Monday, January 28, 2019

လူရည်​ချွန်​ တက္ကသိုလ်​ပညာသင်​ ​ထောက်​ပံ့​ကြေး အကြောင်း



ဒီနှစ်လူရည်ချွန် ပညာသင်ထောက်ပံကြေး အဖွဲ့က ၅ဦး နဲ့ စေတနာရှင်တဦး ..စုစုပေါင်း ၆ဦးကို တလ၁သိန်း ထောက်ပံ့ ပေးပါတယ်။
..........
.
လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့။
၂၀၁၅ခုနှစ် ( ဒဿမတန်း ဘက်စုံပညာထူးချွန်လူငယ်)
လူရည်ခွန်တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး(ဆု)
ပေးထားသော ကလေး ၁၆ ဦးကို ၂၀၁၅ Dec မှ
၂၀၁၇ May အထိ ၁၈ လ ကို ထောက်ပံ့ ခဲ့ပြီးဖြစ်ပါသည်၊။

ကလေး ၅ဦး ကို အဖွဲ့ မှ ချီးမြှင့် ပါသည်။
ကျန် ၁၁ ဦး ကို Senior လူရည်ချွန် မောင်နှမ များ မှ တဦးချင်း ဆီ
ထောက်ပံ့ ချီး မြှင့် ပေးပါသည်။
၂၀၁၇ Jun မှ ၂၀၁၇ Nov ထိ ၆ လ အတွက် သက်ဆိုင်ရာ
 Acc သို့  သွင်းပေးကြပါသည်။
Acc သွင်းပေးရန် မအား ကြသူများ ကို သွားရောက်Collect လုပ်ပြီး Acc ထဲ သွင်းပေးပါသည်။

ယနေ့  ၆ထပ်ကွမ်း လူရည်ချွန်  ပါမောက္ခ Dr ရတနာကျော်
(သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီး )
ထံမှ ၂၀၁၇ Jun မှ ၂၀၁၇ Dec ထိ ကလေး တဦး အတွက်ဆုချီးမြှင့် ငွေ ၆ သိန်း လက်ခံရရှိ ပါသည်။
 နက်ဖြန် သက်ဆိုင်ရာ Acc ထဲ သွင်းပါမည်။
.
Crd
Kyaw Htay, Kay Thi, တက္ကသိုလ်စိုးစံ..etc
..........
.
ကိုနေဦး တင်ပြခြင်း
ကို M Zaw Aung ရဲ့ 1Sep 2019 online application ကိစ္စ ဖြစ်ပါတယ်။
.
link
https://m.facebook.com/groups/76491580738?view=permalink&id=10156813642880739
.
LYC ပညာသင်​ဆု မဟုတ်​ပါ
လူရည်​ချွန်​ တက္ကသိုလ်​ပညာသင်​ ​ထောက်​ပံ့​ကြေးသာဖြစ်​ပါတယ်​။

ပြီးခဲ့တဲ့ ဆယ်​တန်း ၂၀၁၈ လုရည်​ချွန်​များထဲကမှ တက္ကသိုလ်​ပညာဆက်​လက်​ဆည်းပူးရန်​ အမှန်​တကယ်​ခက်​ခဲနွမ်းပါးသူများကိုသာ စိစစ်​​ရွေးချယ်​ပြီးကူညီ​ထောက်​ပံ့​ပေးတာဖြစ်​ပါတယ်​။ ဆု ဆိုတဲ့ scholarship မျိုးမဟုတ်​ပါ။

ယ​နေ့အထိ လူရည်​ချွန်​တက္ကသိုလ်​ပညာသင်​​ထောက်​ပံ့​ကြေး​လျှောက်​လွှာလက်​ခံရရှိထားသူများမှာ ...
၁။ ​မောင်​သူရိန်​စိုး 4D, 495 marks
  ဝန်းသိုမြို့၊ စစ်ကိုင်းတိုင်း             

၂။ မ​အေးသဉ္ဇာမြင့်​ 5D, 494 marks
 ဆားလင်းကြီး၊ ယင်းမာပင်​ခရိုင်​ စစ်​ကိုင်းတိုင်း     

