အသက်အိုးအိမ်စည်းစိမ်
မိမိယုံကြည်ခြင်းကိုမှတိကျောက်တင်ခြင်း.Part-2
=====================
မူလတန်းဘဝ ကဗျာတပုဒ် ယခုတိုင် (အတိကျမဟုတ်) မှတ်မိတယ်။... တရံရောအခါ သူဌေးသားသည် ပညာမတတ် အရပ်ရပ်၌ သိုထားဥစ္စာ ရှိသည်ငှာကို များစွာကျွန်ပေါင်း မကောင်းခိုးသူ ယူ၍ပြေးဆောင် အိမ်ကိုရောင်းကာ ထောင်းထောင်းကြေလျက် ခွက်လက်ဆွဲကာ တောင်းစားပါလဲ နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ တောမှာသေ သည် ကောင်သေလင်းတ ကျ၏တည်း...ဆိုတဲ့ ကဋေကြွယ် သူဌေးသား ဇတ်လမ်းဖြစ်တယ်။
.
Global Foundation Ltd မှာ အလုပ်လုပ်ချိန် 7 Habits of Highly Affective People သင်တန်းတက်စဥ် စတီဗင်ကိုဗေး က Principle Centred Life အကြောင်း ပို့ချခဲ့တယ်။ မိမိဘဝမှာ ဘာကိုအဓိကထားသလဲ.. သားသမီးလား၊ မိဘဆရာလား၊ အတန်းပညာလား၊ ဘုရားပညာ(ဘာသာရေးလား)၊ ကျန်းမာရေးလား၊ ရာထူးအာဏာလား၊ ငွေကြေးဥစ္စာလား၊ လွတ်လပ်မှုနဲ့ငြိမ်းချမ်းရေးလား၊ ဘဝလုံခြုံမှုလား..စသဖြင့် အဓိကထားရမဲ့ နံ ပါတ်(1) အချက်ကို မေးပါတယ်။ အဓိက နဲ့ သာမည ခွဲ ခြား အသက်ရှင်၊ လုပ်ကိုင်ဖို့ ဖြစ်တယ်။
.
အရှင်းဆုံးရေးရရင်
ကျနော့်ဘဝ ကိုယ်ကျင့်တရားကို အဓိကထားခဲ့ပါတယ်။ ငယ်စဥ်က ဂီတာတီးထူးချွန်လို့ ၁၆ နှစ်သားအရွယ် ကျောင်းမတက်ပဲ တီးဝိုင်းတခု တည်ထောင်ပြီး၊ တေးမြတ်မွန် သံစုံတီးဝိုင်းကြီးမှာ ခေတ်ပေါ် ဒရမ်၊လိ၊ဘေ့စ် နဲ့ ကျနော်တို့အဖွဲ့ မြို့ရွာ မဂ်လာပွဲများစွာ ဖျော်ဖြေခဲ့တယ်။ စန္တယား၊ ပတ်တ္တလားနဲ့ လေမှုတ်တူရိယာ အစုံအလင်နဲ့ မြန်မာ့အော်ဂတ်စထရာ တီးဝိုင်းကြီး တခုဖြစ်တယ်။ မိခင်ရဲ့မိတ်ဆွေကြီးတစ်ဦး ဦးဆောင်တဲ့ တီးဝိုင်းကြီးဖြစ်တယ်။ တေးဂီတကို ဗဟိုပြုထားတဲ့ တီးဝိုင်းကြီးမှာ တီးဝိုင်းခေါင်းဆောင်က တေးဂီတဝါသနာရှင် ၃၀ ကျော်နဲ့ နှစ်ပေါင်းများစွာ ဘဝအရသာ ပျော်စရာ ရှာကြတယ်။ အချိန်ပြည့် အဆို၊ဂီတပညာရှင် တယောက်မှမပါ၊ ကိုယ်ကျင့်တရား ကောင်းကောင်း လိုက်နာဖို့ အရမ်းကြိုးစားခဲတယ်။ ဗုဒ္ဓဘာသာ ၅ပါးသီလ၊ ခရစ်ယန် ပညတ်တော် ၁၀ ပါး တွေကို တတ်နိုင်သမျှ လိုက်လျှောက်တယ်။
.
