Sunday, May 30, 2021


 PDF. . မြို့ပြတပ်.. တိုင်းရင်းသားတပ်.. စသဖြင့် တော်လှန်ရေးသမားဖြစ်လိုသူ.. အထက်ပါ လက်နက်ကိုင်မဖြစ်သေးသူများအတွက်.. တခုခုကို ဝင်ရောက်ပူးပေါင်းဖို့.. ဖတ်ရန်

https://m.facebook.com/story.php?story_fbid=2812311892318953&id=100006205085243

Friday, May 28, 2021

 ညနေပိုင်း အစားမစားခင်ဆုတောင်း

မိုးရွှာတုန်း စစ်ကြောင်းမထွက်ခင်ဆုတောင်း ဆုတောင်းသံတွေ မိုးထိကြားစေ...။


မိုးရာသီရောက်လာပြီ ဖြစ်သောကြောင့် အမျိုးမျိုး သော ရောဂါဘေးများမှလည်း ကာကွယ်ပေးတော် မူပါ။ အထူးသဖြင့် ကလေးငယ်လေးများ၊ နို့တိုက် မိခင်များ၊ အဘိုးအဘွားများကိုလည်း ခွန်အားနှင့် ပြည့်စေတော်မူပါ။ မြန်မာပြည် အရှေ့၊ အနောက်၊တောင်၊မြောက် အရပ်အသီးသီးတွင် ရှိနေကြသော တိုင်းရင်းသား ညီအကိုမောင်နှမများကို ကွယ်ကာပေးတော်မူပါ။


ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။

 -၂ ရာ​ချုပ် 7 : 14


#ChristLife  Alex Fachhai


Thursday, May 27, 2021

 ရောဘတ်မူဂါဘီ (ဇင်ဘာဘွေ)

မြန်မာနိုင်ငံမှာကော်ပီ လာလုပ်မရပါ

.

ကျပ်ငွေတန်ဖိုး ဒလဟောကျဆင်းနေတော့ အိမ်ခြံမြေတွေ ဘဏ်အကောင့် ထရန်စဖာနဲ့ အရောင်းအဝယ်လုပ်နေကြပြီ။ အိမ်စျေး ၃၀% အထက် စျေးတက်ပြီး၊ ပြည်ပတင်သွင်းတဲ့ စက္ကူ၊ ဆောက်လုပ်ရေးနဲ့လျပ်စစ်ပစ္စည်းတွေ ၅၀% အထက်စျေးတက်တယ်။ ဆန်ဆီ စားကုန်တွေလည်း ၃၀% အထက် စျေးတက်ကုန်တယ်။ မကြာမီ ကျပ်၁သောင်းတန်တွေ ဘုန်းဘောလအော ရိုက်နှိပ်လာချိန် ငွေဖောင်းပွနှုန်း အကြီးအကျယ်ဖြစ်ပြီး ဒေသလုံခြုံရေး အကြီးအကျယ်ထိခိုက်မယ်။ .

.

ဇင်ဘာဘွေ ပညာတတ်တဲ့ သမတ ရောဘတ်မူဂါဘီ ကဲ့သို့ ပညာမတတ်တဲ့ မင်းအောင်လှိုင် လုပ်နိုင်မလား။  အကြွင်းမဲ့ အာဏာရှင်ခြေလှမ်းအဖြစ် ကာချုပ်သက်တမ်း ၆၅နှစ်ကို ပယ်ဖျက်လိုက်တယ်။  ၁၀နှစ် မက ငယ်တဲ့ သစ္စာခံ ဗိုလ်ချုပ်ကြီးများကို (ဦးနေဝင်း၊ ဦးသန်းရွှေ တို့လို ) ရာထူးတိုးပေးပြီး အစားထိုးနေပါပြီ။ ယုံကြည်စိတ်ချရတယ်ဆိုသူ ကြွေးမွေးထားတဲ့ ညီငယ် လေးများ.. ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (အဆင့်.4). .မျိုးဇော်သိန်း.. ရဲဝင်း (စစ်လုံချုပ်) .. သန်းလှိုင် (ရဲချုပ်၊ ပြည်တဲရေးဒုဝန်ကြီး) .. ကျော်စွာလင်း .. မိုးအောင် (ရေတပ်ချုပ်) .. ခင်မောင်ကျော် (လေတပ်ချုပ်) စသည့် ၁၀ နှစ်ကျော် ငယ်သူများနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါပြီ။ 

.

မြို့ပြ ခုခံရေးစစ်ပွဲများ 

မေလမှာ ဖြစ်လာပါပြီ။ စစ်ကောင်စီ က လက်မရှော့ပဲ ဇင်ဘာဘွေ၊ ဆီးရီးယား၊ ဗင်နီဇွဲလား အာဏာရှင်များတွေလို ရက်စက်စွာ သာလွန်အင်အားသုံးပြီး နှိပ်ကွပ်နေရင် ရမလား၊ 

.

.

အာဏာရှင်ရောဘတ်မူဂါဘီ

.

ဆရာမော်သာထွေး ရေးထားတဲ့ ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီ အကြောင်း အကျဥ်းချုပ် တင်ပေးလိုက်ပါတယ်။ 

.

ဆင်းရဲတဲ့ လူမဲမိသားစုမှ ခရစ်ယန်ဘုန်းတော်ကြီးက ပညာသင်ပေးပြီး လူဖြူကြီးစိုးတဲ့စနစ်ကို တော်လှန်ရင်း 1980 မှာ အာဏာရလာပါတယ်။ အာဏာရတာနဲ့ စိတ်ပြောင်းသွားပြီး ရုရှားနိုင်ငံအားကိုးလို့ ပြည်သူလူထုကို ယခု မင်းအောင်လှိုင် ပစ်သတ်သလို၊ ရက်စက်စွာ နှိမိနင်းတဲ့အပြင် မြောက်ကိုးရီးယား လက်မရွံတပ်ကို ခေါ်ပြီး ဆန့်ကျင်သူမှန်သမျှ လူမျိုးတုန်းသတ်တဲ့အထိ အင်အားသုံးနှိမ်နင်းတယ်။ ရွေးကောက်ပွဲတိုင်းကို မဲလိမ်၊ မဲခိုးပြီး အနိုင်ယူတာ 2015 အထိ 35.  နှစ်တိုင် (အသက် 95 နှစ်အရွယ်ထိ) အာဏာရှင်လုပ်တယ်။ သူ့မိန်းမသေမှ အသက်၄၂နှစ် ငယ်တဲ့ စာရေးမနဲ့ လက်ထပ်ပြီး သူကတော့ ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတယ်။ သူနိုင်ငံသား ၁၂သန်းက အလွန်ဆင်းရဲငတ်မွတ်နေပြီး 2015 မှာ ကမ္ဘာ့အဆင်းရဲဆုံး ကွန်ဂို ပြီးရင်၊ ဇင်ဘာဘွေက ဒုတိယအဆင်းရဲဆုံး နိုင်ငံဖြစ်တယ်။ သူ့ မိန်းမ Mrs Grace ကလည်း အသုံးအဖြုန်းကြီးပြီး ကမ္ဘာ့စျေးအကြီးဆုံး ဂူဆီ လက်ကိုင်အိတ်များပဲကိုင်လို့  Gucci Grace လို့ ခေါ်ကြတယ်။ ဒေါ်လာ ၂၆ သန်းတန် အိမ်ကြီးဆောက်ပြီးနေတာ သူ့ငွေနဲ့ ဆောက်တယ်လို့ ပြောပါတယ်။ မလေးရှားမှာ တအိမ်၊ ဟောင်ကောင်မှာတအိမ် ဇိမ်ခံအိမ်ကြီးများ ဝယ်ထားတယ်။ သမတကတော် ဟောင်ကောင်မှာ စျေးတခါဝယ်ရင် ဒေါ်လာ ၁သိန်း ၂သောင်း သုံးတယ်။ သမီးကို ဟောင်ကောင်မှာ ငွေကြေး၊စာရင်းအင်း ပညာသင်ခိုင်းထားတယ်။  ဇင်ဘာဘွေက ကမ္ဘာ့အကြီးဆုံး ယူရေနီယမ်သတ္တုတွင်းပိုင်ဆိုင်ပြီး ရုရှားကိုရောင်းတယ်။ ရုရှားက လက်နက်ကောင်းတွေဝယ်ပြီး သူလက်မရွံတပ်ကို တပ်ဆင်ပေး၊ ကြွေးမွေးထားတယ်။ ကမ္ဘာ့စိန်တွင်းကြီးတွေလည်း ပိုင်ဆိုင်ပြီး ဇနီး Mrs Grace နဲ့ အဆွယ်အပွားများ ပိုင်ဆိုင်ကြတယ်။.. စစ်ဗိုလ်များကို မစို့မပို့ လစာပေးထားပေမဲ့ ပြည်သူများထက် အများကြီး လစာကောင်းပြီး ဗိုလ်ကျခွင့်ရကြတယ်။ ပြည်သူနဲ့စစ်ဗိုလ်စစ်သားများ ပညာမတတ်၊ လူစဥ်မမီပဲ ပြည်တွင်းမှာပဲ အကြောက်တရားနဲ့ မြန်မာနိုင်ငံ ၂၀၀၀ ခု ကာလလို ဆင်းရဲမွဲတေပြီး၊ ပြည်ပထွက် အလုပ်လုပ်နိုင်မှ မိသားစု စားနိုင်ရုံ ဘဝအခြေအနေပါ။  

.

ပညာတတ် အာဏာရှင်ကြီးရောဘတ်မူဂါဘီ နှစ်၄၀နီးပါး ဇင်ဘာဘွေနိုင်ငံ ပြည်သူ၁၂သန်း ကို. ရုရှား၊ မြောက်ကိုးရီးယား အားကိုးပြီး လူတစုနဲ့အုပ်ချုပ်တယ်။ 2017 မှာ အာဏာရ သူ့ရဲ့ပါတီကပဲ သက်ကြားအို အာဏာရှင်ကြီးကို ဖယ်ရှားပြီး 2019 ခုနှစ်မှာ စင်ကာပူကိုဆေးလာကုရင်း သေဆုံးသွားတယ်။ အလောင်းကို သူနိုင်ငံပြန်သယ်ပြီး လူ၅၀၀ အခန်းနားနဲ့ မြေမြုတ်သဂြ်ုလ်တယ်။ ဇတ်သိမ်းမဆိုးလှတဲ့ ပညာတတ်အာဏာရှင်ပါ။ 

https://en.m.wikipedia.org/wiki/Robert_Mugabe

.

မျိုးဆက်သစ်တွေ

အာဏာရှင် NUG နဲ့အတူ ရေကုန်ရေခန်း ဆန့်ကျင်ကြ ပါ တယ်ခင်ဗျား။ ရောဘတ်မူဂါဘီ အကြောင်း.. ပြည်သူကို ရုရှားလက်နက်နဲ့ စစ်ခွေးအ တွေကို အရက်တိုက်၊ အမဲသားကြွေး ပြီး တော်လှန်ရေးသမားတွေကို ရက်စက်စွာ အနိုင်တိုက်ခဲ့ပုံများ..မြန်မာတွေ သင်လန်းစာ ယူထားပါပြီ။.. ပြည်သူတွေ ညီညွတ်နေရင် စစ်အာဏာရှင် ပြိုကွဲသွားမှာပါ။  ဆရာမော်သာထွေး ရဲ့ စာအုပ်မှ images များ ဖတ်ရန် Link. .

https://m.facebook.com/story.php?story_fbid=10158381120388472&id=755653471

.

.

ဇင်ဘာဘွေလို 

တရုပ်၊ ရုရှား လက်နက်သုံးပြီး သာလွန်အင်အားနဲ့ ဖြိုခွင်းဖို့ မြန်မာ့တော်လှန်ရေး NUG နဲ့ GZ လူငယ် PDF ခုခံရေးတပ်များက တိုင်းရင်းသားတပ်များနဲ့ ပေါင်းစည်းခုခံ နေပြီ။ NUG အစိုးရ အားထုတ်မှု၊ ဖြောင့်မတ်မှု၊ ပြည်တွင်းပြည်ပ မြန်မာအားလုံး တခဲနက် ညီညွတ်မှု ရရှိနေလို့ လက်နက်များ ရရှိနေပါပြီ။ လေကြောင်းရန်. KIA တပ်များ ကာကွယ်နိုင်နေပါပြီ။ လက်နက်အားကိုးတဲ့ အာဏာသိမ်းတပ်မှုးများ ပြည်သူလက်ထဲ လက်နက်ရရှိချိန် ဆက်လက်အနိုင်မကျင့်တော့ပဲ မင်းအောင်လှိုင်အမိန့် နာခံတော့မှာမဟုတ်။ စစ်ကောင်စီ ပြိုကဲဲပီး စစ်အာဏာရှင်များ ကျဆုံးသွာမှာပါ။ 

.

တရားသောစစ်ပွဲ အောင်ပါစေ။ 

.

TSP (Democracy)

26.5.2021

**********

Sunday, May 23, 2021

 ဆရာ ဂမ်ဆမ်းအောင်

GSA HP ပေ့တစ်ခုနဲ့ ပြည်သူတွေ စိတ်ချမ်းသာ၊ အားတက်စေတဲ့ Live တင်ဆက်မှု Link မှတ်ထားကြပါ။ ငယ်စဥ်က ဆိုးပေ မိုက်ခဲ့ပြီး နောင်တရလို့ ဓမ္မဆရာအဖြစ် ဘဝပြောင်းခဲ့တယ်။ အခု စစ်အာဏာသိမ်းချိန်မှာ မခံမရပ်နိုင်လို့ လောက သတင်းမီဒီယာအလုပ် ပြန်လုပ်တယ်။ ကချင်လူမျိုး ဖြစ်သော်လည်း အောက်ပြည်မြို့များမှာ ကြီးပြင်းလာသူဖြစ်လို့ဘငပိရည်ကိုလည်း နှစ်ခြိုက်တယ်။ KIA ကချင်တပ်များက သူတို့ရဲ့ ဂိဒေါင်စခန်း (အင်လောဘွန်) ပြန်သိမ်းပိုက်ချိန် ဆရာ GSA Live လွှင့်ချက်များကို မြန်မာ သိန်းဂဏန်းအထိ ပရိတ်သတ်ရှိတဲ့ ဂျာနယ်လစ် ဖြစ်တယ်။ 

သူရဲ့ ပိတ်ချ် Link

https://www.facebook.com/Hpygumsanaung/

.

