GOD's Attitude
- လူမှုရေး.Social (42)
- နိုင်ငံအရေး (40)
- ပညာရေး.Edu (25)
- အဂတိ.Corrupt (11)
- Social လူမှုရေး (10)
- ငြိမ်းချမ်းရေး.Peace (9)
- စီးပွားရေး (8)
- lyc လူရည်ချွန်အဖွဲ့ (6)
- စိုက်ပျိုးရေး Agri (6)
- အင်ဂျင်နီယာ.Engr (4)
- Nay Shwe Thwae Aung (1)
Thursday, October 11, 2018
“ဗိုလ်ချုပ်ခင်ဗျား ကျနော်ဗိုလ်ချုပ်ကို ဂဠုံဦးစောလို မဖြစ်စေချင်လို့ပါ” —
“ဗိုလ်ချုပ်ခင်ဗျား ကျနော်ဗိုလ်ချုပ်ကို ဂဠုံဦးစောလို မဖြစ်စေချင်လို့ပါ”
———————————————————————————
အောင်မြင်သူ (ဒု-ဗိုလ်မှုးကြီး (ငြိမ်း))
BurmaDemocracy, 2 October 2017
ဗိုလ်မှူး တင်ဖေအေး က OTS 31 ကပါ
သူနဲ့ကျနော်စတွေ့ချိန် ၁၉၇၇ ခုနှစ်ကဖြစ်ပါတယ်။
သူက ကကသံ ဂျီ သရီး။ကျနော်က အမတ ၄ အောင်ပန်းတပ်မှာပါ။
၁၉၇၈ ခုနှစ် ကျိုင်းတုံးဒေသ စစ်ဆင်ရေးမှာ သူက ကကသံညွန်ကြားရေးမှူး ဗိုလ်မှူးကြီးသက်ဝေနဲ့အတူပါလာတယ်။
စစ်ဆင်ရေးကိစ္စနဲ့သူက လူကြီးတွေနားက မခွါနိုင်ဘူး။
ဒီတော့သူ့ကို ညွန်ကြားရေးမှူးကတော်နဲ့ စစ်ရုံးကအရာရှိကြီး ကတော်တွေ မှာလိုက်တဲ့ ပစ္စည်းတွေ ကျနော်ကဝယ်ပေး
ရပါတယ်။
မှောင်ခိုခေတ်ဆိုတော့ ပါတိတ် အချိုမှုန့် အလှအပ ပစ္စည်း တွေပါ။
ကျနော့်တပ်ရင်းမှူးက အလကားပေးတာမျိုးလဲ မဖြစ်အောင် စီစဉ်ပေး လိုက်ပါလို့ အမိန့်ပေးပါတယ်။
ကျနော်က ပစ္စည်းတစ်ခုမှာရင် နှစ်ခု ဝယ်ပေးပါတယ်။
စစ်ဆင်ရေးပြီးလို့ မှူးတင်ဖေအေး ပြန်ရောက်ချိန်မှာ ကျိုင်းတုံးက ပစ္စည်းတွေ ဈေးသိပ်သက်သာ တာပဲ ဆိုပြီး ကျိုင်းတုံးမှာရှိတဲ့ အမတ ၄ ရှေ့တန်းမှူးကို ထပ်မှာပါတယ်။
သူတို့က ပေါက်ဈေးအတိုင်းဝယ်ပေးလိုက်တော့ ကတော်တွေက ဈေးကြီးလိုက်တာ အရင်ဝယ်ပေးတဲ့ စစ်ဗိုလ်လေးက ဈေးဝယ်တော်တယ် လို့ ချီးကျူးကြပါတယ်။
၁၉၉၆ ခုနှစ် ကျနော် ဟိုတယ်/ခရီးရောက်တော့ ဗိုလ်မှူးတင်ဖေအေးက ဝန်ကြီးရုံး ရုံးအဖွဲ့မှူး။ ကျနော်က ညွန်ကြားရေးမှူး။ သူက အလုပ်များတယ်။ လစ်တာနဲ့ (နဲနဲအားတာနဲ့) ကျနော့်ရုံးခန်းလာပြီး ညီလေး ဘာစားမယ် ညာစားမယ်ဆိုပြီး လာလေ့ရှိပါတယ်။