အခု အသက်အရွယ်ရတော့ အကျင့်တရားကောင်းဖို့ဆိုတာ ဘုရား၊တရား နဲ့ နေတတ်မှ အကျင့်တရားပြည့်စုံမှန်းသိရတယ်။
.
.
ဘုရားတရား ဆိုတာ
ပုတီးစိတ်၊ အန္တရာယ်ကင်းပရိတ်ရွတ်၊ တရားဟောတာနားထောင်ခြင်းက ဘုရားတရား အလုပ်တွေဆိုတာ မှန်ပါတယ်။ ပထမအဆင့် ဘုရားတရားလုပ်ခြင်း ဖြစ်တယ်။ ဘုရားစကား နားထောင်ခြင်းက ဒုတိယအဆင့် ဖြစ်တယ်။ ဗုဒ္ဓလုပ်တဲ့အတိုင်း တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး အလုပ်များကို ကျနော်တို့ လုပ်ပြနိုင်မှ ဗုဒ္ဓဘာသာ ဒုတိယအဆင့်ကိုရောက်မှာပါ။
.
.
မတရားမှုနဲ့ ဒုက္ခခံစားရသူများ
.
ဗုဒ္ဓ တရားတော်ကို နားလည်သူတိုင်းက ဓမ္မနဲ့ အဓမ္မ ခွဲခြားတတ်ပါတယ်။ လမ်းမပေါ် ဆန္နပြသူများကို လူမဆန်စွာ ပစ်သတ်၊ နှိပ်စက်၊ ဖမ်းဆီးပြီး ၆နှစ်ကလေးငယ်အရွယ်ကနေ ၇၀နှစ်အဖွားထိ ကျည်ဆန်ထိမှန် သေဆုံးသူများစွာ မြန်မာနိုင်ငံ မြို့ကြီး ၆၀ ကျော်မှာ ကြုံတွေ့နေတာ အဓမ္မ ဆိုတာ ကောင်းကောင်း သိနားလည်ကြပါတယ်။
အလောင်း ပြန်ရဖို့လဲ ခက်ခဲ၊ သဂြိုလ်တာတောင် ခက်ခဲ၊ ဆန္နပြရာမှာပါဝင်သူများရဲ့ မိသားစုများခအမာ ရှောင်တိမ်းရတယ်။ ဖမ်းမိရင်လဲ အလောင်းပဲ ပြန်ရတာမျိုး၊ သတင်းကိုနားမထောင်၊ မကြည့်ချင်တော့ပါ။ စိုးရိမ်မှုပညာရှင်ကြီးကတော့ TV အွန်လိုင်းသတင်းတွေကို ဖြတ်တောက်လိုက်ခြင်းက နာကြင်ခံစားမှုများကို သက်သာစေတယ် လို့ ပြောပါတယ်။
.
.
အကောင်းမြင်တတ်ဖို့
.
