.
အမြင့်ဆုံးသော အာဏာကတော့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီဥပဒေကို တရားမျှတအောင် ကြိုးစားနေချိန်ပါ။ အောက်ပိုင်းက တရားရုံများမှာလည်း ငွေ၊ အာဏာနဲ့ တရားမမျှတမှုများစွာကို ပယ်ဖျက်ဖို့ ပြည်ထောင်စုအဆင့်ကနေ ရပ်ကျေးအုပ်ချုပ်ရေးမှုး အဆင့်ထိ ကြိုးစားနေပါတယ်။
.
အားကောင်းလာခြင်းများကတော့...
၁။ မူယစ်ဆေးဝါးဖမ်းဆီးမှုများ က အကြီးမားဆုံး အောင်မြင်မှု ဖြစ်ပါတယ်။ ၂၀၁၅ သမတဦးသိန်းစိန် နောက်ဆုံးနှစ်မှာ ရန်ကုန် ဇေကမ္ဘာကုမဏီအနားမှာ ကမ္ဘာ့ ဒုတိယအများဆုံး မူးရစ်ဆေးပြား YW အမြော်ကအများ ပိုင်ရှင်မဲ့ ဖမ်းဆီးခြင်းက စတင်ပါတယ်။ ဒေါ်လာသန်းပေါင်း တထောင်လောက် တန်ဖိုးရှိပါတယ်။ နောက်ပိုင်းမှာ ဆက်တိုက်ဖမ်းဆီးနိုင်ခြင်းကြောင့် အကျဉ်းထောင်များမှာ လူမဆန့်အောင်အထိ ဖြစ်နေပါတယ်။ နှစ်စဉ် သတင်းမီဒီယာများရှေ့ ဒေါ်လာသန်းရာနဲ့ချီပြီး ဖျက်ဆီးပြနေပါတယ်။ နောက်ဆုံး ၂၀၁၇ ၊ ဇွန်လမှာ မုံရွာမြို့ နေရာပေါင်းများစွာမှာ မူးရစ်ဆေး၊ ဘိန်းဖြူ၊ ၀ိုင်ဒဘလျူ များကို စွန့်ပစ်ထားတာ ဖမ်းမိပါတယ်။ ထုံးစံအတိုင်း ပိုင်ရှင်ကိုမစုံစမ်းနိုင်သေးပါဘူး။
http://myanmargood2016.blogspot.com/2017/06/blog-post_26.html
.
၂။ တရားဥပဒေကို ငွေ၊ အာဏာနဲ့ အလွဲသုံးခြင်းကို ရန်ကုန်၊အင်းဝအပ်ချုပ်ဆိုင်က အိမ်ဖော်၂ဦးကို နှစ်ပေါင်းများစွာ နှိပ်စက်၊ အမြက်ထုတ်ခြင်းအမှုနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်း၊ လူအခွင့်ရေးကော်မရှင်ကို နိုင်ငံတော်သမတ အထိ ပေါက်ရောက်အောင်၊ တရားစွဲနိုင်ခဲ့ပါတယ်။ Myanmar-Now သတင်းဌာနမှာ အောင်မြင်မှုက မြန်မာနိုင်ငံရဲ့ တရားဥပဒေ တိမ်စောင်းနေမှုကို အမြင့်ဆုံးအဆင့်မှာ ထုတ်ဖော်ဖွင့်ချ နိုင်ခဲ့ပါတယ်။
.
