Thursday, February 24, 2022

လေကြောင်း၊ ရုရှား ဗုံးကြဲတိုက်ခိုက်မှုတွေ မြန်မာတော်လှန်ရေးသင်ခဏ်းစာ


 လေကြောင်း၊ ရုရှား ဗုံးကြဲတိုက်ခိုက်မှုတွေ

မြန်မာတော်လှန်ရေးသင်ခဏ်းစာ
မထင်မှတ်လောက်အောင် ရုရှား စစ်ဝါဒီတွေ ရက်စက်နေပါပြိ။ ဒုတိယကမ္ဘာစစ် ဂျာမဏီက ပိုလန်ကို အဲလိုပဲ ဝင်သိမ်းသယားချိန် ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီးက ဘာမှ မလုပ်နိုင်ခဲ့ပါ။ ဒါနဲ့ စစ်ကြီးဖြစ်သွားပါတယ်။ ယူကရန်းနဲ့ရုရှားက ယူကရိန်းထက် စစ်အင်အား မယှဥ်သာအောင် ကြီးမားပါတယ်။ သို့သော် မြေပြင်တပ်တွေ ဝင်သိမ်းဖို့ ၁၉၆၇ အာရပ်-အစ္စရေး စစ်ပွဲ၊ အမေရိကန်-အီရတ်ကိုသိမ်းပိုက်စစ်ပွဲ ကဲ့သို့ လေကြောင်း အသာစီးရဖို့ ယူကရိန်းလေတပ်ကို အရင်ဖျတ်ဆီးနေတာပါ။
စစ်အင်အား နှိုင်းယှဥ်ရင် ..ယူကရိန်း .......ရုရှား
လက်ရှိစစ်သား....... ၂ သိန်း .......၉ သိန်း
အရံတပ်သား..........၉ သိန်း .......၂သိန်း
တိုက်လေယာဥ် .......၉၈ စင်း........၁၅၁၁ စင်း
တိုက်-ဟယ်လီကော်ပတာ.......၃၄ စင်း.........၅၄၄ စင်း
တင့်ကား..........၂၅၉၆ ..........၁၂၂၄၀
သံချပ်ကား........၁၂၃၀၃ ..........၃၀၁၂၂
အမြောက်လက်နက်ကြီး.....၂၀၄၀ ..........၇၅၇၁
ဒီအချက်ကို ကြည့်ရင် ရုရှားစစ်တပ်ကြီး ယူကရိန်းနိုင်ငံထဲ ဝင်လာဖို့ အလွန်ကြီးမားတဲ့ မြေပြင်တိုက်ပွဲများ ဆင်နွဲရမှာပါ။ လေတပ်ကို ချေမှုန်းခံရရင် ယူကရိန်းတပ်တွေအတွက် အတော်ခက်ခဲ၊ သေကြေကြဖို့ ရှိပါတယ်။
.
.
ဆရာမြတ်ထွန်းဦး သုံးသပ်ချက်ပါ
ဒီအဖြစ်အပျက်ကနေ စာရေးသူတို့ တော်လှန်ရေးအတွက် ဘာသင်ခန်းစာယူမှာလဲ? အရေးကြီးဆုံးသင်ခန်းစာကတော့ စာရေးသူတို့ကို အနောက်ကတပ်ဝင်လာပြီး ကယ်ဖို့ဆိုတာ မေ့လိုက်ပါ။ နောက်ပြီးကိုယ့်အားကိုယ်ကိုးရပါမယ်။ မူဝါဒချမှတ်ရာမှာ ဘယ်နိုင်ငံကိုမှ သိပ်ကြိုက်အောင်လုပ်မနေဘဲ မိမိတို့တော်လှန်ရေးအောင်ဖို့အတွက် လုပ်စရာရှိတာကို လုပ်သွားရပါမယ်။ ရှင်းစရာရှိသူကို ဘီဘီစီက ဝေဖန်မှာကြောက်မနေဘဲ ရှင်းရပါမယ်။ အမှားဆိုတာရှိနိုင်ပါတယ်။ ဥပမာ PDF က မအလယဉ်တန်းကို ခြုံခိုတိုက်တယ်ဆိုပါစို့။ အဲ့ဒီယာဉ်တန်းက စာရေးသူနဲ့ မိသားစုပါလာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငါ့ကိုထောက်ခံသူလား ဘာလားဆိုတာ PDF တွေအတွက် ခွဲခြားသိဖို့ကမဖြစ်နိုင်ပါ။ နောက်ပြီး စာရေးသူမိသားစုပါလာလို့ အရပ်သားဝတ်စုံမိုလို့ မပစ်ခဲ့ရင်လဲ မအလတပ်ကနောက်ပိုင်း ဒီနည်းကိုသုံးပြီး တပ်ရွှေ့လာမှာပါ။ ဒါကြောင့် စစ်ယူနီဖောင်းနဲ့တွေ့ရင် သေနတ်ပါသူဆိုရင် အရပ်ဝတ်နဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ်၊ စစ်ဝတ်စုံနဲ့ဖြစ်ဖြစ် လုပ်စရာရှိတာကိုလုပ်မှ စစ်ပွဲက အောင်နိုင်မှာပါ။
နောက်အာဏာရှင်များဟာ လက်နက်အင်အားစကားကိုသာ နားလည်ပါတယ်။ ဒါက အမေရိကန်-ကျူးဘား ဒုံးပျံအရေးအခင်း၊ ဆိုဗီယက်-တရုတ်နယ်စပ်အငြင်းပွါးမှု၊ အီရတ်၊ လစ်ဗျားကိစ္စတွေက ပြနေပါတယ်။ ထိုအားရှိဖို့က လက်နက်လိုပြီး ထိုလက်နက်ကောင်းရဖို့အတွက် စာရေးသူတို့က ကိုယ့်အားကိုယ်ကိုးပြီး ဆက်ထောက်ပံ့ရပါမယ်။
အကျဉ်းချုပ်ရရင် ယူကရိန်းကပေးတဲ့သင်ခန်းစာက အနောက်ကိုမမျှော်ဘဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်စရာရှိတာကို လုပ်ဖို့ပါ။ မိမိတို့နယ်မြေရလာရင် ထောက်ခံသူက နောက်ကလိုက်လာပါလိမ့်မယ်လို့ ပြောပါရစေ။ နောက်သင်ခန်းစာက တော်လှန်ရေးကို တော်လှန်ရေးသဘောအနေနဲ့သာ ပြတ်ပြတ်သားသားလုပ်ကြဖို့ပါ။ တူမီးနဲ့ အမေရိကန်စစ်တပ်လို စစ်စည်းကမ်းအတိုင်းတိုက်နေရင် အဆင်မပြေသလို ဖက်ဆစ်တပ်ရဲ့ ဉာဏ်နီဉာဏ်နက်ကို ရိုးသားစွာတိုက်လို့မရပါလို့ပြောပါရစေ။
photo credit and reference: BBC and Bank of Russia
Myat Tun Oo

