ကျွန်မ တို့ ငယ်ငယ် က နှလုံးလှ ဆရာဝန်
(၁)
အတန်းဖော် သူငယ်ချင်း တစ်ဦးကို ပြန်သတိရနေသည်။
အရပ်ပုပု စကား နည်းနည်း တစုံတခု ကို တည်ငြိမ်စွာ စဉ်းစားနေဟန် ရှိသော်လည်း သူက အားကစားသမားကောင်းဖြစ်သည်။
(၁)
အတန်းဖော် သူငယ်ချင်း တစ်ဦးကို ပြန်သတိရနေသည်။
အရပ်ပုပု စကား နည်းနည်း တစုံတခု ကို တည်ငြိမ်စွာ စဉ်းစားနေဟန် ရှိသော်လည်း သူက အားကစားသမားကောင်းဖြစ်သည်။
တက္ကသိုလ် ကောလိပ် ပေါင်း စုံ အားကစား ပြိုင်ပွဲ တွင် သူ က မန္တလေး ဆေးတက္ကသိုလ် ၏ တာဝေး ချန်ပီယမ် လက်ရွေးစင်ဖြစ်သည်။ တခါတုန်း က မန်းကျုံး တပါတ် ပြေး ပြိုင်ပွဲ ကို ကျောင်း မှာကျင်းပ ရာ သူ ပထမ ဝင် ၏။ ဒုတိယနှင့် နာ ရီ ဝက် ကျော် ပြတ် သည်။ သူမှာ ပေါ့ပေါ့ပါးပါး။
တာဝေး အပြေး ရှင် အနေနှင့် ဒုတိယအမ်ဘီ ( အကြီး ၊ အငယ် ) အတန်း နှစ် တန်း ပြိုင်ရာ သူက ကျွန်မ တို့  အငယ်တန်း အတွက် ရွှေတံဆိပ် များ သိမ်းကြုံး ယူပေးသည်။ပူးတွဲ ချမ်ပီယမ် ဖြစ်ခဲ့သော အတန်းဖြစ်ခဲ့ရ သော ကြောင့် မမေ့။ ကျွန်မ ကတော့ သုံးယောက် ပြိုင် သော ပွဲများ တွင် တတိယ ရသည်၊ ဒုတိယ လည်း ရသည်။ ကျောင်းသား တဦး အတွက် မမေ့နိုင်စရာ၊တက္ကသိုလ် နေ့ ရက်များ ပါ။
သူ က မေ့လောက်စရာ မရှိသူ။ ဆေးကျောင်း ဝင် စ လူ မမြင် ရခင် ကပင် ထူးဆန်း သော သတင်း များ ကြားရသည်။
အရပ် ပျတ်ပျတ် ကို အင်လန်းအောင် ကို ဆေးတက္ကသိုလ် မန္တလေး တွင် ဒုတိယအမ်ဘီမှ စသင် သော ၁၉၈၁ မေလ တွင် ဆုံခဲ့ကြသည်။သွားဆေးတက္ကသိုလ် မှ ပြောင်းလာတာ တဲ့။
အရပ် ပျတ်ပျတ် ကို အင်လန်းအောင် ကို ဆေးတက္ကသိုလ် မန္တလေး တွင် ဒုတိယအမ်ဘီမှ စသင် သော ၁၉၈၁ မေလ တွင် ဆုံခဲ့ကြသည်။သွားဆေးတက္ကသိုလ် မှ ပြောင်းလာတာ တဲ့။
သူ့ ၏ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာတွင် သူ က သွားဆေးတက္ကသိုလ် သို့ သာ မှီလောက်သည်ထင်ပြီး လျှောက်ခဲ့သည်။
တိုင်းရင်း သားလူငယ်ဖြစ်ပြီး ရိုးသားဟန် အပြည့်နှင့် မောင်ကျောင်းသား ကို ထို ခေတ် က လူတွေ့ စစ်ဆေးချိန်တွင် လူလေး မင်း အမှတ် က ဆေးတက္ကသိုလ်သို့ တက်ခွင့်ရှိသကွဲ့ ၊ မင်း များ စိတ်ဝင်စား လျှင် မန္တလေး ဆေးတက္ကသိုလ်တွင် တက်ရောက်ရအောင် စီစဉ်ပေး မကွဲ့  ဟု လူကြီး များ က မေးကြရာ သူ့ ဆန္ဒ ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
