းစားမှရမယ်။အခုက အဲဒီအခြေခံတွေ မစဉ်းစားဘဲ အပေါ်ကိုကြည့်နေတော့ မရဘူးကွယ့်။

Corruption ပတ်သက်ရင် လုံးဝအလျော့အတင်းမလုပ်နဲ့ နားလည်မှုမပေးနဲ့ ။Corruption က နှစ်ခုဘဲရှိတယ် ရက်စ် (သို့) နိုးဘဲ ကြားမရှိဘူး။ဆရာတို့ ဘာနဲ့တူလည်းဆိုတော့ မနှိုင်းကောင်းနှိုင်းကောင်း ကိုယ်ဝန်ဆောင်တာ ငါးဆယ်ရာခိုင်နှုန်း ကိုယ်ဝန်ဆောင်တာမျိုးမရှိဘူး ဇီးရိုး/(၁၀၀)ဘဲ။ကိုယ်ဝန်ဆောင်တယ် ကလေး ရှိလား/မရှိလား ဒီနှစ်ခုဘဲ။မရှိတရှိဆောင်လို့မရဘူး။Corruption လည်း အဲဒီလိုစဉ်းစားမှရမယ်။ခုက ဆရာတို့က သိပ်ခွင့်လွှတ်ချင်တာကိုး။အဲ့တော့ (၅၀) () ဆိုတော့ ()  ပိုင်နယ်တီ ဖြစ်နေတာ။အဲ့ဒါဆင်ခြင်ဖို့လိုတယ်။ပြင်ဖို့လိုတယ်။Credit

Wednesday, April 25, 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြံပြုချက် April-2018.. ပွင့်လင်းမြင်သားမှု မရှိခြင်းသည် နံပါတ်(၁) ဖြစ်သည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြံပြုချက်

.
 မြန်မာနိုင်ငံရဲ့ Corruption Index ကောင်းမွန်လာတာကို တွေ့ရလို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ၀မ်းမြောက်ပါတယ်။ အခြေခံအဆင့်၊ အလယ်တန်း၊ အဆင့်မြင့် အဂတိလိုက်စားမှုများရဲ့ တရားခံက ပွင့်လင်းမြင်သာမှု မရှိခြင်းက နံပါတ်(၁) အကြောင်းရင်း ဖြစ်ပါတယ်။
2012 - 2017  ၅နှစ်အတွင်း အဂတိရမှတ်ပြောင်းလဲပုံ မြန်မာ 15 - 30  ရမှတ် ၁၁မှတ်တက်လာပါတယ်။ နိုင်ငံပေါင်း ၁၈၀ မှာ ယခင်၅နှစ်က အဆင့် ၁၇၂ ရှိရာမှာ ယခု ၂၀၁၇ မှာ အဆင့် ၁၃၀ ၊  ရမှတ် ၁၅ မှတ်ကနေ ၃၀မှတ် တိုးတက်လာပါတယ်။  ၂၀၁၆ မှာ ရမှတ် ၆မှတ် အများဆုံး တိုးတက်လာပါတယ်။ ကိုးကား။  www.transparency.org

ဘဏ္ဍာငွေများ လေလွင့်ခြင်း
မြန်မာနိုင်ငံ ဘာသာရေးအဖွဲ့စီးကြီးတစ်ခုက ငွေသုံးသမျှ .. ၅၀% လေလွင့်တယ် ဟု ဆိုပါသည်။
အစိုးရဌာနများလည်း အလားတူ ဖြစ်ပါသည်။ လေလွင့်ခြင်း (ဇီးသီးဗန်းမှောက်ခြင်း) အကြောင်း ရေးထားပါသည်။ စည်ပင်၊ အခွန်၊ လျှပ်စစ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စသဖြင့် ၀န်ကြီးဌာနများစွာ လေလွင့်မှုများနေပါသည်။
ကိုးကား သုတေသန  http://engrmyanmar.blogspot.com/2017/10/blog-post_18.html
.
