ဦးရဲထွဋ် နဲ့ ISEAS
NUS မှာ ဦးရဲထွဋ် ကို ဧပြီ ၁၈့ နေ့လည်က သွားတွေ့ခဲ့ပါတယ် ။ NUS ကိုရောက်တိုင်း သဘောကျတာ ဒီတခါက်လည်း အတူတူပါဘဲ။ ကျနော်တို့ နိုင်ငံမှာလည်း တနေ့ ဒီလိုဖြစ်ရမယ်လို့တော့ မျှော်လင့်မိတယ်။
Institute of Southeast Asian Studies , ISEAS ရဲ့ Myanmar Studies အဆောက်အဦးက ရှေ့မှာ တည်တည်ငြိမ်ငြိမ် တထပ်ပုံ ၊ နောက်မှာ လေးထပ် ခေတ်မှီအဆောက်အဦး ။ အဆောက်အဦးက လွန်ခဲ့တဲ့ ၄ / ၅ နှစ်ကမှ ဆောက်ထားတဲ့ အသစ်ပါ။ တိတ်ဆိတ်ပြီး အာရုံစူးစိုက်လို့ကောင်းမဲ့နေရာပါ။ ဦးရဲထွဋ် အခန်းကလည်း အလုပ်တွင်မယ် ထင်ပါတယ်။
၁၉၉၂ လောက်က ISEAS မှာ သမ္မတ Dr မောင်မောင် oral history interview record အတွက် နှစ်ပတ်လောက် လာလုပ်ဘူးတယ်ပြောပါတယ်။ အခု ပြည်ထောင်စုဝန်ကြီး တစ်ဦး အဖြစ်တာဝန်ယူနေသူ ဦးသောင်းထွန်းလည်း ISEAS မှာ Visiting Senior Fellow လုပ်သွားပါသေးတယ်။
ဦးရဲထွဋ်လည်း Visiting Senior Fellow အဖြစ် ၂၀၁၉ အထိရှိမယ်ပြောပါတယ်။ ဦးရဲထွဋ် ရှင်းပြတာက ISEAS ကို စင်္ကပူမှာ ဥပဒေနဲ့ပြဌာန်းပြီးဖွဲ့ထားတယ်။ ဌာန ၅ ခုမှာ ပုံမှန် Senior Fellow ၃၀ လောက်နဲ့ ဧည့်သည် Visiting Senior Fellow ၃၀ ကျော်ရှိတယ်လို့ပြောပါတယ်။
သူလည်း နောက်တနှစ်ဒီမှာ ထပ်ရှိဦးမယ်လို့ပြောပါတယ်။သူလည်း ဒီအလုပ်မှာ မွေ့လျော်ပုံပေါ်ပါတယ်။ သူကိုယ်သူလည်း ယုံကြည်မှု့ အပြည့်ရှိတယ်လို့တွေ့ရတယ်။ မနှစ်က သူ့ကိုလာတွေ့ရတာထက် ဒီနှစ်ပိုပြီးစဉ်းစားချက်တွေကောင်းလာတယ်။ သူ့ကိုယ်သူ ယုံကြည်မှု့တွေပိုရှိလာတယ် ထင်ပါတယ်။ ဦးရဲထွဋ် ရဲ့အားသာချက်တွေထဲကတစ်ချို့အချက်တွေက သူ့ကိုယ်သူယုံကြည်မှု့ရှိတာ , ရိုးသားပွင့်လင်းတာနဲ့ ကြိုးစားမှု့ရှိတာပါ။တော်ယုံတန်ယုံကိုလည်း အားနာပုံ မပေါ်။ သူယုံကြည်တာ သူရေးတဲ့ အပေါ် Facebook ပေါ်မှာ ဝိုင်းဖဲ့နေတာလည်း ခံနိုင်ရည်ရှိတယ်။
ဦးရဲထွဋ်စာအုပ်တအုပ်ပြုစုနေတယ်။ ဒီအတွက် အချက်အလက်တွေကို စနစ်တကျစုဆောင်းတယ် research လုပ်တယ်ပေါ့။ လူပေါင်း ၄၀ ကျော်ကို နာရီပေါင်း ၉၀ ကျော် interview လုပ်ပြီးပြီပြောပါတယ်။ ပြီးရင်တော့ ISEAS ကထုတ်ဝေပါလိမ့်မယ်။
