Sunday, August 20, 2017

လင်ကွန်း လူတွေ အများကြီးရဲ့ ဖိနပ်ကို ချုပ်ပေးခဲ့တာပေါ့။

20.Aug.2017 
 
လင်ကွန်းဟာ သမ္မတ အဖြစ် ရွေးချယ်ခံရပြီး သမ္မတ အဖြစ် ပထမဦးဆုံး ကျမ်းသစ္စာ ကျိန်ဆိုမဲ့ စင်မြင့်ပေါ်ကို တက်လာတယ်။ စင်မြင့် ပတ်ပတ်လည်မှာ အရာရှိအရာခံတွေ ဝန်ကြီးတွေ လူကြီးလူကောင်းတွေ အကုန်နေရာယူပြီး သမ္မတ အသစ်ကို စောင့်မျှော်နေတဲ့ အချိန်ဖြစ်တယ်။

လင်ကွန်း စင်မြင့်ထက်မှာ နေရာယူပြီးတာနဲ့ ရှေ့ဆုံးတန်းက ချမ်းသာတဲ့ အရာရှိကြီး တစ်ယောက်ကထပြီး လင်ကွန်းခင်ဗျား....".... ခင်ဗျားရဲ့ ဖခင်ဟာ ကျနော့်တို့ မိသားစုအတွက် ဖိနပ်ချုပ်ခဲ့တာ မှတ်မိပါသလား ခင်ဗျား ..." လို့ အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။ ဒါကိုကြားတဲ့ အရာရှိကြီးတွေ အကုန်လုံးက ဝိုင်းရယ်ကြတာပေါ့။

အမှန်သူက လင်ကွန်းကို သက်သက်အရှက်ခွဲလိုက်တာ။ နှိမ်လိုက်တာ။ ကျန်တဲ့ လင်ကွန်းကို မနာလို ဖြစ်နေတဲ့ အရာရှိတွေအကုန်လုံးကလည်း သမ္မတသစ်ကို နှိမ်လိုက်နိုင်ပြီလို့ ဝမ်းမြောက်နေကြတာပေါ့။

ဒါပေမဲ့ လင်ကွန်း ပြန်ဖြေတဲ့ စကားကြောင့် သူတို့တွေ အကုန်အံ့အား သင့်ခဲ့ရတယ်။ လင်ကွန်းက ...." ဟာ... ကျနော်ကောင်းကောင်း မှတ်မိတာပေါ့...။ ကျနော်ဖခင်က ခင်ဗျားတို့ မိသားစုသာမက ဒီပွဲ လာတက်တဲ့ လူတွေ အများကြီးရဲ့ ဖိနပ်ကို ချုပ်ပေးခဲ့တာပေါ့။

အဲဒီလို ချုပ်ပေးလို့ ခင်ဗျားမိဘတွေက ကျနော့် ဖခင်ချုပ်ပေးတာ မကြိုက်လို့ ဝေဖန်ပြစ်တင်တဲ့ အသံကြားခဲ့ဖူးလား။ အဲဒီလိုပဲ ကျန်တဲ့ ဘယ်သူမှ ကျနော့်ဖခင် ချုပ်ပေးတဲ့ ဖိနပ်ကို မကြိုက်လို့ ဝေဖန် ပြစ်တင်ခဲ့တာ မရှိခဲ့ဘူး။ ကျနော့်ဖခင် ချုပ်ပေးတဲ့ ဖိနပ်တွေက သိပ်သပ်ရပ်ပြီး အကြာကြီးခံတာ။ သူချုပ်ပေးတဲ့ ဖိနပ်တိုင်းကို လူတိုင်းက သိပ်ကြိုက်ကြတယ်။

တကယ်တော့ ကျနော့်ဖခင်က ဖိနပ်ချုပ်တဲ့ အလုပ်မှာ ပါရမီရှင်ပါပဲ။ ကျနော်ကတော့ ကျနော့် ဖခင်အတွက် အရမ်း ဂုဏ်ယူတယ်လို့ ပြန်ပြောလိုက်တယ်..."

