Monday, May 3, 2021


 ၂၀၂၁ အရေးတော်ပုံ (3.5.2021)

စားစရိတ်အကြောင်း..17မိနစ်

======================

စစ်အာဏာသိမ်းလက်မရွံ့တပ်ဟာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ပြီး၊ မြို့ပြ လမ်းမပေါ်ဆန္နပြမှု မဖြစ်ပွားရေးအတွက် ပစ်ခတ်ဖြိုခွင်း၊အကြမ်းဖက် တားဆီးနေတယ်။ မေ-2 မှာ လူငယ် GZ လူငယ်များ ​ဆန္နပြမှုများ သွေးမအေးအောင် မြို့ကြီးများစွာမှာ ပြုလုပ်နိုင်ခဲ့တယ်။ 


ယခု စတင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအလုပ်ဟာ လူ၅ယောက် အုပ်စုလေးများနဲ့ ၁၀ယောက်ထက်များလာရင် ၂အုပ်စုခွဲပစ်ရမဲ့ လူမသိအောင် လုပ်ကြဖို့ တော်လှန်ရေးလုပ်နေသူအားလုံး သိပြီးသားပါ။ လူငယ် GZ များ KIA KNUနယ်မြေများကိုသွားရောက်စစ်ပညာသင်နေကြတာ သတင်းများမှာ ကြားပြီးဖြစ်မှာပါ။ 

.

.

မြို့ပြမှာပဲ တောင့်ခံကြဖို့


နယ်စပ်လက်နက်ကိုင် တော်လှန်ရေး 1988 လုပ်လာခဲ့သူ ကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော် တို့ကဲ့သို့ တော်လှန်ရေးသမားများက တောထဲမှာ တောင့်ခံဖို့ အလွန်ခက်ကြောင်း ပြောပြတာ နားထောင်ရတယ်။ GZ လူငယ်များကို နယ်စပ်တော်လှန်ရေး အားမပေးသော်လည်း အားကိုးတကြီး နယ်စပ် ရောက်လာသူ GZ များကို တိုင်းရင်းသားတပ်များက လက်ခံကြပါတယ်။ ရွေးချယ် စစ်ပညာသင်ပေးနေပါတယ်။ လက်နက်မကိုင်နိုင်ရင်တော့ ဒုက္ခသယ်စခန်းကပဲ လက်နက်မကိုင် ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ လုပ်ကြပါတယ်။ 


 စစ်အာဏာရှင်တပ်ကို လက်နက်ကိုင်တော်လှန်ကြတဲ့ ဗမာလူငယ်များ မအောင်မြင်ကြပါ။ အကျော်ကြားဆုံး 1988 ကျောင်းသားတပ် ABSDF ကတော့ ယခုတိုင် လက်နက်ကိုင်ဆဲ ဖြစ်သော်လည်း အားအင်မကြီးပါဘူး။ တိုင်းရင်းသား တော်လှန်ရေးတပ်တွေပဲ ကြံ့ကြံ့ခံ တော်လှန်နေကြတာ နှစ် ၇၀ ကြာပါပြီ။ သူတို့ရဲ့..မိမိ လူမျိုးတည်တဲ့ရေး စိတ်ဓာတ် တနည်းအားဖြင့် လူမျိုးရေးစိတ်ဓာတ်ကြောင့်သာ ရပ်တည်နိုင်ခြင်း ဖြစ်တယ်။ 

.

ပထမဆုံး အခက်အခဲကြီးက  အစားသောက် အလွန်ဆင်းရဲပါတယ်။ ကချင် KIA လေ့ကျင့် စခန်းက GZ လူငယ်များ ဆန်ကြမ်းနဲ့ ပဲအာလူးတောင် အဝစားနိုင်ဖို့ ခက်ခဲတဲ့ ကာလဖြစ်တယ်။ စာနာမိတယ်။ 

.

.

မြို့ပြလူငယ်များ ခံနိုင်ဖို့မလွယ်ပါ။

.

