Mg Mg Soe with Aik Khun Moon and 32 others.
23/2/2017
#eaos_mms75
#eaos_mms75
တရုတ်နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာပြည်ငြိမ်းချမ်းရေး
နိဂုံး
မြန်မာအစိုးရသစ်နှင့် ၂၀၀၈ ခြေဥ
တဖက်တွင်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီး
၂၀၁၆ မတ်လကုန်တွင် အာဏာလွှဲပြောင်းယူသည်။ ၂၀၀၈ အခြေခံဥပဒေ
အရ ရွေးကောက်ခံ အရပ်သားအစိုးရနှင့်တပ်မတော်တို့ကြားတွင် လုပ်ပိုင်ခွင့်
ကိုယ်စီရှိနေကြပြီး တပ်၏အခန်းသည် အလွန်အရေးပါသည်ကို အားလုံးသိ
ကြပြီးဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်ကြသော သမတဦးသိန်းစိန်နှင့် ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်တွင် ထိုပြသနာသည် သိပ်မကြီးလှဟု ဆိုနိုင်သော်လည်း အရပ်သားစစ်စစ် NLD အစိုးရလက်ထက်တွင်မူ ထိုပြသ
နာသည် အတိမ်းအစောင်းမခံသည့်ပြသနာဖြစ်လာသည်။

မြန်မာပြည်နှင့်ဆက်ဆံသော သံတမန်အားလုံးသည် NLD အစိုးရအား
၎င်း တပ်မတော်အား၎င်း ဆက်ဆံမှု ပြု ကြရသည်မှာ ရှောင်လွှဲ၍မရသည့် လက်တွေ့ကျ သည့် ဖြစ်ရပ်ဖြစ်နေသည်။ ဤသို့သောအခြေအနေအောက်တွင်
တရုတ်တို့အနေနှင့်လည်း အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနချင်းဆက်ဆံရေး
သာမက တရုတ်စစ်တပ်၏ ဆက်ဆံရေးပါလိုအပ်နေသည့်အချိန်တွင် တရုတ်
နှင့်မြန်မာပြည်ကြား ၂+၂ ဆက်ဆံရေးကို ထူထောင်ခဲ့သည်ကိုတွေ့ရသည်။

၂+၂ ဆက်ဆံရေး
တရုတ်အစိုးရဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး
ဝန်ကြီးဌာန ၂ ခုနှင့် မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာ
ကွယ်ရေးဝန်ကြီးဌာန ၂ ခုပေါင်းတို့ နှစ်နိုင်ငံကြား ပုံမှန်တွေ့ဆုံဆွေးနွေးသည့်
အစီအစဉ်တရပ်ကို NLD အရပ်သားအစိုးရတက်ပြီးသည့် ၂၀၁၆ ခုနှစ်တွင်
စတင်ခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌
၂+၂ ပထမဆုံးအကြိမ်တွေ့ဆုံမှု ကို ပြု လုပ်ခဲ့ပြီးနယ်စပ်တည်ငြိမ်ရေးပြသနာ
က ရှေ့တန်းရောက်ခဲ့သည်ဟုဆိုပါသည်။