သူက ဝဝပုပု စိန်ပေါလ်ကျောင်းထွက် လူအေး သီးခံတတ်တယ်။ သဘောကောင်းတော့ လူချစ်လူခင်ပေါတယ်။ စနေ တနင်္ဂနွေ တိုင်း ဂေါက်အတူရိုက်လေ့ရှိတယ်။
ကျနော်က အမြဲရှုံးပါတယ်။ အမြဲနိုင်သူက ဗိုလ်မှူးတင်ဌေးပါ။ သူကိုတော့ ကျနော်တို့က အချစ်ကြီး လို့ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်သမီး စာရေးဆရာမရေးတဲ့ စာအုပ်ထဲမှာ '''ကိုယ်ပေးသလောက် ကိုယ်ပြန်မရတာ အချစ်တစ်ခုပဲ ရှိတယ်''' လို့ရေးခဲ့ပါတယ်။
ဗိုလ်မှူးတင်ဌေးကလဲ ကျနော် တို့ ပေးလိုက်ရတဲ့ပိုက်ဆံ တခါမှပြန်မရလို့ အချစ်ကြီး လို့ခေါ်တာပါ။ ကျနော်က အမြဲရှုံးတော့ ကျနော့်ကို သူတို့က အမြဲခေါ်ပါတယ်။ ကြေးကလဲ တစ်ကျင်း ၅၀/၁၀၀ ပါ။ သူတို့က ရုံးတက်တဲ့ရက်ဆို အမြဲ ကြွားလေ့ ရှိပါတယ်။ မနက် ဝန်ကြီး အစည်းဝေး ဝန်ကြီး မရောင်ခင် စကားဝိုင်းမှာ ကျနော်ရှုံးကြောင်း အမြဲကြားနေရတဲ့ အမကြီး ဒေါ်ညွန့်ညွန့်သန်းက ''ဗိုလ်မှူးကြီး အမြဲရှုံးရက်နဲ့ ဘာလို့ ရိုက်တာလဲ'' လို့မေးပါတယ်။ ကျနော်က ''အမကြီးရှုံးရတာ စိတ်ချမ်းသာတယ်။ ကိုယ့် နောင်တော်ကြီးတွေ မျက်နှာက ပြုံးနေတာတွေ့ရတယ်။ တခါတလေ သူတို့ရှုံးရင် မျက်နှာကြီးတွေ စူပုတ် ကယ်ဒီတွေကို ဆူဆဲဆိုတော့ ကစားရတာ ဘယ်ပျော်မလဲ'' ဆိုပြီး သူတို့ကို ပြန်စလေ့ရှိပါတယ်။
၁၉၉၇ ၉၈ ၉၉ ၂၀၀၀ ဝန်ကျင်ဆိုးတော့ နဝတ ခေတ်ပေါ့
အားလုံးသော အရာရှိအများစု တပ်က လူတွေများပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို လက်မခံပဲ အပစ်ပြောနေကြချိန် ဆိုပါတော့။ ကျနော့် ရုံးခန်းမှာတော့ နယ်ဘက် ဝန်ထမ်းတွေစု၊ မေစု ကောင်းကြောင်း ပြောလေ့ ရှိပါတယ်။ ကျနော်ကလဲ မေစု ကို ငါ့ညီမလေး ငါ့ညီမလေး လို့ပြောလေ့ရှိတယ်။
ကျနော်က တပ်မတော်သား ဗိုလ်ချုပ်က တပ်မတော်ဖခင်
ဒီတော့ ကျနေန်ာတို့ မောင်နှမပေါ့။ တနေ့တော့ ကျနော်ရယ် ဦးမျိုးလွင် (ယ္ခု စင်ကပူမှာ) ဦးတင်ထွန်း (အမှတ် ၅ ဖျာပုံ လမ်း) ရယ် မေစု အကြောင်းပြောနေတုံး တံခါးခေါက်ပြီး ဗိုလ်မှူး တင်ဖေအေး ဝင်လာတယ်။