ဝန်ကြီးအဆင့်ထဲက ISEAS မှာ Senior Fellow လာလုပ်တာ သူတဦးတည်းရှိပါသေးတယိ။ ဦးရဲထွဋ် ရဲ့ နောက် project တစ်ခုက oral history interview ပါ။ မြနိမာနိုင်ငံက အရေးကြီးတဲ့ နေရာမှာ ပါဝင်ခဲ့သူတချို့ကို တွေ့ဆုံမေးမြန်း မှတ်တမ်းတင် မှု့ကို စနစ်တကျလုပ်ငန်းလို့ ပြောရပါမယ်။ ဒီ resources တွေက ISEAS မှာကျန်ခဲ့ပါလိမ့်မယ်။
တဖြေးဖြေး ဦးရဲထွဋ် က စီမံခန့်ခွဲသူတစ်ဦးကနေ scholar / academic တစ်ဦးလိုပြောင်းနေတယ် ထင်ပါတယ်။
သူ့ပွင့်လင်းမှု့ ၊ ဟောဟောဒိုင်းဒိုင်း ပြောတတ်မှု့ ၊ အားမနာတတ်မှု့က သူ့ကို ဘုကလန့် တစ်ဦးလို့ ထင်သွားနိုင်ပါတယ်။ သူ့ရဲ့ တိုင်းပြည်ပေါ်ထားတဲ့ စိတ်စေတနာက စကားနဲ့ထည့်မပြောပေမဲ့ မြင်လို့ရနေပါတယ်။ ကျနော်ကတော့ ဦးရဲထွဋ်ကို ချီးကျုးလေးစားပါတယ်။ သူ့လိုဖြစ်ဘို့မလွယ်ဘူး။
၂၀၁၁ - ၂၀၁၆ အထိ မြန်မာနိုင်ငံရဲ့ ပထမ အသွင်ကူး ပြောင်းမှု့တွေမှာ ဦးရဲထွဋ် အနေနဲ့ ဒုညွန်ချုပ် , ညွန်ချုပ် , ဒုဝန်ကြီး , သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ , ပြည်ထောင်စုဝနိကြီး အဆင့်ဆင့် ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူပြန်ကြားရေးမှာလုပ်စဉ်က အမျိုးသားညီလာခံမှာ တာဝန်ကျခဲ့တော့ ဒီမှာလည်း အတွေ့အကြုံတချို့ ရှိခဲ့တယ်။
ဦးရဲထွဋ် က DSA 22 intake ဆင်းပါ။ ကျနော်ညီအငယ်ကလည်း ၂၂ ဆင်းဆိုတော့ ၂၂ က အရာရှိတွေနဲ့ သူတို့ ကျောင်းတက်ထဲကကော နောက်ပိုင်းကော ကျနော်နဲ့မစိမ်းဘူးပြောရပါမယ်။သူအနေနဲ့ တပ်မတော်အရာရှိအနေနဲ့ ကချင်ပြည်နယ်မှာ သုံးကြိမ်တာဝန်ကျဘူးတယ်။ G2 တာဝနိယူရင်း အဲဒီအချိန်ကငြိမ်းချမ်းရေုးဖြစ်စဉ်မှာ တာဝန်အရပါခဲ့ပါတယ်။