၃။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့၊ တရားသူကြီးချုပ်အဖွဲ့ကို လွှတ်တော်မှာ တရားဥပဒေတည့်မတ်ဖို့ အောင်မြင်စွာအဆိုတင်၊ အတည်ပြုနိုင်ခဲ့ပါတယ်။ အသက်၇၀ အထိ လဲလှည်ခွင့်မရှိတဲ့ တရားသူကြီးအဖွဲ့ဝင်များမှာ နောက်ထပ် ၄ဦးကို လွှတ်တော်အတည်ပြုပြီး၊ နိုင်ငံတော်သမတက ခန့်အပ်နိုင်ခဲ့ပါတယ်။ အရင်လူ ၆ဦးနဲ့ နောက်တိုး ၄ဦး တရားဥပဒေစိုးမိုးရေး ဆက်လက်ကြိုးစား လုပ်ကိုင်ဖို့ဖြစ်ပါတယ်။ အင်အယ်ဒီပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံမှုမှာ စစ်ဗိုလ်ဟောင်းများ ပါဝင်မှုကို ဖော်ထုတ်နိုင်ခြင်းကလည်း အတိုင်းတာတစ်ခုအထိ အောင်မြင်ပါတယ်။
.
အမြင့်ဆုံးအာဏာပိုင်အဆင့် ပြုပြင်ပြောင်းလဲမှုများ ထိပ်တန်းဖြစ်ရပ်အချို့ ဖြစ်ပါတယ်။ အောက်ခြေ အဆင့်ဆင့်မှာလည်း ဥပဒေစိုးမိုးဖို့ ဆိုတာ မတရားပြဌာန်းထားတဲ့ အမိန့်တွေ၊ ဥပဒေတွေ များစွာကို အသစ်ရေးဆွဲဖို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေစီစစ်၊ ပြဌာန်းရေး ကော်မတီက အလွန်အရေးကြီးပါတယ်။ ဌာနဆိုင်ရာများရဲ့ အဂတိလိုက်စားမှု၊ အိမ်ခြံမြေ ဈေး အရမ်းကြီးနေမှု၊ တိုင်းပြည်စီးပွားရေးကျဆင်းမှု၊ အလုပ်ကိုင်ရှားပါးမှု စတဲ့ အောက်ခြေ ပိုင်ဆိုင်မှု၊ အကျိုးအမြတ် အမှုပေါင်းများစွာ ရှိနေဆဲ ဖြစ်ပါတယ်။
တရားဥပဒေက တဖြေးဖြေးပြန်လည်တည့်မတ်ဖို့ အမြင့်ဆုံးဖြစ်တဲ့ တရားသူကြီးချုပ်အဖွဲ့ကို နောက်ထပ် အသစ်၎ဦးထပ်မံ ထည့်သွင်းလိုက်ပါတယ်။ ခေါင်မိုးက လုံဖို့စတင်ကြိုးစားနေတာပါ။
အလွန်မတရားလှတဲ့ ဖြစ်ရပ်များစွာမှာ ရာဇ၀တ်မှုများ၊ အမျိုးသမီး၊ကလေး အကြမ်းဖက်ခံရမှုများ၊ ကလေးအလုပ်သမားနဲ့ကျောင်းစာမသင်နိုင်မှု၊ မှတ်ပုံတင် လ.၀.က ပြသနာများ၊ မြို့ရွာတိုင်းက စည်ပင်၊ အခွန်၊ မြေစာရင်း၊ ရဲဌာန၊ အုပ်ချုပ်ရေးမှု ဌာနတွေမှာ ငွေကြေးတတ်နိုင်သူများအပေါ် အဂတိ (ငွေ၊ အာဏာ) အသုံးပြုပြီး မတရားမှုများစွာ မီဒီယာများ၊ လွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်အားဖြင့်၎င်း ဖော်ထုတ်ပြနေပေမဲ့ တရားစွဲဆို အပြစ်ပေးနိုင်ခြင်း အလွန်အားနည်းနေဆဲ ဖြစ်ပါတယ်။
.
.
.
အောက်ပါ ဖြစ်ရပ်ကတော့ လူမှုကွန်ယက်မှာ တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင် ဖေ့ဘုတ်က သတ္တိရှိစွာ ဖော်ထုတ်မှု တစ်ခုပါ။
မူးယစ်ဆေး ၁၅ ပြားကြောင့် ထောင်ဆယ်နှစ် ချခံထားရရှာသူ အိုးဘိုထောင်ထဲက ဆယ်တန်းဂုဏ်ထူးနဲ့အောင်သူ ညီမလေး အတွက်
zay ko oဲr lin wai ရဲ့ဆုတောင်းစကား ကို ထပ်ဆင့် တင်ပြပေးလိုက်ပါတယ်။
zay ko oဲr lin wai ရဲ့ဆုတောင်းစကား ကို ထပ်ဆင့် တင်ပြပေးလိုက်ပါတယ်။
**************************************************************
(ကောင်မလေးရဲ့ အင်တာဗျူးမှာ သူဖြေတာတွေသာ အမှန်ဆိုရင်) ဈေးဆိုင်တစ်ဆိုင်မှာ ကျောင်းစရိတ်အတွက် အလုပ်လုပ်ခဲ့တယ်၊ မူးယစ်ဆေးဝါးရောင်းနေတဲ့ဆိုင်မှန်းမသိခဲ့ဘူး၊ သိသိချင်းထွက်ဖို့ကြိုးစားတယ်၊ ဒါပေမယ့် နောက်ကျသွားတယ်။ ရဲလာစစ်တယ်၊ မူးယစ်ဆေးဝါး (15)ပြားမိတယ်။ ရဲဖမ်းတာခံရတယ်။ ထောင် (10)နှစ်ကြတယ် လို့ သူဖြေသွားတယ်။ ဆိုင်မှာဈေးရောင်းမိတာလေးနဲ့တင် ထောင်(10)နှစ်ကျတယ်။ မိတဲ့ မူးယစ်ဆေးကလဲ (15)ပြားတည်း။ မူးယစ်ဆေးဝါးရောင်းနေမှန်းလဲ သူက သိတာမဟုတ်..။

ဒါဆိုရင်… ပူပူနွေးနွေးပဲရှိသေးတဲ့ ပြီးခဲ့တဲ့လ (2)ရက်နေ့က ရခိုင်ပြည်နယ်မှာ အမှတ်(564) တပ်က ဗိုလ်မှူးရဲဇေယျာ စီးလာတဲ့ကားမှာ မူးယစ်ဆေးဝါး အလုံးပေါင်း လေးသိန်းကျော်ဖမ်းမိခဲ့တယ်။ အဲ့တုန်းက အဲ့ဒီဗိုလ်မှူးဟာ ကားကြုံလိုက်လာတာပါဆိုပြီး သူ့တပ်က သူ့ကိုပြန်ခေါ်ထုတ်သွားတယ်။ ရဲလက်ထဲမှာ မထားခဲ့သလို ဘာအရေးယူဆောင်ရွက်မှုဆိုတာမျိုးလဲ ဆက်မကြားရတော့ဘူး။
ကျောင်းစရိတ်ရှာတဲ့ ကလေးမလေးကိုတောင် ထောင် (10)နှစ်ချရဲတဲ့ ဥပဒေဟာ
စီးပွားဖြစ် မြိုဆို့နိုင်အောင် အာဏာအလွဲသုံးစားလုပ်ပြီး ဘိန်းကုန်ကူးတဲ့ ဗိုလ်မှူးကို ကျတော့ ထောင်မချနိုင်ဘူးလားဗျ။
စီးပွားဖြစ် မြိုဆို့နိုင်အောင် အာဏာအလွဲသုံးစားလုပ်ပြီး ဘိန်းကုန်ကူးတဲ့ ဗိုလ်မှူးကို ကျတော့ ထောင်မချနိုင်ဘူးလားဗျ။
ဘိန်းကုန်ကူးတာ မဟုတ်ဘူး၊ ကားကြုံစီးတယ်လို့ပဲ သူတို့မျက်နှာပြောင်တိုက်ငြင်းသလိုပဲ ထားအုန်း..
ဆိုင်မှာ မသိလို့ ဈေးရောင်းမိတဲ့ ကျောင်းသူလေးကိုတောင် ထောင် (10)နှစ်ချရဲတဲ့ ဥပဒေဟာဘိန်းကားမှာ ကားကြုံလိုက်စီးတဲ့ ဗိုလ်မှူးကိုတော့ ဘာမှ အရေးမယူဘူးတဲ့လား..။
ဆိုင်မှာ မသိလို့ ဈေးရောင်းမိတဲ့ ကျောင်းသူလေးကိုတောင် ထောင် (10)နှစ်ချရဲတဲ့ ဥပဒေဟာဘိန်းကားမှာ ကားကြုံလိုက်စီးတဲ့ ဗိုလ်မှူးကိုတော့ ဘာမှ အရေးမယူဘူးတဲ့လား..။
ဒါ့ကြောင့်လဲ ဖိနပ်နဲ့ကောက်ပေါက်ခံရတာ။
ဘာပဲ ပြောပြော လက်ရှိနိုင်ငံတော်လူကြီးတွေအနေနဲ့ ဗိုလ်မှူးကို ထောင်ထဲထည့်ပြပါ။ မထည့်ပြနိုင်ဘူးဆိုရင် ကောင်မလေးကိုလဲ လွှတ်ပေးပါ။ သူဖြစ်ချင်တဲ့ ပညာရေးခရီးလမ်းလေး အပြင်မှာ ဖြောင့်ဖြူးပါစေ၊ ခရီးဆက်ပါစေ.
Zay Ko
.
.
ပြည်သူ့ရဲတပ်ဖွဲ့
ဘယ်သူမှ အမှုမဖြစ်ချင်သလို၊ လိမ်လည်မှု၊ ခိုးမှု၊ ဓါပြမှု၊ လုယက်မှုတွေကို မတိုင်တန်းချင်ပါဘူး။ ရဲစခန်း၊ တရားရုံးတွေကို ရှောင်ကြပေမဲ့ မလွဲမရှောင်သာရင်တော့ ရဲစခန်းကို သွားရပါတော့တယ်။ အမှုကို ရဲတပ်ဖွဲ့ရဲ့ စစ်ချက်၊ သက်သေများကို သုံးပြီး၊ လက်ရှိပြဌာန်းချက်များအတိုင်း တရားရုံးတင်ပြီး၊ တရားစွဲ အမိန့်ချရပါတယ်။ ရဲတပ်ဖွဲ့များ ၊ နယ်ထိန်းများ (ကင်းလှည့်အဖွဲ့များ) ကလည်း အင်အား နည်းပါးတဲ့အပြင် ကူညိချင်တိုင်း မကူညီနိုင်ပါဘူး။ မြို့ရွာတိုင်းမှာ နယ်ထိန်းရဲကား နဲ့ ဆိုင်ကယ်များ၊ လောင်စာဆီ၊ တယ်လီဖုန်းလိုင်း လုံလောက်မှု မရှိသေးပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးဆုံး ရဲချုပ်ကလည်း စစ်ဗိုလ်ဖြစ်နေပါတယ်။ စစ်ဗိုလ်အလုပ်နဲ့ ရဲမှုး အလုပ်က မတူပေမဲ့ လက်ခံနေရဆဲပါ။
.
ပြည်တဲရေး၊ မြို့နယ်ထွေအုပ်လက်အောက်ကနေ တိုင်းဒေသကြီးအစိုးရအောက်ကို ဖွဲ့စည်းပုံပြင်ဖို့ သမတဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက အစီအစဉ်ရှိပေမဲ့၊ အခက်ခဲများစွာ ရှိနေဆဲပါ။ မြန်မာနိုင်ငံရဲ(စခန်းရဲ၊ နယထိန်းရဲ) များက အဓိကဖြစ်ပေမဲ့ အခြားရဲတပ်ဖွဲ့များစွာ ရှိပါတယ်။ သတင်းရဲ၊ မှုခင်းရဲ၊ မော်တော်ယဉ်ရဲ၊အထူးစုံစမ်းရေးရ (စသုံးလုံ)။ လူကုန်ကူးတာဆီးရဲ။ အဓိကရုံးရဲ၊ သစ်တောရဲ၊ နိုင်ငံခြားခရီးသွားလုံခြုံရေးရဲ၊ အမြန်လမ်းရဲ၊ ဒုစရိုက်နှိမ်နင်းရေးရဲ စသဖြင့် ရဲဌာနများစွာ ရှိပါတယ်။
ကျနော်မပြောရဲပါဘူး
********************
၀၃၁၂-ဝတ်စုံစရိတ်
-----------------
အရာရှိတစ်ဦး ၇၁၅၀၀ိ/
အခြားဆင့်တစ်ဦး ၆၄၂၀၀ိ/
သတ်မှတ်စရိတ်ရှိပါသည်။
ရရှိပါသည်။ ဇာပဝါကာကီရယ်၊အတွင်းခံမပါရင်မဝတ်ရဲအောင်ပ၊နက်ပြာနဲ့ကိုရွှေရဲ၊ခွေးထိုးလိုဆွဲ၊ထိုင်လိုက်ဖို့ဟန်ပြင်တယ်၊ကွဲပါပေါ့
ဒီဖင်ပြဲ၊ချုပ်ခရယ် ၁၀၀၀၀ရယ်ပါ့၊ကျုပ်မလှတဲ့ဘဝရယ်ပါ။ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာနည်းနေလို့ .........
ကျွန်တော်မပြောရဲပါဘူး။
၀၃၁၂-ဆေးဝါးကုသစရိတ်၊
-------------------------
တစ်ဦး တစ်နှစ် ၂၀၀၀၀ိ/ခံစားခွင့်ရှိပါသည်။
တောမှာလေ အသေမခံနိုင်လို့၊မြို့ပေါ်ကိုပြမိပါတယ်။စားစရိတ်ကထောင်းလို့ထောင်း၊ကားစရိတ်ကမတန်မရာ၊တန်းစီကာတုံကင်စောင့်ရင်းနဲ့ အသက်မထွက်ခင်
ကုလိုက်ပါတော့၊စမ်းသပ်ခတင်သိန်းဂဏန်းကပ်နားကြားများလွဲလေသလား၊လေသံကသူစိမ်းဆန်တယ်။ ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာ နည်းနေလို့၊
ကျနော်မပြောရဲပါဘူး။
၀၁၀၆-သင်တန်းစားသောက်စရိတ်၊
-----------------------------------
တစ်ဦးတစ်ရက်၅၀၀ိ/ခာံးခွင့်ရှိပါသည်။
သတ်မှတ်ပစ္စည်းစုံလင်စွာနဲ့၊သင်တန်းရယ်တက်ဖို့ဗျာ၊သင်တန်းမှမစသေး၊ကောက်လိုက်တဲ့ငွေအသပြာ၊ဆောင်းစားစရိတ်၊ပြင်ဆင်စရိတ်၊စာရွက်စာတမ်းစရိတ်၊ပေးရမှာကနိုင်ငံတော်လား၊သင်တန်းသားလား
မပြောတတ်ပေါင်နော်။ဒါပေမဲ့၊
၊နိုင်ငံတော်ဘဏ္ဌာမလုံလောက်လို့။
ကျနော် မပြောရဲပါဘူး။
၀၂၀၁-ခရီးစရိတ်
-----------------
အမှု့တစ်မှု့ကို၅၀၀၀ိ/ခံစားခွင့်ရှိပါသည်။
အသုံးပြုရတာကတာက၉၆၉၃ကိုယ့်ဆိုင်ကယ်၊
အခင်းဖြစ်က မိုင်၂၀ကျော်၊သက်သေခံပစ္စည်းက
ကရိန်းနဲ့မ၊ဘယ်ဟာမှအလကားမရ၊သက်သေ
မတွေ့လို့ကရွာကိုအခါ၂၀၊တရားစွဲတင်တော့ခရိုင်ဒိုး၊ပိုးစိုးပက်စက်ကုန်တာက အိုင်အိုလက်သစ်၊မပြေးမဖြစ်တာကနေပြည်တော်ဓာတုဗေဒရုံးကိုက၂ခေါက်၊ချောဆီထည့်ရတာကပြေလည်သလောက်၊ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာငွေနည်းနေလို့။
ကျနော်မပြောရဲပါဘူး။
၁၃၀၄-တရားခံပို့ဆောင်ခ
--------------------------
အမှု့ကြီး၁မှု့၅၀၀၀၀ိ/
အခြားမှု့၁မှု့၃၀၀၀၀°/
ကြိုကာ၁မှု့၁၀၀၀၀ိ/ခံစားခွင့်ရှိပါသည်။
ပေးထားတာကစမတ်အချုပ်ကား၊တရားခံကတော့အပျံစားမလန်းနိုင်ပဲရှိတာကကိုရွှေရဲ။
ပို့ရမဲ့တရားခံတစ်ယောက်၊မိုင်တစ်ရာကျော်ခရီးရယ်ပေါက်မှထောင်ဗူးဝရောက်မယ်ပေါ့။
သောက်သောက်လည်ဆီဘိုးရယ်က ကလိထိုးကာရယ်လိုက်ချင်တာကပေးထားတဲ့ငွေ၊ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာမလုံလောက်လို့။
ကျနော်မပြောရဲပါဘူး။
၁၃၀၅-ရုံးအသုံးဆောင်
----------------------
မြို့မရဲစခန်း ၅၀၀၀၀ိ/
နယ်မြေရဲစခန်း၃၀၀၀၀ိ/ခံစားခွင့်ရှိပါသည်။
ကွန်ပျူတာနဲ့စာစီကာရယ်၊ဓာတ်ပုံရယ်ဝေဝေဆာနဲ့၊တောင်းလိုက်တဲ့အစီရင်ခံစာမိတ္တူဟာမရေတွက်နိုင်ဘူးသုံးလို့လောက်ဖူး။
ဒါပေမဲ့၊
နိုင်ငံတော်ဘဏ္ဌာနည်းနေလို့၊
ကျနော်မပြောရဲပါဘူး။
၀၃၀၇-အမျ့စုံစမ်းတယ်လီဖုန်းစရိတ်
----------------------------------
မြို့နယ်မှုး/စခန်းမှုးတစ်လ၅၀၀၀ိ/ခံစားခွင့်ရှိပါသည်။
ဖြစ်စဉ်ရယ်ပေါ် အင်တာနက်လိုင်းပေါ်တက်
မြေပုံကြမ်း၊မြို့အကွက်ချရယ်၊
နယ်မြေပုံမကျန်ပါဘူး။ထူးလှတဲ့Googleရယ်။
တစ်ဝဲလည်လည်လိုင်းရယ်ကြောင့်၊မရောက်ပြန်
ငေါက်ရန်ကြောက်သော်လည်း၊သုံးလို့လောက်ဖူး။
ဒါပေမဲ့။
နိုင်ငံတောဘဏ္ဌာနည်းနေလို့၊
ကျနော်မပြောရဲပါဘူး။
(ဂန္တာရဝင်း သာစည်)
္ဆ္တမူရင်းGan Ta Ra Win

ရဲတပ်ဖွဲ့ဝင်များရဲ့ ပကတိအခြေအနေ....
တရားဥပဒေစိုးမိုးလာပါစေ။
ဇာနီကြီး
.
.
ကိုးကားဆောင်းပါးများ
၁။ မြို့ပြကျးလက်ခရစ်ယန်များရဲ့သာသနာ (ဥပဒေအမြင်ဖွင့်သင်တန်း)
http://myanmargood2016.blogspot.com/2017/02/blog-post_23.html.
.
ကိုးကားဆောင်းပါးများ
၁။ မြို့ပြကျးလက်ခရစ်ယန်များရဲ့သာသနာ (ဥပဒေအမြင်ဖွင့်သင်တန်း)
.
၂. ဦးကိုနီ ဟောပြော၊ လုပ်ဆောင်ခဲ့ခြင်းများ၊ နှင့် စာရိတ္တမဏ္ဍိုင် (၂၀၁၇)
http://moemaka.com/archives/59070
No comments:
Post a Comment