23.5.2021 Live

https://www.facebook.com/Hpygumsanaung/videos/799462274016888/



 ချာလီသန်း

RIT ရဲ့ဂုဏ်ကိုဖျက်ဆီးတဲ့ဒုဿီလအင်ဂျင်နီယာကောင်စီအကြီးကဲ ၊ SAC ရဲ့စက်မှုဝန်ကြီးတဲ့..သူတို့.သိပ်ကြာကြာမခံတော့ပါ..အာဏာသိမ်း SAC အစိုးရအဖွဲ့ရဲ့ဘရာထူးလက်ခံသူ အမြောက်အများရှိပြီး အောက်ခြေ / ကျေး အုပ်ချုပ်ရေးမှုးကတော့ ပြည်သူက သတ်ဖြတ်မဲ့ အန္တရယ် ရှိနေတယ်။ရာထူး လက်ခံသူများ စီးပွားပျက်၊တိုင်းပြည်ပျက်ကာလ လောက်ကောင်နာမည်ပဲ ရရှိသွားတယ်။ အင်ဂျင်နီယာကောင်စီ P. E ပရိုဖက်ရှင်နယ်တစ်ဦးဖြစ်ရတာ သိက္ခာမရှိသထက် မရှိဖြစ်ရတယ်။ ​ဒီနေရာ၊ အာဏာ ကြာကြာမခံပါ။ TSP(Engr) 25/5/2021


❌❌❌❌❌❌❌❌❌❌❌❌


💢 " စက်မှု့တတ်မျိုး ပြည့်အကျိုး" ဆိုတာ သမိုင်းအစဥ်အလာကြီးမားတဲ့ စက်မှုတက္ကသိုလ်ရဲ့မြင့်မြတ်တဲ့ဆောင်ပုဒ်ဖြစ်သလို လိုက်နာစောင့်ထိန်းအပ်တဲ့အင်ဂျင်နီယာသီလကို မီးမောင်းထိုးပြနေတဲ့တန်ဘိုးဖြစ်ပါတယ်။


💢 ခေတ်ပညာတတ်‌ပေမဲ့ ဒေါက်တာဘွဲ့ရ‌ပေမဲ့ အမှန်နဲ့အမှားမခွဲခြားတတ်တာ၊ ခွဲခြားတတ်ပေမဲ့ အင်ဂျင်နီယာသီလမ‌စောင့်ထိန်းနိုင်ဘဲ အဓမ္မဘက်ကရပ်တည်တာ၊ သေမဲ့အပတ်မှာ စစ်ထဲဝင်သူလိုဖြမအောင်မြင်မဲ့အာဏာလုသူတွေရဲ့နောက်လိုက်အစေအပါးဖြစ်ရမှာ မစဥ်းစားတတ်အောင် ကျိုးကြောင်းဆင်ခြင်တုံတရားချို့တဲ့လို့သာ ဒေါက်တာချာလီသန်းဆိုသူဟာ ပြည်သူသွေးအလိမ်းလိမ်းပေကျံနေတဲ့ ကမ္ဘာအော့ကြောလန်စစ်မိစ္ဆာကောင်စီကို သစ္စာခံပြီး ပြည်ထောင်စုဝန်ကြီးရာထူးကိုမက်မောပြီး အသိဥာဏ်စုံလုံးကန်းတာမို့ မိဘပြည်သူအများစုကို မျက်ကန်းတစ္ဆေမကြောက် သစ္စာဖေါက်ရဲတာပေါ့။


💢 စက်မှု့ပညာနည်းပညာတတ်ပေမဲ့ ပြည့်အကျိုးလူထုအကျိုးမသယ်ပိုးနိုင်တဲ့ စစ်မိစ္ဆာကိုအလုပ်အကျွေးပြုသူ ဒုဿီလအင်ဂျင်နီယာအားလုံးကိုရှုံ့ချပါတယ်။


ချာလီသန်းဟာ

အကယ်ဒမစ်လိုင်းက မဟုတ်ဘူး


ဒလသင်္ဘောကျင်း ၊ အလုံသင်္ဘောကျင်းတွေမှာ

အင်ဂျင်နီယာမှူးကြီး လုပ်ရင်း

စစ်တပ်အလိုတော်ကျ

DSTA မှာ အချိန်ပိုင်း စာသင်ပေးရင်း

စစ်င်္ဘောကျင်းတွေကို အကြံပေးရင်း နေခဲ့တာပါ


စစ်တပ်ဟာ

ကိုယ်ပိုင်လေယာဉ်ထုတ်ဖို့ စစ်သင်္ဘောဆောက်ဖို့

နည်းပညာကို အရပ်ဘက်က လှည့်ယူဖို့ အကြံနဲ့

ရေကြောင်းတက္ကသိုလ် နဲ့ လေကြောင်းတက္ကသိုလ်ကို

တည်ထောင်တော့


စစ်အလိုတော်ရိဆိုတော့

လက်ထောက်ကထိက၊ ကထိက ၊ ဌာနမှူး၊ ပါမောက္ခ ဆိုတဲ့

ပညာသင်ကြားရေး ဖြတ်သန်းမှု ဘာမှမရှိပဲ

ချာလီသန်းဟာ အရှင်မွေး နေ့ချင်းကြီးပြီး

ဒုပါချုပ် ဖြစ်လာပါတယ်

အဲဒီက ပါချုပ် ဖြစ်လာတယ်


အဲဒီနောက်  သိန်းစိန်လက်ထက်မှာ

အင်ဂျင်နီယာ လောကကို

ဆရာဝန်တွေလို ဆ/မ ထုတ်ပေးပြီး ချုပ်ကိုင်ဖို့

မြန်မာအင်ဂျင်နီယာကောင်စီ ဥက္ကဌ ဖြစ်လာတယ်


မာစတာဘွဲ့ကို စစ်အင်ဂျင်နီယာတက္ကသိုလ် DSTA ကို

ဖြတ်ညှပ်ကပ် စာတမ်းတင်ပြီး ရတာ

ဒေါက်တာဘွဲကလည်း ရေကြောင်းတက္ကသိုလ်မှာ

အချိန်ပြည့် ပါချုပ်လုပ်ရင်း

မည်သို့ မည်ပုံ လုပ်လိုက်သည်မ သိ

DSTA က ထုတ်ပေးထားတာ


အဲဒီလိုလူမျိုးက 

ပြည်တွင်းပြည်ပ က ပါရဂူဘွဲ့ရ 

လုပ်ငန်းအတွေ့အကြုံ ရှိတဲ့ပညာရှင်တွေကို ကျော်တက်ပြီး

MEC ဥက္ကဌ ဖြစ်လာသတဲ့


အခုလည်း 

စက်မှု ကုန်ထုတ်လုပ်ငန်း အတွေ့အကြုံမရှိပဲ

စက်မှုဝန်ကြီး ဖြစ်လာပြန်ပါပြီ


မြန်မာအင်ဂျင်နီယာလောကမှာ 

Gen Lee တွေများတာလဲ မပြောပါနဲ

ထိပ်သီး နေရာရသူတွေ အများစုဟာ

အရှင်မွေးရင်း နေ့ချင်းကြီးကြသူတွေချည်းပါပဲ



ဘုရား၊ တရား၊ သံဃာ နဲ့ခရစ်ယန်

===================

ဗုဒ္ဓဘာသာ မဘသ ရှိသလို ခရစ်ယန် မဘသ အမေရိကန်မှာ ရှိပါတယ်။ တကမ္ဘာလုံး ခရစ်န်ဖြစ်ရမယ် ကြုံးဝါးသူများဟာ အခြားဘာသာဝင်များကို သတ်ဖြတ်ကြတယ်။ ဓမ္မဟောင်းမှာ အများအပြား တွေ့ရသော်လည်း ဓမ္မသစ် သခင်ယေရှုကတော့ မိမိပဲ အသေခံတဲ့ ကျေးဇူးတော် ကာလကို လမ်းပြခဲ့ပါတယ်။ 

.

ဒီစာရေးသူ ကတော့ SAC စစ်ကောင်စီကို မတရားအာဏာသိမ်း လို့ သတ်မှတ်ပါတယ်။ 


ခရစ်ယန် (နှစ်ခြင်း၊ ကာသိုလစ်၊ အသင်းချုပ်တွေ)  စစ်ကောင်စီ ခေါ်ရင် သွားမတွေ့တဲ့၊ ဆရာတော်တွေ ရှိရင်ပြောကြပါ...ဒီနေ့. အင်းစိန်က နှစ်ခြင်းဘုရားကျောင်းတခုကို ဝင်ရှာဖွေ ဖျက်ဆီးပစ်တဲ့ သတင်း တွေ့တယ်။ ကချင်ပြည်နယ် အသင်းတော်အားလုံး..ကတော့ SAC ဆိုရင် နိုးပါ... ဆရာတော် စောပက်ထရစ် လည်း မတရားစွာခံရသူများအတွက် ဆုတောင်းပေးလာတာ ကြားရတယ်။ ကျေးဇူးပါ။ ဆရာဦးအောင်သက်ညွန့်၊ Dr. (Pkts). .ဆရာဇော်သူလင်း.. ဆရာဦးညွန့်လှ.. စတဲ့ ယခုတိုင် မတရားစွာ ခံရသူများအတွက် အစာရှောင်ဆုတောင်းပေးနေသူ..နှစ်သိမ်အားပေး ကူညီပေးနေသူများစွာ ရှိပါတယ်။ ဘုရားသခင်နိုင်ငံတော်မှာ သာ၍ မြင့်သောအရပ် ရောက်ကြပါစေ။ 

..

ဗုဒ္ဓဘာသာ နာမည်ကျော်ဆရာတော်ကြီး ၄ပါး SAC အလှု လက်မခံ...(Just for yor info)

link. . https://www.facebook.com/groups/259062212236840/permalink/323526499123744/

.

ပုံ...Dr SaSa 

ဘုရားသခင်ကိုဗဟိုပြုသော နိုင်ငံရေးသမား

Saturday, May 15, 2021

 ဓာတ်ဆီ၊ လက်နက်၊ ကျောက်မျက် နဲ့ ၊BRI..

ရုရှားက-တရုပ် ကြီးစိုးတယ်ပြောပြီ

===========-

လောင်စာဆီစျေးကွက်ကို နိုင်ငံတကာအဆင့်မှီ တရုပ်ပိုင် စင်ကာပူကုမဏ္ဏီ ပူးမား လက်ထဲက မြန်မာခရိုနီ ၃ဦးက ရယူလိုက်ပြီ။ အရင်လို အရည်သွေးညံ့၊ အင်ဂျင်တွေနာစေ၊ ယာဥ်သက်တမ်းတိုစေ၊ မဲ့ ဓာတ်ဆီ၊ဒီဇယ် အညံစားများ ပြည်သူတွေ  မသုံးချင်ပါ။

TSP/Moemaka

..

လက်ရှိ စစ်အုပ်စုကို စက်သုံးလောင်စာဆီ

နဲ့ လေယာဥ်ဆီ ထောက်ပံ့ပေးနေတဲ့ ခရိုနီ

၃ ယောက်။ မြမေတ္တာမွန်ဆီလုပ်ငန်းပိုင်

ရှင် ဒေါက်တာဝင်းမြင့်၊ Denko ဆီလုပ်ငန်း

ပိုင်ရှင် အေဒင်ချစ်ခိုင်၊ Terminal နဲ့ Elite

Petro Chemical ဆီလုပ်ငန်းပိုင်ရှင်အောင်

သက်မန်းတို့ဖြစ်တယ်။ အကြမ်းဖက်စစ်

အုပ်စုရဲ့ တိုင်းရင်းသားဒေသလက်နက်ကိုင်

တပ်ဖွဲ့ တွေအပေါ် စစ်ရာဇဝတ်မှုကျုးလွန်

နေမှုတွေကို နောက်ကွယ်ကနေ ထောက်ပံ့

ပေးနေတဲ့ ခရိုနီ ဒလန် အကြီးစားတွေပါ။

Crd.Kachin View

https://m.facebook.com/story.php?story_fbid=113507974223996&id=100066943808901


အခု စစ်တပ်ကို ပူးမားက ‌လေယာဥ်ဆီမသွင်းတော့ပါဘူး။ 


အဲ့တော့ စစ်တပ်ရဲ့ ဆီ အားလုံးကို သွင်းပေးနေတာက "မြတ်မေတ္တာမွန်" (MMTM Petrol) ကုမ္ပဏီ ပဲ။ 

လူမျိုးစု (ကချင်၊ ကရင်) ဒေသတွေကို တိုက်ဖို့ လေယာဥ်ဆီလဲ MMTM ကပဲ စစ်တပ်ကို ရောင်းပေးတာပါ။ 


MMTM ပိုင်ရှင်က ဒေါက်တာ၀င်းမြင့် (ကြံ့ခိုင်ရေးအမတ်ဟောင်း) ပဲဖြစ်တယ်။ ခုချိန်ထိ သူဟာ Sanction စာရင်းထဲမှာ မပါသေးပါဘူး။ ဒါကြောင့် သူတစ်ဦးတည်း စက်သုံးဆီ ကို သွင်းခွင့်ရနေပြီး အာဏာသိမ်း စစ်တပ်ကို ထောက်ပံ့နေတာဖြစ်တယ်။ ဒေါက်တာဝင်းမြင့်ဟာ  MMMT ရဲ့ မန်နေဂျင်းဒရိုက်တာဖြစ်ပြီး ဒါရိုက်တာကတော့ သူ့အမျိုးသမီး ဒေါ်ခိုင်ခိုင်ဦးနဲ့ သား ဝေယံဖြိုးပြည့်ဝင်းတို့ပဲဖြစ်တယ်။ 


Myat Myittar Mon Gems and Jewellery ကလည်း ဒေါက်တာဝင်းမြင့်မိသားစုပဲ ပိုင်တာပါ။ ဒါကြောင့် အာဏာသိမ်းစစ်အုပ်စုကို စက်သုံးဆီ ထောက်ပံ့ပေးနေတဲ့ ဒေါက်တာဝင်းမြင့်နဲ့ သူ့မိသားစုဝင်အားလုံးကို "လူမှုပြစ်ဒဏ်" လုပ်ဆောင်ကြဖို့ တော်လှန်ရေးသမားတိုင်းရဲ့ တာဝန်ပါ။ 

.

