Tuesday, September 17, 2019

လူရည်ချွန် (၁၉၆၄-၁၉၈၈)အဖွဲ့
Luyechun (1964-1988) Association
=====================
အဖွဲဝင်ပေါင်း ၁၃၀၀ ကျော် ရှိပြီး၊ ကွန်လွန်သူများ အပါဝင် စာရင်းရှိ ကျား၅၀၁၇ +မ၂၈၈၁=စုစုပေါင်း ၇၉၀၈ ဦး ဖြစ်သည်။ စာရင်း လုပ်နေဆဲ ဖြစ်ပြီး တစ်ဦးကွယ်လွန်သွားပါက အဖွဲ့မှ ကျန်ရစ်သူ မိသားစုထံ သွားရောက်ပါဝင် နှစ်သိမ့် ကူပံငွေ ပေးအပ်သည်။
.
၇ကြိမ်  ၂ဦး
၆ကြိမ်  ၁၉ဦး
၅ကြိမ်  ၄၃ဦး
၎ကြိမ် ၂၃၇ဦး
၃ကြိမ် ၆၂၃ဦး
၂ကြိမ် ၁၃၉၃ဦး
၁ကြိမ် ၅၅၉၁ဦး
စုစုပေါင်း ၇၉၀၈ဦး စာရင်းရှိသည်။
သင်္ချာလူရည်ချွန် များလည်း စာရင်း ထည့်သွင်းသည်။
.
၁၉၆၄ တွင် စတင်ခဲ့ပြီး အခြေ ခံ ပညာ ၇တန်း မှ ၁၀တန်း အထိ တမြို့နယ် တစ်ဦးစီ၊ အထက်တန်းပညာ တက္ကသိုလ်၊ သက်မွေးကောလိပ်၊ ဂျီတီအိုင်၊ စိုက်ပျိုးသိပ္ပံ၊ ဆရာအတတ်သင်ကောလိပ် များမှ ပထမနှစ်မှ စတ္တုထနှစ် အထိ တစ်တန်းလျင် အမှတ်အများဆုံး (စာအတော်ဆုံး) ကျောင်းသား၊ ကျောင်းသူများကို ဘက်စုံ(ရေးဖြေ+လက်တွေ့) ယှဉ်ပြိုင်စေပြီး  လူရည်ချွန်ဆု ရွေးချယ် နွေရာသီ အပမ်းဖြေ စခန်းများသို့ (ရန်ကုန်စုပေါင်းစခန်း၊ အင်လေးခောင်တိုင်စခန်း၊ ငပလီပင်လယ်ကမ်းခြေစခန်း) များသို့ ပို့ဆောင် အရည်သွေးမြှင်တင် ပျိုးထောင်ပေးသော ပြည်ထောင်စု အဆင့် စီမံကိန်း ဖြစ်သည်။
.
ပြည်သူလူထု ကလည်း အရောင်းသွေး ကင်းမဲ့သော ပညာတော်၊ ဘက်စုံထူးချွန် ကျောင်သူ၊ကျောင်းသားများကို အလွန် ချစ်ခင် လေးစား အားကိုး ကြိုဆိုကြသည်။
.
 သို့သော် စစ်တပ် အရာရှိများက အရပ်ဝတ်လဲပီး အစိုးရ ဌာနအသီးသီး တွင် အကြီးအကဲ များအဖြစ် ဝင်ရောက် အုပ်ချုပ်ကြသည်။ ၁၉၆၂ စစ်အာဏာသိမ်း ခြင်းမှ အစပြုသော စစ်အုပ်ချုပ်ရေး စနစ်ကြောင့် အာရှထိပ်တန်းမြန်မာ နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံ အဖြစ် 1987 တွင် ကြေငြာရသည်။   ၁၉၈၈ ရှစ်လေးလုံး တပြည်လုံးအုံကြွ ဆန္နပြခြင်းအား စစ်တပ်မှ ပစ်ခတ်၊ သတ်ဖြတ်ခြင်း ဖြင့်၊ အင်အားသုံး ချေမှုန်း ရာမှ မွန်မြတ်သော လူရည်ချွန် စီမံကိန်းကြီး လည်း ရပ်နားသွား ရ ရှာသည်။
.
၂၀၁၁ တွင် စစ်တပ် မှ အရပ်သားတပိုင်း  (၂၀၀၈ အခြေ ခံ ဥပဒေ ဖြင့်) အရပ်သား ၇၅%၊ စစ်သား ၂၅% အစိုးရ ဖြစ်ပေါ်လာပြီး လူရည်ချွန် စီမံကိန်း ၇တန်း မှ ၁၀တန်း အထိ ပြန်လည် အကောင်ထည် ဖော်သည်မှာ ယခု ၂၀၁၉ နှစ်တွင် ၄ကြိမ် ရှိပြီ။  ငွေဆောင်ပင်လယ်ကမ်းခြေ စခန်း၊ ပုဂံစခန်း၊ အင်းလေးခေါင်တိုင်စခန်း တို့တွင် စေလွှတ် ပျိုးထောင် ပေးလျက် ရှိသည်။
.
ယခု ၆၄-၈၈ အဖွဲ့ မှာ အငယ်ဆုံး ၄၅နှစ် မှ အကြီးဆုံး ၇၈နှစ် အထိ သက်ကြီး စီနီယာကြီးများ ဖြစ်ကြပြီး၊ ၂၀၁၄ ရောက်မှ ဖေ့ဘုတ်ဂရု တစ်ခုကို လူရည်ချွန်ဟောင်းတစုက စုစည်းပေးရာမှ တရားဝင် မှတ်ပုံတင် အဖွဲ့အစည်း အလုပ်အမှုဆောင် ၁၅ဦး ရွေးချယ်ခဲ့သည်။

