Wednesday, September 26, 2018

တရားသူကြီး. ဥပဒေပညာရှင်များ လက်ထိပ်နဲ့ တွေ့တော့ စိတ်မကောင်း..Tin Nyuny

အေးဓားပြ
------------
ဒီနေ့ ဆိုရှယ်မီဒီယာတွေမှာရော၊ ပြည်တွင်းသတင်းစာတွေမှာရော (အစိုးရထုတ်သတင်းစာကလွဲပြီး) စိတ်မကောင်းစရာ ပုံတွေကတော့ တရားသူကြီးချုပ်တွေ၊ တရားသူကြီးတွေ၊ ရဲအရာရှိတွေကို လက်ထိပ်တွေနဲ့ ရုံးထုတ်ပြီး အချုပ်ကားပေါ်တင်နေတဲ့ ဓာတ်ပုံတွေပါပဲ။

အရမ်းတရားကျဖို့ကောင်းတယ်

တစ်ချိန်က အာဏာနဲ့ ဖမ်းစေ၊ လွှတ်စေ၊ ထောင်ဒဏ်၊ သေဒဏ် ဆိုပြီး အမိန့်ချနေတဲ့ လူတွေဟာ ခုဆိုရင် သူတို့ဘဝအတွက် နေဝင်ချိန်ကို ရောက်နေပြီဆိုတာတွေ့လိုက်ရလို့ပါ။

ကျွန်တော် ဘုရားဟောကနေ လူမှန်နေရာမှန်မဟုတ်လို့ တိုင်းပြည်မှာ ဒုက္ခရောက်ရတဲ့ အကြောင်းတွေကို မကြာခဏရေးပါတယ်။ ဇာတ်တော်လေးတွေနဲ့ ယှဉ်ပြီးတော့ ဥပမာပေးတာပါ။ ကျောင်းဆရာဟောင်းဆိုတော့ စာသင်တဲ့အတိုင်း စိတ်ကစွဲနေတာ။ ကျွန်တော် စာသင်ရင်လည်း ကလေးတွေကို ပုံတိုပတ်စတွေ ပြောပြောပြီး သင်နေတာ အကျင့်ပါနေလို့ပါ။

လူတစ်ယောက်မှာ ဘာကအရေးကြီးသလဲ

အမျိုးဇာတ်ကအရေးကြီးသလား

အကျင့်သီလက အရေးကြီးသလား

အဲဒါ ဘုရားရှင်လက်ထက် ကောသလမင်းထံမှာ အမှုတော်ထမ်းရွက်နေတဲ့ ပုဏ္ဏားကြီးမှာ စဉ်းစားတွေး တောစရာ ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်က ပုဏ္ဏားကြီးကို အရမ်းယုံပြီး လေးစားလွန်းနေတာကိုး။

“ဘုရင်က ငါ့ကို မျိုးနွယ်ကြောင့် ရာထူးပေးပြီး လေးစားကြည်ညိုတာလား၊ ငါ့ရဲ့ သီလကြောင့် ငါ့ကို ကြည်ညို လေးစားတာလား”

ပုဏ္ဏားကြီးက သူကိုယ်တိုင် စူးစမ်းကြည့်ဖို့ ဆုံးဖြတ်တယ်။

ပုဏ္ဏားက နှယ်နှယ်ရရတော့မဟုတ်ဘူးနော်။ မင်းပရောဟိတ်ကြီး။ မင်းကြီးက အလွန်လေးစားတာ။ ခုတော့ ပုဏ္ဏားကြီးက စမ်းသပ်တော့မယ်။

ပုဏ္ဏားကြီးကဘုရင့် ရွှေပန်းထိမ်အိမ်ကို သွားတယ်။ ပုဏ္ဏားကြီးလို ပရောဟိတ်ကြီးလာတော့ ရွှေပန်းထိမ်သည် လည်း ဝမ်းသာတာပေါ့။ ခရီးဦးကြိုပြုပြီး နေရာပေးတယ်။ ပုဏ္ဏားကြီးက လိုက်ကြည့်ပြီး ရွှေဒင်္ဂါးတစ်ပြား ယူသွား တယ်။

ရွှေပန်းထိမ်ဆရာက မြင်တယ်။ ဒါပေမဲ့ မင်း ပုရောဟိတ်လေ။ ပြောလို့ဖြစ်မလား၊ ကြည့်နေလိုက်တယ်။

