မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်စွဲစကားလုံးကတော့ မေတ္တာ၊သစ္စာ နဲ့ နိုင်ငံတော်ကိုတည်ထောင်သွားပါမယ် လို့ပြောဆိုခြင်း ဖြစ်ပါတယ်။ နှုတ်ဂတိ ကို ပြည်သူလူထုထံ ပေးခဲ့ပါတယ်။ တိုင်းပြည် ပြန်လည်ထူထောင်ရာမှာ ဘယ်နည်းလမ်းကိုသုံးမလဲ ဆိုတာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကြောင့် မေတ္တာနဲ့သစ္စာအကြောင်း စဉ်းစားမိပြီး အနည်းငယ်လေ့လာပါမယ်။ လူတစ်ဦးရဲ့ လက်ရှိဘ၀အခြေအနေကို အခြေခံပြီး၊ လူ့ဘ၀ အသက်ရှင်နေထိုင်မှုအကြောင်းကို အခြေခံပါမယ်။ နိုင်ငံသားအားလုံးကို အုပ်ချုပ်တဲ့ အစိုးရမင်းမှာ ခေါင်းဆောင်ဖြစ်သူ တစ်ဦးတစ်ယောက်ရဲ့ လက်ထဲမှာ အာဏာရှိနေချိန် အဲဒီခေါင်းဆောင် ဖြစ်သူရဲ့ စိတ်နေစိတ်ထားနဲ့ အာဏာရသွားတဲ့ အဖွဲ့အစည်းက ဘယ်လိုလူတွေနဲ့ စုပေါင်းထားတဲ့ အဖွဲ့အစည်းလဲဆိုတာ လေ့လာပါမယ်။ နှုတ်က မေတ္တာ၊ သစ္စာ ကို အခြေခံတယ် ဆိုပေမဲ့ လက်တွေလုပ်နေတာတွေက အာဏာရှင်စနစ်ကို ဦးတည်နေသလား၊ ပြောတဲ့အတိုင်းလုပ်ရဲ့လား၊ ပြောတာ၊ လုပ်တာတွေကို အိုင်အက်အို ISO9000 လိုပဲ မှတ်တမ်းတင်ထားသလား၊ အဲဒီ ခေါင်းဆောင်ပုဂ္ဂိုလ်ကို ဘယ်သူတွေ၊ ဘယ်စနစ်တွေက ထိန်းချုပ်ထားသလဲ ..စသဖြင့် ထိပ်ဆုံးရောက်နေတဲ့ ခေါင်းဆောင်တစ်ဦးကို လေ့လာသုံးသပ်ပါမယ်။
.
.
မြန်မာ့နိုင်ငံရေး ၂၀၁၇
စစ်အာဏာရှင်စနစ်ကို ၁၉၆၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်နေ၀င်း အာဏာသိမ်းစဉ်က စတင်ခဲ့ပြီး၊ နှစ်ပေါင်း ၅၀ စစ်ဗိုလ်များက အုပ်ချုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ စစ်အာဏာရှင် ဗိုလ်သန်းရွှေ က စစ်ဗိုလ်ချုပ် ဗိုလ်သိန်းစိန်ကို အရပ်ဝတ်လဲစေပြီး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲ၊ေ၇ွးကောက်ပွဲအတုအရောင် ရေးဆွဲ အုပ်ချုပ်စေခဲ့ပါတယ်။ ဗိုလ်သန်းရွှေကတော့ နောက်ကွယ်ကစောင့်ကြည့်ရင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီကို လွတ်လပ်စွာ ယှဉ်ပြိုင်စေပါတယ်။ ၈၀% ကျော် အနိုင်ရပြီး ၂၀၁၆ မတ်လမှာ ဗိုလ်သိန်းစိန်ရဲ့ စစ်ဗိုလ်ဟောင်းများအစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီကို အာဏာလွှဲပေးလိုက်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ရာထူးများနဲ့ လွှတ်တော်များကို ၂၅% စစ်ဗိုလ်များက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။
.
.
