Thursday, September 2, 2021

မြန်မာနိုင်ငံအရေးနဲ့ တရုတ်၊အမေရိကန် စီးပွားအားပြိုင်မှု


 မြန်မာနိုင်ငံအရေးနဲ့
တရုတ်၊အမေရိကန် စီးပွားအားပြိုင်မှု

အမေရိကန်နိုင်ငံ စစ်အင်အားနဲ့စီးပွားအင်အားကြီး နိုင်ငံအဖြစ် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်တပ်ကြီးကို တကမ္ဘာလုံး ဖြန်ကျက် ဦးဆောင်ခဲ့တယ်။ ရုရှားကွန်မြူနစ်များက အပြိုင်အဆိုင် အနုမြူဗုံးထုတ်လုပ် စစ်အေးခေတ်ပြိုင်ဆိုင်ရင်း ၁၉၉၀ မှာ စီးပွားရေးချွတ်ခြုံကျလို့ ရုရှားအင်ပါယာ ပြိုကွဲသွားတယ်။ အမေရိကန်က တစ်ဦးတည်း ဆူပါပါဝါ ဖြစ်နေချိန် ရုရှားပြိုကွဲတာ သင်ခဏ်းစာယူပြီး တရုတ်ကွန်မြူနစ်တွေက စီးပွားရေးကိုပဲ ဦးထိတ်ထားကြိုးစားကြတယ်။ 

.2010 မှာ စီးပွားအင်အား GDP ကမ္ဘာ့ ဒုတိယအကြီးဆုံးနိုင်ငံ အဖြစ် ဂျပန်ကိုကျော်လွှားတယ်။ အဲဒီအချိန်က တရုတ် GDP က အမေရိကန်ရဲ့ ထက်ဝက်ပဲ ရှိပါတယ်။ ယခု 2021 မှာတော့ အမေရိကန်ကို 2030 မှာ သေချာပေါက် ကျော်တက်တော့မယ်၊ သို့သော် အမေရိကန်ကလည်း ပြုပြင်ပြောင်းလဲပီး 2055 မှာ တရုတ်ကိုပြန်ကျော်တက်မယ်။ သူတပြန်ကိုယ်တပြန် စီးပွားအင်အား မတိမ်းမယိမ်း ဆက်ရှိနေမယ်လို့ ဂျပန်ပညာရှင်များ ခန့်မှန်းကြပါတယ်။ 

ပုံ.. GDP Trends of Big nations.

ဂရပ်ဇယားပုံအရ လူဦးရေများတဲ့ တရုတ်ကို လူဦးရေများတဲ့ အိန္နိယနိုင်ငံကပဲ တတိယစီးပွားအင်အားကြီး အဖြစ် ယှဥ်နိုင်ပြီး ဂျပန်၊ ဂျာမဏီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ အီတလီ စတဲ့ ယခင် စစ်ရေးနဲ့စီးပွား အင်အားကြီးနိုင်ငံများက နောက်ကောက်ကျနေတာ မြင်ရပါတယ်။ 
.
တချို့က နိုင်ငံရဲ့စီးပွားအင်အားကြီးတာနဲ့ သြဇာကြီးတာ သိပ်မဆိုင်သလို ရေးကြ၊ပြောကြတယ်။ စစ်ရေးအင်အားနဲ့ အခြားကဏ္ဏများ ဥပမာ နိုင်ငံငယ်များကိုစည်းရုံးနိုင်မှု၊ ဒေသအလိုက် နိုင်ငံအဖွဲ့အစည်းများရဲ့ရပ်တည်ချက် ၊ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်များနဲ့လည်း ဆိုင်တယ် အငြင်းပွားကြတယ်။ 
.
ဘာပဲ ဖြစ် ပါစေ ၁၉၄၅ ဒုတိယကမ္ဘာစစ်အပြီး ဧရာမစစ်ပွဲများကို လွဲရှောင်နိုင်တာ အနုမြူဗုံးတွေ၊ ဝေဟင်တိုက်ချင်းပစ်ဒုံးပျံစနစ်တွေ ကြောင့်လို့ ပြောနိုင်ပါတယ်။ 
.
အမေရိကန်စစ်အင်အားကြီးသော်လည်း စစ်အင်အားကြီး စစ်စခန်းချထားတဲ့နိုင်ငံများမှာ ဂျာမဏီနဲ့ဂျပန်ပဲ အောင်မြင်တယ်လို့ ရေးပါတယ်။ တကယ်တော့ ေတိုင်ဝမ်၊ တောင်ကိုးရီးယား၊ စင်ကာပူ နဲ့ အစ္စရေးနိုင်ငံများလည်း အောင်မြင်ပါတယ်။ အီရတ်၊ အာဖကန်နစ္စတန်၊ ဗီယက်နမ်တွေမှာတော့ အမေရိကန်စစ်အင်အားကြီးစွာ ချထားသော်လည်း ကျဆုံးသွားရပါတယ်။ 
.
ဘာကြောင့် စစ်အင်အားကြီး ချထားလည်း အမေရိကန်ကျဆုံးသလဲ ဆိုတော့ ကြာလာတော့ ဒေသခံအုပ်ချုပ်သူများရဲ့ အဂတိခြစားမှုကို မပြုပြင်နိုင်ပဲ၊ အမေရိကန် အစိုးရကိုယ်တိုင် စီးပွားရေးတွက်ချေမကိုက်လို့ စစ်အင်အားရုတ်သိမ်းပေးရခြင်းပါ။ အမေရိကန်ဆီးနိတ်နဲ့ကွန်ကရက်သာမက သမ္မတရာထူးအထိ ၃မျိုးစလုံး ဒီမိုကရက်တစ်တွေ ကြီးစိုးချိန် စစ်အင်အားသုံးမှုကို ပယ်ဖျက်လေ့ရှိတယ်။ တနည်းအားဖြင့် ရီပါဘလစ်ကင်တွေကြီးစိုးရင် စစ်အင်အားနဲ့စီးပွားရှာဖို့ကြိုးစားတယ်။ အစိုးရက အခွန်အပြည့်မရလို့ အမြတ်မထွက်သော်လည်း အ​ရေိကန် သယံဇာတကုမ္မဏီကြီးတွေကတော့ လုပ်ပိုင်ခွင့်တွေရပြီး ကျိကျိတက် ချမ်းသာလာပါတယ်။ 

