Friday, August 24, 2018

လူရည်ချွန် EC အဖွဲ့ဝင်သစ်တွေ ရွေးချယ်ဖို့ Thuu Aung



EC အဖွဲ့ဝင်သစ်တွေ ရွေးချယ်ဖို့ ပိုစ့်တွေ တွေ့လာရပါတယ်..
EC အဖွဲ့ဝင်ဖြစ်ဖို့က ရွေးကောက်ပွဲတွေတောင် လုပ်ရတာ ကြုံခဲ့တယ်လေ.
ရွေးကောက်ပွဲတောင်ဝင်ပြီး
ယှဉ်ပြိုင်အရွေးခံကြတဲ့ ပုဂ္ဂိုလ်တွေ ထွက်ကြတာလား.
ဘာလို့ ထွက်ကြတာလဲ
၂ နှစ်ဘဲ လုပ်ရမှာကိုတောင်
အသဲအသန်ယှဉ်ပြိုင်ခဲ့ပြီးမှ
ခု လူတွေ လိုလာတယ်ဆိုတော့
ဘာတွေများ အခက်အခဲရှိလို့ပါလဲ.
EC သစ်ခေါ်တာကရော
ရွေးကောက်ပွဲတုန်းက မဲအရေအတွက်တွေနဲ့ မဆိုင်တော့တာပါလား.
ဒေါ်ခင်စုစုထွဋ် EC ထဲ ပါဝင်လာစဉ်ကကဲ့သို့
ရွေးကော် မဲစာရင်း ထုတ်ပြန်ပေးရန် တောင်းခံသင့်ပါတယ်ခင်ဗျာ..
ကျွန်တော်တို့ အဖွဲ့က ပရဟိတအဖွဲ့လို့
ကျွန်တော်နားလည်ထားတာပါ.
အများကောင်းကျိုးအတွက်
မျိုးဆက်သစ်တွေအတွက် လို့ နားလည်ပါတယ်.
စံနမူနာပြဖြစ်ရမယ်လို့ ယူဆပါတယ်.
ကျောင်းပေါင်းများစွာက
စာတော်သော
အားကစားတော်သော
ဗဟုသုတ နှံ့စပ်သော
ဘက်စုံထူးချွန်သူ ကျောင်းသား/သူများကို
ယှဉ်ပြိုင်စေပြီးမှ အမှတ်အများဆုံးကို
ရွေးချယ်လိုက်တာ..
(ဒါတွေက အားလုံးသိပြီးသား)
နှစ်ပေါင်း ၃၀ ရှိလာတဲ့အခါမှာ
ဘဝထွေထွေကို ဖြတ်သန်းကြတယ်.
ဖြတ်သန်းပြီး FB ကျေးဇူး
နည်းပညာမြင့်မားမှုများ
စတာတွေကြောင့် ပြန်တွေ့ဆုံလာကြပြီ.
ကိုယ်အောင်မြင်တယ်၊ မအောင်မြင်ဘူး
ဆိုတာကို လူ့လောက ပေတံနဲ့
အကြမ်းမျဉ်းလဲ သိကြမှာပါဘဲ..
တစ်ချိန်က လူရည်ချွန်ချင်းတူခဲ့ပေမယ့်
အတတ်ပညာ အသိပညာ အနဲအများ
ခုချိန် ရာထူး အနိမ့်အမြင့်
ဥစ္စာဓန ဆင်းရဲချမ်းသာ
အနာရောဂါ ထူပြောခြင်း ကင်းရှင်းခြင်း
စတဲ့ အခြေခံအချက်တွေ ကွာဟသွားပါပြီ
ဒီကြားထဲမှာ ကိုယ့်ကိုကိုယ်
အရှိကို အရှိအတိုင်း အမှန်တကယ်
လက်ခံနိုင်တဲ့ သူတွေရဲ့ အသိတရား
သတိကပ်မှုကသာ တကယ့် အောင်မြင်မှုပါ
(ကိုယ့်ကိုကိုယ် သိမသိက ကိုယ်သာလျင် ဆုံးဖြတ်ရမှာ)
တစ်ချိန်က လူရည်ချွန်ရခဲ့သူတွေ
ဘဝကို အေးချမ်းစွာ ဖြတ်သန်းရသူ
ပူလောင်စွာဖြတ်သန်းရသူ
အမျိုးမျိုး ဆုံဆည်းရတဲ့ ကာလပါ
ဒီတစ်နှစ်အတွက် ရွေးကောက်ပွဲ
မတိုင်ခင် ကတည်းက တင်ပြခဲ့ဖူးပါတယ်.
တစ်ယောက်နဲ့တစ်ယောက်
သည်းခံခြင်းတွေနဲ့ အဖွဲ့ဂုဏ်ဆောင်ဖို့
အာဏာရှင်မဆန်ဖို့ တိုက်တွန်းခဲ့တာတွေရှိပါတယ်.
ရှေ့က အပြစ်အနာအဆာတွေ
အမြဲဖော်ထုတ် အမြီးလှန်ခြိုး
ဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ
ပြောဆိုနေရင် သံသရာရှည်ပါ့မယ်ခင်ဗျ
သိပ်မရိုင်းဖို့ လိုပါမယ်.
ရိုင်းတာက ကျွန်တော်တို့လဲ ရပါတယ်.
ထမင်းစားကြီးလာပြီး
လူရည်ချွန်တောင် ဖြစ်ခဲ့မှတော့
လေသံ၊ နရီကို ကြည့်ယုံမျှနဲ့
တင်တဲ့ပိုစ့် ပိုင်ရှင်က
ရိနေသလား ဖဲ့နေသလား ရိုးရိုးရေးသလား
စတာတွေ မြင်ရတဲ့အခြေအနေရှိပါတယ်..
လုပ်နိုင်သူတွေ အရွေးခံထားတဲ့အဖွဲ့မှာတောင်
ဒီလိုမျိုး အာဃာတတွေ အစိုင်အခဲတွေ
ရှိလာခဲ့ရင် ကွဲမှာပါခင်ဗျ.
