Wednesday, February 15, 2017

ဒေါက်တာကောင်းညွန့် (စာရေးဆရာ မွန်ဦးမြေ) (၁၉၄၂-၂၀၁၄) မိုးမခ ၀မ်းနည်းမှတ်တမ်း၊ ဇန်န၀ါရီ ၇၊ ၂၀၁၃


Murann Ezine to Dr Koung Nyunt Funeral Service
ဒေါက်တာကောင်းညွန့် (စာရေးဆရာ မွန်ဦးမြေ) (၁၉၄၂-၂၀၁၄)
မိုးမခ ၀မ်းနည်းမှတ်တမ်း၊ ဇန်န၀ါရီ ၇၊ ၂၀၁၃
ဧရာဝတီမြစ်ဝကျွန်းပေါ်မှ၊ ဘိုကလေးမြို့တွင် ၁၉၄၂ခု အောက်တိုဘာ ၁၉ရက်နေ့ မွေးဖွားသည်။
ဗိသုကာအင်ဂျင်နီယာဘွဲ့ B.Arch်ကို ရန်ကုန်စက်မှုတက္ကသိုလ်မှာ ၁၉၆၇ခုတွင် ရရှိခဲ့သည်။ ဆက်လက် ပညာဆည်းပူးရာ Master နှင့် Doctor ဘွဲ့တို့ကို ကျိုတိုတက္ကသိုလ်၊ ဂျပန်နိုင်ငံမှ ရရှိခဲ့သည်။ ရန်ကုန်မြို့ အဆောက်အဦဆိုင်ရာ လိုင်စင်ရာ အင်ဂျင်နီယာဖြစ်သည်။
လက်ထောက်ကထိက အဖြစ် ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာအင်ဂျင်နီယာဌာနတွင် ၁၉၆၇ မှ ၁၉၈၅ အထိ ကျောင်းဆရာလုပ်ခဲ့သည်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှ ကုလသမဂ္ဂဒေသဇွံ့ဖြိုးရေး UNCRD (United Nations Centre for Regional Development) ဖဲလိုးရှစ် ရရှိပြီး၊ သုတေသနအရာရှိအဖြစ် ဂျပန်နိုင်ငံ၊ အဆိုပါဌာနတွင် ၁၉၈၆ ဇွန်လမှ စတင်အလုပ်လုပ်ခဲ့သည်။ ရန်ကုန်မြို့တော်ကြီး၏ မိလ္လာ၊ရေဆိုးရေညစ်များ နှင့် ကျူးကျော်တဲများနေထိုင်ခြင်း အကြောင်းအဖြေရှာသည့် သုတေသနစာတန်းကို UNCRD အတွက် ပြုစုတင်ပြခဲ့သည်။
တိုကျိုတွင် နေထိုင်၊ အလုပ်လုပ်နေစဉ်အချိန် ၁၉၈၅ မှ ၁၉၉၃ တွင် အချိန်ပိုင်းဆရာအဖြစ် တက္ကသိုလ်ကြီးနှစ်ခုတွင် ဗိသုကာဒီဇိုင်းပညာကိုသင်ကြားပို့ချခဲ့သည်။ ထို့အပြင် နာမည်ကျော် ဗိသုကာ Renzo Piano ၏ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ် Landscape design အကြံပေးအဖြစ်လည်း အချိန်ပိုင်း လုပ်ခဲ့သည်။
၁၉၉၃ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၊ အောကလန်မြိုရှိ University of Auckland တွင် တက္ကသိုလ်ဆရာအဖြစ် ခန့်အပ်ခံရသဖြင့် ဗိသုကဒီဇိုင်းနှင့် Landscape Design ပညာရပ်များကို သင်ကြားပို့ချခဲ့သည်။ ကျောင်းသားများမှတ်ချက်ပေးမှု ကောင်းကောင်းရရှိပြီး၊ ပေါ်ပြူလာဖြစ်သော ဆရာဖြစ်သည်။ ထို့ကြောင့် အသက်၆၅နှစ်တိုင်အောင် တက္ကသိုလ်ဆရာအဖြစ် အလုပ်ခန့်သည့် အာမခံစာကို