ယူကရိန်း၊ မြန်မာ၊ ဗီယက်နမ် ခပ်ဆင်ဆင်လား


 ယူကရိန်း၊ မြန်မာ၊ ဗီယက်နမ်

ခပ်ဆင်ဆင်လား
(၂၀၁၄) မှာ ရုရှားက ယူကရိန်းပိုင်နက်ဖြစ်တဲ့ ခရိုင်းမီးယားကို သေနတ်တချက်မဖောက်ဘဲ ဝင်သိမ်းသွားတယ်။ အခု (၂၀၂၂) မှာ ရုရှားက ယူကရိန်း နယ်ထဲကို စစ်တပ်တွေ လွှတ်နေပါတယ်။
... နိုင်ငံရေးစနစ်နဲ့ ပထဝီ နိုင်ငံရေးရူ့ထောင့် ကြည့်ရင် ရုရှားနဲ့ တရုတ်တို့ ကြားမှာ တူညီချက်များစွာရှိသလို ယူကရိန်းနဲ့ မြန်မာတို့ကြားမှာ တူညီချက်များစွာ ရှိပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါ ဖြစ်သလို တရုတ်ဟာလည်း မြန်မာနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါဖြစ်နေတယ်။ အဓိက ကုန်သွယ်ဖက် ဖြစ်သလို၊ ကြွေးရှင်လည်းဖြစ်တယ်။ ရုရှားနဲ့ တရုတ်တို့ဟာ အာဏာရှင်ဆန်တဲ့ နိုင်ငံတွေ ဖြစ်ပြီး ယူကရိန်းနဲ့ မြန်မာတို့ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ အားယူနေဆဲ နိုင်ငံတွေဖြစ်တယ်။
...ယူကရိန်းက ရုရှားရဲ့ အကျိုးစီးပွားကို လျစ်လျူရူ့ခဲ့တယ်။ ယူကရိန်းမှာ အကျင့်ပျက်ပြီး ရုရှားယိမ်းတဲ့ ညံ့ဖျင်းတဲ့ အစိုးရကို လူထုအုံကြွမှုနဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။
...ခရိုင်းမီးယား ဒေသမှာ ရုရှားလူဦးရေက ၆၀ ရာခိုင်နှုန်း၊ ယူကရိန်းက ၂၅ ရာခိုင်နှုန်း၊ တာတာ (မွတ်စလင်) တွေက ၁၂ ရာခိုင်နှုန်း ရှိပြီး၊ ယူကရိန်း လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရုရှားစကားကို အဓိက ဘာသာစကားအနေနဲ့ အသုံးပြုကြပါတယ်။.ယူကရိန်း အစိုးရသစ်က ရုရှား ဘာသာစကားကို တရားဝင် ဘာသာစကားအဖြစ်ကနေ ဖျက်သိမ်းလိုက်တဲ့အခါ ရုရှား လူမျိုးတွေအတွက် အန္တရာယ် ကျရောက်တော့မယ့် အရိပ်အယောင်တွေ တွေ့နေရတယ်ဆိုပြီး ပူတင်အတွက် အကြောင်းပြ တခါတည်း ရသွားပါတယ်။
...တကယ်တော့ ယူကရိန်းနဲ့ ရုရှားတို့ကြားမှာ လွန်ခဲ့တဲ့ နှစ် ၂၀ က နယ်မြေ မကျူးကျော်ရေး အကျုံးဝင်တဲ့ စာချုပ်ချုပ်ဆိုထားတာရှိပါတယ်။ အဲဒီစာချုပ်မှာ ယူကေနဲ့ အမေရိကန် ပြည်ထောင်စုတို့လည်း လက်မှတ် ထိုးထားပါတယ်။
...အကယ်၍ ယူကရိန်း ဒါမှမဟုတ် ဂျော်ဂျီယာမှာ ရုရှားက စွန့်စွန့်စားစား နိုင်ငံရေးကစားလာရင် အမေရိကားရော၊ ဥရောပနိုင်ငံတွေပါ ဘာလုပ်နိုင်မလဲလို့ မေးရင် အဖြေက ဘာမှ မလုပ်နိုင်ပါဘူး” တဲ့။
...ယူကရိန်းနဲ့ ရုရှားဆက်ဆံရေးလိုပဲ မြန်မာနဲ့ တရုတ်ဆက်ဆံရေးမှာလည်း တရုတ်အကျိုးစီးပွား ဆိုတာကို လျစ်လျူမရူ့ဖို့ လိုပါလိမ့်တယ်။
...
23-feb-2022 Ne T Ny ပို့စ်မှ ကောက်နုတ်ပါတယ်။
.
.
ပုံ - Futurism စစ်ဝါဒီ
...အီတလီကဗျာဆရာ F. T. Marinetti (အက်ဖ် တီ မာရီနက်တီ)၏ စစ်ဝါဒီ ကြေညာစာတမ်း ထုတ်ဝေပြီး ၅ နှစ်အကြာတွင် ဒုတိယကမ္ဘာစစ် သည် အပြင်းအထန်စတင်ပါတော့သည်။ မာရီနက်တီကိုယ်တိုင်လည်း ၁၉၄၄ တွင် ကွယ်လွန်ခဲ့သည်။
...ဖက်ဆစ်အီတလီ စစ်ဝါဒီကဗျာဆရာ မာရီနက်တီ (၁၈၇၆-၁၈၄၄) ရဲ့ အနာဂါတ်ဝါဒ Futurism ဖြစ်သည်။ အီတလီနိုင်ငံ၊ အီတလီလူမျိုးများသည် ရောမအင်ပါယာ အဖြစ်ကမ္ဘာ့သမိုင်းတွင် ကြီးကျယ်ခဲ့သော်လည်း မာရီနက်တီ ကဲ့သို့သော စစ်ဝါဒီကြောင့် ခေတ်သစ်‌ရောမ၊ အီတလီနိုင်ငံတွင် မူဆိုလီနီ ကဲ့သို့ အာဏာရှင်ပေါ်‌ပေါက်ပြီး၊ ဂျာမဏီဟစ်တလာ နှင့်ပေါင်းပြီး ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခဲ့ရသည်။ ယခုလည်း ရုရှား နိုင်ငံသည် မြန်မာစစ်ဝါဒီ များကို လက်နက်ထောက်ပံ့ရုံမက၊ ယူကရိန်းကို ကျူးကျော်စစ်မီးမွှေး ခြိမ်းခြောက်နေသည်မှာ ဝမ်းနည်းစရာဖြစ်သည်။
.
.
သုံးသပ်ရရင်
...မြန်မာနဲ့ယူကရိန်း တူညီချက်များစွာရှိသလို လုံးဝမတူတဲ့ အချက်က ယူကရိန်း ရုရှားထံမှ လွတ်လပ်ရေးရတာ နှစ်၃၀ ပဲ ရှိပါသေးတယ်။ လောလောဆယ် ယူကရိန်း ပြည်သူ သန်း၅၀ နဲ့ စစ်တပ်က ညီညွတ်နေပါတယ်။ မြန်မာကတော့ မညီညွတ်ပဲ စစ်တပ်က အာဏာသိမ်းထားဆဲပါ။
...မြန်မာထက်စာရင် ဗီယက်နမ်က ယူကရိန်းနဲ့ ပိုပြီးတူပါတယ်။ တရုတ်ကူညီမှုနဲ့ ဗီယက်နမ်တွေက ပြင်သစ် နဲ့ အမေရိကန် နယ်ချဲတွေကို အနိုင်တိုက်နိုငမပါတယ်။ တရုပ်တပည့်မခံလို့ တရုတ်စစ်တပ်က ဗီယက်နမ်မြောက်ပိုင်းကို ၁၉၈၀ ခန့်က ဝင်သိမ်းဆုံးမပြီး ပြန်ဆုတ်သွားပါတယ်။
...အဓိက ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်း အောက်မှာ ဗီယက်နမ်လူမျိုးများ ညီညွတ်ကြလို့ဖြစ်တယ်။ မြန်မာနဲ့ ယူကရိန်း ၂နိုင်ငံမှာ လူမျိုးစု များစွာ နေထိုင်ကြသော်လည်း ဗီယက်နမ်၊ ကိုးရီးယား တွေက လူတစ်မျိုးထဲက လူဦးရေရဲ့ ၉၀ ရာနှုန်း ရှိပါတယ်။ မတူညီချက်ပါ။
...ယူကရိန်း ကိုတော့ ရုရှား သိမ်းဖို့မလွယ်ပါ။
...ကရိုင်းမီးယား လူထုဆန္နခံယူပြီး ရုရှားတပ်ဝင်သိမ်းသလိုပဲ၊ နောက်ထပ် နယ်မြေ ၂ခု ဒွန်းနက်စ် နှင့် လူဟန့် ‌ဒေသတွေလည်း ရုရှားတပ် ဝင်သိမ်းဖို့ သေချာသလောက်ပါ။ အမေရိကန်၊ အီးယူ အားလုံး ဘာမှမတတ်နိုင်ပါ။
...လက်ရှိ မြန်မာ စစ်အာဏာသိမ်း စစ်ကောင်စီ ကလဲ တရုတ်နဲ့အဆင်မပြေပါ။ စစ်ကောင်စီ လက်လျှော့ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီ ပါတီနဲ့ ကြားဖြတ်အစိုးရ မဖွဲ့စည်းနိုင်ရင် မြန်မာပြည်သူတွေ လုံးပါး ပြီး စစ်ဒဏ် မရှုမလှ ၂နှစ်မကအောင် ခံရနိုင်ပါတယ်။
... ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ခေါင်းဆောင်ကောင်း မသေခင် ပြန်လည်ညီညွတ်စေနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။
ZNG
.
.
Myat Tun Oo

