ရောဘတ်မူဂါဘီ (ဇင်ဘာဘွေ)
မြန်မာနိုင်ငံမှာကော်ပီ လာလုပ်မရပါ
.
ကျပ်ငွေတန်ဖိုး ဒလဟောကျဆင်းနေတော့ အိမ်ခြံမြေတွေ ဘဏ်အကောင့် ထရန်စဖာနဲ့ အရောင်းအဝယ်လုပ်နေကြပြီ။ အိမ်စျေး ၃၀% အထက် စျေးတက်ပြီး၊ ပြည်ပတင်သွင်းတဲ့ စက္ကူ၊ ဆောက်လုပ်ရေးနဲ့လျပ်စစ်ပစ္စည်းတွေ ၅၀% အထက်စျေးတက်တယ်။ ဆန်ဆီ စားကုန်တွေလည်း ၃၀% အထက် စျေးတက်ကုန်တယ်။ မကြာမီ ကျပ်၁သောင်းတန်တွေ ဘုန်းဘောလအော ရိုက်နှိပ်လာချိန် ငွေဖောင်းပွနှုန်း အကြီးအကျယ်ဖြစ်ပြီး ဒေသလုံခြုံရေး အကြီးအကျယ်ထိခိုက်မယ်။ .
.
ဇင်ဘာဘွေ ပညာတတ်တဲ့ သမတ ရောဘတ်မူဂါဘီ ကဲ့သို့ ပညာမတတ်တဲ့ မင်းအောင်လှိုင် လုပ်နိုင်မလား။ အကြွင်းမဲ့ အာဏာရှင်ခြေလှမ်းအဖြစ် ကာချုပ်သက်တမ်း ၆၅နှစ်ကို ပယ်ဖျက်လိုက်တယ်။ ၁၀နှစ် မက ငယ်တဲ့ သစ္စာခံ ဗိုလ်ချုပ်ကြီးများကို (ဦးနေဝင်း၊ ဦးသန်းရွှေ တို့လို ) ရာထူးတိုးပေးပြီး အစားထိုးနေပါပြီ။ ယုံကြည်စိတ်ချရတယ်ဆိုသူ ကြွေးမွေးထားတဲ့ ညီငယ် လေးများ.. ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (အဆင့်.4). .မျိုးဇော်သိန်း.. ရဲဝင်း (စစ်လုံချုပ်) .. သန်းလှိုင် (ရဲချုပ်၊ ပြည်တဲရေးဒုဝန်ကြီး) .. ကျော်စွာလင်း .. မိုးအောင် (ရေတပ်ချုပ်) .. ခင်မောင်ကျော် (လေတပ်ချုပ်) စသည့် ၁၀ နှစ်ကျော် ငယ်သူများနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါပြီ။
.
မြို့ပြ ခုခံရေးစစ်ပွဲများ
မေလမှာ ဖြစ်လာပါပြီ။ စစ်ကောင်စီ က လက်မရှော့ပဲ ဇင်ဘာဘွေ၊ ဆီးရီးယား၊ ဗင်နီဇွဲလား အာဏာရှင်များတွေလို ရက်စက်စွာ သာလွန်အင်အားသုံးပြီး နှိပ်ကွပ်နေရင် ရမလား၊
.
.
အာဏာရှင်ရောဘတ်မူဂါဘီ
.
ဆရာမော်သာထွေး ရေးထားတဲ့ ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီ အကြောင်း အကျဥ်းချုပ် တင်ပေးလိုက်ပါတယ်။
.