ကျနော်တို့ Myanmar Egress က Dr ကျော်ရင်လှိုင် ၂၀၀၉ လောက်မှာ Hong Kong City University ကို Co professor နဲ့ရှိတုန်း ၂၀၁၂ ဇန်နဝါရီ သူတို့ တက္ကသိုလ်က ပွဲတခုလုပ်ပါတယ်။ “ Myanmar after 2010 Elections ခေါင်းစဉ်နဲ့ပါ။ မြန်မာပြည်က ဖိတ်တဲ့ထဲမှာ ဦးရဲထွဋ် , ဆရာ မောင်ဝံသ ,ဒေါက်တာ တင်မောင်မောင်သန်း , ဦးကိုကိုလှိုင် , ဒေါ်ဝါဝါထွန်း , ဦးညိုအုန်းမြင့် , ဦးဘိုဘိုကျော်ငြိမ်း , ဦးသုဝေ , ဒေါက်တာဆက်အောင် , ဦးအောင်နိုင်ဦး , ဦးဇော်ဇော်ဟန် , ဆရာဦးတင်ထွဋ်ဦး, MOFA က retired ဆရာဦးမြင့်စိုး , ကိုသီဟန် , ကျနော့် တို့ကိုဖိတ်ပါတယ်။အဲဒီအချိန်က ဦးရဲထွဋ် ကပြန်ကြားရေးမှာ ဒုညွန်ချုပ်ပါ။ သူ့ဘာသာရပ်ကို သူပိုင်ပိုင်နိုင်နိုင်ရှိပါတယ်။
ဦးရဲထွဋ် နဲ့စကားပြောဖြစ် အမြင်ဖလှယ်ဖြစ်တာ ကျနော်အတွက် အများကြီးကောင်းပါတယ်။ စိတ်ဝင်စားစရာတွေအများကြီးပါ။ အထူးသဖြင့် သူတာဝန်ယူစဉ်ကာလက ကျနော်သိချင်တာတွေကိုသွားမေးတာပါ။ ငြိမိးချမ်းရေးလုပ်ငန်းစဉ်မှာ သမတနဲ့သူရဲ့ အလုပ်ကိစ္စ, သူရဲ့ကိုယ်ပိုင်အမြင်သဘောထား , MPC ပေါ်သူအမြင် , ငြိမ်းချမ်းရေး တပ်မတော် နဲ့ သတင်းထုတ်ပြန်မှု့ , အခု စ်ြပျက်နေတဲ့ကိစ္စများ ၊ အနာဂါတ်မြန်မာနိုင်ငံ ၊ တိုင်းရင်းရေးရာကိစ္စ၊့  အကြောင်းအရာမျိုးစုံပါပါတယ်။ သူ့စဉ်းစားချက်တချို့က ကျနော်တို့ထင်မထားတဲ့ အကောင်းမြင်ရှု့ထောင့် ၊ ပိုကောင်းတဲ့ ချဉ်းကပ်မှု့တွေကိုကြားရပါတယ်။
သူ့ FB မှာ follower 480000 ကျော်ရှိပါတယ်။ ဦးရဲထွဋ် အားသာချက် နောက်တခုက သည်းခံနိုင်တာပါ။ သူFB မှာ အခြားလူတွေဝင်ရေးတဲ့ comment တွေက တခါတခါ တော်တော်ဆိုးတယ်ပြောရမယ်။ ဒီတိုင်းထားထားတာတွေ့ရပါတယ် ။( ကျနော်တော့ အဲဒီလောက် tolerence မမြင့်ပါ။ )
ဒီနေရာမှာ ကျနော်မြင်တာက ကျနော်တို့ မြနိမာများက ကိုယ်မြင်တာမှ အမှနိ ၊ သူများမြင်တာက မမှနိဘူးလို့တွေးတာ များလွန်းတယ်ထင်တယ်။ Us and Them များလွန်းသလားလို့။ ( ငါနဲ့မတူ ငါ့ရန်သူ လို့တွေးတာများနေသလား) သူလည်း ငါ့လိုတိုင်းပြည်ချစ်နိုင်တယ် ၊ သူလည်းငါ့လိုတိုင်းပြည်ကို ကောင်းစေချင်တာလို့ တွေးပေးဘို့ခက်နေပုံပေါ်။ တစ်ဖက်နဲ့ တစ်ဖက် ၊ တစ်ဦးနဲ့ တစ်ဦး ဖဲ့နေယုံနဲ့ တိုင်းပြည်ပိုကောင်းလာမှာမဟုတ်။ Blame game နဲ့ ဘယ်လို State building လုပ်ကြမလဲ။ မတူကွဲပြားမှု့တွေထဲက တိုင်းပြည်ကို ဝိုင်းကူနိုင်ကြရင် အကောင်းဆုံး။