 တော်လှန်ရေးစိတ်ဓာတ် ခိုင်မြဲဖို့ အခု လက်နက်ကိုင် KIA KNU နယ်မြေကိုရောက်သွားသူ မြန်မာ GZ လူငယ်များကို ဖက်ဒရယ် မြန်မာလူမျိုးကြီးစိတ်ဓာတ် သွင်းပေးရပါတယ်။ ဗမာလူမျိုးကြီး၊ ကချင်၊ကရင်၊ရှမ်း လူမျိုးကြီးစိတ်ဓာတ်တွေကို အတိတ်မှာ ခဏထားရမယ်။ တော်လှန်ရေးအောင်မြင်ပြီးရင် အင်အားကြီးတဲ့ ဗမာလူမျိုးစုက တိုင်းရင်းသား ပြည်နယ်များကို စင်ကာပူ၊ သြစတြေးလျား၊ နယူးဇီလန်၊ တောင်အမေရိကားနိုင်ငံများ၊ မြောက်အမေရိကားက မက္ကဆီကို၊ အမေရိကန်၊ ကနေဒါ စတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံများလို ဖြစ်အောင် ဦးဆောင်ရမှာပါ။  အိန္နိယ၊ တရုပ် နိုင်ငံကြီးများလည်း ဖက်ဒရယ်စနစ် ကျင့်သုံးကြသော်လည်း သိပ်မကောင်းပါ။ အမေရိကန်၊ သြစတြေးလျား၊တောင်ကိုးရီးယား ဒီမိုကရေစီစနစ်တွေကို စံပြယူရပါတယ်။ 

.


တော်လှန်ရေးစရိတ်

.

နယ်စပ်ကို သွားရောက်ဖို့ထက် မြို့ပြမှာပဲ တောင့်ခံပြီး ဖက်ဒရယ်စစ်တပ်ကို လက်ရှိ လမ်းမ လျပ်တပျက်ဆန္နပြမှုများ အဆက်မပြတ် လုပ်နေကြတယ်။ ပြည်ပရာက် မြန်မာလူမျိုးစုများ ၅သန်း အထက်ရှိတယ်။ ပြည်တွင်းညီညွတ်နေရင် ပြည်ပအကူအညီ များစွာ အသင့်ရှိနေပါတယ်။ စင်ကာပူလိုနိုင်ငံလေးမှာတောင် စစ်ပညာသင်ပြီး Reservist မြန်မာလူငယ် ၁သောင်းနီးပါး ရှိမယ်။ အမေရိကန်စစ်တပ်မှာလည်း မြန်မာလူမျိုးစု စစ်သင်တန်းပြီး လူငယ်များ သောင်းနဲ့ချီ ရှိနေတယ်။ အရေးအကြီးဆုံးက လက်ရှိ ပြည်တွင်း ဖက်ဒရယ်တပ်မတော်ကို လူမျိုးအစွဲ နည်းအောင်ကြိုးစားနေတယ်။ အဓိက လူမျိုးကြီးစိတ်ဓာတ် United State of Myanmar ဖက်ဒရယ်မြန်မာလူမျိုးကြီး တစ်ခု ပေါ်ပေါက်လာပါပြီ။ ဗမာလူမျိုးစုက ဦးဆောင်ရပါမယ်။ 

.

.

တော်လှန်ရေးစရိတ် 

.

လက်နက်ကိုင် တပ်သား တထောင်ကို ကြွေးဖို့ စရိတ် တစ်လ သိန်း၁ထောင်လိုအပ်တယ်။ တိုင်းရင်းသားတပ် ဦးဆောင်သူများ ရဲ့ ပြသနာကြီးဖြစ်တယ်။ ငွေဟာ ဒုတိယဘုရားသခင် ဖြစ်လို့ မူးယစ်ဆေးဝါးနဲ့ ငွေရအောင်ရှာကြလို့ မြန်မာပြည်ကွန်မြူနစ်ပါတီလည်း ပြိုကွဲရသလို၊ အခု မူးယစ်ဆေးဝါး တနှစ် $40b အထိ စျေးကွက်ကြီးမားတဲ့ ရှမ်းမြောက်ပိုင်းမှာ စစ်အာအာသိမ်တပ်ကို ​ပြန်တိုက်နေသူ KIA ကချင်တပ်များကို အလွန်လေးစားမိတယ်။ မူးယစ်ဆေး BGF ၊ ပြည်သူ့စစ်နဲ့ တပ်မတော်ဂိတ်တွေလို မလုပ်၊ အာဏာသိမ်းတပ်ကို တိုက်ခိုက်နေတဲ့ KNU ကရင်တပ်များကိုလဲ အလွန်လေးစားမိတယ်။ တိုင်းရင်းသားတပ်များ စားသောက်စရိတ် ပြည်ပအကူအညီ လိုနေအုန်မှာပါ။ မြို့ရွာသိမ်းနိုင်ချိန် တော်လှန်ရေးတပ်အားလုံး စားစရိတ် အဆင်ပြေသွားမှာပါ။ လောလောဆယ်တော့ နယ်စပ်နဲ့ မြို့ပြတော်လှန်ရေး၊ ဆန္နပြသူများကို မြန်မာပြည်သူများကပဲ ကူညီပံပိုးနေပါတယ်။ 

.

