【 ပညာရှင်များ၏အမြင် 】 “Corruption ပတ်သက်ရင် လုံးဝအလျော့အတင်းမလုပ်နဲ့၊ နားလည်မှုမပေးနဲ့”
=================================================
(မကြာမီက အဂတိလိုက်စားမှုနှင့် ပတ်သက်ကာ ညွှန်ချုပ်တစ်ဦးကို အရေးယူမှု စတင်ခဲ့တာကို တွေ့ရပါတယ်။ထိုသို့ ဌာနတစ်ခုတွင် အကြီးဆုံးတစ်ဦးကို စတင်ကိုင်တွယ်မှုက အရပ်သားအစိုးရလက်ထက် အမြင့်ဆုံးဖြစ်လာခဲ့သည်။ထိုအနေအထားက မကြာခင် ဒီထက်ပိုကြီးမားသည့် အဂတ်လိုက်စားသူ ရာထူးအာဏာရှိသူများအပေါ် မည်သို့သက်ရောက်လာနိုင်သည်ကို သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ မေးမြန်းခဲ့ပါတယ်။ဆရာဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြအပ်ပါတယ်။Opinion Leaders Media အယ်ဒီတာအဖွဲ့)
Opinion Leaders Media ။ ။ မကြာမီက တရုတ်နိုင်ငံကို အလည်အပတ်သွားတဲ့ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ဒီလိုတွေ့ဆုံမှုက မြန်မာ့နိုင်ငံရေးအပေါ် ဘာသက်ရောက်မှုတွေရှိလာမလဲ။နောက်ပြီး ယခင်က မြန်မာနိုင်ငံမှာ တာဝန်အကြီးဆုံးယူထားဖူးတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် မြန်မာ- တရုတ် ဆက်ဆံရေး၊ စီးပွားရေး၊ OBOR စတဲ့ ကုန်သွယ်ရေးတွေအပေါ်မှာ အကောင်းဘက်က ဘာသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲ ဆရာ။
ဒေါက်တာအောင်ထွန်းသက် ။ ။ အဲ့ဒါက ပြောရခက်သားနော် ဘာလို့လဲဆိုတော့ ကိုယ်ကလည်း။သူများလို သတင်းစာဖတ်ပြီး ပြောရတာဆိုတော့လေ သူတို့ပြောတာတော့ ဒါ ပါတီကိုယ်စားပြုသွားတာ မဟုတ်ဘူး။ပုဂ္ဂိုလ်ရေးအရ သွားတယ်လို့ ပြောတာကိုး။ဟုတ်တယ်မလား။ပုဂ္ဂိုလ်ရေးအရ သွားတယ်လို့ ပြောတာကို။ဒါကတစ်ဖက်။နိုင်ငံကလည်း သူတို့အရင်တုန်းက သမ္မတဟောင်းကို ကြိုဆိုတယ်။နှုတ်ဆက်တယ် ဆိုတာမျိုးပေါ့။ဘာပဲဖြစ်ဖြစ် တစ်ချိန်တုန်းက တာဝန်ယူထားတဲ့ လူတစ်ယောက်အနေနဲ့ သွားတာ သည် ပုဂ္ဂိုလ်ရေးအရဆိုတာ ဖြစ်ပေမယ့် ဒီနောက်ခံအကြောင်းတွေတော့ ရှိအုံးမှာပါဘဲ။ဒါပေမယ့် တစ်ခုဘဲရှိတာက ဆရာတို့က ခေတ်အဆက်ဆက် က အထူးသဖြင့် န၀တ တက်လာတဲ့အချိန်ကစပြီး (၈၉/၉၀) ဒီဘက်နောက်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံမှုဟာ ပိုပြီးခိုင်မာလာတာ တွေ့ရတယ်။အထူးသဖြင့် တစ်ချိန်တုန်းကလည်း ၂၀၁၀ မတိုင်ခင် တရုတ်ရဲ့ ထောက်ခံမှုက အရေးကြီးတယ်။