၃။ မစုရီထွန်း 4D, 462 marks
တာချီလိတ်​မြို့၊ရှမ်းအ​ရှေ့

   ၄။ ​မောင်​စိုးလင်းထက်​ 4D, 480 marks. ​ရန်​​အောင်ရွာ​​၊ပျော်​ဘွယ်​မြို့နယ်​၊ ရမည်းသင်းခရိုင်​၊ မန္တ​လေးတိုင်း။

၅ ​မမေသူလင်းထက်​ 4D, 486 marks, ​ပျော်​ဘွယ်​မြို့၊ ရမည်းသင်းခရိုင်​၊ မန္တ​လေးတိုင်း။

မမြတ်​မင်းသစ်​နွယ်​ .. စစ်​ကိုင်း
မောင်​ခန့်​​ဇော်​နိုင်​  .... ​ရွှေဘို

တို့ရဲ့​လျှောက်​လွှာအမြန်​​ချောပို့များ​ရောက်​မလာ​သေးပါ။ မီးရထားနဲ့ပို့လို့ လမ်းပျက်​​နေပြီးမ​ရောက်​​သေးတာလားမသိပါ။
.
Crd ကိုနေဦး
..............
.
.
သုံးသပ်ခြင်း
မ.ဆ.လ လက်ထက်က ပညာချွန်ဆု၊ ပညာသင်ဆု(စတိုင်ပင်)၊ ကျောင်းလခလွတ်ငြိမ်းဆု၊ အေဂျီတီအိုင်၊ သက်မွေးပညာကျောင်းများစွာ အစိုးရက ထောက်ပံပါတယ်။ အခုခေတ် သမတဦးသိန်းစိန် ပညာချွန်ဆု ရသူများ ပိုက်ဆံမရ တာမျိုးလဲ ကြားရလို့ စိတ်မကောင်းပါ။ ရွေးခံရပြီး ငွေမရလဲ ကျောင်းသားကတော့ ကျောင်းဆက်တက်ဖြစ်အောင် တက်ရမှာပါ။ အစိုးရ စီးပွားတိုးတက်ချိန် ပညာရေးဌာန က ယခင်နည်းတူ သက်မွေးပညာသင်ဆု အမြောက်အများ ပေးနိုင်တော့မှာပါ။
.
မနှစ်က ရာနဲ့ချီ ၁၀တန်းအောင်တဲ့ လူရည်ချွန် မျိုးဆက်သစ်များမှာ တက္ကသိုလ်ပညာသင် အခက်ခဲရှိလို့ လျှောက်သူ ၁၀ဦးခန့် ပဲရှိလို့ ကျန်တဲ့ 90% က မိဘတတ်နိုင်ကြပါတယ်။ တချို့လည်း တပ်မတော် ပညာသင်ဆုရတော့ အဆင်ပြေသွားမှာပါ။
.
.
မိမိဘဝ ပညာရေးထောက်ပံ့မှု