နောက်တစ်နေ့ ပုဏ္ဏားထပ်ရောက်လာတယ်။ ပန်းထိမ်သည်ထံက ရွှေပြားလက်တစ်ဆုပ်ယူသွားတယ်။ ဒါတော့ လွန်ပြီ မနေနိုင်လို့

“သူခိုး … သူခိုး ပါခင်ဗျာ ဖမ်းကြပါ” လို့ အော်တော့တယ်။

သူခိုးဆိုရင် ဝိုင်းပြီး ရိုက်ချင်တဲ့သူတွေက ပြေးလာ။ ရိုက်မယ်လုပ်တော့ ပုဏ္ဏားကြီးဖြစ်နေ။ လက်နဲ့တောင် မတို့ရဲဘူး။ ဒါပေမဲ့ ကြိုးတုပ်ပြီး ဘုရင်ထံပို့တယ်။ တစ်မြို့လုံးထွက်ကြည့်ကြတယ်။

ဘုရင်ထံရောက်တော့ ဘုရင်က အံ့သြတာပေါ့

“အလို … မင်းဆရာ ဘယ့်နှယ်ကြောင့် ခိုးရသလဲ”

“မင်းကြီး ကျွန်ုပ် မခိုးပါ”

“မခိုးရင် ဘာကြောင့် အသပြာတွေကို ယူသလဲ။ သွား … ခေါ်သွား … သူခိုးကို ဥပဒေအတိုင်း စီရင်စေ”

“မှန်လှပါ အရှင်မင်းကြီးစိတ်ကို စမ်းချင်လို့ပါဘုရား”

“ဘာများလဲ”

“အရှင်မင်းကြီးက ကျွန်ုပ်အား မြတ်နိုးတော် မူလှသည်။ ထိုသို့ မြတ်နိုးသည်မှာ မျိုးနွယ်ကြောင့်လား၊ သီလကြောင့်လား သိချင်သောကြောင့်ပါဘုရား။ ခုတော့ အရှင်မင်းကြီးက မျိုးနွယ်ထက် သီလကို လေးစား ချစ်ခင်သောကြောင့် ကျွန်ုပ်အပေါ် မြတ်နိုးတော်မူကြောင်း ထင်ရှားပါပြီ” လို့ ဝန်ခံတယ်။

တိုင်းပြည်မှာ သီလထက် အမျိုးကိုဦးစားပေးရင် တိုင်းပြည်ပျက်တာပဲ

ဘုရင့်အမျိုး၊ စစ်သူကြီးအမျိုး ဟိုအမျိုး သည်အမျိုးဆိုပြီးတော့ ရာထူးတွေပေး၊ နေရာတွေပေးခဲ့ကြတာ နှစ်ကာလ ကြာခဲ့ပါပြီ။

သီလမရှိသူတွေက နေရာရတော့ ဥပဒေအပေါ် လက်တစ်လုံးခြား လုပ်ချင်တိုင်း လုပ်နေကြတာ။ ဒီလိုပါပဲ နေရာတိုင်း၊ ဌာနတိုင်းမှာ လက်တစ်လုံးခြားတွေလုပ်ဖို့ အမျိုးကို ဦးစားတွေပေးပြီး နေရာချထားခဲ့တော့ တိုင်းပြည်မှာ ကြားလို့မှမတော် ဖြစ်ခဲ့ကြရတာပဲ။ အမျိုးတွေကို နေရာရအောင် လုပ်ပေးထားမှ ခိုးထား ဝှက်ထား တာတွေက လုံခြုံမယ်မဟုတ်လား။

လက်တစ်လုံးခြား လုပ်ချင်သူတွေရဲ့ လက်သုံးစကားတစ်ခုရှိတယ်
အဲဒါက

“လက်နှစ်လုံးပဲလိုတော့တယ်” တဲ့

လက်တစ်လုံးခြား လုပ်ချင်ရင် လက်နှစ်လုံးပြပြပြီး မထီလေးစားလုပ်တယ်

ခုတော့ ခေတ်ပြောင်းလာပြီ

လက်တစ်လုံးခြားလုပ်ချင်လို့ လက်နှစ်လုံးအကြောင်းပြောလိုက်တာနဲ့ ပြည်သူတွေက

“သူခိုး … သူခိုး … သူခိုး” လို့ အော်လိုက်တော့ ခွင်ပျက်ကုန်တော့တာပဲ

ရှိသေးတယ်။ တစ်လုံးလည်း မဟုတ်၊ နှစ်လုံးလည်းမဟုတ်
တိုင်းပြည်ကနေ ဘုံးထားတဲ့ ဘဏ္ဍာတွေနဲ့ တိုက်ပုံဝတ် ဘွတ်ဖိနပ်စီးနေတဲ့ကောင်တွေ

