အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြံပြုချက်
.
မြန်မာနိုင်ငံရဲ့ Corruption Index ကောင်းမွန်လာတာကို တွေ့ရလို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ၀မ်းမြောက်ပါတယ်။ အခြေခံအဆင့်၊ အလယ်တန်း၊ အဆင့်မြင့် အဂတိလိုက်စားမှုများရဲ့ တရားခံက ပွင့်လင်းမြင်သာမှု မရှိခြင်းက နံပါတ်(၁) အကြောင်းရင်း ဖြစ်ပါတယ်။ 2012 - 2017 ၅နှစ်အတွင်း အဂတိရမှတ်ပြောင်းလဲပုံ မြန်မာ 15 - 30 ရမှတ် ၁၁မှတ်တက်လာပါတယ်။ နိုင်ငံပေါင်း ၁၈၀ မှာ ယခင်၅နှစ်က အဆင့် ၁၇၂ ရှိရာမှာ ယခု ၂၀၁၇ မှာ အဆင့် ၁၃၀ ၊ ရမှတ် ၁၅ မှတ်ကနေ ၃၀မှတ် တိုးတက်လာပါတယ်။ ၂၀၁၆ မှာ ရမှတ် ၆မှတ် အများဆုံး တိုးတက်လာပါတယ်။ ကိုးကား။ www.transparency.org
ဘဏ္ဍာငွေများ လေလွင့်ခြင်း
မြန်မာနိုင်ငံ ဘာသာရေးအဖွဲ့စီးကြီးတစ်ခုက ငွေသုံးသမျှ .. ၅၀% လေလွင့်တယ် ဟု ဆိုပါသည်။
အစိုးရဌာနများလည်း အလားတူ ဖြစ်ပါသည်။ လေလွင့်ခြင်း (ဇီးသီးဗန်းမှောက်ခြင်း) အကြောင်း ရေးထားပါသည်။ စည်ပင်၊ အခွန်၊ လျှပ်စစ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စသဖြင့် ၀န်ကြီးဌာနများစွာ လေလွင့်မှုများနေပါသည်။
ကိုးကား သုတေသန http://engrmyanmar.blogspot.com/2017/10/blog-post_18.html
.
အရေးယူ အပြစ်ပေးခြင်း
အာစီယံနိုင်ငံများတွင် အရေးယူ၊ အပြစ်ပေးခြင်း ပုံစံ(၂)ခု ရှိသည်။
ပထမ ပုံစံ …… ။ အနောက်နိုင်ငံစနစ်က တရားရေးမဏ္ဍိုင် က ၁၀၀% တာဝန်ယူသည်။ ခိုင်မာသော တရားရေးမဏ္ဍိုင်ရှိကြသည်။ တရားရုံးများသို့ တက်မလာနိုင်ရန် ငယ်သောအမှု ပျောက်စေရန် ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊ စားသုံးသူအဖွဲ့စည်းများက ကြားနာစစ်ဆေးကြသည်။ အခကြေးငွေ ပေးရသည်။ ဥပမာ လိမ်ညာရောင်းခြင်း၊ ဈေးကြီးစွာရောင်းချခြင်း .ချေးငွေပြန်မဆပ်ခြင်း .. တရားမ၀င်ငွေချေးခြင်း.စသဖြင့် ပြသနာများကို တရားရုံးမရောက်ပဲ ဖြေရှင်းကြသည်။ တရားရုံးရောက်ပါက ငွေကုန်၊ လူပင်ပမ်းတော့မည် ဖြစ်သည်။
ဒုတိယ ပုံစံ…… ။ တရုပ်၊ ဗီယက်နမ်၊ လာအို စသည့် နိုင်ငံများက ကျင့်သုံးစနစ် ဖြစ်သည်။ အင်စတီကျူးရှင်း ဟုခေါ်သော အဂတိတိုက်ဖျက်ရေးကော်မရှင်၊ ပါတီစည်းကမ်းထိမ်းသိမ်းရေး၊ စစ်တပ် နှင့် ရဲတပ်ဖွဲ့များ ဖြင့် တရားရုံးသို့မရောက်ပဲ ဖြေရှင်းနည်းဖြစ်သည်။ အပြစ်ပေးရာတွင်လဲ အဂတိတိုက်ဖျက်ရေး တရားရုံးစနစ်ဖြင့် တရားစီရင် အပြစ်ပေးသည်။ ထို့ကြောင့် ယိုယွင်းနေသော တရားရေးမဏ္ဍိုင်တွင် အထူးမဏ္ဍိုင်တစ်ခု (အဂတိတိုက်ဖျက်ရေး တရားရုံးစနစ်) ကို ကျင့်သုံးပါသည်။
.
