ဇီးသီးဗန်းများ နဲ့ ဇီးသီးဗန်း အလွန်နည်းတဲ့ ကျေးလက်စံပြတစ်ခု....
အရင်အစိုးရ အမျိုးသားလွှတ်တော်ဥက္ကဌကြီးက နိုင်ငံတော်စီမံကိန်း၊ ဘတ်ဂျတ်တွေကို ဇီးသီးဗန်းများ လို့သုံးနှုန်းပြီး၊ ဇီးသီးဗန်းမှောက်ခြင်း လို့ ရယ်စရာလိုလို ပြောပြ ရယ်သွေးခဲ့ကြတာ၊ အခုအစိုးရသစ်မှာ ပိုဆိုးနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အဂတိလိုက်စားမှု CPI Index မှာတော့ အစိုးရသစ်ကာလမှာ အဂတိအမှတ် ၆မှတ်ကြီးများတောင် တိုးတက်လာတာကို အံ့သြဘွယ်တွေ့ရပါတယ်။
ကိုးကား၊ https://en.wikipedia.org/wiki/Corruption_Perceptions_Index
.
ချေးငွေ၊ ကူပံ့ငွေများနဲ့ လက်ရှိမြန်မာနိုင်ငံကြီး လည်ပတ်နေတာ အားလုံးလက်ခံကြမှာပါ။ ချေးငွေကို အကျိုးရှိအောင် သုံးဖို့ဆိုတာ အပြောလွယ်သလောက စစ္စတမ်အယ်ရာ System Error ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ မလွယ်ပါဘူး။ ထစ်ကနဲဆို ဆောက်ဖို့ပဲ စဉ်းစားကြပါတယ်။ ကိုယ်ရဖို့ဆို သိက္ခာတွေ မငဲ့တော့ပဲ ..ဥပမာ နယ်စပ်က သိန်း၂၀၀ ဘတ်ဂျတ်ရလို့ လမ်းမဖောက်ပဲ ထွေအုပ်ရုံးဆောက်မယ် ဥက္ကဌက အဆိုပြုပြ အတည်ပြု၊ ဆောက်ပြစ်လိုက်တော့ ကိုယ့်ဆွေမျိုးကန်ထရိုက်တာပဲ လုပ်ငန်းရ၊ ကိုယ်လဲ အထိုက်သင့်ရသွားတယ်။ ဒါကတော့ ကျေးလက်ဒေသ အခြေအနေပါ။ မြို့ပြဒေသမှာတော့ အကြီးကျယ်ပဲ ဇီးသီးဗန်းတွေ ..စက်မှုဝန်ကြီးဌာနက သန့်ရှင်းရေးပဲလုပ်နေရတဲ့ ရပ်ဆိုင်းစက်ရုံတွေက ၀န်ထမ်း ၂၇၀၀၀ ရှိတယ်ဆိုတော့ တစ်ယောက် တစ်လ လစာ၂သိန်းနဲ့ဆိုရင်၊ တစ်နှစ်ကို ၆၄ဘီလျံ ကုန်ကျနေတယ်။ လျှပ်စစ်ဌာက တစ်ယူနစ်ထုတ်တိုင်း ၃၀ကျပ် ရှုံးနေတယ်ဆိုတော့ ဘီလျံပေါင်း၅၀၀ကျော် နှစ်စဉ် ရှုံးနေတယ်။ ဇီးသီးဗန်း ဆိုတဲ့အရာထဲမှာ စည်ပင်၊ လ.၀.က၊ က.ည.န၊ မြို့နယ်အခွန်ရုံး စသဖြင့် ၀န်ဆောင်မှုတွေ တောင်ခံနေပြီး၊ အစိုးရက မရဘူး။ စနစ်ကိုက ဒါမျိုးဖြစ်အောင် လုပ်နေတယ်။ ဆည်မြောင်းဌာနမှာ လုပ်ငန်းငွေထုတ်ရင် ဘယ်လိုခွဲဝေပေးရတယ် ဆိုတဲ့ အလင်္ကာ ကဗျာလေးရှိတယ်။ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေ တင်ဒါရရေး၊ ငွေထုတ်ရေး မှာ အစိုးရဘဏ်၊ ဌာနငွေစာရင်းဌာနက ဖြတ်တောက်ထားလိုက်တယ်။ ဒါတွေက စနစ်ချို့ယွင်းချက်ဖြစ်တော့ မတတ်နိုင်ဘူး ဆိုပေမဲ့ အစိုးရကတော့ ကြိုးစားလုပ်ဆောင်နေပါတယ်။
.
