ဦးအောင်လှ
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လ မဟုတ်ပါ. ..မြို့ပြအင်ဂျင်နီယာ အောင်လှ ဖြစ်ပါတယ်။ ကလောမြို့ ခရီးသွာများအတွက် ဟိုတယ်များစွာနဲ့ တောင်ကြီးတဝိုက် အောင်ဘန်း ပင်းတယ မြို့နယ်များက ဆောက်လုပ်ရေး Civil Engineer တစ်ဦး ဖြစ်ပါတယ်။ တောင်ကြီးမြို့ တက္ကသိုလ်. တချိန်က ဒေသကောလိပ် ဆိုတဲ့ ၂နှစ် သက်မွေးပညာစနစ်က မွေးထုတ်လိုက်တဲ့ မြို့ပြ အင်ဂျင်နီယာ တစ်ဦးဖြစ်ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဆက်တက်ပြီး ၁၉၈၃ မှာ ဘီအီး.မြို့ပြ အင်ဂျင်နီယာ ဖြစ်လာပါတယ်။
.
တောင်ကြီးမြို့မှာ အဆောက်အဦ အချို့ ဆောက်လုပ်ပြိး နောက်ပိုင်း ကလောမြို့ ဟိုတယ်အမြောက်အမြား ဦးအောင်လကို ယုံကြည်စွာ အပ်နှံလာကြပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာ အထပ်မြင့် ဟိုတယ်များ ခေတ်စားလာပါတယ်။ ၂၀၁၀ နောက်ပိုင်း မြေဈေးကြီးလာတော့ ကလောမှာ ၅ထပ် ၆ထပ် ဟိုတယ်များစွာ ဆောက်ကြတယ်။ ဦးအောင်လှ က သူ့ဖာသာ ကွန်ပြူတာဆော့ဝဲ နဲ့ ကိုယ်တိုင် ဒီဇိုင်းဆွဲပါတယ်။ အလုပ်အပ်နှံသူ ကြေနပ်အောင် ပုံစံထုတ်ပေးပြီး ကုန်ကျစရိတ်ရဲ့ ၂ရာနှုန်း လုပ်အားခယူတယ်။ Consultant အဖြစ် အများလုပ်နေတဲ့ သလို..ကုန်ကျစရိတ်ကြီးအောင် အကြံမပေးပါ..စရိတ်အနည်းဆုံး နဲ့ မလိုတာတွေ အပိုတွေ ဖြုတ်ချပေးပါတယ်။ ပိုင်ရှင်တိုင်း ကျေနပ်ကြတယ်။ နေ့တိုင်းနီးပါး အလုပ်ကို လာကြည့်တယ်။ အနည်းဆုံး တပါတ်တခါ ရောက်တယ်။ ပစ္စည်း အလုပ်သမား အရည်အသွေး စိတ်ချရသူဖြစ်ပါတယ်။
.
သူဆောက်ပေးခဲ့တဲ့ ကလောမြို့ ဂုဏ်ဆောင်.နာရီစင်ကြီး..တိုက်တာများ.အထပ်မြင့်ဟိုတယ် များစွာ.ကလောမြို့ ၃ပုံတပုံ ဟိုတယ်တွေ စုစုပေါင်း အလုံး၂၀ကျော် ရှိမယ်ထင်ပါတယ်။ သပ်ယပ် သေသပ်စွာ စံချိန်မီ ဟိုတယ်တွေပါ။ ဦးအောင်လှ လက်ရာတွေပါ။ ဆောက်ဆဲ ဟိုတယ်များနဲ့ အလုပ်များနေပေမဲ့ အေးဆေးပါပဲ။
.
အုတ်သဲကျောက် သံ.အိုင်ဘင်းများ လျပ်စစ် ရေပိုက် အတွင်းအလှ အပြင်အလှ လုပ်ငန်းများကို သူ့ကန်ထရိုက်တာများကို. မသုံးရင်လဲ အေးဆေးပါပဲ.. ဦးအောင်လှ ကန်ထရိုက်တာများ မသုံးသူ ပိုင်ရှင် owners တွေ. .နောက်ပိုင်း ပိုင်ရှင်များက နောင်တရကြတယ်.. ကိုအောင်လှ ကန်တရိုက်တာတွေက ပြောစကားနားထောင်တယ်. .."ကျနော့် မိတ်ဆွေ အမျိုးတွေ ရဲ့ ကန်ထရိုက်တာတွေက လိမ်ဖို့ လုပ်စားဖို့ အရည်သွေး ခိုဖို့ ချည်း စဉ်းစားကြတယ်။ ကိုအောင်လှလို ကန်ထရိုက်တာမျိုး ကျနော့်ဘဝ မတွေ့ဖူးဘူး။ သူလိုလူ ရှားတယ် မပြောချင်ဘူး။ မရှိဘူး ပဲပြောချင်တယ်"... လို့ ဟိုတယ်ပိုင်ရှင်တယောက်က ရင်ဖွင့်ပါတယ်။
.
သတင်းထောက်ဦးစိန်ဝင်းရဲ့ စာအုပ်ဆိုင် ခေါ်သွားပြီး မိတ်ဆက်ပေးပါတယ်။ စာအုပ်စာပေ ကို မိတ်ဆွေကောင်းအဖြစ် ဖတ်ရှုသူတစ်ဦးဖြစ်ပါတယ်။ ကျောင်းနေဖက် RIT 1983 1984 1985 အကြောင်းများ စမြုံပြန်ရင်း ဦလှအောင် Civil, ဦးနေမျိုးမောင် Mechanical, စာရေးသူ ဦးဇော်အောင် Electronic တို့ ငယ်ဟောင်းနှောင်းဖြစ်များ ပြောဆို နှလုံးသား လန်းဆန်း အပမ်းပြေခဲ့ပါတယ်။ အိမ်ရှင် ဦးအောင်လှ က ၃ရက်စာ ဟိုတယ်စရိတ် ပေးချေသွားလို့ အားနာ ကျေးဇူးတင်မိပါတယ်။ ကားတစီးနဲ့ ပင်းတယ (လှိုဏ်ဂူ. ရေပြာကန်..), ရွှေညောင်(အင်းလေး.ကန်နဲ့ ရာဇဝင်ဘုရားများ), အောင်ဘန်း စတဲ့ ဒေသများကို ပို့ဆောင် ကြွေးမွေးခဲ့တာ အမှတ်တရပါ။ ပင်းတယ ကိုယ်ပိုင်အုပ်ချုပ်ရေး ကျေးရွာများ တောင်သူတွေ တိုက်တာ.သွတ်မိုး အုတ်ကျွတ်မိုး ၅နှစ်အတွင်း ဖြစ်လာကြတာလဲ..အစိုးရမရှိ သူပုန်မရှိ တိုးတက်တယ် ဆိုတာ ပြသတာပါ။ ဂျမဏီနိုင်ငံ ကျေးလက်ဒေသရောက်နေသလို လှပတဲ့ တောင်ယာတော တောင်တန်းတွေ သီးနှံခင်းတွေ ရှုမောစရာပါ။
.
၂၀၁၈ မှာ အင်ဂျင်နီယာအသင်း က လူကြီးတွေ ကလောမြို့မှာ အစည်းဝေးလုပ်ကြတယ်။ ဦးအောင်လ အတတ်နိုင်ဆုံး ကူညီပါတယ်။ ကလောမြို့နယ် အင်ဂျင်နီယာအသင်းမှာလဲ ဒေသခံ အင်ဂျင်နီယာ အဖြစ် တာဝန်ယူရပါတယ်။ ကလောမြို့က ခရီးသွားမြို့ ဖြစ်ပေမဲ့ နှစ်၂၀၀ အထင်ကရ အဆောက်အဦ အင်္ဂလိပ်ခေတ် အပမ်းဖြေနေရာကောင်းတွေ တပ်မတော်က သိမ်းယူထားကြောင်း. ဒါကြောင် ရှေးဟောင်းယဉ်ကျေးမှု လိုက်ပြဖို့ သိပိမရှိကြောင်း။ ကလောမြို့ အထင်ကရ တောင်ပေါ်ဘုရား..နှစ်၂၀၀ အင်္ဂလိကန်ဘုရားကျောင်း. နဲ့ ခရစ်ယန်ဘုရားရှိခိုးကျောင်းတွေ လိုက်ပြပါတယ်။ သူကူညီ ပြုပြင်ထိန်းသိမ်းပေးတဲ့ ခရစ်ယန်ကျောင်း မွတ်စလင်ဗလီ. ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း သူနဲ့မကင်းတာတွေချည်းပါပဲ။
.
နှိမ်ချ အေးဆေးစွာနေထိုင်ပြီး လူပျိုကြီး ဖြစ်တော့ ကလောမြို့ လူကြီးပိုင်းကပဲ ဦးအောင်လှကို သိကြပါတယ်။ ထင်ပေါ်လိုခြင်း အလျင်းမရှိ.. ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာ လှောက်ပါ တိုက်တွန်းတော့ မလှောက်ဘူး..အာအက်စ်အီး မြို့နယ် တိုင်းမှာ လုပ်စားရရင် တော်ပါပြီ.တဲ့.။ PE မလျောက်ပဲ RSE နဲ့ပဲ ကျေနပ် အေးဆေးစွာ နေထိုင်ပါတယ်။
.
တိုးတက်နေတဲ့ တောင်ကြီးမြို့ ရောက်ရင် ကလောမြို့ အလည်ရောက်ပါ။ ဦးအောင်လှ ဆောက်တဲ့ ဟိုတယ်မှာ တည်းခိုရင်း.. တညဖြစ်ဖြစ် အအေးခံ နေလိုက်ပါ။ .Good Attitude မြန်မာ မြို့ပြ အင်ဂျင်နီယာ တစ်ဦးကို မှတတမ်းတင်လိုက်ပါတယ်။ သူင်ါချင်း ဦးအောင်လှ..ကလောမြို့သာမက တောင်ကြီးမြို့ ရှမ်းပြည်တောင်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ပိုပြီး လုပ်နိုင်ပါစေ။
.
ဇော်အောင်
April.2018 ခရီးစဉ် အမှတ်တရ..
ပုံ..ကလောမြို့ ဦးအောင်လှ ပါဝင် ပြုပြင် တည်ဆောက်သော ဟိုတယ်နှင့် အဆောက်အဦများ။
https://goo.gl/RzKyjP

No comments:
Post a Comment