Sunday, October 6, 2019

ရတနာကျော် (ပညာရှာ သူဖုန်းစား၊ ပညာထူးချွန် စံပြနမူနာ)

ရတနာကျော်
(ပညာရှာ သူဖုန်းစား၊ ပညာထူးချွန် စံပြနမူနာ)
========================
မတင့်တင့်ကြည် စာအုပ်ကြော်ငြာ စိုင်းဘာဘာ ဖတ်ရပြီး ပုသိမ် ပြုံးချိုစာအုပ်ဆိုင် ကနေ ရန်ကုန်က စာအုပ် ၅အုပ်မှာ လိုက်တယ်။ ဒီနေ့ ရောက်လာတော့ သု့အမှာစာ၊ သူ့ဖခင် (မောင်ကြာညို) အင်္ဂလိပ်စာဆရာကြီး ရေးတဲ့ အမှာစာ ဖတ်ရင်း၊ ရတနာကျော် ငယ်ဘဝ အကြောင်း စဖတ် ပါ တယ်။ စာရေးဖို့ အားနည်းပေမဲ့ အသက်ရှင် ကျန်းမာဆဲ ဖခင်ကြီးက သမီးကြီး ကိုယ်တိုင်ရေး အထုပ္ပတိကို မသေခင် ဖတ်သွားချင်တယ် တောင်းဆို ဖန် များတော့ ရေးရကြောင်း၊ မိမိဘဝ ထူးဆန်း တာတွေမရှိဘူး ခံယူလို့ မရေးချင်ပေမဲ့ ရေးရကြောင်း။
.
ပထမပိုင်း (ငယ်ဘဝ)
မူကြို ၃နှစ်အရွယ် (1964) နာမည်ကျော် အင်္ဂလိပ်မက်သဒစ်ကျောင်း.. "ယခု အထက(1) "ဒဂုံမှာ သင်ခဲ့ကြောင်း။ မှတ်မိတာက အဲဒီအချိန် နိုင်ငံအကြီးကဲ ဗိုလ်ချုပ်ကြီး နေဝင်း ရဲ့ မြေး လူလူဝင်း (ယခုကွယ်လွန်) က သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လွန်းလို့ ကျမ ဘေးမှာ နေရာချထား တယ်။ အတူ စာသင်ပေး ရကြောင်း။ နိုင်ငံ အကြီးအကဲ ရဲ့ မြေးဖြစ်ပေမဲ့ ဘယ်ဆရာ၊ ဘယ်ဆရာမ ကမှ မျက်နှသာ မပေးကြောင်း၊ စာမရရင် မရသလို အဆူခံရ ပါတယ်။ အရိုက် ခံရ ပါတယ်။ ကျမတို့ ငယ်ငယ်တုန်းက မျက်နှကြီးငယ် မရွေး စာသင်ခဲ့ရတာ အင်မတန် ပျော်ရွှင် ခဲ့ရ ပါတယ်။

ကျမ ဘာမှအရေးမကြီးတဲ့ ကိစ္စ တစ်ခုကို အဖေဆူမှာ ကြောက်လို့ လိမ်ပြောမိပါတယ်။ အဖေ သိသွားပြီး ကျမကို ရိုက်ပါတယ်။ ဘာမှအရေးမကြီး တဲ့ ကိစ္စကို တောင် လိမ်ပြောလို့  အရိုက်ခံ ရတော့ နောင်ဆို ဘာကိုမှ မလိမ်ရဲ တော့ ပါ ဘူး။ မိဘ က ငါးပါး သီလ နဲ့ ပတ်သက်တာတွေလည်း တင်းတင်းကြပ်ကြပ် ဆုံးမခဲ့ ပါ တယ်။
.
အလွန်ပျော်စရာ ရတနာကျော် ရဲ့ ငယ်စဉ်ဘဝ ဖတ်ရင်း၊ ရောင်စုံ ဓာတ်ပုံ မှတ်တမ်း စာမျက်နှာ ၁၆၁ မျှသာ ရှိတဲ့ စာအုပ်ငယ်လေး က မျိုးဆက်သစ် လူငယ်များအတွက် စံနမူနာ ဖြစ်မှာပါ။ (လူကြီး များအတွက် စာလုံးတွေ သေးတယ် ထင်ပါတယ်)။