ကျနော်တို့ ငယ်စဉ်က ပညာသင်ဆု  (စတိုင်ပင်) တလ ၁၂၀ကျပ် ပေးတဲ့အခါ မရရှိပါဘူး။ မိဘ ဝန်ထမ်းလဲ ဖြစ်ပြီး  ဆိုတော့ ရွေးချယ်အဖွဲ့က မူအရ မပေးပါဘူး။ (ကလေး၈ယောက် မှာ အကြီးဆုံးသား၊ အလွန်ခက်ခဲပါတယ်)။ စက်မှုတက္ကသိုလ် တက်ရမယ် ဆိုတော့ မုံရွာဒေသကောလိပ် မော်ကွန်းထိန်း ဦးစိန်ဌေး ရုံးခန်းကို သွားပြောပါတယ်။ ကျောင်းလခလွတ်ငြိမ်းခွင့် တလ ၃၀ကျပ် ၄နှစ်လုံး ရရှိခဲ့တာ အတော်များတဲ့ငွေပါ။ မမျှော်လင့်ပဲ ရိုးသားလှတဲ့ ဖခင်ကြီးကို အဲဒီခေတ်ကာလ ကျောက်စိမ်းမြို့တော် မိုးကောင်းမြို့ ရဲစခန်းမှုး အဖြစ် ကချင်ပြည်နယ် ပါတီလူကြီး ဦးလကွယ်တူး၊ ဦးလဘန်လ တို့က ပြောင်းရွှေ့ပေးတော့ ကျောင်းစရိတ် မိမိသာမက ညီ ညီမတွေလဲ အဆင်ပြေသွား ပါတယ်။ ဖခင်ကြီးက ရိုးသား ကြောက်တတ်တော့ မိခင်ကြီးကပဲ လူကြီးတွေဆီ သွားပြောပြ မှ ပညာကြိုးစားတဲ့ လူငယ်လေးတဦး ဖခင် ငွေရွှင်တဲ့ ကိုတာရတဲ့ နေရာ ရခဲ့ပါတယ်။ ၄နှစ်အကြာ ဖခင်ကြီးလဲ တရားခံပြေးမှုနဲ့ အရေးယူခံရပါတယ်။  ၁၉၈၀ တုန်းက ၃၀ကျပ်က ယခုခေတ် တလ ၅သောင်း နဲ့ ညီပါတယ်။
.
ပညာသင်ဆု လာလျှောက်တဲ့ အရွေးမခံရတဲ့ မျိုးဆက်သစ် လူရည်ချွန် များကို စာနာမိပါတယ်။ သူတို့ တက္ကသိုလ် ပညာသင်စရိတ် အဆင်ပြေမှာပါ၊ ပြေပါစေ ဆုတောင်း လိုက်ပါတယ်။
M Zaw Aung
......
.
ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် (ဝန်ကြီး ငြိမ်း)
ဒေါက်တာ မြင့်ုမြင့်သိန်း ကလေး အထူးကုဆရာဝန်ကြီး တို့လည်းအလှူရှင်တွေပါ။
နောက်ဆုံး ပိတ် လူရည်ချွန် ထောက်ပံ့ကြေး အလှူ ရှင်မှာ မှာ မမြင့်မြင့်သိန်း ဆက်သွယ်ပေးတဲ့ မုံရွာ မှ ပြင်ပ အလှူ ရှင်ဒီဇိုင်းနာ မပုံ့ ဖြစ်ပါတယ်။ ဘဏ္ဍာရေးမှူးနှင့်ဆက်သွယ် ပြီး လူရည်ချွန်အဖွဲ့ ဦးစီးသည့် ထောက်ပံ့မှု ကို ဆောင်ရွက်ပါမယ်။မကွေးဆေးကျောင်းသား ရွှေဘို လူရည်ချွန်ဖြစ်ပါတယ်။
Tint Tint Kyi LYC EC ကော်မတီဝင်