အထူးသဖြင့် ပြည်သူတွေ ဘာတွေကအရေးကြီးတာကိုး။အဲဒီတော့ ဒီနေရာမှာလည်း ဒီဘက်ပိုင်းမှာလည်း ဆရာတို့ လက်တွေ့မှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေမှာလည်း တရုတ်ရဲ့ ထောက်ခံမှုက လိုအပ်တယ် ထင်တယ်လေ။ လိုအပ်တယ်ထင်တယ် ဆိုပေမယ့် အခုသွားတာသည် တစ်ဦးချင်းတစ်ယောက်ချင်း သွားတယ်လို့ဘဲ သတင်းစာထဲမှာပါတဲ့အတိုင်း နားလည်ရင်တော့ တစ်မျိုးပေါ့နော်။သို့သော်လည်း ဘာပဲဖြစ်ဖြစ် ဆရာထင်တာက နှစ်နိုင်ငံဆက်ဆံရေးကတော့ ဆရာတို့အနေနဲ့ ပိုပြီးဒီထက်ခိုင်မာအောင် ပိုပြီးအဆင်ပြေအောင် လုပ်ရမှာပါဘဲ။
ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စီးပွားရေးအနေအထားအရရော ပထ၀ီအနေအထားအရရော အင်မတန်အရေးပါတဲ့နိုင်ငံ ဖြစ်ခဲ့တာလေ။အဲဒီတော့ဘာပဲဖြစ်ဖြစ် ဆရာတို့ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ယနေ့အထိ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုက ကိုယ့်နိုင်ငံအပေါ်မှာ တစ်နည်းတစ်ဖုံရှိခဲ့တာ။တစ်ချိန်တုန်းကလည်း ဆရာတို့ လက်နက်ကိုင်အဖွဲ့အစည်းကို အားပေးထောက်ခံခဲ့တဲ့ အနေအထားရှိတယ်။နောက်ပိုင်း ပုံစံတစ်မျိုး ပြောင်းလာခဲ့တယ်။အခုကတော့ ဆရာထင်တယ် ရှေ့ဆက်သွားရမယ့် ကိစ္စတော့ သူတို့အနေနဲ့ (OBOR-One Belt One Road) ကိစ္စကို တော်တော်လေးကို သူတို့က စိတ်ဝင်စားနေတယ်။စိတ်ဝင်စားတဲ့အခါမှာ သော့ချက်ဖြစ်တာက မြန်မာနိုင်ငံ ဖြစ်နေတာကိုး။သော့ချက်ဖြစ်တာက မြန်မာနိုင်ငံဖြစ်တော့ သူတို့အနေနဲ့က ဒါကို သော့ချက်ကို သူတို့အတွက်အကျိုးရှိအောင် သူတို့ကြိုးစားကြမှာဘဲ။ဒါလည်း ဆရာတို့က လက်ခံရမှာပါဘဲ။တရုတ်ရဲ့ အနေအထားက ဒီလိုအနေအထားရှိတယ်။
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး။နောက်တစ်ခါ အခုဆိုရင် ကုန်သွယ်မှုနဲ့ ပတ်သက်လို့ အရင်ထက် ပိုပြီးအဆင်ပြေအောင်လုပ်မယ် ဘာညာ။ဆရာတို့က ဒါကိုလည်းကြည့်နေရမှပါဘဲ။တရုတ်နဲ့ ပတ်သတ်လာရင် ဆရာတို့မှာ ပြီးခဲ့တဲ့ ခေတ်အဆက်ဆက်က ကောင်းတာတွေရှိခဲ့သလို ဥပမာ - ဆရာတို့ လူတွေ ပြည်သူတွေအားလုံးရဲ့ မြစ်ဆုံကိစ္စတွေ။ဒါတွေကလည်း ထည့်စဉ်းစားရမယ့် ကိစ္စဖြစ်တယ်။အခု ကျောက်ဖြူကိစ္စဆိုလည်းဘဲ တရုတ်နဲ့လုပ်နေတဲ့ လုပ်ငန်းတွေဖြစ်နေတယ်။အဲ့တော့ ဘာပဲဖြစ်ဖြစ် ဆရာထင်ပါတယ် တရုတ် - မြန်မာ ဆက်ဆံရေးကတော့ သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ရမှာပါဘဲ။
အဲဒီတော့ သွားတဲ့ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေးအရခရီးစဉ် ဆိုတော့လည်း ဘာမှ မဖြစ်ဘူးပေါ့လေ။သို့သော်လည်းပဲ ဆရာတို့အနေနဲ့ ဒါကတော့ ကိုယ့်နိုင်ငံမှာက အဆန်းဖြစ်နေတာပါ။အခြားနိုင်ငံတွေမှာကတော့ ဒီလိုဘဲသွားနေကြ လာနေကြတာပါဘဲ။ဟုတ်တယ်မလား။ပြီးခဲ့တဲ့ သမ္မတတွေဟာ တက်လိုက်ဆင်းလိုက်ဖြစ်နေတော့ ဒီလိုဘဲ သွားလာလှုပ်ရှားနေရတာပါဘဲ။အဲဒီလိုသွားလာလှုပ်ရှားတဲ့နေရာမှာ သမ္မတ ကလင်တန် ဆိုလည်း တော်တော်ကြီးလှုပ်ရှားတယ်။အိုဘားမား ဆိုလည်း ဒါလည်းဒီအတိုင်းဘဲ။သူတို့လုပ်နေကြ တယ်။အဲဒီတော့ သမ္မတတွေဟာ သက်တမ်းကုန်သွားတဲ့ခါမှာ သူတို့ရဲ့ လှုပ်ရှားမှုပုံစံက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးပေါ့လေ။တစ်ချို့တွေကျတော့လည်း လုံးဝကို ဘာမှမလုပ်တာတွေ့ရတယ်။တစ်ချို့တွေကျတော့လည်း လှုပ်ရှားနေတာ တွေ့ရတယ်။အဲ့ဒါက ဆရာတို့မှာ အခုမှအတွေ့အကြုံရှိနေတာကိုး။
သမ္မတသက်တမ်းတစ်ခုမှာ (၅) နှစ် ပြီးသွားတဲ့အခါမှာ သမ္မတတစ်ယောက်အနေနဲ့ သူ့လုပ်ပိုင်ခွင့် သူ့ရဲ့လှုပ်ရှားမှုဒါတွေဟာ အခုမှစမ်းသပ်ရမယ့် ကိစ္စတွေဖြစ်နေတာကိုး။ဆရာတို့မှာ အတွေ့အကြုံမရှိဘူး။ဆရာတို့ ခေတ်အဆက်ဆက်ပြန်ကြည့်လို့ရှိရင် အေးအေးချမ်းချမ်း အဲ့လိုပုံစံအနေအထား ဆရာတို့ မတွေ့လိုက်ရဘူးလေ။အဲဒီတော့ ကိုယ့်နိုင်ငံရေးအခင်းအကျင်းမှာတော့ ဒါအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။သမ္မတသက်တမ်း ပြီးသွားတဲ့အခါမှာ အဲဒီလူရဲ့ (Role) ပေါ့။တလောကတော့ ဆရာတို့ တိုက်တိုက်ဆိုင်ဆိုင် သမ္မတ ဘုရှ် ရဲ့ ဇနီး ဈာပနအခမ်းအနားကို ကြည့်တဲ့အခါမှာ သမ္မတလေးယောက်တောင် တန်းစီပြီးတော့ အမှန်က ငါးယောက်ရှိတာပေါ့။ငါးယောက်က ဒေါ်နယ်ထရန့် မတက်ဘူး။ဒါပေမယ့် ဘုရှ် သားအဖရှိတယ်။ကလင်တန် ရှိတယ်၊ အိုဘားမား ရှိတယ်ဆိုတော့ ဒါဟာ အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်။ဒီသမ္မတတွေ သူတို့ဆီမှာ (၈) နှစ်သက်တမ်းရှိတဲ့ သမ္မတဟာဘုရှ် အငယ်ရယ်၊ ကလင်တန် ရယ်၊ အိုဘားမား ရယ်။နောက်တစ်ခါ လေးနှစ် ပဲရတဲ့ ဘုရှ် အကြီးပေါ့လေ။သူတို့အပါအ၀င်ခဏထား။ဒီလေးယောက်ရဲ့ အပိုင်းကိုကြည့်ရင် သုံးယောက်က (၈) နှစ်စီဆိုတော့ (၂၄) နှစ်။နောက်တစ်ယောက်က (၄) နှစ်ဆိုတော့ (၂၈) နှစ် နည်းတဲ့နိုင်ငံရေးခရီး မဟုတ်ဘူးလေ။ဆရာထင်တယ် ဒါတွေကလည်း ဆရာတို့ စဉ်းစားရမယ့်ကိစ္စပါ။အခုဟာ အသစ်အဆန်းဖြစ်နေလို့သာ စိတ်ဝင်တစားဖြစ်နေကြတာပါ။သမ္မတဟောင်း ခရီးသွားတာကို စိတ်ဝင်စားတာ။သူတို့ဆီမှာက ရိုးနေပြီလေ။ဆရာထင်တယ် အဲဒီလိုရင့်ကျက်လာတဲ့ အနေအထားဖြစ်လာအောင် ဆုတောင်းရမှာပါဘဲ။တစ်နေ့ကျရင် အခုဆိုရင် ဆရာတို့မှာ နှစ်နှစ်သက်တမ်းနဲ့ သမ္မတရာထူးကနေ နားသွားတဲ့ ဦးထင်ကျော် ရှိရင် ဦးထင်ကျော် ရဲ့ လှုပ်ရှားမှုကို ကြည့်ဖို့လိုမယ်။ဒါတွေအားလုံးကလည်း ဆရာတို့က အင်မတန်စိတ်ဝင်စား ရာကောင်းတဲ့ နိုင်ငံရေးရှုခင်းလို့ဘဲ ဆရာက မြင်တာပါဘဲ။