အရေးယူ အပြစ်ပေးခြင်း
အာစီယံနိုင်ငံများတွင် အရေးယူ၊ အပြစ်ပေးခြင်း ပုံစံ(၂)ခု ရှိသည်။
ပထမ ပုံစံ …… ။ အနောက်နိုင်ငံစနစ်က တရားရေးမဏ္ဍိုင် က ၁၀၀% တာဝန်ယူသည်။ ခိုင်မာသော တရားရေးမဏ္ဍိုင်ရှိကြသည်။ တရားရုံးများသို့ တက်မလာနိုင်ရန် ငယ်သောအမှု ပျောက်စေရန် ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊ စားသုံးသူအဖွဲ့စည်းများက ကြားနာစစ်ဆေးကြသည်။ အခကြေးငွေ ပေးရသည်။ ဥပမာ လိမ်ညာရောင်းခြင်း၊ ဈေးကြီးစွာရောင်းချခြင်း .ချေးငွေပြန်မဆပ်ခြင်း .. တရားမ၀င်ငွေချေးခြင်း.စသဖြင့် ပြသနာများကို တရားရုံးမရောက်ပဲ ဖြေရှင်းကြသည်။ တရားရုံးရောက်ပါက ငွေကုန်၊ လူပင်ပမ်းတော့မည် ဖြစ်သည်။
ဒုတိယ ပုံစံ…… ။ တရုပ်၊ ဗီယက်နမ်၊ လာအို စသည့် နိုင်ငံများက ကျင့်သုံးစနစ် ဖြစ်သည်။ အင်စတီကျူးရှင်း ဟုခေါ်သော အဂတိတိုက်ဖျက်ရေးကော်မရှင်၊ ပါတီစည်းကမ်းထိမ်းသိမ်းရေး၊ စစ်တပ် နှင့် ရဲတပ်ဖွဲ့များ ဖြင့် တရားရုံးသို့မရောက်ပဲ ဖြေရှင်းနည်းဖြစ်သည်။ အပြစ်ပေးရာတွင်လဲ အဂတိတိုက်ဖျက်ရေး တရားရုံးစနစ်ဖြင့် တရားစီရင် အပြစ်ပေးသည်။ ထို့ကြောင့် ယိုယွင်းနေသော တရားရေးမဏ္ဍိုင်တွင် အထူးမဏ္ဍိုင်တစ်ခု (အဂတိတိုက်ဖျက်ရေး တရားရုံးစနစ်) ကို ကျင့်သုံးပါသည်။
.
တရုပ်နိုင်ငံတွင်လည်း အစိုးရ တရားရေးမဏ္ဍိုင်သည် ၀န်ထမ်းများ လစာနည်းပါးခြင်းကြောင့် အကျင့်ပျက်မှုအလွန်များပြားသည်။ တရားရုံးရောက်ပါက ရက်ချိန်းများစွာ၊ အဂတိများစွာ ရှည်လျှားထွေပြား၊ ရှုပ်ထွေးနေမှုရှိသည်။ အဂတိအမှုဖြင့် တရားစွဲခံရပါက သမရိုးကျ တရားရုံးဖြင့် တရားစီရင်ပါက လုံးဝမဖြစ်နိုင်။ တရားခံ လွတ်မြောက်သွားနိုင်သည်။  တရုပ်နိုင်ငံတွင် ပါတီစည်းကမ်း၊ တပ်မတော်စည်းကမ်း ထိမ်းသိမ်းရေးများက အဂတိတိုက်ဖျက်ရေးကို ပံ့ပိုးကြသည်။ တရုပ်နိုင်ငံ အဂတိတိုက်ဖျက်ရေး အကြီးအကဲသည် ပေါ်လစ်ဗျူရို အဆင့်ရှိသဖြင့် အလွန်မြင့်မားသော အဆင့်ရှိသည်။ အင်ဒိုနိးရှားနိုင်ငံတွင် KPK ဟုခေါ်သော အဂတိတိုက်ဖျက်ရေး အာဏာရှိသည်။ ရဲတပ်ဖွဲ့နှင့် KPK  အကြီးအကဲများ အကျင့်ပျက်မှုဖြင့် တရားစွဲနေမှုများ ဖြင့် ရှု့ပ်ထွေးနေဆဲ ဖြစ်သည်။ အာဏာ ရရှိလာပါက အလွဲသုံးမှု များစွာ ဖြစ်လာလေ့ ရှိပါသည်။

