Thursday, February 23, 2017

မြို့ပြကျးလက်ခရစ်ယန်များရဲ့သာသနာ (ဥပဒေအမြင်ဖွင့်သင်တန်း)

မြို့ပြကျးလက်ခရစ်ယန်များရဲ့သာသနာ (ဥပဒေအမြင်ဖွင့်သင်တန်း)
သူတောင်ပြောရဲတော့ မိမိတို့လည်း အခြေအနေမှန်ကို သိဖို့ ဥပဒေစိုးမိုးဖို့ ကြိးစားရမှာပါ။ မြန်မာနိုင်ငံခရစ်ယန်ကောင်စီက အသင်းတော်များကို ဥပဒေအမြင်ဖွင့်ပေးဖို့ သင်တန်းဖွင့်ပေးပါတယ်။ မစ်ရှင်၊ဧဝံဂေလိအကြောင်း နဲ့ ဥပဒေကျွမ်းကျင်သူတို့ မြန်မာနိုင်ငံ ရာဇဝတ်မှု၊ တရားမမှု၊ လိမ်လည်မှု၊ လူကုန်ကူးမှု စတဲ့အကြောင်းတွေကို ပညာပေးသင်ကြား ပြောဆိုပါတယ်။
.
တရားရုံးများ၊ ရဲစခန်းများမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်လို့ တရားဥပဒေစိုးမိုးလာရေးကို မေတ္တာစေတနာနဲ့ပြောသွားပါတယ်။
.
.
လူကုန်ကူးမှုအခန်းကိုပဲ ရေးပါမယ်။
.
လူကုန်ကူးခြင်းကို မြန်မာအစိုးရက ၁၉၉၅ ခုနှစ်မှာ စတင်သတိပြုလာပြီး ၁၉၉၇ ခုနှစ်မှာ အမျိုးသားရေးတာဝန်လို လုပ်ဆောင်လာပပါတယ်။ ခုနှစ်၂၀၀၀ မှာ UNCTOC အဖွဲ့ဝင်ဖြစ်လာပြီး နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းလုပ်ဆောင်လာပါတယ်။့ ထင်တာက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့..အခုတော့ ..အဖမ်းခံရပြီး အိမ်ပြန်ရမယ်။ စာနာစိတ်ရှိသူ မြန်မာအာဏာပိုင်တဦးက မိန်းကလေးတွေကို ပြန်ခိုင်း၊ ယောင်္ကျားလေးတွေကိုတော့ မင်းတို့ ကားခ တယောက်၅သောင်းကျပ်နဲ့ DKBA ကားပေါ်တက်ပြီး ထိုင်း နယ်စပ်ကိုဆက်သွား၊ ဘယ်သူမှမစစ်ဆေးရဲဘူး၊ သူတို့ပဲ ဟိုဘက်ကို ပို့ပေးမယ်၊ ပြီးတော့ ဒီဆက်သွယ်ရမဲ့ မိတ်ဆွေတွေ နံပါတ်တွေ ပေးလိုက်ပြီး၊ ဖုန်းခေါ် အလုပ်ရှာပေးလိမ့်မယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ မသွားနဲ့၊ ဂိန်သွားလိမ့်မယ်။ ဘုရားတရားနဲ့နေပေါ့။ သောက်စားတာတွေ ရှောင်ပါ .. ပြောဆိုပြီး လွှတ်လိုက်ပါတယ်။ အခုထိအောင် ကျေးဇူးတင်နေတဲ့ လူငယ်တွေ များစွာ မြန်မာနိုင်ငံပြန်ရောက်သူတွေ၊ ထိုင်းနိုင်ငံမှာပဲ လုပ်ကိုင်နေဆဲတွေ အများကြီးရှိနေပါတယ်။ တရားဝင် ဝန်ထမ်း ဘဝကနေ တရားမဝင်လုပ်ဖို့ လမ်းပြနေတာ မလုပ်သင့်ပေမဲ့ ..ရိုးသားစွာ တပြားမှအခမယူပဲ လုပ်ပေးတာကြောင့် ဘုရားသိပါတယ်။ တနေ့ ထိုင်းနိုင်ငံရောက်တော့ ကုလားလေး၃ယောက်က ဆက်သွယ်လာပြီး သူတို့နေတဲ့ ပတ္တရားမြို့ကို ဖိတ်ခေါ်ပါတယ်။ ခရစ်ယန်ကုလားလူငယ်လေး၃ယောက် စက်ချုပ်တတ်တော့ အခု ပတ္တရားမြို့မှာ စက်ချုပ်ဆိုင် ၃ဆိုင်ထောင်ထားတယ်။ သင်းအုပ်၂ယောက်လဲ ခေါ်သွားပြီး လည်ပတ်တယ်။ နေ့ချင်း ဥရောပဝတ်စုံ ချုပ်ပေးတယ်၊ ကြွေးမွေးတယ်၊ ဟိုတယ်များစွာမှာ ပင်လယ်ကမ်းခြေ အပမ်းဖြေစေတယ်။ ညဈေး ဆိုတာကို လျှောက်ကြည့်တော့ အလွန်ဝမ်းနည်းဘွယ် ကလေးသူငယ် ယောင်္ကျား၊ မိန်းကလေးများစွာ မွေးစားဖို့၊ ခိုင်းစေဖို့ ကျွန်ရောင်းသလို ရောင်းချနေတာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အများဆုံးတွေ့ရတယ်။ မြန်မာကလေးငယ်များ ပါသလား စိုးရိမ်ပေမဲ့ ..မကြားခဲ့ရဘူး။ ဘန်ကောက်မှာလဲ ဒါမျိုး ပတ်ပုန်း ဆိုတဲ့နေရာရှိတယ်။ လူကုန်ကူးမှုအကြောင်း ကိုယ်တွေ့ အဖြစ်ပါ။
.