ဆင်းရဲတဲ့ လူမဲမိသားစုမှ ခရစ်ယန်ဘုန်းတော်ကြီးက ပညာသင်ပေးပြီး လူဖြူကြီးစိုးတဲ့စနစ်ကို တော်လှန်ရင်း 1980 မှာ အာဏာရလာပါတယ်။ အာဏာရတာနဲ့ စိတ်ပြောင်းသွားပြီး ရုရှားနိုင်ငံအားကိုးလို့ ပြည်သူလူထုကို ယခု မင်းအောင်လှိုင် ပစ်သတ်သလို၊ ရက်စက်စွာ နှိမိနင်းတဲ့အပြင် မြောက်ကိုးရီးယား လက်မရွံတပ်ကို ခေါ်ပြီး ဆန့်ကျင်သူမှန်သမျှ လူမျိုးတုန်းသတ်တဲ့အထိ အင်အားသုံးနှိမ်နင်းတယ်။ ရွေးကောက်ပွဲတိုင်းကို မဲလိမ်၊ မဲခိုးပြီး အနိုင်ယူတာ 2015 အထိ 35. နှစ်တိုင် (အသက် 95 နှစ်အရွယ်ထိ) အာဏာရှင်လုပ်တယ်။ သူ့မိန်းမသေမှ အသက်၄၂နှစ် ငယ်တဲ့ စာရေးမနဲ့ လက်ထပ်ပြီး သူကတော့ ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတယ်။ သူနိုင်ငံသား ၁၂သန်းက အလွန်ဆင်းရဲငတ်မွတ်နေပြီး 2015 မှာ ကမ္ဘာ့အဆင်းရဲဆုံး ကွန်ဂို ပြီးရင်၊ ဇင်ဘာဘွေက ဒုတိယအဆင်းရဲဆုံး နိုင်ငံဖြစ်တယ်။ သူ့ မိန်းမ Mrs Grace ကလည်း အသုံးအဖြုန်းကြီးပြီး ကမ္ဘာ့စျေးအကြီးဆုံး ဂူဆီ လက်ကိုင်အိတ်များပဲကိုင်လို့ Gucci Grace လို့ ခေါ်ကြတယ်။ ဒေါ်လာ ၂၆ သန်းတန် အိမ်ကြီးဆောက်ပြီးနေတာ သူ့ငွေနဲ့ ဆောက်တယ်လို့ ပြောပါတယ်။ မလေးရှားမှာ တအိမ်၊ ဟောင်ကောင်မှာတအိမ် ဇိမ်ခံအိမ်ကြီးများ ဝယ်ထားတယ်။ သမတကတော် ဟောင်ကောင်မှာ စျေးတခါဝယ်ရင် ဒေါ်လာ ၁သိန်း ၂သောင်း သုံးတယ်။ သမီးကို ဟောင်ကောင်မှာ ငွေကြေး၊စာရင်းအင်း ပညာသင်ခိုင်းထားတယ်။ ဇင်ဘာဘွေက ကမ္ဘာ့အကြီးဆုံး ယူရေနီယမ်သတ္တုတွင်းပိုင်ဆိုင်ပြီး ရုရှားကိုရောင်းတယ်။ ရုရှားက လက်နက်ကောင်းတွေဝယ်ပြီး သူလက်မရွံတပ်ကို တပ်ဆင်ပေး၊ ကြွေးမွေးထားတယ်။ ကမ္ဘာ့စိန်တွင်းကြီးတွေလည်း ပိုင်ဆိုင်ပြီး ဇနီး Mrs Grace နဲ့ အဆွယ်အပွားများ ပိုင်ဆိုင်ကြတယ်။.. စစ်ဗိုလ်များကို မစို့မပို့ လစာပေးထားပေမဲ့ ပြည်သူများထက် အများကြီး လစာကောင်းပြီး ဗိုလ်ကျခွင့်ရကြတယ်။ ပြည်သူနဲ့စစ်ဗိုလ်စစ်သားများ ပညာမတတ်၊ လူစဥ်မမီပဲ ပြည်တွင်းမှာပဲ အကြောက်တရားနဲ့ မြန်မာနိုင်ငံ ၂၀၀၀ ခု ကာလလို ဆင်းရဲမွဲတေပြီး၊ ပြည်ပထွက် အလုပ်လုပ်နိုင်မှ မိသားစု စားနိုင်ရုံ ဘဝအခြေအနေပါ။
.