Opinion Leaders Media ။ ။ မကြာခင်က ဟောင်ကောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နာက ဒီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ လာတွေ့တာရှိတယ်။ဒီရက်ပိုင်းမှာဘဲ FDA ညွှန်ချုပ်ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အရေးယူလိုက်တယ်။ကော်မရှင်အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကိုင်တွယ်ဖို့ လုပ်ဆောင်လာတာ အများကြီးထိရောက်ဖို့ ရှိလာနိုင်သလား ဆရာ။
ဒေါက်တာအောင်ထွန်းသက် ။ ။ အစတည်းကပေါ့ဗျာ ဆရာထင်တာကတော့ ဒီအဂတိလိုက်စားမှုအကြောင်းကို လေ့လာရင်း ကိုယ်လည်းစိတ်ဝင်စားလို့ပေါ့နော်။ဒီနိုင်ငံမှာ အဂတိလိုက်စားမှု ရှိတယ်/မရှိတယ် ဆိုတာကို မူတည်ပြီးတော့ ဆရာ အစတည်းက တိုက်တွန်းခဲ့တာ။တိုက်တွန်းခဲ့တာက ဘာလဲဆိုလို့ရှိရင် ဆရာကိုယ်တိုင်ဘဲသိတာ ဂျာမဏီနိုင်ငံ ဘွန်းမှာ အခြေစိုက်တဲ့ (Transparency International) ပေါ့နော်။PI ဆိုတဲ့ အဖွဲ့အစည်းက နှစ်စဉ် CPI ဆိုတာကို ထုတ်တယ်ပေါ့။Corruption Processing Index) (Corruption) ပတ်သက်လို့ သတိထားဖို့က အဲဒီအညွှန်းကိန်းသည်စိတ်ဝင်စားဖို့ကောင်းတာက (Corruption Index) လို့ မပြောဘူး။(Corruption Processing Index) လို့ ပြောတယ်။အဓိပ္ပါယ်က အမြင်ပေါ့နော်။(Corruption) ကြည့်တဲ့အခါမှာ တစ်ချို့တွေကလည်း လဘက်ရည်ဖိုးလို့ မြင်တယ်။ဟုတ်တယ်နော် ဒါကို နောက်တစ်ခါ တစ်ချို့တွေကလည်း (Penny Corruption) ပေါ့။ဟို ဆရာတို့ ယာဉ်ထိန်းရဲကို ငွေပေးတာတို့ ဘာတို့ ဒါတွေရှိတယ်။တစ်ချို့တွေကလည်း ကြီးမှ (corruption) လို့ ပြောတယ်။ကိုယ့်အနေနဲ့ ဘာပဲဖြစ်ဖြစ် (Transparency International) အဖွဲ့အစည်းက နှစ်စဉ် CPI အဖွဲ့က ညွှန်းကိန်းကို ထုတ်တယ်။ထုတ်တော့ ဆရာ အစတည်းကပြောခဲ့တာ အဲ့ဒီအညွှန်းကိန်းကို ဂရုစိုက်ပါ။ဒီအညွှန်းက ကိုယ့်နိုင်ငံရဲ့ အနေအထားကို မြင်သာစေတယ်။အဲဒီတော့ကြည့်လိုက်ရင် ဘာသိသာလဲဆိုရင် ဆရာတို့ တစ်၊ နှစ်၊ သုံး၊ လေး တန်းစီထားတဲ့ နိုင်ငံတွေပေါ့။(corruption) မရှိဘူး။Zero corruption ဆိုတာတော့ မရှိဘူး။ဒါတော့ဘယ်နိုင်ငံမှမရှိဘူး။တစ်၊ နှစ်၊ သုံး၊ လေးမှာ အမြဲပါနေတာက စင်ကာပူလိုနိုင်ငံ မှာ (corruption) တော်တော်လေးကင်းတယ်လို့ ပြောတယ်။စကင်နေးဗီးယားနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး တို့ (corruption) ကင်းတယ် ဘာညာပြောတယ် ပြီးတော့မှ ဟိုတုန်းက ဆရာ စိတ်ထဲတော့မကောင်းတာကတော့ ကိုယ့်နိုင်ငံက တကယ့်ကို ဟိုးအောက်ဆုံးမှာ ဖြစ်ခဲ့တယ်။ဒါပေမယ့် အခုနောက်ပိုင်း ဆရာထင်တယ် ဦးသိန်းစိန် လက်ထက်ကစပြီး CPI ကို မြန်မာပြည်မှာ လက်ခံလာတယ်။ဒါကို ညွှန်းကိန်းတစ်ခုအနေနဲ့ ယူလိုက်တော့ ဒါတွေကနောက်ခံ။အခု ဆရာထင်တာ အားရစရာတစ်ခုကတော့ မြန်မာပြည်မှာရှိတဲ့ အဂတိလိုက်စားမှု ကော်မရှင်သည် သူတို့သတင်းစာတွေဖတ်ကြည့်ရင် တိုင်လို့ရှိရင် အရေးယူမယ်လို့ ပြောတာကိုး။
