Thursday, February 24, 2022

လေကြောင်း၊ ရုရှား ဗုံးကြဲတိုက်ခိုက်မှုတွေ မြန်မာတော်လှန်ရေးသင်ခဏ်းစာ


 လေကြောင်း၊ ရုရှား ဗုံးကြဲတိုက်ခိုက်မှုတွေ

မြန်မာတော်လှန်ရေးသင်ခဏ်းစာ
မထင်မှတ်လောက်အောင် ရုရှား စစ်ဝါဒီတွေ ရက်စက်နေပါပြိ။ ဒုတိယကမ္ဘာစစ် ဂျာမဏီက ပိုလန်ကို အဲလိုပဲ ဝင်သိမ်းသယားချိန် ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီးက ဘာမှ မလုပ်နိုင်ခဲ့ပါ။ ဒါနဲ့ စစ်ကြီးဖြစ်သွားပါတယ်။ ယူကရန်းနဲ့ရုရှားက ယူကရိန်းထက် စစ်အင်အား မယှဥ်သာအောင် ကြီးမားပါတယ်။ သို့သော် မြေပြင်တပ်တွေ ဝင်သိမ်းဖို့ ၁၉၆၇ အာရပ်-အစ္စရေး စစ်ပွဲ၊ အမေရိကန်-အီရတ်ကိုသိမ်းပိုက်စစ်ပွဲ ကဲ့သို့ လေကြောင်း အသာစီးရဖို့ ယူကရိန်းလေတပ်ကို အရင်ဖျတ်ဆီးနေတာပါ။
စစ်အင်အား နှိုင်းယှဥ်ရင် ..ယူကရိန်း .......ရုရှား
လက်ရှိစစ်သား....... ၂ သိန်း .......၉ သိန်း
အရံတပ်သား..........၉ သိန်း .......၂သိန်း
တိုက်လေယာဥ် .......၉၈ စင်း........၁၅၁၁ စင်း
တိုက်-ဟယ်လီကော်ပတာ.......၃၄ စင်း.........၅၄၄ စင်း
တင့်ကား..........၂၅၉၆ ..........၁၂၂၄၀
သံချပ်ကား........၁၂၃၀၃ ..........၃၀၁၂၂
အမြောက်လက်နက်ကြီး.....၂၀၄၀ ..........၇၅၇၁
ဒီအချက်ကို ကြည့်ရင် ရုရှားစစ်တပ်ကြီး ယူကရိန်းနိုင်ငံထဲ ဝင်လာဖို့ အလွန်ကြီးမားတဲ့ မြေပြင်တိုက်ပွဲများ ဆင်နွဲရမှာပါ။ လေတပ်ကို ချေမှုန်းခံရရင် ယူကရိန်းတပ်တွေအတွက် အတော်ခက်ခဲ၊ သေကြေကြဖို့ ရှိပါတယ်။
.
.
ဆရာမြတ်ထွန်းဦး သုံးသပ်ချက်ပါ
ဒီအဖြစ်အပျက်ကနေ စာရေးသူတို့ တော်လှန်ရေးအတွက် ဘာသင်ခန်းစာယူမှာလဲ? အရေးကြီးဆုံးသင်ခန်းစာကတော့ စာရေးသူတို့ကို အနောက်ကတပ်ဝင်လာပြီး ကယ်ဖို့ဆိုတာ မေ့လိုက်ပါ။ နောက်ပြီးကိုယ့်အားကိုယ်ကိုးရပါမယ်။ မူဝါဒချမှတ်ရာမှာ ဘယ်နိုင်ငံကိုမှ သိပ်ကြိုက်အောင်လုပ်မနေဘဲ မိမိတို့တော်လှန်ရေးအောင်ဖို့အတွက် လုပ်စရာရှိတာကို လုပ်သွားရပါမယ်။ ရှင်းစရာရှိသူကို ဘီဘီစီက ဝေဖန်မှာကြောက်မနေဘဲ ရှင်းရပါမယ်။ အမှားဆိုတာရှိနိုင်ပါတယ်။ ဥပမာ PDF က မအလယဉ်တန်းကို ခြုံခိုတိုက်တယ်ဆိုပါစို့။ အဲ့ဒီယာဉ်တန်းက စာရေးသူနဲ့ မိသားစုပါလာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငါ့ကိုထောက်ခံသူလား ဘာလားဆိုတာ PDF တွေအတွက် ခွဲခြားသိဖို့ကမဖြစ်နိုင်ပါ။ နောက်ပြီး စာရေးသူမိသားစုပါလာလို့ အရပ်သားဝတ်စုံမိုလို့ မပစ်ခဲ့ရင်လဲ မအလတပ်ကနောက်ပိုင်း ဒီနည်းကိုသုံးပြီး တပ်ရွှေ့လာမှာပါ။ ဒါကြောင့် စစ်ယူနီဖောင်းနဲ့တွေ့ရင် သေနတ်ပါသူဆိုရင် အရပ်ဝတ်နဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ်၊ စစ်ဝတ်စုံနဲ့ဖြစ်ဖြစ် လုပ်စရာရှိတာကိုလုပ်မှ စစ်ပွဲက အောင်နိုင်မှာပါ။
နောက်အာဏာရှင်များဟာ လက်နက်အင်အားစကားကိုသာ နားလည်ပါတယ်။ ဒါက အမေရိကန်-ကျူးဘား ဒုံးပျံအရေးအခင်း၊ ဆိုဗီယက်-တရုတ်နယ်စပ်အငြင်းပွါးမှု၊ အီရတ်၊ လစ်ဗျားကိစ္စတွေက ပြနေပါတယ်။ ထိုအားရှိဖို့က လက်နက်လိုပြီး ထိုလက်နက်ကောင်းရဖို့အတွက် စာရေးသူတို့က ကိုယ့်အားကိုယ်ကိုးပြီး ဆက်ထောက်ပံ့ရပါမယ်။
အကျဉ်းချုပ်ရရင် ယူကရိန်းကပေးတဲ့သင်ခန်းစာက အနောက်ကိုမမျှော်ဘဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်စရာရှိတာကို လုပ်ဖို့ပါ။ မိမိတို့နယ်မြေရလာရင် ထောက်ခံသူက နောက်ကလိုက်လာပါလိမ့်မယ်လို့ ပြောပါရစေ။ နောက်သင်ခန်းစာက တော်လှန်ရေးကို တော်လှန်ရေးသဘောအနေနဲ့သာ ပြတ်ပြတ်သားသားလုပ်ကြဖို့ပါ။ တူမီးနဲ့ အမေရိကန်စစ်တပ်လို စစ်စည်းကမ်းအတိုင်းတိုက်နေရင် အဆင်မပြေသလို ဖက်ဆစ်တပ်ရဲ့ ဉာဏ်နီဉာဏ်နက်ကို ရိုးသားစွာတိုက်လို့မရပါလို့ပြောပါရစေ။
photo credit and reference: BBC and Bank of Russia
Myat Tun Oo

No comments:

Post a Comment