စစ်အာဏာသိမ်း တပ်ဖွဲ့များက တရုပ်နဲ့ရုရှား ၂နိုင်ငံ မိတ်ဆွေကောငမးရှိနေရင် လုံလောက်ပြီလို့ ဇော်မဲလုံးပြောခဲ့ပါတယ်။ 

.

အခု တရုပ်တွေက ရေရှည်အကျိုးစီးပွားဖြစ်ဖို့ တပ်မတော်နဲ့ပြည်သူ ရင်ကြားစေ့ပေးနေတာ (ကမ္ဘာကိုလှည့်ဖြားနေတာ) ရုရှားကြီးက မြင်တွေ့ပြီး..မင်းအောင်လမှုင်ပြုတ်ကျပြီး.နောက်အစိုးရတက်လာရင်  ရုရှားလက်နက်မရောင်းရတော့မှာကို ရုရှားကြီး စိုးရိမ်နေပါပြီ။ 

.

ရုရှားပြည်သူများထံ အိပ်ဖွင့်ပေးစာ (အသနားခံစာ) ရေးထားတာကို ရုရှားဆယ်လီများနဲ့ BBC CNN တို့ အင်တာဗျူးဖို့ မြန်မာ CRPH/NUG ပြန်ကြားရေးဌာနက ကြိုးစားနေပါတယ်။ ရုရှားဘာသာပြန်ထားပြီးသား VK အကောင့်မှာ ရုရှားဆယ်လီနဲ့အတိုက်အခံများက ဖြန့်ပေးရပါမယ်။ ရုရှားလက်နက်များ NUG အစိုးရက အတိုင်းတာတခုအထိ ဆက်လက် ဝယ်ပါမယ် အာမခံချက်ပေးရမှာပါ။ 

.

ရုရှားပြည်သူများထံသို့ 

မြန်မာပြည်မှအိတ်ဖွင့်ပေးစာ

Link..

https://www.facebook.com/groups/259062212236840/permalink/299757008167360/

.

#အရေးတော်ပုံအောင်ရမည်။

Crd- TSP(Myanmar Good)

11.5.2021


 


မြန်မာနိုင်ငံ GDP..ကိုဗစ် ၁၂လ နဲ့စစ်အာဏာရှင် ၃လ..အတွင်း အရမ်းကျဆင်းသွားပြီ။ စစ်ကောင်စီက 1988 တုန်းကနည်းအတိုင်း သတ်ဖြတ်ပြပြီး..တရုပ်၊ရုရှား အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နေတယ်။

.
.
Part-3 (နိဂုံး)
ပြည်တွင်းစစ် ပြည်နယ်များ၊ ပြည်မမြို့ပြ တော်လှန်ရေးတပ်များ..ဖွဲ့စည်းပြီ။ ရန်ကုန်နဲ့မြို့ကြီးများကတော့ ပြန်စည်ကားလာသော်လည်း.. အချိန်မရွေးပေါက်ကွဲနိုင်တဲ့အခြေအနေပါ..
https://www.facebook.com/groups/259062212236840/permalink/315185436624517/
.
Part-2
Export ထုတ်ကုန်တန်ဖိုးနဲ့
အခွန်ရငွေများ
https://m.facebook.com/groups/259062212236840/permalink/315440953265632/
.
Part-1
ယခု link (ဂျီဒီပီ မြန်မာ)
တစ်ဦးချင်းဝင်ငွေ..ပြည်သူတေွကုမဏီ၊ အလုပ်ပြုတ်ကုန်လို့..လက်လုပ်လက်စားတွေပဲကျန်နေတယ်။
https://m.facebook.com/groups/259062212236840/permalink/315710969905297/
.
ဇာနီကြီး
Credit.M Zaw Aung
P.E. (Reg 1035)
ပရိုဖက်ရှင်နယ်အင်ဂျင်နီယာ
ရန်ကုန်မြို့
9.5.2021

 


ငွေကြေးဆိုတာဒုတိယဘုရာသခင်
..နွမ်းပါးသူထောက်ပံရေး...
====================
ဒီအကြောင်း စာအုပ်တခု ရေးထားတယ်။ လောကအမြင်နဲ့ဘုရားအမြင် ဆိုပြီး ငွေကြေးဆိုတာ အများပြားရလာရင် အိတ်ဖောင်းတော့စိတ်ပြောင်းသွားတတ်ကြောင်း၊ အိတ်ဖောင်းချိန်မှာ စိတ်မပြောင်းပဲ ရလာတဲ့ငွေနောက်မလိုက်၊ ငွေကို လူဘောင်အကျိုးအတွက် လုပ်ပေးနေတဲ့ အမေရိကန်သူဌေးကြီးများအကြောင်း၊ ချပ်ဖီးနေ ဆိုသူကတော့ ဒေါ်လာ ၅ ဘီ လျံ.. သူပိုင်ဆိုင်သမျှ အားလုံး မသေခင်လှုဒါန်းတဲ့ တကယ့် ၂၀၀၀ ခုနှစ် ဇတ်လမ်းများ ကို ရေးခဲ့ပါတယ်။
.
မြန်မာနိုင်ငံမှာ ပိုရင်လှူ၊ လိုရင်ယူ အစီအစဥ်များခေတ်စားတယ်။
.
.
.အလှူငွေ နဲ့နွေဦးအရေးတော်ပုံ

မတ်-27 လှိုင်သာယာမြို့နယ် လူချမ်းသာနေထိုင်တဲ့နေရာက နွမ်းပါးသူများကို လှုဒါန်းဖို့ လူငယ်များ နှိူးဆော်ချိန် မြန်မာနဲ့ တရုပ်သူဌေးများစွာက ဆန်ဆီနဲ့  ငွေကြေးအမြောက်အများ လှူဒါန်းကြတယ်။ ဘယ်သူသွားဝေငှမလဲ ဆိုတော့ သွားဝေပေးမဲ့လူ ၅ ယောက်လောက်ပဲ လှိုင်သာယာမြို့နယ် နွမ်းပါးသူများ လိုက်ရှာပြီး ကူပွန်ပေးတယ်။ ကူပွန်မှာ စုရပ်ကိုလာယူရတယ်။ ၃ရက် လုပ်ပြီးချိန် မမျှော်လင့်ပဲ ၅ ယောက်စီးလာတဲ့ လူစီးကားကို စစ်သား ရှောင်တခင်စစ် ဖမ်းမိသွားပြီး CRPH Support အဖွဲ့နဲ့မဆိုင်ကြောင်း တနေကုန် ချော့ခြောက်စစ်ခံရတယ်။ CRPH နဲ့မဆိုင်ဘူးသေချာပြန်တော့ ရဲက ေလွှတ်ပေးဖို့ငွေတောင်းတယ်။ နောက်ဆုံး ရပ်ကွက်က သြဇာကြီးတဲ့အဖွဲ့အစည်းက လူကြီးတဦး တွေ လာရှင်းပြောပြမှ ညနာရီမှာ ပြန်လွှတ်တယ်။ လိုရင်ယူ ပိုရင်လှူ အဖွဲ့လည်း လူငယ်၁၅၀ ကနေ ၅၀ ဦးပဲ ကျန်တော့တယ်။ ကြောက်သွားကြတယ်။ ကျန်တဲ့လူငယ်များက ငွေကိုင်တဲ့ လူကို ငွေစာရင်းရှင်းဖို့ခေါ်တော့ လာမရှင်းလို့ စကားများတယ်။ စိတ်ဆတ်တဲ့လူငယ်တဦးက ငွေစာရင်းကိုင်သူရဲ့အိမ်ရှေ့ထိ သွားခေါ်တာ အော်ဟစ်၊ရုန်းရင်းဆန်ခတ်ဖြစ်လို့ ငွေစာရင်းကိုင်သူက ရဲတိုင်ချက်ဖွင့်တယ်။ အဖွဲ့လည်း ပျက်သွားသလိုပဲ။

အလှူရငွေ ကျပ် သိန်း ရာဂဏန်းလောက်ကို စာရင်းမပြပဲ ရှောက်သုံးပစ်ပြီး ပစ္စည်းတွေစျေးကြီးနဲ့ဝယ်၊ ပြန်ရှင်းခိုင်းတော့ လာမရှင်းဘူး။ အရင်ကလည်း အဖွဲ့အစည်းတွေမှာ ဥက္ကဌ၊ အတွင်းရေးမှူးရာထူးလုပ်ဖူးပြီး ငွေကြေးအမည်ပျက်တဲ့ စီးပွားရေးသမားဆိုတာ ပြသနာဖြစ်မှ လူငယ်တွေ သိသွားကြတယ်။ 
.
.
ဆိုလိုတာက၊ ငွေအမြောက်အများ လက်ထဲရောက်လာရင်၊ လုပ်ငန်းအဆင်ပြေချိန်မှာ အိုကေနေတယ်။ လုပ်ငန်း ပြသနာဖြစ်ချိန်၊ ဖြိုခွင်းခံရချိန်တွေမှာ အများလှူဒါန်းထားတဲ့ ငွေကြေးတွေ အဟောသိကံ ေဠွင့်ပျောက်ဆုံးရတာ သဘာဝကျပါတယ်။
.
.
CRPH ငွေလှူဒါန်လိုခြင်း
.
စစ်အာဏာသိမ်းပြီး CRPH အဖွဲ့ကို ငွေလှူဒါန်ချင်တယ်။ CDM Support လုပ်ပါမယ် ဂတိပြုတဲ့ ဖေ့ဘုတ် စာမျက်နှာများ အလွန်ဝေဆာခဲ့တယ်။ CRPH ဝက်ဆိုက်အလှုခံချိန် ရက်အနည်းငယ်နဲ့ ဒေါ်လာ ၉သန်း (ကျပ် ၁၄၀ ဘီလျံ) ရရှိသွားပြီး ခဏရပ်သွားတယ်။   တရားမဝင် အကြမ်းဖက်အဖွဲ့မဟုတ်ကြောင်း သေချာတော့ online အလှူ ပြန်လက်ခံတယ်။ ဖေ့ဘုတ် CRPH Support မှာ CDM ပြည်နယ်တိုင်းတွေမှာ..CDM လူ၂၀၀ ကို တယောက်ကျပ်၁သိန်းနဲ့ သိန်း၂၀၀ ၊ သိန်း၄၀၀.. ဘယ်နေ့၊ ဘယ်နေရာ မှာ ပေးနိုင်ကြောင်း ကြေငြာတယ်။
.
ပြသနာကြီးတခုက ထောက်ပံ့ငွေ မရရှိသူ အလွန်များပြားတော့ အကြီးအကျယ် စိတ်ဝမ်းကဲဲကတယ်။ ထောက်ပံ့မယ်ပြောလို့ CDM လုပ်ကြတာ ငွေမရတော့ ဆူပူမှုတွေဖြစ်၊ စိတ်ဝမ်းကွဲ။ CDM Support လုပ်နေသူများကို စစ်ကောင်စီက အသေရရ၊ အရှင်ရရ ဒလကြမ်း ဖမ်းဆီးနေလို့.. ဧပြီလမှာ CDM Support ခေတ်မစားတော့ပါ။ ပြည်တွင်းမှာ လှုဒါန်းသူ မရှိသလောက်ဖြစ်သွားတယ်။ လှူတဲ့လူအားလုံး သူဌေးကြီးဦးဇော်ဇော် မကျန်၊ ဒေါ်ခင်ကြည်၊ နာရေးဦးကျော်သူ၊ ပြေတီဦး၊ ချစ်သုဝေ၊ အောင်သမာဓိ..စသဖြင့် အများကြီး ဖမ်းဆီးခံရတယ်။ လူသိမများဘူးဆိုရင် အလောင်းပဲ အိမ်ပို့တယ်။ အလွန့်အလွန် ကြောက်လန့်သွားအောင်လုပ်လိုက်တော့ CDM နဲ့ လမ်းမပေါ်က GZ များ မြေရှိုးပျောက်ကွယ်သွားပါတယ်။