အဲဒီတော့အဓိပ္ပါယ်က(reactive) ပေါ့။တိုင်မှ အရေးယူတာမျိုး ဆိုတာထက်ကို (Pro active) မတိုင်ဘဲနဲ့ (Corruption) ပပျောက်အောင် လုပ်တဲ့ပုံစံမျိုး။အခု ဦးအောင်ကြည် လက်ထက်မှာ ဒီလက္ခဏာတွေ တွေ့ရတယ်လေ။ကော်မရှင် ဥက္ကဋ္ဌ လူအပြောင်းအလဲ။ဒါတော့တော်တော်သိသာတဲ့ကိစ္စ။သူကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။သူကိုယ်တိုင်လည်း သမာသမတ်ရှိတဲ့သူဖြစ်တာမို့ ဒါတွေစလုပ်ပြီပေါ့။လုပ်တော့ ဆရာထင်တယ် ပိုပြီးအားရှိတာပေါ့။သမ္မတကြီး ဦးဝင်းမြင့် ရဲ့ မေးခွန်းမှာ ဒီအချက် (၇) ချက်ထဲမှာ အဂတိလိုက်စားမှု ပါတယ်လေ။ဆရာတို့ တကယ်တမ်းတော့ ဖြစ်စေချင်တာက ZERO Tolerance ပေါ့။လုံးဝကို လက်မခံတာဖြစ်တယ်။အဲဒီတော့ အဓိကတော့ ဆရာတို့ ခဏခဏဟောပြောပွဲတွေလုပ်နေတာ (corruption) ပျောက်ချင်ရင် နှစ်ခုပဲလိုတယ်လို့ ပြောတယ်။ဒါ မြန်မာပြည်မှာ မပေးဘူး၊ မယူဘူး ဆိုတဲ့ ကိစ္စပေါ့။ပေးတာယူတာရှိသရွေ့ကတော့ (corruption) ပျောက်မှာ မဟုတ်ပါ ဘူး။ပေးတဲ့သူကလည်း မပေးဘဲ မနေနိုင်တော့ဘူး။သူက အကျင့်ပါနေတယ်။ယူတဲ့သူကလည်း လူတစ်ယောက်မြင်တာနဲ့ တောင်းတာဘဲ ဖြစ်တာကိုး။အဲ့ဒီညဉ်ကြီးကို ဘယ်လိုပြင်မလဲ။(culture) ဖြစ်သွားတာ။
အဲဒီတော့ ဆရာတို့အနေနဲ့ သာမန်အားဖြင့်ပြောလို့ရှိရင် လူတွေထင်တာက (corruption) က ဘာအရေးကြီးလဲ၊ ဘယ်သူ့ကိုထိခိုက်သလဲဆိုရင် ဆင်းရဲတကာ့ အဆင်းရဲဆုံး ဆိုတဲ့သူတွေကို ထိခိုက်တယ်။ဘာကြောင့်လဲဆို တော့ ကျောင်းအပ်တာကို စဉ်းစားလို့ရှိရင် တစ်ချိန်တုန်းဖြစ်တာက ကျောင်းအုပ်ဆရာတွေကို လက်ဆောင်ပေးတာတို့ ဘာတို့။မပေးနိုင်တဲ့ ကလေးတွေကို ကျောင်းသွားအပ်လို့မရဘူးဆိုတော့ ဘယ်သူ့သွားထိခိုက်လဲဆိုတော့ ဆင်းရဲတဲ့သူကို သွားထိတယ်။
ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း ဒီအတိုင်းဘဲ။ဒါပေမယ့် အခု ဆရာထင်ကတော့ အခုစပြီးအရေးယူတယ်လို့ ပြောတာ။ဒီထက်နည်းနည်းမြင့်မြင့် ပိုပြီးကြီးအောင် လုပ်ဖို့လိုမယ်လို့ အောက်မေ့တယ်။အခု သူတို့ကိန်းဂဏန်းတွေကိုကြည့်ရင် သိန်းတစ်ထောင့်ငါးရာဆိုတော့ မနည်းတော့ မနည်းဘူးဆိုပေမယ့် အများကြီးလည်း မဟုတ်ဘူး။ဟုတ်တယ်မလား။အဲဒီတော့ ဆရာထင်တာကတော့ များများကို ကိုင်တွယ်မှရမယ်လို့ အောက်မေ့တယ်။ဒါကိုနမူနာပြပြီးတော့ တရုတ်ပြည်မှာ လုပ်သလို လုပ်ရင်ရမယ်လို့ ထင်ပါတယ်။