ဝန်ကြီးဌာနတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုးတဲ့ စီမံကိန်းတွေအတွက် ငွေထုတ်တယ်ဆိုရင်၊ စီမံကိန်းအဖွဲ့ကပဲ တင်ဒါတွေ၊ ပစ္စည်းဝယ်တာတွေ၊ လစာတွေကို ကိုင်တွယ် လုပ်ကိုင်တဲ့စနစ်ကို ပြောင်းလဲနေပါတယ်။ အဲဒီဌာနဟာ ငွေဘီလျံမြောက်များစွာ ကိုင်တွယ်ပေမဲ့ အကြီးဆုံး ညွန်ကြားရေးမှုး ဆိုသူက လစာ ၄သိန်းလောက်ပဲ ရတယ်။ ကား၂စီးတော့ ဒရိုင်ဘာနဲ့ ပေးထားလို့ ဓါတ်ဆီမသုံးရင် တစ်လ ၄သိန်းလောက် ဆီရောင်းစားလို့ရပေမဲ့ အောက်ကလူတွေကိုပဲ ပေးကမ်းကြည့်ရှုထားရပါတယ်။ ညွန်ကြားရေးမှုးကြီးကတော့ တင်ဒါအောင်ဖို့၊ အလုပ်အဆင်ပြေဖို့ ကုမဏီတွေက ဂါရ၀ပြုပေးတဲ့ ငွေတွေ ရတော့ လစာနဲ့ မော်တော်ကား၊ ခရီးစရိတ်တွေ ကိုယ့်လူတွေကို မျှပေးရတာကိုး။ ညွန်ကြားရေးမှုးအဆင့် တင်ဒါတွေ ကိုင်တွယ်ရသူဆိုရင် အဆင်ပြေပေမဲ့ ရသုံးမှန်းချေဌာန (ဘတ်ဂျတ်ဌာန) ဆိုရင် ညွန်ကြားရေးမှုးခမြာ ဘယ်သူမှ လာကန်တော့ ပေးကမ်းမှာမဟုတ်ဘူး။ အဲဒီလို ဌာနတွေ ၀န်ထမ်းတွေလည်း အများကြီးရှိနေပါတယ်။ အများစု အစိုးရ၀န်ထမ်းတွေက လစာလေးနဲ့ စားသောက်နေထိုင်ကြတာကို တွေ့ရပါတယ်။
.
.
အခုခေတ်ကာလမှာ နိုင်ငံခြားချေးငွေ၊ ကူပံ့ငွေ ရနေတဲ့ ဌာနတွေက သူဌေးဌာနတွေ ဖြစ်ပါတယ်။ လျှပ်စစ်၊ စီမံဘဏ္ဍာ၊ ဆည်မြောင်း၊ ဆောက်လုပ်ရေး၊ ကျေးလက် နဲ့ နောက်ဆုံး ထွေအုပ်ဌာနတွေက ဇီးသီးဗန်းနဲ့ အနီးကပ်နေရာမှာ ရှိကြပါတယ်။
.
.
.
ဇီးသီးဗန်း အလွန်နည်းတဲ့ ကျေးလက်စံပြတစ်ခု....
