Monday, September 17, 2018

ဦး ဘို ဘို ငယ် (ဗ ဟို ဘဏ် ဒုဥက္ကဌ) တွေ့ ဆုံ မေးမြန်း ခြင်း မှ ဖြစ်ပါတယ်။

ဦး ဘို ဘို ငယ် (ဗ ဟို ဘဏ် ဒုဥက္ကဌ) 
တွေ့ ဆုံ မေးမြန်း ခြင်း မှ ဖြစ်ပါတယ်။ 
.
* ငယ်စဉ်ဘဝ ရိုးရှင်းပြီး ဖခင် မိခင် အစိုးရဝန်ထမ်း နဲ့ ကံကောင်းထောက်မစွာ ရန်ကုန် (ယခင် အင်္ဂလိပ် မက်သဒစ်ကျောင်း) ပညာဆည်းပူးပြီး ရန်ကုန်တက္က သိုလ် ဘူ မိ ဗေဒ ပညာသင်ခဲ့တယ်။. စီးပွားရေးလဲ မသိခဲ့တဲ့ မြန်မာ့ဆို ရှယ် လစ် ခေတ် ဖြစ်တယ်။ တက္ကသိုလ် တတိ ယ နှစ် ရောက် မှ စီး ပွား ရေး ပညာ လက် တွေ့ လုပ် ခဲ့ ရ တယ်။ လမ်း ဘေး ပလက် ဖောင်း စာအုပ် ဟောင်း ရောင်း ငွေ ရှာ ခဲ့ ပြီး စည် ပင် လိုက် ဖမ်း ပြေးတမ်း က စား ခဲ့ ရတယ်။ 
.
၁၉၉၀ မှာ နိုင် ငံ ရေး အကျဉ်း သား ဘဝ စာအုပ် တွေ ထောင် ထဲ တရွက် ချင်း သွင်း စု ဖတ် ခဲ့ ရ တယ်။ ဘ ဝ တူ နိုင် ငံ ရေး အကျဉ်း သား တွေ အများ စု က တတ်သိ နား လည် အောင် မြင် သူ တွေ ပါ။ သူတို့ အများ စု က ကွယ် လွန် သွား ပေ မဲ့ ကျေး ဇူး က တော့ ထာ ဝ ရ တင် နေ ပါ တယ်။ အင်္ဂ လိပ် စာ လည်း Milton, Shakespeare တွေ သူတို့ ဆီက အကျယ် တဝင့် လေ့လာ သင်ကြား ခဲ့ ရ တာ နောက် ပိုင်း အမေရိ ကား တက္ကသိုလ် တက် ချိန် အတန်း ဖော် တွေ ထက် တောင် ကျနော် က အခြေ အနေ ကောင်း ခဲ့ ပါတယ်။ 
.
ထောင် က ထွက် ပြီး အမေ ရိ ကား သွား တယ်။ ပထမဆုံး မက် ဆာ ချူး ဆက် ပြည် နယ် က Berkshire Community College မှာ တက်ခဲ့ တယ်။ ပိုက်ဆံ $160 ပဲ လက်ထဲ ရှိတော့ ပန်ကန် ဆေး အလုပ် ၅နှစ် လုပ်တယ်။ ဂုဏ်ယူစရာ အလုပ်ပါ။ နောက် Bard College မှာ ဘောဂဗေဒ ပညာသင်ပြီး စာတွေ သဲကြီး မဲ ကြီး ကြိုး စား ခဲ့ တယ်။ ပြင်ပ ပညာရေး CFA Institute လဲ တက်ခဲ့တယ်။ ဘောဂ ဗေ ဒ နဲ့ ငွေ ကြေး ပညာ စိတ် ဝင် စား သူ များ CFA တက် ဖို့ အ ကြံ ပြု ပါ တယ်။ 
.
ပထမ ဘွဲ့ရပြီး John Hopkins တက္ကသိုလ် ဘောဂဗေဒ ဆည်းပူးပြီး. .ဗြိတိန် နိုင်ငံ SOS, London မှာ ပါရဂူဘွဲ့ရဆည်းပူးခဲ့ ပါ တယ်။ 
.
မြန် မာ ပြည် မှာ ကိုး ရီး ယား ဟင်း ချို ချက် ဖို့ ပိန်း ရိုး စိုက် ပျိုး လုပ်ငန်း ရှမ်ပြည် အင်း လေး ကန် မှာ စိုက်၊ ပို့ကုန် စတင် ခဲ့ပြီး အခက်ခဲ များ ကြား က အခု လုပ် သား ၃၀၀၀ ပိန်း ရိုး စိုက် ပျိုး နေကြ တာ အရမ်း ဂုဏ် ယူ မိ ပါ တယ်။ 
.