ယခုယူကရိန်းကို ရုရှားက ဝင်တိုက်ဖို့ပြင်နေတာ အားလုံးသိမှာပါ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီးမှာ ယူကရိန်းက အနုမြူလက်နက် သုံးပုံတစ်ပုံ ဆိုဗီယက်ကနေ အမွေဆက်ခံခဲ့ပါတယ်။ ဒါပေမယ့်၁၉၉၄ မှာ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်နဲ့ ရုရှားက လုံခြုံရေးအာမခံလို့ သူ့အနုမြူလက်နက်တွေကိုဖျက်ပေးခဲ့ပါတယ်။ ဒီလို အနုမြူကို လုံခြုံရေးအာမခံချက်နဲ့ စွန့်လွှတ်ခဲ့ပေမယ့် ယခုအချိန်ရုရှားကကျူးကျော်လာချိန်မှာ ဘယ်နိုင်ငံကမှ သူတို့စစ်သားတွေလွှတ်ပြီး လာမကူတာ တွေ့ရမှာပါ။ ယူကရိန်းလိုဘဲ ဆိုဗီယက်နဲ့ တရုတ်ဟာလဲ ၁၉၆၉ မှာ နယ်စပ်အငြင်းပွါးမှုဖြစ်ပြီး စစ်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တရုတ်က ၁၉၆၄ မှာ အနုမြူဗုံး စမ်းသပ်ပြီးသွားလို့ စစ်ဖြစ်ချိန် ၁၉၆၉မှာ ရုရှား/ဆိုဗီယက်က ယူကရိန်းလိုတော့ ဝင်မသိမ်းရဲခဲ့ပါ။ နောက်ပြီး ယူကရိန်းနဲ့ ဂျော်ဂျီယာမှာ အစိုးရတွေက အနောက်အုပ်စုနဲ့နိးစပ်လိုတာကို အနောက်အုပ်စုက ဝိုင်းကြိုကြပေမယ့် ယခုလိုတကယ်ပြဿနာဖြစ်လာချိန်မှာ စီးပွါးရေးပိတ်ဆို့တာသာ အဓိကလုပ်တာတွေ့ရမှာပါ။ ရုရှားမှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာနဲ့ရွှေ စုစုပေါင်းဒေါ်လာဘီလီယံ ၆၃၀ ရှိပါတယ်။ ဒါကြောင့် ရေတိုမှာ သူ့အတွက်ပြဿနာမရှိပါ။

ဒီအဖြစ်အပျက်ကနေ စာရေးသူတို့ တော်လှန်ရေးအတွက် ဘာသင်ခန်းစာယူမှာလဲ? အရေးကြီးဆုံးသင်ခန်းစာကတော့ စာရေးသူတို့ကို အနောက်ကတပ်ဝင်လာပြီး ကယ်ဖို့ဆိုတာ မေ့လိုက်ပါ။ နောက်ပြီးကိုယ့်အားကိုယ်ကိုးရပါမယ်။ မူဝါဒချမှတ်ရာမှာ ဘယ်နိုင်ငံကိုမှ သိပ်ကြိုက်အောင်လုပ်မနေဘဲ မိမိတို့တော်လှန်ရေးအောင်ဖို့အတွက် လုပ်စရာရှိတာကို လုပ်သွားရပါမယ်။ ရှင်းစရာရှိသူကို ဘီဘီစီက ဝေဖန်မှာကြောက်မနေဘဲ ရှင်းရပါမယ်။ အမှားဆိုတာရှိနိုင်ပါတယ်။ ဥပမာ PDF က မအလယဉ်တန်းကို ခြုံခိုတိုက်တယ်ဆိုပါစို့။ အဲ့ဒီယာဉ်တန်းက စာရေးသူနဲ့ မိသားစုပါလာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငါ့ကိုထောက်ခံသူလား ဘာလားဆိုတာ PDF တွေအတွက် ခွဲခြားသိဖို့ကမဖြစ်နိုင်ပါ။ နောက်ပြီး စာရေးသူမိသားစုပါလာလို့ အရပ်သားဝတ်စုံမိုလို့ မပစ်ခဲ့ရင်လဲ မအလတပ်ကနောက်ပိုင်း ဒီနည်းကိုသုံးပြီး တပ်ရွှေ့လာမှာပါ။ ဒါကြောင့် စစ်ယူနီဖောင်းနဲ့တွေ့ရင် သေနတ်ပါသူဆိုရင် အရပ်ဝတ်နဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ်၊ စစ်ဝတ်စုံနဲ့ဖြစ်ဖြစ် လုပ်စရာရှိတာကိုလုပ်မှ စစ်ပွဲက အောင်နိုင်မှာပါ။