.

ဘယ်လူမျိုးကဦးဆောင်မလဲ

.

 ဗမာလူမျိုးများကပဲ ပညာတတ်၊ ဆရာဝန်၊အင်ဂျင်နီယာ၊ ရှေ့နေ၊ စီးပွားရေး၊ နိုင်ငံရေးတွေမှာ တိုင်းရင်းသားများထက် သာလွန်ကြတယ်။  ငြင်းမရပါဘူး။ ကရင်လူမျိုး ဘိလပ်ပညာတတ် စောစံစီဖိုး..1930 အဂ်လိပ်လိုရေးသား ထုတ်ဝေတဲ့ စာအုပ်မှာ ကရင်လူမျိုးများ ပညာတတ်နည်းပါးကြောင်း၊ ဗမာလူမျိုးများက ပြည်ထောင်စုစိတ်ဓာတ်နဲ့ တွဲခေါ်ပါမှ မြန်မာလွတ်လပ်ရေးရရင် ကရင်လူမျိုးများ ပိုမိုတိုးတက်မယ်လို့ ရေးထားပါတယ်။ ဒါက ပကတိမြေပြင်အခြေအနေပါ။ ဗမာတွေချည်း အရမ်းတိုးတက်ဖို့ ကြိုးစားရင်း အခု စစ်အာဏာရှင် အတ္တဝါဒီ တွေ အာဏာ တတိယအကြိမ်သိမ်းပြန်ပီ ဖြစ်တယ်။.. ဒီတော်လှန်ရေးမှာ ပြည်မ မြို့ပြတော်လှန်ရေးကို ဗမာလူမျိုးတွေ ဦးဆောင်တာ လက်ခံကြတယ်။ ပြည်နယ်မြို့ကြီးများမှာ တိုင်းရင်းသားများ ဦးဆောင်ကြတယ်။

.

 ဖက်ဒရယ်စစ်တပ်ကို NUG အစိုးရမှာ တိုင်းရင်းသား ၁၄ဦး၊ ဗမာ ၁၁ဦး၊ စုစုပေါင်း ၂၅ ဦးနဲ့ ကြားဖြတ်ဖက်ဒရယ်အစိုးရ ဖြစ်တယ်။ မတူညီမှုများကြားက အမျိုးသား ညီညွတ်သောအစိုးရ National Unity Gov ကြိုးစာတည်ဆောက်ပြီးပါပြီ။ သမိုင်းမှာ စစ်အာဏာသိမ်း အတ္တကြီးသူ စစ်အာဏာရှင်များရဲ့ လှည့်ဖိားမှုဟာ ဒီတခါ နောက်ဆုံးဖြစ်စေရပါမယ်။ 

.

.

သမိုင်းသင်ခန်းစာ

.

ကျနော် ၁၉၈၈ အရေးအခင်းဖြိုခွင်းခံရတော့ အသက်၂၈ နှစ်၊ အစိုးရ ပြန်တမ်းဝင်အရာရှိပါ။ လက်နက်ကိုင်လမ်းစဥ်မလိုက်ပဲ ပြည်ပထွက်ပြီး အလုပ်လုပ်တယ်။ မြန်မာပြည်က မိဘဆွေမျိုးများ နဲ့ နယ်စပ်လက်နက်ကိုင်တော်လှန်သူ ABSDF ကျောင်းသားတပ် နဲ့ အိန္နိယရောက် တော်လှန်ရေးသမားအချို့ကို အနည်းအကျဥ်းကူညီခဲ့တယ်။ ကချင်လူမျိုးဖြစ်လို့ KIA လက်နက်ကိုင်များကို ငွေကြေးအနည်းငယ်ကူတယ်။ စင်ကာပူ နဲ့ အမေရိကား၊ဂျပန်၊ထိုင်း၊မလေးရှားရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များအတွက် အလုပ်ကိုင်နဲ့ ထောက်ပံ့ရရှိရေး၊ ရွှေ့ပြောင်းလုပ်သားအရေး အနည်းအကျဥ်း ကူညီခဲ့တယ်။ ဘာမှမဖြစ်စလောက်ပါ။ 

.