တရုပ်နိုင်ငံတွင်လည်း အစိုးရ တရားရေးမဏ္ဍိုင်သည် ၀န်ထမ်းများ လစာနည်းပါးခြင်းကြောင့် အကျင့်ပျက်မှုအလွန်များပြားသည်။ တရားရုံးရောက်ပါက ရက်ချိန်းများစွာ၊ အဂတိများစွာ ရှည်လျှားထွေပြား၊ ရှုပ်ထွေးနေမှုရှိသည်။ အဂတိအမှုဖြင့် တရားစွဲခံရပါက သမရိုးကျ တရားရုံးဖြင့် တရားစီရင်ပါက လုံးဝမဖြစ်နိုင်။ တရားခံ လွတ်မြောက်သွားနိုင်သည်။ တရုပ်နိုင်ငံတွင် ပါတီစည်းကမ်း၊ တပ်မတော်စည်းကမ်း ထိမ်းသိမ်းရေးများက အဂတိတိုက်ဖျက်ရေးကို ပံ့ပိုးကြသည်။ တရုပ်နိုင်ငံ အဂတိတိုက်ဖျက်ရေး အကြီးအကဲသည် ပေါ်လစ်ဗျူရို အဆင့်ရှိသဖြင့် အလွန်မြင့်မားသော အဆင့်ရှိသည်။ အင်ဒိုနိးရှားနိုင်ငံတွင် KPK ဟုခေါ်သော အဂတိတိုက်ဖျက်ရေး အာဏာရှိသည်။ ရဲတပ်ဖွဲ့နှင့် KPK အကြီးအကဲများ အကျင့်ပျက်မှုဖြင့် တရားစွဲနေမှုများ ဖြင့် ရှု့ပ်ထွေးနေဆဲ ဖြစ်သည်။ အာဏာ ရရှိလာပါက အလွဲသုံးမှု များစွာ ဖြစ်လာလေ့ ရှိပါသည်။

အောက်ခြေအဆင့် အဂတိ
ဝန်ထမ်းရာထူးအဆင့်အလိုက်
အောက်ခြေ၀န်ထမ်းအဆင့်
….. မြန်မာနိုင်ငံမှာ ပူးတွဲတင်ပြတဲ့ စာရွက်၊ ငွေပေးဖြတ်ပိုင်း (Recept)၊ ဂရံ၊
တရားရုံးဆုံးဖြတ်ချက် စတဲ့စာရွက်တွေ မူရင်း တောင်းတဲ့ ဓလေ့က
အဂတိလိုက်စားမှုလုပ်ဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ ဥပမာ ၂၈.၄.၂၀၁၈ ဗွီုင့်သတင်းစာ
သိန်းထက်အောင် ရေးတဲ့ သမ္မတကြီးပြောတဲ့ ကြိုးနီစနစ်နဲ့အဂတိလိုက်စားမှု ဆောင်းပါးမှာ
တရားရေး..မြေဂရံရရှိရေး ..တွေမှာ အဖိုးရဲ့သေဆုံးကြောင်း ထောက်ခံစာလိုမျိုး ..