ပြည်တွင်းမှာ လှူမဲ့သူ နည်းသွားပေမဲ့ မိမိနဲ့ နီးစပ်တဲ့ ရှောင်တိမ်းနေသူများကို Wave K-pay CB-pay စသဖြင့် ငွေ ၁သောင်းကအစ ၅သောင်း၊ ၁သိန်း.. ပေးလှူနိုင်နေဆဲပါ။
.
.
ဘာသာရေးဂျင်းကြီးတခု
.
ပြည်ပရောက် မွတ်စလင် မိတ်ဆွေတဦးက သူတို့အဖွဲ့အစည်း လှူဒါန်ခဲ့တာ ဒေါ်လာ၁သိန်း ရှိပြီပြောပြတော့ ဝမ်းသာမိတယ်။ ခရစ်ယန်အဖွဲ့အစည်းတခု ကျနော့်အတွက် ပေးမယ်ပြောတော့ ဝမ်းသာမိတယ်။ ၂လကြာလဲ တပြားမှ ရောက်မလာပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်၊ ခရစ်ယန်ဘာသာဝင် ဆိုတော့ မွတ်စလင်အဖွဲ့ဆီက ထောက်ပံငွေ မမျှော်လင့်ပါဘူး။ ပြည်တွင်းက ငွေရှိတဲ့ လူများဆီက အလှုငွေ ရဖို့နေနေသာသာ မိမိလို ၅၀၅က ဖမ်းဝရန်းထုတ် ရှောင်တိမ်းနေသူဆီက ဖုန်းခေါ်ရင် တချို့ဆို အသံတောင်တုန်နေတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အများစုက ကြောက်လန့်ပြီး သံဃမဟာနာယက မဟန ဆရာတော်ကြီး ဗန်းမော်ဆရာတော်အပါဝင် ၄ဦးက စစ်ကောင်စီ အလှုလက်မခံလို့ အကျယ်ချုပ် ပိတ်ပင်ထားခံရတယ် ကြားရပါတယ်။ ကျန်တဲ့ မဟန ဆရာတော်ကြီး ဂိုဏ်၉ဂိုဏ် (၄၄ပါး) ကတော့ မတတ်သာလို့ ငြိမ်နေကြတယ်။ မလုပ်ရဲတာမရှိဘူး တကယ်လဲ ဗုဒ္ဓဘုန်းတော်ကြီးလဲ မညှာတာမှန်းသိတော့ ငြိမ်နေကြရ တာ မထူးဆန်းပါ။ ဗုဒ္ဓဘာသာများကို စစ်ကောင်စီက ရွှေကျင်ဂိုဏ်ဆရာတော်များကိုပါ ဂျင်းအကြီးစား ထည့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီအစိုးရ နဲ့ဆိုရင် မြန်မာပြည်ဟာ မွတ်စလင် နိုင်ငံဖြစ်မယ်..ဆိုတဲ့ဂျင်းအကြီးစား ထည့်ထားပါတယ်။
.
.
မိုဘိုင်းဖုန်းနဲ့မီဒီယာ
.
အင်တာနက် ပိတ်လိုက်ဖွင့်လိုက်နဲ့ အခု မေလလည်မှာ ဖုန်းဒေတာပြန်ပေးသော်လည်း ဖေ့ဘုတ်ကို တရားမဝင်ဘူး ကြေညာပြီး ပိတ်ပင်ထားပါတယ်။ ပြည်သူ အများစုကတော့ Mpt ဖုန်းတွေပိတ်ထားကြတယ်။ တယ်လီနော၊ အိုရီဒူး ပြောင်းသုံးပြီး Signal/Telegram တွေ ပြောင်းသုံးကြတယ်။ ေဖ့ဘုတ်နဲ့မက်စင်ဂျာ အကောင့်အစစ် သုံးနေဆဲ ဒေါက်တာဇော်ဝေစိုး၊ မျိုရန်နောင်သိန်း၊ ယဥ်မင်းလှိုင်၊ အိပန်ဆယ်လို စတဲ့ မြန်မာပြည်တွင်းက ဖေ့ဘုတ်များကတော့ ပုံမှန် ပို့စ်တင်နေကြပါတယ်။ ပြည်ပက ဖေ့ဘုတ်များကတော့ ပြင်းထန်စွာပြောဆို ပို့စ် တင်နေကြတယ်။  အများစုက မိမိမိတ်ဆွေများထိခိုက်မှာစိုးလို့ Friend Only တင်ကြတယ်။ သတင်းဌာနများမှာ လိုင်စင်ရုတ်သိမ်း မတရားသင်းကြေငြာခံရတဲ့.. DVB၊  မြန်မာနောင်း၊ မိဇ္ဇိမ၊ မုံရွာဂေဇက်၊ မြစ်ကြီးနားသတင်းဂျာနယ်၊ ခေတ်သစ်မီဒီယာ၊ ဆဲဗင်းဒေး စတဲ့ သတင်းဌာနများက ဒီမိုကရေစီ ဘက်သားများဖြစ်ကြတယ်။ BBC,RFA,သတင်းဌာနများကတော့ အစကတည်းက ဒီမိုကရေစီ ဖြစ်ပြီး၊ မြန်မာပြည်မှာ တရားဝင်သတင်းဌာနအများစုက စစ်အာဏာရှင် နဲ့ အဆင်ပြေသူများလို့ မှတ်ချက်ချနိုင်ပါတယ်။
.
.
ငွေသည်ဒုတိယဘုရားသခင်
.
အစိုးရ လွှတ်တော်အမတ်နဲ့ ဝန်ကြီး၊ ဝန်ကြီးချုပ်တွေ လာပ်စား၊အဂတိ အလွန်ခေတ်စားတဲ့ မြန်မာဒီမိုကရေစီ ၁၀နှစ်ခရီးပါ။ တပ်မတော် ၂၅% ဗိုလ်ချုပ်ကြီးများ၊ စစ်ဗိုလ် နယလုံဝန်ကြီး၊ စစ်ဗိုလ် ဌာနဆိုင်ရာ ညွန်မှုးညွန်ချုပ်တွေက အဂတိများပြားတော့ ကြံခိုင်းရေးအစိုးရ၊ အင်အယ်ဒီအစိုးရ လုပ်ပိုင်ခွင့်ရသူများလည်း နည်းမျိုးစုံနဲ့ အဂတိ လုပ်ကြပါတယ်။ အင်အယ်ဒီအစိုးရခေတ်မှာ အဂတိ အတော်နည်းသွားပေမဲ့ ဗစ်တိုးရီယားအမှုလို အဂတိတွေ ကျော်ကြားနေဆဲပါ။
.
အိတ်ဖောင်းတော့ စိတ်ပြောင်းတာ သဘာဝကျပါတယ်။ သို့သော် ပြည်သူက ယုံကြည်လို့ တလ သိန်း၃၀ နဲ့ အဆောင်ယောင်၊ အိမ်၊ ကား၊ ခရီးသွားလောဥ်၊ ဟိုတယ် စရိတ်တွေရသော်လည်း ရာထူးရှိသူများ အဂတိ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဧရာမစီမံကိန်းများ လမ်းတံတား၊ လျပ်စစ်၊ အိုးအိမ် စီမံကိန်းတွေမှာ ယခင်က ၅၀% ေဠွင့်ရာမှ အင်အယ်ဒီအစိုးရလက်ထက် ၃၀% အထိ ကျဆင်းသွားတာ အလွန်ကောင်းပါတယ်။ အခုတော့ အရာရှိငယ်တွေ လပ်စားဖို့ ခဲယဥ်မယ်။ အရာရှိကြီးပေးတာပဲယူ၊ တိုင်းမှုးကပဲ ဗိုလ်ကျကြီးစိုးတဲ့ ခေတ်ကိုပြန်သွားနေပါတယ်။ တပ်ချုပ်က သမတလုပ်ပြီး ဘုရင်လို အားလုံးကို သူမိသားစုက အပိုင်ယူမဲ့ စစ်အာဏာရှင်သိမ်း လိုက်တယ်။
.
ကြာကြာမခံပါ၊ နောက်တလ မှ ၃လ အတွင်း ပြည်သူ 95% ကြောက်ရွံပြီး ငွေကြေးမလှုဒါန်းသော်လည်း..မြန်မာ လူဦးရေရဲ့ 5% ပဲရှိတဲ့ တေယ်လှန်ရေး GZ များ၊ CRPH/NUG ထောက်ခံသူများက မြို့ပြတိုက်ပွဲနဲ့ စစ်အာဏာရှင် ကျဆုံးမှာပါ။
.
.
ဒုတိယဘုရားသခင် ဆိုတဲ့
(ငွေကြေးကျွန်မဖြစ်ရန်)

စစ်အာဏာရှင် မြန်မြန် ကျဆုံး ဖို့..CRPH/NUG လုပ်ပိုင်ခွင့်ရသူများ အထူးသဖြင့် ငွေကြေးကိုင်တွယ်ခွင့်ရသူများ အဂတိနည်း၊ သန့်ရှင်းဖြောင့်မတ်မှုကို ဆက်ထိန်းထားဖို့လိုပါတယ်။ ပြည်သူထောက်ပံ့ငွေကြေး၊ နိုင်ငံတကာထောက်ပံငွေကြေး များကို မိမိအိတ်ထဲ ထည့်ဖို့ ဘေးက တိုက်တွန်းရင်လည်း တောင့်ခံထားရပါမယ်။ အခုချိန်က CRPH/NUG ထောက်ပံ့ငွေများကို စစ်ကောင်စီက လိုက်ရှာ သိမ်းဆည်းနေတော့ လက်နက်ဝယ်မဲ့ငွေကအစ၊ စားစရိတ်အဆုံး လျို့ဝှက်စွာ၊ ဖြောင့်မတ်စွာ၊ သစ္စာရှိစွာ၊ စနစ်ကျစွာ.. မိမိအဖွဲ့သားကိုပဲအသိပေး၊ အများသဘောတူ သုံးစွဲဖို့ အလွန်အရေးကြီးနေပါတယ်။ ငွေကြေးစနစ်ကျရင် ဒုတိယဘုရားသခင် ဆိုတဲ့ ငွေနောက်လိုက်ပြီး မပျက်စီးတော့ပါ။  မိမိလမ်း၊ မိမိမိတ်ဆွေ CDM Support ငွေကြေးများကို မပြုန်တီး၊ မဖြုန်းတီးတဲ့ ေတာ်လှန်ရေး ခေါင်းဆောင်၊ တော်လှန်ရေးနောက်လိုက် များစွာ ပေါ်ပေါက်နေပါပြီ။
.
အရေးတော်ပုံ အောင်ရမည်။
.
Credit:
၅၀၅က တိမ်းရှောင်ပြီး နွမ်းပါးတော်လှန်ရေးသမားများကို ထောက်ပံနေသူပြောစကားများ ပြန်ရေးထားပါသည်။
TSP(Myanmar Good)
13.5.2021

 


14.5.2021
မျှော်လင့်ခြင်း ဆိုတာ
(ထပ်ဖြည့်ဆွတ်ရေးပါတယ်)
.
လူတယောက်ရဲ့ဘဝမှာ အကြီးဆုံးသော အသက်ရှင်နေရခြင်းပါပဲ...R2P ဘာကြောင့်မလာသေးသလဲ ဆိုတော့ ကရင်KNU တခုတည်းကိုကြည့်ပါ..မညီညွတ်သေးလို့ပါ.. (စောမူတူစေး)

BGFနဲ့ပြည်သူ့စစ်တွေကလည်း မအလပေးထားတဲ့ ဂျင်အကြီးစား၂ခု ယူထားတယ်လေ

1...ပထမဂျင်းက မူးယစ်ငွေကြေး

2...ဒုတိယဂျင်းက မဘသ

CRPH/NUG အစိုးရက ဒီဂျင်း၂ခုကို ချေဖျက်နိုင်ချိန်မှာ..ကချင်KIA.ရခိုင်AA ဖက်ကနေ မြို့သိမ်းနိုင်ပြီး.. R2P ဝင်ဖို့ မျော်လင့်နိုင်ပါသေးတယ်။
.
နိုင်ငံရေး နဲ့ တော်လှန်ရေးက အရမ်းရှုပ်တယ်။ ဆရာ/ဆရာမတို့ မိသားစု စားဝတ်နေရေးက ပိုအရေးကြီးပါတယ်။

မြန်မာတနိုင်ငံလုံး GZ လူငယ် သန်း၂၀ ရှိတာ တော်လှန်ရေးသမား GZ ၅% (၁သန်း) ရှိနေလို့ အရေးတော်ပုံ အောင်မြင်မှာပါ။ 

အချို့ CDM တွေ အလုပ်ထဲ ပြန်ဝင်ပေမဲ့ နောက်လ မြို့ပြတိုက်ပွဲများ အရှိန်မြင့်လာရင် သူတို့လည်း ပြည်သူ့ဖက် ပြန်ရောက်လာမှာပါ။
.
CRPH/NUG အစိုးရ အစွမ်းကုန် ညီညွတ်ရေးရဖို့ EAO တိုင်းရင်းသားတပ်များ၊ PDF မြို့ပြတော်လှန်ရေးတပ်များနဲ့ ဘုံရန်သူ စစ်အာဏာရှင်ကျဆုံးရေး ကြိုးစားနေပါတယ်။ ဘဏ္ဏာရေးတောင့်တင်းလာရင် EAO နဲ့ PDF များအတွက် လက်နက်လိုသလောက်ပံပိုးနိုင်မှာပါ။
.
..EAO Ethnic Armed Organizations
..PDF People Defence Force (NUG)
..NUG National Unity Government was formally announced by the Committee Representing Pyidaungsu Hluttaw (CRPH) on 16 April 2021. 
.
NUG ခေါင်းဆောင်ခွင့်ကို PDF တွေက လက်ခံလိုက်ပါ.. ခံတပ်ဆောက်ရမဲ့အချိန်မဟုတ်...ပျောက်ကြား(မိမိနယ်မြေအလိုက်) လျို့ဝှက်ရမဲ့ နှုတ်လုံရမဲ့.. တစိမ်းဆိုစကားမပြောပဲ အသာယာပြုံးပြရမဲ့အချိန်ကာလပါ.
.
.
မကြောက်တရား (1988 vs 2021)

1988 စစ်အာဏာသိမ်းစဥ် လူ၃၀၀၀ အော်တိုမစ်တစ်သေနပ်နဲ့ ပစ်သတ်၊ ဖမ်းဆီး၊ နှိပ်စက်တော့ အလွန်ကြောက်လန့်ပြီး လူငယ်များ တောခို လက်နက်ကိုင်ရတယ်။ မြို့ပေါ်လူထုက ကြောက်လန့်ပြီး လက်မခံကြလို့ ပြေးရတယ်။ 2021 စစ်အာဏာသိမ်းတော့ လူ ၈၀၀ လောက် မြို့ကြီး၇၀ မှာ လက်မရရွံ့တပ်နဲ့ ပစ်သတ်၊ ခြောက်လန့်၊ ဖမ်းဆီး၊ နှိပ်စက်သော်လည်း လူငယ် GZ တွေ အများစုက မြို့ပေါ်မှာ ရှောင်တိမ်းနိုင်ကြပါတယ်။ အနည်းစုပဲ လက်နက်ကိုင် လွတ်မြောက်နယ်မြေရောက်ကြတယ်။ 1988 လို ချီးထွက်အောင်မကြောက်ကြတော့ပါ။ Freedom from Fear အောင်မြင်မှု အသီးအပွင့်ပါ။
.
အကျဥ်းရေးထားတာပါ။
အရေးတော်ပုံ အောင်ရပါမယ်။
.