မေတ္တာအကြောင်း
ပထမဆုံးကတော့ မေတ္တာဆိုတာ ဘာလဲ၊ လူတစ်ယောက်ဘ၀မှာ မေတ္တာ ဘယ်လောက်အရေးကြီးသလဲ၊ မေတ္တာအားကြီးလာရင် ဘာအကျိုးကျေးဇူးရသလဲ၊ မေတ္တာအားနည်းရင် ဘာအကျိုးဆက်တွေ ဖြစ်လာသလဲ၊ အားသာချက်နဲ့ အားနည်းချက် ဆိုတာ ရှိပါတယ်။ မေတ္တာထားပြီး အလုပ်လုပ်ရင် အခုခေတ်စားနေတဲ့ ၀င်း-၀င်း Win-Win ဆိုတဲ့စကားအတိုင်း နှစ်ဦးနှစ်ဘက် အကျိုးရှိစေပါတယ်။ မေတ္တာ ဆိုတာ ချစ်ခြင်း Love ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာလို့လဲ ခရစ်ယာန်များက တွဲပြီးခေါ်ကြတယ်။ အချစ် လို့ခေါ်ကြသလို မေတ္တာ လို့လဲ ခေါ်ဝေါ်ရေးသားကြပါတယ်။
.
ခရစ်ယန်ဘာသာမှာတော့ မေတ္တာ Love ဆိုတာ ဘုရားဆီမှာရှိတယ်။ လူသားတွေကို ချစ်လွန်းလို့ ဘုရားသားတော် ယေရှုကို လူသားများထံစေလွှတ်တယ်၊ လူသားများရဲ့ အပြစ် Sin ကို ခွင့်လွှတ်ပြီး လက်ဝါးကပ်တိုင်မှာအသေခံတယ်။ သေပြီးနောက် ၃ရက်မြောက်နေ့မှာ ဘုရားသားတော် ရှင်ပြန်ထမြောက်တယ်။ သူိ့ကို ယုံသောသူများ ကောင်းကင်ဘုံရောက်မယ်၊ ဘုရားမေတ္တာကို မိမိအပေါ်မှာ စီးဆင်းလာပြီး ဘုရားကိုချစ်ရမယ်၊ ကိုယ့်အချင်းချင်းကိုလဲ ချစ်ရမယ် ဆိုတဲ့ ချစ်ခြင်းမေတ္တာ အခြေခံတဲ့ ဓမ္မတရားများကို လက်တွေ့ပြသသွားခဲ့ပါတယ်။ သမ္မာကျမ်းစာ ဓမ္မသစ်အဖြစ် နောက်လိုက်များက မှတ်တမ်းတင်ခဲ့ပါတယ်။
.
ဗုဒ္ဓဘာသာမှာတော့ မေတ္တာနဲ့ကျင့်ကြံအားထုတ်ခြင်းအားဖြင့် ရှေးကုသိုလ်ကောင်းခဲ့တဲ့ ဗုဒ္ဓဟာ ဘုရားဖြစ်လာပြီး လူသားတွေကို နှစ်ပေါင်းများစွာ မေတ္တာအခြေခံတဲ့ နိဗာန်ရောက်ကြောင်း တရားတွေကို ဟောကြားတဲ့အပြင် သူကိုယ်တိုင် မေတ္တာပို့ခြင်း၊ မေတ္တာထားခြင်းများနဲ့ စံနမူနာပြ အသက်ရှင် နေထိုင်သွားခဲ့ပါတယ်။ မေတ္တာပို့ခြင်းအားဖြင့် လူတစ်ဦးဘ၀ကို တည်ငြိမ်အေးချမ်းစေတဲ့အကြောင်း လက်တွေ့ပြသသွာပါတယ်။ ရှေးဘ၀အဆက်ဆက်က ပါရမီ၊ ဥာဏ်ပညာကြီးမားစွာနဲ့ တရားဒေသနာများ ဟောကြားပြီး၊ နောက်လိုက်များက ပိဋိကတ်ကျမ်းဂန်များနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။
.
ဟိန္ဒြူ၊ မွတ်ဆလင် တို့လို တခြားဘာသာများကလည်း မေတ္တာနဲ့သစ္စာအကြောင်း ကျမ်းဂန်များနဲ့ မှတ်တမ်းတင်ထားပြီး၊ လက်တွေ ကျင့်သုံး လိုက်နာ၊ ကိုးကွယ်ဝတ်ပြု၊ ဘုရားရှိခိုးနေကြပါတယ်။
.