ထိုစဉ်က အခြေခံပညာ အထက်တန်း၊ ဒေသကောလိပ် ပနှစ် ၊ ဒုနှစ် ထို သုံး နှစ် အမှတ်ပေါင်း ပျမ်းမျှ ကို အများအနည်း စီကာ တက္ကသိုလ်ဝင်ခွင့်များ လျှောက်ရသည်။ ဒေသကောလိပ် ပနှစ် တွင် သိပ္ပံ ၊ ဝိဇ္ဇာခွဲ ပြီး နောက်ထပ် သိပ္ပံ သခ်ာၤ၊ သိပၸံဇီဝ ထပ္ခြဲ၊ ဝိဇၹာ သခ်ာၤ နှင့်ဝိဇ္ဇာ ရိုးရိုး ထပ်ခွဲ ကာ တခု ကိုသာ လျှောက်ရသည်။ ဒုတိယနှစ်တွင် လုပ်ငန်း အတတ်ပညာ တခု ကို ရွေးရသည်။ မွေးမြူရေး၊ စိုက်ပျိုးရေး၊ရုပ်ရှင်လုပ်ငန်း ၊ စားသောက်ကုန် စသဖြင့်။ ထို နှစ်များ ကို ဖြတ်ကျော်ပြီး ကချင်ပြည်နယ် သား ကို အင်လန်အောင် တစ်ယောက် မန္တလေး ဆေးတက္ကသိုလ် သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဗထူး ဆောင် ၊ အောင်ဆန်း ဆောင် တွင် အခြားဆေးကျောင်းသားများ နည်းတူ အဆောင်နေခဲ့သည်။
ထို လူငယ်လေး အကြောင်း ကို ပြော စရာ ဖြစ်သွားခဲ့သည်ကို မှတ်မိသည်။ အလွန် နာမည်ကြီး သော ဇီးကွက်စိန် အမည်ရှိ
ညောင်ဦးဘက် မှ အရပ် (၇)ပေ ကျော်ရှည်သော အမျိုးသမီး ကွယ်လွန်ပြီး နောက် အရိုးစု ကို ချိတ်ဆွဲ ထား ရာ မန်း ဆေး ၏ ခန္ဓာဗေဒ ပြတိုက် အတွင်း သူ့ ကို မေးသည်။ အများ စု က သိသော်လည်း သူ က မသိပါတဲ့။ မကြားဘူး ပါတဲ့။ သို့ သော်
စာ မညံ့ပါ။ ထူးချွန် အဆင့် မဟုတ်သည့်တိုင် အတန်း တိုင်း စာမေးပွဲတိုင်း အောင်သည်။ တော်သည်။

(၂)
ကျွန်မ လည်း ဒုတိယအမ်ဘီ အပြီးတွင် ရန်ကုန် ဆေးတက္ကသိုလ် (၁) သို့ ပြောင်းခဲ့ရာ၊ သူငယ်ချင်း များ နှင့် ဝေးခဲ့ရသည်။ သို့ သော်နောက် ငါး နှစ် အလုပ်သင် ဆရာ ဝန် အပြီး တွင် အင်လန်းအောင် မြေအောက် မြေလျှိုး သွားခဲ့ကြောင်း ကြားခဲ့ရသည်။

ထို သတင်း သေချာသည် ကို ၁၉၈၉ ခုနှစ် မြစ်ကြီး နား လက်ထောက်ဆရာဝန် ဖြစ်သောအခါ ကျွန်မ သိရသည်။
ကျွန်မ ၏ လက်ထောက်ဆရာဝန် ဘဝ ပထမ ဆုံး တာဝန် သည် ကချင် ပြည်နယ် မြစ်ကြီးနားဆေးရုံ ဖြစ်လို့ ပါ။