ဒီပို့စ် မှာပဲ ဆက်ရေးပါမယ်။

အခန်း (၄) .. အလယ်တန်းကျောင်းသူဘဝ ၇တန်း လူရည်ချွန် ရွေးချယ်ခံရတဲ့ ရေးဖြေ၊ စာမေးပွဲများကို ပုံ (images) များမှာ ဆက်ဖတ် ကြ ပါ။ နိုင်ငံ အဆင့် ရေကူး ချန်ပီယံ ဖြစ်ခဲ့တော့ လူရည်ချွန် ဆုရဖို့ သူများထက် ခေါင်းတလုံး သာကြောင်း၊ ဖခင် မိခင်များ က   မောင်နှမ ၅ဦး ကို  အားကစား၊ဂီတ၊ အနုပညာ၊ စာပေ ဘက်စုံ စနစ်တကျ ပြုစု ပျိုးထောင် ခဲ့တယ်။  စည်းကမ်း နဲ့ ပျော်အောင် စာကြိုးစားကြ ပုံ များ ဖတ်နိုင် ပါ တယ်။

.
ဒုတိယပိုင်း (လူငယ်ဘဝ၊ ဂျပန်ပြည်)
၁၀တန်း ၁၉၇၇ မြန်မာတပြည်လုံး အမှတ်အများဆုံး ပထမ ရရှိပေမဲ့ ၅ဘာသာ ဂုဏ်ထူး ရရှိလို့ ဘာသာစုံ ဂုဏ်ထူးမှန်းတာ မရခဲ့ပါ။  မြန်မာစာမှာ ဂုဏ်ထူး မရခဲ့ကြောင်း။ လူရည်ချွန် ၆ထပ်ကွမ်း ရမယ် မျှော်လင့်ချိန် သူမရပဲ အခြားတယောက်က သူကို အနိုင်ယူသွားတဲ့ အကြောင်းတွေ ရေးပြပါတယ်။ ဘဝမှာ နံပတ် တစ် နေရာ အမြဲ ရသူတယောက် ရဲ့ ထင်သလို မဖြစ်တဲ့ လူ့ဘဝ စိတ်အလိုမကျ ဖြစ်ရပ်လေးများ ပါ။ 

 ရန်ကုန်မှာ ဆေးတက္ကသိုလ် ကျောင်းသူဘဝ မှာလည်း ရေးဖြေ ထူးချွန်ပေမဲ့ နှုတ်ဖြေ စိုးရိမ် စိတ်လှုပ်ရှားတတ်လို့ ဘာသာရပ် ဂုဏ်ထူးမရ ခဲ့တာလဲ၊ စာမေးပွဲ စနစ်ကြောင့် ဖြစ်တယ်။ နှစ်စဉ် လူရည်ချွန် အပမ်းဖြေ ခရီး ထွက်ပြီး မိတ်ဆွေကောင်း၊ ဒေသန္တရ ဗဟုသုတတွေ ရေးပြ ထားတယ်။ လူရည်ချွန် မရတဲ့ နှစ်မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ စာတတ်မြောက်ရေး တလတာ (အ.သုံး.လုံး) အတွေ့ကြုံ များ ရရှိတယ်။