လင်ကွန်းကို အရှက်ခွဲကြိုးစားတဲ့ ချမ်းသာတဲ့ အရာရှိကြီးရော သူ့ကို ဝိုင်းလှောင်တဲ့ အရာရှိကြီးတွေ အကုန်လုံး ပါးစပ် အဟောင်းသား ဖြစ်သွားတာပေါ့။

အမှန်က ဖိနပ်ချုပ်သမားဆိုပြီး ကဲ့ရဲ့ အရှက်ခွဲဖို့ ကြိုးစားတာ မအောင်မြင်ပဲ သူက သူ့အဖေအတွက်တောင် ဂုဏ်ယူ နေသေးသတဲ့။

သတိရဖို့က မင်းကို မင်းကလွဲလို့ ဘယ်သူမှ နာကျင်အောင်လုပ်လို့ မရပါဘူး။

ဒါကြောင့် ဒီလိုဝေဖန်ပြစ်တင်မှုတွေ ကြုံတဲ့အခါက ကိုယ်က ဘယ်လိုတုန့်ပြန်လဲ ဆိုတာက အရေးကြီးတာပါ။ ကိုယ့်အလုပ်သာ အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင်လုပ်ပါ..။ ဝေဖန်မှုတွေ အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးပါစေနဲ့။ ကိုယ့်စိတ်ဓါတ်တွေ မထိခိုက် မနာကျင်ပါစေနဲ့.....။

Ye Min ( 19/8/2017)

ARE YOU HURT? LESSON FROM ABRAHAM LINCOLN’S STORY ကို ဆီလျှော်အောင် ပြန်ဆိုပါသည်။
.
12,975 shares

လမင်းလေး ချစ်သူ အရမ်းကိုကောင်းပါတယ်
LikeShow more reactions
Reply2 hrs
Manage
Kham Lay ဒီစာလေးကိုဖတ်ပီး အားရှိသွားပီ
LikeShow more reactions
Reply
1
2 hrs
Manage
LikeShow more reactions
Reply
1
2 hrs
Manage
LikeShow more reactions
Reply2 hrs
Manage
Yupar Yupar တကယ်ကျေးဇူးပါ
ကျွန်မဘဝရဲ့တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့စကားလက်ဆောင်ပါ။ဖတ်နေရင်းနဲ့တောင်မျက်ရည်ဝဲလာ မိတယ်။Thank.
LikeShow more reactions
Reply2 hrs
Manage
Sut Chyai စိတ်ဓာတ်ဖြောင့်မတ်မှုဟာ အမှန်ကိုဖော်ထုတ်ဝံ့တာပဲ right


Ashin Dhammi Ka Kty သိပ်ကောင်းတဲ့စောင်းပါပါပဲ အမှန်က လူတစ်ယောက်စကားမေလာတိုင်းပါနပ်စွာ ပြန်ချေပနိုင်တဲ့ အစကားပရိယာယ်တွေ လေ့လာသင်ယူ နည်းယူအတုယူစရာကောင်းဆုံးနည်းလမ်းပေါ့


Saw Ko Ko လင်ကွန်းကိုရော ဒီ post ရေးတဲ့ သူကိုရော
Image may contain: one or more people and text



Komoe Komoe Kohi အတွေးအမြင်ရိုးရှင်းပြီး အကောင်းမြင်ဝါဒ လက်ကိုင်နိုင်စွမ်း ရဲ့ သတ္တိ ကောင်းစေချင်တဲ့ သမာဓိအား ထက်သန်နေတဲ့ စိတ်ဓါတ်သန့်စင်လွန်းပါတယ် လူတော်လူကောင်းတွေရဲ့ လူသေသော် အမည်မသေဘဲ မျိုးဆက်ပေါင်းများစွာ ပညာရှင်တွေကြားမှာ အမျိုးဂုဏ်ဆောင်နိုင်စွမ်း ရှိသည်

ပည့် စုံ သိပ်ကောင်းတဲ့အဖြေပဲ
Reply3 hrs
Manage
Ni Lar လေးစားပါတယ်
Reply3 hrs
Manage
Htun Thaung သိပ်ကောင်းတဲ့စာစုလေးပါ။ကျေးကျေးပါ။
Reply3 hrs
Manage
Moon Khamm မြန်​မာနိုင်​ငံ ဒီလိုလူ​တွေအများကြီး ရှိရင်​ သိပ်​​ကောင်းမှာဘဲ
Reply3 hrs
838 Comments