ပို့ချသူရဲ့ အမြင်တွေက မိမိအမြင်နဲ့ကိုက်ညီနေလို့ တင်ပြရခြင်းပါ။
လူကုန်ကူးမှုဥပဒေကို ပြစ်ဒဏ်ကြီးမားစွာ ချထားပေမဲ့ လူ့အခွင့်အရေးကတော့ နည်းပါးနေဆဲ၊ ငွေအာဏာရှင်စနစ်ကို ရောက်မှန်းမသိ ရောက်နေပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရက စင်ကာပူကို မိန်းကလေးငယ် ၅သောင်းကျော် ၂နှစ်အတွင်း အိမ်ဖော်အဖြစ် ပို့လိုက်ခြင်းကနေ မြန်မာမိန်းကလေးများ ၂ပြားမတန် ဘဝကို ရောက်မှန်းမသိ ရောက်သွားပါတယ်။ စင်ကာပူကိုအိမ်ဖော်အလုပ် တရားဝင်သွားလုပ်လို့ မရပေမဲ့ တရားမဝင် သွားနေတုန်းပါပဲ။ အခုဆို ရန်ကုန်မှာ အိမ်ဖော်လုပ်စားတဲ့ မိန်းကလေးငယ်များစွာ ရှိနေပါတယ်။
.
မိမိ စင်ကာပူမှာ နေထိုင်ခဲ့စဉ် နောက်ဆုံးကာလ ၂၀၁၆ အတွင်းမှာ ..တိုင်းရင်းသားမိန်းမငယ်လေးများစွာ အသက်မပြည် (၂၁နှစ် မှတ်ပုံတင်လိမ်လည်) ပြီးတော့ စင်ကာပူကို အိမ်ဖော်အဖြစ် ရောက်ခဲ့ပါတယ်။ ပထမ ၃လအတွင်းမှာ ယဉ်ကျေးမှုပြောင်းတဲ့ဒဏ်ကို အလူးအလဲ ခံရပါတယ်။ ဘာသာတရားရဲ့ အဆုံးအမ၊ အဖွဲ့အစည်းကောင်းနဲ့ အိမ်ရှင်ကောင်းရဲ့ စောင်မမှုကို ၉၀% မြန်မာအိမ်ဖော်များက ခံရလို့ အဆင်ပြေတာများပါတယ်။
.
ဒါပေမဲ့ ၁၀% လောက်ကတော့
၁။ မိမိတို့ရဲ့ ဆင်းရဲမွဲတေ၊ အသိပညာနည်းပါမှုကြောင့်
၂။ အိမ်ရှင်များရဲ့ စရိုက်ဆိုးမှုကြောင့်
၃။ နောက်ဆုံး အေးဂျင့်များ (မြန်မာ၊ စင်ကာပူ) ရဲ့ လစ်လျူပြုမှုကြောင့် .. အလူအလဲခံစားပြီး အထူးသဖြင့် ချင်းတောင်ပေါ်သူ မြန်မာစကားတောင် ကောင်းကောင်းမတတ်တဲ့ ခရစ်ယာန်ဘာသာဝင် တိုက်ပေါ်က ရောက်ခါစ မခံနိုင်လို့ ခုန်ချသေဆုံးမှု တလတခုတော့ ဖြစ်နေပါတယ်။ ပထမ ၃လတာ ကျော်လွန်သွားရင်တော့ အိုကေသွားပါတယ်။
.
အိမ်ရှင်ကောင်းလွန်းလို့ ခုန်ချသေဆုံးသွားတဲ့ ကချင်အမျိုးသမိးငယ် .. ရောက်ရောက်ချင်း အိမ်ရှင်က အပြင်ထွက်ခွင့်..ဘုရားကျောင်းသွားခွင့် ပေးပါတယ်။ မြန်မာနဲ့ပဲ ရီးစားရရှိသွားတယ်၊ နောက် ဓမ္မတမလာတော့ အရှက်အတွက် အသက်ပေးသွားရှာတယ်။ ကိုယ်ဝန်ရှိရင် စင်ကာပူအိမ်ဖော်ဥပဒေအရ အလုပ်ဆက်မလုပ်ရ အိမ်ပြန်ရမှာလဲ မပြန်ချင်၊ နှစ်သိမ့်ကူညီမဲ့သူလဲမရှိ၊ ဝမ်းနည်းစရာပါ။
.
ဒါကြောင့် ပို့ချသူ ရဲမှုဥပဒေအရာရှိဟောင်း ဦးကျော်မြင့် က ဦးသိန်းစိန်အစိုးရကို စင်ကာပူသို့မြန်မာအိမ်ဖော် အမြောက်အများလွတ်ခဲ့ခြင်းကို အပြစ်တင်ပါတယ်။ အခုတော့ ပိတ်ထားပေမဲ့ .. ဗီဇာလဲမရှိတော့.. အိမ်ဖော်မှန်းသိရင် လ.ဝ.က လေဆိပ်က ပိုက်ဆံတောင်းပြီး (လူမှုရေးအရ) ခွင့်ပြုနေဆဲပါပဲ။
.
.
.
လူကုန်ကူးခြင်းကို မြန်မာအစိုးရက ၁၉၉၅ ခုနှစ်မှာ စတင်သတိပြုလာပြီး ၁၉၉၇ ခုနှစ်မှာ အမျိုးသားရေးတာဝန်လို လုပ်ဆောင်လာပါတယ်။ ခုနှစ်၂၀၀၀ မှာ UNCTOC အဖွဲ့ဝင်ဖြစ်လာပြီး နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းလုပ်ဆောင်လာပါတယ်။
.
.
မြန်မာလူငယ် ယေင်္ကျားလေး၊ မိန်းကလေး အမြောက်အများ စင်ကာပူ၊ မလေးရှား မသွားနိုင်ပေမဲ့ ထိုင်းနိုင်ငံကို လူကုန်ကူးခံရပါတယ်။ အဆိုးဝါးဆုံးကတော့ ပင်လယ်ငါးဖမ်းရေလုပ်ငန်းပါ။ ကိုယ့်ကိုယ်ကို လူကုန်ကူးခံရမှန်းတောင် မသိပဲ ပင်လယ်ထဲ နေပူ၊ တနပ်ပဲ ထမင်းကြွေး၊ ဖျားနာနာမကျန်း အလုပ်မလုပ်နိုင်ရင် ပင်လည်ထဲပစ်ချ ..အလွန်ဆိုးဝါးလှမှုကို မြန်မာနိုင်ငံသား အမျိုးသမီးနဲ့မီဒီယာက ဖော်ထုတ်ခဲ့လို့ အခုတော့ အရင်လောက်မဆိုးတော့ပါဘူး။ အများစုကတော့ ထိုင်းနိုင်ငံ စားသောက်ဆိုင်၊ မာဆပ်၊ ကေတီဗီ၊ ဟိုတယ်မိုတယ်တွေမှာ အလုပ်လုပ်ရင် နောက်တော့ ပညာနည်းသူတွေ၊ ငွေမက်လွန်းသူတွေ အလွန်ဆိုးဝါးတဲ့ လိင်လုပ်ငန်းတွေမှာ ရောက်ရှိသွားပါတယ်။ နောက်ပိုင်းတော့ တရုပ်နိုင်ငံကြီးတိုးတက်လာချိန် ယူနန်ပြည်နယ်ကိုဖြတ်ပြီး ကလေးငယ်၊ မိန်းမများစွာ လူကုန်ကူးခြင်း ခံရပြန်ပါတယ်။ တရုပ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းနှိမ်နင်းမှုကြောင်း စစ်အစိုးရလည်း အာဏာလွှဲပြောင်းပေးလိုက်တော့ အရင်လောက်မဆိုးတော့ပါဘူ။ ဒါပေမဲ့ အခုချိန်ထိ တရားဝင်၊ တရားမဝင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်း စတဲ့နိုင်ငံများကို အလုပ်သွားလုပ်နေဆဲဖြစ်ပါတယ်။ လူကုန်ကူးမှုတွေလည်း ရှိနေဆဲဖြစ်လို့ သတိထားသင့်ကြောင်း ..
.
ဥပဒေအမြင်ရှိဖို့ မြန်မာများစွာ လိုအပ်ပါတယ်။
.
မတရားမှုတွေ တွေ့ရင် တရားစွဲ၊ ရဲတိုင် မလုပ်ကြပါနဲ့...။ စည်ပင်၊ အုပ်ချုပ်ရေးမှုးကို စာနဲ့တိုင်ကြပါ။ ရပ်ကျေးအုပ်ချုပ်ရေးမှုးနဲ့ မရရင်၊ မြို့နယ်၊ တိုင်းဒေသကြီးထိ မရရင် သမ္မတအထိ တိုင်ပါ။ မရရင် နိုင်ငံတော၏အတိုင်ပင်ခံအထိ တိုင်နိုင်နေပါပီ။ မီဒီယာကလဲ အစွမ်းထက်တော့ မီဒီယာနဲ့ဖော်ထုတ်ပေမဲ့ ငွေအာဏာရှင်က အသရေဖျက်မှုနဲ့ ပြန်တရားစွဲတာမျိုးကို ကြောက်ကြတယ်။ မိမိက မှန်တယ်ဆိုရင် ၁။ တိုင်လိုက်လို့ ဘယ်သူအကျိုးရှိမလဲ၊ ကောင်းလာမှာလား ..ဆိုတာ ဆင်ချင်တတ်ဖိုက ..အဖွဲ့အစည်းနဲ့လုပ်တတ်ဖို့ အရေးကြီးပါတယ်။
.
ပို့ချမှုများမှာ မြန်မာတိုင်းသိနေတဲ့ လူကုန်ကူးမှုကို ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှာ ဝန်ထမ်းတွေကို ပညာပေးမှု ပါဝါပွိုင့် ဆလိုက်များ ကြည့်နိုင်၊ လေ့လာဖို့ပါ။
.
ဇော်အောင်
၂၃-၂-၂၀၁၇



Murann Ezine added 3 new photos.
1 hr
မြို့ပြကျးလက်သာသနာ U.R.M တတိယနေ့. ..
ဆရာရမ်း (Rev ရန်းဂါးဂျွန်) ဆရာမဒေါ်စိန်ချစ် ရှေ့နေဆရာယောလ. . လမ်းဖြောင့်မဂ္ဂဇင်း၂၀၁၆...
 ကျမ်းပိုဒ်၊ လုကာ ၄း၁၈-၁၉
၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။
၁၉ အကြောင်းမူကား၊ ဆင်းရဲသား တို့အားဝမ်းမြောက်စရာ သိတင်းကိုကြားပြောစေခြင်း ငှါငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်း ကိုပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြား ပြောစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီး ဟုလာတည်း။
.
ဆရာရမ်း (သိက္ခာရဆရာတော်)
ပြည်သူ့ဆက်ဆံရေး၊ ပုသိမ်မြောင်းမြ၊ စကောကရင်နှစ်ခြင်းသာသသနာ.နှစ်ပေါင်း၃၀ခန့် အမှုဆောင်ခဲ့ပေမဲ့ မနှစ်ကမှ သိက္ခာတော်ရဆရာတော် အဖြစ်ကို ရရှိခဲ့ရာမှ အထက်ပါကျမ်းပိုဒ်အားဖြင့် အသက်ရှင်ခဲ့ရကြောင်း .. လက်တွေ့သာသနာနယ်မှာ အမှုအခင်းများစွာအကြောင်း ပုံသက်သေများနဲ့ သင်တန်းပို့ချသွားပါတယ်။ နောက်ဆုံးဆွေးနွေးခြင်းက မန်းကျော်စိုး သာသနာညှိုးနွမ်းစေမှုဖြစ်ပါတယ်။ လက်ရှိ ဧရာဝတီတိုင်းအစိုးရမှာ လုံခြုံစီမံအဖွဲ့၊ ဘာသာ၎ခုအဖွဲ့၊ မူးရစ်ဆေးဝါအဖွဲ့၊ ဘာသာကူးပြောင်းခြင်းအဖွဲ့ တွေမှာတာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
.
ဥပမာများစွာထဲမှ တခု .. အပြစ်ရှိသူကို စီရင်မလား၊ ကယ်တင်မလား၊ ကျမ်းစာအရတော့ ကယ်တင်ရမှာဖြစ်ပါတယ်။ ကျနော့် တူမလိုတော့ မဖြစ်ပါစေနဲ့၊ ငယ်စဉ်ကတည်းက ခရစ်ယန်မဟုတ်သူနဲ့ ချစ်ကြတော့ ..မိဘများက .. ဟေ့ ..ဘာသာမတူရင်မဖြစ်ဘူး .. တားမြစ်ကြတာ..နောက်ဆုံး တူမက မိဘများကိုပြန်ပြောတယ်။ သမီးက မိဘသဘောမတူပဲပေါင်းသင်းကြတယ်။ အခုတော့ ကလေး၃ယောက်နဲ့.. သူတို့အိမ်ကိုသွားလည်ပတ်တော့ ..တူမဖြစ်သူက သားသမီးများကို ဆဲဆိုအပြောဆိုကြမ်းတမ်းလှတယ်။ ခရစ်ယန်မဟုတ်တဲ့ တူမယောင်္ကျားက ကျနော်ကိုတော့ လက်အုပ်လေးချီပြီး ဦးလေး၊ ဆရာ၊ ကျနော့်ကို ခွင့်လွှတ်ပါ ..ဆိုပြီး အရက်မူးလွန်စွာနဲ့ ရောက်လာတာတွေ့ရတယ်။
.
အသင်းတော်တွေမှာ ကျမ်းစာသင်ရတာကောင်းပါတယ်။ ဒါပေမဲ့ မြို့ပြကျေးလက် သာသနာပြု ထမ်းဆောင်ရတာ အဆပေါင်းများစွာ ခက်ခဲပါတယ်။ ထိုအမှုဆောင်များကြောင့် သာသနာ ဘုန်းတော်ထင်ရှားနေရခြင်း ဖြစ်ပါတယ်။
.
အခုသင်ခန်းစာမှာတော့ ယေရှုဟာ
၁။ ဘုရားသားဖြစ်တယ်
၂။ လူသားဖြစ်တယ်
၃။ မေရှိယ (ကယ်တင်ရှင်၊ ဘုရားဖြစ်တယ်) ဆိုတဲ့အကြောင်းများ ဖြစ်ပါတယ်။
.
.
ညနေပိုင်းဆွေးနွေးမှုများ...
ဆရာမဒေါ်စိန်ချစ်
နှစ်ပေါင်းများစွာ အမျိုးသမီးရေးရာ အမှုတော်ထမ်းနေသူ ဖြစ်ပါတယ်။ အကြမ်းဖက်ခြင်းအကြောင်း ပို့ချပါတယ်။ ပုသိမ်မြောင်းမြ သာသနာက ကိုင်တွယ်ပေးတဲ့ အသက်၇နှစ်က ၄၇နှစ်အပျိုကြီးအထိ ကလေးသက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးလိင်အကြမ်းဖက်မှု၊ မတရားခိုင်းစေမှု အမှုပေါင်းများစွာ ဓါတ်ပုံများပြသပြီး။ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ဆွေးနွေးပါတယ်။
အကြမ်းဖက်မှုဆိုတာဘာလဲ၊ အကြမ်းဖက်မှုအမျိုးအစား၊ ကာကွယ်ခြင်း၊ ကယ်ဆယ်ခြင်း ..စတဲ့အကြောင်းများဖြစ်ပါတယ်။
ရှေ့နေဆရာယောလ
ဥပဒေနဲ့တရားရုံးများ၊ ရဲတပ်ဖွဲ့များအကြောင်းကို မျိုးစောင့်ဥပဒေနဲ့အတူ ရှင်းလင်းပို့ချသွားပါတယ်။
.
.
U.R.M (Myanmar Christian Council MCC) ..
ပထမနေ့မှာ ရန်ကုန်အမ်စီစီမှ ဆရာသောမတ်ကြိုင် (နှုတ်ကပတ်တော်) နဲ့ ဒုတိယနေ့ ရဲမှုးဥပဒေအရာရှိ(အငြိမ်းစား) ဆရာဦးကျော်မြင့် တို့က ပို့ချသွားပါတယ်။ https://goo.gl/7EdbHN
.
.
မြို့ပြကျေးလက်သာသနာ .. ဘယ်သူ့အတွက်လဲ...
.
* ကြမွသော သူတို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊
* ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်း
* မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်း
* ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊
* ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြား ပြောစေခြင်းငှါ၎င်း၊
ကျမ်းပိုဒ် ..လုကာ ၄း၁၈-၁၉
.
The End....

No comments:

Post a Comment