မေတ္တာအကြောင်း ရေးလို့မကုန်နိုင်ပါ။ မေတ္တာသည် စိတ်ရှည်တတ်၏ ဆိုတဲ့ စကားတစ်လုံးပဲ ကျင့်ကြံဖို့ခက်လှကယ်။ မေတ္တာကြီးသူများ စိတ်ရှည်ကြပြီး မေတ္တာနည်းသူများ စိတ်တိုလွယ်ကြပါတယ်။ မေတ္တာသည် ကျေးဇူးပြုတတ်၏၊ ဂုဏ်ပြိုင်ခြင်းမရှိ၊ မာန်မာနမရှိ၊ ခပ်သိမ်းသောအရာတို့ကို ခွင့်လွှတ်တတ်၏။ မေတ္တာမပါပဲ စေတနာနှင့်လုပ်သော အလုပ်ကိုင်များသည် အချီးနှီးသာဖြစ်ပါတယ်။ စေတနာနဲ့လုပ်တိုင်း ရလဒ်မကောင်းပါဘူး။ မေတ္တာထားပြီး အလုပ်လုပ်ရင်တော့ ထာဝရစိတ်ချမ်းသာနိုင်ပါတယ်။ မေတ္တာအားဖြင့်သာ မိမိကိုယ်တိုင် ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းတည်ငြိမ်လာပြီး ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များကိုလဲ မေတ္တာအားကြီးသူများ ခေါင်းဆောင်လုပ်ကိုင်ရင် ပိုပြီးအောင်မြင်ပါတယ်။ ဘာသာရေး ဘုန်းတော်ကြီးများမှာ မေတ္တာဓါတ်တွေ အများဆုံး ရှိနေကြပါတယ်။
.
.
သစ္စာရှိခြင်း မင်းမှာဂတိ-လူမှာသစ္စာ
ဘာသာရေး
နိုင်ငံရေး
လူမှုရေး
စီးပွားရေး
ပညာရေး
အနုပညာ စတဲ့ လောကပညာရပ်ကြီးများမှာ ထိပ်ပိုင်းရောက်နေသူများကို လေ့လာကြည့်ရင် သစ္စာရှိတဲ့လူတွေဟာ လူ့ဘ၀ ကဏ္ဍအသီးသီးမှာ အောင်မြင်ကြတာကို တွေ့ရပါတယ်။ အခုခေတ် မြန်မာလူငယ်အများစုက ပိုက်ဆံကို စိတ်ဝင်စားကြတယ်၊ ပိုက်ဆံချမ်းသာချင်ကြပါတယ်။ လူကြီးများလဲ မဖြစ်နိုင်တော့မှန်း သိပေမဲ့ ပိုက်ဆံရှိချင်ကြပါတယ်။ အဲဒီ ပိုက်ဆံချမ်းသာလာသူများစွာကို မျက်ဝါးထင်ထင် တွေ့ကြပါတယ်။ ဘာကြောင့် ပိုက်ဆံချမ်းသာလာသလဲ ဆိုတဲ့မေခွန်းရဲ့ အဖြေကတော့ သစ္စာ ရှိလို့ ဖြစ်ပါတယ်။ အခုခေတ် မြန်မာများက ပိုက်ဆံချမ်းသာခြင်းကို ဦးစားပေးကြတယ်။ ပိုက်ဆံချမ်းသာလာတဲ့ လူတွေကို အားကျတယ်။ အဲဒီ သူဌေးကြီးမျာဟာ အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေ ကို သစ္စာရှိနေကြတာ တွေ့နိုင်ပါတယ်။
.
မြန်မာလူမျိုးများကတော့ သစ္စာတရားကို အရမ်းတန်ဖိုးထားကြပါတယ်။ နိုင်ငံရေးမှာ ရှေးမင်းဘုရင်များလက်ထက်ကတည်းက သစ္စာခံခြင်း၊ သစ္စာရေသောက်ခြင်း၊ သွေးသောက်သစ္စာဆိုခြင်း စတဲ့အလေ့အထများ ရှိပါတယ်။ ဘာသာရေးမှာလည်း ဗုဒ္ဓဘာသာမှာ ဒုက္ခ ဆိုတဲ့ ဆင်းရဲခြင်းက လွတ်မြောက်အောင် နိဗာန်ရောက်တရားများ ကျင့်ကြံ အားထုတ်ကြပါတယ်။ သစ္စာလေးပါးအကြောင်း https://en.wikipedia.org/wiki/Four_Noble_Truths မှာရေးထားပါတယ်။ the four truths are dukkha, samudaya ("arising," "coming together"), nirodha ("cessation," "confinement"), and marga, the path leading to cessation. လို့ အဓိပါယ်ဖွင့်ထားပါတယ်။ သစ္စာကို မြန်မာလူမျိုးများက အလွန်အလေးထားကြပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ကို သစ္စာစောင့်ခြင်းဓလေ့ လွှမ်းမိုးလှပါတယ်။
.