ကိုးကား
NUG wiki link
https://en.m.wikipedia.org/wiki/National_Unity_Government_of_Myanmar

Friday, May 14, 2021

 CNN သတင်းထောက်ချုပ် Clarissa မြန်မာပြည်အကြောင်းရေးထားတဲ့ သတင်းဆောင်းပါး ဘာသာပြန်


မောက်မာ၊ အမြင်ကျဉ်းသည့် အလိမ်အညာစစ်ခေါင်းဆောင်တွေက ပြည်သူ့အင်အားကို လျှော့တွက်မိပြီ။


- တိုင်းပြည်အခြေအနေ တိုးတက်နေတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အစွမ်းကုန် ထိန်းသိမ်း ဆောင်ရွက်နေတယ်။  မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက်လူအုပ်ကြောင့် လက်ရှိမှာ အကြမ်းဖက်မှုတွေ ဖြစ်နေပြီး ဒါကို ​ဖြိုခွင်းရမယ်လို့ မြန်မာစစ်ကောင်စီက လူတွေကို ယုံကြည်စေချင်နေတယ်။ နိုင်ငံရေးလမ်းပြမြေပုံကို ချမှတ်ရေးဆွဲထားပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ၂ နှစ်အတွင်း လုပ်ပေးမယ်ဆိုတဲ့ စကားကိုလည်း လူတွေကို နားထောင်စေချင်ပါတယ်။ 


ဒါတွေဟာ အပေါ်ယံရွှေမှုန်ကြဲ ဟန်ဆောင်လိမ်ညာနေတယ်ဆိုတာ တပ်မတော်လိုခေါ်တဲ့ စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်ခဲ့တဲ့ မကြာသေးခင်က ခရီးစဉ်အတွင်း CNN အဖွဲ့က အတိုင်းသား မြင်ခဲ့ ကြားခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်အာဏာယူထားတဲ့ စစ်ခေါင်းဆောင်တွေအပေါ်ကို ပြည်သူတွေက အလျှံငြီးငြီး ဒေါသမီး တောက်လောင်နေတာကိုလည်း ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ 


ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး တိုင်းပြည်ကို ထိန်းချုပ်လိုက်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရပြီး ဒုတိယအကြိမ် အာဏာထပ်ရခဲ့တာပါ။ 


ပြီးခဲ့တဲ့ ၂ လအတွင်း ရဲ၊ စစ်သားနဲ့ ရှေ့တန်းက အထူးတပ်ဖွဲ့တွေပါဝင်တဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်မရှိတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် စနစ်တကျ အစီစဉ်ချပြီး ဖြိုခွင်းပါတော့တယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့က လူပေါင်း ၆၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 


နိုင်ငံရပ်ခြားက ဝင်ရောက်မှုကို ပိတ်ပင်ထားပြီး၊ ၀ိုင်ဖိုင်အင်တာနက်တွေကို ဖြတ်တောက်ကာ၊ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေကို ထိန်းချုပ်ထားတဲ့အချိန် မြန်မာနိုင်ငံအတွင်း ဘာတွေဖြစ်နေလဲဆိုတာ ရဲရင့်တဲ့ ဂျာနယ်လစ်တွေ တက်ကြွလှုပ်ရှားသူတွေက အန္တရာယ်ကို မမှုဘဲ ကမ္ဘာကြီးကို တင်ဆက်နေပါတယ်။ 


မြန်မာနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေကို တွေ့မှာစိုးတာကြောင့် စစ်တပ်က ကျွန်မတို့ရဲ့ လှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်တာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ပထမနေ့ ကျွန်မတို့ရဲ့ ခရီးစဉ်မှာ စစ်သားတွေပါတဲ့ ထရပ်ကား ၆ စီး ခြံရံပြီး ရန်ကုန်မြို့ကို လိုက်ပြပါတယ်။ ဒါ့အပြင် အခြားအစောင့်တွေ၊  စကားပြန်တွေ၊ အရပ်ဝတ်လုံခြုံရေးတွေ အပြည့်လိုက်ပါလာတဲ့ ကားတွေလည်း ပါပြီး ကျွန်မတို့ရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်လံ စောင့်ကြည့်တာတွေ လုပ်ပါတယ်။ ကျွန်မတို့ သန့်စင်ခန်းထဲသွားတာတောင် လိုက်ကြည့်ပါတယ်။ 


မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့မှာ ကားနဲ့လျှောက်ကြည့်နေစဉ်မှာပဲ ခပ်လှမ်းလှမ်းက သံပုံးတီးတာတွေကို ကျွန်မတို့ ကြားရပါတယ်။ မကောင်းဆိုးဝါးမောင်းထုတ်တဲ့ ဒီရိုးရာဓလေ့ဟာ တော်လှန်ရေးရဲ့ အမှတ်သညာအသံ ဖြစ်လာပါတယ်။ ကျွန်မတို့ရောက်နေတာကို သိသွားကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ကျွန်မတို့ကို စာတွေ အများအပြား ပို့ကြပါတယ်။ 


"ခင်ဗျားတို့အဖွဲ့ ကျွန်တော်တို့နဲ့ တွေ့လို့မရဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမယ့် ကျွန်တော်တို့အသံကို ကြားလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ သူတို့ ရေးကြပါတယ်။ 


တစ်ရက် စစ်တပ်ကလုံခြုံရေးတွေ ကျွန်မတို့ကို မင်္ဂလာဒုံက စျေးတစ်ခုကို ခေါ်သွားပါတယ်။ မင်္ဂလာဒုံဆိုတာ စစ်တပ်မိသားစု တော်တော်များများ နေထိုင်တဲ့ နေရာပါ။ စစ်အဝတ်အစားရောင်းတဲ့ဆိုင်တွေကို နေရာတိုင်းမှာ တွေ့ရပြီး၊ စစ်သားတွေပါတဲ့ ထရပ်ကားတွေကလည်း သိပ်မဝေးတဲ့ လမ်းမှာ ရပ်ထားပါတယ်။ စစ်တပ်ကို လူထုက ထောက်ခံတယ်ဆိုတာမျိုး ကျွန်မတို့ကို ပြချင်တာပါ။ လူနှစ်ယောက် ကျွန်မတို့ဆီ ကပ်လာပြီး ဆူပူ အကြမ်းဖက်သူတွေအကြောင်း ဇာတ်တိုက်ထားတဲ့စကားတွေ ပြောပါတော့တယ်။ 'ဆူပူအကြမ်းဖက်သူ' ဆိုတဲ့ စကားလုံးဟာ ဒီမိုကရေစီရရှိရေး ဆန္ဒပြသူတွေကို ရှုတ်ချချိုးနှိမ်ပြီးသုံးတဲ့ စစ်တပ်ရဲ့ စကားလုံးပါ။ 


အကြမ်းဖက်မှုကို သူတို့က လုပ်တာလို့လည်း စစ်တပ်က ပြစ်တင်ပြောဆိုပါတယ်။ အဲဒီလူနှစ်ယော​က်ဟာ ကျွန်မတို့ကို လက်နှစ်ချောင်း ထောင်ပြပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးက အဓိကအမှတ်သညာဖြစ်နေတဲ့ 'လက်သုံးချောင်း' အမှတ်အသားကို ပျက်ရယ်ပြုတာလည်း ဖြစ်ပါတယ်။ 


ဒါပေမယ့် မိနစ်အနည်းငယ်အကြာမှာ အခြားသူတွေ ကျွန်မတို့နားကို ရောက်လာပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သားတွေ ပတ်ဝန်းကျင်မှာ ဝန်းရံထားပေမယ့် သူတို့ဟာ ကျွန်မတို့ကို လက်သုံးချောင်းအမှတ်အသား ထောင်ပြပါတယ်။ သူတို့တော်တော်များများဟာ အရဲစွန့်ပြီး လုပ်ပြနေကြပေမယ့် ကြောက်ရွံ့နေရှာပါတယ်။ ဒီအတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ သူတို့သိနေပြီး အရဲစွန့်ရတာ ထိုက်တန်တယ်လို့ သူတို့ ခံစားနေရပုံပါပဲ။ 


"ကျွန်မတိုင်းပြည်အတွက် လုပ်နိုင်တာကို လုပ်နေတာပါ" လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 


နောက်စျေးတစ်ခုမှာလည်း ဒီလိုအဖြစ်အပျက်မျိုး ထပ်ဖြစ်ပါတယ်။ လုံခြုံရေးတွေ ကျွန်မတို့ကို ဝိုင်းထားတာကြောင့် လူတွေ အနားကပ်လာရင် ကျွန်မတို့ အနောက်ဆုတ်ပြီး ရှောင်ဖို့ လုပ်ပါတယ်။ ဒီလိုအန္တရာယ်မျိုး ရှိနေပေမယ့် တစ်ချို့တွေက သူတို့ရဲ့အသံတွေကို ကျွန်မတို့ ကြားစေချင်ကြပါတယ်။ 


"ကျွန်မတို့ ဒီမိုကရေစီ လိုချင်တယ်။ စစ်အာဏာသိမ်းမှုကို မလိုလားဘူး" လို့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။ ဘေးမှာ စစ်သားတွေရှိတယ်လို့ ကျွန်မတို့ ပြောတော့ "ကျွန်မ မကြောက်ပါဘူး" လို့ သူက ပြန်ပြောပါတယ်။ 


တိုင်းပြည်အတွင်းက လူငယ်တော်တော်များများလိုပဲ အနာဂတ်ပျောက်ဆုံးသွားပြီလို့ သူမ ခံစားနေရပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ စစ်အာဏာရှင်တွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အကြောက်တရားတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံကလည်း ဖယ်ကျဉ်ခံရမှုနဲ့ ဆင်းရဲတွင်းထဲကို ထိုးဆင်းသွားပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ စစ်တပ်ဟာ တိုက်ရိုက် အာဏာယူအုပ်ချုပ်တဲ့လမ်းစဉ်ကို စွန့်လွှတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ကာ လွှတ်တော်ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။ 


"အမှောင်ခေတ်ကို ပြန်မသွားချင်တော့ဘူး။ ကျွန်မတို့ရဲ့အသံတွေ ပျောက်ဆုံးသွားပြီ။ ၁၀ နှစ်လောက်ပဲ ကျွန်မတို့ ဒီမိုကရေစီ ရခဲ့တယ်။ ကျွန်မတို့မှာ လက်နက်မရှိဘူး။ သေနတ်မရှိဘူး။ ဒီအသံတစ်ခုပဲ ရှိပါတယ်" လို့ မိန်းကလေးငယ်တစ်ဦးက ပြောပါတယ်။ 


ကျွန်မတို့ကို စောင့်ကြပ်နေသူတွေက စိုးရိမ်လာပြီး သူတို့ရဲ့လုပ်ဇာတ် မအောင်မြင်တဲ့အတွက်လည်း မကျေမချမ်း ဖြစ်သွားပါတယ်။ ပြည်သူတွေရဲ့ အင်အား၊ စိတ်ဆန္ဒနဲ့ သတ္တိဗျတ္တိတွေ၊ စစ်အာဏာရှင်အပေါ် ခါးခါးသီးသီး မုန်းတီးမှုတွေကို စစ်ကောင်စီက တော်တော်လေး လျှော့တွက်မိခဲ့တာပါ။ 


ကျွန်မတို့နဲ့ စကားပြောခဲ့တဲ့၊ လက်သုံးချောင်းထောင်ပြခဲ့တဲ့ လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ အဲဒီအထဲက ၈ ယောက် ပြန်လွတ်သွားပြီဆိုတာ နောက်ပိုင်း ကျွန်မတို့ သိရပါတယ်။ ဒါပေမယ့် သူတို့ ရှောင်ပုန်းနေရပါတယ်။ 


ရန်ကုန်မြို့က မြို့နယ်အုပ်ချုပ်ရေးရုံးတွေ ရောက်​တဲ့အခါ ဆန္ဒပြသူတွေကြောင့် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ လူတွေကို ကျွန်မတို့ရှေ့ တန်းစီ ခေါ်ထုတ်လာပါတယ်။ ဆူပူအကြမ်းဖက်သူတွေက သူတို့ ရိုက်တယ်၊ ခြိမ်းခြောက်တယ်၊ အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်တယ်လို့ အဲဒီလူတွေက ပြောပါတယ်။ 


အကြမ်းဖက်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကြောင့် လူအများအပြား သေဆုံးခဲ့တဲ့ မြောက်ဥက္ကလာပ မြို့နယ်မှာ အုပ်ချုပ်ရေးမှူးက ဆန္ဒပြသူတွေ ဘယ်လိုဆူညံကြောင်း၊ လူ ၅ ဦးထက်ပိုစုပြီး ဥပဒေကို ဘယ်လိုချိုးဖောက်ကြောင်းတွေ ကျွန်မတို့ကို ပြောပြပါတယ်။ အဲဒီမြို့နယ်ဟာ အခု စစ်အုပ်ချုပ်ရေးလက်အောက် ရောက်နေပါတယ်။ 


ဒီလို ဥပ​ဒေချိုးဖောက်မှုတွေကြောင့် ကလေးတွေအပါအဝင် လူရာချီ သတ်လိုက်တာလားလို့ ကျွန်တို့ကို စောင့်ကြပ်နေတဲ့ သူတွေကို မေးရာမှာတော့ သူတို့ တုန်လှုပ်သွားပြီး အဖြေမပေးခဲ့ပါဘူး။ 


အာဏာရူးမှု

========

ရန်ကုန်မှာ ၃ ရက်တာ နေထိုင်ခဲ့ပြီးတဲ့နောက် ကျွန်မတို့ကို နေပြည်တော် ခေါ်သွားပါတယ်။ ကျယ်ပြော သစ်လွင်တဲ့ အဲဒီမြို့ကြီးကို မောင်းဝင်လိုက်တာနဲ့ ပြည်သူတွေနဲ့ ဝေးရာမှာ စစ်ခေါင်းဆောင်တွေ ဘာ့ကြောင့် နေထိုင်နေကြလဲဆိုတာ အလွယ်တကူပဲ သိမြင်နိုင်ပါတယ်။ တောခေါင်ခေါင်မှာ ၂၀၀၀ ပြည့်နှစ်တွေက စတင်ဆောက်လုပ်ခဲ့တဲ့ ဒီမြို့မှာ နေထိုင်သူအားလုံးနီးပါးလောက်က စစ်တပ်နဲ့ အစိုးရအသိုင်းအ၀ိုင်းက လူတွေသာ ဖြစ်ပါတယ်။ ၁၂ လမ်းသွား အဝေးပြေးလမ်းကြီးမှာလည်း ရှင်းလင်းနေပြီး ကားတစ်စီးမှ မရှိသလောက်ပါပဲ။ 