နောက်အာဏာရှင်များဟာ လက်နက်အင်အားစကားကိုသာ နားလည်ပါတယ်။ ဒါက အမေရိကန်-ကျူးဘား ဒုံးပျံအရေးအခင်း၊ ဆိုဗီယက်-တရုတ်နယ်စပ်အငြင်းပွါးမှု၊ အီရတ်၊ လစ်ဗျားကိစ္စတွေက ပြနေပါတယ်။ ထိုအားရှိဖို့က လက်နက်လိုပြီး ထိုလက်နက်ကောင်းရဖို့အတွက် စာရေးသူတို့က ကိုယ့်အားကိုယ်ကိုးပြီး ဆက်ထောက်ပံ့ရပါမယ်။

အကျဉ်းချုပ်ရရင် ယူကရိန်းကပေးတဲ့သင်ခန်းစာက အနောက်ကိုမမျှော်ဘဲ ကိုယ့်အားကိုယ်ကိုးပြီးလုပ်စရာရှိတာကို လုပ်ဖို့ပါ။ မိမိတို့နယ်မြေရလာရင် ထောက်ခံသူက နောက်ကလိုက်လာပါလိမ့်မယ်လို့ပြောပါရစေ။ နောက်သင်ခန်းစာက တော်လှန်ရေးကို တော်လှန်ရေးသဘောအနေနဲ့သာ ပြတ်ပြတ်သားသားလုပ်ကြဖို့ပါ။ တူမီးနဲ့ အမေရိကန်စစ်တပ်လို စစ်စည်းကမ်းအတိုင်းတိုက်နေရင် အဆင်မပြေသလိုဖက်ဆစ်တပ်ရဲ့ ဉာဏ်နီဉာဏ်နက်ကို ရိုးသားစွာတိုက်လို့မရပါလို့ပြောပါရစေ။

photo credit and reference: BBC and Bank of Russia https://www.myattunoo.com/

Thursday, September 2, 2021

မြန်မာနိုင်ငံအရေးနဲ့ တရုတ်၊အမေရိကန် စီးပွားအားပြိုင်မှု


 မြန်မာနိုင်ငံအရေးနဲ့
တရုတ်၊အမေရိကန် စီးပွားအားပြိုင်မှု

အမေရိကန်နိုင်ငံ စစ်အင်အားနဲ့စီးပွားအင်အားကြီး နိုင်ငံအဖြစ် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်တပ်ကြီးကို တကမ္ဘာလုံး ဖြန်ကျက် ဦးဆောင်ခဲ့တယ်။ ရုရှားကွန်မြူနစ်များက အပြိုင်အဆိုင် အနုမြူဗုံးထုတ်လုပ် စစ်အေးခေတ်ပြိုင်ဆိုင်ရင်း ၁၉၉၀ မှာ စီးပွားရေးချွတ်ခြုံကျလို့ ရုရှားအင်ပါယာ ပြိုကွဲသွားတယ်။ အမေရိကန်က တစ်ဦးတည်း ဆူပါပါဝါ ဖြစ်နေချိန် ရုရှားပြိုကွဲတာ သင်ခဏ်းစာယူပြီး တရုတ်ကွန်မြူနစ်တွေက စီးပွားရေးကိုပဲ ဦးထိတ်ထားကြိုးစားကြတယ်။ 

.2010 မှာ စီးပွားအင်အား GDP ကမ္ဘာ့ ဒုတိယအကြီးဆုံးနိုင်ငံ အဖြစ် ဂျပန်ကိုကျော်လွှားတယ်။ အဲဒီအချိန်က တရုတ် GDP က အမေရိကန်ရဲ့ ထက်ဝက်ပဲ ရှိပါတယ်။ ယခု 2021 မှာတော့ အမေရိကန်ကို 2030 မှာ သေချာပေါက် ကျော်တက်တော့မယ်၊ သို့သော် အမေရိကန်ကလည်း ပြုပြင်ပြောင်းလဲပီး 2055 မှာ တရုတ်ကိုပြန်ကျော်တက်မယ်။ သူတပြန်ကိုယ်တပြန် စီးပွားအင်အား မတိမ်းမယိမ်း ဆက်ရှိနေမယ်လို့ ဂျပန်ပညာရှင်များ ခန့်မှန်းကြပါတယ်။ 

ပုံ.. GDP Trends of Big nations.