အဖွဲ့ အဓိက လုပ်ဆောင်မှုမှာ..
.
* ကျန်းမာရေး လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း (အခမဲ့) လှိုင်သာယာ ကို လှိုင်သာယာ၊ ချင်စုလမ်း၊ လူနေဈေးဆိုင်ခန်း Ph 09254636468 တွင် ကုသပေးနေခြင်း။

* မျိုးဆက်သစ် လူရည်ချွန် များမှ ပညာသင်ဆု (တလ ၁သိန်းကျပ်) နှစ်စဉ် ၅ဦး ရွေးချယ်ပြီး ပေးအပ်ခြင်း။ အခြား စိတ်ဝင်စားသူများက မိမိတို ပေးလိုသော ကျောင်းသား များအတွက် ကြားခံအဖြစ် ပညာသင်ဆု ပေးအပ်မှု ဝန်ဆောင်ပေးခြင်း..

ထို၂ချက် ကို လူရည်ချွန် ရွေးကောက်ခံ အလုပ်မှုဆောင်  ၁၅ ဦးနှင့် လုပ်အားပေးများက ထမ်းဆောင် လျှက် ရှိသည်။ တနှစ် ကုန်ကျငွေ သိန်း၅၀၀ ခန့် ရှိပြီး လက်ရှိ အဖွဲ့ ရံပုံငွေ မှာ သိန်း ၁၄၀၀ ခန့် ကျန်သည်။ လူရည်ချွန် ၆၄-၈၈ ရုံးခန်းဝယ်ရန် ရံပုံငွေ လှုဒါန်း သူများ၏ သိန်း၄၀၀ ခန့် ရှိနေပြီး..မဝယ်နိုင်သေးပါ။ တလ ၃သိန်း ဖြင် ရန်ကုန် ၅၆လမ်း၊ ဒုတိယထပ် တွင် ငှါးရမ်း ထားသည်။ တလ တကြိမ် အမှုဆောင်များ နှင် အခြားလှုပ်ရှားမှုများ ကျင်းပ နေသည်။
.
.
အခြားလှုပ်ရှားမှုများ

* အဖွဲ့မှ ငွေကုန်ကျ ခံသော အထက်ပါ ပညာရေးနှင့်ကျန်းမာရေး လုပ်ငန်းကြီး ၂ခု အပြင် အောက်ပါ လှုပ်ရှားမှုများရှိနေကြသည်။