ရရှိခဲ့သည်။ “အကောင်းဆုံးသင်ကြားပို့ချနိုင်သည့်ဆရာ” ဆုကိုလည်း အောက်ကလန်တက္ကသိုလ်တွင် အာရှတိုက်သား ဆရာများထဲမှ ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၉၈ တွင် Senior Lecturer အဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ဗိသုကာဆိုင်ရာ စာတန်းများစွာ ပြုစု၊ ပုံနှိပ်ထုတ်ဝေခဲပြီး၊ ကျောင်းသားများစွာကို သင်ကြား၊ နည်းပြခဲ့သည်။ ၂၀၀၅တွင် အော်ကလန်တက္ကသိုလ်မှ အငြိမ်းစားယူသည်။
ဒေါက်တာကောင်းညွန့်သည် တက္ကသိုလ်ဆရာအဖြစ် အောင်မြင်မှုကြီးရရှိခဲ့ရုံသာမကပါ၊ မြန်မာ့ လူမှုရေးနှင့်လုပ်အားပေး ဆောင်ရွက်မှုများတွင်လည်း အထူးလူသိများလှသည်။ ဂျပန်တွင် သူနေထိုင်သော သေးငယ်သည့် တိုက်ခန်းလေးတွင် မြန်မာပြည်မှဧည့်သည်များနှင့် ပြည်နေလျှက် ရှိသည်။ အော်ကလန် ရောက်ရှိသည့် ၂၀၀၁ ခုနှစ်မစပြီး၊ မြန်မာကွန်မြူနတီ အုပ်စုများတွင် လုပ်အားပေး၊ ကူညီသူဖြစ်သည်။ အငြိမ်းစားယူပြီးသည့်နောက်တွင် မြန်မာအဖွဲ့အစည်းများတွင် ဦးဆောင်သူအဖြစ် ပိုမိုလုပ်ကိုင်ခဲ့သည်။ နယူးဇီလန်သို့ မြန်မာလူသစ်ရောက်လာတိုင်း အမြဲကြိုဆို ကူညီခြင်းကို နှစ်သက်စွာ လုပ်ကိုင်သူဖြစ်သည်။ သံရုံးများဧည့်ခံပွဲများတွင်လည်း မကြာခဏ တက်ရောက်လေ့ရှိသည်။ မကြာသေးမီက ၂၀၁၃ခု ဂျပန်သံရုံး ခရစ်စမတ်ညစာပွဲတွင် ပင်ပါဝင်ခဲ့သေးသည်။
ဦးကောင်းညွန့်၏ မိသားစုအတွက် အောက်မေ့ဘွယ်ရာမှာ သူ၏ချစ်မေတ္တာပြမှုများ၊ ဖခင်ကောင်းပီသမှုများနှင့် မြေးအပေါ် စာနာတတ်သောအဖိုးဖြစ်သည်။ သူနှင့် သူ၏ဇနီးသည် တိုမိုကိုဟာရီနို Tomoko Hirano မိသားစုတွင် သမီးကြီး ချိုကို ၊ သား ရှိမွန်နှင့်မြေးယောင်္ကျားလေး ယိုချီ တို့ရှိသည်။ ဦးကောင်းညွန့် သည် မြေးဖြစ်သူ ယိုချီနှင့် အချိန်ပေး၊ အတူနေထိုင်ခြင်းကို အလွန်နှစ်ခြိုက်သည်။ မြေး ယိုချီ က ဦးကောင်းညွန့်ကို “A-pe” အဖေကြီး ဟုခေါ်လေ့ရှိသည်။
