Saturday, May 15, 2021

 


ငွေကြေးဆိုတာဒုတိယဘုရာသခင်
..နွမ်းပါးသူထောက်ပံရေး...
====================
ဒီအကြောင်း စာအုပ်တခု ရေးထားတယ်။ လောကအမြင်နဲ့ဘုရားအမြင် ဆိုပြီး ငွေကြေးဆိုတာ အများပြားရလာရင် အိတ်ဖောင်းတော့စိတ်ပြောင်းသွားတတ်ကြောင်း၊ အိတ်ဖောင်းချိန်မှာ စိတ်မပြောင်းပဲ ရလာတဲ့ငွေနောက်မလိုက်၊ ငွေကို လူဘောင်အကျိုးအတွက် လုပ်ပေးနေတဲ့ အမေရိကန်သူဌေးကြီးများအကြောင်း၊ ချပ်ဖီးနေ ဆိုသူကတော့ ဒေါ်လာ ၅ ဘီ လျံ.. သူပိုင်ဆိုင်သမျှ အားလုံး မသေခင်လှုဒါန်းတဲ့ တကယ့် ၂၀၀၀ ခုနှစ် ဇတ်လမ်းများ ကို ရေးခဲ့ပါတယ်။
.
မြန်မာနိုင်ငံမှာ ပိုရင်လှူ၊ လိုရင်ယူ အစီအစဥ်များခေတ်စားတယ်။
.
.
.အလှူငွေ နဲ့နွေဦးအရေးတော်ပုံ

မတ်-27 လှိုင်သာယာမြို့နယ် လူချမ်းသာနေထိုင်တဲ့နေရာက နွမ်းပါးသူများကို လှုဒါန်းဖို့ လူငယ်များ နှိူးဆော်ချိန် မြန်မာနဲ့ တရုပ်သူဌေးများစွာက ဆန်ဆီနဲ့  ငွေကြေးအမြောက်အများ လှူဒါန်းကြတယ်။ ဘယ်သူသွားဝေငှမလဲ ဆိုတော့ သွားဝေပေးမဲ့လူ ၅ ယောက်လောက်ပဲ လှိုင်သာယာမြို့နယ် နွမ်းပါးသူများ လိုက်ရှာပြီး ကူပွန်ပေးတယ်။ ကူပွန်မှာ စုရပ်ကိုလာယူရတယ်။ ၃ရက် လုပ်ပြီးချိန် မမျှော်လင့်ပဲ ၅ ယောက်စီးလာတဲ့ လူစီးကားကို စစ်သား ရှောင်တခင်စစ် ဖမ်းမိသွားပြီး CRPH Support အဖွဲ့နဲ့မဆိုင်ကြောင်း တနေကုန် ချော့ခြောက်စစ်ခံရတယ်။ CRPH နဲ့မဆိုင်ဘူးသေချာပြန်တော့ ရဲက ေလွှတ်ပေးဖို့ငွေတောင်းတယ်။ နောက်ဆုံး ရပ်ကွက်က သြဇာကြီးတဲ့အဖွဲ့အစည်းက လူကြီးတဦး တွေ လာရှင်းပြောပြမှ ညနာရီမှာ ပြန်လွှတ်တယ်။ လိုရင်ယူ ပိုရင်လှူ အဖွဲ့လည်း လူငယ်၁၅၀ ကနေ ၅၀ ဦးပဲ ကျန်တော့တယ်။ ကြောက်သွားကြတယ်။ ကျန်တဲ့လူငယ်များက ငွေကိုင်တဲ့ လူကို ငွေစာရင်းရှင်းဖို့ခေါ်တော့ လာမရှင်းလို့ စကားများတယ်။ စိတ်ဆတ်တဲ့လူငယ်တဦးက ငွေစာရင်းကိုင်သူရဲ့အိမ်ရှေ့ထိ သွားခေါ်တာ အော်ဟစ်၊ရုန်းရင်းဆန်ခတ်ဖြစ်လို့ ငွေစာရင်းကိုင်သူက ရဲတိုင်ချက်ဖွင့်တယ်။ အဖွဲ့လည်း ပျက်သွားသလိုပဲ။

အလှူရငွေ ကျပ် သိန်း ရာဂဏန်းလောက်ကို စာရင်းမပြပဲ ရှောက်သုံးပစ်ပြီး ပစ္စည်းတွေစျေးကြီးနဲ့ဝယ်၊ ပြန်ရှင်းခိုင်းတော့ လာမရှင်းဘူး။ အရင်ကလည်း အဖွဲ့အစည်းတွေမှာ ဥက္ကဌ၊ အတွင်းရေးမှူးရာထူးလုပ်ဖူးပြီး ငွေကြေးအမည်ပျက်တဲ့ စီးပွားရေးသမားဆိုတာ ပြသနာဖြစ်မှ လူငယ်တွေ သိသွားကြတယ်။ 
.