အမေ ရိ ကား မှာ ပညာ သင် ပြီး Boutique ဘဏ္ဍာ ရေး စီ မံ ခန့် ခွဲ အလုပ်.. မြန် မာ ပြည် က hedge funds တွေလို လုပ်ငန်း ၆ နှစ်လောက် ဘဝ မြှတ် နှံ ခဲ့ ပါ တယ်။ အဲဒီ အချိန် Global Financial Crisis ဖြစ်ပြီး. အဆုံး သပ် မှာ အမေ ရိ ကန် ဗဟို ဘဏ် ဥက္ကဌ Ben Bernanke က ဖြေရှင်းပေးတယ်။ ကျနော်တို့ သူ့ ဆီ က တော် တော် လေး လေ့ လာ သင် ယူ ခဲ့ ရ ပါ တယ်။ 
.
၂၀၁၄ မှာ မြန်မာ ပြည် မိသားစု အတူ နေ ဖို့ ပြန် လာတယ်။ ကမ္ဘော ဇ ဘဏ် မှာ လုပ်ခဲ့ ရပြီး အမေရိကား က ရခဲ့ တဲ့ ပညာ ပြန် အသုံး ချ နိုင် ခဲ့ ပါတယ်။ 
.
(မက်ကရို စီးပွားရေး အစိုးရ ပိုက်ဆံ ကို စီမံ ကိန်း များ လျှော့ သုံး ပြီးအခွန်စနစ်. ရင်းနှီး ဥပဒေ သစ်. ကု မ ဏီ ဥ ပ ဒေ သစ်. ဘဏ် စည်း မျဉ်း အပြောင်း အ လဲ လုပ် ခဲ့ ကြောင်း. ကြေနပ် ကြောင်း. လျှပ်စစ်. လမ်းတံ တား. ကျေး လက် ကုန် ထုတ် လမ်း. မှာ အ စိုး ရ ပို က် ဆံ သုံး ဖို့. ပုဂ္ဂ လိ က ကဏ္ဍ သာ အ ဓိ က အကျ ဆုံး ခိုင် ခိုင် မာ မာ ယုံ ကြည် ကြောင်း ပြော ပါ တယ်)။ 
.
အတိတ် တုန်းက ဘဏ် ချေး ငွေ တွေ ကို အိမ် ခြံ မြေ ဈေး ကစား မှု တွေ နဲ့ အလား တူ နယ် ပယ် တွေ မှာ အ လ ဟ သ ဖြစ် သွား ခဲ့ တယ်။ 
.
မေး. .ဦး ဘို ဘို ငယ် ဘဝ မှာ အောင် မြင် မှု တွေ ရ နေ ပြီး တ ခု ခု ပြန် လုပ် ပေး နိုင် တဲ့ နေ ရာ ရောက် နေ ပါ ပြီ။ အဲ ဒီ တော့ စာ ဖတ် သူ တွေ ထဲ က ခင် ဗျား လို စိတ် ထား ရှိ သူ တွေ ကို ဘယ် လို အကြံ များ ပေး ချင် ပါ သလဲ။ မူ ဝါ ဒ ချ မှတ် ခြင်း လို ပေါ့။ 
.
ဖြေ။..ပထမ အကြံ ပေးချင် တာ က ပုဂ္ဂ လိ က ကဏ္ဍ မှာ အ တွေ့ အကြုံ ယူ ဖို့ ပါ ပဲ။ မြန် မာ ပု ဂ္ဂ လိ က က ဏ္ဍ က ဒူ ပေ နာ ပေ အများ ကြီး ခံ တယ်။ ဒါ ကို နား လည် မှ မူ ဝါ ဒ လုပ် နိုင် မှာ ပါ။ 
.
မြန် မာ့ စီး ပွား ရေး အ ခု ပြန် မ တည် ဆောက် နိုင် ရင် လွတ် လပ် ရေး ဆုံး ရှုံး သွား နိုင် တယ်။ ၁၉၉၀ တုန်း က ရု ရှား (ဆို ဗီ ယက် ပြည် ထောင် စု) ပြို ကွဲ ခြင်း သင် ခန်း စာ က နိုင် ငံ အင် အား က တင့် ကား အရေ အတွက် ထက်.စီး ပွား ရေး ပေါ် မူ တည် ပါ တယ်။ ဒါ ကို နား လည် လက် တွေ့ ကျင့် သုံး နိုင် တဲ့ နိုင် ငံ တွေ ပဲ ၂၁ ရာစု မှာ ရှင် သန် ပါမယ်။
.
.
ဒေါ်အောင် ဆန်း စု ကြည် ၏ စီး ပွား အကြံ ပေး Sean Turnell မှ မေးမြန်းခန်း ကို The Voice မှာ မြန်မာ ဘာသာ ပြန်ပါတယ်။
.
Facebook Link 
https://www.facebook.com/myanmarjobstudent/posts/10156031618063472?__tn__=K-R


No comments:

Post a Comment