မည်မျှပင် အလုပ်များနေပါစေ သူသည် မိသားစုကို ဦးစားပေးသူဖြစ်သည်။ ဥပမာ သူချစ်မြတ်နိုးသော မြန်မာနိုင်ငံမှ ခွဲခွာပြီး၊ နိုင်ငံခြားသို့ ထွက်ခွာလာခြင်းသည် သားသမီးများ၏ အနာဂါတ်အတွက်ဖြစ်သည်။ သူ့သားသမီးများသည် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း မြန်မာနိုင်ငံသား ဖြစ်ခွင့် မရရှိကြပါ။ (ဇနီးသည် နိုင်ငံခြားဖြစ်၍လားမသိ)။ ထို့ကြောင့် ၁၉၈၅တွင် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်သည်။ သူ့အိတ်တွင် အမေရိကန်ဒေါ်လာ (၇) ဒေါ်လာနှင့် ဂျပန်နိုင်ငံသို့ ရဲဝံ့စွာ ထွက်ခွာလာသူဖြစ်သည်။
ဒေါက်တာကောင်းညွန့်သည် အလွန်ခင်မင်ဖွယ်ကောင်းသူ ဖြစ်သည်။ သူ့အကြိုက်နှစ်သက်ဆုံးအလုပ်မှာ မိတ်ဆွေသစ်များနှင့် တွေ့ဆုံရင်းနှီးရခြင်း၊ မိတ်ဆွေများနှင့် စကားစမြည်ပြောဆိုခြင်း ဖြစ်သည်။ စာဖတ်ခြင်းကိုလည်း နှစ်သက်သည်။ သူဖတ်သော စာအုပ်များမှာ ဗိသုကာပညာရပ်များ၊ သမိုင်းစာပေများ၊ ဗုဒ္ဓဘာသာရေးစာအုပ်များဖြစ်သည်။ အားလပ်ချိန်များတွင် မြန်မာ့သီချင်း မျိုးစုံတို့ကို နားထောင်လေ့ရှိသည်။
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆရာဟောင်း တစ်ဦးအနေဖြင့် ကျောင်းသားဟောင်းများကို အထူးစေတနာထား ကူညီသူဖြစ်သည်။ ဂျပန်တွင်အလုပ်လုပ်စဉ် ကျောင်းသားများစွာ ဂျပန်တွင်ပညာသင်ခြင်း၊ အလုပ်ကိုင်ရှာခြင်း၊ အခြေချနေထိုင်ခြင်းတို့တွင် အားတက်သရော ကူညီလုပ်ကိုင်ပေးသူဖြစ်သည်။ သူ၏ ပံ့ပိုးထောက်ခံမှုကြောင့် မြန်မာပြည်မှလာသော ကျောင်းသား၊ အမြောက်အများ ဂျပန်တက္ကသိုလ်များတွင် စကောလားရှစ်နှင့် ပညာသင်ဆုများ ရရှိခဲ့ကြသည်။ နယူးဇီိလန်၊ အောက်ကလန်သို့ ပြောင်းရွှေ့သွားရာတွင်လည်း ရောက်သည့်နေရာတွင် မြန်မာများကို ကူညီမြဲဖြစ်သည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ၏ ဆရာပူဇော်ပွဲများကို ဆန်ဖရန်စ္စကို၊ စင်ကာပူများတွင် ကျင်းပစဉ်က အစဉ်အမြဲ တက်ရောက်အားပေးခဲ့သည်။
စာဖတ်ဝါသနာအပြင်၊ စာရေးခြင်းကိုလည်း လုပ်ဆောင်သည်။ ကလောင်အမည်မှာ မွန်ဦးမြေဖြစ်သည်။ အခြားကလောင်အမည်များဖြင့်လည်း ရေးသည်။ မိတ်ဆွေများကို အီးမေးဖြင့် ထူးခြားချက်များကို သတင်းပို့လေ့ရှိသည်။ ဒေါက်တာကောင်းညွန့် စာပေများသည် နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ဗိသုကာပညာ၊ တက္ကသိုလ်ပညာရေး၊ ခရီးသွားလုပ်ငန်း၊ မြန်မာ့သမိုင်း၊ ဆိုင်ရာ စသည့် ဆောင်းပါးများစွာ ရေးသား၊ ဖြန့်ချိခဲ့သည်။ နိုဝင်ဘာ ၂၊ ၂၀၁၃ တွင် မြန်မာ့အရေး ရပ်တည်သူ အမေ ဒေါ်ကော်လင်း (၈၃နှစ်) အော်ကလန်တွင်၊ ကွယ်လွန်ခြင်း သတင်းဆောင်းပါးကို ရေးခဲ့သေးသည်။ ဗီယက်နမ် ပြု့ပင်ပြောင်းလဲမှုများမှ ကောင်းချက်များကို နမူနာယူရန် ဆောင်းပါးများကို ဖတ်ရသည်။ နိုဝင်ဘာ၂၀၀၃တွင် ဗီယက်နမ်၊ တိုင်တစ်လုံးဘုရားဆောင်းပါး၊ ဟိုး-(အီ့) အန်းမြို့ကလေး၊အလယ်ပိုင်းဗီယက်နမ်နိုင်ငံ ဆောင်းပါးတို့ကို မိုးမခတွင် ဖတ်လိုက်ရသည်။ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ မြင်ကွန်းမင်းသားကြီး ကွယ်လွန်သော နေအိမ်ကို နေရာကိုလည်း စိတ်ဝင်စားသည်။ ကျွန်ုပ်ဗီယက်နမ်တွင်ရှိစဉ် ထိုနေရာရှာဖွေရန် ပြောသောအခါ ရှာမရပါ။ နှစ်၂၀၀ကျော်သွားပြီဖြစ်သောကြောင့် ထိုနေရာကို မှန်းမရနိုင်တော့ဟု အကြောင်းပြန်ရသည်။ မိခင် အဖိုး၊ အဖိုးလေးများ မြင်ကွန်း မြင်းကုန်တိုင် အရေးတော်ပုံတွင် ပါနေသောကြောင့် စိတ်ဝင်စားခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာ့ရေနံမှ GM ရဲ့သားကြီး ဦးကြည်မင်း ယခု Saigon Golf Club က နေရာသိသည်ဟု ဆိုသော်လည်း ယခုအခါ သွားမကြည့်နိုင်တော့လေပြီ။
အသက်၇၁နှစ်အရွယ် မွန်ဦးမြေ၊ @ ဒေါက်တာကောင်းညွန့်သည် များစွာလုပ်ဆောင်နိုင်သေးပါသည်။ ပြုပြင်ပြောင်းလဲလာသော မြန်မာ့နိုင်ငံအတွက် နောင်နှစ်ပေါင်းများစွာ ဒေါက်တာကောင်းညွန့် လုပ်ဆောင်နိုင်မည်ဟု သူ့ မိတ်ဆွေများနှင့် ကျွန်ုပ်ကိုယ်တိုင်က အားထားမျှော်လင့်ကြသည်။
သို့သော် ဒေါက်တာကောင်းညွန့်သည် မတော်တဆ လဲကျမှုမှ ခါးရိုးဒဏ်ရာ ခွဲစိတ်ကုသခဲ့ပြီး၊ သက်သာမလာပဲ ၂ပတ်အကြာတွင် Jan 2, 2014 တွင် ကွယ်လွန်သွားသည်။ Jan 7, 2013 1:30pm တွင် နယူးဇီလန် All Saint’s Chapel, Purewa Crematorium, St Johns Road, Meadowbank, New Zealand တွင် မီးသဂြိုလ်မည်ဖြစ်သည်။
အချက်အလက်များကို ဒေါက်တာကောင်းညွန့်၏ သားဖြစ်သူ၏ Dr Koung Nyunt Funeral Service ဖေ့စ်ဘုတ်မှ ရရှိသည်။ ဆရာကြီး ဒေါက်တာကောင်းညွန့် မိသားစုအတွက် အထူးဝမ်းနည်းပါကြောင်း။
(ဓါတ်ပုံ။ ဒေါက်တာကောင်းမြတ်ပေးပို့ခဲ့သော သူနှင့်ချစ်လှစွာသောမြေး)
.
.
မွန်ဦးမြေ ဆောင်းပါးအချို့ . (မိုးမခ)
http://moemaka.com/?s=%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%BB%E1%80%99