ဂရပ်ဇယားပုံအရ လူဦးရေများတဲ့ တရုတ်ကို လူဦးရေများတဲ့ အိန္နိယနိုင်ငံကပဲ တတိယစီးပွားအင်အားကြီး အဖြစ် ယှဥ်နိုင်ပြီး ဂျပန်၊ ဂျာမဏီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ အီတလီ စတဲ့ ယခင် စစ်ရေးနဲ့စီးပွား အင်အားကြီးနိုင်ငံများက နောက်ကောက်ကျနေတာ မြင်ရပါတယ်။ 
.
တချို့က နိုင်ငံရဲ့စီးပွားအင်အားကြီးတာနဲ့ သြဇာကြီးတာ သိပ်မဆိုင်သလို ရေးကြ၊ပြောကြတယ်။ စစ်ရေးအင်အားနဲ့ အခြားကဏ္ဏများ ဥပမာ နိုင်ငံငယ်များကိုစည်းရုံးနိုင်မှု၊ ဒေသအလိုက် နိုင်ငံအဖွဲ့အစည်းများရဲ့ရပ်တည်ချက် ၊ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်များနဲ့လည်း ဆိုင်တယ် အငြင်းပွားကြတယ်။ 
.
ဘာပဲ ဖြစ် ပါစေ ၁၉၄၅ ဒုတိယကမ္ဘာစစ်အပြီး ဧရာမစစ်ပွဲများကို လွဲရှောင်နိုင်တာ အနုမြူဗုံးတွေ၊ ဝေဟင်တိုက်ချင်းပစ်ဒုံးပျံစနစ်တွေ ကြောင့်လို့ ပြောနိုင်ပါတယ်။ 
.
အမေရိကန်စစ်အင်အားကြီးသော်လည်း စစ်အင်အားကြီး စစ်စခန်းချထားတဲ့နိုင်ငံများမှာ ဂျာမဏီနဲ့ဂျပန်ပဲ အောင်မြင်တယ်လို့ ရေးပါတယ်။ တကယ်တော့ ေတိုင်ဝမ်၊ တောင်ကိုးရီးယား၊ စင်ကာပူ နဲ့ အစ္စရေးနိုင်ငံများလည်း အောင်မြင်ပါတယ်။ အီရတ်၊ အာဖကန်နစ္စတန်၊ ဗီယက်နမ်တွေမှာတော့ အမေရိကန်စစ်အင်အားကြီးစွာ ချထားသော်လည်း ကျဆုံးသွားရပါတယ်။ 
.
ဘာကြောင့် စစ်အင်အားကြီး ချထားလည်း အမေရိကန်ကျဆုံးသလဲ ဆိုတော့ ကြာလာတော့ ဒေသခံအုပ်ချုပ်သူများရဲ့ အဂတိခြစားမှုကို မပြုပြင်နိုင်ပဲ၊ အမေရိကန် အစိုးရကိုယ်တိုင် စီးပွားရေးတွက်ချေမကိုက်လို့ စစ်အင်အားရုတ်သိမ်းပေးရခြင်းပါ။ အမေရိကန်ဆီးနိတ်နဲ့ကွန်ကရက်သာမက သမ္မတရာထူးအထိ ၃မျိုးစလုံး ဒီမိုကရက်တစ်တွေ ကြီးစိုးချိန် စစ်အင်အားသုံးမှုကို ပယ်ဖျက်လေ့ရှိတယ်။ တနည်းအားဖြင့် ရီပါဘလစ်ကင်တွေကြီးစိုးရင် စစ်အင်အားနဲ့စီးပွားရှာဖို့ကြိုးစားတယ်။ အစိုးရက အခွန်အပြည့်မရလို့ အမြတ်မထွက်သော်လည်း အ​ရေိကန် သယံဇာတကုမ္မဏီကြီးတွေကတော့ လုပ်ပိုင်ခွင့်တွေရပြီး ကျိကျိတက် ချမ်းသာလာပါတယ်။ 

အခု တရုတ်အစိုးရ နည်းဗြူဟာကတော့ ဟိုတခေတ်တခါက ဂျပန်တွေလုပ်နည်း လမ်းတံတား၊ ရေနံ၊ဓာတ်ငွေ့၊ လျပ်စစ် ၊ သင်းဘောဆိပ်ကြီးတွေကို ဆောက်ပေးတဲ့ Infrastructure Development လုပ်ငန်းများသာမက သယံဇာတထုတ်ယူတဲ့ လုပ်ငန်းတွေနဲ့ China Debt Trap ပုံစံ အာဖရိကနဲ့အာရှ အစိုးရပုဂိုလ်များနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်း တယ်။ စီးပွားရေးနဲ့ ကိုလိုနီနယ်ချဲ့တယ်။ 
.
စစ်ရေးစစ်အင်အားကြီးပြီး စီးပွားရေးသိမ်းပိုက်တဲ့နည်းကတော့ ရှေးပဝေသဋီ ကတည်းဿျင့်သုံးလာတဲ့နည်းပါ။ ဘုရင်နဲ့အင်ပါယာ စနစ်ဖြစ်တယ်။ ဒီနည်းလမ်းက သိပ်မနိတ်တော့ကြောင်း ကိုသန်းလွင် ရေးတဲ့ မိုးမခဆောင်းပါး ၂ခုကို ကြည့်ရှုသုံးသပ်နိုင်ပါတယ်။ 

အာဖဂန်တပ်မတော်ကြီးကျဆုံးရပုံ
Download Link || 
https://ift.tt/38jbEzs 
.
ကြီးမားလွန်းတဲ့ USA စစ်တပ်
Download Link || 
https://ift.tt/2WFoqXa 
.

မြန်မာနိုင်ငံနဲ့ပဲ အဆုံးသပ်ပါရစေ။ 
.
လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်က ၁၉၆၂ ကတည်းက အစိုးရအကျင့်ပျက်ခြစားမှုများကြောင့် အာဏာသိမ်းပြီး စစ်အာဏာရှင်တွေကြီးစိုးခဲ့တယ်။ ၂၀၁၀ မှာ ပြုပြင်ပြောင်းလဲလို့ ဦးသိန်းစိန်အစိုးရ ၅နှစ်၊ အင်အယ်ဒီအစိုးရ ၅နှစ်အတွင်း တိုးတက်မယ်ကြံနေတုန်း စစ်အာဏာသိမ်းပြန်တယ်။ အခု ၇လ ကြာပြီ။ တိုင်းပြည်ဝရုန်းသုံးကားဖြစ်နေဆဲပါ။ တိုင်းရင်းသားတွေကလည်း သီးခြားလွတ်လပ်တဲ့နိုင်ငံထူထောင်ရေးကိုပဲ လိုချင်ကြတယ်။ တရုတ်အစိုးရကလည်း မြန်မာနိုင်ငံကို သူတို့ BRI စီမံကိန်းနဲ့ထိန်းချုပ်ဖို့ ပြည်နယ်များ သီးခြားနိုင်ငံထူထောင်ခွင့် ပေးမည်မထင်ပါ။ စစ်ကောင်စီကိုပဲ တရုတ်အစိုးရက ထိန်းချုပ်ပြီး အင်အယ်ဒီနဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးစားနေတာ မြင်ရပါတယ်။ ကြာလာရင် တရုတ်အသာစီးရနေတဲ့ မြန်မာမြေကို ယခု တရုပ်မနိုင်တော့တဲ့ ဗီယက်နမ်လို ဖြစ်သွားမှာ တရုတ်အစိုးရ စိုးရိမ်မှာပါ။ 
.
ရုရှားကို စစ်ကောင်စီ အားကိုးလာတာလည်း မြင်မေရတယ်။ စစ်ကောင်စီအကြီးကဲကအစ.  ထိပ်ပိုင်း၃ဦး စလုံး၊ ၃လအတွင်းမှာ ရုရှားကိုသွား​ရောက်ခဲ့ပြီး.စစ်ရေးမဟာမိတ်အဖြစ် ကြိုးစားနေတယ်။ တရုတ် သံတမန်လည်း ဝ တိုင်းရင်းသားများနဲ့တွေ့ပြီး ယခု နေပြည်တော်မှာ စစ်ကောင်စီ အကြီးကဲနဲ့ တွေ့ဆုံနေတယ်။ အင်အယ်ဒီပါတီက တရုတ်ကွန်မြူနစ်ပါတီ နှစ်၁၀၀ ပြည့် ဂုဏ်ယူကြောင်း သဝဏ်လွှာကို တရုတ်က ကျေးဇူးတင်ကြောင်း အကြောင်းပြန်တော့.. အင်အယ်ဒီပါတီဖျက်သိမ်း၊ရွေးကောက်ပွဲအသစ်ကျင်းပမဲ့ စစ်ကောင်စီအကြံ အခက်တွေ့စေပါတယ်။ 
.