တပ်မတော် စစ်သမိုင်းပြတိုက်ကတော့ ခမ်းနားကြီးမားလွန်းပြီး စစ်တပ်ရဲ့ အထင်ကရ အဆောက်အဦးဖြစ်သလို အတိတ်က တိုင်းပြည်သူရဲကောင်းတွေရဲ့ ပုံတူပန်ကြီးကားချပ်တွေ၊ ကိုယ်တစ်ပိုင်းရုပ်တုတွေ ခင်းကျင်းပြသထားတဲ့ ပြခန်းကြီးတွေလည်း ရှိပါတယ်။ 


ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်သူလို့ သတ်မှတ်ခံရပြီး ဖြုတ်ချခံလိုက်ရတဲ့ ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကားချပ်အောက်မှာ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက CNN သတင်းဌာနကို အင်တာဗျူး ဖြေပါတယ်။ 


မြန်မာနိုင်ငံက လက်ရှိအခြေအနေကို ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် တမလွန်ကနေ မြင်ရရင် ယူကျုံးမရ ဖြစ်နေမလားလို့ မေးတဲ့အခါမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက 'ဗိုလ်ချုပ်အောင်ဆန်း အခုအချိန်မှာသာရှိရင် မိုက်လိုက်တာ ငါ့သမီးရယ်လို့ပဲ ပြောမယ်လို့ ထင်ပါတယ်' လို့ ပြန်ဖြေခဲ့ပါတယ်။ 


အခန်းထဲမှာ ပြိုင်တူ သက်ပြင်းချသံ ပေါ်လာပြီး ဘာသာပြန်သမားရဲ့ မျက်လုံးလည်း ပြူးသွားကာ ဘာသာပြန်ဖို့တောင် အနည်းငယ် တုန့်ဆိုင်းသွားခဲ့ပါတယ်။ 


မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ကြည်ညိုကြပြီး အထူးသဖြင့် လူများစု ဗမာလူမျိုးတွေ ကြားထဲမှာ ဖြစ်ပါတယ်။ သူမကို လူသိရှင်ကြား ဒီလို ပုတ်ခတ်ပြောဆိုတာမျိုးနဲ့ လူထုရဲ့ထောက်ခံမှုကို စစ်တပ်က မရနိုင်ပါဘူး။ မောက်မာထောင်လွှားပြီး၊ အမြင်ကျဉ်းမြောင်းလွန်းတဲ့ တပ်မတော်အသိုင်းအ၀ိုင်းကတော့ ဒါတွေကို သိပ်မစဉ်းစားပါဘူး။ အာဏာရယူလိုမှုနဲ့ ငွေကြေးအကျိုးစီးပွား ပိုင်ဆိုင်လိုမှုကသာ သူတို့ရဲ့ အဓိက ဦးစားပေး ဖြစ်ပါတယ်။ 


မြန်မာနိုင်ငံက ကျွန်မတို့ရဲ့ နောက်ဆုံးညမှာ တိုင်းပြည်အတွင်း တွေ့ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲလို့ အနီးကပ်လုံခြုံရေးက ကျွန်မကို မေးပါတယ်။ စစ်တပ်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှု မရကြောင်း၊ ပြည်သူကို ထိန်းချုပ်နိုင်ဖို့ ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် ဖိနှိပ်မှုကိုသာ စစ်တပ်က လုပ်နေပြီး ဒီလိုနည်းလမ်းကြောင့် ပြည်တွင်းစစ် တော်တော်များများ ပေါ်ပေါက်လာတာကို မြင်ခဲ့ရကြောင်း ကျွန်မ ရိုးရိုးသားသား ပဲ ပြန်ဖြေလိုက်ပါတယ်။ 


သူက ကျွန်မပြောတာကို သေသေချာချာနားထောင်ပြီး ဘာမှပြန်မပြောဘဲ ခေါင်းပဲ ညိမ့်ပြပါတယ်။ တပ်မတော်အတွင်းမှာ ဂိုဏ်းကွဲနေတယ်ဆိုတဲ့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ ဘက်ပြောင်းတာမျိုး ရှိချင်ရှိနိုင်ပေမယ့် အခုအချိန်အထိတော့ ဒီလိုဖြစ်နေတယ်ဆိုတဲ့ အထောက်အထားမျိုး သိပ်မတွေ့ရပါဘူး။ 


ရန်ကုန်ကနေ ပြန်ထွက်မယ့် လေယာဉ်မှာ လူငယ်တစ်ဦးက ကျွန်မနားကို ရှက်ကိုးရှက်ကန်းနဲ့ကပ်လာပြီး စာတစ်စောင် ပေးသွားပါတယ်။ 


"ချစ်ရသော ကလာရစ်ဆာဝါဒ့် ခင်ဗျား။ မြန်မာနိုင်ငံမှာ အမှန်တကယ် ဘာတွေဖြစ်နေလဲဆိုတာ ကမ္ဘာကြီးကို ပြောပြပေးပါ။ ကျွန်တော်တို့ပြည်သူတွေဟာ စစ်အာဏာရှင်ကို မလိုချင်ပါဘူး"


'မြန်မာနိုင်ငံသားတစ်ဦး' လို့ အဲဒီစာမှာ လက်မှတ်ရေးထိုးထားပါသေးတယ်။ သူတို့ရဲ့အကြောင်းတွေ၊ နာကျင်ခံစားရမှုတွေကို ကမ္ဘာကြီးက သိစေ၊ မြင်စေချင်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ သူလည်း တစ်ဦး အပါအဝင်ပေါ့...


(CNN သတင်းဌာနမှ Myanmar's military has underestimated the strength, will and bravery

of its own people ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)


credit/ M-Media


#BollywoodUpdateNewsMyanamar


Monday, May 3, 2021


 ၂၀၂၁ အရေးတော်ပုံ (3.5.2021)

စားစရိတ်အကြောင်း..17မိနစ်

======================

စစ်အာဏာသိမ်းလက်မရွံ့တပ်ဟာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ပြီး၊ မြို့ပြ လမ်းမပေါ်ဆန္နပြမှု မဖြစ်ပွားရေးအတွက် ပစ်ခတ်ဖြိုခွင်း၊အကြမ်းဖက် တားဆီးနေတယ်။ မေ-2 မှာ လူငယ် GZ လူငယ်များ ​ဆန္နပြမှုများ သွေးမအေးအောင် မြို့ကြီးများစွာမှာ ပြုလုပ်နိုင်ခဲ့တယ်။ 


ယခု စတင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအလုပ်ဟာ လူ၅ယောက် အုပ်စုလေးများနဲ့ ၁၀ယောက်ထက်များလာရင် ၂အုပ်စုခွဲပစ်ရမဲ့ လူမသိအောင် လုပ်ကြဖို့ တော်လှန်ရေးလုပ်နေသူအားလုံး သိပြီးသားပါ။ လူငယ် GZ များ KIA KNUနယ်မြေများကိုသွားရောက်စစ်ပညာသင်နေကြတာ သတင်းများမှာ ကြားပြီးဖြစ်မှာပါ။ 

.

.

မြို့ပြမှာပဲ တောင့်ခံကြဖို့


နယ်စပ်လက်နက်ကိုင် တော်လှန်ရေး 1988 လုပ်လာခဲ့သူ ကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော် တို့ကဲ့သို့ တော်လှန်ရေးသမားများက တောထဲမှာ တောင့်ခံဖို့ အလွန်ခက်ကြောင်း ပြောပြတာ နားထောင်ရတယ်။ GZ လူငယ်များကို နယ်စပ်တော်လှန်ရေး အားမပေးသော်လည်း အားကိုးတကြီး နယ်စပ် ရောက်လာသူ GZ များကို တိုင်းရင်းသားတပ်များက လက်ခံကြပါတယ်။ ရွေးချယ် စစ်ပညာသင်ပေးနေပါတယ်။ လက်နက်မကိုင်နိုင်ရင်တော့ ဒုက္ခသယ်စခန်းကပဲ လက်နက်မကိုင် ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ လုပ်ကြပါတယ်။ 


 စစ်အာဏာရှင်တပ်ကို လက်နက်ကိုင်တော်လှန်ကြတဲ့ ဗမာလူငယ်များ မအောင်မြင်ကြပါ။ အကျော်ကြားဆုံး 1988 ကျောင်းသားတပ် ABSDF ကတော့ ယခုတိုင် လက်နက်ကိုင်ဆဲ ဖြစ်သော်လည်း အားအင်မကြီးပါဘူး။ တိုင်းရင်းသား တော်လှန်ရေးတပ်တွေပဲ ကြံ့ကြံ့ခံ တော်လှန်နေကြတာ နှစ် ၇၀ ကြာပါပြီ။ သူတို့ရဲ့..မိမိ လူမျိုးတည်တဲ့ရေး စိတ်ဓာတ် တနည်းအားဖြင့် လူမျိုးရေးစိတ်ဓာတ်ကြောင့်သာ ရပ်တည်နိုင်ခြင်း ဖြစ်တယ်။ 

.

ပထမဆုံး အခက်အခဲကြီးက  အစားသောက် အလွန်ဆင်းရဲပါတယ်။ ကချင် KIA လေ့ကျင့် စခန်းက GZ လူငယ်များ ဆန်ကြမ်းနဲ့ ပဲအာလူးတောင် အဝစားနိုင်ဖို့ ခက်ခဲတဲ့ ကာလဖြစ်တယ်။ စာနာမိတယ်။ 

.

.

မြို့ပြလူငယ်များ ခံနိုင်ဖို့မလွယ်ပါ။

.

 တော်လှန်ရေးစိတ်ဓာတ် ခိုင်မြဲဖို့ အခု လက်နက်ကိုင် KIA KNU နယ်မြေကိုရောက်သွားသူ မြန်မာ GZ လူငယ်များကို ဖက်ဒရယ် မြန်မာလူမျိုးကြီးစိတ်ဓာတ် သွင်းပေးရပါတယ်။ ဗမာလူမျိုးကြီး၊ ကချင်၊ကရင်၊ရှမ်း လူမျိုးကြီးစိတ်ဓာတ်တွေကို အတိတ်မှာ ခဏထားရမယ်။ တော်လှန်ရေးအောင်မြင်ပြီးရင် အင်အားကြီးတဲ့ ဗမာလူမျိုးစုက တိုင်းရင်းသား ပြည်နယ်များကို စင်ကာပူ၊ သြစတြေးလျား၊ နယူးဇီလန်၊ တောင်အမေရိကားနိုင်ငံများ၊ မြောက်အမေရိကားက မက္ကဆီကို၊ အမေရိကန်၊ ကနေဒါ စတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံများလို ဖြစ်အောင် ဦးဆောင်ရမှာပါ။  အိန္နိယ၊ တရုပ် နိုင်ငံကြီးများလည်း ဖက်ဒရယ်စနစ် ကျင့်သုံးကြသော်လည်း သိပ်မကောင်းပါ။ အမေရိကန်၊ သြစတြေးလျား၊တောင်ကိုးရီးယား ဒီမိုကရေစီစနစ်တွေကို စံပြယူရပါတယ်။ 

.


တော်လှန်ရေးစရိတ်

.

နယ်စပ်ကို သွားရောက်ဖို့ထက် မြို့ပြမှာပဲ တောင့်ခံပြီး ဖက်ဒရယ်စစ်တပ်ကို လက်ရှိ လမ်းမ လျပ်တပျက်ဆန္နပြမှုများ အဆက်မပြတ် လုပ်နေကြတယ်။ ပြည်ပရာက် မြန်မာလူမျိုးစုများ ၅သန်း အထက်ရှိတယ်။ ပြည်တွင်းညီညွတ်နေရင် ပြည်ပအကူအညီ များစွာ အသင့်ရှိနေပါတယ်။ စင်ကာပူလိုနိုင်ငံလေးမှာတောင် စစ်ပညာသင်ပြီး Reservist မြန်မာလူငယ် ၁သောင်းနီးပါး ရှိမယ်။ အမေရိကန်စစ်တပ်မှာလည်း မြန်မာလူမျိုးစု စစ်သင်တန်းပြီး လူငယ်များ သောင်းနဲ့ချီ ရှိနေတယ်။ အရေးအကြီးဆုံးက လက်ရှိ ပြည်တွင်း ဖက်ဒရယ်တပ်မတော်ကို လူမျိုးအစွဲ နည်းအောင်ကြိုးစားနေတယ်။ အဓိက လူမျိုးကြီးစိတ်ဓာတ် United State of Myanmar ဖက်ဒရယ်မြန်မာလူမျိုးကြီး တစ်ခု ပေါ်ပေါက်လာပါပြီ။ ဗမာလူမျိုးစုက ဦးဆောင်ရပါမယ်။ 

.

.

တော်လှန်ရေးစရိတ် 

.

လက်နက်ကိုင် တပ်သား တထောင်ကို ကြွေးဖို့ စရိတ် တစ်လ သိန်း၁ထောင်လိုအပ်တယ်။ တိုင်းရင်းသားတပ် ဦးဆောင်သူများ ရဲ့ ပြသနာကြီးဖြစ်တယ်။ ငွေဟာ ဒုတိယဘုရားသခင် ဖြစ်လို့ မူးယစ်ဆေးဝါးနဲ့ ငွေရအောင်ရှာကြလို့ မြန်မာပြည်ကွန်မြူနစ်ပါတီလည်း ပြိုကွဲရသလို၊ အခု မူးယစ်ဆေးဝါး တနှစ် $40b အထိ စျေးကွက်ကြီးမားတဲ့ ရှမ်းမြောက်ပိုင်းမှာ စစ်အာအာသိမ်တပ်ကို ​ပြန်တိုက်နေသူ KIA ကချင်တပ်များကို အလွန်လေးစားမိတယ်။ မူးယစ်ဆေး BGF ၊ ပြည်သူ့စစ်နဲ့ တပ်မတော်ဂိတ်တွေလို မလုပ်၊ အာဏာသိမ်းတပ်ကို တိုက်ခိုက်နေတဲ့ KNU ကရင်တပ်များကိုလဲ အလွန်လေးစားမိတယ်။ တိုင်းရင်းသားတပ်များ စားသောက်စရိတ် ပြည်ပအကူအညီ လိုနေအုန်မှာပါ။ မြို့ရွာသိမ်းနိုင်ချိန် တော်လှန်ရေးတပ်အားလုံး စားစရိတ် အဆင်ပြေသွားမှာပါ။ လောလောဆယ်တော့ နယ်စပ်နဲ့ မြို့ပြတော်လှန်ရေး၊ ဆန္နပြသူများကို မြန်မာပြည်သူများကပဲ ကူညီပံပိုးနေပါတယ်။ 

.