လူရည်ချွန်ကြီးများ 1964-1988 အုပ်စုအကြောင်း


လူရည်ချွန်ကြီးများ
ကောင်းတဲ့အလုပ်ဖြစ်လို့ လူရည်ချွန်ဟောင်းများ ၁၉၆၄-၁၉၈၈ အဖွဲ့ဟာ တဖန်ရှင်သန်လာတာ ၅နှစ်ရှိပြီး ၂၀၁၈ ခုနှစ်ဟာ အရင် ရွေးချယ်ခံ ကော်မတီ ၁၅ဦးအတွက် အလွန်ခက်ခဲတဲ့ ခယောင်းလမ်းဖြစ်ခဲ့တယ်။ အတွင်းရေးမှုး အပါအဝင် ၃ဦး နှုတ်ထွက်ပြီး လစ်လပ်နေရာများကို ကော်မတီက ၂ဦးအစားထိုး တင်မြှောက်ခဲ့တယ်။
.
အခု နှစ်ပါတ်လည်ညီလာခံမှာ
...သက်ဆိုင်ရာ လူကြီးများ ကော်မတီဥက္ကဌ က ရှင်းလင်း အစီရင်ခံစာကို၊ ထပြီး ကန့်ကွက်ခြင်းနဲ့ စတင်ပါတယ်။ လှိုင်သာယာ ကုသိုလ်ဖြစ်ဆေးခန်း၊ အဖွဲ့ ဘဏ္ဍာရေးမှုး၊ စာရင်းစစ် ရလဒ်များ စသဖြင့် ဖြန့်ဝေထားတဲ့ စာရင်းများအတိုင်း ရှင်းပြပြီး လူရည်ချွန်ကြီးများ အချေအတင် ဖြစ်ရမှု (အထူးသဖြင့် ထိုင်ခုံပြသနာ) ကို အများလေးစားတဲ့ နာယကကြီး ၃ယောက် က စတင်ဖြေရှင်းပေးပါတယ်။
.
ဦးတင်စိုး သံတမန်(ငြိမ်း)
Dr ဖေသက်ခင် ဝန်ကြီးဟောင်း
Dr သန်းဝင်း ပါချုပ်ဟောင်း
.
Dr အောင်ဇော်မျိုး လက်ရှိ Lyc ဥက္ကဌ.. ရှင်းလင်း ပြီး မကြေလည်သူများက ရင်ဖွင့်ကြပါတယ်။
.
ဆွေးနွေး ဆုံးဖြတ်ချက်များကတော့.. LYC team ကို Think.Tank ဖြစ်စေချင်.. ကိစ္စလေးတွေနဲ့ အခြေတင်မဖြစ်ပါစေနဲ့..။ EC ၁၅ယောက်က ၃ဦးထွက်.ခြင်း၊ လစဉ်. စည်းဝေးခေါ်ရင်.. ၅ယောက် ၆ယောက် ပဲလာကြ.. မဖြစ်ပါ..၂၅ယောက် တိုးချဲ့မလး ဥက္ကဌ ဆွေးနွေးတော့ လူများလဲ စည်းဝေးမလာရင် အချည်းနှီးဖြစ်ကြောင်း၊ အခုကစပြီး အစည်းအဝေး ၆၀% မတက်ရင် EC က ထွက်ရမယ်ဖြစ်ကြောင်း၊ ဒီအစည်းဝေးမှာ ဖွဲ့စည်းပုံ စည်းမျဉ်း ပြင်တာ မလုပ်၊ နောက်ထပ် ၃ဦးကို ညီလာခံက တင်မြှောက်မယ်။ EC က ယာယီတင်ထားတဲ့ ဒေါ်သန်းသန်းဝင်း (Civil Engr) နဲ့ ဒေါ်ခင်စုစုလွဏ် (Accountant) တို့လဲ မိမိလုပ်လိုကြောင်း ဆန္ဒပြု လုပ်ချင်သူများ ကို ရှေ့ထွက်လာစေပါတယ်။ ၈ဦး ရှေ့ထွက်လာပါတယ်။ တက်ရောက်သူ ၁၇၇ဦး က မဲစာရွက် ထုတ်ယူပြီး.၃ဦး အမည်ရေးသွင်း ယှဉ်ပြိုင်ပါတယ်။
.
EC ၃ဦး ရွေးးကောက်ပွဲ ရလဒ်
.........................
အရွေးခံကြမဲ့ ၈ဦး
.
ဒေါ်ခင်စုစုထွဋ် စာရင်းစစ် 114*