အလွန်ရှုပ်ထွေးစွာ .. ရေမလောင်းလို့လား မေးတော့.. ရေလဲ ရွှဲရွှဲစိုနေအောင်
လောင်းပါတယ် .. တဲ့ ..။
မိမိဌာနအတွက် ကိစ္စကို ဘယ်လိုမှမသိနိုင်တဲ့ တခြားဌာနတစ်ခု ထောက်ခံစာ မရမက
တောင်းခိုင်းနေခြင်း ပါပဲ။ လ.၀.က တွေမှာ ခက်အောင်လုပ်ချင်ရင် အဖိုးသေတဲ့ထောက်ခံစာ
တောင်းခိုင်းတော့တာပါပဲ။
.
ငွေသွင်းချလံ မူရင်းတောင်းတာလဲ အလုပ်ကိုရှုပ်ပါတယ်။ အခုခေတ်ဘဏ်စနစ်မှာ
အကောင့်တစ်ခုဖွင့်ပြီး လက်ခံလိုက်ရင် ပြီးတာပဲ .. က.ည.န စည်ပင် အခွန် စတဲ့ ဌာနတွေက
ဘဏ်ချလံ တောင်းနေတာလဲ ဘယ်တော့ ဆုံးမလဲ။ eGov လုပ်နေတာလဲ အခွန်ဌာနက အကြီးမားဆုံး
ခက်ခဲအောင်လုပ်ထားပါတယ်။ အခွန်ဆောင်ဖို့ ဖောင်တောင်မှ မရှိသလို ဖြစ်နေပါတယ်။
အိမ်ဆောက်ရင် အခွန်၁၅%၊ ကားဝယ်ရင် အခွန်၁၅% ..အိမ်ရောင်းဝယ်ရင် အခွန်၁၅% ..
ဒါတွေအားလုံး နိုင်ငံတော မရပဲ ၉၀% လေလွင့်နေပါတယ်။ ၂% အခွန်ဆိုရင်
လူတိုင်းပေးနိုင်ပေမဲ့ အခုတော့ ၁၅% ၃၀% ဖြစ်နေတော့ ငွေဖြူလုပ်နည်း အဂတိတွေ များစွာ
ဖြစ်ရပါတယ်။
.
အလယ်လတ်ဝန်ထမ်းအဆင့် …. ကုမဏီများနဲ့ အခွန်ရှောင်ဖို့ ကြိုးစားနေကြပါတယ်။
ငွေဖြူဖြစ်အောင် လုပ်နည်းတွေနဲ့ ရှုပ်ထွေးနေပါတယ်။
.
အထက်ပိုင်းဝန်ထမ်း(အဆင့်မြင့်အရာရှိကြီးများ)အဆင့် …. အဂတိ ကတော့ ခေါင်းမိုးလုံအောင် ACC
လုပ်ဆောင်နေတယ်ပဲ မြင်ပါတယ်။
.
.
.
အကြံပေးခြင်း
အောက်ခြေအဆင့် …. တတ်နိုင်သမျှ ပွင့်လင်းမြင်သာစေရန်။ ရပ်ကွက်ထောက်ခံစာ၊ ရဲတောက်ခံစာ တစ်စောင်ကို ချက်ခြင်းဆိုပါက ၀န်ဆောင်ခ သတ်မှတ်ပြီး (ငွေလက်ခံဖြတ်ပိုင်းဖြင့်) ယူရန်၊ ထိုရငွေအားလုံးကို ရပ်ကျေး အုပ်ချုပ်ရေးလုပ်ငန်းအတွက် ပွင့်လင်းမြင်သာစွာ သုံးစွဲရန်။ စာရိတ္တကောင်းကြောင်း ထောက်ခံစာ - ၁၀၀၀ကျပ် ၊ အိမ်ခြံမြေကိစ္စ ထောက်ခံစာ - ၁၀၀၀ကျပ် .. စသဖြင့် တရားဝင် ကောက်ခံရန်။ အုပ်ချုပ်ရေးမှုးရုံး လစဉ်၊ ၃လ၊ ၆လ အသုံးစရိတ်ကို နံရံတွင် စာကပ်ထားရန်။ စာရင်းစစ်တစ်ဦးက လုပ်အားပေး စစ်ပေးရန်။ တိုင်ကြားလာသူရှိတိုင်း ၀န်ဆောင်ခ တောင်းရန် ..စသဖြင့် လုပ်ခွင့်ပေးရန်။
.