.
ဆိုလိုတာက၊ ငွေအမြောက်အများ လက်ထဲရောက်လာရင်၊ လုပ်ငန်းအဆင်ပြေချိန်မှာ အိုကေနေတယ်။ လုပ်ငန်း ပြသနာဖြစ်ချိန်၊ ဖြိုခွင်းခံရချိန်တွေမှာ အများလှူဒါန်းထားတဲ့ ငွေကြေးတွေ အဟောသိကံ ေဠွင့်ပျောက်ဆုံးရတာ သဘာဝကျပါတယ်။
.
.
CRPH ငွေလှူဒါန်လိုခြင်း
.
စစ်အာဏာသိမ်းပြီး CRPH အဖွဲ့ကို ငွေလှူဒါန်ချင်တယ်။ CDM Support လုပ်ပါမယ် ဂတိပြုတဲ့ ဖေ့ဘုတ် စာမျက်နှာများ အလွန်ဝေဆာခဲ့တယ်။ CRPH ဝက်ဆိုက်အလှုခံချိန် ရက်အနည်းငယ်နဲ့ ဒေါ်လာ ၉သန်း (ကျပ် ၁၄၀ ဘီလျံ) ရရှိသွားပြီး ခဏရပ်သွားတယ်။   တရားမဝင် အကြမ်းဖက်အဖွဲ့မဟုတ်ကြောင်း သေချာတော့ online အလှူ ပြန်လက်ခံတယ်။ ဖေ့ဘုတ် CRPH Support မှာ CDM ပြည်နယ်တိုင်းတွေမှာ..CDM လူ၂၀၀ ကို တယောက်ကျပ်၁သိန်းနဲ့ သိန်း၂၀၀ ၊ သိန်း၄၀၀.. ဘယ်နေ့၊ ဘယ်နေရာ မှာ ပေးနိုင်ကြောင်း ကြေငြာတယ်။
.
ပြသနာကြီးတခုက ထောက်ပံ့ငွေ မရရှိသူ အလွန်များပြားတော့ အကြီးအကျယ် စိတ်ဝမ်းကဲဲကတယ်။ ထောက်ပံ့မယ်ပြောလို့ CDM လုပ်ကြတာ ငွေမရတော့ ဆူပူမှုတွေဖြစ်၊ စိတ်ဝမ်းကွဲ။ CDM Support လုပ်နေသူများကို စစ်ကောင်စီက အသေရရ၊ အရှင်ရရ ဒလကြမ်း ဖမ်းဆီးနေလို့.. ဧပြီလမှာ CDM Support ခေတ်မစားတော့ပါ။ ပြည်တွင်းမှာ လှုဒါန်းသူ မရှိသလောက်ဖြစ်သွားတယ်။ လှူတဲ့လူအားလုံး သူဌေးကြီးဦးဇော်ဇော် မကျန်၊ ဒေါ်ခင်ကြည်၊ နာရေးဦးကျော်သူ၊ ပြေတီဦး၊ ချစ်သုဝေ၊ အောင်သမာဓိ..စသဖြင့် အများကြီး ဖမ်းဆီးခံရတယ်။ လူသိမများဘူးဆိုရင် အလောင်းပဲ အိမ်ပို့တယ်။ အလွန့်အလွန် ကြောက်လန့်သွားအောင်လုပ်လိုက်တော့ CDM နဲ့ လမ်းမပေါ်က GZ များ မြေရှိုးပျောက်ကွယ်သွားပါတယ်။

ပြည်တွင်းမှာ လှူမဲ့သူ နည်းသွားပေမဲ့ မိမိနဲ့ နီးစပ်တဲ့ ရှောင်တိမ်းနေသူများကို Wave K-pay CB-pay စသဖြင့် ငွေ ၁သောင်းကအစ ၅သောင်း၊ ၁သိန်း.. ပေးလှူနိုင်နေဆဲပါ။
.