အောက်ခြေအဆင့် အဂတိ ၀န်ထမ်းရာထူးအဆင့်အလိုက်
အောက်ခြေ၀န်ထမ်းအဆင့် ….. မြန်မာနိုင်ငံမှာ ပူးတွဲတင်ပြတဲ့ စာရွက်၊ ငွေပေးဖြတ်ပိုင်း (Recept)၊ ဂရံ၊ တရားရုံးဆုံးဖြတ်ချက် စတဲ့စာရွက်တွေ မူရင်း တောင်းတဲ့ ဓလေ့က အဂတိလိုက်စားမှုလုပ်ဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ ဥပမာ ၂၈.၄.၂၀၁၈ ဗွီုင့်သတင်းစာ သိန်းထက်အောင် ရေးတဲ့ သမ္မတကြီးပြောတဲ့ ကြိုးနီစနစ်နဲ့အဂတိလိုက်စားမှု ဆောင်းပါးမှာ တရားရေး..မြေဂရံရရှိရေး ..တွေမှာ အဖိုးရဲ့သေဆုံးကြောင်း ထောက်ခံစာလိုမျိုး .. အလွန်ရှုပ်ထွေးစွာ .. ရေမလောင်းလို့လား မေးတော့.. ရေလဲ ရွှဲရွှဲစိုနေအောင် လောင်းပါတယ် .. တဲ့ ..။

မိမိဌာနအတွက် ကိစ္စကို ဘယ်လိုမှမသိနိုင်တဲ့ တခြားဌာနတစ်ခု ထောက်ခံစာ မရမက တောင်းခိုင်းနေခြင်း ပါပဲ။ လ.၀.က တွေမှာ ခက်အောင်လုပ်ချင်ရင် အဖိုးသေတဲ့ထောက်ခံစာ တောင်းခိုင်းတော့တာပါပဲ။
.
ငွေသွင်းချလံ မူရင်းတောင်းတာလဲ အလုပ်ကိုရှုပ်ပါတယ်။ အခုခေတ်ဘဏ်စနစ်မှာ အကောင့်တစ်ခုဖွင့်ပြီး လက်ခံလိုက်ရင် ပြီးတာပဲ .. က.ည.န စည်ပင် အခွန် စတဲ့ ဌာနတွေက ဘဏ်ချလံ တောင်းနေတာလဲ ဘယ်တော့ ဆုံးမလဲ။ eGov လုပ်နေတာလဲ အခွန်ဌာနက အကြီးမားဆုံး ခက်ခဲအောင်လုပ်ထားပါတယ်။ အခွန်ဆောင်ဖို့ ဖောင်တောင်မှ မရှိသလို ဖြစ်နေပါတယ်။ အိမ်ဆောက်ရင် အခွန်၁၅%၊ ကားဝယ်ရင် အခွန်၁၅% ..အိမ်ရောင်းဝယ်ရင် အခွန်၁၅% .. ဒါတွေအားလုံး နိုင်ငံတော မရပဲ ၉၀% လေလွင့်နေပါတယ်။ ၂% အခွန်ဆိုရင် လူတိုင်းပေးနိုင်ပေမဲ့ အခုတော့ ၁၅% ၃၀% ဖြစ်နေတော့ ငွေဖြူလုပ်နည်း အဂတိတွေ များစွာ ဖြစ်ရပါတယ်။
.
အလယ်လတ်ဝန်ထမ်းအဆင့် …. ကုမဏီများနဲ့ အခွန်ရှောင်ဖို့ ကြိုးစားနေကြပါတယ်။ ငွေဖြူဖြစ်အောင် လုပ်နည်းတွေနဲ့ ရှုပ်ထွေးနေပါတယ်။
.
အထက်ပိုင်းဝန်ထမ်း(အဆင့်မြင့်အရာရှိကြီးများ)အဆင့် ….  အဂတိ ကတော့ ခေါင်းမိုးလုံအောင် ACC လုပ်ဆောင်နေတယ်ပဲ မြင်ပါတယ်။
.
.
.