.

ဘယ်လူမျိုးကဦးဆောင်မလဲ

.

 ဗမာလူမျိုးများကပဲ ပညာတတ်၊ ဆရာဝန်၊အင်ဂျင်နီယာ၊ ရှေ့နေ၊ စီးပွားရေး၊ နိုင်ငံရေးတွေမှာ တိုင်းရင်းသားများထက် သာလွန်ကြတယ်။  ငြင်းမရပါဘူး။ ကရင်လူမျိုး ဘိလပ်ပညာတတ် စောစံစီဖိုး..1930 အဂ်လိပ်လိုရေးသား ထုတ်ဝေတဲ့ စာအုပ်မှာ ကရင်လူမျိုးများ ပညာတတ်နည်းပါးကြောင်း၊ ဗမာလူမျိုးများက ပြည်ထောင်စုစိတ်ဓာတ်နဲ့ တွဲခေါ်ပါမှ မြန်မာလွတ်လပ်ရေးရရင် ကရင်လူမျိုးများ ပိုမိုတိုးတက်မယ်လို့ ရေးထားပါတယ်။ ဒါက ပကတိမြေပြင်အခြေအနေပါ။ ဗမာတွေချည်း အရမ်းတိုးတက်ဖို့ ကြိုးစားရင်း အခု စစ်အာဏာရှင် အတ္တဝါဒီ တွေ အာဏာ တတိယအကြိမ်သိမ်းပြန်ပီ ဖြစ်တယ်။.. ဒီတော်လှန်ရေးမှာ ပြည်မ မြို့ပြတော်လှန်ရေးကို ဗမာလူမျိုးတွေ ဦးဆောင်တာ လက်ခံကြတယ်။ ပြည်နယ်မြို့ကြီးများမှာ တိုင်းရင်းသားများ ဦးဆောင်ကြတယ်။

.

 ဖက်ဒရယ်စစ်တပ်ကို NUG အစိုးရမှာ တိုင်းရင်းသား ၁၄ဦး၊ ဗမာ ၁၁ဦး၊ စုစုပေါင်း ၂၅ ဦးနဲ့ ကြားဖြတ်ဖက်ဒရယ်အစိုးရ ဖြစ်တယ်။ မတူညီမှုများကြားက အမျိုးသား ညီညွတ်သောအစိုးရ National Unity Gov ကြိုးစာတည်ဆောက်ပြီးပါပြီ။ သမိုင်းမှာ စစ်အာဏာသိမ်း အတ္တကြီးသူ စစ်အာဏာရှင်များရဲ့ လှည့်ဖိားမှုဟာ ဒီတခါ နောက်ဆုံးဖြစ်စေရပါမယ်။ 

.

.

သမိုင်းသင်ခန်းစာ

.

ကျနော် ၁၉၈၈ အရေးအခင်းဖြိုခွင်းခံရတော့ အသက်၂၈ နှစ်၊ အစိုးရ ပြန်တမ်းဝင်အရာရှိပါ။ လက်နက်ကိုင်လမ်းစဥ်မလိုက်ပဲ ပြည်ပထွက်ပြီး အလုပ်လုပ်တယ်။ မြန်မာပြည်က မိဘဆွေမျိုးများ နဲ့ နယ်စပ်လက်နက်ကိုင်တော်လှန်သူ ABSDF ကျောင်းသားတပ် နဲ့ အိန္နိယရောက် တော်လှန်ရေးသမားအချို့ကို အနည်းအကျဥ်းကူညီခဲ့တယ်။ ကချင်လူမျိုးဖြစ်လို့ KIA လက်နက်ကိုင်များကို ငွေကြေးအနည်းငယ်ကူတယ်။ စင်ကာပူ နဲ့ အမေရိကား၊ဂျပန်၊ထိုင်း၊မလေးရှားရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များအတွက် အလုပ်ကိုင်နဲ့ ထောက်ပံ့ရရှိရေး၊ ရွှေ့ပြောင်းလုပ်သားအရေး အနည်းအကျဥ်း ကူညီခဲ့တယ်။ ဘာမှမဖြစ်စလောက်ပါ။ 

.

အခု 1988 အရေးအခင်းကို GZ တွေ အားလုံးသင်ခန်းစာ ယူနေကြတယ်။ မြို့ပြတိုက်ပွဲ လုပ်နိုင်မှ တော်လှန်ရေးအောင်မယ် ဆိုတာ စစ်အာဏာရှင်များက ကောင်းကောင်းသိတယ်။  လက်မရွံအသေပစ်သတ်နေတဲ့ ရုရှားအစိုးရက သင်တန်းပေးထားတဲ့  လက်မရွံတပ်က စနစ်တကျ ပစ်သတ်ပြနေတာ မြို့ကြီး ၇၀ မှာ ၇၆၀ဦး ကျဆုံးသွားပါပြီ။ တကယ့် ပညာတတ် လူငယ်လေးများစွာ နဲ့ အနာဂါတ်မျိုးဆက်သစ်လူငယ်များ ကျဆုံးရတာ ၊ ပေးဆပ်သွားတာ စဥ်းစားတိုင်း မျက်ရည်ကျ၊ ကြေကွဲရတယ်။

.

နယ်စပ်မှာ လက်နက်ကိုင် GZ လူငယ်များက ဒီစာကို ဖတ်နိုင်မှာမဟုတ်။ သူတို့ အစားသောက်အရမ်းဆင်းရဲတယ်။ တစ်နေ့ ကျပ် ၁ထောင်ဖိုး ၂နပ် ကြွေးရင် တလ ကျပ်၃သောင်းဖိုး၊ လူငယ် ၁ထောင်အတွက် တလကို အစားဆင်းရဲတာတောင် သိန်း၃၀၀ စားစရိတ်ကုန်မယ်။ ၃လ အတွက် သိန်း၁ထောင် ငွေရှာရမယ်။ လက်နက်တပ်ဆင်ဖို့ စစ်စရိတ် စစ်သား၁ထောင်အတွက် တလ သိန်း ၁သောင်းမက ကုန်မယ်။ အာဏာသိမ်းတပ်တွေက ပြည်သူ့အစိုးရ စုဆောင်းထားငွေကို 1962 တုန်းက ဖြုန်တီးလို့ တိုင်ပြည်မွဲသွားတယ်။ 1988 ပြည်သူအုံကြွတော့ ထပ်မံ အာဏာသိမ်းပြီး သယံဇာတရောင်းစားပြီး လာပ်စား၊ အကျင့်ဖျက်ဆီးတယ်။ ဗိုလ်ချုပ်ကြီးများ ကျိကျိတက်ချမ်းသာခဲ့တယ်။ 2010 ဒီမိုကရေစီ တပိုင်းတစ ဖြစ်လာတာ ၁၀ နှစ်အကြာ ပြည်သူတွေ တိုးတက်ချမ်းသာလာတော့ 2021မှာ ဒီစစ်အာဏာရှင်တွေ မျက်နှာပြောင်တိုက် လိမ်ညာ၊ အတ္တ၊ လောဘနဲ့ စစ်အာဏာ သိမ်းပြန်တယ်။ ဒီတခါ တိုက်ပွဲဟာ စစ်အာဏာရှင် လုံးဝအမြစ်ပြတ်မဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်တယ်။ 

.

.

ညီညွတ်တဲ့မြို့ပြတော်လှန်ရေး


လူငယ် GZ အများစု ၉၅% အထက်ဟာ မြို့ကြီးများမှာပဲ ရှောင်တိမ်းရင်း သက်မွေး ဝင်ငွေရှာလို့ ကြိုးစားဆန္နပြနေကြတယ်။ တောင့်ခံနေကြတယ်။ ပျောက်ကြားစနစ် ဆန္နပြမှုကနေ.. တရက်မှာ.. နယ်စပ်လက်နက်ကိုင် GZ များနဲ့ ပေါင်းစပ်ပြီး မြို့ပြ တော်လှန်ရေးကြီး ဝုန်းကနဲ့ မီးတောက်ကြီးပေါ်လာပါတော့မယ်။ ပြည်ပအကူအညီများလည်း တပြိုင်နက် လေကြောင်း Non Fly Zone များ ပေါ်လာမယ်။ မဝေးတော့ပါဘူး။ ဆက်လက်တောင့်ခံထားကြတဲ့ နယ်စပ်နဲ့မြို့ပြ GZ များကို လေးစားဂုဏ်ပြုပါတယ်။ 

.

.

ခြိုးခြံစားသောက်မှုများ

.

တော်လှန်ရေးအထောက်ပံ့များ စီမံခန့်ခွဲရသူများဟာ ဗုဒ္ဓမြတ်စွာဘုရား ခြိုးခြံ စားသောက်မှုတွေ၊ ခရစ်ယန် တမန်တော်ရှင်ပေါလု၊ အစ္စလမ် တမန်တော်မိုဟာမက် တို့ရဲ့ ခြိုးခြံစားသောက်၊ ဆင်းရဲဒုက္ခများက စံနမူနာ ဖြစ်တယ်။ ...ဟိုချီမင်း၊ မော်စီတုန်း၊ ဂျော့ဝါရှင်တန်၊ အကျဥ်းကျခံ အင်အယ်ဒီခေါင်းဆောင်များ စတဲ့ နိုင်ငံရေးသမားတွေ ခြိုးခြံစားသောက်ပုံ၊... ​မြန်မာ သူဌေးကြီးဦးဇော်ဇော်၊ အမေရိကန် သူဌေးကြီး ဘီလ်ဂိတ်၊ ဇူကာဘတ်၊ စတိဂျော့ လိုလူမျိုးတွေတောင် ချိုးခြံစားသောက်ပါတယ်။ တော်လှန်ရေး အောင်မြင် ချိန်မှာ အောင်ပွဲခံ စားသောက်တာမျိုးရှိသော်လည်း တော်လှန်ရေးကာလ မှာတော့ ခြိုးခြံစားသောက်နေကြရပါတယ်။ အစားအသောက် တပ်မက်၊ အကောင်းကြိုက်လွန်းသူများ တော်လှန်ရေးမှာ ပါလို့မဖြစ်ပါ။ ခြိုးခြံစားသောက်သူများစွာ မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွဲနေကြပါတယ်။ 

.

.

တိုက်တွန်းချက်

.

တော်လှန်ရေးမှာ "လူမသိဖို့" အဓိက ဖြစ်ကြောင်း ဟိုချီမင်း (ဗီယက်နမ်တော်လှန်ရေးခေါင်းဆောင်) ဆိုစကားရှိတယ်။ ဟိုချီမင်းလို စိတ်ထားဖြူစင်သူများစွာ CRPH နဲ့ NUG အစိုးရမှာ ရှိနေတယ်။ GZ များစိတ်ထားဖြူစင်ကြတာ ပြောပြစရာမလိုပါ။ အသက်ရွယ်ရ၊ စိတ်ထားဖြူစင်သူသူ GX GY GL လူကြီးများ မိမိလမ်းထဲက ပျောက်ကြားဆန္နပြ လူငယ်များရဲ့ မိသားစုများ ချို့တဲ့နေရင် ကူညီပံပိုးနေကြတယ်။  ဒီစာဖတ်သူလည်း ဘာမှမကူညီနိုင်ရင်၊ ကီးဘုတ်ဖိုက်လဲ မလုပ်နိုင်ရင်၊ ငွေစ အနည်းငယ်နဲ့ GZ မိသားစုကို ဆန်ဆီ၊ ပံ့ပိုးလိုက်ပါခင်ဗျား။ ပြည်ပနေသူ မိတ်ဆွေများလည်း မပံ့ပိုးနိုင်ရင် အနည်းဆုံး တမိနစ် 5 cents အကုန်ခံပြီး မြန်မာပြည်က မိမိလမ်း၊ မိမိရပ်ကွက်မှ တော်လှန်ရေးလုပ်နေသူများကို ဖုန်းခဏဆက်​​ပေး၊ နားထောင်ပေးကြစေလိုပါတယ်။ မြန်မာပြည်နေထိုင်သူများအတွက် ပြည်ပဖုန်းခေါ်သံ တခုဟာ အားဆေးကြီးတခွက်ပါ။ 

.

အရေးတော်ပုံ အောင်ရမည်။


 အသက်အိုးအိမ်စည်းစိမ်

မိမိယုံကြည်ခြင်းကိုမှတိကျောက်တင်ခြင်း.Part-2 

=====================

မူလတန်းဘဝ ကဗျာတပုဒ် ယခုတိုင် (အတိကျမဟုတ်) မှတ်မိတယ်။... တရံရောအခါ သူဌေးသားသည် ပညာမတတ် အရပ်ရပ်၌ သိုထားဥစ္စာ ရှိသည်ငှာကို များစွာကျွန်ပေါင်း မကောင်းခိုးသူ  ယူ၍ပြေးဆောင် အိမ်ကိုရောင်းကာ ထောင်းထောင်းကြေလျက် ခွက်လက်ဆွဲကာ တောင်းစားပါလဲ နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ တောမှာ​သေ သည် ကောင်သေလင်းတ ကျ၏တည်း...ဆိုတဲ့ ကဋေကြွယ် သူဌေးသား ဇတ်လမ်းဖြစ်တယ်။ 

.