ဘာပြောနေတာလဲမေးတော့ ကျနော့်ညီမလေးအကြောင်း ပြောတာ ဆိုတာနဲ့ သူထပြီး တံခါးလော့ချလိုက်တယ်။
ဗိုလ်မှူးကြီး ညီမလေးအကြောင်းပြောမယ်တဲ့။ လူမရှိပေမဲ့ ဘေးဘယ်ညာ ကြည့်လိုက်သေးတယ်။
၉၀ ရွှေးကောက်ပွဲ မဲဆွယ်ချိန်မှာ မှူးတင်ဖေအေးက ဓနုဖြူ ဥက္ကဌ။ မေစု သင်္ဘော ဆိုက်ချိန်မှာ သူမရှိဘူး ဘယ်အစည်းဝေး ဆိုလဲ သွားနေတယ်တဲ့။ သူပြန်ရောက်လာတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ
အဲဒီအချိန်မှာ ဦးမျိုးလွင်ကဝင်ပြောပါတယ်။ ပခန်းသားချီပါးသားတွေက သိပ်သတ္တိရှိတာပဲ။ ရွှေဘိုမှာ အဲလိုဖြစ်တော့ ရှေ့ဆုံးက ချီတက်တယ်တဲ့။ တပ်က ထုံး စည်းတားထားပြီး ကျော်ရင် ပစ်မယ်ဆိုတော့ ဆက်မသွားတော့ဘူးတဲ့။ မင်း သတ္တိရှိတယ် သေမှာ မကြောက်ဘူးဆို ဆက်သွားလေဆိုတော့ ပခန်းသားက ပြောလိုက်တယ်တဲ့
''ငါပခန်းသား သေနတ်လဲ မကြောက်ဘူး သေမှာလဲမကြောက်ဘူး ထုံးတော့ကြောက်တယ်'' တဲ့ ဦးမျိုးလွင်ပြောတဲ့ဟာသလေးပါ။
မှူးတင်ဖေအေးရောက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်နေပါပြီ။
သူ လူအုပ်ကြီးထဲ အတင်းတိုး ဝင်ပြီး ပြေးသွားတယ်။ သူ ရှေ့ဆုံးရောက်ချိန်မှာ ဗိုလ်မြင့်ဦးက ကျဉ်ထိုးဆို အမိန့်ပေးပြီး သူ့ကာဘိုင်လဲ ကျဉ်ထိုးလိုက်တယ်။
အဲဒီအချိန်မှာ ဗိုလ်မြင့်ဦးရဲ့ တပ်ခွဲမှူး ဗိုလ်မှူးxx လဲ အနားမှာရှိတယ်။
ဗိုလ်မှူးတင်ဖေအေးက ရောက်ရောက်ခြင်း
''ဟေ့ ဘာလုပ်တာလဲ ကျည် ပြန်ထုတ်လိုက်။ ဒါစစ်မြေပြင် မဟုတ်ဘူး နိုင်ငံရေး'' ဆိုပြီး သေနတ် ဖယ်ခိုင်းလိုက်တယ်။ ဝင်တားလိုက်ပါတယ်။
ကိစ္စတွေပြီးတော့ ဗိုလ်မှူး တင်ဖေအေး ဝင်တားတာနဲ့ ပါတ်သက်ပြီး ဘယ်သူက ဘယ်လို မကျေနပ်လို့ တိုင်းမှူးဆီရောက်သွားလဲ မသိဘူး။
ဗိုလ်မှူးတင်ဖေအေးကို ခုံရုံးနဲ့ စစ်ဖို့လုပ်ပါတယ်။
တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က brieffing မှာ ဗိုလ်မှူး တင်ဖေအေး ကို ရပ်ခိုင်းထားပြီး ဆူပါတယ်။
''မင်းဘာဖြစ်လို့ ဝင်တားတာလဲ'' လို့ ဒေါကြီးမောကြီးနဲ့ မေးပါတယ်။
ဗိုလ်မှူးတင်ဖေအေး မျက်နှာလေးနဲ့ လက်ကလေးနောက်ပစ်