တစ်ချိန်လုံးသဘောထားတွေ ကွဲလွဲနေတော့
အံ့လဲ အံ့သြရပါတယ်.
ရုံးခန်းမရှိလို့ ဝယ်မယ်ဆိုတုန်းက
မြေရှာနည်း၊ ဆောက်နည်း သိသမျှ
ကျွန်တော့်လို ငစနူက တင်ပြပါတယ်
စမ်းကြည့်ပါလို့ ဆိုတာပါ..
ကျွန်တော်က ပညာအရာမှာလဲ
ဒီဂရုမှာ အနိမ့်ဆုံးဖြစ်ပါလိမ့်မယ်.
ကျွန်တော်က တပ်မတော်အရာရှိ(ငြိမ်း)ပါ
အငြိမ်းစားလစာနဲ့ ဆုကြေး ခံစားရသူပါ.
ရမ်းသမ်းမြင်သူတွေအတွက်တော့ Labrador ပေါ့.
ကျွန်တော့် အတန်းမှာ သူငယ်ချင်းတွေဟာ
တပ်မမှူး(ဗိုလ်မှူးချုပ်အဆင့်)ဖြစ်နေပြီ
ကျွန်တော် သာမန်တပ်ခွဲမှူး(ဗိုလ်မှူး)အဆင့်နဲ့
တန်းဖြုတ်ခဲ့ရတာပါ..
တပ်မတော်က အငြိမ်းစားယူတဲ့
၂၀၁၃ မတ်လ ၂၈ ရက်နေ့မှာ ကျွန်တော့်လက်ထဲ
မြန်မာငွေ ၁၀ သိန်းဘဲ ရှိခဲ့တာ.
ကူညီတဲ့ လူတွေဆိုတာ ခုလက်ရှိ
သူဌေးကလွဲလို့ မရှိခဲ့ပါဘူး.
တပ်မှာရော စီးပွားရေးမှာပါ
ဝ ဖြစ်ခဲ့ရတဲ့ ကျွန်တော်ပါ.
အငြိမ်းစားယူပြီး အရပ်သားဘဝ
သူများဆီမှာ အလုပ်စလုပ်မှ
ပိုက်ဆံမြင်ဖူးတာ.
ခုချိန်မှ အထိုက်အလျောက် အောင်မြင်လာတာ.
စီးပွားရေးကိုဘဲ ဇောက်ချလုပ်တဲ့
သူဌေးတစ်ယောက်အိမ်မှာ အလုပ်ဝင်လုပ်နေတော့
စီးပွားရေးကို အထိုက်အလျောက်
နားလည်လာပါတယ်..
စီးပွားရေး အမြင်နဲ့ ရုံးခန်းကိစ္စကို
တင်ပြတာပါ.
လွယ်လွယ်မဖြစ်မှန်းသိပါတယ်.
ဆရာကြီးဒေါက်တာတင်မျိုးဝင်းလို ပုဂ္ဂိုလ်မျိုး
ဦးဆောင်ပြီး မြေ/ပစ္စည်းတွေ လျှောက်ယူခြင်းနဲ့ အလကားရအောင် လုပ်စေချင်တာပါ.
အလှူငွေတွေကိုက လိုအပ်တဲ့
အလှူခံပုဂ္ဂိုလ်ရှိရာနေရာ
အကျိုးရှိတဲ့ နေရာစတာတွေမှာ သုံးစေချင်တာပါ.
ရုံးခန်းလဲရ၊ ဆေးခန်းလဲဖွင့်နိုင်
ခန်းမဆောင်ပါ ပါနိုင်တဲ့ စီမံကိန်းပါ
ပရဟိတသဘောကိုက
တတ်နိုင်သူတွေဆီက အလှူရယူ
မတတ်နိုင်သူတွေ မျှပေးပေါ့ခင်ဗျာ.
(လုပ်/မလုပ် မသိလို့ပါနော်)
ဒီလို အကုန်အကျများမှာစိုးလို့
အမုန်းခံ တင်ပြခဲ့ပြီးကြားသိလိုက်ရတာက
လှိုင်သာယာက အလကားရနေတဲ့ဆေးခန်းကို ပြန်အပ်ရပြီး
တစ်လ ၈ သိန်းနှုန်းနဲ့ ဆေးခန်းနေရာငှား
ကုသိုလ်ဖြစ်ဆေးခန်းဖွင့်လိုက်တယ်ဆိုတော့
ဆရာတို့ရယ်.
ကျော်ကတော့ လိုက်မမီတော့ဘူးဗျာ.
အရမ်းမာန မထားကြပါနဲ့ဗျာ
အလကားရနေတဲ့ ရုံးခန်းကို ပြန်အပ်ရတယ်
ပိုက်ဆံနဲ့ ငှားဖွင့်ရတယ်
အလကားရတဲ့ ကုသိုလ်ဖြစ်ဆေးခန်း ပြန်အပ်ရတယ်
တစ်လ ရှစ်သိန်းနဲ့ ငှားတယ်
(မည်သည့်အလှူရှင်ကမှ ပရဟိတအသင်းအတွက် မလှူပါ၊ ပရဟိတလုပ်ငန်းအတွက်သာ လှူတာဖြစ်ကြောင်း သတိချပ်ပါခင်ဗျာ)
ဒေါသရှေ့မထားဘဲ
ဖွင့်ထားတဲ့ နှလုံးသားလေးတွေနဲ့
ယထာဘုတကျကျလေး စဉ်းစားသုံးသပ်ကြပါဦးလို့
နှမျောတသစွာနဲ့
တင်ပြအပ်ပါတယ်ခင်ဗျာ...
အားလုံးက ဆရာတွေပါ၊ ဆရာကြီးတွေပါ..
တကယ်က ငါးပါးသီလ လုံနေယုံနဲ့ မရဘူးဗျ
စာရိတ္တရော ဝါရိတ္တပါ ရှောင်ရမယ်၊ ဆောင်ရမယ်ဗျ
ဒါကြောင့် ဆင်ခြင်ပေးကြဖို့
ပညာရှိ သတိဖြစ်ခဲ ဖြစ်မှာစိုးလို့
မေတ္တာရပ်ခံတင်ပြခြင်းမျှသာ..
အာဏာရှင်ဆိုတာတွေကို အရမ်းမုန်းတဲ့
ပင်လုံသား သူရအောင် 