တရုတ်ပြည်ကတော့ ရှင်းတယ်။ဒါကြောင့်မို့ ဟောင်ကောင်မှာ ဟောင်ကောင်ကတော့ အတော်လေးကို (anti-corruption) ပတ်သက်လို့ လုပ်တယ်။နောက်တစ်ခုက အကူအညီတောင်းလို့ရတာက (corruption) ကိစ္စနဲ့ ပတ်သက်လာရင် anti-corruption လုပ်တဲ့ UN အဖွဲ့အစည်းတွေလည်း ရှိတာကိုး။အဲဒီတော့ (anti-corruption) နဲ့ ပတ်သက်တဲ့ UN အဖွဲ့တွေလည်းရှိတော့ သူတို့ဆီက နည်းပညာတွေနဲ့ ဆရာတို့ လုပ်လို့ရတယ်။
စလုပ်ရမှာက မိသားစုကစရမယ် ဆရာထင်တယ်ကွယ့်။ဆရာထင်တာကတကယ်တမ်းပြောရင်လည်း ဆရာတို့ သူများကို ဝေဖန်တာဖြစ်မယ်။ဥပမာ - လူတစ်ယောက်ရဲ့ဝင်ငွေနဲ့ သူ့ရဲ့လုပ်ခလစာနဲ့ ကြည့်ရရင် အခုမြန်မာပြည်မှာ ဒီလောက်ကြီးချမ်းသာတဲ့သူ ဘယ်လိုချမ်းသာလဲဆိုတာ ရိုးရိုးသားသားမဟုတ်တာတော့ သေချာတယ်။ဟုတ်တယ်မလား။ဆရာတို့ ဆယ်သက်လုပ်ရင်တောင် မရနိုင်တဲ့ ကြွယ်ဝမှုတွေဖြစ်တာကိုး။
အဲဒီတော့ ဆရာတစ်ချိန်တုန်းက နားလည်တာက လွှတ်တော်မှာ နိုင်ငံရေးတာဝန်ယူတဲ့သူတွေသည် ကိုယ့်ရဲ့ ၀င်ငွေ၊ ထွက်ငွေကို စာရင်းပြရမယ်။ပိုင်ဆိုင်မှုပြရမယ်။ပိုင်ဆိုင်မှုပြတာကိုတော့ ပိုင်ဆိုင်မှုပြရတာကို ဆရာက သိပ်တိုက်တွန်းတာဘဲ။ဟုတ်တယ်မလား။ကိုယ်မှာဖွက်စရာမရှိရင် ဘာလုပ်မှာလဲ။အခုဖြစ်နေတာက ကြည့်လိုက်လို့ရှိရင် ဘေးဘိုးစဉ်ဆက်ချမ်းသာတဲ့သူတွေကျနေတာဘဲ။စဉ်းစားကြည့်လို့ရှိရင် ဘေးဘိုးစဉ်ဆက်တောင် မဟုတ်ဘူး။ပုဂံရာဇ၀င်ကနေစပြီး ချမ်းသာတဲ့သူဖြစ်လာဖို့ ဒါကြီးက သဘာဝတော့သိပ်မကျဘူး။
အခု ဆရာသတိထားမိတာသည် ကိုယ်လည်း ဒါကိုစိတ်ဝင်စားတော့ အခုဆရာတို့ခေါ်တာ အင်္ဂလိပ် အခေါ်အဝေါ် New Rich ပေါ့၊ သူဌေးအသစ်တွေ ပေါ်တာကိုး။ဆရာတို့ဆီမှာ Old Rich ဆိုတာ မရှိဘူး။ဒါလည်း အခြားနိုင်ငံတွေမှာလည်း ဒီလိုပါဘဲ New Rich နဲ့ Old Rich ဆိုတာရှိတာပါဘဲ။အဲဒီတော့ New Rich က ချမ်းသာတာကို။ဆရာက အပြစ်မတင်ပါဘူး။ဒါပေမယ့် မှန်ကန်တဲ့နည်းနဲ့ ချမ်းသာဖို့ တိုက်တွန်းရမယ်။ဆရာ စိတ်ပူတာတစ်ခုရှိတယ်။ဒီလိုချမ်းသာမှုကို အမြင်စောင်းလို့ရှိရင် ချမ်းသာအောင်လုပ်ချင်တဲ့ စိတ်ပျောက်သွားမှာ အဲ့ဒါကိုတော့ စိတ်ပူတယ်။
အဲဒီတော့ ချမ်းသာတာသည် (Corruption) မဖြစ်ဘဲ ချမ်းသာနိုင်တယ်ဆိုတာကို ဆရာတို့ နမူနာပြမှဘဲရမယ်။အခုဖြစ်နေတာက နမူနာက ဘာလဲဆိုတော့ (corruption) ရှိရင် ချမ်းသာတယ်ဆိုတဲ့ နမူနာဖြစ်နေတာကိုး။အဲ့ဒါကို ဆရာထင်တယ် တကယ်ကိုကိုင်တွယ်ဖို့လိုပါမယ်။