အခု တရုတ်အစိုးရ နည်းဗြူဟာကတော့ ဟိုတခေတ်တခါက ဂျပန်တွေလုပ်နည်း လမ်းတံတား၊ ရေနံ၊ဓာတ်ငွေ့၊ လျပ်စစ် ၊ သင်းဘောဆိပ်ကြီးတွေကို ဆောက်ပေးတဲ့ Infrastructure Development လုပ်ငန်းများသာမက သယံဇာတထုတ်ယူတဲ့ လုပ်ငန်းတွေနဲ့ China Debt Trap ပုံစံ အာဖရိကနဲ့အာရှ အစိုးရပုဂိုလ်များနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်း တယ်။ စီးပွားရေးနဲ့ ကိုလိုနီနယ်ချဲ့တယ်။ 
.
စစ်ရေးစစ်အင်အားကြီးပြီး စီးပွားရေးသိမ်းပိုက်တဲ့နည်းကတော့ ရှေးပဝေသဋီ ကတည်းဿျင့်သုံးလာတဲ့နည်းပါ။ ဘုရင်နဲ့အင်ပါယာ စနစ်ဖြစ်တယ်။ ဒီနည်းလမ်းက သိပ်မနိတ်တော့ကြောင်း ကိုသန်းလွင် ရေးတဲ့ မိုးမခဆောင်းပါး ၂ခုကို ကြည့်ရှုသုံးသပ်နိုင်ပါတယ်။ 

အာဖဂန်တပ်မတော်ကြီးကျဆုံးရပုံ
Download Link || 
https://ift.tt/38jbEzs 
.
ကြီးမားလွန်းတဲ့ USA စစ်တပ်
Download Link || 
https://ift.tt/2WFoqXa 
.