.
ဘာသာရေးဂျင်းကြီးတခု
.
ပြည်ပရောက် မွတ်စလင် မိတ်ဆွေတဦးက သူတို့အဖွဲ့အစည်း လှူဒါန်ခဲ့တာ ဒေါ်လာ၁သိန်း ရှိပြီပြောပြတော့ ဝမ်းသာမိတယ်။ ခရစ်ယန်အဖွဲ့အစည်းတခု ကျနော့်အတွက် ပေးမယ်ပြောတော့ ဝမ်းသာမိတယ်။ ၂လကြာလဲ တပြားမှ ရောက်မလာပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်၊ ခရစ်ယန်ဘာသာဝင် ဆိုတော့ မွတ်စလင်အဖွဲ့ဆီက ထောက်ပံငွေ မမျှော်လင့်ပါဘူး။ ပြည်တွင်းက ငွေရှိတဲ့ လူများဆီက အလှုငွေ ရဖို့နေနေသာသာ မိမိလို ၅၀၅က ဖမ်းဝရန်းထုတ် ရှောင်တိမ်းနေသူဆီက ဖုန်းခေါ်ရင် တချို့ဆို အသံတောင်တုန်နေတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အများစုက ကြောက်လန့်ပြီး သံဃမဟာနာယက မဟန ဆရာတော်ကြီး ဗန်းမော်ဆရာတော်အပါဝင် ၄ဦးက စစ်ကောင်စီ အလှုလက်မခံလို့ အကျယ်ချုပ် ပိတ်ပင်ထားခံရတယ် ကြားရပါတယ်။ ကျန်တဲ့ မဟန ဆရာတော်ကြီး ဂိုဏ်၉ဂိုဏ် (၄၄ပါး) ကတော့ မတတ်သာလို့ ငြိမ်နေကြတယ်။ မလုပ်ရဲတာမရှိဘူး တကယ်လဲ ဗုဒ္ဓဘုန်းတော်ကြီးလဲ မညှာတာမှန်းသိတော့ ငြိမ်နေကြရ တာ မထူးဆန်းပါ။ ဗုဒ္ဓဘာသာများကို စစ်ကောင်စီက ရွှေကျင်ဂိုဏ်ဆရာတော်များကိုပါ ဂျင်းအကြီးစား ထည့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီအစိုးရ နဲ့ဆိုရင် မြန်မာပြည်ဟာ မွတ်စလင် နိုင်ငံဖြစ်မယ်..ဆိုတဲ့ဂျင်းအကြီးစား ထည့်ထားပါတယ်။
.
.
မိုဘိုင်းဖုန်းနဲ့မီဒီယာ
.