ကျနော်၊ မရတနာကျော် တို့ ခေတ်က နိုင်ငံတကာမှာ ၁၂တန်း စနစ် ဖြစ်လာတော့ မြန်မာအစိုးရကလည်း ဒေသကောလိပ် ၂နှစ် စနစ်ကို စမ်းသပ်ချိန် ရတနာကျော် လည်း ပထမနှစ် သမရိုးကျစာ၊ ဒုတိယနှစ် သက်မွေးပညာ ဒိပလိုမာ သင်ယူပါတယ်။ ရတနာကျော် ကတော့ သူ ဝါသနာ ပါတဲ့ ရုပ်ရှင်ပညာ သင်ကြားခွင့်ရပြီး သူတို့ ကျောင်းသားဟောင်းတွေ နှစ်စဉ် တွေ့ဆုံ ကြတယ်လို့ ပျောရွှင်စရာ ဒေသကောလိပ် Reginal College ဘဝဖြစ်ကြောင်း ရေးထားပါတယ်။ 1986-1980 ၁၀တန်း အောင် ခဲ့သူများ (ယခု အသက်၆၀ ဝန်းကျင် အရွယ်များ) အောက်မေ့ဘွယ်ရာ ဒေသကောလိပ် ပါ။

ဆေးကျောင်း နောက်ဆုံးနှစ် သူမ လေးစားတဲ့ ဖခင်ကြီးက အိန္နိယက ဟိန္နူ ဘာသာ စိုင်းဘာဘာ ကို ယုံကြည် ကိုးကွယ် စေရာ၊ ဘုရားသခင် အဖြစ် စိုင်းဘာဘာ ကို စတင်ကိုးကွယ်တယ်။ သူ့ဘဝ စိုင်းဘာဘာ ရဲ့ ကျေးဇူးတော် များ ၊ အထူးသဖြင့်၊ ဂျပန်ပြည် ၅နှစ် Ph.D နောက်ဆုံးနှစ်မှာ..အိန္နိယအထိ သွားပြီး စိုင်းဘာဘာ ကို ကိုယ်တိုင် ဖူးမျှော် ခွင့်ရကြောင်း၊ အိန္နိယ ဗေဒင်ကျမ်းအရ အတိတ်ဘဝ အနာဝါတ် ဗေဒင်ဟောချက်များ အလွန်မှန်ကန်ကြောင်း ဗဟုသုတ ဖတ်ရပါတယ်။
.
ဂျပန်ပြည် Ph.D ရင်ခေါင်းပညာ အဆုပ်ရောဂါ ၅နှစ် ပညာတော်သင် ရွေးချယ် ခံရတော့ ခင်ပွန်းသည်ကလဲ လိုက်သွားတယ်။ ပညာသင်ရင်း သားငယ်လေး မွေးဖွားခဲ့တော့ ဂျပန်မှာ ကြီးပြင်းခဲ့တဲ့ ပညာထူးချွန်သူ သားတယောက် နဲ့ မိသားစု ဘဝ၊ ပညာတော်သင် PCR စက်ကို သူများ စက် မသုံးချိန် ည ၁၂နာရီဆို မိသားစု ၃ယောက် စက် သွား သုံး တယ်။  ကြိုးစား ပညာသင်ဘဝ၊ ဆရာ လိုသမျှ ခိုင်းတာ လုပ်ပေးတဲ့  ပညာတော်သင်ဘဝ၊ ရတဲ့ ပညာသင်ချွေတာ စုဆောင်းသမျှ ဒေါ်လာ သောင်းချီ ငွေကြေးကို မိခင်ကြီး စင်ကာပူ NUH ဆေးရုံမှာ PaceMaker တပ်ဆင်ပေးလို့ ငွေအားလုံး ကုန်ခဲ့တာ အလွန်ဝမ်းမြောက်ကြောင်း ရေးထားပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျမ ပညာတော်သင်ဘဝ စုဆောင်းသမျှငွေ အားလုံးကို မိခင်ကြီးအတွက် ဆေးကု ကျေးဇူးဆပ်ခွင့် ရတယ်လို့ ရတနာကျော် က ရေးထားပါတယ်။
..
ဂျပန် မှာ PhD သုတေသန အပြီး ဆေးရုံလူနာများ အတွေ့ကြုံဘယူရင်း ဝင်ငွေရအောင် စားသောက်ဆိုင်တခု မှာ အချိန်ပိုင်း တနေ့ ၂နာရီ (တနာရီ ယန်း၇၀၀) အလုပ်လုပ် ငွေစုခဲ့တာ သိမ်ငယ်မှု မရှိတဲ့အပြင် သမာအာဇိ ဖြစ်လို့ ဝမ်းမြောက်ကြောင်း၊ ဆိုင်ရှင် လင်မယား နဲ့ ၃ယောက် အိန္နိယ စိုင်းဘာဘာ ထံ အတူ ဖူးမျှော် ခရီး ထွက်နိုင်ခဲ့တယ်။ နောက်ပိုင်း နှစ်စဉ် သွားခဲ့တယ်။  ရောက်ရာအရပ် လူချစ်ခင် များတဲ့ ရတနာကျော် ဘဝ ကို လှစ်ဟ ပြသချက် တခု ပါပဲ။
.
.
တတိယပိုင်း (ရန်ကုန် ဆရာဝန်ကြီးဘဝ)
ထပ်ဖတ်ပြီး အဆုံးသပ် အချိန်ရရင်  အကျဉ်း ရေးပါ ဦးမယ်။ စာအုပ် တဝက် ပဲ ဖတ်ပြီး ပါ သေး တယ်။ တဝက် ကျန် ပါ သေး တယ်။
.
ဂျပန်နိုင်ငံမှာ ၅ နှစ် Ph.D ကျောင်းတက်စဉ် သူ့ဆရာသမား ပါမောက္ခ Prof Naito နဲ့ ဆရာတပည့် ပွင့်လင်းတဲ့ ဆက်ဆံရေးကို၊ ကောင်းမွန်စွာ တည်ဆောက် နိုင် ခဲ့ခြင်းက ထူးခြားတဲ့ ဖြစ်ရပ်ပါ။ ကံဥာဏ်ဝီရိယ ၃ပါး ပြည့်စုံရင်တော့ ကမ္ဘာကျော် ပညာရှင် ဖြစ်လာ နိုင်ပေမဲ့ ရတနာကျော် ထံကို ဂျပန် ပါမောက္ခကြီး နှစ်စဉ် လာရောက် လေ့လာ ကူညီ ပံပိုးခြင်းက ထူးခြားချက်ပါ။ ဟာလာဟင်းလင်း အခန်းတစ်ခု ကို ရင်ခေါင်း၊အဆုပ် ဆေးကုခန်းတခု လိုအပ်တဲ့ ပစ္စည်းများ Prof Naito ကူညီ ငွေကြေး ပံပိုး ပါတယ်။ အရှေ့တောင် အာရှမှာ ပထမဆုံး တုပ်ကွေးရောဂါ သုတေသန ကို စာတန်းပေါင်း ၇စောင် တင်သွင်း လုပ်ဆောင်ခဲ့တာ အငြိမ်းစားယူ တဲ့အထိ သုတေသန လုပ်နေဆဲ ဖြစ်တယ်။
.
.
ပေးကမ်းခြင်း Moral of Biography
ရတနာကျော် ဘဝမှာ တသက်လုံး စိတ်ကောင်းစေတနာ ထားခြင်း ဖြစ်ပေါ်စေတဲ့ဘဖြစ်ရပ် တစ်ခု ဂျပန်မှာ လက်ဆောင် Gift တစ်ခု ရခဲ့ပါတယ်။