အခု 1988 အရေးအခင်းကို GZ တွေ အားလုံးသင်ခန်းစာ ယူနေကြတယ်။ မြို့ပြတိုက်ပွဲ လုပ်နိုင်မှ တော်လှန်ရေးအောင်မယ် ဆိုတာ စစ်အာဏာရှင်များက ကောင်းကောင်းသိတယ်။  လက်မရွံအသေပစ်သတ်နေတဲ့ ရုရှားအစိုးရက သင်တန်းပေးထားတဲ့  လက်မရွံတပ်က စနစ်တကျ ပစ်သတ်ပြနေတာ မြို့ကြီး ၇၀ မှာ ၇၆၀ဦး ကျဆုံးသွားပါပြီ။ တကယ့် ပညာတတ် လူငယ်လေးများစွာ နဲ့ အနာဂါတ်မျိုးဆက်သစ်လူငယ်များ ကျဆုံးရတာ ၊ ပေးဆပ်သွားတာ စဥ်းစားတိုင်း မျက်ရည်ကျ၊ ကြေကွဲရတယ်။

.

နယ်စပ်မှာ လက်နက်ကိုင် GZ လူငယ်များက ဒီစာကို ဖတ်နိုင်မှာမဟုတ်။ သူတို့ အစားသောက်အရမ်းဆင်းရဲတယ်။ တစ်နေ့ ကျပ် ၁ထောင်ဖိုး ၂နပ် ကြွေးရင် တလ ကျပ်၃သောင်းဖိုး၊ လူငယ် ၁ထောင်အတွက် တလကို အစားဆင်းရဲတာတောင် သိန်း၃၀၀ စားစရိတ်ကုန်မယ်။ ၃လ အတွက် သိန်း၁ထောင် ငွေရှာရမယ်။ လက်နက်တပ်ဆင်ဖို့ စစ်စရိတ် စစ်သား၁ထောင်အတွက် တလ သိန်း ၁သောင်းမက ကုန်မယ်။ အာဏာသိမ်းတပ်တွေက ပြည်သူ့အစိုးရ စုဆောင်းထားငွေကို 1962 တုန်းက ဖြုန်တီးလို့ တိုင်ပြည်မွဲသွားတယ်။ 1988 ပြည်သူအုံကြွတော့ ထပ်မံ အာဏာသိမ်းပြီး သယံဇာတရောင်းစားပြီး လာပ်စား၊ အကျင့်ဖျက်ဆီးတယ်။ ဗိုလ်ချုပ်ကြီးများ ကျိကျိတက်ချမ်းသာခဲ့တယ်။ 2010 ဒီမိုကရေစီ တပိုင်းတစ ဖြစ်လာတာ ၁၀ နှစ်အကြာ ပြည်သူတွေ တိုးတက်ချမ်းသာလာတော့ 2021မှာ ဒီစစ်အာဏာရှင်တွေ မျက်နှာပြောင်တိုက် လိမ်ညာ၊ အတ္တ၊ လောဘနဲ့ စစ်အာဏာ သိမ်းပြန်တယ်။ ဒီတခါ တိုက်ပွဲဟာ စစ်အာဏာရှင် လုံးဝအမြစ်ပြတ်မဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်တယ်။ 

.

.

ညီညွတ်တဲ့မြို့ပြတော်လှန်ရေး


လူငယ် GZ အများစု ၉၅% အထက်ဟာ မြို့ကြီးများမှာပဲ ရှောင်တိမ်းရင်း သက်မွေး ဝင်ငွေရှာလို့ ကြိုးစားဆန္နပြနေကြတယ်။ တောင့်ခံနေကြတယ်။ ပျောက်ကြားစနစ် ဆန္နပြမှုကနေ.. တရက်မှာ.. နယ်စပ်လက်နက်ကိုင် GZ များနဲ့ ပေါင်းစပ်ပြီး မြို့ပြ တော်လှန်ရေးကြီး ဝုန်းကနဲ့ မီးတောက်ကြီးပေါ်လာပါတော့မယ်။ ပြည်ပအကူအညီများလည်း တပြိုင်နက် လေကြောင်း Non Fly Zone များ ပေါ်လာမယ်။ မဝေးတော့ပါဘူး။ ဆက်လက်တောင့်ခံထားကြတဲ့ နယ်စပ်နဲ့မြို့ပြ GZ များကို လေးစားဂုဏ်ပြုပါတယ်။ 

.

.

ခြိုးခြံစားသောက်မှုများ

.

တော်လှန်ရေးအထောက်ပံ့များ စီမံခန့်ခွဲရသူများဟာ ဗုဒ္ဓမြတ်စွာဘုရား ခြိုးခြံ စားသောက်မှုတွေ၊ ခရစ်ယန် တမန်တော်ရှင်ပေါလု၊ အစ္စလမ် တမန်တော်မိုဟာမက် တို့ရဲ့ ခြိုးခြံစားသောက်၊ ဆင်းရဲဒုက္ခများက စံနမူနာ ဖြစ်တယ်။ ...ဟိုချီမင်း၊ မော်စီတုန်း၊ ဂျော့ဝါရှင်တန်၊ အကျဥ်းကျခံ အင်အယ်ဒီခေါင်းဆောင်များ စတဲ့ နိုင်ငံရေးသမားတွေ ခြိုးခြံစားသောက်ပုံ၊... ​မြန်မာ သူဌေးကြီးဦးဇော်ဇော်၊ အမေရိကန် သူဌေးကြီး ဘီလ်ဂိတ်၊ ဇူကာဘတ်၊ စတိဂျော့ လိုလူမျိုးတွေတောင် ချိုးခြံစားသောက်ပါတယ်။ တော်လှန်ရေး အောင်မြင် ချိန်မှာ အောင်ပွဲခံ စားသောက်တာမျိုးရှိသော်လည်း တော်လှန်ရေးကာလ မှာတော့ ခြိုးခြံစားသောက်နေကြရပါတယ်။ အစားအသောက် တပ်မက်၊ အကောင်းကြိုက်လွန်းသူများ တော်လှန်ရေးမှာ ပါလို့မဖြစ်ပါ။ ခြိုးခြံစားသောက်သူများစွာ မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွဲနေကြပါတယ်။ 

.

.

တိုက်တွန်းချက်

.

တော်လှန်ရေးမှာ "လူမသိဖို့" အဓိက ဖြစ်ကြောင်း ဟိုချီမင်း (ဗီယက်နမ်တော်လှန်ရေးခေါင်းဆောင်) ဆိုစကားရှိတယ်။ ဟိုချီမင်းလို စိတ်ထားဖြူစင်သူများစွာ CRPH နဲ့ NUG အစိုးရမှာ ရှိနေတယ်။ GZ များစိတ်ထားဖြူစင်ကြတာ ပြောပြစရာမလိုပါ။ အသက်ရွယ်ရ၊ စိတ်ထားဖြူစင်သူသူ GX GY GL လူကြီးများ မိမိလမ်းထဲက ပျောက်ကြားဆန္နပြ လူငယ်များရဲ့ မိသားစုများ ချို့တဲ့နေရင် ကူညီပံပိုးနေကြတယ်။  ဒီစာဖတ်သူလည်း ဘာမှမကူညီနိုင်ရင်၊ ကီးဘုတ်ဖိုက်လဲ မလုပ်နိုင်ရင်၊ ငွေစ အနည်းငယ်နဲ့ GZ မိသားစုကို ဆန်ဆီ၊ ပံ့ပိုးလိုက်ပါခင်ဗျား။ ပြည်ပနေသူ မိတ်ဆွေများလည်း မပံ့ပိုးနိုင်ရင် အနည်းဆုံး တမိနစ် 5 cents အကုန်ခံပြီး မြန်မာပြည်က မိမိလမ်း၊ မိမိရပ်ကွက်မှ တော်လှန်ရေးလုပ်နေသူများကို ဖုန်းခဏဆက်​​ပေး၊ နားထောင်ပေးကြစေလိုပါတယ်။ မြန်မာပြည်နေထိုင်သူများအတွက် ပြည်ပဖုန်းခေါ်သံ တခုဟာ အားဆေးကြီးတခွက်ပါ။ 

.

အရေးတော်ပုံ အောင်ရမည်။


No comments:

Post a Comment