8 search results for "မွန်ဦးမြေ"

မွန်ဦးမြေ – တိမ်ကြောကို ပျံပါလေ – – – သင့်ချစ်သူ မျှော်ရှာနေရော့မယ်

April 10, 2014
မွန်ဦးမြေ – တိမ်ကြောကို ပျံပါလေ – – – သင့်ချစ်သူ မျှော်ရှာနေရော့မယ်
တိမ်ကြောကို ပျံပါလေ – – – သင့်ချစ်သူ မျှော်ရှာနေရော့မယ် မွန်ဦးမြေ၊ ဧပြီ ၁၀၊ ၂၀၁၄ (ကွယ်လွန်သူ ဒေါက်တာကောင်းညွန့် (မွန်ဦးမြေ) ရဲ့ နောက်ဆုံးစာမူ ဖြစ်ပါတယ်)   “သား … မောင်ဦးက အမိုးအကြောင်းသိချင်တယ်ဆိုပြီး လာမေးတော့ ရယ်ချင်တယ်။ အမိုးအကြောင်းတွေမပြောခင် မောင်ဦးကို ပြန်မေး မယ်။ ဘာ့ကြောင့် သိချင်တာလည်း ဟင်”   “အော်ဒီလိုပါ … အမိုးဟာ ဇရာကြောင့် ပြောင်းလဲလာခဲ့ပေမယ့် ငယ်မူငယ်သွေးကလေးတွေက ရောင်ပြန်ဟပ်တုန်း ရှိသေးတယ်။ ကရင်အမျိုးသမီးကြီးတစ်ယောက်ဆိုပေမယ့် မြန်မာအမျိုးသမီးများထက် မရှုံးအောင် ပုံပြောကောင်းတယ်။ နောက်ပြီး မူလတန်းတောင် ပြီးအောင် မသင်ခဲ့ဘူးလို့ပြောပေမဲ့ ခုနက ပန်းကန်ဆေးနေတုန်း ဆိုလိုက်တဲ့သီချင်းက ကရင်သံမ၀ဲဘဲနဲ့ တကယ့်အဆိုကျော်ကြီး ဖြူသီအတိုင်း...
Read more »

ဒေါက်တာကောင်းညွန့် (စာရေးဆရာ မွန်ဦးမြေ) (၁၉၄၂-၂၀၁၄)

January 7, 2014
ဒေါက်တာကောင်းညွန့် (စာရေးဆရာ မွန်ဦးမြေ) (၁၉၄၂-၂၀၁၄)
  ဒေါက်တာကောင်းညွန့် (စာရေးဆရာ မွန်ဦးမြေ) (၁၉၄၂-၂၀၁၄) မိုးမခ ၀မ်းနည်းမှတ်တမ်း၊ ဇန်န၀ါရီ ၇၊ ၂၀၁၃ ဧရာဝတီမြစ်ဝကျွန်းပေါ်မှ၊ ဘိုကလေးမြို့တွင် ၁၉၄၂ခု အောက်တိုဘာ ၁၉ရက်နေ့ မွေးဖွားသည်။ ဗိသုကာအင်ဂျင်နီယာဘွဲ့ B.Arch်ကို ရန်ကုန်စက်မှုတက္ကသိုလ်မှာ ၁၉၆၇ခုတွင် ရရှိခဲ့သည်။ ဆက်လက် ပညာဆည်းပူးရာ Master နှင့် Doctor ဘွဲ့တို့ကို ကျိုတိုတက္ကသိုလ်၊ ဂျပန်နိုင်ငံမှ ရရှိခဲ့သည်။ ရန်ကုန်မြို့ အဆောက်အဦဆိုင်ရာ လိုင်စင်ရာ အင်ဂျင်နီယာဖြစ်သည်။ လက်ထောက်ကထိက အဖြစ်  ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာအင်ဂျင်နီယာဌာနတွင် ၁၉၆၇ မှ ၁၉၈၅ အထိ ကျောင်းဆရာလုပ်ခဲ့သည်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှ ကုလသမဂ္ဂဒေသဇွံ့ဖြိုးရေး UNCRD (United Nations Centre for Regional Development)...
Read more »

ဒေါက်တာကောင်းညွန့် ၊ မိုးမခကလောင်ရှင် “မွန်ဦးမြေ” ကွယ်လွန်

January 3, 2014
ဒေါက်တာကောင်းညွန့် ၊ မိုးမခကလောင်ရှင် “မွန်ဦးမြေ” ကွယ်လွန်
 ဒေါက်တာကောင်းညွန့် ၊ မိုးမခကလောင်ရှင် “မွန်ဦးမြေ” ကွယ်လွန် မိုးမခစာနယ်ဇင်းအဖွဲ့ ၀မ်းနည်းမှတ်တမ်း၊ ဇန်န၀ါရီ ၃၊ ၂၀၁၄ ဇန်န၀ါရီလ ၂ရက်၊ ၂၀၁၄၊ နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့တွင် ဒေါက်တာကောင်းညွန့် (မွန်ဦးမြေ) ကွန်လွန်ကြောင်း ကြားသိရသဖြင့် မိုးမခစာနယ်ဇင်းအဖွဲ့က ၀မ်းနည်းကြောင်း ကျန်ရစ်သူမိသားစုထံ အကြောင်းကြားအပ်ပါသည်။ ဒေါက်တာကောင်းညွန့်သည် ၁၉၄၂၊ အောက်တိုဘာ ၁၉  ရက်နေ့တွင် မြန်မာပြည်မှာ မွေးဖွားသည်။ နယူးဇီလန်နိုင်ငံ၊ University of Auckland တွင် Senior Lecturer အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့၊ စက်မှုတက္ကသိုလ်မှ ဗိသုကာအင်ဂျင်နီယာဘွဲ့ကို ၁၉၆၇၊ ၎င်းနောက် M.E ဘွဲ့၊ D. Engg (Kyoto Univ, Japan) တို့မှ ရရှိခဲ့သည်။ နယူးဇီလန်သို့...
Read more »

ကိုတိုး အသက်မွေးမှုသင်တန်ကျောင်း

January 13, 2013
ကိုတိုး အသက်မွေးမှုသင်တန်ကျောင်း
(Koto Vocational Traning School, Hanoi, Vietnum) မွန်ဦးမြေ ဇန်န၀ါရီ ၁၃၊ ၂၀၁၃ ကိုတိုး အသက်မွေးမှုသင်တန်းကျောင်း၊ အ၀င်ဝ  မသန်စွမ်းသူများကို ဥပဒေကြောင်းအရ အကာအကွယ် မပေးနိုင်သေးဟုဆို သောခေါင်းစဉ်ဖြင့် မြန်မာပြည်ကလာတဲ့ အင်တာနက်များမှာ ဖတ်ရတဲ့အတွက် အလွန်စိတ်မကောင်း ၀မ်းနည်းမိသည်ကြောင့်ယခု ဆောင်းပါးကလေးကို ပေးပို့ ရခြင်းဖြစ်ပါတယ်။ ဌင်းသတင်းနှင့် ဆက်စပ်ပြီး ၂၀၁၂ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် တောင်ဒဂုံမြို့ နယ် အတွင်း၌ အသက် ၁၂ နှစ်အရွယ် မသန်စွမ်း မိန်းခလေး တဦးကို သဘာဝအတိုင်း မဟုတ်သည့် အဓမ္မပြု့ ကျင့်မှုဖြစ်ပွားခဲ့ကြောင်းနှင့် အခြားမသန်စွမ်းသူများလည်း အလားတူ အဓမ္မပြု့ ကျင့်ခံရ မှုပုံများကိုဖတ်ရသည့် အတွက် အလွန်စိတ်မကောင်းဖြစ်မိပါသည်။ အ၀င်ဝမှာ...
Read more »

ဟိုး (အီ့) အန်းမြို့ကလေး၊ အလယ်ပိုင်း ဗီယက်နမ်နိုင်ငံ

January 1, 2013
ဟိုး (အီ့) အန်းမြို့ကလေး၊ အလယ်ပိုင်း ဗီယက်နမ်နိုင်ငံ
Hoi An Town, Central Vietnam မွန်ဦးမြေ ဇန်န၀ါရီ ၁၊ ၂၀၁၃ ဟိုး (အီ့) အန်း မြို့သူကလေးများနှင့် မြို့မြေပုံ အရှေ့ တောင်အာရှ၏အလွန်လှပသောပင်လယ်ကမ်းချေမြို့ကလေးတခုအကြောင်းကိုတင်ပြလိုပါသည်။ အလယ်ပိုင်းဗီယက်နမ် နိုင်ငံ၏ အရေးပါသောဆိပ်ကမ်းမြို့ကလေးတခုလည်းဖြစ်ပြီး အရွယ်အစားမှာပုဂံနှင့် ညောင်ဦးမြို့နယ်နှစ်ခုပေါင်းထားသည် လောက်ရှိမည် ဟု ထင်ပါသည်။ လူဦးရေအကျန်းအားဖြင့် တစ်သိန်းနှစ်သောင်း ခန့် ရှိမည်ဟု့ Wikipedia Encyclopedia ကရေး ထားပြီး အကျယ် အ၀န်း အားဖြင့် ၆၀ စတုရန်းကီလိုမီတာခန့် ရှိပြီး၊ ကျွန်းစွယ်လို အနေအထားပေါ်မှာ ရပ်ကွက် ၉ ခုဖြင့်ဖွဲ့ စည်းထားပါသည်။ မြို့တွင်းဈေးနှင့် မြစ်ဆိပ်ကမ်းဈေး၊ မိမိလယ်ရာထွက်ပစ္စည်းများကို အဓိကရောင်းနေသော လယ်သူများ မြို့ကလေးမှာ မကြီးလှသော်လည်း UNESCO မှ ကမ္ဘာ့အမွေအနှစ်မြို့ကလေးအဖြစ်သတ်မှတ်ထားသည်ကြောင့်...
Read more »

တိုင်တစ်လုံးဘုရား

November 24, 2012
တိုင်တစ်လုံးဘုရား
မွန်ဦးမြေ နိုဝင်ဘာ ၂၄၊ ၂၀၁၂ ဗီယက်နံအခေါ်အားဖြင့် Chua Một Cột ရှေးအခေါ်အားဖြင့် Dien Hưu t ư  – or –  Lien Hoa Dai  တိုင်တစ်လုံးဘုရား ရေကန်နှင့် ဗောဓိပင် တိုင်တစ်လုံးဘုရား၊ ဟနွိုင်းမြို့ တော်၊ ဗီယက်နံနိုင်ငံ မှာရှိသော ရှေးဟောင်းဘုရားမှာ အရေးကြီးသော သမိုင်းဝင်ဗုဒ္ဓဘာသာ ဘုရားတစ် ဆူဖြစ်ပါသည်။ အရင်တခါက တင်ပြဘူးသော ရနံထုံဂူဘုရားကဲ့သို့ ဗီယက်နံနိုင်ငံ၏ အရေးပါအရာရောက်သော သမိုင်းအစဉ်အလာ တစ် ခုဖြစ်ပါသည်။ ဟနွိုင်းမြို့ တော်၏ အနောက်ဘက်ပိုင်း လူစည်ကားရာအရပ်၊ ဟိုချီမင်း အာဇာနီဂူဗိမာန်အနီး၊ Ong Ich kieur St., Ngoc Ha, Ba Dinh...
Read more »