နောက်တစ်ဦချင်းတစ်ယာက်ချင်း လိပ်ပြာသန့်ဖို့ လိုပါတယ်။ကိုယ့်မျက်နှာကြီး မှန်ထဲကြည့်လိုက်လို့ရှိရင် ဒီအခြေအနေ ငါရောက်လာတာ ဘာနဲ့ရောက်လာလဲဆိုတာကို ကိုယ်ကလိပ်ပြာသန့်ရင် တစ်မျိုးပေါ့။ဆရာတို့ အရင်တုန်းကဖြစ်နေတာက ဘာလဲဆိုတော့ မိုးရွာတုန်းရေခံဆိုတဲ့စိတ်က ဆရာတို့မှာ ရှိတယ်လေ။အခုအခွင့်အရေးယူလိုက်ရင် တာဝန်တစ်ရပ်ပေးလိုက်ပြီ၊
ရာထူးရတာနဲ့ အဲဒီကနေပါလာတဲ့ အခွင့်အရေးတွေယူတာ (Corruption) ။ငွေတစ်ခုတည်း မဟုတ်ဘူး။အခုဖြစ်နေတာက (Corruption) က ငွေတစ်ခု တည်း မဟုတ်ဘူး။အခွင့်အရေးယူတာလည်း (Corruption) ဘဲ။ဒါကို ကိုယ့်ရဲ့အတွေးက ပြင်မှရမယ်။
ဒီ (Corruption) လို့ပြောရင် ငွေရေးကြေးရေးနဲ့ ပတ်သတ်လို့ (Corruption) ရှိတယ်။(Corruption) ပေါ့ ကိုယ့်ရဲ့သြဇာနဲ့ (Corruption) လုပ်တယ်။ကိုယ့်လူတွေကို နေရာပေးတယ်။ကိုယ့်လူမဟုတ်တဲ့သူကို ဖြုတ်တာ ဒါလည်း (Corruption) ဘဲဆိုတော့ (Corruption) ကို ဆရာထင်တာကတော့ ပညာပေးဖို့ အများကြီးလိုမယ်ထင်တယ်။
အခုနကပြောသလို ညွှန်/ချုပ်လောက်နဲ့ မရဘူးထင်တယ်။ဟုတ်တယ်မလား။သိန်းတစ်ထောင့်ငါးရာနဲ့တော့ ဒါဟာရုပ်ပြလိုဖြစ်မှာစိုးလို့ စိတ်ပူတယ်။တကယ်ကို အားလုံးကို ဆရာထင်တယ်။နောက်တစ်ခုက (Culture) ကြီး ပြောင်းလိုက်ရင်နမူနာ။အခုတော့ ၀မ်းသာစရာက လူကြီးတွေတနည်းနည်းပြောင်းလာတယ်လေ။အခု အစိုးရသစ်ရဲ့ဝန်ကြီးတွေအနေအထားက တော်တော်လေးကို အခြေအနေမှန်ဘဲဆိုရင် ဒါနည်းနည်းလေး လေးစားစရာ။နောက်တစ်ခုက ဆရာက နမူနာပြစေချင်တာကွယ့်။ဥပမာ ပြောပြီးလားမသိဘူး နော်။တစ်ချိန်တုန်းက ဗဟိုဘဏ်ဥက္ကဋ္ဌ အဲကိစ္စမျိုးဖြစ်ဖို့လိုတယ်။အစိုးရပစ္စည်း ငါလုံးဝမသုံးဘူး။ဟုတ်တယ်မလား။အခုမေးကြည့်ရင် အစိုးရရာထူးရှိတဲ့သူတွေ ကားသုံးစီးရှိတယ်။ဓါတ်ဆီတစ်လ ဂါလံ ၆၀/၁၈၀ ရတယ်ဆို။၁၈၀
စီးဖို့က ရန်ကုန် - နေပြည်တော်ကို နေ့တိုင်းပြန်နေရင်တောင် ကုန်မှာမဟုတ်ဘူးလေ။ဘယ်လိုလုပ်ကြမလဲအဲဒါ။ဆိုတော့ ဒါတွေဟာ သတိထားရမယ့်ကိစ္စပါ။အမှန်တော့ ဆရာထင်တာက သိက္ခာသမာဓိပါပဲ။လူတွေအားလုံး သိက္ခာရှိရှိနဲ့ နေနိုင်ဖို့လိုတယ်။
အခုကဖြစ်နေတာက ယဉ်ကျေးမှုတစ်ရပ်ဖြစ်ခဲ့တယ်လေ တစ်ချိန်က။အခုမှစပြင်တာတော့ ဆရာတော့ ကြိုဆိုတယ်။ဆရာက တကယ်ကိုလက်ခံတယ်။လက်ခုပ်တီးတဲ့အထဲမှာ ဆရာအကျယ်ဆုံးပဲ။ဝမ်းသာပါတယ်။ဒါပေမယ့်ရဲရဲတင်းတင်းသာလုပ်။မဟုတ်ဘူးလား။ဒါပေမယ့် ခက်တာက သူ့လူကိုယ့်လူလည်း လုပ်လို့မရဘူးနော်။အပြစ်ရှိရင် အားလုံးအရေးယူမှရမယ် ဒီလိုဖြစ်တာကိုး။
