ဒေါက်တာနီလာလွင် . နိုင်ငံခြားမှ ပါရဂူဘွဲ့ရှိပြီး မြန်မာပြည်မကွေးတက္ကသိုလ်တွင် သရုပ်ပြဆရာအဖြစ် အလုပ်ဝင်နေသူ. .
.
● ပထမဦးဆုံး အစ်မရဲ့နာမည်နဲ့ ပညာသင်ယူခဲ့တဲ့ တက္ကသိုလ်တွေရဲ့နာမည်ကို ပြောပြပေးပါ။
.
● ပထမဦးဆုံး အစ်မရဲ့နာမည်နဲ့ ပညာသင်ယူခဲ့တဲ့ တက္ကသိုလ်တွေရဲ့နာမည်ကို ပြောပြပေးပါ။
အစ်မရဲ့နာမည်က ဒေါက်တာနီလာလွင်ဖြစ်ပါတယ်။ အစ်မက ပထမဦးဆုံး ရေနံချောင်းကောလိပ်မှာ ရူပဗေဒ အထူးပြုနဲ့ ၂ နှစ်တက်ခဲ့ပါတယ်။ နောက်တော့ ဂုဏ်ထူးတန်းဝင်တော့ မကွေးတက္ကသိုလ်မှာ ၃ နှစ်တက်ခဲ့ပါတယ်။ ပြီးတော့ ရန်ကုန် တက္ကသိုလ်ကို Engineering Physics ဆိုပြီး ၂ နှစ်ပြောင်းတက်ခဲ့ပါတယ်။ အဲ့ဒီကနေမှ Master of Research ၀င်သွားတယ်။ ပြီးတော့ PhD ပထမနှစ်အတွက် လုပ်နေတုန်းမှာ အစ်မရဲ့ Senior အစ်မတယောက်လည်းလိုလဲဖြစ်၊ ဆရာမလည်းဖြစ်တဲ့ သူက JICA ကနေ ပညာသင်ဆုရသွားတယ်။ ဟိုရောက်တော့ သူက သုတေသနအတွက် Grant (ထောက်ပံကြေး) တွေလျှောက်တဲ့အခါမှာ အစိုးရကပေးတဲ့ Grant အကြီးကြီး တခုကို ရသွားတယ်။ အဲ့တော့ ကျောင်းသားလိုလာတာပေါ့။ အဲ့ဒီမှာသူက အစ်မကို မလေးရှာနိုင်ငံမှာ PhD လာလုပ်ဖို့ စိတ်ဝင်စားလားဆိုပြီး မေးလာပါတယ်။ အစ်မက လုပ်ချင် တယ်ဆိုတော့ သူက သူ့ရဲ့ပါမောက္ခနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို မေးမြန်းပြီး အစ်မကို ပို့ခိုင်းတယ်။ ဒီလိုနဲ့ အစ်မလည်း ကျောင်းတက်ခွင့်ရခဲ့တယ်။ ပထမကတော့ ကျောင်းကပေးတဲ့ Grant ထဲက ရတဲ့ထောက်ပံ့ငွေ Allowance နဲ့ပဲ အစ်မနေ ခဲ့တယ်။ Registration Fees တွေကိုတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေးပါတယ်။ ရေရှည်ကျတော့ ပေးရတဲ့ ပမာဏကများတော့ အစ်မလည်း မတတ်နိုင်ဘူး။ ဒါနဲ့ ကျောင်းကပေးတဲ့ ပညာသင်ဆုတွေကို လျှောက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ တကြိမ်ပဲ လျှောက်ရတယ်။ အဲ့ဒီက ပညာသင်ဆုကို အစ်မရခဲ့ပါတယ်။ အခက်အခဲတွေတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမယ့် လေးနှစ် ကျော်ကျော်လောက်မှာတော့ အစ်မ PhD ရခဲ့ပါတယ်
● အစ်မ PhD ပြီးသွားတော့ရော အဲ့ဒီကျောင်းမှာပဲ ဆက်ပြီး အလုပ်လုပ်ခဲ့တာပါလား။
Research Officer အနေနဲ့ ယာယီလုပ်ခဲ့ပါတယ်။ ၆လ၊ ၇ လလောက်လုပ်ခဲ့တယ်။ ဒီကြားထဲမှာလည်း တခြားကျောင်းတွေကို လျှောက်ခဲ့သေးတယ်။ နောက်တော့ University of Malaya, Kuala Lumpur ကနေ အစ်မကို ခေါ်စာ Offer Letter ပို့လာ ပါတယ်။ သိပ္ပံ သုတေသနတွေပြုလုပ်ရတဲ့ပညာရှင် Research Scientist (Research Fellow) အနေနဲ့ပါ။ အဲ့ဒီမှာ ပါရဂူ ဘွဲ့လွန် သုတေသနသမား Post doctorate Research Fellow အနေနဲ့ ၂ နှစ်လောက် ကြာအောင်လုပ်ခဲ့ပါတယ်။
.
.
.