နိဂုံး
စစ်အာဏာမသိမ်းခင် လစဥ် ဘဏ်ငွေလည်ပတ်မှုက ကျပ်ဘီလျံ ၅၅၀ အထက်ရှိပြီး.. ယခု လစဥ် ၅၈ ဘီလျံပဲရှိနေတယ်။ ဒါဟာ စစ်ကောင်စီ အာဏာပိုင်တွေက ဘဏ်ငွေထုတ်ရင် ကော်မရှင် ၇% အထက် ပေးနေရပြီး ဒီအတိုင်း ဆိုရင် ဘယ်လောက်တောင့်ခံမလဲမသိတော့ပါ။ စီးပွားရေး အကြီးအကျယ်ကျဆင်းလို့ Export ပို့ကုန်ကလည်း ကြေးမုံသတင်းစာ ၃လပတ် ထုတ်ပြန်ချက်အရ ၇၅% ရော့နည်းသွားပါပြီ။ 
.
စစ်အင်အားတခုပဲသုံးပြီး အာဏာသိမ်း၊ ငြိမ်ဝပ်ပိပြားအောင်အုပ်ချုပ်တဲ့ မြန်မာ့စီးပွားပျက်ပြားတဲ့ ၁၉၈၈ နဲ့ ၁၉၉၈ အုပ်ချုပ်တဲ့နည်း မဖြစ်နိုင်တော့ပါ။ အင်တာနက် ဖြတ်တော်တဲ့နည်းစနစ်က စစ်ကောင်စီရဲ့ ငွေကြေးစနစ်ကို အရမ်းထိခိုက်ပါတယ်။ နည်းပညာ ကောင်းစွာအသုံးချနိုင်တဲ့ဘက်က အနိုင်ရမှာသေချာပါတယ်။ စစ်အင်အားကြီးလဲ နည်းပညာခေတ်မှာ အင်အားပြိုကွဲသွားနိုင်ပါတယ်။ 

မြေပြင်မှာ စစ်အင်အားသုံး ထိန်းချုပ်ထားသော်လည်း တရုတ်နဲ့အမေရိကန် အစိုးရ၂ခု သဘောထားက အာဏာပြိုင်ပွဲ အရှုံအနိုင် အဆုံးဖြတ်ပေးမှာပါ။ 

အရေးတော်ပုံ အောင်ရမည်

ဇာနီကြီး
2.9.2021

Tuesday, June 8, 2021

 ဦးထွန်းအောင်ကျော်

1988 အရေးတော်ပုံ သင်ခန်းစာ

7.6.2021..

=================

ကျောင်းသားခေါင်းဆောင် နဲ့ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ABSDF ဥက္ကဌဟောင်း တစ်ဦးရဲ့ 2021 အရေးတော်ပုံကို ပြည်သူထံသို့ အမှာစကား နဲ့ NUG / တိုင်းရင်းသားတပ် / မြို့ပြကာကွယ်တပ်များကို တင်ပြချက်

.

...စစ်အာဏာသိမ်းပြီး ၄လ ကျော်ချိန် လက်နက်ကိုင် gZ လူငယ်များ သင်တန်းဆင်းပြန်လာသူတွေကို အကြမ်းဖက် ပြန်တိုက်သူများလို့ မမြင်ကြပါနဲ့

.

...မြို့ပေါ်က လမ်းမပေါ် ဆန္နပြ ကြွေးကြော်သူ လူငယ် gZ များကိုလည်း ရပ်ကွက်လူထု နစ်နာတယ်၊ အာဏာသိမ်းတပ်ကို ဆွပေးသူများအဖြစ် မမြင်ကြပါနဲ့

.

...NUG / မြို့ပြတော်လှန်အဖွဲ့နဲ့ PDF များ..

ဒီ gZ လူငယ်များဟာ ဘယ်တော့မှသွေးမအေးဘူး၊အနာဂါတ်မြန်မာပြည် စစ်အာဏာရှင်ကို တွန်းလှန်ကြနေသူများဖြစ်တယ်။ NUG ရဲ့ ဦးဆောင်မှု အားနည်းနေတာ လက်ခံဖမု့၊ ငွေရိက္ခာမထောက်ပံနိုင်သေးတာ နားလည်ဖို့။ 

.

လက်နက်ရရှိရေး အရေးအကြီးဆုံး

....2021 အရေးတော်ပုံဟာ 1988 လိုပဲ စစ်တပ်အာဏာသိမ်းမှုကနေ ပစ်သတ်ရက်စက်ခဲ့လို့ လက်နက်ကိုင်လမ်းစဥ် လိုက်နေရပြီ။ ယခင်က DAB အဖွဲ့မှာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ပါဝင်ရာမှ ၃နှစ်အကြာ.. 1990 ရွေးကောက်ပွဲအနိုင်ရ အမတ်များနဲ့ NCGBU အဝေးရောက်အစိုးရ ပေါ်ပေါက်ခဲ့တယ်။ လက်နက်ကိုင်တပ် မရှိတဲ့ အစိုးရဖြစ်လို့ တဖြေးဖြေးလုံးပါး ပျောက်ကွယ်ခဲ့ရတဲ့ သင်ခန်းစာ ရှိခဲ့ဖူးတယ်။ ဒါကြောင့် NUG အစိုးရအနေနဲ့ လက်နက်ကြီးငယ်၊ မောင်းပြန်သေနပ်တွေ မြို့ပြ gZ များအတွက် ရရှိအောင် ပေါ်လစီ ရဲဝံစွာ ရှိပြီး၊ တကယ်ညီညွတ်စွာ ကြိုးစားကြဖို့ 

.

ရှင်ပြ အားပေး၊ အကြံပြု ထားပါတယ်။ 

.20မိနစ် Link. ..

https://www.facebook.com/103084071618999/videos/2592250287738664/

.

.