Kyaw HtayKyaw and 4 others manage

Comment:
လူရည်ချွန် အဖွဲ့. လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ ၁၃ ကြိမ်မြောက်တွေ့ဆုံပွဲ ကို၁-၁၂-၂၀၁၃
တနင်္ဂနွေနေ့ ORCHID HOTEL တွင် ပြုလုပ်ပြီး 
အဖွဲ့ ၏ ဖွဲ့စည်းပုံစည်းမျဉ်း မူကြမ်း ကို အဖွဲ့ဝင်များ ကို 
လက်ကမ်းစာစောင် အဝါ ရောင် ဖြင့်
တင်ပြ ဆွေးနွေး ပြီး အကြံပြုလွှာတောင်း ခံ ခဲ့ ပါသည်။
၁၂ ကြိမ်မြောက် တွေ့ဆုံ ပြောကြားပြီး နောက် 
၎င်းမူကြမ်း ကို တင်ပြ ခဲ့ပါသည်။
သင်းဖွဲ့စည်း မျဉ်း (ဆွဲရန်ကော်မတီ 
စဖွဲ့ခြင်း၊ 
မူကြမ်းတင်ပြခြင်းံ ၊ အကြံပြုလွှာတောင်းခံရာတွင်၊
နှစ်ပတ်လည်ညီလာခံတွင်အတည်ပြုခြင်း၊)
ပြုလုပ်ခဲ့ပါသည်။
ဝန်ကြီးဌာန ၏ တိုက်တွန်းနှိုးဆော်မှူ
ကြောင့် အဆောတလျင် တင်ရပါသည်။
(၎င်း အချိန် က တစိုက်မတ်မတ် ကူညီ
ပါဝင်ခဲ့ သူ မှာ အနည်း ငယ်
သာရှိပါသည်။)
ယခုလက်ရှိ သင်းဖွဲ့ စည်းမျဉ်း တွင် အားနည်းချက် အနည်းငယ်ရှိနိုင်ပါသည်။