ဒေါ်သန်းသန်းဝင်း Civilအင်ယာ 89*

Dr မီမီလွင် ဆရာဝန် 94*

ဒေါ်ပြုံးမိုအိ 59

ဒေါ်သီသီမင်း 59

ဒေါ်အေးမြတ်နွယ် 10

ဦးသိန်းသန်းထွန်း 13

ဦးအုန်းသွင် 44
.....................
.
မဲပေး ရွေးကောက်ခံ ရသူ ၃ဦး *
ဒေါ်ခင်စုစုထွဋ် စာရင်းစစ်
ဒေါ်သန်းသန်းဝင်း Civil အင်ယာ
Dr မီမီလွင် ဆရာဝန်..တို့ကို တရားဝင် ရွေးချယ်ပြီး အဖွဲ့ ဥက္ကဌ လက်ကို အပ်နှံ အခမ်းနား ပြီးဆုံးပါတယ်။
.
အချေတင် ဆွေးနွေး စိဆန္ဒ ခံစားချက်များ မိုက်ကရိုဖုန်း ကိုင် ရင်ဖွင့် ပေမဲ့ ရွေးပွဲ ရလဒ်က ဒီမိုကရေစီကျတော့ လက်ခံကြရပါတယ်။
.......
.
ည ၆နာရီ ညစာစားပွဲ ကျင်းပတော့.. တယောက် ကျပ်၁သောင်း ထည့်ဝင်တဲ့ လူရည်ချွန်ဟောင်းကြီးများ
၅၀၀လောက် လာကြပါတယ်။ ငွေပေးပြီး မလာနိုင်သူ ၅၀လောက်ရှိပေမဲ့ ညစာ ၊ ဧည့်ခံပွဲ ကို IBC ဝန်ထမ်းများ၊ မျိုးဆက်သစ် လူရည်ချွန် အငယ်လေးများ။ ဖိတ်ကြားတဲ့ အလှုရှင်များစွာ ..သီချင်းဆိုက၊ ပြဇတ်၊ ဆုပေး၊ လက်ဆောင်ပေးကြပါတယ်။
.
လက်ရှိ ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ဦးကျော်တင့်၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို စတဲ့ လူကြီးများ၊ ယခင် ဒုသမတဟာင်း ဒေါက်တာစိုင်းမောက်ခမ်း၊ ဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်.. တို့ကို လူရည်ချွန် မျိုးဆက်သစ် လူငယ်များနဲ့ ပျော်ရွှင်စွာ တွေ့ရပါတယ်။
.
ပညာထူးချွန်သူ ၁၀တန်းအမှတ် အများဆုံးတွေ မွေးထုတ်ဆုပေးပါတယ်။ ကောင်းပါတယ်။ ပိုကောင်းတာက ထပ်ကွမ်း များစွာ လူရည်ချွန်များ အနေနဲ့ တိုင်ပြည်လူမျိုးကို အကျိုးပြု ပညာရှင်ကြီးများ အဖြစ် ကမ္ဘာအဆင့် တက်လှမ်းစေချင် ဖြစ်စေချင်ပါတယ်။ လူရည်ချွန် သက်ကြွယ်ကြီး များက မျိုးဆက်သစ် လူငယ်များအတွက် လမ်းပြကြယ် သဖွယ် ဖြစ်နေရပါမယ်။
.
လူရည်ချွန်ဟောင်းကြီးများ အငယ်ဆုံးက အသက်၅၀လောက် ရှိပါပြီ။ လူ့သဘာဝအရ အလှုပေးလိုခြင်း၊ မိမိလူရည်ချွန်ဖြစ်တာ ဂုဏ်ယူခြင်း၊ အဖွဲအစုလေးများနဲ့ ထိုင်ခုံ လုကြခြင်း၊ သီဆိုကခုန် စားသောက်လိုခြင်း တွေက လက်ခံရမှာပါ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး များကို နေရာမရလဲ စေတနာ မေတ္တာနဲ့ ပါဝင် လှုဒါန်းသူ အဖွဲ့စည်းများ၊ လူပုဂိုလ်များကို အထူးကျေးဇူးတင်မိပါတယ်။
.
အရေးကြီးဖြစ်တဲ့ မျိုးဆက်သစ် လူရည်ချွန်ကလေးများကို ဒီအခမ်းအနားမှာ အထူးဧည့်သည်အဖြစ် တွေ့ရတာ အဝမ်းမြောက်ဆုံး ပါပဲ။ အခြေ ခံ ပညာ လူရည်ချွန် ရွေးချယ်ခြင်း ပြန်လည် စတင်ခဲ့ပြီး ယခုအခါ ၃ထပ်ကွမ်း မျိုးဆက်သစ် လူရည်ချွန်ကလေးများ ပေါ်ပေါက်လာပါပြီ။
.
ဇော်အောင်(မုံရွာ)
LYC 1980 မုံရွာဒေသကောလိပ်။
.
ကိုးကားလင့်များ
ဓာတ်ပုံအချို့ ကြည့်ရန်
https://m.facebook.com/story.php?story_fbid=10156324655448472&id=755653471
.
လူရည်ချွန် Database Website
https://lyc1964-1968.blogspot.com
.
LCY မဂ္ဂဇင်း pdf file ရလိုသူများ ကွန်မင့်(or) မက်ဆေ့ ရရင် ပို့ပေးလိုပါတ်ာခင်ဗျား။