အကြံပေးခြင်း
အောက်ခြေအဆင့် …. တတ်နိုင်သမျှ ပွင့်လင်းမြင်သာစေရန်။ ရပ်ကွက်ထောက်ခံစာ၊ ရဲတောက်ခံစာ တစ်စောင်ကို ချက်ခြင်းဆိုပါက ၀န်ဆောင်ခ သတ်မှတ်ပြီး (ငွေလက်ခံဖြတ်ပိုင်းဖြင့်) ယူရန်၊ ထိုရငွေအားလုံးကို ရပ်ကျေး အုပ်ချုပ်ရေးလုပ်ငန်းအတွက် ပွင့်လင်းမြင်သာစွာ သုံးစွဲရန်။ စာရိတ္တကောင်းကြောင်း ထောက်ခံစာ - ၁၀၀၀ကျပ် ၊ အိမ်ခြံမြေကိစ္စ ထောက်ခံစာ - ၁၀၀၀ကျပ် .. စသဖြင့် တရားဝင် ကောက်ခံရန်။ အုပ်ချုပ်ရေးမှုးရုံး လစဉ်၊ ၃လ၊ ၆လ အသုံးစရိတ်ကို နံရံတွင် စာကပ်ထားရန်။ စာရင်းစစ်တစ်ဦးက လုပ်အားပေး စစ်ပေးရန်။ တိုင်ကြားလာသူရှိတိုင်း ၀န်ဆောင်ခ တောင်းရန် ..စသဖြင့် လုပ်ခွင့်ပေးရန်။
.
အလယ်လတ်ဝန်ထမ်းအဆင့်
မြို့နယ်အဆင့်တွင် လူထုအများဆုံးဆက်ဆံရသော လ.၀.က လျှပ်စစ် က.ည.န စည်ပင် ပို့ဆက် စသည့် ဌာနများတွင် လျှောက်ထားသူများအတွက် လိုအပ်ချက်များကို ဆိုင်းဘုတ်များဖြင့် မြင်သာအောင် ရေးထားပါသည်။ ချက်ခြင်း လိုအပ်ပါက အမြန်ကြေး ပေးရန် ငွေသတ်မှတ်ရန်ဖြစ်သည်။ ဥပမာ မှတ်ပုံတင်ပျောက် ပြန်လုပ်ပါက ၂၁ရက်အတွင် လုပ်ပေးသည် ဆိုပါသည်။ ၁ရက်အတွင်း လုပ်ပေးပါက ကျပ်၅သောင်း၊ ၂ရက်မှ ၇ရက်အတွင်း ကျပ်၁သောင်း ၇ရက်မှ ၂၁ရက်အတွင် ကျပ်၅၀၀၀၊ စသဖြင့် တိကျစွာ သတ်မှတ်ရန်။ လက်ခံဖြတ်ပိုင်းများ ပေးရန်။ (နိုင်ငံကူးလက်မှတ် လျှောက်ထားသူများတွင် ၁၀ရက်အတွင် ၀န်ဆောင်ခ ၃သောင်းကျပ်ဖြင့် လုပ်ဆောင်ပေးနေပါသည်)။ ရရှိသော ၀န်ဆောင်ခများကို ၀န်ထမ်းများအတွက် ၀န်ဆောင်မှုစရိတ် ပွင့်လင်းမြင်သာစွာ ပေးရန်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး အတွက်လည်း ၀န်ဆောင်ခ စဉ်းစားသင့်သည်။ အာမခံစနစ် ရှိရပါမည်။
.
.
အဆင့်မြင့် တိုင်းဒေသနှင့်ပြည်ထောင်စုအဆင့်
ထိုအဆင့်သည် အများအားဖြင့် ကုမဏီကြီးများနှင့် ဆက်ဆံရသည်။ ကုမဏီများအတွက် ၀န်ဆောင်မှုပေးရသောကြောင့် အလွန် လာပ်လာဘ များသောကြောင့် ဌာနကြီးမှုးသည် လုပ်ပိုင်ခွင့်များစွာ ရှိသည်။ အဂတိနည်းပါးစေရန် .. ပွင့်လင်းမြင်သာစနစ်သာလျှင် အကောင်းဆုံးဖြစ်သည်။ ဌာနတွင်း ကွန်ပြူတာ (မိုဘိုင်းဖုန်း) စနစ် တပ်ဆင်ထားပြီး တိုင်းဒေသအဆင့် eGovernment စနစ်ဖြင့် လက်မှတ်ရေးထိုးခြင်း၊ လက်မှတ်ထိုးသူတိုင်း ကွန်ပြူတာ (သို့မဟုတ်) မိုဘိုင်းဖုန်းတွင် မြင်နေရခြင်း ..အစိုးရကကြိုးစားလုပ်ဆောင်နေပါသည်။ သမ္မတ ဦးသိန်းစိန် ခေတ်တွင် ထိုစနစ်ကို မကျင့်သုံးလိုသူများကြောင့် မအောင်မြင်ခဲ့ပါ။ ယခု ၂၀၁၈ တွင် ပြန်လည်ကြိုးစားမည် ဟု သိရသည်။ အောင်မြင်စေရန် ဆုတောင်းလိုက်ပါသည်။
.