Friday, August 4, 2017

အာကာကျော် ခေါ်တဲ့ လူငယ် ဂရပ်ဖီတီပုံဆွဲသူ။


အာကာကျော် ခေါ်တဲ့ လူငယ် ဂရပ်ဖီတီပုံဆွဲသူ။
မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတကြီး အိုဘားမား
ကို ပြည်သူအများ စိတ်ဝင်စား၊ စိတ်လှုပ်ရှားနေကြချိန်မှာ ၂၁နှစ်အရွယ် အာကာကျော် နံရံပေါ်မှာ ဂရပ်ဖစ်တီပုံဆွဲလို့ သမ္မတကြီးကို ကြိုဆိုခဲ့ပါတယ်။ပုံလေးဆွဲပြီးတဲ့အခါ ဓာတ်ပုံရိုက်၊ ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး နောက်နေ့မှာ Like လေးတွေ တက်နေမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရိုးရိုးလေး အိပ်ရာဝင်ခဲ့ပေမဲ့ နောက်တစ်နေ့မှာ သူ့ ဘ၀အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါတယ်။  ဖုန်းတွေ ၀င်လာတယ်၊ အင်တာဗျူးတွေ ချိတ်ကြတယ်၊ နေ့ချင်းညချင်းဆိုသလို လူသိများသွားပါတယ်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ အိုဘားမား မိန့်ခွန်းပြောပွဲကို ဘယ်လိုမှ မျှော်လင့်မထားဘဲ တက်ရောက်ခွင့် ရခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြား ရရှိခဲ့တယ်လို့ လူငယ်လေးက ပြောပြပါတယ်။၂၀၁၃ က နေပြည်တော်တွင် ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ၌ ရေးဆွဲရန် ဖိတ်ကြားခံရပါတယ်။

ရန်ကုန်မြို့လမ်းပေါ် နံရံများကို  မှုတ်ဆေးဖြင့် ပန်းချီဆွဲတဲ့ အာဏာ ပိုင်အချို့က လိုက်လံဖမ်းဆီးခဲ့ဖူးပါတယ်။ သူ့ ရဲ့ အိုဘားမား ပုံမှာ ဖျက်ဆီးခံခဲ့ပေမဲ့ သူက စိတ်ဓာတ် မကျဘဲ နောက်တစ်ပုံ ထပ်ဆွဲခဲ့ ပြန်တယ်။ ‘‘ကိုယ်မပိုင်တဲ့လမ်းပေါ်မှာ ဆွဲတဲ့အတွက် အချိန်မရွေး ဖျက် ခံရနိုင်တယ်ဆိုတဲ့အသိက ရှိပြီး သားပါ’’ လို့ အာကာကျော်က သူ့ခံစားချက်ကို ပြောပြပါတယ်။  ဗိုလ်ချုပ်အောင်ဆန်း၊ လူထုခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတ(ဟောင်း) ဦးသိန်းစိန်နှင့် အိုဘားမားတို့၏ ပုံများက ထင်ရှားပါတယ်။ နိုင်ငံ ရေးသမား သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပန အခမ်းအနားတွင်လည်း ဆရာ ကြီး၏ပုံတူ ရေးဆွဲ၍ ဂါရဝပြုခဲ့ပါတယ်။ အခု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပုံဆွဲဖို့တော့ သိပ် ဖီးလ်မလာဘူးလို့  အာကာကျော် က ပြောပါတယ်။
.
.
ငယ်စဉ်ဘဝ
ထားဝယ်မှာ မွေးခဲ့ပြီး  နှစ်တန်းအရွယ် မိသားစုလိုက် ရန်ကုန်ကိုပြောင်းခဲ့ကြပြီး မွေးချင်းမှာ ငါးယောက်မှာ စတုတ္ထမြောက်ဖြစ်ပါတယ်။ လက်ဦးဆရာက ပန်းချီဆရာဖြစ်တဲ့ ဖခင်ဖြစ်ပါတယ်။ အဖေဖြစ်သူဆီက ပန်းချီပညာကို ငယ်ငယ်ကတည်းက ရရှိခဲ့ပါတယ်။  ၁၀တန်း ပြီးတဲ့အချိန်မှာ ဂရပ်ဖစ်တီဆွဲတာကို အွန်လိုင်းကနေ စလေ့လာခဲ့ပြီး တစ်စိုက်မတ်မတ် လေ့လာဖြစ်ခဲ့တယ်။ ဖခင်ကို မှီခိုခဲ့ပေမဲ့ ဖခင်ရဲ့ လောင်းကစားဝါသနာကြောင့် ၂၀၁၂ ခုနှစ်မှာ အဆင်မပြေခဲ့ပါဘူး။ အမေ့ကိုခေါ်ပြီး အဖေနဲ့ ခွဲခဲ့တယ်။ အကာကျော် ပထမနှစ် ကျောင်းတက်ရင်း၊ အလုပ်လုပ်တယ်။ ညီအစ်ကို သုံးဦးတည်း ၁၈ လမ်းက ၈-လွှာမှာ ရှိတဲ့ တိုက်ခန်း အိမ်ငှားနေခဲ့ပါတယ်။ အခုချိန်မှာ အဖေရော၊ အမေပါ မိသားစု တစ်ပေါင်း တစ်စည်းတည်း ပြန်နေနိုင်ခဲ့ပါပြီ။