လာတော့မယ် ပြောနေတာလည်း ကြာနေပြီ၊ အာစီယံ နိုင်ငံများက စစ်အာဏာသိမ်းခေါင်းဆောင်ကို ဖိတ်ခေါ်ပြီး အာစီယံဘဝလုံခြုံရေး ထိခိုက်မှာ သေချာနေလို့ ထွက်ပေါက် အဆိုပြုချက် နောက်ဆုံးသံတမန်နည်းနဲ့ ပြောဖို့ ရှိတယ်။ စစ်အာဏာသိမ်းတာ ဆန့်ကျင်အုပ်စုကတော့ အာစီယံအစည်းအဝေးလာချိန်မှာ ဖမ်းဆီးပြီး ICJ ကမ္ဘာ့စစ်တရားရုံးကို လွှဲအပ်ဖို့ ၊ ဆွေးနွေးနာ အချိန်ကုန်ပြီ ပြောကြတယ်။ UN ယာဥ်များစွာ စင်ကာပူနိုင်ငံကို ရောက်ရှိလာတဲ့သတင်း၊ ပြင်သစ်နိုင်ငံက မြန်မာ့အရေးအခင်းကို ဦးဆောင်နေတဲ့သတင်း၊ ရုရှားလက်နက်ကြီး/ငယ် များစွာ.. 80% ဝယ်ထားတဲ့ အိန္နိယနိုင်ငံကလည်း ရုရှားတွေ အပိုပစ္စည်းနဲ့နည်းပညာ ဖြတ်တောက်ခံရမှာစိုးရိမ်နေရသလို၊ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး(ဟောင်း) ပရာယွတ် အုပ်ချုပ်နေတဲ့ ထိုင်းအစိုးရကလည်း မြန်မာဒီမိုကရေစီတွေ အနိုင်ရသွားမှာ စိုးရိမ်နေတယ်။ တရုပ် အကြွေးပိနေတဲ့ လာအိုနဲ့ ဘဂ်လားဒေ့ချ် နိုင်ငံများကလည်း တရုပ်အစိုးရဖက်က ပါချင်နေတယ်။ အိမ်နီးခြင်း ၄နိုင်ငံကလည်း ဟိုလို သည်လို ဖြစ်နေတာကြောင့် CRPH အစိုးရဖွဲ့ပြီး ဖက်ဒရယ်စစ်တပ် မြို့ရွာသိမ်းတိုက်ပွဲ ကြေငြာလိုက်ပါပြီ။ ကချင်KIA နဲ့ ကရင်KNU ၂ခုကတော့ နယ်မြေသိမ်းတိုက်ပွဲများ အဆက်မပြတ် တိုက်နေကြတယ်။ မြို့တွင်း လက်နက်ကိုင်တိုက်ပွဲ စတင်ဖို့ လေ့ကျင့်ပြီးတပ်သားနဲ့ လက်နက်များ မြို့ကြီးများကို ပို့နေပြီဖြစ်လို့ အာဏာသိမ်းတပ်များလည်း ကတုတ်ကျင်းတူး ပြင်ဆင်နေကြပြီ ဖြစ်တယ်။
.
.
NUG ပြည်သူအစိုးရ
ဘယ်သူမှ မြို့ပြတိုက် ပွဲ ကြီး များ၊ မြို့တွင်း ဗုံးကြဲ သတ်ဖြတ်မှုများ မဖြစ်စေလိုသော်လည်း စစ်အာဏာသိမ်းတပ်များရဲ့ မတရားစွာ လူမဆန်းစွာ အာဏာရူးလုပ်ရပ်များ ရပ်တန်းက ရပ်ဖို့ မြန်မာပြည်သူများသာ အဓိက ဖြစ်ပါတယ်။ National Unity Government ဖွဲ့စည်းပေးပြီး တိုင်းရင်းသားတွေက ကိုယ်စားလည်များ ရွေးချယ်ပေးပါတယ်။ NLD မကြိုက်သူများလည်း အစိုးရသစ် ဝန်ကြီးစာရင်းမှာ ပါလာကြတယ်။ တချို့တိုင်းရင်းသား AA ထောက်ခံသူများကို မေတ္တာရပ်ခံလိုပါတယ်။ NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလည် 82% အများစုနဲ့ အနိုင်ရခဲ့တဲ့ ပါတီဆိုတာ မမေ့ကြပါနဲ့။ လူတစ်ဦးချင်း မဲပေးသူများကိုကြည့်ရင် NLD သန်း၂၀... USDP ၅.သန်း.. အခြားပါတီများ ၁သန်း ရရှိကြပါတယ်။ တိုင်းရင်းသားများစွာ ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးကြတာ မြင်နိုင်ပါတယ်။ မဲစရင်းမှားတယ်လို အာဏာသိမ်းတပ်က နေ့တိုင်းပြောနေတာ ဘယ်သူမှမယုံကြပါ။ အာဏာရူးနေလို့ တရုပ်နဲ့ရုရှား အားပေးမြှောက်ပင့်လို့ အင်မတန်မိုက်မဲတဲ့အလုပ်ပါ။ ၁၀ နှစ်လုံးလုံး ပြည်သူတွေကြိုးစားခဲ့တာတွေ ရပ်ဆိုင်းသွားပါတယ်။
.