.
အဂတိတိုက်ဖျက်ရေး ရုံးခွဲများ
 တိုင်းဒေသအဆင့် ရုံးခွဲများ ဖွင့်ရန် စီရင်နေသည်ဟု သိရသည်။ ယခုအခါ အောက်ခြေအဆင့် အဂတိလိုက်စားမှုများကို အရေးယူ၊ အပြစ်ပေးပါက တရားရုံးနှင့် အကျဉ်းထောင် ဆန့်မည်မဟုတ်တော့ပါ။ အလတ်တန်းစာ မြို့နယ်၊ တိုင်းအဆင့် တရားလွန် အဂတိလိုက်စားသူများကိုသာ ရွေးထုတ် အရေးယူ၊ အပြစ်ပေးရန် လိုအပ်ပါသည်။ နေပြည်တော် ဌာနချုပ်နှင့် ရန်ကုန်၊ မန္တလေး ၂ခုကိုသာ ရုံးခွဲထားရန် အကြံပေးချက်ကို သဘောတူပါသည်။ ညွန်ကြားရေးမှုးချုပ်နှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ကြီးများ၏ ပိုင်ဆိုင်မှုကို စီစစ်ခြင်းဖြင့် မည်သူ့ကို အရေးယူရမည် ရွေးချယ်နိုင်မည်ဖြစ်သည်။ လစဉ် တစ်ယောက်ကို အရေးယူနိုင်ပါက အောင်မြင်မည် ဖြစ်သည်။ ဦးပြုံးချို ပြည်နယ်ထွေအုပ်ကို အရေးယူခဲ့ပြီး ၁၀လခန့် ထိရောက်စွာအရေးယူမှု မရှိခဲ့ပဲ ယခု ဧပြီ၂၀၁၈ တွင် FDA ညွန့်ချုပ်ကို အရေးယူခဲ့သည်။
.
တရားစီရင် အပြစ်ပေးခြင်း
လက်ရှိတရားရေးမဏ္ဍိုင်သည် အာဏာမရှိသလောက် ဖြစ်နေပါသည်။ ဖြောင့်မတ်သူများ မရှိသောကြောင့် တရားရေးမဏ္ဍိုင်သည် အုပ်ချုပ်ရေး မဏ္ဍိုင်အောက်တွင် ရောက်နေရပါသည်။ တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေး မဏ္ဍိုင်များကဲ့သို့ အစိုးရကို ထိန်းကြောင်းနိုင်ရန် ပြုပြင်ပြောင်းလဲနေပါသည်။  တပ်မတော်တရားရုံးကဲ့သို့ သီးခြား အလားတူ.. အဂတိတိုက်ဖျက်ရေး တရားရုံးတစ်ခုကို အမြန်ဆုံး ကျင့်သုံးနိုင်ရန်အတွက် ဥပဒေပညာရှင်များ လေ့လာသုံးသပ်နေပြီ ဟု မျှော်လင့်သည်။ ၂၀၁၈ တွင် ဥပဒေပြုနိုင်ပါက ၂၀၁၉ တွင် အကောင်ထည်ပေါ်လာနိုင်ပါသည်။
.
လေးစားစွာဖြင့်
ပြည်သူတစ်ဦး ..


ဦးဇော်အောင်
၁၄/ပသန(နိုင်) ၀၄၁၂၂၅
၂၅ မင်းကြီးလမ်း ၊ ပုသိမ်