မြစ်ကြီးနားတွင် မန္တလေး ဆေးတက္ကသိုလ် ဆင်း ဆရာဝန် သူငယ်ချင်း များ ဖြစ်သည့်ထွန်းထွန်းပိုင်၊ ဂျာအောင်၊ ဘရန် အောင် တို့ နှင့် တွေ့ရသည်။ မြစ်ဆုံ အထိ သွားလို့ မရသေး ချိန် သူ တို့ က ကျွန်မ ကို ကရိန်နောလိုက်ပို့ ကြသည်။ ထိုစဉ်က ဘရန် အောင်က အင်လန်းအောင် ရှိနေလို့ သူ က သွားစရာမလို တာဟု ကျွန်မ ကို ပြောသည်။ ကျွန်မ တို့ မှာ ဘက် နှစ် ဘက် မရှီ၊အင်လန်း အောင် ရှိသည့်ဘက် က လည်း ကိုယ့်ရန်သူ မဟုတ်။ အားလုံး မိတ်ဆွေ တွေ ချည်းဖြစ်သည်။ သို့ သော် မိတ်ဆွေရန်သူ ခွဲ ခြားကာ ဘက်ခွဲ နေ ကြသည် ကို သိလိုက်ရသည်။ သြော် ဒါက နိုင်ငံရေး ဖြစ်နေ ပါရော့လား။
ဆေးရုံဆို တာက ဘက်ခွဲ လို့ မရ။ အားလုံး ကို လုပ်ပေး လိုက်သည်။ အရောင်မရှိ။ တခါ က အမျိုး သမီး မီးယပ်သားဖွား
ဆောင် တွင် မိန်းမ ကို သတင်းလာမေးသူ နှင့် ဆေးရုံမှ အထွက် တွင် နောက်မှ လိုက်လာသော အဖွဲ့ နှင့် အချင်းချင်း
ပစ်ခတ် သလို ဖြစ်ခဲ့ဘူး သည်။
ကချင် ပြည်နယ် တွင် ကျွန်မ က နှစ် နှစ်သုံးလ အလုပ်လုပ်ခဲ့ သည်။ သို့ သော် အင်လန်း အောင် သူငယ်ချင်း ပါလို့ 
ဟိုဘက် က လာခေါ်ရင် ပြောပြစ်မယ် လို့ စိတ်ကူးထား သည်။ ဘယ်သူ မှလည်း လာမခေါ်ကြပါ။
ပါဂျို နား ဖော့တိုက်ပွဲ များ ၊ မိုင်းထိလူနာများ နှင့် ဆေးရုံတွင် စည်ကားနေသည့်အချိန် များ မမေ့နိုင်။ ဆေးရုံ အကြောင်း ကို တွေးမိလျှင် (၃) လ မပြည့်သေး ခင် သွေး လှူ ချင် နေသော အလုပ်သမား ခွန်ဂျပ် ကို မမေ့။
ရင်ခွဲ ရုံ စောင့် တာ ဝန်ကို တသက်လုံး ထမ်းခဲ့ သော ဦးလေး ကြီး က ပင်စင် ဆို တာ နားမလည်၊ ပင်စင် ယူ ပြီး အနားပေး လိုက်သည့်တိုင် ည(၉) နာရီ ဆို လျှင် အရေးပေါ် သို့ ရောက်လာပြီး ရင်ခွဲ ရုံ သော့လာတောင်းသည်။ သူ အလုပ်လုပ်ချင်နေသေး သည်။ စစ္စတာ နားလည်အောင်ရှင်း ပြသည်။ မရ။ အိမ်မှာ သူ့ အဖွား ကြီး တစ်ယောက်ထဲရှိတာကို စိတ်မပူ ၊သူ အလုပ်လုပ် ချင် နေတာ၊ မလုပ်ရမှာကိုသာ စိတ်ပူနေသည်ကို တွေ့ ရ။ သိတ် သစ္စာရှိကြသည်။
မီးမလာလျှင် မီးစက် နှင့်ခွဲ ယုံ ပေါ့။ လူနာလှည့်ကြည့်လျှင် အားပြန်သွင်း လို့ ရသော လက်ဆွဲ မီးအိမ်တွေနှင့်ပေါ့။ အိပ်နေတုန်း ဆေးရုံ ကား လာခေါ် လျှင် လိုက်သွားခဲ့သည်အမှန်ပင်။ ညသန်း ခေါင် လည်း ဘာမှ မဖြစ်ခဲ့။ ဝန်ထမ်း နေ အိမ် ရှေ့ ပါတ်လည် ကျင်း တူးထားသည် ကတော့ အချိန်မရွေး ပတ်ပြေး ရန် ကျင်းများ ပင်ဖြစ်သည်။
ထို အချိန် အချင်းချင်း တပ်မတော် နှင့် ကေအိုင်အေ နှင့် ပစ်ခတ်ကြသည်။ နှစ်ဖက် စလုံး ၏ ဆေးမှူး များ မှာ ကျွန် မတို့ သူငယ်ချင်းများ၊ အစ်ကို ကြီးများ ဖြစ်သည်။ အစ်ကို မျိုးမြစ် အောင် က တိုက်ပွဲ တစ်ခု အပြီး ပစ္စည်း သိမ်းရာ