* နှစ်စဉ်  ဇန္နဝါရီ လဆန်းပိုင်းတွင် တပြည်လုံး လူရည်ချွန်အားလုံး မိမိနှင့် နီးစပ်ရာကို ခေါ်လာကြပြီး နေ့အချိန် အစည်းအဝေး နှင့် နေ့လည်စာ အဖွဲ့မှ ကြွေးမွေး ကျင်းပသည်။ ရွေးကောက်ပွဲ ကျင်းပသည်။.. ည အချိန်တွင် တစ်ဦး ကျပ်၁သောင်း (Jan-2019) ထည့်ဝင်ပြီး ညစာစားပွဲ ကျင်းပသည်။ ပြည်ထောင်စုအဆင့် အစိုးရခေါင်းဆောင်များ၊ လူရည်ချွန် နိုင်ငံကျော်များကို ဖိန်ကြားကာ.. မျိုးဆက်သစ် လူရည်ချွန်များအပါအဝင် သီဆို၊ တနှ်ုတ်၊ ကခုန်၊ ပျော်ရွှင်စွာ ညစာ အတူစားကြသည်။ လက်ရည်တပြင်တည်း တွေ့ဆုံကြသည်။
.
* မျိုးဆက်သစ် လူရည်ချွန် စခန်းများ ဖြစ်သော  ငွေဆောင်ပင်လယ်ကမ်းခြေ စခန်း၊ ပုဂံစခန်း၊ အင်းလေးခေါင်တိုင်စခန်း တို့တွင် မိမိစရိတ်ဖြင့် သွားရောက် အားပေး တွေ့ဆုံကြသည်။
.
* အသင်းခွဲများ အဖြစ် မန္တလေး၊ ရခိုင်၊ မော်လမြိုင်၊ မုံရွာ စသည်တို့တွင် ဒေသခံ စပွန်စာများဖြင့် တွေ့ဆုံပွဲ များ ကျင်းပရာသို့ ရန်ကုန်နှင့် နယ်မြို့ လူရည်ချွန်များက ပါဝင်တက်ရောက်ကြသည်။
.
* မိမိ စရိတ်ဖြင် နှစ်စဉ် မဂ္ဂဇင်းထုတ်ဝေ ရေး ကော်မတီ တစ်ခု ဖွဲ့စည်းပြီး နိုင်ငံသိ လူရည်ချွန် စာရေးဆရာ များက စာပေအနုပညာ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများကို စုစည်း ထုတ်ဝေ ရောင်းချပေးသည်။ ၂၀၁၉ တွင် အုပ်ရေ ၁ထောင်ကို တစ်အုပ် ၃ထောင်ကျပ် ရောင်းချရာ အမြတ်ငွေ xxသိန်း ရရှိခဲ့သည်။ အုပ်ရေ ၇၀ ခန့်ကို လက်ဆောင် ပေးခဲ့ပြီး..၇၀ အုပ် လက်ကျန် ရှိနေသည်။
.
* စိတ်တူ ကိုယ်တူ လူရည်ချွန် အစု အဖွဲ့များက အခြေ ခံ ပညာ ကျောင်း ဆောင် များ ဆောက်လုပ် လှုဒါါန်းပြီး၊ အခြေ ခံ ပညာရေး အစိုးရထံ အပ်နှံ၊ ကျောင်းဆရာ ရရှိရေး အထိ ကူညီ လုပ်ဆောင်ပေးနေကြသည်။ CTPE အဖွဲ့၊ ပုဂံ LYC ကျောင်းဆောက်ခြင်း၊ စသည့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ရေး လုပ်ငန်းများကို လူရည်ချွန် အင်ဂျင်နီယာများက အခမဲ့ လုပ်ဆောင်ပေးနေသည်။ ကုမဏီများက ဆောက်လုပ်လျှင် ကျပ် ၃၀၀ သိန်း ကုန်ကျပါက.  တိုင်ပင်အင်ဂျင်နီယာအခ 10% ကျပ် ၃၀သိန်း အနည်းဆုံး ကုန်ကျသည်။ သို့သော် LYC အတိုင်ပင်ခံများက ကျောင်း ဆောက်လုပ်ရေး များကို အခမဲ့ မိမိစရိတ်ဖြင့် ကြီးကြပ်ပေးသည်ကို ဂုဏ်ပြု ရေးသား လိုက်ပါသည်။
.
ဖတ်ရှု သူများကို လေးစား ကျေးဇူးတင်သည်။ အသင်းဝင်ကြေး တနှစ် ကျပ် ၁သောင်း ပေးသူ LYC ၇၀၀ ဦးခန့် သာ ရှိသေးသည်။ စည်းရုံးပေးကြပါ။ Smart ID Card ကို ကားမောင်းလိုင်စင် ကပ်ပြားစတိုင် ထုတ်ပေးရန် စီစဉ်နေကြသည်။ အဖွဲ့ဝင် များများ စုစည်းပေးသူများကို ဂုဏ်ပြုလက်မှတ် ပေးအပ် မှတ်တမ်းတင်ရမည်။ မိမိတို့ နှစ်အလိုက်၊ မြို့အလိုက် စုစည်းပြီး အဖွဲ့ ဆောင်ပုဒ်အတိုင်း (ထိရောက်စွာ၊ အချိန်ပေး) လုပ်ဆောင် ကြဖို့ တိုက်တွန်း လိုက်ပါသည်။
.
LYC ၃ခေါက်ချိုး လက်ကမ်းစာစောင် နှင့် အခြား မှတ်တမ်းစာအုပ်များစွာ လုပ်ပေးသူများကို ကျေးဇူးတင် ဂုဏ်ပြုရေးသားပါသည်။

ပုံ. ၂၀၁၉ ဧပြီလ မျိုးဆက်သစ် LYC စခန်းအတွက် ထုတ်ဝေခြင်း လက်ကမ်းစာစောင်။

ဆောင်ပုဒ်
"နိုင်ငံအကျိုးဆောင်ရွက်ဖို့ လူရည်ချွန်များစုစည်းစို့"
Our Solidarity Towards Prosperous Country

TSP Education
LYC 80 from Monywa
18.9.2019

အမှတ်(၉၁)  ပထမထပ်၊ အနော်ရထာလမ်း
(၅၆)လမ်းတိုထောင့်၊ ပုဇွန်တောင်၊ ရန်ကုန်
ဖုံး  ၀၉၃၃၂၁၀၆၁၁

ရုံးဝန်ထမ်းဖုံး ဝ၉ ၄၂၂၅၃၆၆၅၂   (ပပ ၏ဖုံး). တနင်္လာနေ့ နှင့် တနင်္ဂနွေနေ့ပိတ်သည်၊ နက်ဖန်sunday  meeting ရှိ၍ ဖွင့်သည်

Official Website
http://www.luyechun.org/

Un-official Website
www.lyc1964-1988.blogspot.com

Official Facebook
https://www.facebook.com/groups/214144522493173/