● အခု ပြန်လာပြီး တက္ကသိုလ် ဆရာမ အဖြစ် အစိုးရ အလုပ် ဝင်လုပ်နေတဲ့ လက်တွေ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
.
.
.
● အခု ပြန်လာပြီး တက္ကသိုလ် ဆရာမ အဖြစ် အစိုးရ အလုပ် ဝင်လုပ်နေတဲ့ လက်တွေ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ပြောရရင်တော့ စာသင်ခန်းမှာ ဆရာနဲ့ကျောင်းသားအချိုးမမျှတာပါပဲ။ နောက် အားကစားပွဲတွေ၊ မယ်ရွေး/မောင်ရွေးပွဲတွေမှာ ဆရာတွေက ပါနေရတာပါပဲ။ အခြားကိစ္စတွေမှာအဲ့လိုဝင်ပါနေရတာတွေဟာ အဆင်မပြေဘူး။ သူ့ဟာနဲ့သူကဏ္ဍ တွေခွဲထားသင့်ပါတယ်။
နောက်တခုက သုတေသနကို အားပေးချင်တယ်လို့ အစိုးရကပြောတယ်ပေါ့နော်။ တကယ်အားပေးချင်တယ်ဆိုရင် ပညာရေးအတွက် ဘတ်ဂျက်တွေချပေးသင့်တယ်။ ဆရာဆရာမတွေအပိုင်းကတော့ Proposal တွေရေးရမှာပေါ့။ သူတို့ဘက်ကတော့ Ministry of Technology ၊ Ministry of Science၊ Ministry of Education စသဖြင့်ပေါ့ ဒီဌာနတွေအတွက် Grant တွေ ဘယ်လောက်ရှိတယ်။ ဒါနဲ့သင့်တော်တဲ့ Proposal တွေကို Grant တွေချပေးသင့်တယ်။ အဲ့ဒါကိုရသွားတဲ့ ပရော်ဖက်ဆာကလည်း လိုအပ်တဲ့ Equipment တွေကို ၀ယ်မယ်။ ကျောင်းသားကိုလည်း သူနိုင်သလောက် Allowance တွေပေး၊ Research Assistant အဖြစ်တွေနဲ့ ဌားမယ်ဆိုရင် ဒီသုတသနအလုပ်တွေ တဖြည်းဖြည်းနဲ့တိုးတက်လာမှာဖြစ်ပါတယ်။ အခုက ဒီမှာ သုတေသနသီးသန့်လုပ်နေတဲ့ ဆရာလည်းမရှိသလို သုတေသနလည်း မလုပ်နိုင်ကြဘူးဖြစ်နေကြပါတယ်။
အစ်မတို့ ရူပဗေဒဌာနမှာ ကျောင်းသား ၁,၀၀၀ နီးပါးလောက်ရှိတယ်။ ဆရာ/ဆရာမ ၃၇ ယောက်ပဲရှိတယ်။ ဆရာတွေလည်း အများကြီးလိုပါတယ်။ အခုအစ်မ လက်တွေခန်းမှာ ကျောင်းသား ၈၀ ကျော် ရှိတယ်။ ဒီကျောင်းသားတွေအတွက် လုံလောက်တဲ့ Equipment မရှိဘူး။ မကွေးတက္ကသိုလ်အနေနဲ့ဆိုရင်တော့ သုတေသနစင်တာကြီးရှိပေမယ့်လည်း ဒီအဆောက်အအုံကြီးက လက်တွေ့ သုတေသနတွေနဲ့ ရှင်သန်နေတဲ့ အနေအထား မရှိဘူး။ အစိုးရအနေနဲ့ ဒီအဆောက်အအုံကြီးကို ကျောင်းသူကျောင်းသားတွေနဲ့အတူ အလုပ် ဖြစ် ရှင်သန်ချင်တယ်ဆိုရင် လိုအပ်တာတွေကို ဖြည့်ဆည်းပေးပါ။ လိုအပ်တဲ့ ၀န်ထမ်းတွေကို ပံ့ပိုးပေးပါလို့ ပညာရေးဝန်ကြီးဌာန သက်ဆိုင်ရာ လူကြီးတွေကိုပြောချင်ပါတယ်။
ဒီလောက်ပါပဲ။
ဒေါက်တာ နီလာလွင်လို ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ တကိုယ်ရေ အကျိုးအမြတ် စွန့်လွှတ်မှုတွေ အရင်းခံပြီး ပြည်တော်ပြန် ဝင်လာတဲ့ ပညာရှင်တွေ ဆန္ဒနဲ့ ဘဝ၊ ဆန္ဒနဲ့ စနစ် တထပ်တည်းကျပြီး တိုင်းပြည်နဲ့ လူမျိုး အကျိုး၊ ကမ္ဘာကြီး အကျိုး အမှန်တကယ် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း …. …။
တွေ့ဆုံမေးမြန်းသူ ■ ခင်စန္ဒာမြင့်
တည်းဖြတ် ပြင်ဆင်သူ ■ ငြိမ်းချမ်းအေး
တည်းဖြတ် ပြင်ဆင်သူ ■ ငြိမ်းချမ်းအေး
No comments:
Post a Comment