လူ့ဘ၀မှာ ဆရာဆိုတာ ရှိရပါတယ်။ ဆရာမပြ နည်းမကျ ဆိုစကားအတိုင်း အလုပ်လုပ်ရင် ဘာပဲလုပ်လုပ် ဆရာသမားထံမှာ သစ္စာရှိစွာ တပည့်ခံရပါတယ်။ ဆရာကလည်း တပည့်များစွာ ရှိပေမဲ့ သူ့ကို သစ္စာရှိသူများကိုသာ ရွေးချယ်ပြီး ပညာသင်ပေးတယ်၊ ချီးမြှေက်စားတယ်၊ ယုံကြည်တယ်။ ဒါကြောင့် သစ္စာရှိတဲ့ တပည့်တွေပဲ ဆရာထံက ပညာတွေ၊ အာဏာတွေ ဆက်ခံရပါတယ်။ သူဌေးကြီးကလဲ သစ္စာရှိတဲ့ တပည့်သားမြေးများထဲက သူ့ကို ဆက်ခံမဲ့လူတစ်ယောက်ကို ရွေးချယ်ပါတယ်။ အာဏာရှင် ခေါင်းဆောင်တစ်ယောက်ကလဲ သူ့ကိုသစ္စာရှိသူ တစ်ယောက်ကို သူ့နေရာဆက်ခံမဲ့သူအဖြစ် ရွေးချယ်လေ့ရှိပါတယ်။ အလားတူပဲ ကဏ္ဍအသီးသီးမှာ သူ့ကို သစ္စာရှိသူများကိုပဲ ရွေးချယ်လေ့ရှိပါတယ်။
.
အာဏာရှင်စနစ်မှာတော့ ခေါင်းဆောင်ကပဲ ရွေးချယ်ခန့်ထားကြတယ် ပြောနိုင်ပေမဲ့ ဒီမိုကရေစီစနစ်မှာလဲ ခေါင်းဆောင်ကပဲ ရွေးချယ်ခန့်ထားလေ့ရှိပါတယ်။ သူဌေးကြီးက ပိုက်ဆံအမြတ်များများ ရတဲ့အလုပ်တွေကို အုပ်ချုပ်ဖို့ လူရွေးချယ်ရင် သူ့ကိုသစ္စာခံသူများကိုပဲ ရွေးချယ်သလို၊ အုပ်ချုပ်သူ ၀န်ကြီးချုပ်တစ်ယောက်ကလဲ ၀န်ကြီးများကို ရွေးချယ်တဲ့အခါ သူ့ကို သစ္စာခံသူများကိုပဲ ရွေးချယ်ခန့်ထားလေ့ရှိပါတယ်။ ဘယ်လောက်ပဲ စာတွေ၊ ဥပဒေတွေနဲ့ရေးထားပါစေ လူရွေးချယ်ခန့်ထားတဲ့အခါ ခေါင်းဆောင်ကို သစ္စာခံသူများပဲ ရွေးချယ်ခံရလေ့ရှိပါတယ်။
.
ဥပမာ နိုင်ငံရေးမှာ တိုင်းပြည်ကို အသက်နဲ့လဲပြီး ပေးဆပ်မဲ့လူကို ရွေးချယ်ချင်တယ်ဆိုပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ခေါင်းဆောင်ဖြစ်နေချိန်မှာ အရည်ချင်းရှိပြီး၊ သူနဲ့တွဲလုပ်နိုင်မဲ့သူ၊ သူ့စကားနားထောင်မဲ့သူတွေကိုပဲ အရေးပါတဲ့ ရာထူးများအတွက် ရွေးချယ်ခန့်ထားပါတယ်။ အရည်အချင်းရှိပေမဲ့ သူ့စကားနားထောင်မဲ့ ပုံမရှိရင် ရွေးချယ်မှာမဟုတ်ပါဘူး။ အလားတူပါပဲ ..ဌာနအကြီးအကဲတစ်ယောက်၊ သူဌေးတစ်ယောက် သူ့စကားနားထောင်မဲ့လူကိုပဲ ဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်။ သူ့အပေါ်သစ္စာရှိသူဟာ သူ့စကားနားထောင်မှာ ဖြစ်ပါတယ်။
.