အဲဒီကောင်တွေကိုတော့

“ဓားပြ … ဓားပြ … ဓားပြ” လို့အော်ပြီးဖမ်းလိုက်ကြပါ။ ဘုရင်ထံ ပို့မနေကြပါနဲ့တော့

တော်ကြာ ဇာတ်တော်ထဲကအတိုင်း စမ်းကြည့်တာ ပြောနေဦးမယ်။

(ရည်ညွှန်း - ငါးရာ့ငါးဆယ် နိပါတ်တော်၊ သီလဝီမံသဇာတ်)

တင်ညွန့်

၂၆.၉.၂၀၁၈
.
Facebook, Tin Nyunt
Former teacher
..
https://m.facebook.com/story.php?story_fbid=1853803364704135&id=100002234690173

..*************......
.
.                        #အထုပ်ဖြည်ခြင်း  ( 4 )

ဦးဟန်ထူးနဲ့သမ္မတကြီးဦးဝင်းမြင့်ဟာပုသိမ်ဒီဂရီကောလိပ်မှာကတည်းကအချင်းချင်းသိကြပေမယ့် မရင်းနှီးကြပါဘူး။နောက်ပိုင်းမှာ ဘာသာရပ်ချင်းတူတဲ့အတွက် ရင်းနှီးလာခဲ့ကြပါတယ်တဲ့။ ဦးဝင်းမြင့်လွှတ်တော်ဥက္ကဌစဖြစ်လာတော့ဦးဟန်ထူးဟာ ဦးဝင်းမြင့်အပေါ်လက်ပွန်းတတီးနေလာခဲ့တယ်လို့ဆိုပါတယ် …

ဦးဝင်းမြင့်အနေနဲ့ လုပ်ရတဲ့ ဥပဒေပြုလုပ်ငန်း ချင်းတူတာကတစ်ကြောင်း။  ကျောင်းတက်ဖော် ချင်းဖြစ်ခဲ့တာတွေကတစ်ကြောင်း မို့ လိုက်လျောညီထွေပေါင်းသင်းဆက်ဆံ အတူစား။ အတူသွားတာတွေလုပ်ခဲ့ဖူးတယ်တဲ့ ။ နောက်ပိုင်းမှာ ဦးဟန်ထူးလာဘ်စားတဲ့ ကိစ္စအချို့တွေကိုသိလာတော့ ဦးဝင်းမြင့်ဟာ အဲ့ဒီအချိန်ထဲကစပြီး ဦးဟန်ထူးကို သိပ်မရောတော့ပဲ ခပ်ကင်းကင်းနေထိုင်လာတယ်လို့ဆိုပါတယ် …

ဦးဝင်းမြင့် သမ္မတကြီးဖြစ်လာချိန်မှာတော့ ဦးဟန်ထူးဟာ သမ္မတကြီးဦးဝင်းမြင့်ကိုအတင်းပြန်ရောပါတော့တယ်။ သမ္မတကြီးဦးဝင်းမြင့်အနေနဲ့သူငယ်ချင်းမိတ်ဆွေဖြစ်သူဦးဟန်ထူးကိုလာဘ်လာဘစားတဲ့ကိစ္စအချို့နဲ့ပတ်သတ်ပြီး သူငယ်ချင်း  အချင်ချင်း
နှစ်ဦးထဲတွေ့ဆုံစဉ် ဝေဘန်တားမြစ်ခဲ့ဖူးတယ်လို့ဆိုပါတယ် …