၂၀၁၇ အတွင်းတွေ့ဆုံမှု ကို တရုတ်ပြည် ယူနန်ပြည်နယ် ခွင်းမင်မြို့ ၌
ဖေဖဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးမှ
ဒုနိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ခဲ့သကဲ့သို့ တရုတ်စစ်ဖက်မှ တရုတ်
ဗဟိုစစ်ကော်မရှင် ဒုတိယညှိနှို င်းကွပ်ကဲရေးမှူးတက်ရောက်ပြီး မြန်မာစစ်
ဖက်မှ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူးတက်ရောက်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် တရုတ်မြန်မာဆက်ဆံရေးတိုးတက်ကောင်းမွန်လာ
သည်ကို သုံးသပ်ခဲ့ကြပြီး မြန်မာပြည်မြောက်ပိုင်းဒေသပြသနာကို ကောင်း
မွန်စွာ ဖြေရှင်းရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။ တရုတ် မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိမ်းသိမ်းခြင်းသည် နှစ်နိုင်ငံ ဘက်
စုံ မဟာဗျူ ဟာမိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ကို တွန်းအားပေးရန် အလွန်
အရေးပါကြောင်း နှစ်နိုင်ငံမြောက်ပိုင်းအခြေအနေများနှင့် ပတ်သက်၍ နှစ်
နိုင်ငံ အနီးကပ်ဆက်သွယ်မှု များထားရှိပြီး နယ်စပ်ဒေသထိမ်းသိမ်းရေးကို
ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ ပြောကြားသည်မှာ မြန်မာ
ပြည်၏အရေးကိစ္စတွင် ဆိုင်ရာဖက်အသီးသီးက ထိမ်းချုပ်ကာ မြန်မာနိုင်ငံ
မြောက်ပိုင်းငြိမ်းချမ်းရေးကို အမြန်အကောင်အထည်ဖေါ်ဆောင်ရွက်ပြီး တရုတ်မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းအောင် အမြန်အကောင်အထည်ဖေါ်
ဆောင်ရွက်စေလိုကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးဆွေးနွေးမှု များကို ထောက်ခံကြောင်း အဆိုပါငြိမ်းချမ်းရေးဆွေးနွေးမှု များမှတဆင့် မြန်မာပြည်
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံးရရှိစေလို
ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာဘက်မှ ပြန်လည်ပြောကြားသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှု နှင့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အတွက် ပြင်ဆင်ထားမှု များအား ရှင်းပြခဲ့ပြီး လက်တွေ့ကျသောဆောင်ရွက်
မှု များဖြင့် မြန်မာပြည်မြောက်ပိုင်းတည်ငြိမ်အေးချမ်းမှု ရအောင် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား
ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအနေ
နှင့် တရုတ်နိုင်ငံမှ ပြီးခဲ့သောကာလတလျောက် ထောက်ခံကူညီခဲ့သည်ကို
ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်မှ အပြု သဘောဖြင့် ဆက်လက်ပါဝင်စေလိုကြောင်း ဆင်ဟွာ Xinhwa သတင်း
ဌာနမှ အကျယ်တဝင့် ဖေါ်ပြခဲ့ပါသည်။

အဆိုပါ နှစ်နိုင်ငံ၏ ၂+၂ တွေ့ဆုံမှု အား ၂၀၁၇ ခုနှစ်အတွင်း နောက်
တကြိမ် တရုတ်ပြည်တွင် ပြု လုပ်ရန် သဘောတူခဲ့ကြသည်ဟုဆိုပါသည်။ ၂၀၁၇ နှစ်ဆန်းတွင် ပြု လုပ်ခဲ့သည့် နှစ်နိုင်ငံ ၂+၂ တွေ့ဆုံမှု တွင် တရုတ်နယ်
စပ်တည်ငြိမ်အေးချမ်းရေး မြန်မာပြည်မြောက်ပိုင်းအရေး မြန်မာပြည်ငြိမ်း
ချမ်းရေးဆွေးနွေးပွဲအရေးတို့ ရှေတန်းရောက်နေသည်ဟုဆိုရမည်။

တရုတ်အထူးသံတမန်
တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဦးတည်ချက်သည် နှစ်
နိုင်ငံချစ်ကြည်စွာဆက်ဆံသည့်အခြေခံပေါ်မှ တရုတ်မြန်မာကုန်သွယ်မှု မြှင့်တင်ရေး မြန်မာနိုင်ငံ တရုတ်ရင်းနှီးမြှု ပ်နှံများအား ကာကွယ်ခြင်း တိုး မြှင့်ခြင်း တရုတ်၏သေနင်္ဂဗျူ ဟာစီမံကိန်းဖြစ်သည့် မြန်မာပြည်ဖြတ်မည့်
အနောက်ဖက် ပိုးလမ်းခါးပတ်တို့တွင် အာရုံစိုက်ထားခဲ့သည်။ သို့သော်လည်း
ထိုစီးပွါးရေးရည်မှန်းချက်များ အကောင်အထည်ဖေါ်ရေးအတွက် အဟန့်
အတားဖြစ်နေသည်မှာ တရုတ်မြန်မာနယ်စပ်တလျောက် မတည်ငြိမ်မှု များ
ဖြစ်သည်။