ပြည်သူများ အထူး တောင့်ခံထားရပါမယ်။
မကြာခင် အကူညီ လာဖို့နီးလှပါပြီ။
.
ဒီနေ့ 19.4.2021 ရန်ကုန်မြို့မှာ ဆိုင်အချို့ ပြန်ဖွင့်ပြီး မြို့တွင်း၊ မြို့ပြင် တံတားနဲ့လမ်းများ စစ်နဲ့ရဲ စစ်ဆေးမှု မတွေ့ရသော်လည်း ဖေ့ဘုတ်မှာတော့ ဖမ်းဆီးမှုများ ပိုများလာတာ တွေ့ရတယ်။ ယခင် ၂ပတ်ကျော်က ခံတပ်များမှာ ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးပြီး ခေါင်းဆောင်များကိုပဲ ဖမ်းထားတယ်။ အခု သင်းကြန်ကာလမှာ အရင်ကလွှတ်ပေးခဲ့သူများကို တဖန် အိမ်ကိုလာဝိုင်း ဖမ်းဆီးတယ်။ နယ်မြို့များမှာ နေ့ခင်းဖမ်းဆီးတယ်။ ရန်ကုန်မှာတော့ ည ၉နာရီ၊ ည ၁၁ နာရီ အချိန်တွေမှာ စစ်ကားများစွာ၊ စစ်သား ၅၀ အထက် ပိတ်ဆို့ဖမ်းဆီးတယ်။ အိမ်တံခါး အသာတကြည် ဖွင့်မပေးရင် စစ်သားအားလုံးရဲ့ ရိုက်နှက်ခြင်း ခံရတယ်။ ဒါကြောင့် အိမ်မှာမနေပဲ အခြားနေရာတွေမှာ ပြူတင်းပေါက်က ခေါင်းမပြူပဲ ရှောင်တိမ်းနေကြတယ်။
.
ဒါပေမဲ့ နာမည်ကျော် ဆယ်လီများ၊ စစ်အာဏာရှင်ဆန့်ကျင်သူများစွာကတော့ ဖမ်းဝရန်း ထုတ်လဲ နေ့စဥ် Live လွှင့်နေဆဲ၊ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ပို့စ်တွေ ရှယ်နေ၊ ရေးနေကြဆဲပါ။
.
ဂျင်နရေးရှင်း Z တွေရဲ့ လမ်းမပေါ်က သပိတ်များကလည်း သွေးအေးမသွားပါဘူး။ တန်ုင်ငံလုံး ရန်ကုန်အပါဝင် လမ်းမပေါ် ပျောက်ကြားသပိတ်များစွာ အဆက်မပြတ် ရှိနေဆဲပါ။ ပြည်တွင်း ပြည်ပ CDM သပိတ်ကြီးကိုလည်း ပြည်သူများက ထောက်ပံ့နေဆဲပါ။ CDM ရုံးမတက်သူများကလည်း လစာမရပဲ ကြံ့ကြံခံ တိုက်ပွဲဝင်နေသလို၊ CDM နဲ့ လမ်းမပေါ်ဆန္နပြ ကူညီထောက်ပံ့သူများကလည်း ဖမ်းနေမှန်းသိရက် ထောက်ပံ့ကူညီနေဆဲပါ။
မကြာမီ
အရေးတော်ပုံ (မုချ) အောင်ရမည်။
No comments:
Post a Comment