ကျော် မျိုး ထွန်း
စာရေးသူက ခေတ်ပြောင်းကာလ မြန်မာလုပ်ငန်းရှင်များ အတွက် ဆိုပေမဲ့ မြန်မာအစိုးရ တာဝန်ရှိသူ Decision Makers များနဲ့ လွှတ်တော်ကိုယ်စားလှယ်များအတွက် (သူတို့ သိပ်မသိသေးရင်) လက်စွဲ အခြေခံ ကမ္ဘာ့ ခေတ်ပေါ် ငွေကြေးစီမံခန့်ခွဲမှု စာအုပ်ငယ်လေးဖြစ်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ခရိုနီကုမ္ပဏီများနဲ့ အများပိုင်ကုမ္ပဏီအနည်းငယ်ပဲ ကြီးစိုးခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ အခွင့်လမ်းကြီး ပေါ်လာပါမယ်။ ၂၀၁၆ စက်တင်ဘာ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေပါတယ်။
ကမ္ဘာ့ အသိုင်းအဝိုင်းသည် မြန်မာသို့လာနေခြင်းမဟုတ်ပါ။ မြန်မာသည် ကမ္ဘာ့  အသိုင်းဝိုင်းသို့ ပြန်ဝင်နေခြင်း ဖြစ်ပါသည်။ ကမ္ဘာ လက်ခံထားသော စီးပွားနည်းစနစ်များကို မြန်မာများ လေ့လာသင်ယူရန် လိုအပ်သောအချိန်နှင့် တပြေးတညီ ဤစာအုပ်ကို ထုတ်ဝေပါသည်. . လို့ အမှာစာရေးထားပါတယ်။
ပထမပိုင်းမှာ ပုဂ္ဂလိက လုပ်ငန်များအတွက် ကမ္ဘာ့  ဈေးကွက် Debt. Equity, Valuation. Private Equity Funds, Margers & Acquistions , Stock Market, IPO RTO စတဲ့အကြောင်းများ ဖြစ်ပါတယ်။
ဒုတိယပိုင်းကတော့ အစိုးရပိုင်း ဒေါ်လာသန်းရာ ထောင် Infrastructure Projects ကြီးတွေ ပါ။
* မြန်မာတောင်သူများအကြွေး အရန်စပါးပြသနာနဲ့ဗဟိုကုန်စည်ဒိုင်ကြီး
* မြန်မာနိုင်ငံ အများပိုင်ကုမ္ပဏီများ၏ အနာဂါတ်
* အကြီးစားစီမံကိန်းများအတွက် အရင်းအနှီးရှာခြင်း . . တို့ ဖြစ်ပါတယ်။
* မြန်မာတောင်သူများအကြွေး အရန်စပါးပြသနာနဲ့ဗဟိုကုန်စည်ဒိုင်ကြီး
* မြန်မာနိုင်ငံ အများပိုင်ကုမ္ပဏီများ၏ အနာဂါတ်
* အကြီးစားစီမံကိန်းများအတွက် အရင်းအနှီးရှာခြင်း . . တို့ ဖြစ်ပါတယ်။
လယ်ယာကဏ္ဍ
မြန်မာစီးပွား တိုးတက်ဖို့ ၇၀% လောက်ရှိတဲ့ လယ်သမားဘဝ တိုးတက်အဆင်ပြေ ဖို့ နည်းလမ်း (လယ်ယာပြုပြင်ရေး နဲ့ ဗဟိုကုန်စည်ဒိုင်) အဖြေ ရှိပြီးသားဖြစ်ကြောင်း။ ဒီနည်းလမ်းကို လွန်ခဲ့တဲ့ နှစ်(၁၀၀) ကတည်းက အမေရိကန် ဂျပန် အီသီယိုပီးယားနဲ့ ကမ္ဘောဒီးယားအထိ ကျင့်သုံးပြီး ကျင့်သုံးဆဲဖြစ်ကြောင်း။ သီနှံပွဲစားများရဲ့ အမြက်ထုတ်မှုတွေ အစိုးရက ဗဟိုကုန်စည်ဒိုင် စနစ် ၂၀၀၀ ခူနှစ်လောက်က အီသီယိုပီးယား မှာ ဝက်ဝက်ကွဲ အောင်မြင်ပြီး တောင်သူလယ်သမား ဘဝ တိုးတက်ခဲ့ကြောင်း . . အဲဒီကနေ တနိုင်ငံလုံး ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်ခဲ့ကြောင်း . . တတ်ကြွမ်းပညာရှင် UNCTD United Nations Conference on Trade and Development , ကမ္ဘာ့ဘဏ် World Bank, WFP World Food Program တွေက အဖိုးမဖြတ်နိုင်တဲ့ နည်းပညာအကူညီရနိုင်ကြောင်း . . အကြံပြု ရေးထားပါတယ်။
ဒီအကြောင်းများကို စေတနာထားပြီး အလွယ်ကူဆုံး အရှင်းလင်းဆုံး ရေးထားတဲ့ စာအုပ်ရေးသူ ကျော်မင်းဦး ကို Myanmar Good Attitude အဖြစ် တင်ပြပါတယ်။
.
.
ကိုးကား
https://www.facebook.com/groups/myanmar.good/permalink/899114830220538/
.
ကိုးကား
https://www.facebook.com/groups/myanmar.good/permalink/899114830220538/
No comments:
Post a Comment