ခွဲစိတ်ကု စာအုပ် Bailey and Love ဆို သော Henry Hamilton Bailey ရေး သော စာအုပ်ကြီး ကို စခန်းသိမ်း တိုက်ပွဲ
အပြီးတွေ့ ခဲ့ရပြီး ပိုင်ရှင် ဖြစ်သူ အင်လန်း အောင် ဆိုင်း ထိုး ထားသည့်အတွက် အစ်ကိုကြီး မှာ ရင်ထုမနာစိတ်မကောင်း
ဖြစ်စွာ ကျွန်မ တို့ ကို ပြန်ပြောခဲ့သည်။
သူ ကတော့ ကေအိုင်အေဘက်မှ ဒဏ်ရာရသူ များအတွက် နှလုံးလှ ဆရာဝန် ဖြစ်မှာ ပါ။
(၃)
နှစ် အတိအကျ မမှတ်မိတော့သော အချိန် ၊ ခန့် မှန်းခြေအားဖြင့် ကျွန်မ တို့ တတွေ ဆရာဝန် ဖြစ်ပြီး ခြောက်နှစ် ခန့် တွင်
သူ သတင်း ပြန်ကြား ရသည်။ ထိုအချိန် တွင် ကျွန်မ က ရန်ကုန် သို့ ပြန်ရောက်နေပါပြီ။
နှစ် အတိအကျ မမှတ်မိတော့သော အချိန် ၊ ခန့် မှန်းခြေအားဖြင့် ကျွန်မ တို့ တတွေ ဆရာဝန် ဖြစ်ပြီး ခြောက်နှစ် ခန့် တွင်
သူ သတင်း ပြန်ကြား ရသည်။ ထိုအချိန် တွင် ကျွန်မ က ရန်ကုန် သို့ ပြန်ရောက်နေပါပြီ။
တပ်မတော် ထိုး စစ် တွေ အတွင်း သူ လည်း လူနာ စခန်း နှင့်အ တူ ပြေး ကြပါသည်။
တစ်ကြိမ်တွင် သူ နှင့် လူနာ ၁၅ ဦးခန့်  နားနေ သော စခန်း မှာ ချောင်းရေ မမျှော်လင့်ပဲ မြင့်တက်လာသည်။
ပြေးနိုင်သည့်လူနာတွေ က ပြေး ကြသည်။
ပြေးနိုင်သည့်လူနာတွေ က ပြေး ကြသည်။
မပြေး နိုင်သော လူနာ တွေ ကို သူ ကိုယ်တိုင် ထမ်း ကယ် သည်။ အပြေး ချမ်ပီယမ် သူ အတွက် မပြေး ပါ၊
မပြေး နိုင်သော ဒဏ်ရာရများ အတွက် သူ ပြေးပါသည်။ ထမ်း ပြီး ပြေး ပါသည်။
မပြေး နိုင်သော ဒဏ်ရာရများ အတွက် သူ ပြေးပါသည်။ ထမ်း ပြီး ပြေး ပါသည်။
တောင်ပေါ် မှာ တောထဲမှာ အသွား အပြန် အခေါက်ခေါက် သယ်ပြီး ပို့ သည်။
တစ်ခေါက်ပြီး တစ်ခေါက် သယ်သည်။ လူကိုယ်တိုင်က မူ အာဟာရ ရှိတာစား၊ မီး နှင့်ချက် လို့ ရသည်မဟုတ်။
တိုက် ပွဲ တွေ ကဆက်တိုက် ၊ ဒဏ်ရာရသူ များ ကို မနားတမ်း ဆေးထည့်၊ ခွဲစိတ် ပေးခဲ့သည်။
သို့ သော် ထို နေ့ က တော့သူ မနိုင်တော့ပါ။
နောက်ဆုံးလူနာ ဘေးကင်း အောင် ပို့ ပေး ပြီး သည် နှင့် သူ အားတင်းထား သမျှ လျှော့ကြသွားသည်။
ချောင်းရေ အရှိန် အဟုန် ကို သူ ဘယ်လို မှ မထိန်း ထား နိုင်တော့ပါ။
သွားခဲ့ပြီ။ အကောင်းဆုံး ကြိုးစားခဲ့ပါသည်။ လောက ကြီး က သိပါသည်။