လက်ရှိဖြစ်ပွါးနေသော လက်နက်ကိုင်ပဋိပက္ခများအရ ကချင်ပြည်
နယ် ရှမ်းပြည်မြောက်ပိုင်းတွင် KIA/MNDAA/TNLA/AA အဖွဲ့ ၄ ဖွဲ့နှင့် ဖြစ်
ပွါးနေသော စစ်မီးအား ငြိမ်းသတ်ရန်လိုအပ်နေသကဲ့သို့ ထိုမီးစမှတဆင့်၎င်း
လက်ရှိ မြန်မာပြည်နိုင်ငံရေးပြသနာကို ကောင်းမွန်စွာဆွေးနွေးဖြေရှင်းနိုင်
ခြင်းမရှိပါက ဝ ဒေသနှင့် မိုင်းလားဒေသသို့ စစ်မီးတောက်ကူးစက်နိုင်သည်
ကို၎င်း ကောင်းစွာသဘောပေါက်ထားသည်ဖြစ်ရာ တရုတ်တို့သည် မြန်မာ
ပြည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အာရုံစိုက်လာခဲ့ကြသည်။

ယခင် ဦးသိန်းစိန်လက်ထက် မြန်မာပြည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
တွင် ပါဝင်ရန် တရုတ်မှ အထူးသံတမန်တဦးခန့်အပ်ခဲ့သည်။ တရုတ်နိုင်ငံ
ခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူးသံတမန် အမည်ဖြင့်ခန့်အပ်ခဲ့
သော်လည်း ထိုသံတမန်၏ အဓိက အာရုံစိုက်မှု မှာ မြန်မာပြည်ငြိမ်းချမ်းရေး
လုပ်ငန်းကို အထူးအာရုံစိုက်ခဲ့သည်ကို တွေ့ရသည်။ ဦးသိန်းစိန်လက်ထက်
မြန်မာပြည်တွင်းရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုင်းရင်းသားများပြု လုပ်
သည့် လိုင်ဇာ/လော်ခီးလာညီလာခံများတွင် ကုလသမဂ္ဂအထွေထွေအတွင်း
ရေးမှူး၏ အထူးကိုယ်စားလည်နှင့်အတူ တကွပါဝင်တက်ရောက်ခဲ့သည်ကို
တွေ့ရသည်။ ၂၀၁၆ ခုနှစ်ထဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏
အထူးကိုယ်စားလည်သက်တမ်းပြည့်သွားပြီး ထပ်မံခန့်အပ်ခြင်းမရှိတော့
သော်လည်း တရုတ်သံတမန်ကတော့ တက်ကြွစွာလှု ပ်ရှားဆဲဖြစ်သည်။ လက်ရှိ တရုတ်အထူးသံတမန်မှာ မစ္စတာဆွန်ကော့ရှန် Mr Sun Guoxiang
ဖြစ်ပါသည်။

မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၆ ခုနှစ် NLD အစိုးရတက်ပြီးနောက်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၆ ဇူလိုင်လကုန်ပိုင်းတွင် ကျင်း
ပပြု လုပ်သည့် မိုင်ဂျာယန်ညီလာခံသို့၎င်း သြဂုတ်လကုန်ပိုင်းတွင် ကျင်းပ
သည့် ၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးသို့၎င်း တက်ရောက်ခဲ့သည်
ကို တွေ့ခဲ့ရသည်။ ထိုနောက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် ဖြစ်ပွါး
သော မြောက်ပိုင်းမဟာမိတ်တို့နှင့် ဖြစ်ပွါးသည့်စစ်ပွဲအပြီးတွင် ပို၍ သိသိ
သာသာ သွက်သွက်လှု ပ်ရှားလာသည်ကို တွေ့ရသည်။ ထိုမြောက်ပိုင်းစစ်ပွဲ
သည် တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ထိခိုက်စေသည်သာမက
တရုတ်တို့၏အနာဂါတ် စီးပွါးရေးရည်မှန်းချက်များကို ထိခိုက်စေနိုင်သည့်
အပြင် တရုတ်နယ်စပ်တလျောက် စစ်မီးပိုမိုကြီးထွားလာနိုင်သည့် အခြေအ
နေ ဖြစ်ပွါးမလာစေရန် တားဆီးလို၍ ဖြစ်ကြောင်းသုံးသပ်ရပါသည်။