အလယ်လတ်ဝန်ထမ်းအဆင့်
မြို့နယ်အဆင့်တွင် လူထုအများဆုံးဆက်ဆံရသော လ.၀.က လျှပ်စစ် က.ည.န စည်ပင် ပို့ဆက် စသည့် ဌာနများတွင် လျှောက်ထားသူများအတွက် လိုအပ်ချက်များကို ဆိုင်းဘုတ်များဖြင့် မြင်သာအောင် ရေးထားပါသည်။ ချက်ခြင်း လိုအပ်ပါက အမြန်ကြေး ပေးရန် ငွေသတ်မှတ်ရန်ဖြစ်သည်။ ဥပမာ မှတ်ပုံတင်ပျောက် ပြန်လုပ်ပါက ၂၁ရက်အတွင် လုပ်ပေးသည် ဆိုပါသည်။ ၁ရက်အတွင်း လုပ်ပေးပါက ကျပ်၅သောင်း၊ ၂ရက်မှ ၇ရက်အတွင်း ကျပ်၁သောင်း ၇ရက်မှ ၂၁ရက်အတွင် ကျပ်၅၀၀၀၊ စသဖြင့် တိကျစွာ သတ်မှတ်ရန်။ လက်ခံဖြတ်ပိုင်းများ ပေးရန်။ (နိုင်ငံကူးလက်မှတ် လျှောက်ထားသူများတွင် ၁၀ရက်အတွင် ၀န်ဆောင်ခ ၃သောင်းကျပ်ဖြင့် လုပ်ဆောင်ပေးနေပါသည်)။ ရရှိသော ၀န်ဆောင်ခများကို ၀န်ထမ်းများအတွက် ၀န်ဆောင်မှုစရိတ် ပွင့်လင်းမြင်သာစွာ ပေးရန်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး အတွက်လည်း ၀န်ဆောင်ခ စဉ်းစားသင့်သည်။ အာမခံစနစ် ရှိရပါမည်။
.
.
အဆင့်မြင့် တိုင်းဒေသနှင့်ပြည်ထောင်စုအဆင့်
ထိုအဆင့်သည် အများအားဖြင့် ကုမဏီကြီးများနှင့် ဆက်ဆံရသည်။ ကုမဏီများအတွက် ၀န်ဆောင်မှုပေးရသောကြောင့် အလွန် လာပ်လာဘ များသောကြောင့် ဌာနကြီးမှုးသည် လုပ်ပိုင်ခွင့်များစွာ ရှိသည်။ အဂတိနည်းပါးစေရန် .. ပွင့်လင်းမြင်သာစနစ်သာလျှင် အကောင်းဆုံးဖြစ်သည်။ ဌာနတွင်း ကွန်ပြူတာ (မိုဘိုင်းဖုန်း) စနစ် တပ်ဆင်ထားပြီး တိုင်းဒေသအဆင့် eGovernment စနစ်ဖြင့် လက်မှတ်ရေးထိုးခြင်း၊ လက်မှတ်ထိုးသူတိုင်း ကွန်ပြူတာ (သို့မဟုတ်) မိုဘိုင်းဖုန်းတွင် မြင်နေရခြင်း ..အစိုးရကကြိုးစားလုပ်ဆောင်နေပါသည်။ သမ္မတ ဦးသိန်းစိန် ခေတ်တွင် ထိုစနစ်ကို မကျင့်သုံးလိုသူများကြောင့် မအောင်မြင်ခဲ့ပါ။ ယခု ၂၀၁၈ တွင် ပြန်လည်ကြိုးစားမည် ဟု သိရသည်။ အောင်မြင်စေရန် ဆုတောင်းလိုက်ပါသည်။
.