နယ်စပ်မြို့လေးတစ်ခုမှာ အင်ဂျီအို IRC ဆိုတဲ့ ကျန်းမာရေး အဖွဲ့ရှိပါတယ်။ 3MDG ဆိုတဲ့အဖွဲ့က ငွေကြေးထောက်ပံ့ပေးပါတယ်။ ၀န်ထမ်းအရာရှိဆို လာစာ ဒေါ်လာ၅၀၀ ပေးပြီး၊ သာမန်ဝန်ထမ်းဆို လစာ၃သိန်းလောက် ပေးပါတယ်ဒ။ 3MDG ဆိုတာ အိုင်အာစီ၊ မေရီစတိုး၊ဓ အမ်စီစီ ဆိုတဲ့ ၃ဖွဲ့ပေါင်းထားတာကို ပံ့ပိုးပါတယ်။ ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်များကို ကူညီပံ့ပိုးပါတယ်။ အထူးသဖြင့် အသက်၅နှစ်အောက်ကလေးများ ဦးနှောက်ဖွံ့ဖြိုး၊ ရောဂါကင်း၊ ကျန်းမာဖို့ အဓိကရည်ရွယ်ပါတယ်။ WHO, UNICEF ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေလို အင်ဂျီအို ဖြစ်ပေမဲ့၊ 3MDG ရံပုံငွေက အမေရိကန်နိုင်ငံသားများက လှုဒါန်းတဲ့ငွေများဖြစ်ပါတယ်။ ကာကွယ်ဆေးတစ်လုံးကို ကျပ်၃သောင်းတန်ပြီး ဆေးထိုးဖို့ ရေခဲအုံထားပြီး စုရပ်ရွာတွေကို လာေ၇ာက်ဆေးထိုးပေးပါတယ်။ ခြင်မကိုက်အောင် ဆေးစိမ် ခြင်းထောင်တွေ စောင်တွေ ပေးဝေငှပါတယ်။ ကလေးတွေစားဖို့ အဟာရပြည့် ဘီစကွတ်တွေ ပေးပါတယ်။ အထူးသဖြင့်တော့ အင်ဂျီအိုဝန်ထမ်းများက ကာကွယ်ဆေးထိုးပေး၊ ရေနဲ့တကိုယ်ရေသန့်ရှင်းဖို့ ပညာပေးဟောပြော၊ ရင်း ကျေးလက်ပြည်သူ မိခင်၊ ကလေးများကို သင်ကြားပါတယ်။ ဆပ်ပြာ၊ ခြင်ထောင်၊ စောင် စတဲ့အရာများကိုလည်း ကျေးရွာမှာ လိုအပ်သူများကို ထောက်ပံ့ပါတယ်။ နောက်တနှစ် အဖွဲ့ ရွာကိုရောက်တော့ ခြင်ထောင်မရှိဘူး။ မနှစ်ကပေးထားတဲ့ ခြင်းထောင်၊ စောင်တွေ အများကြီး ဘယ်ရောက်သွားလဲ ဆိုတော့ ရွာလူကြီးက ပေးပစ်လိုက်ပြီဆိုလို့ ရွာက ကုန်စုံဆိုင်ကို သွားဝယ်ရတယ်။ ၂သောင်းလောက် တန်တဲ့ ခြင်ထောင်ကို ၈ထောင်နဲ့ ၀ယ်ရတယ်။ သူတို့က ရွာသားတွေဆီက ၃ထောင်နဲ့ ကောက်ထားတာကိုး။ ၃ထောင်ယူမလား၊ ခြင်ထောင်ယူမလား ဆိုတော့ ၃ထောင်ပဲ ယူမဲ့ရွာသားတွေပါ။ ကလေးတွေကို ကြွေးဖို့ အဟာရပြည့် ဘီစကွတ်တွေလဲ လူကြီးတွေပဲ ဧည့်သည်လာ၇င် တည်ခင်းကြွေးမွေးနေကြတယ်။ ကလေးတွေကတော့ မစားဘူး၊ ရွာမှာ အိမ်တိုင်း ဘက်ထရီ၁သိန်းခွဲတန်၊ ဆိုလာစနစ်တွေနဲ့ မီးလင်းနေကြတယ်။ ဘက်ထရီတော့ မရောင်းစားဘူး၊ အနီးဆုံး ပလက်ဝမြို့နဲ့ကိုသွားရင် ဆိုင်ကယ်နဲ့ ၁နာရီးမောင်းပြီး၊ စက်လှေ ၅နာရီစီးမှာ ပလက်ဝကို ရောက်တော့ ရောင်းစားဖို့မလွယ်ဘူး။ ဒီတော့ ဆိုလာစနစ်တွေ ၂နှစ်လောက်ကြာလဲ မပျက်စီးဘူး၊ ရွာလူကြီးက ခရစ်ယန်ဘာသာ ကိုင်းရှိုင်းသူဆိုတော့ ရွာထဲမှာ အရက်၊ မူးရစ်၊ လောင်းကစား လုံးဝမလုပ်ရဘူး။ ကင်းရှင်းတယ်။ သိပ်ကောင်းတယ်။ ကြက်ဝက် ဆိုရင် အရသာရှိတဲ့ အော်ဂဲနစ်တွေပဲ၊ လိမ္မောသီးချိန် ရောက်ရင် လက်သီးဆုပ်လောက် လိမ္မော်သီး တစ်လုံးကို ၄၅ကျပ်နဲ့ ကျောက်တော်မြို့က စက်လှေနဲ့လာဝယ်တယ်။ အလုံး တစ်သောင်းဆိုတော့ ခူးခ တလုံး ၅ကျပ်နဲ့ဆိုရင်၊ ၃ရက်လောက်ခုးတာနဲ့ ကျပ်၅သောင်းရတယ်။ ရန်ကုန်မှာဆို အဲဒီလိမ္မော်သီး ၄၀၀ကျပ် တစ်ထောင်ဖိုး ၃လုံးရောင်းပြီး၊ ပုသိမ်မှာဆို တစ်ထောင်ဖိုး ၂လုံးရောင်းတယ်။ အသီးအနှံတွေက အော်ဂဲနစ်တွေပဲ။ မရာချင်းလူမျိုး၊ ခမီးချင်းလူမျိုး တို့ စုပေါင်းနေထိုင်ကြတယ်။ မရာလူမျိုးတွေက စာတတ်တော့ ၁၀တန်းအောင်ရင် လစာ၃သိန်းလောက်နဲ့ ကျောင်းဆရာ၊ ကျန်းမာရေးမှုး အလုပ်တွေ ရကြပါတယ်။ ပညာတတ်ရင် အစိုးရအလုပ်တွေ လုပ်ကိုင်နိုင်ကြပြီး ငွေကြေးအဆင်ပြေပါတယ်။ IRC ပလက်ဝမြို့မှာ IRC လုပ်ကိုင်တဲ့ စေတနာရှင်လူငယ် အသက်၃၀ကျော်တစ်ဦးဆိုရင် ခရစ်ယန်ဓမ္မတက္ကသိုလ် အင်္ဂလိပ်လို ဘွဲ့ရတယ်။ မြန်မာအစိုးရတက္ကသိုလ်ကလဲ ဘွဲ့ရတယ်။ အစ္စရေးမှာ ၂နှစ်သွားလုပ်ဖူးတယ်။ IRC ပလက်ဝက ဆွေမျိုးတွေရှိလို့ အဲဒီမှာ အင်ဂျီအို အလုပ်လျှောက်တော့ ဒါလောက်ဘွဲ့တွေ၊ အတွေ့အကြုံတွေနဲ့ ကြာကြာလုပ်နိုင်ပါ့မလား ဆိုပေမဲ့ ပလက်ဝဒေသခံဆိုတော့ ခန့်လိုက်တယ်။ ၂နှစ်အတွင် အလုပ်အများကြီးလုပ်နိုင်၊ အင်္ဂလိပ်စာလည်း သိပ်ကောင်းတော့ အားကိုး လစာကောင်း ဖြစ်နေတဲ့ လူတော်လူကောင်းတစ်ယောက်ကိုလဲ တွေ့ခဲ့ရတယ်။
.