ကန်တော်ကြီး ပွဲတော်ရက်တွေမှာဆို ပို့စ်ကတ်တွေမှာ ဆွဲရင်း တရုတ်တန်းမှာလည်း အစ်ကိုတွေရဲ့အလုပ်တွေလဲ လုံးဝစိတ်မပါခဲ့ဘူး။ မန္တလေးက စကျင်ရွာမှာ ဘုရားရဲ့ မျက်နှာတော်တွေကို  သွားဆေးခြယ်ခဲ့တယ်။ သူငယ်ချင်းတွေ အပ်တဲ့ ပုံလေးတွေ ဆွဲပေးရင် ပိုက်ဆံလေးတွေ စုမိတယ်"လို့ ပြောပါတယ်။ ဆေးဘူးတောင် မ၀ယ်နိုင်သေးတဲ့ဘ၀ ဖြစ်ခဲ့ပြီး၊ စာအုပ်ထဲက စာသားတွေကလည်း သူ့အတွက် အားဖြစ်စေခဲ့ပါတယ်။ တရုတ်တန်းမှာ နေခဲ့ချိန် ပိုက်ဆံတဲ့ စီးပွားရေးသမားတွေဆီက အကြုံအများကြီး ရခဲ့တယ်။ တက်တူးထိုးတဲ့စက် ၀ယ်ယူလိုက်ပြီး တက်တူး ဒီဇိုင်းတွေ ဆွဲပေးကာ ကိုယ်တိုင်လည်း တက်တူးထိုးပေးတယ်လို့ အာကာကျော် ကပြောပါတယ်။
.
.
ဂရပ်ဖစ်တီ ပန်းချီစတင်ရေးဆွဲခြင်း
သူနေတဲ့ လမ်းနားမှာ နိုင်ငံခြားသားတစ်ယောက်ရဲ့ ဂရပ်ဖစ်တီကိုမြင်ပြီး ဘေးနားကနေ စုတ်တံနဲ့ ပုံဆွဲခဲ့ရာက ဆေးဘူးဝယ်ရင်း စဆွဲဖြစ်ခဲ့တာကတော့ ကမ်းနားလမ်းက ဦးသိန်းစိန်ပုံ ဖြစ်တယ်လို့ ဆိုပါတယ်။ "ဦးသိန်းစိန်ပုံ  နိုဘယ်ဆုဆန်ခါတင်ချိန် ဂုဏ်ပြုတဲ့ အနေနဲ့ ဆွဲဖြစ်ခဲ့တာပါ။ အိုဘားမားတုန်းကတော့ သူ့ကို ကြိုဆိုချင်တာကြောင့်  ပုံဆွဲပြီးတော့ပဲ ကြိုဆိုလိုက်တာပါ။ ပိုက်ဆံချေးပြီး ဆွဲရတာ" လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအပြောင်း အလဲနှင့်အတူ ဂရပ်ဖစ်တီရေစီးပြောင်းလာပြီး လမ်းပေါ်တွင် ပုံဆွဲလူငယ်များကို အစိုးရက ဖိတ်ခေါ်ပြီး အများပြည်သူ အပန်းဖြေစေနိုင်ရေးအတွက် ရေး ဆွဲစေခဲ့ပါတယ်။ မြေနီကုန်းခုံးကျော်တံတား၊ နောက်ဖေးလမ်းကြား စတဲ့ အနုပညာစီမံကိန်းဖြစ်ပါတယ်။ ပုံဆွဲတဲ့အခါ နိုင်ငံတကာက အနုပညာရှင်တွေနဲ့ကွဲပြားပြီး ကိုယ်ပိုင်ပုံစံမျိုး ရှိနေဖို့း လေ့ကျင့်နေပြီး အွန်လိုင်းကနေတစ်ဆင့် နိုင်ငံတကာပညာရှင်တွေရဲ့ လက်ရာတွေကို လေ့လာရင်း ကြိုးစားပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ စီးပွားရေးအရလုပ်ရပေမဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ အနုပညာတန်ဖိုးထားတဲ့ ပရဟိတပွဲဆိုရင် ငွေကြေးနဲ့မဟုတ်ဘဲ လုပ်ပေးပါတယ်လို့လည်း ဆိုပါတယ်။