.
အဂတိတိုက်ဖျက်ရေး ရုံးခွဲများ
တိုင်းဒေသအဆင့် ရုံးခွဲများ ဖွင့်ရန် စီရင်နေသည်ဟု သိရသည်။ ယခုအခါ အောက်ခြေအဆင့် အဂတိလိုက်စားမှုများကို အရေးယူ၊ အပြစ်ပေးပါက တရားရုံးနှင့် အကျဉ်းထောင် ဆန့်မည်မဟုတ်တော့ပါ။ အလတ်တန်းစာ မြို့နယ်၊ တိုင်းအဆင့် တရားလွန် အဂတိလိုက်စားသူများကိုသာ ရွေးထုတ် အရေးယူ၊ အပြစ်ပေးရန် လိုအပ်ပါသည်။ နေပြည်တော် ဌာနချုပ်နှင့် ရန်ကုန်၊ မန္တလေး ၂ခုကိုသာ ရုံးခွဲထားရန် အကြံပေးချက်ကို သဘောတူပါသည်။ ညွန်ကြားရေးမှုးချုပ်နှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ကြီးများ၏ ပိုင်ဆိုင်မှုကို စီစစ်ခြင်းဖြင့် မည်သူ့ကို အရေးယူရမည် ရွေးချယ်နိုင်မည်ဖြစ်သည်။ လစဉ် တစ်ယောက်ကို အရေးယူနိုင်ပါက အောင်မြင်မည် ဖြစ်သည်။ ဦးပြုံးချို ပြည်နယ်ထွေအုပ်ကို အရေးယူခဲ့ပြီး ၁၀လခန့် ထိရောက်စွာအရေးယူမှု မရှိခဲ့ပဲ ယခု ဧပြီ၂၀၁၈ တွင် FDA ညွန့်ချုပ်ကို အရေးယူခဲ့သည်။
.
တရားစီရင် အပြစ်ပေးခြင်း
လက်ရှိတရားရေးမဏ္ဍိုင်သည် အာဏာမရှိသလောက် ဖြစ်နေပါသည်။ ဖြောင့်မတ်သူများ မရှိသောကြောင့် တရားရေးမဏ္ဍိုင်သည် အုပ်ချုပ်ရေး မဏ္ဍိုင်အောက်တွင် ရောက်နေရပါသည်။ တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေး မဏ္ဍိုင်များကဲ့သို့ အစိုးရကို ထိန်းကြောင်းနိုင်ရန် ပြုပြင်ပြောင်းလဲနေပါသည်။ တပ်မတော်တရားရုံးကဲ့သို့ သီးခြား အလားတူ.. အဂတိတိုက်ဖျက်ရေး တရားရုံးတစ်ခုကို အမြန်ဆုံး ကျင့်သုံးနိုင်ရန်အတွက် ဥပဒေပညာရှင်များ လေ့လာသုံးသပ်နေပြီ ဟု မျှော်လင့်သည်။ ၂၀၁၈ တွင် ဥပဒေပြုနိုင်ပါက ၂၀၁၉ တွင် အကောင်ထည်ပေါ်လာနိုင်ပါသည်။
.
လေးစားစွာဖြင့်
ပြည်သူတစ်ဦး ..

ဦးဇော်အောင်
၁၄/ပသန(နိုင်) ၀၄၁၂၂၅
၂၅ မင်းကြီးလမ်း ၊ ပုသိမ်
No comments:
Post a Comment