တရုတ်အထူးသံတမန်၏တွေ့ဆုံမှု များ
၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်တွင်ဖြစ်ပွါးသော မြောက်ပိုင်းစစ်ပွဲစတင်
ပြီးနောက်ပိုင်း တရုတ်တို့၏ လှု ပ်ရှားမှု ပိုမိုသွက်လက်လာခဲ့တော့သည်။
၂၀၁၆ နိုဝင်ဘာလအတွင်း တရုတ်ပြည်သို့အလည်အပတ်ရောက်ရှိနေသော
ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်သည့် ငြိမ်းချမ်းကော်မရှင်နှင့် တရုတ်
နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသော KIA/TNLA/MNDAA/AA မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ UWSA နှင့် မိုင်းလား အဖွဲ့ ၂ စုစု
ပေါင်း ၆ ဖွဲ့နှင့် ခွင်းမင်မြို့ ၌ ၂၀၁၆ ဒီဇင်ဘာ ၁ ရက်/ ၂ ရက်နေ့များတွင် တွေ့
ဆုံရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ စီစဉ်ပေးခဲ့သည်။ UWSA နှင့် မိုင်း
လားအဖွဲ့တို့နှင့် ငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံခဲ့သော်လည်း မြောက်ပိုင်း
မဟာမိတ် ၄ ဖွဲ့နှင့်တွေ့ဆုံရေး မအောင်မြင်ခဲ့ပေ။

သို့သော်လည်း တရုတ်တို့လက်လျှော့မသွားဘဲ ၂၀၁၆ ဒီဇင်ဘာ ၂၀ ရက်
နေ့တွင် မစ္စတာဆွန်ကော့ရှန်နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ငြိမ်းချမ်းရေး
ကိစ္စ ထပ်မံတွေ့ဆုံခဲ့ကြပြီး ၂၀၁၆ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး
ရန် အသင့်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်
ကို တွေ့ရသည်။

၂၀၁၇ ဇန္နဝါရီလ ၁၀ ရက်နေ့တွင် မစ္စတာဆွန်ကော့ရှန်သည် တရုတ်သံ
အမတ်ကြီး မစ္စတာ ဟုန်လျန် Mr. Hong Liang လိုက်ပါ၍ မြန်မာ့တပ်မ
တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို င်နှင့် နေပြည်
တော်တွင် လာရောက်တွေ့ဆုံခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
ဗိုလ်ချုပ်ကြီးမြထွန်းဦး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့လည်း တွေ့ဆုံရာတွင်ပါဝင်ခဲ့ သည်ဟုဆိုသည်။ အဆိုပါ တွေ့ဆုံမှု တွင် မြန်မာ့ငြိမ်းချမ်းရေးကိစ္စရပ်များအား အဓိကထားဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၇ ဇန္နဝါရီလ ၁၇ ရက်နေ့တွင် ဝ နယ် ပန်
ဆန်းသို့သွားရောက်ပြီး ဦးပေါက်ယိုချမ်းခေါင်းဆောင်သော UWSA ခေါင်း
ဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ တဖန် ၂၀၁၇ ဇန္နဝါရီလ ၁၉ ရက်နေ့
တွင် တရုတ်ပြည်ခွင်းမင်မြို့ ၌ မစ္စတာဆွန်ကော့ရှန်နှင့် မြောက်ပိုင်း မဟာမိတ်
၎ ဖွဲ့တို့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စများ
အား ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ပြန်သည်။ ဤသို့ တရုတ်သံတမန်၏ လွန်းပြန်ခရီးများကို တွေ့မြင်ခဲ့ရသည်။

လက်ရှိ တရုတ်ပေါ်လစီ
လက်ရှိတရုတ်ပေါ်လစီမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှရှေ့
ဆောင်ပြီး တရုတ်စစ်ဖက်က နောက်မှ ရံပေးနေသည်ဟုဆိုရမည်။ တရုတ်
သံတမန်သည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား
လုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ပါဝင်သွားရေးကို ရှေ့ရှု လုပ်ဆောင်နေသည်