အရည်အချင်းရှိတဲ့လူကို ရွေးချယ်ရင်တော့ သူ့စကားနားမထောင်ပဲ တချိန်မှာ သူ့ကို ပုန်ကန်ပြီး၊ သူ့နေရာလုယူ၊ သူ့ထိုင်ခုံ ၀င်ထိုင်မဲ့ လူဖြစ်သွားမှာ အလွန်စိုးရိမ်ကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင် ဆိုရင် သူ့ကို အာဏာသိမ်းမဲ့ လူကို ရာထူးပေးလေ့မရှိပါဘူး။ ဒါကြောင့် စစ်အာဏာသိမ်းပြီး ခေါင်းဆောင်ဖြစ်လာသူ ဗိုလ်နေ၀င်းမှာ စစ်ပဲတိုက်တတ်တယ်။ အခြား အရည်အချင်းတွေ အားနည်းတော့ သူ့အာဏာမြဲဖို့ သူ့ကို သစ္စာခံသူများပဲ အရေးပါတဲ့ ရာထူးတွေကို ခန့်ထားတယ်။ နောက်ဆုံးတော့ စစ်အာဏာရှင်စနစ်ကြီးကို အခိုင်အမာ တည်ထောင်မိသား ဖြစ်သွားပြီး နှစ်ပေါင်း ၅၀ ကြာသွားပါတယ်။
.
.
ဘယ်သူ့ကို သစ္စာခံမလဲ...
သစ္စာခံများကို ဦးစားပေးခြင်းက လူ့သဘာဝ ဖြစ်ပါတယ်။ မိမိဘ၀ တိုးတက်အောင်မြင်လိုရင် ကိုယ့်အထက်လူကြီးတစ်ယောက်ကို သစ္စာခံရပါမယ်။ သူဌေးကြီးဖြစ်လိုရင် မိမိနဲ့ကိုက်ညီတဲ့ သူဌေးကြီးတစ်ယောက်ကို ရွေးချယ် သစ္စာခံရမယ်။ သူ့လက်အောက်မှာ အလုပ်လုပ်ခွင့်ရအောင် ချဉ်းကပ်ရပါတယ်။ အများစုကတော့ မိမိလုပ်ငန်းထဲမှာပဲ သစ္စာခံရမဲ့ အထက်လူကြီးတစ်ယောက်ကို တွေ့သွားပြီး၊ ကိုယ့်လူကြီး ရာထူးတက်လေလေ၊ သူလည်း ရာထူးတွေ တက်လာပါတယ်။ နောက်ဆုံး ကိုယ့်လူကြီး ရာထူးပြုတ်သွားရင် ကိုယ်လဲ အတူပြုတ်သွားပါတယ်။ ဒီမိုကရေစီ စနစ်မှာတော့ ကံအကြောင်းမလှလို့ ကိုယ့်လူကြီး ရာထူးပြုတ်သွားရင်၊ ကိုယ့်သူဌေး မွဲသွားရင်လဲ မိမိလဲ အတူလဲကျမသွားနိုင်ပါဘူး။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ခေါင်းဆောင်ရဲ့ နောက်လိုက် သစ္စာခံ လုပ်ရတာ စိတ်ချမ်းသာတဲ့အပြင်၊ အထက်လူကြီး ချမ်းသာကြွယ်ဝ၊ ရာထူးသြဇာတွေကို သစ္စာခံသူ မိမိလည်း မလွဲမသွေ ခံစားရပါတယ်။ မိမိလည်း ချမ်းသားကြွယ်ဝ၊ ရာထူးတွေ ရလာတဲ့အပြင် ၀မ်းနည်းခြင်းတွေ မရောနှောတဲ့ ပျော်ရွှင်မှုကိုလဲ ခံစားရပါမယ်။
.