သုံးသပ်ရရင်


အင်မတန် ကောင်းမွန်တဲ့ အကြံပြုချက်၊ သမိုင်းသင်ခန်းစာ နားထောင်ရတယ်။ နှစ် ၃၀ ကျော်ကာလ စစ်အာဏာရှင်များရဲ့ ယခင်နည်းဗျူဟာကို ပြန်လည် တင်ပြပြီး ယခင်လို ပြည်သူများ သွေးအေးမသွားဖို့၊ ကောက်ရိုးမီးလို ဟုန်းကနဲ မီထတောက်ပြီး ငြိမ်မသွားဖို့၊ အရေးကြီးဆုံးက ကျောသပ် ချော့မော့ မိချောင်းမင်းမျက်ရည်နဲ့ ရာထူး၊လုပ်ပိုင်ခွင့် ၊ ဖမ်းဝရန်းရုတ်သိမ်း၊ ထောင်ကလွှတ် ပေးရင် ပျော့ကျသွားတဲ့ လူကြီး gY gX အချို့ ရှိနေမှာပါ။ သို့သော် gXYZ အများစုက  မြို့ပြ ဆန္နပြမှုများ (လက်နက်မရခင်)  ဆက်လက်  လုပ်နေကြပါပြီ။ 

.

မခံမရပ်နိုင်ဖြစ်လွန်းလို့ ဒလံ /အုပ်ချုပ်အဖွဲ့တွေ သုတ်သင်မှုများစွာ လုပ်နေတဲ့ gZ များကိုလည်း အပြစ်တင်မှု မလုပ်ကြပါဘူး။ လမ်းမပေါ် ဆန္နပြ တောင်တန်း၊ပြည်မ သွေးစည်းရေး အော်ဟစ်နေတဲ့ gZ များကိုလည်း အပြစ်တင်မှု မလုပ်ကြပါဘူး။ gZ များကို အပြစ်တင် သူများဟာ ဂျင်နရေးရှင်းလီ များ ဖြစ်သွားနိုင်တယ်။ (အပြောနဲ့အလုပ်မညီသူများ အဖြစ်  စစ်အာဏာရှင်အားပေးသူများ ဖြစ်သွားနိုင်ပါတယ်။ 

.

NUG အစိုးရဟာ ပြည်တွင်းပြည်ပမှာ တဟုန်ထိုး ပြည်သူတွေအားပေးကူညီမှု ရရှိနေပါတယ်။ မကြာမီ လက်နက်အင်အား ရရှိမယ်။ မြို့ပြ gZ လူငယ်များ ရရှိဖို့လည်း အစွမ်းကုန်ကြိုးစားနေတယ်။ RCSS ရှမ်း၊ AA ရခိုင် စတဲ့ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ ညီညွတ်စွာ သဘောတူညီချက် ရရှိပြီး အာဏာသိမ်းတပ်တွေကို မြို့ပြသာမက၊ မြို့ငယ်၊ ကျေးရွာအထိ သာလွန်အင်အားသုံး အနိုင်ကျင့်မှုများ ရပ်တန်းကရပ်ဖို့ ကြိုးစားနေကြောင်း။ 

.

စစ်အာဏာသိမ်း တပ်များ ပျက်နေတယ်ဆိုသော်လည်း ဆီးရီးယား သမ္မတအာဆပ်၊ ဗင်နီဇူလာ အာဏာရှင်၊ အာဖရိက အာဏာရှင် များ နည်းလမ်းအတိုင်း 

....သယံဇာတ ဝင်​ ငွေ များ စွာ နဲ့၊ 

...တရုတ်ကွန်မြူနစ် နဲ့ ရုရှားအားကိုးပြီး အသက်ဆက်မယ်။ 

....ပြည်သူတွေ ငတ်ပြတ်လဲ ဂရုမစိုက် ငါတို့ ပဲ အာဏာဖက်တွယ်မယ်။ လက်မရွံ တပ်ရင်းတပ်မ များနဲ့ (ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးတပ် ကြီးစိုးခဲ့သလို).တပ်မတော်တပ်မှူးများကို အကြောက်တရား နဲ့ ထိန်းချုပ်နေပါတယ်။ 

.

ဗမာအမျိုး၊ ဗုဒ္ဓဘာသာ ကာကွယ်နေကြောင်း၊ ဘာသာခြားတွေကို သတ်ဖြတ်တဲ့နည်းလမ်းမှားကြီးကို ဆက်လက်သုံးစွဲ နေတာလည်း စစ်အာဏာသိမ်းအဖွဲ့ရ ဂျင်းအကြီးစား ဖြစ်တယ်။ အဲဒီ ဂျင်းအကြီးစားကို တကယ်ယုံနေတဲ့ သံဃာများ၊ စစ်ဗိုလ်များကို ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ရာထူး၊ ဘွဲ့၊ လုပ်ပိုင်ခွင့် နဲ့ ငွေကြေး ထောက်ပံနေတယ်။ မအလ.. နောင်တရမဲ့လက်ခဏာ မပြသေးပါ။ ​

.

မြို့ပြ လက်နက်ကိုင် gZ များ အားကောင်းလာမှ စစ်အာဏာသိမ်းခေါင်းဆောင်များ ပြိုကွဲသွားမှာ ဖြစ်တယ်။ 

.

ဒေါ်အောင်ဆန်းစုကြည် 

ပထမအကြိမ် တရားရုံးထုတ်ခံရချိန်.. ပြည်သူတွေထောက်ခံမှုရှိနေသ၍ ပါတီဆိုတာ ရှိနေမယ်။ ဒုတိယအကြိမ် ရုံးထုတ်တော့ ပြည်သူကြွေးတဲ့ရိက္ခာနဲ့ဆေးဝါး ပဲ ရယူလိုကြောင်း.. အလွန်အဓိဿျတဲ့ မက်ဆေ့များကို ရှေ့နေအဖွဲ့ကတဆင့် ပြောပြသွားပါတယ်။ 

.

ဦးထွန်းအောင်ကျော်ရဲ့ 1988 အရေးအခင်းအပြီး ဖမ်းဆီးနှိပ်စက်ခံရပုံ၊ နယ်စပ် ABSDF ကျောင်းသားလက်နက်ကိုင်.. စတဲ့ သင်ခဏ်းစာများ လက်ရှိ မြန်မာပြည်သူများနဲ့ NUG / လက်နက်ကိုင်တော်လှန်သူများအတွက် အလွန်အကျိုးရှိစေတဲ့ သက်ကြီးစကား များ ဖြစ်ပါတယ်။ 

Link. .

https://www.facebook.com/103084071618999/videos/2592250287738664/

.

သင်ပါဝင်ကူညီရင်

အရေးတော်ပုံ မြန်မြန်အောင်မြင်ပါမယ်။ 

.