အဲဒီ အိန္နိယနယ်စပ်ရွာတစ်ရွာ ရှင်လိုက်ဝ၊ ရွှေလိုက်ဝ၊ ပလက်ဝမြို့နယ်၊ ချင်းပြည်နယ် GDP သိန်း၅ထောင်ရှိတဲ့ရွာ သိန်း၂၀၀ ဘတ်ဂျတ်ရတယ်။ ဘာလုပ်ကြမလဲ ရွာလူကြီးတွေ တိုင်ပင်တယ်၊ အားလုံးက လမ်းဖောက်ချင်တယ်၊ ရွာ၅ရှာ မော်တော်ဆိုင်ကယ်မောင်းရင် လမ်းကောင်းရင်၊ပိုကောင်းမယ်.. အနည်းဆုံး ရွာသားတွေလဲ တယောက်လုပ်အားခ တနေ့တသောင်းကျပ် ရမယ်၊ ..ဆိုပေမဲ့ ရွာလူကြီးက အုပ်ချုပ်ရေးအဆောက်ဦဆောက်မယ်..ကောင်းတယ်ကွ..အားလုံးသဘောတူတယ်မဟုတ်လား..ကန့်ကွက်မဲ့လူရှိသလား ..အေး ..မရှိရင် အဆောက်အဦပဲဆောက်ကြပါစို့ ဆိုပြီး သူ့ဆွေမျိုးကို သိန်း၂၀၀ အဆောက်အဦ ဆောက်ဖို့ အလုပ်အပ်လိုက်သတည်း... တဲ့။ လမ်းဖောက်ချင်တဲ့အုပ်စုကြီးလဲ အားနာနာနဲ့ ငြိမ်နေလိုက်ရပါတော့တယ်.. ဒါကတော့ System Error ပါပဲ။ အန်ကယ်တင့် နိုင်ငံခြားကပြန်လာပြီး နယကလုပ်ရင် လစာ အခမဲ့လုပ်ပေးရမယ်။ ဒါမျိုးတွေလဲ မြင်နေ၊ တွေ့နေရမယ်.. . ပြန်မလာနဲ့နော်... ။ အဲဒီရွာမှာ လွန်ခဲ့တဲ့ ၃နှစ်က သစ်တောဝန်ထမ်းတွေ အားလုံး အဂတိအမှုနဲ့ အလုပ်ထုတ်ခံရတယ်။ လာပ်မစားပဲ လစာလေး ၂သိန်းနဲ့ မိသားစုချစ်ချုပ်စားသောက်နေတဲ့ ၂ပွင့်သစ်တောဝန်ထမ်းတစ်ယောက်ပဲ စသုံးလုံးက အိမ်သေးသေးလေးနဲ့နေထိုင်တာကြောင့် မပြုတ်ဘူး.. အဲဒီ GDP တနှစ်သိန်း၅ထောင်ပဲ ရှိတဲ့ရွာကလေးအကြောင်း အုပ်ချုပ်သူနဲ့ရွာသားများအကြောင်း ရေးချင်တယ်။ အဂတိမလိုက်စားသူ ၀န်ထမ်းတွေ ၅၀% လောက်တော့ နယ်စပ် ဆင်းရဲတဲ့ရွာတွေမှာ ရှိနေတာကို ၀မ်းသာလို့ပါ။ တဖြေးဖြေးပေါ့နော်...။
.
ဒါလောက်ပါပဲ။ မြန်မာပြည်မှာ ဆင်ရဲမွဲတေဆုံး ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကမ္ဘာ့ ဘဏ်က ဒေါ်လာသန်း၆၀ ကူညီပေမဲ့ ပထမနှစ်မှာပဲ ရုတ်သိမ်းလိုက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ကမ္ဘာ့ ဘဏ် ဆိုတာ ခြစားမှု များလွန်းလို့ အစိုးရက မထိမ်းနိုင်တာကြောင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက ထွက်ခွာရတဲ့အထိ ခပ်တင်းတင်း အမေရိကန်ဦးဆောင်တဲ့ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။
.
မြန်မာနိုင်ငံလည်း ဇီးသီးဗန်း ပြသနာကို အောင်မြင်စွာကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်လျှက်ပါ။
.
ဇော်အောင်
၁၇.၁၁.၂၀၁၇
အစိုးရဝန်ကြီးဌာန ၂၄ခု မှ ညွန်ချုပ် ညွန်မှုး ၃၀၀၀ စာရင်း နှင့် ဘဏ္ဍာ ဘတ်ဂျတ် ဇီးသီးဗနိး မှောက်မှု လေ့လာခြင် (2017) link
း http://engrmyanmar.blogspot.com/2017/10/blog-post_18.html

No comments:
Post a Comment