ပညာတတ် အာဏာရှင်ကြီးရောဘတ်မူဂါဘီ နှစ်၄၀နီးပါး ဇင်ဘာဘွေနိုင်ငံ ပြည်သူ၁၂သန်း ကို. ရုရှား၊ မြောက်ကိုးရီးယား အားကိုးပြီး လူတစုနဲ့အုပ်ချုပ်တယ်။ 2017 မှာ အာဏာရ သူ့ရဲ့ပါတီကပဲ သက်ကြားအို အာဏာရှင်ကြီးကို ဖယ်ရှားပြီး 2019 ခုနှစ်မှာ စင်ကာပူကိုဆေးလာကုရင်း သေဆုံးသွားတယ်။ အလောင်းကို သူနိုင်ငံပြန်သယ်ပြီး လူ၅၀၀ အခန်းနားနဲ့ မြေမြုတ်သဂြ်ုလ်တယ်။ ဇတ်သိမ်းမဆိုးလှတဲ့ ပညာတတ်အာဏာရှင်ပါ။
https://en.m.wikipedia.org/wiki/Robert_Mugabe
.
မျိုးဆက်သစ်တွေ
အာဏာရှင် NUG နဲ့အတူ ရေကုန်ရေခန်း ဆန့်ကျင်ကြ ပါ တယ်ခင်ဗျား။ ရောဘတ်မူဂါဘီ အကြောင်း.. ပြည်သူကို ရုရှားလက်နက်နဲ့ စစ်ခွေးအ တွေကို အရက်တိုက်၊ အမဲသားကြွေး ပြီး တော်လှန်ရေးသမားတွေကို ရက်စက်စွာ အနိုင်တိုက်ခဲ့ပုံများ..မြန်မာတွေ သင်လန်းစာ ယူထားပါပြီ။.. ပြည်သူတွေ ညီညွတ်နေရင် စစ်အာဏာရှင် ပြိုကွဲသွားမှာပါ။ ဆရာမော်သာထွေး ရဲ့ စာအုပ်မှ images များ ဖတ်ရန် Link. .
https://m.facebook.com/story.php?story_fbid=10158381120388472&id=755653471
.
.
ဇင်ဘာဘွေလို
တရုပ်၊ ရုရှား လက်နက်သုံးပြီး သာလွန်အင်အားနဲ့ ဖြိုခွင်းဖို့ မြန်မာ့တော်လှန်ရေး NUG နဲ့ GZ လူငယ် PDF ခုခံရေးတပ်များက တိုင်းရင်းသားတပ်များနဲ့ ပေါင်းစည်းခုခံ နေပြီ။ NUG အစိုးရ အားထုတ်မှု၊ ဖြောင့်မတ်မှု၊ ပြည်တွင်းပြည်ပ မြန်မာအားလုံး တခဲနက် ညီညွတ်မှု ရရှိနေလို့ လက်နက်များ ရရှိနေပါပြီ။ လေကြောင်းရန်. KIA တပ်များ ကာကွယ်နိုင်နေပါပြီ။ လက်နက်အားကိုးတဲ့ အာဏာသိမ်းတပ်မှုးများ ပြည်သူလက်ထဲ လက်နက်ရရှိချိန် ဆက်လက်အနိုင်မကျင့်တော့ပဲ မင်းအောင်လှိုင်အမိန့် နာခံတော့မှာမဟုတ်။ စစ်ကောင်စီ ပြိုကဲဲပီး စစ်အာဏာရှင်များ ကျဆုံးသွာမှာပါ။
.
တရားသောစစ်ပွဲ အောင်ပါစေ။
.
TSP (Democracy)
26.5.2021
**********
No comments:
Post a Comment