၂၀၁၁ ကပြနိကြားရေး သတင်းစာတွေထဲမှာ မိုးလုံးပြည့် မုဒဝါဒါ တို့ BBC , VOA ရန်တိုက်ပေးနေသည်တို့ကို ဆောင်ပုဒ်လို တွေ့ဘူးပါတယ်။ ဦးရဲထွဋ် ကတော့ VOA , BBC , RFA တို့နဲ့ MOU ထိုးခဲ့တယ်ဆိုတာရှင်းပြပါတယ်။
ဦးရဲထွဋ် နဲ့ကျနော် အမြင်မတူတာတွေလည်ရှိပါတယ်။ သူ့ကို သဘောကျတာတွေလည်းရှိပါတယ်။ အခုရေးတာက ကျနော်တို့လို အသွင်ကူးပြောင်းဘို့ကြိုးစားနေတဲ့နိုင်ငံတွေမှာ ဝန်ကြီးလောက်တာဝနိယူပြီးလို့ တာဝနိမရှိတော့ရင် အများစုက လူအများကြားထဲမှာ သိပ်မတွေ့ရဘူး ။ ဦးရဲထွဋ် ကတော့ သူ့စဉ်းစားချက်နဲ့သူပါ။ ဒါကိုဝေမျှလိုတာပါ။ အင်ဒိုနီးရှားတို့ ထိုင်းတို့မှာ Ex minister တွေအများကြီးတွေ့ဘူးပါတယ်။ တာဝနိပြီးသွားလည်း သူတို့လုပ်ချင်တာ လုပ်နိုင်တာကိုလုပ်နေကြတယိ။ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိအောင်လုပ်စေချင်တာပါ။
အပြန် ည ၆:၀၀ နာရီကျော်ပါပြီ။ISEAS ကော်ရစ်ဒါမှာ တောင်လူဝှေးနဲ့ ကြီးတစိဦးက အဝင်၊ ဦးရဲထွဋ် ကိုနုတ်ဆက်တာတွေ့ပါတယ်။ အသက်၉၀ ကျော်ပြီ သူ့လို Fellow အနေနဲ့ စာအုပ်လာပြုစုနေတယ်။ ဒီလူကြီးရဲ့ဘဝမှာ နောက်ဆုံးရေးတဲ့စာအုပ်တဲ့။ သူရေးနေတာက မလေးနဲ့ အင်ဒိုမှာ ကွန်မြူနစ်တွေနဲ့ ဖြစ်ခဲ့တဲ့ အကြောင်းတွေလို့ပြောပါတယ်။ နံမည်ကျော် စာရေးဆရာမ ဟန်စုယဉ် ရဲ့ ခင်ပွနိးလို့ပြောပါတယ်။ အသက် ၉၀ ကျော် Fellow က ည ၆:၀၀ နာရီ အလုပ်လာလုပ်တာကိုတော့ အားကြမိတယ်။
ဦးရဲထွဋ် research တွေလည်း ခရီးပေါက် အောင်မြင်ပါစေ။ နောက်တကြိမိပြန်တွေ့ရင် သူ့စာတမ်း/ စာအုပ်လည်းပြီးလောက်ပါပြီ။ ဖတ်ပြီးရင် သူနဲ့ထပ်ပြီး အကြောင်းအရာအများကြီးကို ဆွေးနွေးနိုင်ဘို့ကိုလည့်းမျှော်လင့်ပါတယ်။
PS ကျနော်တွေ့ခဲ့တဲ့ ဦးရဲထွဋ် နဲ့ FB ပ်ါက ခင်ဗျားတို့တွေ့တဲ့ ဦးရဲထွဋ် မတူတာတွေရှိ ။
—-
No comments:
Post a Comment