သူ့အိပ်မက်မှာ သူ့ အသက် (၂၄)နှစ်မှာ တကယ်ဖြစ်လာပါတယ်။ အိပ်မက်တစ်ခုဖြစ်သော တစ် ကိုယ်တော် ပန်းချီပြပွဲ ‘Luckie and Me’ ပြပွဲမှာ ဂရပ်ဖစ်တီပုံများ၊ ပန်းချီအများအပြားနဲ့ သူရဲ့  ငါးပန်းချီကားများများ ပြသခဲ့ပါတယ်။ သူရဲ့ ပန်းချီပုံများစာအုပ်ကိုပါ မိတ်ဆက်ခဲ့ပါတယ်။

ထိုင်း နှင့် အင်ဒိုနီးရှားနိုင်ငံ ကိုလည်း အာကာကျော် သွားရောက်ပြသခဲ့ပါတယ်။ ထိုင်းနိုင်ငံ Meeting of Style ပွဲကတော့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ခြင်းဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ New Icon Pop Asia Art Exhibition ပွဲကတော့ အာဆီယံ ၁၀ နိုင်ငံက Artist (၁၀)ဦးပြပွဲမှာ မြန်မာနိုင်ငံ ကိုယ် စားပြုအဖြစ် ပြသခဲ့ပါတယ်။

ဂရပ်ဖစ်တီကို စိတ်ဝင် စားသော လူငယ်များအတွက် No.2 Art Area ကို ဝါသနာ တူ လူငယ်များနှင့်အတူ ဖွဲ့စည်းထားပြီး၊ နောက်ဖေးလမ်းကြား ဥယျာဉ် စီမံကိန်းတွင်လည်း ကျောက်တံ တားမြို့နယ် လွှတ်တော်ကိုယ်စား လှယ်များနှင့် ပူးပေါင်းပါဝင်လျက် ရှိပါတယ်။
.
.
အများအတွက်၊ ကြိုးစားအားထုတ်ခြင်း
‘‘လူတိုင်းမှာ Talent ထူးချွန်မှု တစ်ခုစီ ရှိတယ်တဲ့။ ငယ်ငယ်ကတည်းက အလုပ်အမျိုးမျိုး လုပ်ခဲ့ပေမဲ့ ပုံပဲဆွဲ တတ်တော့ အမြဲ တမ်းလေ့လာ ကြိုးစားတယ်။ လေ့လာမှုနှင့် လေ့ကျင့်မှု နှစ်ခုပေါင်းလျှင် လူတိုင်း ဂရပ် ဖစ်တီဆွဲလို့ရပါတယ။  အခုထိလည်း Online ညတိုင်း Youtube မှာ အမြဲလေ့လာ ကြိုးစားနေပါတယ် လို့. သူ၏အလုပ်နှင့်ပတ်သက် သော ခံယူချက်ကို ပြောပြပါတယ်။

ငွေကြေးဦးစားပေးနေရတဲ့ မြန်မာလူငယ်ပညာရှင် များစွာ ရှိပါတယ်။ ပန်းချီပညာရှင်များစွာလည်း ပါဝင်ပါတယ်။ ကမ္ဘာ့ အဆင့် မြန်မာပန်းချီပညာရှင်များဖြစ်တဲ့ ဦးဘဥာဏ်၊ ဦးဘကြည် စတဲ့ ပန်းချီဆရာကြီးများဟာ  အစိုးရပညာတော်သင်အဖြစ် နိုင်ငံခြားပန်းချီအနုပညာကျောင်းများမှာ သင်ကြားခွင့်ရလို့၊ သူတို့လက်ရာများဟာ ကမ္ဘာကျော်ဖြစ်လာပါတယ်။ နိုင်ငံတကာက ကမ္ဘာကျော် ပန်းချီပညာရှင်ကြီးများလည်း အလားတူ ပန်းချီကျောင်းဆင်းများ ဖြစ်ပါတယ်။ ဆရာကောင်းများက ပန်းချီကျောင်းတော်ကြီးများမှာ ရှိပါတယ်။ အကာကျော် အဖို့ နိုင်ငံတကာ အနုပညာကျောင်းတစ်ခုမှာ ပညာသင်ဆု ရရှိခဲ့ရင် ကမ္ဘာ့အဆင့် ဖြစ်လာမလား စဉ်းစာမိပါတယ်။

Myanmar Good Attitude.