ခါလေးကုန်းပြီး
''ဗိုလ်ချုပ်ခင်ဗျား ကျနော်ဗိုလ်ချုပ်ကို ဂဠုံဦးစောလို မဖြစ်စေချင်လို့ပါ'' လို့ပြောလိုက်ပါတယ်။
တိုင်းမှူးဒေါသထွက်ပြီး သူစားပွဲကို လက်သီနဲ့ထုလိုက်ပါတယ်။ ဗိုလ်မှူး တင်ဖေအေးကို စူးစူးဝါးဝါး ကြည့်နေပါတယ်။ ဗိုလ်မှူး မျက်လွှာလေးချပြီး ရပ်နပါတယ်။ တိုင်းမှူး တစ်မိနစ်လောက် ငြိမ် နေပြီး ရီလိုက်ပါတယ်။ ပြီးတော့ ''အေး မင်းပြောတာမှန်တယ်'' လို့ပြောလိုက်မှ ဗိုလ်မှူး တင်ဖေအေး စိတ်အေး သွားသလို brieffing ကလူတွေလဲ သက်ပြင်းချ အသက်ရှူ နိုင်ကြပါတယ်။
ဒါ သူပြောပြတာတွေပါ။
ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ ကျနော် ဒီအကြောင်း ရေးမယ်ဆိုတော့ ''ညီလေး မရေးပါနဲ့'' ဆိုပြီးတားပါတယ်။ ကျနော် မရေးပါဘူး။
၂၀၁၄ သူ Army ကွင်းမှာ ဂေါက် ကစားရင်း မူးပြီးစစ်ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ ကျနော်သူ့ အသုဘ မှာ သူဇနီး မမဝင်းကို ခွင့်တောင်းပြီး ဂျာနယ်မှာ ရေးလိုက်ပါတယ်။
အဲဒီဖြစ်စဉ်တွေ့တဲ့ လူတွေက ဒါအဖြစ်မှန်ပဲလို့ ပြောကြပါတယ်။
ဗိုလ်မြင့်ဦးက မဟုတ်မမှန်ရေးတယ် ဂျာနယ်ကနေပြန်တောင်းပန်ရမယ်။ မတောင်းပန်ရင် တရားစွဲမယ် လုပ်ပါတယ်။
ကျနော် သူ့ဆီ ဖုန်းဆက်ပြီး ဒါ ဗိုလ်မှူးတင်ဖေအေးပြောခဲ့တဲ့အဖြစ်မှန်တွေပဲ။ မင်းတရားစွဲရင် ဒို့တပ်မတော်သား အချင်းချင်း မဖြစ်သင့်တာတွေ ဖြစ်မယ်။ အပြင်လူတွေက တမျိုး မြင်မယ်လို့ ပြောလိုက်ပါတယ်။
သူက လက်မခံဘူး ပြန်တောင်းပန်ရမယ်တဲ့။ နောက်ဆုံးတော့ ကျနော်က ''မင်သတ္တိရှိရင်ဆွဲပါ။ မင်းဆွဲရဲရင်ဆွဲ မင်း ကုန်ကျမဲ့ စရိတ်ပါ ငါပေးမယ် ကြိုက်တဲ့ တရားရုံးကဆွဲ'' လို့ ပြောလိုက်ပါတယ်။
သူဂျာနယ်မှာပြန်ရှင်းသလို အခြားမျက်မြင်တွေကလဲ ပြန် ရေးတော့ သူငြိမ်သွားပါတယ်။
ကဲ
ရေးပါ ရေးပြပါ ဆိုသူများအတွက် -
...
အောင်မြင်သူ
၁ အောက်တိုဘာ ၂၀၁၇
U Aung Myin Thu ’s Facebook မှကူးယူဖော်ပြပါသည်။#BurmaDemocracy
crd
#ခရီးသည်
Labels:
နိုင်ငံအရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment