မုံရွာဦးသိန်းထိုက် (အင်ဂျင်နီယာ မှ လာအိုနိုင်ငံလုပ်ငန်ရှင်) စာအုပ် . .
တက္ကသိုလ်စိန်တင် ဟာ ကျော်ကြားတဲ့ နိုင်ငံရေးသမားစံနမူနာများ ရာဇဝင်ဘုရင်မိဘုရားများ အကြောင်းရေးသူ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ လူမသိတဲ့ ဆင်းရဲသားလူတန်စားဘဝ မှ မှန်ကန်စီးပွားရေးနဲ့ ကြီးပွားလာပီး မိမိရပ်ရွာမှာ ကုသိုလ်ကောင်းမှု စာသင်ကျောင်း လူမှုရေး လှုဒါန်မှု များစွာ လုပ်ခဲ့သူတဦးအကြောင်း ဖြစ်ပါတယ်။
.
ဘာကြောင့် မထင်မရှား မုံရွာသန်းထိုက် ရေးသားရသလဲဆိုတော့ သူဟာ ဘုန်းကြီးကျောင်းသား ဘဝ ကနေ ရတန်းအောင် စာရေးမလုပ်တော့ပဲ . ခက်ခဲစွာ အစိုးရထောက်ပံ့တဲ့ စက်မှုအထက်တန်းကျောင်း တက်ရောက် လာသူဖြစ်ပါတယ်။ အင်းစိန် AGTI ဝင်ခွင့်စာမေးပွဲအောင်ပြီး စက်မှုအင်ဂျင်နီယာ ဒီပလိုမာ ရရှိခဲ့ပါတယ်။ ချည်မျှင်အထည် အစိုးရဝန်ထမ်း SAE ဘဝ အနှစ်၂၀ လုပ်ခဲ့ပြီး ဂျာမဏီ ၁၄လ ပညာတော်သင် ပြန်လာခဲ့ပါတယ်။

ထူးမခြားနား ရာထူးလဲမတက်တဲ့ အစိုးရဝန်ထမ်း SAE ဘဝ က ရော်ကြေး ကျပ်၆သောင်း (Eqv USD ~3000) နဲ့ အလုပ် ထွက်ခွင့်ရပြီး နိုင်ငံခြားသွာမဲ့ အလုပ်ရှာပါတော့တယ်။ အဲဒီခေတ်က အစိုးရအလုပ် ထွက်ဖို့ဆိုတာ အလွန်ခက်ပါတယ်။ အသက် ၄၄နှစ်အရွယ် လာအိုနိုင်ငံ UN Volunteer အင်ဂျင်နီယာအလုပ် လစာ USD 750 နဲ့ရပါတယ်။ အလုပ်ရပြီး ၂နှစ်ကြာ မိသားစုခေါ်နိုင် အဆင်ပြေပေမဲ့ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်လို့ UN အလုပ်ကထွက် လာအိုနိုင်ငံမှာ ကုမ္ပဏီ ထောင်ပါတယ်။
.
လာအိုအစိုးရရဲ ဆောက်လုပ်ရေး တင်ဒါများ ကို စင်ကာပူက မိတ်ဆွေကုမ္ပဏီ ကတဆင့် ဝယ်ပေးတဲ့ အလုပ်နဲ့စတင်ချိန် အင်မတန် စားဝတ်နေရေး ခက်ခဲတဲ့အထိ အဖြစ်ကြုံရပေမဲ့ Net Steel က သံမဏိများကို ဈေးရင်းအတိုင်း လာအိုအစိုးရ ကန်ထရိုက် ဒေါ်လာတသိန်းဖိုး ရလိုက်ပါတယ်။ Net Steel, Singapore မှ တတန် ဒေါ်လာ၃၀၀ . . ကော်မရှင် 1.5% လောက်ရသွားပြီး . . တဖြေးဖြေး လာအိုသံမဏိလောက မြန်မာတဦးက အုပ်စီးလာနိုင်ခဲ့ကြောင်း။ လာအို အစိုးရ နဲ့ လာအိုမှာ လမ်းတံတားလုပ်ငန်း ကန်ထရိုက်ရတဲ့ ကိုးရီယား ဂျပန် တွေလဲ သစ္စာရှိ ကွာလတီကောင်း ဈေးသက်သာတဲ့ စင်ကာပူသံမဏိများကို ကြိုက်ကြကြောင်း။ အပြိုင် လာရောင်းတဲ့ ဗီယက်နမ် ထိုင်း သံမဏိများက ဈေးကြီးတဲ့အတွက် သူက အမြဲအနိုင်ရှိကြောင်း။ လာအိုများက တရုပ်ပစ္စည်းဆို လုံးဝ (လုံးဝ) မသုံး မဝယ်ကြောင်း။ လာအိုအစိုးရက လာပ်စားသူဆို ပေးသူရော ယူသူပါ သေဒဏ် ဖြစ်လို့ ပစ္စည်းရောင်းဝယ် Export/Import မှာ လာပ်စားမှု မြန်မာနိုင်ငံလို ကြံကြာအောင် ဌာနဆိုင်ရာ အခက်ခဲတွေ မရှိကြောင်း ။ လာအိုလူမျိုးများက မြန်မာလို စကာပြောမကြမ်း ဇယာမရှုပ်ပဲ အေးဆေး ရိုးဖြောင့် လုပ်ကိုင်ကြကြောင်း။ တနှစ်တခါ အစိုးရလူကြီးကို ပန်းခြင်းနဲ့ ပစ္စည်းလက်ဆောင် (ငွေသား လုံးဝမပါ) လက်ဆောင်ပေးကြောင်း။ အစိုးရကလည်း အချိန်မီ အလုပ်ပြီး အရည်သွေးမှန်ဖို့ပဲ ဦးစားပေးကြောင်း။
.
အခု လာအိုမှာ ၂၇နှစ် လုပ်ပြီးတော့ ၂၀၁၆ ခု အသက်၇၁နှစ်မှာ မြန်မာပြည်ပြန်လာပြီဖြစ်ကြောင်း။ စီးပွားရပ်နားပြီး အလှုဒါန်းများလုပ်ရင်း ဘုရားတရားနဲ့ ဇနီးသမီး တဖဦးပါ လာအိုကနေ မြန်မာပြည် ပြန်လာကြောင်း။ သားကြီးနဲ့ သမီးလတ်ကတော့ အမေရိကန်နိုင်ငံ ပညာသင်သွားရင်း အဲဒီမှာပဲ အိမ်ထောင်ကျ နေထိုင်ကြကြောင်း။ မိမိကတော့ ရန်ကုန်လဲ အိမ်ရှိပေမဲ့ မနေပါ။ မန္တလေးမှာ ဘုရားပုထိုး သံဃာပေါများတော့ မန္တလေးမှာပဲ အရိုးထုတ်မဲ့ အင်ဂျင်နီယာတစ်ဦး ရိုးရှင်းတဲ့ ကြီးပွားချမ်းသာမှုလေးပါ။

(စကားချပ် . . Corruption CPI 2014 အရ . . ရမှတ် 100% ဆိုရင် လာပ်စားမှု လုံးဝမရှိပါ။ စင်ကာပူ ရမှတ်(87%) နဲ ထိပ်တန်းအဆင့် မလေးရှား(50%), ထိုင်း(35%), ဖိလစ်ပိုင်(34%), Indonesia(32%),Vietnam(31%). Laos(26%). Myanmar(21%), Cambodia(30%), နောက်ဆုံးဘိတ် North Korea(8%) ဖြစ်ပါတယ်)။
.
လှုဒါန်းမှုပေါင်း သိန်း၅ထောင်ကြော် (1989 to 2016) ရှိပါတယ်။ နောက်ထပ်လည်း ထိုထက်မက လှုဒါန်းဖို့ရှိကြောင်း ရေးထားပါတယ်။

မြန်မာပြည်က စီပွားလုပ်ငန်းတွေ အလွန် ရှုပ်ထွေး လာပ်ပေး လာပ်ယူမှုတွေ များပြားပေမဲ့ မကြာခင် အဂတိနည်းတဲ့ စနစ်တွေ ဌာနဆိုင်ရာတွေ ဖြစ်လာရင် ဒီစာအုပ် ဖတ်ထားသူအဖို့ အများကြီး အကျိုးရှိပါတယ်။ ဆောက်လုပ်ရေး လမ်းတံတား မြစ်ချောင်းဆည် လုပ်ငန်းများ တည်ဆောက်ရေး လုပ်ငန်းများအကြောင်း ပစ္စည်းတင်ဒါ လုပ်နည်းများ စီပွာဆက်ဆံမှုများ ဗဟုသုတရပါတယ်။
ဒီစာအုပ် ဖတ်သူများ မုံရွာဦးသိန်းထိုက် ကဲ့သို့ မှန်ကန်စွာ စီးပွားလုပ်နိုင်သူ အောင်မြင်သူ များစွာ မြန်မာပြည်မှာ ပေါ်လာမယ် စာရေးသူ တက္ကသိုလ်စိန်တင် က မျှော်လင့်နေပါတယ်။
No comments:
Post a Comment