ရနံ့ထုံ ဂူဘုရား

November 19, 2012
ရနံ့ထုံ ဂူဘုရား
မွန်ဦးမြေ နိုဝင်ဘာ ၁၉၊ ၂၀၁၂ ‘Perfume Pagoda’ or ‘Perfume Temple’ ဗီယက်နမ်စကားဖြင့် Chuဲa Huong  နောက်ခံ ထုံးကျောက်တောင်ကျောများမှ စီးစင်းလာသော Yen မြစ်၏ ရှု့ မျှော်ခင်း  ဗီယက်နံ နိုင်ငံမြောက်ပိုင်း၊ မြို့ တော် ဟနွိုင်း (Hanoi) ခရိုင်အတွင်းရှိ့  ဗုဒ္ဓဘာသာအဆောက်အအုံများ စုစည်းရာ ရှေးဟောင်း နေရာ တစ်ခု ဖြစ်ပါသည်။ ပိုမိုတိကြသောနေရာမှာ Huong Son Commune ဒေသန္တရအုပ်ချုပ်ရေးနယ်အတွင်း၊ ထုံးကျောက်တောင်ကျောများ အတိုင်း My Duc District, မြို့ တော် ဟနွိုင်း၏ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ ခန့် တွင်တည်ရှိပါသည်။ တချို့ ကလည်း Perfume...
Read more »

ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း

March 23, 2012
ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း
မွန်ဦးမြေ မတ်လ ၂၃၊ ၂၀၁၂ အထက်ပါကျွန်းများအကြောင်းနှင့် ပိုင်ဆိုင်မှုများအကြောင်းကို ဆရာငြိမ်းချမ်းအေးက – စိန့်မာတင်၊ ရှင်မဖြူနဲ့  အင်္ဂလိပ်-မြန်မာ ပထမစစ် – အကြောင်းကို အများစိတ်ဝင်စားပြီး မှတ်သားဘွယ်ကောင်းတဲ့စာစောင်ကို ဖတ်ရပါတယ်။ ယခုစာစီနေတဲ့အချိန်အထိ မှတ်ချက်ပေါင်း ၃၇ ခုအထိဆွေးနွေးကြတာကိုကြည့်ပြီး အများစိတ်ဝင်စားတာရယ်၊ ဆရာကိုယ်တိုင် စိတ်ရှည်လက်ရှည်ရှင်းပြထားတာတွေကို အထူးကျေးဇူး တင်မိပါတယ်။ ကျနော်ကိုယ်တိုင်က သမိုင်းဆရာလည်းမဟုတ် စာရေးဆရာလည်းမဟုတ်ပေမဲ့၊ ရှေးမြေပုံတစ်ချပ်နှင့် စာအုပ်တစ်အုပ် ကြောင့် အထက်ပါကျွန်းများအကြောင်းကို ကျတော်နားလည်သလို အားဖြည့်ကူညီလိုပါသည်။ ပထမဦးဆုံး ကျနော့်မှာရှိသော မြေပုံအညွှန်းမှာ အောက်ပါအတိုင်းရေးထားပါသည်။ အထက်ပါစာအရ ၁၈၅၇ လန်ဒန်မြို့မှထုပ်ဝေခဲ့ပါသည်။ ဌင်းမြေပုံမှ စိန့်မာတင်ကျွန်းနေရာကိုကွက်ပြီးကူးယူ ဖေါ်ပြပါသည်။ အောက်ပါပုံ ကိုကြည့်ပါ၊ စက်ဝိုင်းအနီပြထားသောနေရာတွင်းမှာ St. Martin Is. ဆိုသောကျွန်းမှာ (မြစ်ကို...
Read more 


No comments:

Post a Comment