အင်တာနက် ပိတ်လိုက်ဖွင့်လိုက်နဲ့ အခု မေလလည်မှာ ဖုန်းဒေတာပြန်ပေးသော်လည်း ဖေ့ဘုတ်ကို တရားမဝင်ဘူး ကြေညာပြီး ပိတ်ပင်ထားပါတယ်။ ပြည်သူ အများစုကတော့ Mpt ဖုန်းတွေပိတ်ထားကြတယ်။ တယ်လီနော၊ အိုရီဒူး ပြောင်းသုံးပြီး Signal/Telegram တွေ ပြောင်းသုံးကြတယ်။ ေဖ့ဘုတ်နဲ့မက်စင်ဂျာ အကောင့်အစစ် သုံးနေဆဲ ဒေါက်တာဇော်ဝေစိုး၊ မျိုရန်နောင်သိန်း၊ ယဥ်မင်းလှိုင်၊ အိပန်ဆယ်လို စတဲ့ မြန်မာပြည်တွင်းက ဖေ့ဘုတ်များကတော့ ပုံမှန် ပို့စ်တင်နေကြပါတယ်။ ပြည်ပက ဖေ့ဘုတ်များကတော့ ပြင်းထန်စွာပြောဆို ပို့စ် တင်နေကြတယ်။  အများစုက မိမိမိတ်ဆွေများထိခိုက်မှာစိုးလို့ Friend Only တင်ကြတယ်။ သတင်းဌာနများမှာ လိုင်စင်ရုတ်သိမ်း မတရားသင်းကြေငြာခံရတဲ့.. DVB၊  မြန်မာနောင်း၊ မိဇ္ဇိမ၊ မုံရွာဂေဇက်၊ မြစ်ကြီးနားသတင်းဂျာနယ်၊ ခေတ်သစ်မီဒီယာ၊ ဆဲဗင်းဒေး စတဲ့ သတင်းဌာနများက ဒီမိုကရေစီ ဘက်သားများဖြစ်ကြတယ်။ BBC,RFA,သတင်းဌာနများကတော့ အစကတည်းက ဒီမိုကရေစီ ဖြစ်ပြီး၊ မြန်မာပြည်မှာ တရားဝင်သတင်းဌာနအများစုက စစ်အာဏာရှင် နဲ့ အဆင်ပြေသူများလို့ မှတ်ချက်ချနိုင်ပါတယ်။
.
.
ငွေသည်ဒုတိယဘုရားသခင်
.
အစိုးရ လွှတ်တော်အမတ်နဲ့ ဝန်ကြီး၊ ဝန်ကြီးချုပ်တွေ လာပ်စား၊အဂတိ အလွန်ခေတ်စားတဲ့ မြန်မာဒီမိုကရေစီ ၁၀နှစ်ခရီးပါ။ တပ်မတော် ၂၅% ဗိုလ်ချုပ်ကြီးများ၊ စစ်ဗိုလ် နယလုံဝန်ကြီး၊ စစ်ဗိုလ် ဌာနဆိုင်ရာ ညွန်မှုးညွန်ချုပ်တွေက အဂတိများပြားတော့ ကြံခိုင်းရေးအစိုးရ၊ အင်အယ်ဒီအစိုးရ လုပ်ပိုင်ခွင့်ရသူများလည်း နည်းမျိုးစုံနဲ့ အဂတိ လုပ်ကြပါတယ်။ အင်အယ်ဒီအစိုးရခေတ်မှာ အဂတိ အတော်နည်းသွားပေမဲ့ ဗစ်တိုးရီယားအမှုလို အဂတိတွေ ကျော်ကြားနေဆဲပါ။
.
အိတ်ဖောင်းတော့ စိတ်ပြောင်းတာ သဘာဝကျပါတယ်။ သို့သော် ပြည်သူက ယုံကြည်လို့ တလ သိန်း၃၀ နဲ့ အဆောင်ယောင်၊ အိမ်၊ ကား၊ ခရီးသွားလောဥ်၊ ဟိုတယ် စရိတ်တွေရသော်လည်း ရာထူးရှိသူများ အဂတိ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဧရာမစီမံကိန်းများ လမ်းတံတား၊ လျပ်စစ်၊ အိုးအိမ် စီမံကိန်းတွေမှာ ယခင်က ၅၀% ေဠွင့်ရာမှ အင်အယ်ဒီအစိုးရလက်ထက် ၃၀% အထိ ကျဆင်းသွားတာ အလွန်ကောင်းပါတယ်။ အခုတော့ အရာရှိငယ်တွေ လပ်စားဖို့ ခဲယဥ်မယ်။ အရာရှိကြီးပေးတာပဲယူ၊ တိုင်းမှုးကပဲ ဗိုလ်ကျကြီးစိုးတဲ့ ခေတ်ကိုပြန်သွားနေပါတယ်။ တပ်ချုပ်က သမတလုပ်ပြီး ဘုရင်လို အားလုံးကို သူမိသားစုက အပိုင်ယူမဲ့ စစ်အာဏာရှင်သိမ်း လိုက်တယ်။
.
ကြာကြာမခံပါ၊ နောက်တလ မှ ၃လ အတွင်း ပြည်သူ 95% ကြောက်ရွံပြီး ငွေကြေးမလှုဒါန်းသော်လည်း..မြန်မာ လူဦးရေရဲ့ 5% ပဲရှိတဲ့ တေယ်လှန်ရေး GZ များ၊ CRPH/NUG ထောက်ခံသူများက မြို့ပြတိုက်ပွဲနဲ့ စစ်အာဏာရှင် ကျဆုံးမှာပါ။
.
.
ဒုတိယဘုရားသခင် ဆိုတဲ့
(ငွေကြေးကျွန်မဖြစ်ရန်)

စစ်အာဏာရှင် မြန်မြန် ကျဆုံး ဖို့..CRPH/NUG လုပ်ပိုင်ခွင့်ရသူများ အထူးသဖြင့် ငွေကြေးကိုင်တွယ်ခွင့်ရသူများ အဂတိနည်း၊ သန့်ရှင်းဖြောင့်မတ်မှုကို ဆက်ထိန်းထားဖို့လိုပါတယ်။ ပြည်သူထောက်ပံ့ငွေကြေး၊ နိုင်ငံတကာထောက်ပံငွေကြေး များကို မိမိအိတ်ထဲ ထည့်ဖို့ ဘေးက တိုက်တွန်းရင်လည်း တောင့်ခံထားရပါမယ်။ အခုချိန်က CRPH/NUG ထောက်ပံ့ငွေများကို စစ်ကောင်စီက လိုက်ရှာ သိမ်းဆည်းနေတော့ လက်နက်ဝယ်မဲ့ငွေကအစ၊ စားစရိတ်အဆုံး လျို့ဝှက်စွာ၊ ဖြောင့်မတ်စွာ၊ သစ္စာရှိစွာ၊ စနစ်ကျစွာ.. မိမိအဖွဲ့သားကိုပဲအသိပေး၊ အများသဘောတူ သုံးစွဲဖို့ အလွန်အရေးကြီးနေပါတယ်။ ငွေကြေးစနစ်ကျရင် ဒုတိယဘုရားသခင် ဆိုတဲ့ ငွေနောက်လိုက်ပြီး မပျက်စီးတော့ပါ။  မိမိလမ်း၊ မိမိမိတ်ဆွေ CDM Support ငွေကြေးများကို မပြုန်တီး၊ မဖြုန်းတီးတဲ့ ေတာ်လှန်ရေး ခေါင်းဆောင်၊ တော်လှန်ရေးနောက်လိုက် များစွာ ပေါ်ပေါက်နေပါပြီ။
.
အရေးတော်ပုံ အောင်ရမည်။
.
Credit:
၅၀၅က တိမ်းရှောင်ပြီး နွမ်းပါးတော်လှန်ရေးသမားများကို ထောက်ပံနေသူပြောစကားများ ပြန်ရေးထားပါသည်။
TSP(Myanmar Good)
13.5.2021

No comments:

Post a Comment