Global Foundation Ltd မှာ အလုပ်လုပ်ချိန် 7 Habits of Highly Affective People သင်တန်းတက်စဥ် စတီဗင်ကိုဗေး က Principle Centred Life အကြောင်း ပို့ချခဲ့တယ်။ မိမိဘဝမှာ ဘာကိုအဓိကထားသလဲ.. သားသမီးလား၊ မိဘဆရာလား၊ အတန်းပညာလား၊ ဘုရားပညာ(ဘာသာရေးလား)၊ ကျန်းမာရေးလား၊ ရာထူးအာဏာလား၊ ငွေကြေးဥစ္စာလား၊ လွတ်လပ်မှုနဲ့ငြိမ်းချမ်းရေးလား၊ ဘဝလုံခြုံမှုလား..စသဖြင့် အဓိကထားရမဲ့ နံ ပါတ်(1) အချက်ကို မေးပါတယ်။ အဓိက နဲ့ သာမည ခွဲ ခြား အသက်ရှင်၊ လုပ်ကိုင်ဖို့ ဖြစ်တယ်။ 

.

အရှင်းဆုံးရေးရရင် 

ကျနော့်ဘဝ ကိုယ်ကျင့်တရားကို အဓိကထားခဲ့ပါတယ်။ ငယ်စဥ်က ဂီတာတီးထူးချွန်လို့ ၁၆ နှစ်သားအရွယ် ကျောင်းမတက်ပဲ တီးဝိုင်းတခု တည်ထောင်ပြီး၊ တေးမြတ်မွန် သံစုံတီးဝိုင်းကြီးမှာ ခေတ်ပေါ် ဒရမ်၊လိ၊ဘေ့စ် နဲ့ ကျနော်တို့အဖွဲ့ မြို့ရွာ မဂ်လာပွဲများစွာ ဖျော်ဖြေခဲ့တယ်။ စန္တယား၊ ပတ်တ္တလားနဲ့ လေမှုတ်တူရိယာ အစုံအလင်နဲ့ မြန်မာ့အော်ဂတ်စထရာ တီးဝိုင်းကြီး တခုဖြစ်တယ်။ မိခင်ရဲ့မိတ်ဆွေကြီးတစ်ဦး ဦးဆောင်တဲ့ တီးဝိုင်းကြီးဖြစ်တယ်။ တေးဂီတကို ဗဟိုပြုထားတဲ့ တီးဝိုင်းကြီးမှာ တီးဝိုင်းခေါင်းဆောင်က တေးဂီတဝါသနာရှင် ၃၀ ကျော်နဲ့ နှစ်ပေါင်းများစွာ ဘဝအရသာ ပျော်စရာ ရှာကြတယ်။ အချိန်ပြည့် အဆို၊ဂီတပညာရှင် တယောက်မှမပါ၊ ကိုယ်ကျင့်တရား ကောင်းကောင်း  လိုက်နာဖို့ အရမ်းကြိုးစားခဲတယ်။ ဗုဒ္ဓဘာသာ ၅ပါးသီလ၊ ခရစ်ယန် ပညတ်တော် ၁၀ ပါး တွေကို တတ်နိုင်သမျှ လိုက်လျှောက်တယ်။ 

.

အခု အသက်အရွယ်ရတော့ အကျင့်တရားကောင်းဖို့ဆိုတာ ဘုရား၊တရား နဲ့ နေတတ်မှ အကျင့်တရားပြည့်စုံမှန်းသိရတယ်။ 

.

.

ဘုရားတရား ဆိုတာ


ပုတီးစိတ်၊ အန္တရာယ်ကင်းပရိတ်ရွတ်၊ တရားဟောတာနားထောင်ခြင်းက ဘုရားတရား အလုပ်တွေဆိုတာ မှန်ပါတယ်။ ပထမအဆင့် ဘုရားတရားလုပ်ခြင်း ဖြစ်တယ်။    ဘုရားစကား နားထောင်ခြင်းက ဒုတိယအဆင့် ဖြစ်တယ်။  ဗုဒ္ဓလုပ်တဲ့အတိုင်း တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး အလုပ်များကို ကျနော်တို့ လုပ်ပြနိုင်မှ ဗုဒ္ဓဘာသာ ဒုတိယအဆင့်ကိုရောက်မှာပါ။ 

.

.

မတရားမှုနဲ့ ဒုက္ခခံစားရသူများ

.

ဗုဒ္ဓ တရားတော်ကို နားလည်သူတိုင်းက ဓမ္မနဲ့ အဓမ္မ ခွဲခြားတတ်ပါတယ်။ လမ်းမပေါ် ဆန္နပြသူများကို လူမဆန်စွာ ပစ်သတ်၊ နှိပ်စက်၊ ဖမ်းဆီးပြီး ၆နှစ်ကလေးငယ်အရွယ်ကနေ ၇၀နှစ်အဖွားထိ ကျည်ဆန်ထိမှန် သေဆုံးသူများစွာ မြန်မာနိုင်ငံ မြို့ကြီး ၆၀ ကျော်မှာ ကြုံတွေ့နေတာ အဓမ္မ ဆိုတာ ကောင်းကောင်း သိနားလည်ကြပါတယ်။


အလောင်း ပြန်ရဖို့လဲ ခက်ခဲ၊ သဂြိုလ်တာတောင် ခက်ခဲ၊ ဆန္နပြရာမှာပါဝင်သူများရဲ့ မိသားစုများခအမာ ရှောင်တိမ်းရတယ်။ ဖမ်းမိရင်လဲ အလောင်းပဲ ပြန်ရတာမျိုး၊ သတင်းကိုနားမထောင်၊ မကြည့်ချင်တော့ပါ။ စိုးရိမ်မှုပညာရှင်ကြီးကတော့ TV အွန်လိုင်းသတင်းတွေကို ဖြတ်တောက်လိုက်ခြင်းက နာကြင်ခံစားမှုများကို သက်သာစေတယ် လို့ ပြောပါတယ်။ 

.

.

အကောင်းမြင်တတ်ဖို့

.

လာတော့မယ် ပြောနေတာလည်း ကြာနေပြီ၊ အာစီယံ နိုင်ငံများက စစ်အာဏာသိမ်းခေါင်းဆောင်ကို ဖိတ်ခေါ်ပြီး အာစီယံဘဝလုံခြုံရေး ထိခိုက်မှာ သေချာနေလို့ ထွက်ပေါက် အဆိုပြုချက် နောက်ဆုံးသံတမန်နည်းနဲ့ ပြောဖို့ ရှိတယ်။ စစ်အာဏာသိမ်းတာ ဆန့်ကျင်အုပ်စုကတော့ အာစီယံအစည်းအဝေးလာချိန်မှာ ဖမ်းဆီးပြီး ICJ ကမ္ဘာ့စစ်တရားရုံးကို လွှဲအပ်ဖို့ ၊ ဆွေးနွေးနာ အချိန်ကုန်ပြီ ပြောကြတယ်။ UN ယာဥ်များစွာ စင်ကာပူနိုင်ငံကို ရောက်ရှိလာတဲ့သတင်း၊ ပြင်သစ်နိုင်ငံက မြန်မာ့အရေးအခင်းကို ဦးဆောင်နေတဲ့သတင်း၊ ရုရှားလက်နက်ကြီး/ငယ် များစွာ.. 80% ဝယ်ထားတဲ့ အိန္နိယနိုင်ငံကလည်း ရုရှားတွေ အပိုပစ္စည်းနဲ့နည်းပညာ ဖြတ်တောက်ခံရမှာစိုးရိမ်နေရသလို၊ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး(ဟောင်း) ပရာယွတ် အုပ်ချုပ်နေတဲ့ ထိုင်းအစိုးရကလည်း မြန်မာဒီမိုကရေစီတွေ အနိုင်ရသွားမှာ စိုးရိမ်နေတယ်။ တရုပ် အကြွေးပိနေတဲ့ လာအိုနဲ့ ဘဂ်လားဒေ့ချ် နိုင်ငံများကလည်း တရုပ်အစိုးရဖက်က ပါချင်နေတယ်။ အိမ်နီးခြင်း ၄နိုင်ငံကလည်း ဟိုလို သည်လို ဖြစ်နေတာကြောင့် CRPH အစိုးရဖွဲ့ပြီး ဖက်ဒရယ်စစ်တပ် မြို့ရွာသိမ်းတိုက်ပွဲ ကြေငြာလိုက်ပါပြီ။ ကချင်KIA နဲ့ ကရင်KNU ၂ခုကတော့ နယ်မြေသိမ်းတိုက်ပွဲများ အဆက်မပြတ် တိုက်နေကြတယ်။ မြို့တွင်း လက်နက်ကိုင်တိုက်ပွဲ စတင်ဖို့ လေ့ကျင့်ပြီးတပ်သားနဲ့ လက်နက်များ မြို့ကြီးများကို ပို့နေပြီဖြစ်လို့ အာဏာသိမ်းတပ်များလည်း ကတုတ်ကျင်းတူး ပြင်ဆင်နေကြပြီ ဖြစ်တယ်။ 

.

.

NUG ပြည်သူအစိုးရ


ဘယ်သူမှ မြို့ပြတိုက် ပွဲ ကြီး များ၊ မြို့တွင်း ဗုံးကြဲ သတ်ဖြတ်မှုများ မဖြစ်စေလိုသော်လည်း စစ်အာဏာသိမ်းတပ်များရဲ့ မတရားစွာ လူမဆန်းစွာ အာဏာရူးလုပ်ရပ်များ ရပ်တန်းက ရပ်ဖို့ မြန်မာပြည်သူများသာ အဓိက ဖြစ်ပါတယ်။ National Unity Government ဖွဲ့စည်းပေးပြီး တိုင်းရင်းသားတွေက ကိုယ်စားလည်များ ရွေးချယ်ပေးပါတယ်။ NLD မကြိုက်သူများလည်း အစိုးရသစ် ဝန်ကြီးစာရင်းမှာ ပါလာကြတယ်။ တချို့တိုင်းရင်းသား AA ထောက်ခံသူများကို မေတ္တာရပ်ခံလိုပါတယ်။ NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလည် 82% အများစုနဲ့ အနိုင်ရခဲ့တဲ့ ပါတီဆိုတာ မမေ့ကြပါနဲ့။ လူတစ်ဦးချင်း မဲပေးသူများကိုကြည့်ရင် NLD သန်း၂၀... USDP ၅.သန်း.. အခြားပါတီများ ၁သန်း ရရှိကြပါတယ်။ တိုင်းရင်းသားများစွာ ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးကြတာ မြင်နိုင်ပါတယ်။ မဲစရင်းမှားတယ်လို အာဏာသိမ်းတပ်က နေ့တိုင်းပြောနေတာ ဘယ်သူမှမယုံကြပါ။ အာဏာရူးနေလို့ တရုပ်နဲ့ရုရှား အားပေးမြှောက်ပင့်လို့ အင်မတန်မိုက်မဲတဲ့အလုပ်ပါ။ ၁၀ နှစ်လုံးလုံး ပြည်သူတွေကြိုးစားခဲ့တာတွေ ရပ်ဆိုင်းသွားပါတယ်။   

.

ပြည်သူများ အထူး တောင့်ခံထားရပါမယ်။

မကြာခင် အကူညီ လာဖို့နီးလှပါပြီ။  

.

ဒီနေ့ 19.4.2021 ရန်ကုန်မြို့မှာ ဆိုင်အချို့ ပြန်ဖွင့်ပြီး မြို့တွင်း၊ မြို့ပြင် တံတားနဲ့လမ်းများ စစ်နဲ့ရဲ စစ်ဆေးမှု မတွေ့ရသော်လည်း ဖေ့ဘုတ်မှာတော့ ဖမ်းဆီးမှုများ ပိုများလာတာ တွေ့ရတယ်။ ယခင် ၂ပတ်ကျော်က ခံတပ်များမှာ ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးပြီး ခေါင်းဆောင်များကိုပဲ ဖမ်းထားတယ်။ အခု သင်းကြန်ကာလမှာ အရင်ကလွှတ်ပေးခဲ့သူများကို တဖန် အိမ်ကိုလာဝိုင်း ဖမ်းဆီးတယ်။ နယ်မြို့များမှာ နေ့ခင်းဖမ်းဆီးတယ်။ ရန်ကုန်မှာတော့ ည ၉နာရီ၊ ည ၁၁ နာရီ အချိန်တွေမှာ စစ်ကားများစွာ၊ စစ်သား ၅၀ အထက် ပိတ်ဆို့ဖမ်းဆီးတယ်။ အိမ်တံခါး အသာတကြည် ဖွင့်မပေးရင် စစ်သားအားလုံးရဲ့ ရိုက်နှက်ခြင်း ခံရတယ်။ ဒါကြောင့် အိမ်မှာမနေပဲ အခြားနေရာတွေမှာ ပြူတင်းပေါက်က ခေါင်းမပြူပဲ ရှောင်တိမ်းနေကြတယ်။ 

.

ဒါပေမဲ့ နာမည်ကျော် ဆယ်လီများ၊ စစ်အာဏာရှင်ဆန့်ကျင်သူများစွာကတော့ ဖမ်းဝရန်း ထုတ်လဲ နေ့စဥ် Live လွှင့်နေဆဲ၊ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ပို့စ်တွေ ရှယ်နေ၊ ရေးနေကြဆဲပါ။ 

.

ဂျင်နရေးရှင်း Z တွေရဲ့ လမ်းမပေါ်က သပိတ်များကလည်း သွေးအေးမသွားပါဘူး။ တန်ုင်ငံလုံး ရန်ကုန်အပါဝင် လမ်းမပေါ် ပျောက်ကြားသပိတ်များစွာ အဆက်မပြတ် ရှိနေဆဲပါ။ ပြည်တွင်း ပြည်ပ CDM သပိတ်ကြီးကိုလည်း ပြည်သူများက ထောက်ပံ့နေဆဲပါ။ CDM ရုံးမတက်သူများကလည်း လစာမရပဲ ကြံ့ကြံခံ တိုက်ပွဲဝင်နေသလို၊ CDM နဲ့ လမ်းမပေါ်ဆန္နပြ ကူညီထောက်ပံ့သူများကလည်း ဖမ်းနေမှန်းသိရက် ထောက်ပံ့ကူညီနေဆဲပါ။ 


မကြာမီ

အရေးတော်ပုံ (မုချ) အောင်ရမည်။