ကျမ မြန်မာပြည် ပြန်ဖို့ စီစဉ်နေချိန် ကျမ နဲ့ Ph.D ဒေါက်တာဘွဲ့ အတူလုပ်တဲ့ သူငယ်ချင်း ဒေါက်တာယာမာဂူချီ ရဲ့ မိခင်ကြီးက မင်းတို့မိသားစု မြန်မာပြည်ပြန်ရောက်ရင် ဘဝစတင်ဖို့ ငွေပေးလိုက်ချင်တယ် ပြောပြီးဘကျမဘဏ်ထဲ ငွေထည့်ပေးပါတယ်။ စစ်ကြည့်တော့ ဂျပန်ယန်း ၁၀သိန်း အံသြစွာ တွေ့ရပါတယ်။ ကျမ ၅နှစ်လုံး စုဆောင်းတောင်မှ မရနိုင်တဲ့ ငွေကြေးပါ။ သူ့သမီး ယာမာဆုချို ကလည်း ယန်း ၅သိန်း ပေးပါတယ်။ စုစုပေါင်း ယန်း ၁၅သိန်း လက်ဆောင်ငွေက ကန်ဒေါ်လာ ၁သောင်းခွဲ ဖြစ်တယ်။ ကျမ ပညာသင်စရိတ် နဲ့ စားသောက်ဆိုင် အချိန်ပိုင်း လုပ်ရင်း စုဆောင်းခဲ့တဲ့ ဒေါ်လာ ၁သောင်းကျော် လည်း စင်ကာပူမှာ မိခင်ကြီး နှလံး Page Maker ထည့်တာနဲ့ ကုန်သွားတာ ဘုရားသခင်ရဲ့ မေတ္တာတော်ကြောင့် ကျွေးအမေ မိသားစုထံက ရလိုက်ပါတယ်။