နောက်တစ်ခုက အရေးကြီးဆုံးက ပုဂ္ဂလိကကဏ္ဍကို နည်းနည်းကိုင်မှရမယ်။အခုက (Corruption) လို့ ပြောတဲ့အခါမှာ ဟိုတလောက ဥက္ကဋ္ဌ ဦးအောင်ကြည် အကူအညီတောင်းတော့ ဟောပြောပွဲတစ်ခု လုပ်တယ်။(Business Corruption) ပေါ့။ဒီ အဆင်ပြေအောင်လုပ်ပေးပါ ဆိုတဲ့စိတ်ကို ပြင်မှရမယ်။လုံးဝမပေးဘူး။တစ်ပြားမှမပေးဘူး။ပရောဂျက်မရလည်း ကိစ္စမရှိဘူး။တင်ဒါမအောင်လည်း ကိစ္စမရှိဘူး ဆိုတဲ့စိတ်ကို မွေးနိုင်မှရမယ်။အဲဒီစိတ်တွေက ဆရာတို့မှာ စွဲလာခဲ့တာကိုး။အဲဒီတော့ ဟိုတန်တဲ့ဟာထက်ကို တာဝန်ရှိသူ သက်ဆိုင်ရာကို ငွေပေးလိုက်ရင်ရတယ် ဆိုတာမျိုး၊ တင်ဒါအောင်မယ် အစိုးရတင်ဒါတွေ။အရေးကြီးတာက ဆရာတို့ အစိုးရ၀ယ်ယူရေး ကိစ္စတွေကို ကိုင်တွယ်ဖို့လိုတယ်။ဒါအစရှိမှပါ။အားလုံးမှာ နောက်တစ်ခုက ဆရာထင်တယ် (Corruption) နဲ့ ပတ်သတ်လာရင် မြန်မာပြည်မှာ လုပ်ရခက်တယ်။ဆရာ အခုထိလုပ်လို့မရသေးတာ ကိုယ့်ကျိုးစီးပွား ပဋိပက္ခပေါ့။(Conflict of Interest) ပေါ့။ကိုယ်တာဝန်ယူလို့ရှိရင် အဲဒီတာဝန်ယူတဲ့ ၀န်ကြီးဌာနနဲ့ ပတ်သက်လာရင် မိသားစုမိတ်ဆွေ လုံးဝမပတ်သက်ရဘူးဆိုတာကို ရှင်းမှရမယ်။
အဲ့စိတ်က (Conflict of Interest) ကို ဆရာပြောနေတာ ဆရာကိုတကယ်ကို အူကြောင်ကြောင်ကောင်လို့ သတ်မှတ်တယ်။ဆရာရယ် မပြောပါနဲ့ ဒါအချင်းချင်းဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုတာမျိုး။အဲ့စိတ်တွေကို မပြင်သရွေ့ကတော့ ရမှာမဟုတ်ပါဘူး။အဲ့ဒါတွေကို ဆရာထင်တယ် နည်းနည်လေးပိုပြီး မီဒီယာကလည်း (Conflict of Interest) ပေါ့ ကိုယ်ကျိုးစီးပွား ပဋိပက္ခ ရှောင်ဖို့လိုတယ်။ကိုယ်မပတ်သက်ရဘူး။ခဏခဏပြောတယ် ကျောင်းအုပ်ဆရာကြီးမိန်းမ ဟင်းချက်သိပ်ကောင်းလို့ မုန့်ဟင်ခါးသိပ်ကောင်းရင် အဲဒီမုန့်ဟင်းခါးကို ကျောင်းမှာရောင်းလို့မရဘူး။အဲဒီတော့ ကျောင်းမှာရောင်းခွင့်ပေးလိုက်ရင် ကျောင်းအုပ်ဆရာကြီးမျက်နှာနဲ့ မုန့်ဟင်းခါးစားရတာလေ။မုန့်ဟင်းခါး ကောင်းတာ၊ မကောင်းတာ မဟုတ်ဘူးလေ။အဲ့ဒီလောက်ထိ အခြေခံကစပြီး စဉ်းစားမှရမယ်။အခုက အဲဒီအခြေခံတွေ မစဉ်းစားဘဲ အပေါ်ကိုကြည့်နေတော့ မရဘူးကွယ့်။
Corruption ပတ်သက်ရင် လုံးဝအလျော့အတင်းမလုပ်နဲ့ နားလည်မှုမပေးနဲ့ ။Corruption က နှစ်ခုဘဲရှိတယ် ရက်စ် (သို့) နိုးဘဲ ကြားမရှိဘူး။ဆရာတို့ ဘာနဲ့တူလည်းဆိုတော့ မနှိုင်းကောင်းနှိုင်းကောင်း ကိုယ်ဝန်ဆောင်တာ ငါးဆယ်ရာခိုင်နှုန်း ကိုယ်ဝန်ဆောင်တာမျိုးမရှိဘူး ဇီးရိုး/(၁၀၀)ဘဲ။ကိုယ်ဝန်ဆောင်တယ် ကလေး ရှိလား/မရှိလား ဒီနှစ်ခုဘဲ။မရှိတရှိဆောင်လို့မရဘူး။Corruption လည်း အဲဒီလိုစဉ်းစားမှရမယ်။ခုက ဆရာတို့က သိပ်ခွင့်လွှတ်ချင်တာကိုး။အဲ့တော့ (၅၀) () ဆိုတော့ () ပိုင်နယ်တီ ဖြစ်နေတာ။အဲ့ဒါဆင်ခြင်ဖို့လိုတယ်။ပြင်ဖို့လိုတယ်။Credit
No comments:
Post a Comment