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် တရုတ်လွတ်မြောက်ရေးတပ်မ
တော် အနောက်ဖက်စစ်နယ်ဝန်းတပ်မှူး Western Theatre Command
ဗိုလ်ချု ပ်ကြီး ကျောက်ဇုံးချိ Zhao Zongqi နှင့်အဖွဲ့သည် မြန်မာပြည်သို့
ရောက်ရှိခဲ့သည်။ တရုတ်ပြည်တွင် စစ်နယ်ဝန်း ၅ ခုခွဲခြားသတ်မှတ်ထားပြီး
အနောက်ဖက်စစ်နယ်ဝန်းသည် ယခင် ချင်တူးစစ်ဒေသနှင့် လန်ကျိုးစစ်ဒေ
သကို ပေါင်းထားခြင်းဖြစ်ပြီး ယူနန်ပြည်နယ် စစ်ချွမ်းပြည်နယ် တိဘက်တို့
ပါဝင်သည်ဟုဆိုပါသည်။ တရုတ်စစ်ဖက် ဗိုလ်ချုပ်ကြီး ကျောက်ဇုံးချိ နှင့်
မြန်မာစစ်ဖက်မှ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့သည်
၂၀၁၆ ဒီဇင်ဘာ ၁၂ ရက်နေ့၌ နေပြည်တော်တွင်တွေ့ဆုံခဲ့ကြပြီး တရုတ်နယ်
စပ်တည်ငြိမ်ရေးနှင့် ရှမ်းမြောက်ပဋိပက္ခတို့ကို ဆွေးနွေးခဲ့ကြသည်ဟုဆိုပါ
သည်။

လက်ရှိအချိန်တွင် တရုတ်စစ်ဖက်သည် တရုတ်နိုင်ငံခြားရေးသံတမန်
၏ ဆောင်ရွက်ချက်အောင်မြင်နိုင်ရေးအတွက် နောက်မှနေ၍ ထိမ်းထိမ်း
သိမ်းသိမ်းဆောင်ရွက်နေသည်ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မြောက်
ပိုင်းစစ်ပွဲအတွင် နယ်စပ်လုံခြုံ ရေးထိပါးသည့်ပြသနာများအား ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲကာလကကဲ့သို့ တင်းတင်းမာမာ တုန့်ပြန်ခြင်းမပြု ခဲ့ပေ။ မြောက်ပိုင်းစစ်ပွဲကာလအတွင်း ၎င်း၏နယ်နမိတ်အတွင်း မြန်မာဖက်မှ ဗုံးဆံကျ ခြင်း အရပ်သားထိခိုက်ခြင်းများအား ထိမ်းသိမ်းကိုင်တွယ်ခဲ့သည်
ကိုတွေ့ရသည်။ တရုတ်နှင့်ချောင်းသာခြားသည့် မုန်းကိုး၌ ပြင်းထန်စွာ တိုက်
ပွဲဖြစ်နေသည့်ကာလ၌ တရုတ်ပိုင်နက် မန်ဟိုင်းရှိ တရုတ်နိုင်ငံသားများရော
မြန်မာဘက်မှပြေးလာသည့် စစ်ဘေးဒုက္ခသည်များကိုပါ နယ်စပ်နှင့်ဝေးသည့်
ကျယ်ဖန့် မန်စီ မြို့ များဆီသို့ ပို့ဆောင်အကာကွယ်ပေးခဲ့ပြီး မြန်မာအစိုးရနှင့်
တပ်မတော်အားပြင်းထန်သည့်ကန့်ကွက်မှု မပြု ခဲ့ပေ။