အင်မတန် ကြီးမားတဲ့ သင်ခန်းစာ လည်း ရလိုက် ပါတယ်။

အဲဒီလို ငွေအမြောက်အများ နိုရီကို ဆီက လက်ဆောင် ရလိုက်ပြီး နောက်မှာ သူလိုပဲ သူများတွေကို ပေးကမ်း စွန်ကြဲ တတ်တဲ့ အလေ့အကျင့် ကိုလဲ ကျမ တတ် မြောက် သွားပါတယ်..တဲ့။

ကျနော် ရဲ့ မှတ်ချက်။

အမေရိကန်တွေ ဘာကြောင့် ကြွယ်ဝ ချမ်းသာသလဲ အကြောင်း သူဌေးကြီး ဘီလ်ဂိတ် နဲ့ လေဆိပ်က သတင်းစာ ရောင်းသမား အကြောင်း၊ ပေးကမ်း ကူညီခြင်း အလေ့ကျင့် ဖြစ် ပါ တယ်။
Bill Gates (link)
https://m.facebook.com/story.php?story_fbid=10156840158758472&id=755653471
.
သက်တူ ရွယ်တူ ဖြစ်လို့ ပိုစိတ်ဝင်စား ပါ တယ်။ အသက် ၅၉ ၊ အငြိမ်းစား ပါမောက္ခ၊ ၁၀တန်းအောင်စဉ် မြန်မာတပြည်လုံး ပထမ၊ လူရည်ချွန် ၆ကြိမ်ရရှိပြီး၊ ဂျပန်နိုင်ငံ နီဂါးတားတက္ကသိုလ်က Ph.D ပါရဂူ ရင်ခေါင်းအထူးကု၊ သင်္ကန်းကျွန်း စံပြဆေးရုံကြီး အကြောင်း ပါ။

မရတနာကျော် ရဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များ ဖတ်ရှု အောက်မေ့ သတိရကြမှာပါ။ ဒီ စာအုပ် လေးကို စာအုပ်ကို ဖတ်ကြမယ်၊ သင်ခန်းစာ ယူကြမယ် လို့ မျှော်လင့် ပါတယ်။

ပုံ.များ (အချို့)
...ကုက္ကိုင်း ရေကူးကန်မှ အမျိုးသားရေကူးကန် မောင်နှမ ၅ဦး..ရတာနာကျော် ဘယ်၊ဒုတိယ သမီးအကြီးဆုံး။
...ဂျပန်ပြည်မှ မပြန်ခင် ကီမိုနို ဝတ်စုံဖြင့် ရတနာကျော်

ဇော်အောင်
Murann Ezine
4.10.2019
.
Original Link
https://m.facebook.com/story.php?story_fbid=10156885603498472&id=755653471
ရာပြည့် စာအုပ်ဆိုင် တွင် ရပါသည်။
တအုပ် ၃ထောင်ကျပ်။
ဆိုင် 01-243351  နယ်ဖြန့်ချိ..01-375952
.
===========
Unicode

No comments:

Post a Comment