ဒါကြောင့် ဘယ်သူ့ကို သစ္စာခံရမလဲ ဆိုတာ အရေးကြီးဆုံး ဖြစ်ပါတယ်။ မိမိသစ္စာခံတဲ့ အထက်လူကြီး (သို့မဟုတ်) သူငယ်ချင်းမိတ်ဆွေကို လေးစားရမယ်၊ ချစ်ရမယ်၊ ချစ်ကြောက်ရိုသေ ဆိုတာ ဖြစ်လာပါတယ်။ သူ့ရဲ့ ကိုယ်ကျင့်တရားကို ကောင်းသထက်ကောင်းလာအောင် ပံ့ပိုးကူညီရမယ်။ မိမိသစ္စာခံတဲ့လူက မိမိထက်ရာထူးကြီးသွားပါစေ၊ မိမိထက် ရာထူးငယ်သွားပါစေ၊ သစ္စာရှိခြင်းကို ထာဝရ ထိမ်းသိမ်းသွားရပါတယ်။
.
ဘာသာရေးမှာလဲ ဘုရာကိုနံပါတ်(၁) ထားရမယ် သွန်သင်ပေမဲ့ လက်တွေ့မှာတော့ ဆရာကောင်းတပည့်တွေပဲ အောင်မြင်ပါတယ်။ ဘုရားပဲ သစ္စာခံမယ်၊ လူကိုသစ္စာမခံဘူး ပြောသူ၊ လုပ်ကိုင်သူများဟာ လမ်းလွဲသွားတတ်ပါတယ်။ အလာတူ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီးမှာလဲ ဘယ်သူ့ကိုမှ သစ္စာမခံဘူး၊ ကောင်းတာတွေ၊ လူ့အကျိုးပြုလုပ်ငန်းတွေ ငါ့ဖာသာငါ ရွေးချယ်လုပ်မယ် ဆိုသူများ ငါဝါဒ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် အောင်မြင်လာရင် သူဌေးဖြစ်လာရင် သူကိုယ်တိုင်ပျက်စီးသွားတတ်တယ်။ သို့မဟုတ် သူ့သားသမီးတွေ ပျက်စီးသွားတတ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ မိမိသစ္စာခံမဲ့လူ တနည်းအားဖြင့် မိမိကို သွန်သင်၊ ဝေဖန်မဲ့သူကို ပညာရှအမတ်ကြီးအဖြစ် အနားမှာထားရပါတယ်။ ထုတ်ပယ်မပစ်ရပါဘူး။
.
အခုခေတ် သူဌေးကြီး ဂျက်မား ဆိုတဲ့ အလီဘာဘာ အင်တာနက်လုပ်ငန်းရှင်ကြီးက ပြောပါတယ်။ အသက်၃၀နဲ့ ၄၀ကြားမှာ ဘယ်သူ့ကို သစ္စာခံရမလဲ ဆိုတာ ရှာပြီး၊ အဲဒီလူကို မိမိရဲ့ သူဌေး (ဘောစ်) အဖြစ် ရွေးချယ်လိုက်ပါ။ အဲဒီ ဘော့စ်ထံမှာ ပညာများကို သင်ယူ၊ ကြိုးစားပါ။ အသက်၄၀ကျော်ရင်တော့ မိမိရရှိတဲ့ ပညာရပ်များကို အသုံးချပြီး မိမိကိုသစ္စာခံမဲ့ လူများ ရွေးချယ်ပါ။ အသက်၅၀ကျော်သွားရင်တော့ ထိုင်ခုံပေါ်ထိုင်လိုက်ပြီး ဘ၀ကို အရသာခံလိုက်ပါ လို့လူငယ်များကို ပြောပါတယ်။
.
မိမိအနားက မိတ်ဆွေကောင်းတစ်ယောက်ကို သစ္စာရှိနိုင်ကြပါစေ။
.
ဇော်အောင်
၁၆.နိုဝင်ဘာ.၂၀၁၇
သစ္စာတရားမှာ ဘုရားကိုသစ္စာရှိ၊ ကိုးကွယ်တဲ့အကြောင်း တေးရေးဆရာ စောဝင်းလွင်ရဲ့ သီချင်းကို လင့်ပေးလိုက်ပါတယ်။
https://www.facebook.com/nscingbawi/videos/755266311240536/
.
.
No comments:
Post a Comment