ဇာနီကြီး

7.7.2021


Sunday, June 6, 2021


 ဒီနေ့ကျုံပျော်မြို့နယ်သေးသေး ရွာသေးသေးလေးက အပြစ်မဲ့ ပြည်သူတွေကို

အင်အားအလွန်အကျွံသုံးပြီး ဖြိုခွင်းပါတယ်။

ကျုံပျော် ခလရ ၃၆ တပ်အပြင် 

ဟင်္သာတ ခလရ ၁၈ ဓနုဖြူ ခမရ ၁၁၊ပုသိမ် ဝါးယားချောင်းတပ်၊ သီတာကုန်းပြင် အမြောက်တပ်တွေက ပါ ဝိုင်းပြီး ဖိနှိပ်ပါတယ်။စနိုက်ပါတွေက ပစ်ခတ်ပါတယ်။ပြည်သူ ၁၂ ယောက် ကျဆုံးပြည်သူဘက် ၄ နှစ်ကလေး တစ်ယောက်ပါကျဆုံးခဲ့တာပါ ၂၀ထက်မနည်းကျဆုံး

တယ်ကြားသိရပါတယ် 🚨🚨🚨


သွေးမအေးကြပါနဲ့ normal ဖြစ်စရာအကြောင်းမရှိပါ

ယနေ့အတွက်သတင်းထုတ်ပြန်ချက် အကျဉ်းချုပ်ပါ

ကျဆုံးသူစရင်းတွေပါပါတယ်  😭


ရက်စွဲ ဇွန်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ယနေ့တွင် ယခင်နေ့ရက်များက ကျဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောင်းပန်းတောင်းမြို့ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့မှ အပြစ်မဲ့ ပြည်သူ (၂) ဦး၏  အချက်အလက်များကို ကောက်ယူရရှိနိုင်ခဲ့ပါသည်။ ယနေ့တွင် ကျဆုံးသွားခဲ့သူများ ကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၈၄၇) ဦး  ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါသည်။ ထပ်မံ ကောက်ယူရရှိလာပါကလည်း ဆက်လက် ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်သည်။   

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၆၄၂) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၅၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၃၁) ဦး၏ အမည်စာရင်းကိုလည်း သီးခြား မှတ်တမ်းပြု၍ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ (၃၁) ဦးမှာ မျက်ကွယ် သေဒဏ်၊ (၁၄) ဦးမှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ်စီ၊ (၃၉) ဦးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂၀) နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ လက်ရှိတွင် တိမ်းရှောင်နေဆဲ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာသူများ၏ အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီ နိုင်သည့်အတွက် ယခုစာရင်းတွင် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့်အမည်စာရင်းများ ကို ဆက်လက် ဖော်ပြသွားပါမည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောင်းပန်းတောင်းမြို့ပေါ်၌ ယမန်နေ့ (ဇွန် ၄) ညအချိန်က LGBT တစ်ဦးဖြစ်သူ သော်သော် (ခ) သော်ဇင် နှင့် သူငယ်ချင်းနှစ်ဦးတို့သည်  ဆိုင်ကယ်စီး၍ အိမ်ပြန်လာစဉ် မြို့နယ်ပညာရေးမှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ပစ်ခတ်ခဲ့ခြင်းကြောင့် သော်သော်(ခ) သော်ဇင်သည် လက်မောင်းနှင့် နံကြားကို ကျည်ဆန်သုံးချက်ထိမှန်ခဲ့ပြီး အချိန်မီ ဆေးကုသခွင့်မရသောကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၌ ဇွန်လ ၃ ရက်နေ့ ညအချိန်က အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်ကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ပေးခြင်းမရှိသည့်အတွက် ပစ်ခတ်ခဲ့သောကြောင့် ကိုကုလားဆိုသည့် အမျိုးသား တစ်ဦး ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 

ယမန်နေ့ (ဇွန် ၄) က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌  မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုခန့်ဇင်ကို၏ ဖခင်အား ၎င်း၏နေအိမ်၌ လာရောက် ဖမ်းဆီးရာ တွေ့ရှိခြင်းမရှိသောကြောင့် သားဖြစ်သူ ကိုခန့်ဇင်ကိုအား ဖမ်းဆီးသွားခဲ့ ကြောင်း သိရှိရသည်။ 


Daily Briefing in Relation to the Military Coup 

Updated 5 June 2021

As of 5 June, (847) people are now confirmed killed by this junta coup. AAPP compiled and documented (2) fallen heroes today. These (2) fallen heroes from Kyaukpadaung Township in Mandalay Region and Monywa Township in Sagaing Region were killed in previous days and documented today. This is the number verified by AAPP, the actual number of fatalities is likely much higher. We will continue adding as and when.

As of 5 June, a total of (4642) people are currently under detention; of them (158) are sentenced. 1931 have been issued arrest warrants; of them 31 were sentenced to death and 14 to three years imprisonment  with hard labour and 39 to 20 years imprisonment with hard labour, who are evading arrest. We are verifying the recently released detainees and continuing to document. 

On the night of 4 June, when  Thaw Thaw a.k.a Thaw Zin who is LGBT, and two friends were on the way home riding a motorcycle, Thaw Thaw a.k.a Thaw Zin was shot with three bullets hit in their arm and rib by junta troops deployed at Township Education Office in Kyaukpadaung Town in Mandalay Region, and died from not receiving medical treatment in time. On the night of 3 June, Ka Lar was shot to death when he did not stop his motorcycle for inspection by junta troops in Monywa, Sagaing Region. On 4 June, Khant Zin Ko, who is a member of Monywa University Student Union, was arrested when the junta did not find his father at home at Monywa in Sagaing Region.  

Credit - AAPP

Sunday, May 30, 2021


 PDF. . မြို့ပြတပ်.. တိုင်းရင်းသားတပ်.. စသဖြင့် တော်လှန်ရေးသမားဖြစ်လိုသူ.. အထက်ပါ လက်နက်ကိုင်မဖြစ်သေးသူများအတွက်.. တခုခုကို ဝင်ရောက်ပူးပေါင်းဖို့.. ဖတ်ရန်

https://m.facebook.com/story.php?story_fbid=2812311892318953&id=100006205085243

Friday, May 28, 2021

 ညနေပိုင်း အစားမစားခင်ဆုတောင်း

မိုးရွှာတုန်း စစ်ကြောင်းမထွက်ခင်ဆုတောင်း ဆုတောင်းသံတွေ မိုးထိကြားစေ...။


မိုးရာသီရောက်လာပြီ ဖြစ်သောကြောင့် အမျိုးမျိုး သော ရောဂါဘေးများမှလည်း ကာကွယ်ပေးတော် မူပါ။ အထူးသဖြင့် ကလေးငယ်လေးများ၊ နို့တိုက် မိခင်များ၊ အဘိုးအဘွားများကိုလည်း ခွန်အားနှင့် ပြည့်စေတော်မူပါ။ မြန်မာပြည် အရှေ့၊ အနောက်၊တောင်၊မြောက် အရပ်အသီးသီးတွင် ရှိနေကြသော တိုင်းရင်းသား ညီအကိုမောင်နှမများကို ကွယ်ကာပေးတော်မူပါ။


ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။

 -၂ ရာ​ချုပ် 7 : 14


#ChristLife  Alex Fachhai