ဦးဟန်ထူးဟာ  သမ္မတကြီးဦးဝင်းမြင့်ဆီချည်းကပ်တာ အဆင်မပြေတဲ့အတွက် ကွီးဖြိုးတို့ မိသားစုဘက်ကို လှည့်သွားပါတော့တယ် ။ကွီးဖြိုးတို့ မိသားစုဆီ လက်ဆောင်အချို့ပေးခြင်း။ တစ်အိမ်နဲ့တစ်အိမ် ကူးလူးဆက်သွယ်ခြင်းတွေလည်းရှိခဲ့ပါတယ်။ မယားဖြစ်သူ ဒေါ်ခင်ခင်ကြွယ်ကို ကွီးဖြိုးတို့မိသားစုနဲ့ လက်ပွန်းတတီးနေထိုင်စေပါတယ် ။ဦးဟန်ထူးမိသားစုဟာ ကွီးဖြိုးတို့ဝန်ကြီးများနေထိုင်ရာ ဒဂုံမြို့နယ် ဇော်ဂျီလမ်း ဝန်ကြီးများအိမ်ယာမှာ လက်ရှိနေထိုင်နေသူပါ။ ဦးဟန်ထူးအိမ်နဲ့မျက်နှာချင်းဆိုင်မှာနေသူက ရခိုင်ဝန်ကြီး ဦးဇော်အေးမောင် ဖြစ်ပါတယ်…

ဦးဟန်ထူးရဲ့ဥပဒေချုပ်ရာထူးဟာ  ဝန်ကြီးချုပ်တွေရဲ့ရာထူးနဲ့ အဆင့်တူတွေဖြစ်တဲ့အတွက် အဆင့်တူသူ ။ ရာထူးတူသူချင်း
ပေါင်းသင်းတယ်ဆိုတဲ့သဘောပေါ့။ဒါပေမယ့်ဦးဟန်ထူးရဲ့အကြံဟာကွီးဖြိုးဆီချည်းကပ်ရခြင်းမှာလုပ်ပိုင်ခွင့်အချို့  ( ဥပမာ ) ဆောက်လုပ်ရေးကန်ထရိုက်တာလုပ်ငန်းမျိုးတွေကို ကွီးဖြိုးအရှိန်အဝါကိုချနင်းပြီးလုပ်ပိုင်ခွင့်တွေရယူလိုလို့  လို့ ဆိုပါတယ် ။ကွီးဖြိုးမိသားစုနဲ့ ဧည့်ခံပွဲတွေအတူတက်တာ။ ထမင်းတွေအ
ပြန်အလှန်ဖိတ်ကျွေး ခြင်းတွေရှိခဲ့ကြတယ်လို့ဆိုပါတယ် …

ဦးဟန်ထူးဟာ ဦးသိန်းစိန်ရဲ့အကြံပေး ဦးကိုကိုလှိုင်နဲ့ အလွန်ရင်းနှီးပြီးလည်ပင်းဖက်ပေါင်းသင်းခဲ့ကြသူတွေဖြစ်ပြီး ဂွင်ဖန်လို့ ဂွင်ကောင်းကောင်းမိရင်ဝေစားမျှစားခဲ့ကြဘူးပေမယ့် ကြံ့ဖွတ်အစိုးရဆင်းခါနီးလွီဇ်လမ်းဝန်ထမ်းအိမ်ယာပြန်လည်တည်
ဆောက်ရေးလုပ်ငန်းကို ဦးကိုကိုလှိုင်ထံကနေ ဦးဟန်ထူးက လုယူနိုင်ခဲ့ပြီးအိမ်ယာဥက္ကဌဖြစ်လာခဲ့ပါတယ် ။ ဒီ လွီဇ်လမ်းအိမ်ယာစားခွက်လုပွဲကြီးအပြီး ဦးဟန်ထူးနဲ့ ဦးကိုကိုလှိုင်တို့ဟာ ခွာပြဲသွားကြတယ်လို့ဆိုပါတယ်။ ဦးဟန်ထူးဟာ လွီဇ်လမ်းဝန်ထမ်းအိမ်ယာမှာနေစဉ်က ဦးကိုကိုလှိုင်က အပေါ်ထပ်မှာနေတာဖြစ်ပြီး ဦးဟန်ထူးက အောက်ထပ်ဖြစ်ပါတယ် .…

#များများရှယ်ကြပါသယ်ရင်းတို့ရေ
အမှတ် ၅  post မှာ အချက်အလက်နဲ့လာဘ်စားတာတွေပါပြီနော်

အပိုင်း ၅ အားမနက်ဖန်ဖော်ပြပေးပါမယ် ။
#ဇာတ်ရှိန်မြင့်လာပီနော်ပိတ်သတ်ကြီး

#ရဲဇော်
.
.

No comments:

Post a Comment