၎င်းအားနည်းချက် ရှာဖွေဖော်ထုတ်ပြီး
အခွင့်အရေး တရပ်အဖြစ် လိုရာဆွဲ
အသုံးမချကြရန် မေတ္တာရပ်ခံပါသည်။

EC (2018-19) အသစ်ထပ်တိုးသည့် ကိစ္စသည် သင်းဖွဲ့စည်းမျဉ်း 
လိုက်နာရမည့်အပြင်
အောက်ပါ အချက်များ ကို ထည့်သွင်း အတည်ပြုရပါမည်။
***လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ 
ရွေးကောက်ပွဲ ကော်မရှင်၏ 
သက်တမ်းသည် အလုပ်အမှူဆောင်အဖွဲ့ ၏ သက်တမ်း အတိုင်းဖြစ်သည်။
(အလုပ်အမှူဆောင်အဖွဲ့ ၏ သက်တမ်းသည် ၂ နှစ်ဖြစ်သည်။)
***ရွေးကောက်ပွဲကော်မရှင် ၏ 
အခန်းကဏ္ဌသည် အရေးကြီးပါသည်။
***16-12-2017 ရက်နေ့
အလုပ်အမှူဆောင်ရွေးချယ်ပွဲတွင် အချိန်ကုန် လူပမ်း တကူးတက လာရောက်
ကြိုးစား မဲပေး
ခဲ့ကြသော လူရည်ချွန် မောင်နှမများ ၏ 
ဆန္ဒ သဘောထား များ ကို လေးစား လိုက်နာရပါမည်။
***EC အဖြစ်လာရောက် အရွေးချယ် 
ခံကြသော လူရည်ချွန် မောင်နှမများ 
၏ဆန္ဒကို လည်း လေးစားသမှူ ရှိရပါမည်။
***ရွေးကောက်ပွဲ ကော်မရှင် နှင့် 
မဲဆန္ဒရှင် များ ကို လျစ်လျူ ရှူ ခဲ့ပါ က 
အဖွဲ့ ဝင်များ၏ အထင်အမြင် လွဲမှားပြီး
ပြဿ နာ များ ဖြစ်လာနိုင်ပါသည်။🐇
.
.
...............................................................
.
လူရည်ချွန်အဖွဲ့ အတွက် အကြံပေးချက်
အဖွဲ့သည် ပညာရေး NGO ဖြစ်ပါတယ်။ မိမိအတန်း၊ မိမိကျောင်း၊ မိမိတက္ကသိုလ်၊ ကောလိပ်၊ သက်မွေးပညာကျောင်းများက  ပညာအထူးချွန်ဆုံး (၃)ဦးကနေ အခြားဘက်စုံ အားကစား၊ လူမှုရေး၊ စာပေ၊ အသင်းအဖွဲ့များမှာ ပါဝင်လုပ်ဆောင်တတ်သူများကို ရေးဖြေ၊ နှုတ်ဖြေ များနဲ့ စီစစ် ရွေးချယ်ခြင်းဖြစ်ပါတယ်။
.
ဒါကြောင့် အဓိက အချက်က ပညာထူးချွန်သူများ လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် လူရည်ချွန် အဖွဲ့ရဲ့ အဓိက အလုပ်က ပညာရေးဖြစ်ပြီး၊ ပညာချွန်ပြီး အထက်တန်းပညာ မသင်နိုင်သူများကို နည်းမျိုးစုံနဲ့ ပံ့ပိုးကူညီ၊ အားပေးဖို့ တာဝန်ရှိပါတယ်။ ဆရာဝန်ကြီးများစွာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေး ကို ဒုတိယဦးစားပေး အဖြစ် မူဝါဒ ထားသင့်ပါတယ်။ အင်ဂျင်နီယာ၊ စာရင်းကိုင် နဲ့ လုပ်ငန်းရှင်များစွာ ပါဝင်သော်လည်း မူဝါဒ ချက်မှတ်ရာမှာ အဓိက ၂ချက် ပညာရေး နဲ့ ကျန်းမာရေးပဲ ကိုယ်နိုင်သလောက် စဉ်းစားဆင်ချင် ဦးစားပေး လုပ်ကိုင်ဖို့ လိုပါတယ်။ လူရည်ချွန် မျိုးဆက်သစ်ရဲ့ ပညာရေး ကို ပိုပြီး ဦးစားပေးရင် ကန့်ကွက်မဲ့သူ ရှိမျာ မဟုတ်ပါဘူး။
.
LYC တစ်ဦး
သြဂုတ်-၂၀၁၈ .....
.





No comments:

Post a Comment