တရုတ်စစ်တပ်က ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲကာလထက် များစွာ ပျော့ပြောင်းမှု ပြသနေခြင်းသည် တရုတ်နိုင်ငံခြားရေးသံတမန်၏လုပ်ဆောင် မှု အောင်မြင်နိုင်ရေးအတွက် တရုတ်တို့၏ ပျော့ပြောင်းမှု ကိုပြသနေခြင်း ဖြစ်သည်ဟုဆိုနိုင်ပါသည်။ တဖက်တွင်လည်း တရုတ်သံတမန်သည် မြန်မာ စစ်ဖက်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် မြောက် ပိုင်းမဟာမိတ် ၄ဖွဲ့အား တရုတ်ပြည်တွင်းသို့ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးစကား ဝိုင်းတွင် ပါဝင်နိုင်ရေး ကြိုးပမ်းနေသည်ကို တွေ့ရပေသည်။ ဤကား လက်ရှိ တွေ့မြင်နေရသည့် တရုတ်ပေါ်လစီအခင်းအကျင်းဟု ဆိုရပေမည်။
ထို့ပြင်တရုတ်အထူးသံတမန် မစ္စတာဆွန်ကော့ရှန်၏ လှု ပ်ရှားမှု များ အားလည်းဆက်လက်၍ မြင်တွေ့ရပါက အံ့သြဘွယ်ရှိမည်မဟုတ်ပေ။လက်ရှိ အချိန်တွင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာဆွန်ကော့ရှန်သည် UWSA အပါအဝင်မြန်မာပြည် မြောက်ပိုင်း တရုတ်နယ်စပ်မှအဖွဲ့အားလုံး အား ဆွေးနွေးပွဲစားပွဲဝိုင်းတွင် ပါဝင်နိုင်ရေး NCA လက်မှတ်ထိုးရေးတို့
အတွက် တွန်းတွန်းတိုက်တိုက်လုပ်နေမည်ဆိုပါက အံ့အားသင့်စရာရှိမည်
မဟုတ်ပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပေါ်လစီသည် တရုတ်နယ်
စပ်တည်ငြိမ်ရေးနှင့် တရုတ်အမျိုးသားအကျိုးစီးပွါးကို ရှေ့ရှု သည် မဟုတ်
ပါလော။

တချိန်တည်းတွင် မြန်မာအစိုးရနှင့်တပ်မတော်အနေနှင့်လည်း မြန်မာ
ပြည်အရှေ့မြောက်ပိုင်းရှိ UWSA နှင့် မိုင်းလားအား NCA လက်မှတ်ထိုးစေ
ရေးအတွက် UWSA အပေါ် တရုတ်တို့ တိုက်တိုက်တွန်းတွန်း ဖိအားပေးမှု ကို
လိုလားနေသည်။ တရုတ်တို့၏ ဖိအားပေးမှု ဖြင့် UWSA နှင့် မိုင်းလားတို့
NCA ထိုးရေးကို လိုလားနေပုံရသည်။ ထို့ကြောင့်လည်း နှစ်နိုင်ငံ ၂+၂ အစည်းအဝေး၌ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်တို့
အပြု သဘောဖြင့် ဆက်လက်ပါဝင်စေလိုကြောင်း မြန်မာဖက်က ပြောဆိုခဲ့
ခြင်း ဖြစ်ဟန်တူသည်။ တရုတ်အစိုးရ၏စီးပွါးရေးရည်မှန်းချက်နှင့် မြန်မာ
အစိုးရ၏နိုင်ငံရေးရည်မှန်းချက် အစပ်အဟပ်တည့်နေပုံရသည်။

မည်သို့ဆိုစေကာမူ မြန်မာပြည်ပေါ်၌ မည်သို့ပေါ်လစီကျင့်သုံးမည်ဆို
သည်ကို အဓိက အဆုံးအဖြတ်ပြု နိုင်သည်ကတော့ တရုတ်ပြည်ကွန်မြူ နစ်ပါ
တီ နိုင်ငံတကာရေးရာဌာနကြီးဖြစ်သည်ဆိုခြင်းကိုတော့ သတိမူထားရန် လို
အပ်ပေလိမ့်မည် ဖြစ်ပေသည်။

ပြီးပါပြီ
မောင်မောင်စိုး
( 22/2/2017 ရက်နေ့တွင် ဧရာဝတီမြန်မာပိုင်း၌ဖေါ်ပြပြီး )
photo credit ဧရာဝတီမြန်မာပိုင်း
No comments:
Post a Comment