အဖ ဘုရားသခင် သိပါသည်။
လူနာတွေ အားလုံး လွတ် အောင် သယ်ခဲ့သည်။
လူနာတွေ လွတ် မြောက်ရေး က အဓိက
သူ က အပြေး ချမ်ပီယမ်၊ အစွမ်း အပြည့်ရှိသူပါ။ သို့ သော် သူ့ အတွက် အရင် မစဉ်းစားခဲ့ပါ။
ချောင်းထဲကို လမ်း မလျှောက် နိုင်တဲ့ ဒဏ်ရာရနေ တဲ့ကျွန်တော့်လူ နာတွေ ဘယ်လိုမှ ပါမသွားစေရ။
ကျွန်တော် အကောင်းဆုံး အားထုတ်မည်။
အင်လန်းအောင် ဆို တာ အဲသလို လူ
နှလုံးလှဆရာဝန်၊ သစ္စာ ကြီးမားသူ
သူ့ အသက်ကို မငဲ့စတမ်း ဆောင်ရွက် ခဲ့သော သူ့ ၏ နောက်ဆုံး နေ့ များ။
နောက်ဆုံး အချိန်များ။
လူနာ အားလုံး ရေ စီးဘေး မှ လွတ်မြောက်ခဲ့သည်။
သို့ သော် သူ ကမူ လွတ်အောင် မရုန်း နိုင်တော့၊ နောက်ဆုံး လူနာ အတွက် သယ် ပြီး သည်နှင့် မရုန်း နိုင်တော့ပါ။
မျောပါသွားခဲ့သည်။

(၄)
စစ်ဆို တာ က အခု ချိန် ထိ မပြီးဆုံး နိုင်သေး။
သူ့ ကို သတိရနေသည်။
ယနေ့ အချိန် တွင် အင်လန်း အောင် ဘာပြော မလဲ ကျွန်မ စဉ်းစား ကြည့်သည်။
သူ ပြောချင် တာကို ကျွန် မ သိနေ သည် ဟု ကျွန် မ ထင်သည်။
အလွန်ရိုးသား သော ၊ အလွန် သစ္စာ ကြီးသော ၊ အလွန် ကြိုးစား သော၊
အင်လန်း အောင်ပေါင်း များ စွာ ကျွန်မ တို့ ဆုံး ရှုံး ခဲ့ရပြီဖြစ်သည်။
အင်လန်းအောင်များ စွာ ဖြစ် နိုင်ခွင့် ရှိသည်။

ပြည်တွင်း စစ် များ ရပ်စဲ ပါစေ၊
အင်လန်း အောင် လို လူတွေ မဆုံး ရှုံး ပါရစေ နှင့်။
ညီလာခံ မှာ စကား တွေ အများ ကြီး ပြောကြတာ ရေဒီယို ထဲမှ ကြားရသည်။ သူတို့ ကို အင်လန်း အောင်အကြောင်း ပြောပြချင်သည်။
သူ ရှိခဲ့လျှင် အင်လန်း အောင်ဘာပြောမည်နည်း။
သူ ငယ်ချင်း ရှင်လျက် တွေ့ ရလျှင် မေးလိုက် ချင်သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxx

တင့်တင့်ကြည်
၃-၉-၂၀၁၆
.
ထပ်ရှယ်လိုက်တယ်ခင်ဗျ.. https://goo.gl/BHFYdMတစ်လ တစ်ခါလောက် ပြန်ဖတ်ရင်း၊ ငြိမ်းချမ်းရေး သတိရစေချင်ပါတယ်။ အင်လန်းအောင် IMM မန်းဆေးတက္ကသိုလ် (ရှေ့တန်း-၀ဲအစွန်).၊ သူ့အကြောင်း နှင့် ပြည်တွင်းစစ် လူတော်လူကောင်း များစွာ ဆုံးရှုံးမှုကို.. ဒေါက်တာတင့်တင့်ကြည့် နေပြည်တော် ကုတင်၁၀၀၀ ဆေးရုံ ၏ ကြေးမုံသတင်းစာ တွင်ဖော်ပြသော ဆောင်းပါး.. https://goo.gl/fffknZ (Update: 4-Aug-2018)
No comments:
Post a Comment