မြန်မာနိုင်ငံနဲ့ပဲ အဆုံးသပ်ပါရစေ။ 
.
လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်က ၁၉၆၂ ကတည်းက အစိုးရအကျင့်ပျက်ခြစားမှုများကြောင့် အာဏာသိမ်းပြီး စစ်အာဏာရှင်တွေကြီးစိုးခဲ့တယ်။ ၂၀၁၀ မှာ ပြုပြင်ပြောင်းလဲလို့ ဦးသိန်းစိန်အစိုးရ ၅နှစ်၊ အင်အယ်ဒီအစိုးရ ၅နှစ်အတွင်း တိုးတက်မယ်ကြံနေတုန်း စစ်အာဏာသိမ်းပြန်တယ်။ အခု ၇လ ကြာပြီ။ တိုင်းပြည်ဝရုန်းသုံးကားဖြစ်နေဆဲပါ။ တိုင်းရင်းသားတွေကလည်း သီးခြားလွတ်လပ်တဲ့နိုင်ငံထူထောင်ရေးကိုပဲ လိုချင်ကြတယ်။ တရုတ်အစိုးရကလည်း မြန်မာနိုင်ငံကို သူတို့ BRI စီမံကိန်းနဲ့ထိန်းချုပ်ဖို့ ပြည်နယ်များ သီးခြားနိုင်ငံထူထောင်ခွင့် ပေးမည်မထင်ပါ။ စစ်ကောင်စီကိုပဲ တရုတ်အစိုးရက ထိန်းချုပ်ပြီး အင်အယ်ဒီနဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးစားနေတာ မြင်ရပါတယ်။ ကြာလာရင် တရုတ်အသာစီးရနေတဲ့ မြန်မာမြေကို ယခု တရုပ်မနိုင်တော့တဲ့ ဗီယက်နမ်လို ဖြစ်သွားမှာ တရုတ်အစိုးရ စိုးရိမ်မှာပါ။ 
.
ရုရှားကို စစ်ကောင်စီ အားကိုးလာတာလည်း မြင်မေရတယ်။ စစ်ကောင်စီအကြီးကဲကအစ.  ထိပ်ပိုင်း၃ဦး စလုံး၊ ၃လအတွင်းမှာ ရုရှားကိုသွား​ရောက်ခဲ့ပြီး.စစ်ရေးမဟာမိတ်အဖြစ် ကြိုးစားနေတယ်။ တရုတ် သံတမန်လည်း ဝ တိုင်းရင်းသားများနဲ့တွေ့ပြီး ယခု နေပြည်တော်မှာ စစ်ကောင်စီ အကြီးကဲနဲ့ တွေ့ဆုံနေတယ်။ အင်အယ်ဒီပါတီက တရုတ်ကွန်မြူနစ်ပါတီ နှစ်၁၀၀ ပြည့် ဂုဏ်ယူကြောင်း သဝဏ်လွှာကို တရုတ်က ကျေးဇူးတင်ကြောင်း အကြောင်းပြန်တော့.. အင်အယ်ဒီပါတီဖျက်သိမ်း၊ရွေးကောက်ပွဲအသစ်ကျင်းပမဲ့ စစ်ကောင်စီအကြံ အခက်တွေ့စေပါတယ်။ 
.

နိဂုံး
စစ်အာဏာမသိမ်းခင် လစဥ် ဘဏ်ငွေလည်ပတ်မှုက ကျပ်ဘီလျံ ၅၅၀ အထက်ရှိပြီး.. ယခု လစဥ် ၅၈ ဘီလျံပဲရှိနေတယ်။ ဒါဟာ စစ်ကောင်စီ အာဏာပိုင်တွေက ဘဏ်ငွေထုတ်ရင် ကော်မရှင် ၇% အထက် ပေးနေရပြီး ဒီအတိုင်း ဆိုရင် ဘယ်လောက်တောင့်ခံမလဲမသိတော့ပါ။ စီးပွားရေး အကြီးအကျယ်ကျဆင်းလို့ Export ပို့ကုန်ကလည်း ကြေးမုံသတင်းစာ ၃လပတ် ထုတ်ပြန်ချက်အရ ၇၅% ရော့နည်းသွားပါပြီ။ 
.
စစ်အင်အားတခုပဲသုံးပြီး အာဏာသိမ်း၊ ငြိမ်ဝပ်ပိပြားအောင်အုပ်ချုပ်တဲ့ မြန်မာ့စီးပွားပျက်ပြားတဲ့ ၁၉၈၈ နဲ့ ၁၉၉၈ အုပ်ချုပ်တဲ့နည်း မဖြစ်နိုင်တော့ပါ။ အင်တာနက် ဖြတ်တော်တဲ့နည်းစနစ်က စစ်ကောင်စီရဲ့ ငွေကြေးစနစ်ကို အရမ်းထိခိုက်ပါတယ်။ နည်းပညာ ကောင်းစွာအသုံးချနိုင်တဲ့ဘက်က အနိုင်ရမှာသေချာပါတယ်။ စစ်အင်အားကြီးလဲ နည်းပညာခေတ်မှာ အင်အားပြိုကွဲသွားနိုင်ပါတယ်။ 

မြေပြင်မှာ စစ်အင်အားသုံး ထိန်းချုပ်ထားသော်လည်း တရုတ်နဲ့အမေရိကန် အစိုးရ၂ခု သဘောထားက အာဏာပြိုင်ပွဲ အရှုံအနိုင် အဆုံးဖြတ်ပေးမှာပါ။ 

အရေးတော်ပုံ အောင်ရမည်

ဇာနီကြီး
2.9.2021

No comments:

Post a Comment